အခန်း ၁၁၄၂
Vol. 77 Ch. 1142
အခန်း ( ၁၁၄၂ ) နတ်ဆိုးဧကရီလေး၏ ရည်ရွယ်ချက်။
"ဘယ်လိုလဲ၊ မောင်လေးရှောင်ယောက်က ဆန္ဒရှိရဲ့လား"
နတ်ဆိုးဧကရီလေး၏ မျက်လုံးများက တောက်ပလာသည်။
"အသက်တားမြစ်နယ်မြေဖြစ်ရင်တောင် ဘာဖြစ်လဲ။ ကျုပ်ရဲ့ ကျွင်းမိသားစုက ကြောက်ရွံ့နေပြီး အကာအကွယ်တွေကို လိုက်ရှာရမှာလား"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
လျှို့ဝှက်ဆန်းကျယ်သော အသက်တားမြစ်နယ်မြေနှင့် ရှေးဟောင်း တားမြစ်မိသားစုက အမှန်တကယ် နက်နဲပြီး နားမလည်နိုင်ပေ။
သို့ရာတွင်၊ ကျွင်းမိသားစုဟာ သာမန် အင်မော်တယ်အင်အားစုတစ်ခု မဟုတ်ပါ။
အသက်တားမြစ်နယ်မြေဖြစ်လျှင်ပင်... ကျွင်းမိသားစုကို လာရှုပ်ချင်ပါက သေချာပြန်စဉ်းစားရမည် ဖြစ်သည်။
နတ်ဆိုးဧကရီလေးက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"မှန်ပါတယ်၊ ကျွင်းမိသားစုက အရမ်းသန်မာတယ်၊ အသက်တားမြစ်နယ်မြေကတောင် ကြောက်ရွံ့ရသေးတယ်"
"ဒါပေမဲ့... ကျွင်းမိသားစုက လက်ရှိအချိန်မှာ ကျိန်စာတိုက်ခံနေရတာကို မမေ့နဲ့ဦးလေ"
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
"ကျုပ်ရဲ့ ကျွင်းမိသားစုကို ကျိန်စာတစ်ခုနဲ့ ဖျက်ဆီးချင်တာက စိတ်ကူးယဉ်နေတာပဲ မဟုတ်လား"
"ဒါက ကျုပ်ရဲ့ ကျွင်းမိသားစုအတွက်တော့ ကြီးကြီးမားမား ပြဿနာမဟုတ်ဘူး"
နတ်ဆိုးဧကရီလေးက အလျှော့မပေးဘဲ ဆက်ပြောလေသည်။
"မှန်ပါတယ်၊ ဒါပေမဲ့ အရာအားလုံးမှာ အကန့်အသတ်ဆိုတာ ရှိတယ်"
"အပြင်းထန်ဆုံး တိုက်ပွဲကြီးတွေမှာ သေးငယ်တဲ့ ခြားနားမှုတစ်ခုက သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းရဲ့ ရလဒ်ကို ဆုံးဖြတ်နိုင်တယ်ဆိုတာ သိထားရမယ်"
"အနာဂတ်မှာ စိတ်ကူးမယဉ်နိုင်တဲ့ အန္တရာယ်ကြီးတစ်ခု ကျရောက်လာခဲ့ရင် ကျွင်းမိသားစုရဲ့ အကျော်အမော်တွေက ကျိန်စာတန်းလန်းနဲ့ စစ်ထဲကို ဝင်လာနိုင်ကြမှာလား"
"အဲဒီအချိန်ကျရင် ကျွင်းမိသားစုက ကိုယ့်ကိုယ်ကိုယ်ပဲ အကောင်းဆုံး ကာကွယ်နေရလိမ့်မယ်"
နတ်ဆိုးဧကရီလေး၏ စကားများက မမှားပါ။
ထိပ်သီး အကျော်အမော်များကြားတွင် အမှားအယွင်းတစ်ခုက ရလဒ်ကြီးတစ်ခုကို ဆုံးဖြတ်ပေးနိုင်သည်။
"ဒါဆိုရင် ခင်ဗျားက ကျုပ်ကို ဒီအကျပ်အတည်းကနေ ကျော်ဖြတ်နိုင်အောင် ကူညီပေးနိုင်တယ်ပေါ့"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
"ဟုတ်ပါတယ်၊ ငါက ပြောပြီးကတည်းက မင်းရဲ့ဘေးကင်းမှုကို သဘာဝအတိုင်း အာမခံနိုင်တယ်"
နတ်ဆိုးဧကရီလေးက ပြုံးလိုက်၏။
"ကျုပ်ပုံစံက ထမင်းပျော့ လိုက်စားနေတဲ့သူနဲ့ တူနေလို့လား"
ကျွင်းရှောင်ယောက်က မျက်ခုံးပင့်လိုက်သည်။
သူက တိုင်းတစ်ပါးတွင် အခြေအနေနှင့် လိုက်လျောညီထွေ နေခဲ့သော်လည်း...
