← Chapters

အခန်း ၁၁၄၃

Vol. 77 Ch. 1143

အခန်း ၁၁၄၃

Vol. 77 Ch. 1143

အခန်း ( ၁၁၄၃ ) အင်မော်တယ်နယ်မြေကြီး၏ အင်အားစုများ တည်ရှိပုံ။

နတ်ဆိုးဧကရီလေး၏ သတင်းက ကျွင်းရှောင်ယောက်ကို သတိပေးခဲ့သည်။

ဆက်လက် လေ့ကျင့်ရန်နှင့် ပို၍ သန်မာ‌လာစေရန် အချိန်တိုင်းကို ဆုပ်ကိုင်ထားရမည်။

ကျွင်းမိသားစုတွင် နေထိုင်ရတာက အဆင်ပြေသည်။ သူ့ဆွေမျိုးများ၊ ချစ်ရသူနှင့် သူငယ်ချင်းများ အားလုံးရှိ၏။

သို့သော်လည်း အကြာကြီးတော့ အနားမယူနိုင်ပေ။

ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီသို့ သွားရမည် ဖြစ်သည်။

သို့သော်လည်း ထိုမတိုင်မီတွင် သူက စန်းမျိုးနွယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို စူးစမ်းရဦးမည်။

ခုနစ်ရက် ခုနစ်ညကြာ ပွဲတော်ပြီးနောက်...

ကျွင်းရှောင်ယောက်က မိသားစု၏ စာကြည့်ဆောင်သို့ ရောက်လာခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကို အံ့အားသင့်စေအောင် စာကြည့်တိုက်တွင် စန်းမျိုးနွယ်နှင့် ပတ်သက်သည့် မှတ်တမ်းများကို မတွေ့ရှိရပေ။

ယင်းက ကျွင်းရှောင်ယောက်ကို အနည်းငယ် ထူးဆန်းသလို ခံစားရစေသည်။

ကျွင်းမိသားစု၏ စာကြည့်တိုက်က အလုံးစုံပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း အနည်းဆုံး အင်မော်တယ်နယ်မြေကြီး၏ ရှေးသမိုင်းကြောင်းအများစုကို မှတ်တမ်းတင်ထားသေးသည်။

တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ စန်းမျိုးနွယ်က အလွန်လျှို့ဝှက်ဆန်းကြယ်သောကြောင့် မှတ်တမ်းတင်ရန်ပင် မရှိသလောက် ဖြစ်နိုင်သည်။

စာကြည့်တိုက်တွင် အချက်အလက်များကို ရှာမတွေ့သောကြောင့် ကျွင်းရှောင်ယောက်လည်း ဘိုးဘေးများထံသာ သွားနိုင်သည်။

ကျွင်းမိသားစု၏ ရှေးဘိုးဘေးများက ရှေးကျသော တည်ရှိမှုများ ဖြစ်ကြသည်။ သူတို့ကိုယ်တိုင်က ရှေးဟောင်းသမိုင်းတစ်ခု ဖြစ်၏။

ကျွင်းရှောင်ယောက်က အဋ္ဌမမြောက်ဘိုးဘေး ကျွင်းထျန်းမင်ကို သွားရောက်တွေ့ရှိခဲ့သည်။

ကျွင်းမိသားစု၏ ဘိုးဘေးများက အများအားဖြင့် တိတ်ဆိတ်စွာ နေလေ့ရှိပြီး မိသားစု၏ ပါရမီရှင်များပင်လျှင် သူတို့ကို တွေ့ဆုံရန် ခက်ခဲသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကိုတော့ ထိုဘိုးဘေးများက အလိုလိုက်ကြပေသည်။

"ရှောင်ယောက်၊ မင်း ငါ့ကိုလာတွေ့တာ ဘာများပြောစရာရှိလို့လဲ"

အဋ္ဌမဘိုးဘေး ကျွင်းထျန်းမင်က သူ၏မြေးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ပြုံးရွှင်စွာဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်နေသည်။

ကျွင်းရှောင်ယောက်က အနည်းငယ် လက်ယှက်ပြီး ပြောလိုက်၏။

"ကျွန်တော်က ဘိုးဘေးကို စန်းမျိုးနွယ်အကြောင်း မေးချင်လို့ပါ"

