← Chapters

အခန်း ၁၁၄၁

Vol. 77 Ch. 1141

အခန်း ၁၁၄၁

Vol. 77 Ch. 1141

အခန်း ( ၁၁၄၁ ) နတ်ဆိုးဧကရီလေး ပြန်ပေါ်လာခြင်း။

ပွဲတော်က ခုနစ်ရက် ခုနစ်ည ကြာမြင့်ခဲ့သည်။

ထိုကာလအတွင်း၌ ကျွင်းရှောင်ယောက်သည် မိတ်ဆွေဟောင်းများစွာနှင့် တွေ့ဆုံခဲ့၏။

ထိုပွဲတွင် သူက အရက်သောက်ခဲ့သော်လည်း စွမ်းအင်ဖြင့် ချေဖျက်ခြင်းမျိုး မပြုလုပ်ခဲ့ပေ။

ဤခံစားချက်က တကယ်ကောင်းသည်။

ဧကရာဇ်လမ်းမှ အဆုံးစွန်ရှေးဟောင်းလမ်းအထိ၊ ရှေးဦးအင်ပါယာမြို့မှ ပျက်စီးခြင်းနယ်စပ်အထိ၊ ထို့နောက် တိုင်းတစ်ပါးသို့...

လမ်းတစ်လျှောက်တွင် ကျွင်းရှောင်ယောက်သည် မြောက်မြားစွာသော ကိစ္စများကို ဆောင်ရွက်ခဲ့ရပြီး သူ၏ အကြောများပင် တင်းနေပြီ ဖြစ်သည်။

ယခုတော့ ရှားပါးသော အားလပ်ချိန်ကို ပိုင်ဆိုင်ထားပြီး သူ ချစ်ရသူ၊ ဆွေမျိုးများနှင့် သူငယ်ချင်းများ ဝန်းရံကာ မိသားစုသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း အလွန် စိတ်အေးလက်အေး ရှိနေခဲ့လေသည်။

ပွဲပြီးခါနီးသောအခါ...

ရန်ယုမန်က ကျွင်းရှောင်ယောက်ဆီသို့ တစ်ယောက်တည်း ချဉ်းကပ်လာခဲ့သည်။

အခန်းတစ်ခုတွင်...

ကျွင်းရှောင်ယောက်က ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစား၊ လှပသောရုပ်ရည်ဖြင့် ခြေတံရှည်ရှည်ကို ပိုင်ဆိုင်ထားသော မိန်းကလေးကို ကြည့်နေသည်။

"မင်း ဘာဖြစ်လို့ ငါ့ကို လာရှာတာလဲ"

ရန်ယုမန်သည် သူနှင့် ကနဦးသိကျွမ်းစဉ်က ပဋိပက္ခများ ရှိခဲ့သည်။

ထိုအချိန်က၊ အောက်ကမ္ဘာဆယ်ခုတွင် နတ်ဆိုးနတ်ဘုရားနန်းတော်မှ သူတော်စင်တစ်ဦးအနေဖြင့် ရန်ယုမန်သည် ကောင်းကင်နတ်ဆိုးမင်းသားကို အထက်ကမ္ဘာသို့ ပြန်ခေါ်လိုခဲ့သည်။ သို့သော်လည်း နောက်ပိုင်းမှာတော့ ကျွင်းရှောင်ယောက်၏ သတ်ဖြတ်ခြင်း ခံခဲ့ရပေသည်။

ထိုမျှသာမကဘဲ ကျွင်းရှောင်ယောက်က သူမ၏ ခြေထောက်ကိုကိုင်ပြီး သူမ၏ ခန္ဓာကိုယ်အစစ်အမှန်က ဘာလဲဟု‌ မေးခဲ့သည်။

သို့သော်လည်း ကနဦး ပဋိပက္ခများအပြီးတွင် ကျွင်းရှောင်ယောက်နှင့် ရန်ယုမန်အကြား ဆက်ဆံရေးက ပျော့ပြောင်းလာခဲ့သည်။

အနည်းငယ် မရှင်းမလင်းများပင် ရှိသေးသည်။

အဆုံးစွန်ရှေးဟောင်းလမ်း၌ ရန်ယုမန်က ကျွင်းရှောင်ယောက်နှင့်အတူ လျှောက်လှမ်းခဲ့သည်။

သူမက ကျွင်းဧကရာဇ်ခုံရုံးသို့ ဝင်ရောက်ရန်ပင် ကတိပေးခဲ့၏။

ထို့ကြောင့် သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးက ပြေပြစ်သည်ဟု ဆိုရမည်။