အင်မော်တယ်နယ်မြေကြီးမှာတော့ မလိုပေ။
"ဘာပဲဖြစ်ဖြစ် ငါကတော့ မင်းကို ကျေကျေနပ်နပ်ကြီး စားခွင့်ပြုနိုင်ပါတယ်။ နောက်ဆုံးမှာတော့ မင်းက အရမ်းလတ်ဆတ်ပြီး အရသာရှိတယ်"
နတ်ဆိုးဧကရီလေးက သူမ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။
ကျွင်းရှောင်ယောက် ဆွံ့အသွား၏။
ဘယ်သူက ဘယ်သူ့ကို စားချင်နေတာလဲ။
"ခင်ဗျားက ကျုပ်ရဲ့ခန္ဓာကို လောဘကြီးနေရုံသက်သက်တော့ မဟုတ်ဘူးမို့လား"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"အရင်က ရှေးဟောင်းမြင့်မြတ်ခန္ဓာကတောင် ငါ့ကို စောင့်မျှော်စေဖို့ လုံလောက်တယ်။ အခုဆို ကစဉ့်ကလျားခန္ဓာလည်း ရှိနေပြီလေ။ မဟုတ်သေးဘူး... အခြား အငွေ့အသက်တွေလည်း ရှိနေပုံရတယ်"
နတ်ဆိုးဧကရီလေးက ကျွင်းရှောင်ယောက်၏ အနားသို့တိုးကာ အနံ့ခံနေသကဲ့သို့ နှာခေါင်းလေးရှုံ့လိုက်သည်။
ကျွင်းရှောင်ယောက် တိတ်တဆိတ် အံ့ဩသွားလေသည်။
နတ်ဆိုးဧကရီလေး၏ ခံစားနိုင်စွမ်းက အလွန်မြင့်မားသည်။
"ခင်ဗျားရဲ့ မူလခန္ဓာက ခွေးတစ်ကောင်လို့တော့ မပြောနဲ့။ ခင်ဗျားရဲ့ နှာခေါင်းက အစွမ်းထက်လွန်းတယ်"
ကျွင်းရှောင်ယောက်က အေးစက်စက်ပြောလိုက်သည်။
နတ်ဆိုးနတ်ဘုရားနန်းတော်က နတ်ဆိုးသားရဲများဖြင့် ပြည့်နှက်နေပုံပင်။
ရန်ယုမန်၏ မူလခန္ဓာက ကောင်းကင်အိပ်မက် စိတ်ညှို့လိပ်ပြာ ဖြစ်သည်။
ဤနတ်ဆိုးဧကရီလေးကလည်း လူသားမျိုးနွယ်ဝင် မဟုတ်ပေ။
ဟုတ်သည်၊ ကျွင်းရှောင်ယောက်က စနောက်နေခြင်းသာ ဖြစ်၏။
နတ်ဆိုးဧကရီလေးက မည်သို့ပင်ဖြစ်စေ... ခွေးတစ်ကောင်တော့ မဖြစ်နိုင်ပါ။ ယင်းက အင်မော်တယ်နယ်မြေကြီး၏ အလှဆုံးအမျိုးသမီးအဖြစ် သူမ၏ဂုဏ်သတင်းကို ထိခိုက်စေနိုင်လွန်းသည်။
မမျှော်လင့်ဘဲ၊ နတ်ဆိုးဧကရီလေးက မျှော်လင့်ထားသလောက် ဒေါသမထွက်ပါ။
ထိုအစား သူမက အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့် ပြောလိုက်သည်။
"နတ်ဘုရားသားတော်က ဒီလိုမျိုးကို ကြိုက်တာလား။ ကိစ္စမရှိပါဘူး၊ ငါက နတ်ဘုရားသားတော်ရဲ့ ခွေးလေးတစ်ကောင် ဖြစ်နိုင်တယ်"
ကျွင်းရှောင်ယောက် ဘာဆက်ပြောရမည်မှန်း မသိတော့ပေ။
မိန်းမများ အမှန်တကယ် ပွင့်လင်းလာလျှင် အမျိုးသားများပင် ကြောက်ရသည်။
"ခင်ဗျားက ကျုပ်ခန္ဓာကိုယ်ကို စိတ်ဝင်စားရုံသက်သက်တော့ မဟုတ်လောက်ပါဘူး။ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ"
နတ်ဆိုးဧကရီလေးက ပြုံးပြီး ပြောလိုက်သည်။
"လောဘကြီးတာက လောဘကြီးတာပါပဲ၊ မင်းနဲ့ တူနှစ်ကိုယ် လေ့ကျင့်နိုင်ရင် ပိုကောင်းတယ်"