ကျွင်းရှောင်ယောက်၏ စကားကြောင့် ကျွင်းထျန်းမင် အံ့အားသင့်သွားသည်။ သူ့မျက်လုံးထဲတွင် တွေးဆမှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။

"ရှောင်ယောက်၊ ဘာဖြစ်လို့ စန်းမျိုးနွယ်အကြောင်း ရုတ်တရက် မေးလာရတာလဲ"

ကျွင်းရှောင်ယောက်၏ စကားကို ကြားရပြီးနောက် ကျွင်းရှောင်ယောက်၏ မျက်လုံးများ တောက်ပသွားသည်။ ကျွင်းထျန်းမင်က တစ်ခုခုကို သိရှိထားပုံပင်။

"ကျွန်တော်က ဒီအတိုင်း သိချင်လို့ပါ။ အနာဂတ်မှာ သူတို့‌နဲ့ တွေ့ရနိုင်တယ်လေ"

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

သူက စန်းမျိုးနွယ်နှင့် ကောင်းကင်သားတော်ရှစ်ဦးအကြောင်းကို မပြောခဲ့ပေ။

ဘိုးဘေးများကို အကြောင်းမဲ့ မစိုးရိမ်စေလိုပါ။

ကျွင်းထျန်းမင်၏ မျက်လုံးများက နက်နဲသွားသည်။

ကျွင်းမိသားစု၏ ဤဘိုးဘေးများက ခေတ်ပေါင်းများစွာ ရှင်သန်လာခဲ့ကြသူများ ဖြစ်၏။ ကျွင်းရှောင်ယောက်၏ အခြေအနေကို မရိပ်စားမိဘဲ အဘယ်မှာ ရှိမည်နည်း။

သို့သော်လည်း ကျွင်းရှောင်ယောက်က မပြော‌သောကြောင့် သဘာဝအတိုင်း အတင်းအကျပ်လုပ်မည် မဟုတ်ပေ။

"ရှောင်ယောက်၊ အင်မော်တယ်နယ်မြေကြီးရဲ့ အင်အားစု တည်ရှိပုံအကြောင်း မင်း ဘယ်လောက်ထိသိလဲ"

ကျွင်းရှောင်ယောက်က မဆိုင်းမတွ ပြောလိုက်သည်။

"ကျွန်တော်တို့ ကျွင်းမိသားစုကို တုနှိုင်းယှဉ်ပြိုင်လို့ မရဘူး"

"အဟမ်း... အဟမ်း"

ကျွင်းထျန်းမင်က ခြောက်ကပ်ကပ် ချောင်းဟန့်ကာ ဆက်မေးလိုက်သည်။

"ဒါက အမှန်ပါပဲ၊ ဒါပေမဲ့ တခြားဘာတွေ ရှိသေးလဲ"

"ရှေးခေတ်ဟောင်းရဲ့ အုပ်စိုးရှင်... အဓိပဓိ အင်မော်တယ်ခုံရုံး"

"အမှောင်ထဲက အင်မော်တယ်ခုံရုံး၊ အမှောင်ကမ္ဘာ"

"ရှေးဟောင်းတော်ဝင်မိသားစုတွေ"

"မြင့်မြတ်ဝိညာဉ်တွေ"

"နောက်ပြီး ရေထဲကငါးတွေလို များပြားတဲ့ အင်မော်တယ် အင်အားစုတွေလည်း ရှိတယ်"

ကျွင်းထျန်းမင်က မေးမြန်းသည်မှာ အင်မော်တယ်နယ်မြေကြီး၏ အင်အားစုဖွဲ့စည်းပုံ ဖြစ်သည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်က အသက်တားမြစ်နယ်မြေ၊ တိုင်းတပါး ဧကရာဇ်မျိုးနွယ်စုများနှင့် အခြားအင်အားစုများကို ထည့်မတွက်ခဲ့ပေ။

"မှန်ပါတယ်၊ ဒါပေမဲ့ မင်းကို ငါပြောချင်တာက အင်မော်တယ်နယ်မြေကြီးဟာ ရေ အရမ်းနက်တယ်"

"ဒါက ဧရာမ ရေခဲတောင်ကြီးလိုပဲ။ အများစု မြင်နေရတာက ရေပေါ်မှာပေါ်နေတဲ့ ရေခဲတောင်ကြီးရဲ့ ထိပ်ဖျားပိုင်းပဲ ရှိတာ... ကျန်တဲ့ အပိုင်းတွေက ရေအောက်မှာ နစ်မြုပ်နေတယ်"