"နင် စေ့စပ်လိုက်ပြီလို့ ကြားတယ်"

ရန်ယုမန်က သူမ၏ ပျော့ပြောင်းသော ဆံနွယ်များကို လက်ဖြင့် သပ်ရင်း ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က သူ၏ စေ့စပ်ကြောင်းလမ်းခြင်းသတင်းကို လူသိရှင်ကြား မထုတ်ပြန်သေးပါ။

သို့ရာတွင် ရန်ယုမန်က သူမ သိလိုတာကို အမြဲ သိနိုင်သည်။

"ဟုတ်တယ်"

ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်၏။

လောလောဆယ် မကြေငြာရသေးသည့် အကြောင်းအရင်းက အချိန်မသတ်မှတ်ရသေးလို့ ဖြစ်သည်။

နောက်ပိုင်းတွင် သူက အင်မော်တယ်နယ်မြေကြီးနှင့် ရွှီထျန်းလောကသို့ သွားရဦးမည်ဖြစ်သောကြောင့် သူ့တွင် အချိန်မရှိပေ။

ရန်ယုမန်က အနည်းငယ် ပြုံးလိုက်သည်။

"အဆုံးစွန်ရှေးဟောင်းလမ်းမှာ ယင်ကောင်တွေကို မောင်းထုတ်ဖို့အတွက် ရှင်ကို ကျွန်မရဲ့ခင်ပွန်းလို့ ပြောခဲ့တဲ့အချိန်ကို မှတ်မိသေးတယ်"

"ဒါပေမဲ့ ရှင်က... ကျွန်မက ရှင့်ကို အခွင့်ကောင်းယူနေတယ်လို့ ပြောခဲ့တယ်"

အတိတ်မှ အကြောင်းအရာတစ်ချို့ကို တွေးရင်း ရန်ယုမန်က ပြုံးလိုက်၏။ သို့သော်လည်း သူမ၏ မျက်လုံးများက အနည်းငယ် ရီဝေနေလေသည်။

ကျွင်းရှောင်ယောက်လည်း ဆိတ်ဆိတ်သာ နေလိုက်သည်။

တခြားကော သူ ဘာပြောနိုင်မည်နည်း။

တိတ်ဆိတ်နေသော ကျွင်းရှောင်ယောက်ကိုကြည့်ရင်း ရန်ယုမန်၏ နှလုံးသားထဲတွင် နာကျင်သလို ခံစားလိုက်ရသည်။

ထို့နောက် သူမ၏ မျက်လုံးထဲတွင် ထူးဆန်းသောအလင်းရောင်တစ်ခု တိတ်တဆိတ် လင်းလက်သွားသည်။

ရုတ်တရက်... သူမက ကျွင်းရှောင်ယောက်အနီးသို့ရောက်လာပြီး သူမ၏ကျောက်စိမ်းလက်ကို ကျွင်းရှောင်ယောက်၏ရင်ဘတ်ပေါ်တင်ကာ ခပ်တိုးတိုး ပြောလိုက်၏။

"ရှောင်ယောက်... ရှင်က မိန်းမနှစ်ယောက်တည်းပဲ လက်ထပ်မှာတော့ မဟုတ်ဘူး မဟုတ်လား"

"နောက်ဆုံးမှာတော့၊ ရှင်က ရှေးခေတ်နဲ့ မျက်မှောက်ခေတ်မှာ တုနှိုင်းမရတဲ့ ထူးကဲတဲ့လူတစ်ယောက်ပဲ‌လေ။ အနာဂတ်မှာ ကမ္ဘာကြီးကို အုပ်စိုးမဲ့ တန်ခိုးအကြီးဆုံးလူသားတစ်ဦး ဖြစ်လာလိမ့်မယ်"

"ရှင့်မှာ ဇနီးနှစ်ယောက်ကို မပြောနဲ့... ဇနီးသည်သုံးထောင် ရှိနေရင်တောင်မှ သာမန်ပါပဲ"