"နောက်ပြီးတော့ ကပ်ဘေးတွေက နီးကပ်လာပြီလေ။ ကင်မော်တယ်အင်အားစုတွေ ဘယ်လောက်များများ ပျောက်ကွယ်သွားမလဲဆိုတာ မသိနိုင်ဘူး"
"ပြီးတော့ ကျွင်းမိသားစုက အန္တိမကပ်ဘေးကြီးရဲ့ ကျိန်စာဒဏ်ခံရနေရင်တောင် ဒီကမ္ဘာပေါ်မှာ အသန်မာဆုံး အင်အားစုတစ်ခု ဖြစ်နေတုန်းပဲလေ"
ကျွင်းရှောင်ယောက်လည်း ချက်ချင်း သဘောပေါက်သွားကာ ရယ်မောလိုက်သည်။
"ခင်ဗျားက တကယ်တော့ ကျုပ်ရဲ့ ကျွင်းမိသားစုနဲ့ မဟာမိတ်ဖွဲ့ပြီး ကျွင်းမိသားစုရဲ့ စွမ်းအားကို အသုံးချချင်တာပဲ"
"ဒါက သဘာဝပါပဲ...၊ မင်းသာ ငါနဲ့ အတူရှိဖို့ ဆန္ဒရှိရင် ငါတို့က မိသားစုတစ်ခုတည်း ဖြစ်သွားလိမ့်မယ်။ ငါတို့တွေ အတူတူတိုးတက်ပြီး အတူတူ ကျရှုံးနိုင်တယ်"
နတ်ဆိုးဧကရီလေးက ပြောလိုက်၏။
ကမ္ဘာပေါ်တွင် အချောဆုံးနှင့် အရည်အချင်းအရှိဆုံးလူကို ဆွဲဆောင်နိုင်ရုံသာမက....
အသန်မာဆုံး အင်အားနှင့်လည်း မဟာမိတ်ဖွဲ့နိုင်သည်။
ဤသည်က တကယ်ကို အမြတ်ထွက်မည့် ကိစ္စတစ်ခုပင်။
"ကျုပ်က ငြင်းတယ်"
ကျွင်းရှောင်ယောက်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
နတ်ဆိုးဧကရီလေး အံ့အားသင့်သွား၏။ သူမက ပြောလိုက်သည်။
"ကျန်းမိသားစုက မိန်းကလေးနှစ်ယောက်ကြောင့်လား။ ကိစ္စမရှိပါဘူး... ငါ စိတ်မဆိုးဘူး။ လူများများနဲ့ လေ့ကျင့်ခန်းလုပ်ရတာလည်း မဆိုးပါဘူး"
"ခင်ဗျား စိတ်ထဲမထားပေမဲ့ ကျုပ်က သူတို့ကို ဂရုစိုက်တယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"သူတို့က သေချာပေါက် စိတ်ထဲထားလိမ့်မယ်"
"ဟင့်... နတ်ဘုရားသားတော်က တကယ်ကို အကြင်နာတရားကင်းမဲ့တာပဲ။ ငါ အရမ်းပဲ ဝမ်းနည်းမိတယ်"
နတ်ဆိုးဧကရီလေးက သနားစဖွယ် မျက်နှာလေးကိုမဲ့ကာ ပြောလိုက်သည်။
သို့သော်လည်း သူမက ချက်ချင်း ပြုံးကာ ပြောလိုက်လေသည်။
"ဒါပေမဲ့... အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူက အတပ်ပြောနိုင်မှာလဲ၊ မောင်လေးရှောင်ယောက်လည်း စိတ်ပြောင်းချင်ပြောင်းမှာပဲ"
"ခင်ဗျား အတွေးလွန်နေပြီ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ဟင်းဟင်းဟင်း... အဲဒီနေ့က သိပ်မကြာတော့ပါဘူး"
စကားသံအဆုံးတွင်၊ ရန်ယုမန်၏ မျက်လုံးများမှ တောက်ပမှုတို့ ပျောက်ကွယ်သွားလေသည်။
ရန်ယုမန် သတိပြန်ဝင်လာသည်။ ထိုအခါ သူမက ကျွင်းရှောင်ယောက်နှင့် အလွန်နီးကပ်နေကြောင်း ရုတ်တရက် သိလိုက်ရ၏။
"ငါ... ငါဘာဖြစ်သွားတာလဲ..."