ကျွင်းထျန်းမင်၏ စကားကိုကြားတော့ ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

အမှန်ပင်။

ကမ္ဘာနှစ်ရပ်ကြား စစ်ပွဲအတွင်း၌ ထိပ်သီး အကျော်အမော်များ ထွက်ပေါ်လာခဲ့သော်လည်း သိရှိကြသူက များများမရှိပေ။

"ဒါကြောင့် အင်မော်တယ်နယ်မြေကြီးရဲ့ အင်အားစု တည်ဆောက်ပုံကို ရေမျက်နှာပြင်အထက်နဲ့ ရေမျက်နှာပြင်အောက်ဆိုပြီး ပိုင်းခြားထားတယ်"

ကျွင်းထျန်းမင်က ပြောလိုက်သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများ အရောင်လက်သွားသည်။

"ဒါဆို အဋ္ဌမဘိုးဘေး ဆိုလိုတာက စန်းမျိုးနွယ်ဟာ ရေအောက်က အစွမ်းထက်ဆုံး အင်အားစုတွေထဲက တစ်ခုပေါ့"

ကျွင်းထျန်းမင်က အနည်းငယ် ခေါင်းညိတ်လိုက်၏။

"အဲဒီလိုပါပဲ"

"စန်းမျိုးနွယ်က ကန့်လန့်ကာနောက်ကွယ်မှာ ပုန်းအောင်းနေပြီး ခေတ်ကို ကြိုးကိုင်နေတဲ့ ပုံစံမျိုးပဲ"

"သူတို့က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရဲ့ ရှေးအကျဆုံး မျိုးနွယ်တစ်ခုပဲ။ ငါတို့ ကျွင်းမိသားစုက အင်မော်တယ်နယ်မြေကြီးမှာ အ‌ခြေချလိုက်ကတည်းက သူတို့ ရှိနေခဲ့တာ"

ကျွင်းထျန်းမင်၏ စကားကြောင့် ကျွင်းရှောင်ယောက်မှာ တွေးတောမိပြန်သည်။

ကျွင်းမိသားစုက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ ဒေသခံ အင်အားစုမဟုတ်ပေ။

ကျွင်းထျန်းမင်က ဆက်ပြောသည်။

"သူတို့က သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးခံရသူတွေလို့ ယူဆကြပြီး သူတို့ရဲ့ ကံကြမ္မာကို ခံယူဖို့ ရည်မှန်းထားတယ်"

"အဓိပဓိ အင်မော်တယ်ခုံရုံးက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရဲ့ ထိန်းသိမ်းသူဆိုရင်..."

"စန်းမျိုးနွယ်က သူတို့ကိုယ်ကို အင်မော်တယ်နယ်မြေကြီးရဲ့ ကောင်းကင်စည်းမျဉ်းကို စီရင်ဆုံးဖြတ်သူတွေလို့ ယူဆကြတယ်"

"ကောင်းကင်လမ်းကို ချိုးဖေါက်ပြီး ကောင်းကင်ရဲ့ညီမျှမှု ချိန်ခွင်လျှာကို ဖျက်ဆီးမယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် စန်းမျိုးနွယ်တစ်ခုလုံးရဲ့ ရန်သူပဲ"

'ဒီလိုပေါ့'

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက် သဘောပေါက်သွားသည်။

ယွီဟွာဝမ်က စန်းမျိုးနွယ်ကို သတိထားရန် ဘာကြောင့် ပြောဆိုခဲ့မှန်းလည်း သူ နားလည်သွားပြီ။

စန်းမျိုးနွယ်၏ အမြင်တွင်၊ သူက ထူးခြားသော မညီမျှမှုတစ်ခု ဖြစ်သည်။

"စန်းမျိုးနွယ်စုက မြင်ကွင်းနောက်ကွယ်မှာ ပုန်းအောင်းနေပေမဲ့ သူတို့ရဲ့နောက်ခံက တကယ်ကို စိတ်ကူးမယဉ်နိုင်ဘူး။ သူတို့ရဲ့ စွမ်းအားက ကောင်းကင်ကနေ ဆင်းသက်လာခဲ့သလို ကြောက်စရာကောင်းလွန်းတယ်"

"ဒါပေမဲ့ ဒီရွှေခေတ်ကို ရောက်ရှိလာချိန်မှာတော့ စန်းမျိုးနွယ်လည်း မထိန်းချုပ်နိုင်တော့ပါဘူး"

