အခန်း ၁၁၄၇
Vol. 77 Ch. 1147
အခန်း ( ၁၁၄၇ ) လင်ယွမ်၏ ရှုပ်ထွေးနေသော အတွေးများ။
ကျွင်းရှောင်ယောက်က လင်ယွမ်၏ ဂူထဲသို့ ၀င်သွားသည်မှာ သံသယများစွာကို စွဲဆောင်သွားခဲ့သည်။
နောက်ဆုံးတွင်၊ သူတို့နှစ်ယောက်၏ အထောက်အထားများက ထိလွယ်ရှလွယ် ဖြစ်၏။
တစ်ယောက်က ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ဖြစ်ပြီး နောက်တစ်ယောက်မှာ အဓိပဓိအင်မော်တယ်ခုံရုံးမှ ဧကရာဇ်ငယ် ဖြစ်သည်။
ယခုအချိန်တွင် ကျွင်းမိသားစုနှင့် အဓိပဓိအင်မော်တယ်ခုံရုံးအကြား အာဏာလွန်ဆွဲနေကြောင်း လူတိုင်းသိပေသည်။
အထူးသဖြင့် လျှို့ဝှက်သွေးကြောက မူလသွေးကြောသို့ ပြန်ရောက်ပြီးနောက်၊ ကျွင်းမိသားစု၏ အင်အားမှာ အလွန်ကြီးမားမာလာခဲ့သည်။
အဓိပဓိအင်မော်တယ်ခုံရုံးက ကျွင်းမိသားစုကို အကြီးမားဆုံး ရန်သူအဖြစ်ပင် မှတ်ယူခဲ့၏။
ကျွင်းမိသားစုက အဓိပဓိအင်မော်တယ်ခုံရုံး၏ တည်ရှိမှုအပေါ် ကြီးမားစွာ သက်ရောက်မှုရှိနိုင်သည်။
သို့သော်လည်း ယခုအချိန်တွင်... အင်အားစုကြီးနှစ်ရပ်၏ လူငယ်ခေါင်းဆောင်များက မရေရာသော ဆက်ဆံရေးမျိုး ရှိနေသည်။
ယင်းက လူအများ၏ နှလုံးသားတွင် သံသယမီးကို တောက်လောင်စေခဲ့သည်မှာ သံသယဖြစ်စရာ မလိုပေ။
လင်ယွမ်၏ ဂူထဲမှာတော့ မွှေးရနံ့တို့ သင်းပျံ့နေသည်။
သူမ၏ ကိုယ်ပိုင်အစေခံ ရူယင်းမှလွဲ၍ လင်ယွမ်၏ဂူထဲသို့ မည်သူမျှ မဝင်ရောက်ဖူးပေ။
ဆန့်ကျင်ဘက် အမျိုးသားများဆိုပါက ဝင်ရောက်ရန် ဝေးစွ၊ အနားပင် မသီနိုင်ခဲ့ပါ။
ကျွင်းရှောင်ယောက်က တစ်ဦးတည်းသောသူ ဖြစ်သည်။
မကြာမီ၊ ကျွင်းရှောင်ယောက်က အင်မော်တယ်ဂူ၏ နက်နဲရာသို့ ရောက်လာသည်။
သလင်းကျောက် စင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် လှပသော ရုပ်သွင်ကို မြင်လိုက်ရ၏။
ထိုပုံရိပ်က ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပသည်၊ မြင့်မြတ်သည်၊ အေးစက်၏။
သူမ၏ အသားအရေက နတ်အလင်းများ စီးဆင်းနေသကဲ့သို့ပင်။ သူ့မျက်နှာလေးကလည်း လှပစွာ ထွင်းထုထားသော ပန်းပုလက်ရာကဲ့သို့ ဖြစ်သည်။
ကြည်လင်သော လည်တိုင်၊ သေးကျဉ်သော ခါးနှင့် လှပသော ခြေအစုံကလည်း ဖြူဝင်းသော ဆင်စွယ်ကဲ့သို့...