ရန်ယုမန်၏ ရုတ်တရက် ရင်းနှီးလာပုံကြောင့် ကျွင်းရှောင်ယောက်က အနည်းငယ် နောက်ဆုတ်သွားသည်။

"မင်းမူးနေတာလား"

"မဟုတ်ပါဘူး၊ ကျွန်မ စိတ်ဝင်စားနေတာ... ရှင် ကျွန်မရဲ့မေးခွန်းကို မဖြေရသေးဘူး"

ရန်ယုမန်က ဆွဲဆောင်မှုရှိသော အမူအရာဖြင့် ပြောလိုက်၏။

"ငါက အခုလေးတင်မှ စေ့စပ်ထားတာပါ။ မင်း ငါ့ကို ဒီလိုမေးခွန်းမျိုး ဖြေခိုင်းတာက... ငါ့ကို လူညစ်တစ်ယောက်ဖြစ်အောင် ကြိုးစားနေတာလား"

ကျွင်းရှောင်ယောက် ဆွံ့အသွားသည်။

မည်သို့ပင်ဆိုစေ၊ ယခုလေးတင် စေ့စပ်ပြီးတာမို့ အခြား ဘာမျှစိတ်မပါသေးပေ။

မဟုတ်ပါက ကျန်းစန်းယီနှင့် ကျန်းလော့လီအပေါ်တွင် တာဝန်မဲ့လွန်းရာကျလိမ့်မည်။

"ကိစ္စမရှိပါဘူး၊ ရှင့်ရဲ့ ကိုယ်လုပ်တော်ဖြစ်ရရင်တောင် ကျေနပ်တယ်"

ရန်ယုမန်က ချစ်စဖွယ် ပြုံးလိုက်သည်။

ကျွင်းရှောင်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လာသည်။ တစ်ခုခုမှားနေပြီဟုလည်း ခံစားလိုက်မိ၏။

သူ့အပေါ်ထားသော ရန်ယုမန်၏ သဘောထားကို သူ ရိပ်စားမိသည်။

သို့ရာတွင်... ရန်ယုမန်က ထိုကဲ့သို့ ဇွတ်တရွတ်လုပ်နေမည့် မိန်းမ မဟုတ်တာတော့ အသေအချာပင်။

"မဟုတ်ဘူး၊ ခင်ဗျားက ရန်ယုမန် မဟုတ်ဘူး"

ကျွင်းရှောင်ယောက်က ရန်ယုမန်ကို ချက်ချင်း တွန်းထုတ်လိုက်သည်။ ရန်ယုမန်၏ မျက်လုံးမှ ထူးခြားသော အလင်းရောင်ကို သူ မြင်လိုက်ရ၏။

"ဟွန့်... ရှင်က သိပ်ပြီး အကြင်နာမဲ့တာပဲ။ ကျွန်မကို နည်းနည်းမှ ဂရုမစိုက်ဘူးလား"

ရန်ယုမန်က အပြစ်ကင်းစင်ပုံရသော မျက်လုံးလေးဖြင့်ကြည့်ကာ ခေါင်းငုံ့လိုက်လေသည်။

"ခင်ဗျားဘယ်သူလဲဆိုတာ ကျုပ်သိပါတယ်"

ကျွင်းရှောင်ယောက်က ရန်ယုမန်ကိုကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"အို"

ရန်ယုမန်၏ မျက်လုံးများက တောက်ပလာသည်။

"နတ်ဆိုးနတ်ဘုရားနန်းတော်၊ နတ်ဆိုးဧကရီ"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

သူသည် နတ်ဆိုးဧကရီကို အမှန်တကယ် မတွေ့ဖူးသော်လည်း...

နတ်ဆိုးဧကရီသည် ယခင်က ရန်ယုမန်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ သူနှင့်ပင် တိုက်ခိုက်ခဲ့ဖူးသည်။

အရေးကြီးဆုံးကတော့ ဒီနတ်ဆိုးဧကရီဟာ သူ့ခန္ဓာကိုယ်ကို အလွန်စိတ်ဝင်စားနေပုံရခြင်းပင်။

"အိုး၊ နတ်ဘုရားသားတော်က ငါ့ရဲ့အကြောင်းကို သတိရနေဦးမယ်လို့ မမျှော်လင့်ထားဘူး"