ကျွင်းထျန်းမင်က ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က ခဏစဉ်းစားပြီးနောက် မေးလိုက်၏။

"ကျွန်တော်တို့ ကျွင်းမိသားစုနဲ့ယှဉ်ရင် စန်းမိသားစုက ဘယ်လိုလဲ"

ကျွင်းထျန်းမင်က ခဏမျှ အံ့ဩသွားပြီးနောက် ခေါင်းခါယမ်းကာ ပြုံးလိုက်သည်။

"ငါ့ရဲ့ ကျွင်းမိသားစုကို စော်ကားဝံ့ဆိုရင် ကောင်းကင်တောင်မှ ဖြိုချခံရလိမ့်မယ်"

ယခင်က ကျွင်းရှောင်ယောက်သည် ကောင်းကင်နှင့် ကစားပွဲပြုလုပ်ပြီး ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါးကို ဆင်းသက်လာစေခဲ့သည်။

ကျွင်းမိသားစုက ယင်းကို လျစ်လျူရှုခဲ့ခြင်းမှာ ကျွင်းရှောင်ယောက်ကို လေ့ကျင့်ပေးလိုသောကြောင့် ဖြစ်ချေသည်။

ကျွင်းမိသားစုက တကယ်ကူညီချင်လျှင် ကောင်းကင်နှင့်ကစားပွဲက ပြောစရာပင် မလိုပေ။

သို့သော်လည်း ကျွင်းမိသားစုက ထိုသို့ပြုလုပ်ခဲ့မည်ဆိုလျှင်... ကျွင်းရှောင်ယောက်က အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်နိုင်ရန် နေနေသာသာ မြန်မြန်တိုးတက်နိုင်မှာတောင် မဟုတ်ချေ။

အရာအားလုံးတွင် သူ့အကြောင်းအကျိုးနှင့် သူ ရှိသည်။

ကျွင်းရှောင်ယောက်ကို ဖန်လှောင်အိမ်ထဲမှ ပန်းတစ်ပွင့်အဖြစ် ကြီးပြင်းစေမည့်အစား သူ့ဘာသာသူ လွတ်လွတ်လပ်လပ် တိုးတက်စေလိုသည်။

"ရှောင်ယောက်၊ မင်းက စန်းမျိုးနွယ်အကြောင်းကို ရုတ်တရက်ကြီး မေးနေတာ... စန်းမျိုးနွယ်က မင်းကို ပစ်မှတ်ထားနေလို့များလား"

ကျွင်းထျန်းမင်က မေးလိုက်သည်။

စန်းမျိုးနွယ်က ကောင်းကင်လမ်းကို ကိုယ်စားပြုသော တရားသူကြီး ဖြစ်သည်။

ကျွင်းရှောင်ယောက်ကတော့ ကောင်းကင်နှင့် ကစားပွဲတွင် အနိုင်ရခဲ့၏။

ယင်းက စန်းမျိုးနွယ်ကို ဆန့်ကျင်လိုက်ခြင်းပင် မဟုတ်လော။

"အသေးအဖွဲ ပြဿနာလေးပါ၊ ဘာမှ မဟုတ်ဘူး"

ကျွင်းရှောင်ယောက်က ခေါင်းယမ်းကာ ပြုံးလိုက်သည်။

ယခုတော့ စန်းမျိုးနွယ်တစ်ခုလုံးက သူ့အပေါ်တွင် လှုပ်ရှားဦးမည် မထင်ပါ။

ကောင်းကင်သားတော် ရှစ်ယောက်ကတော့... ကျွင်းရှောင်ယောက်၏ ခန့်မှန်းချက်မမှားလျှင် စန်းမျိုးနွယ်၏ အထူးချွန်ဆုံး တာအိုကလေးငယ်များ ဖြစ်သင့်သည်။

သာမာန်မျိုးစေ့အဆင့် ပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့က ပို၍အားကောင်းမည်မှာ သေချာလှပေသည်။

သို့သော်လည်း ထာဝရကွဲလွဲမှု ကျွင်းရှောင်ယောက်အတွက်တော့ သူတို့ကို ညီငယ်လေးများဟုပင် ပြောရမည်။