အရာအားလုံးက ထူးကဲသော အလှတရားတစ်ခု အဖြစ် ပေါင်းစပ်ထားသည်။
ထိုကဲ့သို့ အေးစက်မှုနှင့် လှပမှုတို့က အမျိုးသားများအတွက် သေစေနိုင်လောက်သော အဆိပ်ဖြစ်လျှင်ပင် ရှေ့ဆက်တိုးစေနိုင်လောက်သည်။
ကူတိကျစ်ကဲ့သို့ ပါရမီရှင်များပင်လျှင် သူမကို အလွန် စွဲလမ်းခဲ့ကြသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
"လင်ယွမ်... မတွေ့တာကြာပြီ"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြုံးလိုက်သည်။
သူ့ပုံစံက မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်းဟောင်းကို နှုတ်ဆက်လိုက်သလိုပင်။
လင်ယွမ်၏ နူးညံ့သော ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသည်။ သူမ၏ ဖီးနစ်မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို စူးစိုက်ကြည့်လိုက်၏။
"အဲဒီအချိန်က ပျက်စီးခြင်းနယ်စပ်မှာ တွေ့ခဲ့ရတာ နင်ပဲ၊ ဒါပေမဲ့ နင်က ဝန်မခံခဲ့ဘူး"
လင်ယွမ်က နှုတ်ခမ်းကို အသာဟကာ ပြောလိုက်သည်။ သူမ၏ လေသံက အေးချမ်းပြီး တည်ငြိမ်ပုံရသော်လည်း အနည်းငယ် လှုပ်ရှားမှု အရိပ်အယောင်တို့ ရှိနေသေးသည်။
"တကယ်လို့ ငါ ဝန်ခံခဲ့ရင် မင်းအတွက် ပြဿနာပိုများလိမ့်မယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ဒါဆို နင့်ရဲ့ သေခြင်းရှင်ခြင်းက ငါနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်နေတာလား"
လင်ယွမ်က ရုတ်တရက် စိတ်လှုပ်ရှားလာပြီး ချက်ချင်း မေးလိုက်၏။
ကျွင်းရှောင်ယောက်က ခဏမျှ နှုတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
"မဟုတ်ဘူးလား"
လင်ယွမ်မှာ လက်သီးကို တင်းတင်းဆုပ်ရင်း သူ့ရှေ့မှအမျိုးသားကို ကိုက်ဖဲ့ချင်စိတ်ပင် ပေါက်လာသည်။
သူမနှင့် ကျွင်းရှောင်ယောက်သည် မူလက ရန်ဘက်များ ဖြစ်သည်။
ထိုစဉ်က နတ်သမီးယွမ်ကို စေလွှတ်ခဲ့ခြင်းမှာလည်း ကျွင်းရှောင်ယောက်ကို စောင့်ကြည့်ရန်နှင့် အချက်အလက်စုဆောင်းရန်သာ ဖြစ်၏။
နောက်ပိုင်း၊ အနက်ရောင်ချောက်နက်တွင် သူမနှင့် ကျွင်းရှောင်ယောက်က ပထမဆုံး ဆုံတွေ့ခဲ့ပေသည်။ ဘဝတစ်ရာ ချစ်ခြင်းမေတ္တာကိုလည်း ခံစားခဲ့ရကာ ကျွင်းရှောင်ယောက်က သူမ၏ပေါင်ပေါ်တွင် အမှတ်အသားတစ်ခု ရေးသားထားခဲ့သည်။
ထိုအချိန်က သူသည် လွန်စွာမှ ရှက်ရွံ့ပြီး ဒေါသဖြစ်၍ ကျွင်းရှောင်ယောက်ကို လက်စားချေမည်ဟု ကတိပြုခဲ့သည်။
ထို့နောက် ရှန်းရွှီကမ္ဘာတွင် သူမနှင့် ကျွင်းရှောင်ယောက်က အဖွဲ့တစ်ခုတွင် တာဝန်ပေးအပ်ခံခဲ့ရသည်။
ထိုကြောက်စရာကောင်းသော နတ်ဘုရား၏ မိစ္ဆာအတွေးကို ရင်ဆိုင်ရသောအခါ ကျွင်းရှောင်ယောက်က သူမရှေ့တွင် ရပ်တည်လာ၏။
