← Chapters

အခန်း ၁၁၄၄

Vol. 77 Ch. 1144

အခန်း ၁၁၄၄

Vol. 77 Ch. 1144

အခန်း ( ၁၁၄၄ ) ကျန်းစန်းယီ ထွက်ခွာသွားပြီ။

အိမ်တွင် နေထိုင်ရသည်က ကျွင်းရှောင်ယောက်အတွက် အလွန်သက်တောင့်သက်သာရှိမည်မှာ သေချာသည်။

သူဆန္ဒရှိပါက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတွင် ထာဝရ အေးချမ်းသာယာစွာ နေနိုင်ပေသည်။

သို့ရာတွင်... ဒါက ကျွင်းရှောင်ယောက်၏ လမ်းစဉ် မဟုတ်ပေ။

ကျွင်းမိသားစုက သူ့ကို အမြဲကာကွယ်နေရမည့်အစား...

သူကသာ ကျွင်းမိသားစုကို ကာကွယ်ရန် ကြီးပြင်းလာလိုသည်။

နောက်ပိုင်းတွင်... ကျွင်းရှောင်ယောက်က ကျန်းစန်းယီနှင့် ကျန်းလော့လီကိုခေါ်ကာ ကျန်းမိသားစုသို့ ပြန်သွားခဲ့သည်။

ယင်းက သူ့အမေ၏ မျိုးနွယ်စုပင်။

ကျန်းစန်းယီနှင့် ကျန်းလော့လီ၏ ဆွေမျိုးတချို့နှင့်လည်း တွေ့ရသည်။

ထိုဆွေမျိုးများက ကျွင်းရှောင်ယောက်အတွက် အလွန်ကျေနပ်ကြပေသည်။

ကျွင်းရှောင်ယောက်အတွက် ဂုဏ်ယူကြသည်။

ကျွင်းရှောင်ယောက်က အန္တိမကပ်ဘေးကြီးကိုပင် သတ်ဖြတ်ခဲ့သောကြောင့် ဤခေတ် အကျော်ကြားဆုံး အကြွင်းမဲ့ဇာတ်ဆောင်ဟု ဆိုနိုင်ပေသည်။

ထိုသူက သူတို့ ကျန်းမိသားစု၏ မိန်းကလေးနှစ်ယောက်နှင့် ရည်ငံနေသည်။

ထို့ပြင်၊ ကျွင်းရှောင်ယောက်တွင် ကျန်းမိသားစု၏ သခင်လေး အထောက်အထားလည်း ရှိသေးသည်။

အနာဂတ်တွင် ကျန်းမိသားစုက ကျွင်းရှောင်ယောက်နှင့်အတူ ပို၍ ဂုဏ်သိက္ခာကြီးမားကာ တိုးတက်လာမည် ဖြစ်သည်။

ကျန်းစန်းယီနှင့်အတူ မြင့်မြတ်ခန္ဓာတာအိုသန္ဓေ သို့မဟုတ် ကျန်းလော့လီနှင့်အတူ ရှေးဦးဝိညာဉ်ခန္ဓာကို မွေးဖွားနိုင်ပါက ပို၍ ပြီးပြည့်စုံလိမ့်မည်။

ထို့ကြောင့် နောက်ပိုင်းကာလတွင် သတ္တမဒေါ်လေးနှင့် အဋ္ဌမဒေါ်လေးတို့က ကျန်းစန်းယီနှင့် ကျန်းလော့လီတို့ကို လာရောက်တွေ့ဆုံခဲ့ကြသည်။

"လာ... လာ၊ စန်းယီ... ဒါက နှစ်တစ်သောင်း ကျောက်စိမ်းနီပဲ။ မင်းတို့တွေ သားသမီးရတနာကောင်းကို မွေးဖွားနိုင်စေဖို့ မျှော်လင့်ပါတယ်"

"ဟုတ်ပါတယ်... ဒီမှာလည်း ခရမ်းရောင်ရွှေသွေး ကျောက်စိမ်းဂျင်ဆင်း... အဲဒါက သွေးအားနဲ့ ချီစွမ်းအင်ဖြည့်တင်းဖို့ အကောင်းဆုံးပဲ။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ သုံးစွဲဖို့ အထူးသင့်လျော်တယ်"