ရန်ယုမန်က စိတ်ရှုပ်ထွေးနေဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်လေသည်။
ရန်ယုမန်က ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် ကြည့်လိုက်သည်။
အဆုံးစွန် ရှေးဟောင်းလမ်းကို ကျွင်းရှောင်ယောက်နှင့် အတူတူ လျှောက်လှမ်းခဲ့ကြပြီးနောက်...
သူမ၏ နှလုံးသားထဲတွင် ဖျောက်ဖျက်၍မရသော အမှတ်တရများ ကျစ်ရစ်ခဲ့၏။
သို့သော်လည်း ကျွင်းရှောင်ယောက်က သူမကို အလွန်ကြင်နာသည့်တိုင် သူသည် သူငယ်ချင်းတစ်ယောက် အနေဖြင့်သာ ဖြစ်လေသည်။
သို့ရာတွင်၊ သေချာစဉ်းစားကြည့်ပြီးနောက် သူ အနည်းငယ် စိတ်မကောင်းဖြစ်မိဆဲ ဖြစ်သည်။
နောက်ဆုံးမှာတော့ ကျွင်းရှောင်ယောက်က သူမ၏ ခြေတံသွယ်သွယ်ကို ထိမိပြီးသွားပြီ။
"ငါက တကယ်တော့ အခွင့်ကောင်းယူခံရပြီး အကျိုးအမြတ် မရခဲ့ဘူး"
ရန်ယုမန်က နောက်ကိုလှည့်ပြီး သူမ၏ နှုတ်ခမ်းကိုကိုက်ကာ လှည့်ထွက်လိုက်သည်။
ထိုအချိန်တွင်၊ အနောက်မှ ကျွင်းရှောင်ယောက်၏ အသံ ထွက်လာသည်။
"မင်းက ငါ့ရဲ့ ကျွင်းဧကရာဇ်ခုံရုံးရဲ့ အဖွဲ့ဝင်ဖြစ်နေပြီ။ ကျေးဇူးပြုပြီး အနာဂတ်မှာ ငါ့အစား စောင့်ရှောက်ပေးပါဦး"
ထိုစကားကိုကြားတော့ ရန်ယုမန်မှာ မျက်ရည်ကျလုမတတ် ဖြစ်သွား၏။
ကျွင်းဧကရာဇ်ခုံရုံးကို ကျွင်းရှောင်ယောက်နှင့် အစားထိုးနိုင်ပါက မည်မျှ ကောင်းလိုက်ပါမည်နည်း။
'ဒီလူ.. ငါ့ကို တကယ်ပဲ ထာဝရစောင့်မျှော်စေချင်တာလား'
ရန်ယုမန်က သူမ၏ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သို့သော်လည်း ခပ်တိုးတိုးဖြေရင်း ခေါင်းညိတ်ပြလိုက်ဆဲပင်။
ရန်ယုမန် ထွက်ခွာသွားပြီးနောက် ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားသည်။
သူ့မျက်လုံးများက စဉ်းစားဆင်ခြင်မှု အရိပ်အယောင်တို့ ပေါ်လာ၏။
သူက နတ်ဆိုးဧကရီလေးကို သိပ်ပြီး သဘောမကျသော်လည်း...
သူမက ကျွင်းရှောင်ယောက်အတွက် အရေးကြီးသော သတင်းတစ်ခုကို ယူဆောင်လာခဲ့တာတော့ အမှန်ပင်။
အနာဂတ်တွင် ဖြစ်လာချေရှိသည့် ကပ်ဘေးကြီးနှင့် မငြိမ်မသက်မှုများက ကောင်းကင်ကိုးခုအထက် ပရမတ္တအပျက်အယွင်းမှ ဖြစ်နိုင်ချေများသည်။
"အနာဂတ်ရဲ့ အဲဒီပုံရိပ်တွေက အမှောင်ထုရဲ့ ကပ်ဘေးတွေများ ဖြစ်မလား"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
အမှောင်ထုကို ချေမှုန်းရန်က မြင့်မြတ်ခန္ဓာ၏ တာဝန်တစ်ခုလိုပင်။
လက်ရှိတွင် နောက်ဆုံး မြင့်မြတ်ခန္ဓာမှလွဲ၍ သူက တစ်ဦးတည်းသောသူ ဖြစ်သည်။
"ဒါနဲ့... နောက်တစ်ယောက် ရှိသေးတယ်"
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။
အဆုံးမဲ့ဧကရာဇ်။
သူ အသက်ရှင်နေသေးသလား။