ရန်ယုမန်... မဟုတ်သေး။ ဤအခိုက်တွင် သူမက နတ်ဆိုးဧကရီ ဖြစ်သင့်သည်။ သူမက ချစ်စဖွယ် အပြုံးနှင့် ပြောလိုက်သည်။

သူမ၏ မူလခန္ဓာက မပေါ်လာသေးပါ။

သို့ရာတွင်၊ သူမက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၌ အလှဆုံး အမျိုးသမီးတစ်ဦးဖြစ်ခဲ့ပြီး နတ်ဆိုးနတ်ဘုရားနန်းတော်၏ ထိန်းချုပ်သူလည်း ဖြစ်သည်ဟု ဆိုကြသည်။

စွမ်းအား၊ အလှတရားနှင့် ခွန်အားတို့ကို ပေါင်းစပ်ထားသည်ဟု ဆိုနိုင်ပေသည်။

နတ်ဆိုးဧကရီလေး၏ အကြည့်တစ်ချက်ကို ခံယူရလျှင်ပင် ဂုဏ်ယူစရာ ဖြစ်သည်။

သို့သော်... ကျွင်းရှောင်ယောက်ကတော့ မျက်မှောင်ကြုတ်နေသည်။

ဤနတ်ဆိုးဧကရီလေးက တစ်ဒုက္ခဟု သူ ခံစားနေရ၏။

"အကြီးအကဲက ရန်ယုမန်ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ဒီကိုရောက်လာတာ ဘာကိစ္စရှိလို့လဲ"

ကျွင်းရှောင်ယောက်၏ လေသံက အေးစက်လာသည်။

နတ်ဆိုးဧကရီလေးဖြစ်လျှင်ပင် ဘာဖြစ်သေးသနည်း။

ယခုအခါ ကျွင်းရှောင်ယောက်၏အမြင်တွင် နတ်ဆိုးနတ်ဘုရားနန်းတော်က ထိုမျှသာ ဖြစ်သည်။

"ငါ့ကို အကြီးအကဲလို့ မခေါ်ပါနဲ့... ငါက သိပ်ပြီး အသက်မကြီးသေးပါဘူး။ ငါ့ကို ယောင်ယောင်လို့ခေါ်... ဘယ်လိုလဲ"

နတ်ဆိုးဧကရီလေးက ချစ်စဖွယ် ပြုံးနေသေးသည်။

"ခင်ဗျား ပြောစရာရှိရင် ပြောပါ။ အတိတ်ကို ပြန်အောက်မေ့ဖို့ ရောက်လာတယ်လို့တော့ မပြောနဲ့"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာပြောသည်။

နတ်ဆိုးဧကရီလေးလည်း ပြုံးပြီး ပြောလိုက်လေသည်။

"တကယ့်ကပ်ဘေးကြီးက မပြီးဆုံးသေးဘူး။ မကြာခင် အင်မော်တယ်နယ်မြေကြီးအတွက် ကပ်ဆိုးကြီးတစ်ခု ကျရောက်လာတော့မယ်ဆိုတာ မင်းသိသင့်တယ်"

နတ်ဆိုးဧကရီလေး၏ စကားကြောင့် ကျွင်းရှောင်ယောက်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

အနာဂတ်၏ အပိုင်းအစများကို သူ ပြန်တွေးလိုက်မိ၏။

"ဒါဆို ခင်ဗျားက အတွင်းပိုင်း အချက်အလက်တွေကို သိတာလား"

ကျွင်းရှောင်ယောက်က နတ်ဆိုးဧကရီလေးကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

"ပြောပါမယ်၊ ဒါပေမဲ့ မင်း ငါ့ကို ယောင်ယောင်လို့ ခေါ်စေချင်တယ်"

နတ်ဆိုးဧကရီလေးက ပြောသည်။

"‌ကောင်းပါပြီ၊ ယောင်ယောင်... ခင်ဗျား ဘာသိထားလဲ"

ကျွင်းရှောင်ယောက်က စိတ်ရှည်ရှည်ထားပြီး မေးလိုက်သည်။

နတ်ဆိုးဧကရီလေးက အတွင်းပိုင်း တစ်စုံတစ်ရာကို အမှန်တကယ် သိနိုင်သည်ဟု သူခံစားမိ၏။

သူက နတ်ဆိုးဧကရီလေး၏ မူလဇစ်မြစ်ကိုပင် ခန့်မှန်းလိုက်မိသည်။

"မောင်လေးရှောင်ယောက်က တကယ်ကို ထက်မြက်ပြီး သတိကြီးတာပဲ။ အခုလည်း ငါ့ရဲ့ အထောက်အထားကို ဖော်ထုတ်ဖို့ ကြိုးစားနေပုံရတယ်"