ကျန်းစန်းယီ၏ မျက်နှာလေးက ရှက်ရွံ့မှုကြောင့် နီမြန်းသွားလေသည်။

သူတို့က စေ့စပ်ရန်ပင် ရက်မရွေးရသေးသော်လည်း ကလေးယူဖို့ စဉ်းစားနေကြပြီ ဖြစ်သည်။

ကျန်းလော့လီကတော့ စိတ်ထဲမထားဘဲ ပြုံးရွှင်စွာဖြင့် လက်ခံယူလေသည်။

"ကိစ္စမရှိပါဘူး၊ ဒါတွေကို အနှေးနဲ့အမြန် အသုံးပြုရမှာပဲ"

"ကိုကိုရှောင်ယောက်အတွက် အနာဂတ်မှာ လော့လီက ချစ်စရာ ကလေးလေးကို သေချာပေါက် မွေးပေးမှာ"

ကျန်းလော့လီက ပျော်ရွှင်စွာ ပြောလိုက်သည်။

ကျန်းစန်းယီမှာတော့ ဘာပြောရမည်မှန်း မသိတော့ပေ။

သူက ငယ်ငယ်လေးရှိသေးသော်လည်း ကလေးမွေးပေးချင်နေပြီ ဖြစ်သည်။

နောက်ပိုင်းတွင် ကျွင်းရှောင်ယောက်က အသိမိတ်ဆွေအချို့နှင့် တွေ့ဆုံခဲ့သည်။

တစ်ချိန်က သူ‌ လေးစားခဲ့ရသည့် ဓားနတ်ဆိုး ပြန်လည်ဝင်စားသူ ရဲ့ကူချန်ကိုတွေ့ရန် သွားရောက်ခဲ့၏။

သို့သော်လည်း မတွေ့ခဲ့ရပေ။

ရဲ့မိသားစု၏ ပြောစကားအရ အဆုံးစွန်ရှေးဟောင်းလမ်းနှင့် ရှန်းရွှီကမ္ဘာ အဆုံးသတ်ပြီးနောက် ရဲ့ကူချန် ပျောက်ကွယ်သွားခဲ့သည်။

သူက ရဲ့မိသားစုသို့ မပြန်သလို ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ပင် ပြန်မလာခဲ့ပေ။

သို့သော်လည်း ရဲ့ကူချန်၏ အသက်ကတ်က မပျက်စီးသေးသောကြောင့် ရဲ့မိသားစုက အလျင်မလိုပါ။ ရဲ့ကူချန်က အခွင့်အရေးတစ်ခုခု ရရှိခြင်း သို့မဟုတ် တစ်နေရာရာတွင် တစ်ယောက်တည်း လေ့ကျင့်နေခြင်းဟု ယူဆခဲ့ကြသည်။

'ဒီကမ္ဘာမှာ အခွင့်အရေးရရှိသူက ငါတစ်ယောက်တည်း ဖြစ်ပုံမရဘူး'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

အနာဂတ်တွင် ပြန်ပေါ်လာသည့်အခါ သူ့ကို စိတ်မပျက်စေသင့်ပေ။

ရက်အနည်းငယ်ကြာပြီးနောက် ကျွင်းရှောင်ယောက်က ခရီးထွက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ကျန်းရို့၊ ကျွင်းကျန်းထျန်းနှင့် အခြားသူများကတော့ ခွဲခွာရန် တွန့်ဆုတ်နေကြဆဲပင်။

သို့သော်လည်း ကျွင်းရှောင်ယောက်သွားရမည့် ခရီးလမ်းက ဝေးနေသေးတာကို သူတို့သိကြသည်။ သူ့အရှိန်ကို နှေးကွေးအောင် မလုပ်နိုင်ကြပေ။

ကျန်းစန်းယီနှင့် ကျန်းလော့လီတို့က သူနှင့်အတူ လိုက်ပါခဲ့ကြသည်။

သူတို့က မိုးပြာရောင် ဂဠုန်ငှက်ကြီးကိုစီးကာ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးမှ ထွက်ခဲ့ကြလေသည်။

"မမစန်းယီ၊ မင်း... ယောက်ချီမြင့်မြတ်မြေကို ပြန်တော့မှာလား"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

ကျန်းစန်းယီက ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်တယ်၊ ငါ ယောက်ချီမှာ လေ့ကျင့်ပြီး နောက်ဆုံး အသွင်ပြောင်းဖို့ လိုအပ်တယ်"