ဟုတ်ပေသည်၊ ယင်းက နိယာမများကို ပို၍ ဖွဲ့စည်းပြီး အဆင့်ဖြတ်ကျော်ရန် ကြိုးစားရမည်ဟု ကျွင်းရှောင်ယောက်ကို သတိပေးခဲ့သည်။

ထိုအခြေအနေမျိုးတွင်၊ ကောင်းကင်သားတော်ရှစ်ဦးနှင့် တိုက်ခိုက်ရန် ပို၍ ယုံကြည်မှုရှိလာပေလိမ့်မည်။

"ကောင်းပြီလေ၊ ရှောင်ယောက်... မင်းက သူတော်စင်နဲ့ ဘိုးဘေးဖြစ်လာနိုင်တဲ့ လူတစ်ယောက်ပဲ။ မင်းကိုယ်တိုင်ပဲ စဉ်းစားဆုံးဖြတ်ပါ"

"မင်းရဲ့အဆင့်က တိုက်ပွဲ‌တွေမှာ မိသားစုက ဝင်စွက်ဖက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့... အငယ်ကို အနိုင်ကျင့်ချင်တဲ့ အင်အားစုတွေ ရှိလာရင်တော့ ငါ့ရဲ့ကျွင်းမိသားစုကို ရက်စက်လို့ အပြစ်မတင်နဲ့"

ကျွင်းထျန်းမင်က အေးစက်စက် ပြောလိုက်သည်။

ဧကရာဇ်စီရင်စုရှိ ကျွင်းမိသားစု၏ လက်ရှိ ထိန်းသိမ်းသူအနေဖြင့် ကျွင်းထျန်းမင်ကလည်း အလွန် ကြီးစိုးပေသည်။

ကျွင်းရှောင်ယောက်က ခေါင်းညိတ်ပြပြီး မေးလိုက်သည်။

"ဒါနဲ့ အန္တိမကပ်ဘေးကြီးရဲ့ ကျိန်စာက မိသားစုအပေါ်မှာ အများကြီး သက်ရောက်မှု မရှိသင့်ဘူး မဟုတ်လား"

"သက်ရောက်မှုက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ပြဿနာတစ်ခု ဖြစ်နေတုန်းပဲ။ အဲဒါကို လုံးလုံးလျားလျား ရှင်းပစ်ဖို့ အချိန်တစ်ခုတော့ ယူရလိမ့်မယ်"

ကျွင်းထျန်းမင်က ပြောလိုက်၏။

"တကယ်လို့ အနာဂတ်မှာ လှုပ်ခတ်မှုတွေ ဖြစ်လာရင်..."

ကျွင်းရှောင်ယောက်က တုံ့ဆိုင်းသွားသည်။

"ဒါက ငါ့ရဲ့ ကျွင်းမိသားစုကို မထိခိုက်စေဘူး"

ကျွင်းထျန်းမင်က ပြုံးပြီး ပြောလိုက်၏။

ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။

ကျွင်းထျန်းမင်၏ ပြောပုံအရတော့ ကျွင်းမိသားစုကို မထိခိုက်စေနိုင်ပေ။

တစ်နည်းဆိုရသော်၊ အမှန်တကယ် လှုပ်ရှားမှုများ ဖြစ်လာလျှင်ပင် ကျွင်းမိသားစုကို ထိခိုက်စေရန် ခက်ခဲသင့်သည်။

သို့သော်လည်း ကျွင်းမိသားစုတွင် အင်အား များများမရှိသင့်တော့ပေ။

'မေ့လိုက်ပါ၊ ငါ့ရဲ့ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ဖို့က အရေးကြီးဆုံးပဲ'

ကျွင်းရှောင်ယောက်က ခေါင်းခါယမ်းလိုက်သည်။

မိသားစုက လုံခြုံသောနေရာဖြစ်သော်လည်း အမှန်တကယ် ထိန်းချုပ်နိုင်သည့်အရာမှာ သူ၏ ကိုယ်ပိုင်ခွန်အား ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ပင်ကိုယ်စွမ်းရည်ဖြင့် ဧကရာဇ်တစ်ပိုင်းအဆင်သို့ ရောက်ရှိခဲ့လျှင်ပင်... ကောင်းကင်နှင့်မြေပြင်၏ တည်ရှိပုံကို သက်ရောက်မှုရှိနိုင်သည်။

'ဒါပြီးရင် ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကို သွားရမယ်'

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် ရည်မှန်းချက်တို့ ပေါ်လာသည်။

All Chapters