"ကိစ္စမရှိပါဘူး... ငါပြောပြမယ်၊ ငါက ကောင်းကင်ကိုးပါးရဲ့ အထက်က"

နတ်ဆိုးဧကရီလေး၏ စကားကြောင့် ကျွင်းရှောင်ယောက် အံ့ဩသွားသည်။

ကောင်းကင်ကိုးပါးအထက်...

ကပရမတ္တ အပျက်အယွင်းများ...

လျှို့ဝှက်ဆန်းကြယ်သော အသက်တားမြစ်မြေမှာလည်း ကောင်းကင်ကိုးခုအထက်တွင် တည်ရှိသည်။

လူသား အင်မော်တယ်ဂိုဏ်း၏ ယခင်ဆက်ခံသူ ကျိတောက်ရီသည်လည်း ကောင်းကင်ကိုးပါးအထက်ရှိ တားမြစ်မိသားစုမှ ဆင်းသက်လာခြင်း ဖြစ်၏။

ယင်းက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်သော နေရာတစ်ခုဟု ဆိုနိုင်သည်။

၎င်းက အင်မော်တယ်နယ်မြေကြီးနှင့် မသက်ဆိုင်ဘဲ ကိုယ်ပိုင် တားမြစ်နယ်မြေတစ်ခု ဖွဲ့စည်းနေပေသည်။

နတ်ဆိုးဧကရီလေးက ကောင်းကင်ကိုးခု ပရမတ္တအပျက်အယွင်းနှင့် ပတ်သက်နေသည်။

သူမက အချို့သော တားမြစ်မိသားစုများ သို့မဟုတ် အသက်တားမြစ်နယ်မြေမှ ဖြစ်နေပါသလော။

"ဘာလဲ၊‌ မောင်လေးရှောင်ယောက် အံ့ဩသွားတာလား"

နတ်ဆိုးဧကရီလေးက ပြုံးလိုက်သည်။

"ဒါဆိုရင် ခင်ဗျား ဒီကိုလာတာ ဘာပြောချင်လို့လဲ"

ကျွင်းရှောင်ယောက်က မေးလိုက်၏။

"ဒါက အရမ်းရိုးရှင်းပါတယ်။ မောင်လေးရှောင်ယောက်သာ ငါနဲ့ အတူတူနေဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီကပ်ဘေးတွေကို အန္တရာယ်ကင်းကင်း ဖြတ်ကျော်နိုင်အောင် ကူညီပေးနိုင်တယ်"

နတ်ဆိုးဧကရီလေးက ပြောလိုက်သည်။

ထိုစကားများက ကျွင်းရှောင်ယောက်၏ မျက်လုံးများကို အရောင်လက်သွားစေခဲ့သည်။

တစ်နည်းဆိုရသော် ဤကပ်ဘေးက ကောင်းကင်ကိုးခု ပရမတ္တ အပျက်အယွင်းမှ စတင်ခဲ့ခြင်းပဲလား။

သို့ဆိုလျှင်၊ ဘာအကြောင်းကြောင့်လဲ။

အန္တိမကပ်ဘေးကြီး၏ နောက်ကွယ်တွင် ကြီးမားသော ချုပ်ကိုင်ထားသူ ရှိနေပါသလော။

နတ်ဆိုးဧကရီလေး၏ စကားအရ၊ သူမသည် သူ့ကို လုံခြုံစေပြီး သူ့မိသားစုကိုပင် ဘေးကင်းအောင် စောင့်ရှောက်ပေးနိုင်သည်။

တစ်နည်းဆိုရသော်... သူမက ကောင်းကင်ကိုးခု ပရမတ္တအပျက်အယွင်းမှ အချို့သော အင်အားစုများနှင့် ရင်းနှီးသောဆက်ဆံရေးရှိနေခြင်းပင်။

သူက ၎င်းတို့ထဲမှ တစ်စုံတစ်ဦးပင် ဖြစ်နိုင်သည်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် သံသယများ ပို၍ တိုးလာတော့သည်။

All Chapters