"ငါ ဝင်ပေါက်ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသားကို ဖွဲ့စည်းပြီး အနောက်တိုင်းရဲ့ မယ်တော်ဘုရင်မလို အစွမ်းထက်လာရင် မင်းရဲ့ဘေးမှာရပ်တည်ပြီး မင်းကို ကူညီနိုင်လိမ့်မယ်"

ကျန်းစန်းယီ၏ မျက်လုံးအကြည့်များက နူးညံ့သိမ်မွေ့သည်။

ကျွင်းရှောင်ယောက်၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။ အနာဂတ် မြင်ကွင်းတချို့ကို ပြန်အမှတ်ရလိုက်၏။

"မမစန်းယီ၊ မင်း... လေ့ကျင့်နေတာကို ရပ်လိုက်လို့ရမလား"

ကျွင်းရှောင်ယောက်မှာ လွှတ်ခနဲ ပြောလိုက်မိသည်။

ကျန်းစန်းယီလည်း ခဏလောက် အံ့ဩသွားပြီးနောက် ပြုံးလိုက်လေသည်။

"ရှောင်ယောက်... မင်းဘာတွေပြောနေတာလဲ၊ ငါ့ကို ပိုသန်မာလာအောင် မလုပ်စေချင်ဘူးလား"

ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

ယင်းက လက်တွေ့မကျမှန်း သူ သိပေသည်။

ကျွင်းရှောင်ယောက်က အသက်စမ်းရေ၊ အင်မော်တယ်သစ်သီးနှင့် အခြား ရတနာများကို အတွင်းစကြာဝဠာမှ တိုက်ရိုက်ထုတ်ယူလိုက်သည်။

ထို့နောက် သစ်ကိုင်းတစ်ခုကိုလည်း ထုတ်ယူလိုက်၏။ ထိုသစ်ကိုင်း၏ သစ်ရွက် တစ်ရွက်စီက ကမ္ဘာကြီးတစ်ခုကို သယ်ဆောင်ထားပုံရသည်။

ကျွင်းရှောင်ယောက်က ထုတ်ယူလိုက်သည်နှင့် သူ့ပတ်ဝန်းကျင်ရှိ နိယာမများ ပြောင်းလဲသွားသလို ထင်မှတ်ရပေသည်။

"ဒါက ကမ္ဘာ့သစ်ပင်ရဲ့ အကိုင်းအခက်လား"

ကျန်းစန်းယီ အံ့သြသွားသည်။

ဤအရာက ဧကရာဇ်ကြီးများပင် မက်မောရသော ရှားပါးရတနာတစ်ခု မဟုတ်လော။

သာမန် အင်မော်တယ် အင်အားစုများအတွက် ၎င်းကို ထုတ်ယူရန် လုံးဝ မဖြစ်နိုင်ပါ။

၎င်းက အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။

"ရှောင်ယောက်၊ ဒါက အဖိုးတန်လွန်းတယ်"

ကျန်းစန်းယီက ခေါင်းယမ်းလိုက်သည်။

"စိတ်မပူပါနဲ့... ဒီသစ်ကိုင်းကို ထုတ်ပေးနေမှတော့ ကျွန်တော်မှာ မရှားပါးဘူးဆိုတာ သိရမှာပေါ့။ ယူလိုက်ပါ... ဒါက မင်းရဲ့ ကျင့်ကြံမှုအတွက် အထောက်အကူ ဖြစ်သင့်တယ်"

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

ကျန်းစန်းယီလည်း မငြင်းဆန်တော့ဘဲ ဝမ်းသာပျော်ရွှင်စွာဖြင့် လက်ခံလိုက်လေသည်။

၎င်းကိုလက်ခံပြီးနောက် ကျန်းစန်းယီက လော့ထျန်းအင်မော်တယ်နယ်‌မြေကြီးသို့ သွားတော့မည် ဖြစ်သည်။

မသွားရောက်မီတွင်၊ ကျန်းစန်းယီက အစပြုကာ ကျွင်းရှောင်ယောက်ကို နမ်းလိုက်လေသည်။

ဤအနမ်းက နက်ရှိုင်းပြီး ပြင်းပြသည်။

ယင်းကြောင့် ကျန်းလော့လီပင်လျှင် မနာလိုကာ ကြိုးစားကြည့်ချင်စိတ်တို့ ဖြစ်ပေါ်ခဲ့ရသည်။

သို့သော်လည်း သူမနှင့် ကျွင်းရှောင်ယောက်က အင်မော်တယ်အကယ်ဒမီသို့ အတူတကွ သွားရမည်ဖြစ်သောကြောင့် နှုတ်ဆက်အနမ်းဖြင့် နမ်းရန် အခွင့်အရေး မရှိခဲ့ပေ။

ဤအနမ်းက တော်တော်ကြာသည်။

ကျွင်းရှောင်ယောက်က ကျန်းစန်းယီ၏ စိတ်ထဲတွင် တစ်ခုခုရှိနေသည်ဟု ခံစားမိပေသည်။

နမ်းရှိုက်ပြီးနောက် ကျန်းစန်းယီက ဤဘဝတွင် သူချစ်ရဆုံးသူကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။

သူမ အချိန်ဆိုင်းနေပါက ကျွင်းရှောင်ယောက်မှ တွန့်ဆုတ်နေမည်ကို သူမ ကြောက်မိသည်။

နတ်သမီးတစ်ပါးကဲ့သို့ လေထဲမှ ပျံသန်းသွားသော ကျန်းစန်းယီ၏ ပုံရိပ်ကိုကြည့်ရင်း သူ့စိတ်ထဲမှ တွေးလိုက်မိလေသည်။

'မမစန်းယီ၊ မင်း... ကျွန်တော်ကို ဘာတွေဖုံးကွယ်ထားတာလဲ'

ထို့နောက် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

ဤအရာများကို တွေးတောနေမည့်အစား သူ၏ကိုယ်ပိုင် ခွန်အားကို မြှင့်တင်ခြင်းက ပိုကောင်းလိမ့်မည်။

သူက ကျန်းလော့လီကို ပြန်လှည့်ပြောလိုက်သည်။

"ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကို ပြန်ရောက်ရင် မင်းရဲ့ ပျက်စီးနေတဲ့ ရှေးဦးဝိညာဉ်ကမ္ဘာကို ပြုပြင်ဖို့ နည်းလမ်းကို ငါရှာပေးမယ်"

အဓိပဓိနယ်ပယ်တွင် အတွင်းစကြာဝဠာကို ပိုင်ဆိုင်ထားသူက အနည်းငယ်သာ ရှိသည်။

ကျန်းလော့လီ၏ ရှေးဦးဝိညာဉ်ကမ္ဘာတွင် လျှို့ဝှက်ချက်များ ရှိသင့်သည်ဟု ကျွင်းရှောင်ယောက်က အမြဲလိုလို ခံစားမိ၏။

၎င်းကို ပြုပြင်ပြီးပါက လျှို့ဝှက်ချက်များကို ရှာဖွေနိုင်သည်။

ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ ကျန်းလော့လီက ပျော်ရွှင်စွာ ထခုန်ရင်း၊ ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲကို ခိုဝင်သွားလေသည်။

"ကိုကိုရှောင်ယောက်က အကောင်းဆုံးပဲ"

ကျွင်းရှောင်ယောက်က ကျန်းစန်းယီကို ဂရုစိုက်နေပုံများ မြင်ရသောအခါ သူမ၏စိတ်ထဲတွင် မနာလိုမိသည်။

သို့ရာတွင် သူမက မျက်နှာသာ ရရှိရန်အတွက် မယှဉ်ပြိုင်ခဲ့ပေ။

သူမက မသိနားမလည်သော ကလေးလေး မဟုတ်တော့ပါ။

ဤသို့ နားလည်ပေးတတ်သော လော့လီလေးကို ဘယ်သူက မချစ်ဘဲနေမှာလဲ။

'ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီပြီးရင် သူ့ကို သွားတွေ့ရလိမ့်မယ်'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှတွေးရင်း အဝေးကို လှမ်းကြည့်လိုက်သည်။

ထိုသူက လင်ယွမ်ပင်။

ယခုအခါ လင်ယွမ်၏ သူ့အပေါ်သဘောထားက မည်သို့ရှိမလဲ မသိပါ။

မည်သို့ပင်ဆိုစေကာမူ... ကျွင်းရှောင်ယောက်က အင်မော်တယ်ကပ်ဘေးဓားသိုင်းကို ရအောင်ယူရမည် ဖြစ်သည်။

ဓားနိယာမကို သူ ဖွဲ့စည်းရဦးမည်။

All Chapters