လင်ယွမ်မှာ သူမ အားကိုးနိုင်သည့် နွေးထွေးမှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။
ထို့နောက် ထိုချိုင့်ဝှမ်းတွင် ချစ်ခြင်းမေတ္တာပန်းများ ပွင့်လန်းလာသည်။
ထိုအချိန်က ကျွင်းရှောင်ယောက်အပေါ် သူမ၏ ခံစားချက်များက သိသိသာသာ ပြောင်းလဲသွားသည်ကို တွေ့ရှိခဲ့ရသည်။
သူ့စိတ်ထဲတွင် မနာလို ဖြစ်လာမိ၏။
နတ်သမီးယွမ်နှင့် ကျွင်းရှောင်ယောက်ကြားမှ ဆက်ဆံရေးကိုပင် မနာလိုဖြစ်လာမိသည်။
ထို့နောက် နတ်သမီးယွမ်က သူ့ကိုယ်သူ စတေးခဲ့ပြီး သူမ၏ ဝိညာဉ်ကို လင်ယွမ်နှင့် ပေါင်းစည်းစေခဲ့သည်။
ထိုအချိန်ကတော့ သူ့ကိုယ်သူ မသေချာသေးပေ။
သို့သော်လည်း ကျွင်းရှောင်ယောက် ကျဆုံးသွားကြောင်း မြင်လိုက်ရသောအခါ၊ သူ့နှလုံးသားထဲတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
နောက်ပိုင်းတွင်၊ ကမ္ဘာနှစ်ရပ်ကြား စစ်ပွဲအတွင်း၌ ကျွင်းရှောင်ယောက် ပြန်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ...
သူ့နှလုံးသားထဲတွင် ပျော်ရွှင်မှုတို့ ပြည့်နှက်သွားသလို ခံစားလိုက်ရသည်။
ယင်းက သူ့တွင် ရှိနေသင့်သော ခံစားချက်မဟုတ်ပေ။
အဓိပဓိအင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်အနေဖြင့် ကျွင်းရှောင်ယောက်၏တည်ရှိမှုက အင်မော်တယ်ခုံရုံးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီသို့ ရောက်လာသော်လည်း ထွက်မတွေ့ခဲ့ခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက်ကို မည်သို့မည်ပုံ ရင်ဆိုင်ရမည်မှန်း သူ မသိပေ။
"ဒါဆို နင်က ငါ့ကိုတွေ့ဖို့လာတာလား"
လင်ယွမ်က သူမ၏ ရှုပ်ထွေးနေသော ခံစားချက်များကို တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်သည်။
"ဟုတ်ပါတယ်၊ ငါက ဒီကို ရည်ရွယ်ချက်တစ်ခုနဲ့ လာတာ"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
လင်ယွမ်က တိတ်ဆိတ်နေသော်လည်း သူမ၏မျက်လုံးများတွင် စိတ်ပျက်မှု အရိပ်အမြွက်တို့ ပေါ်လာ၏။
'ငါ ဘာတွေတွေးနေတာလဲ။ သူ့မျက်လုံးထဲမှာ ငါက ရန်သူ... ပြိုင်ဘက်တစ်ယောက်ပဲ'
လင်ယွမ်က စိတ်ထဲမှ သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။
"ငါ မင်းတို့ အဓိပဓိအင်မော်တယ်ခုံရုံးရဲ့ အင်မော်တယ်ကပ်ဘေးဓားသိုင်းကို ကြည့်ချင်တယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"အင်မော်တယ်ကပ်ဘေးဓားသိုင်း"
လင်ယွမ် အနည်းငယ် တုန်လှုပ်သွား၏။
အင်မော်တယ်ကပ်ဘေးဓားသိုင်းက အသန်မာဆုံး ပညာရပ်တစ်ခုမဟုတ်သော်လည်း အဟာနတ်ဘုရားသိုင်းကြီး ငါးခုထဲမှ တစ်ခုဖြစ်နေဆဲပင်။
ကျွင်းမိသားစု၏ ပါရမီရှင်တစ်ဦးဖြစ်ပြီး ကျွင်းရှောင်ယောက်က အဓိပဓိအင်မော်တယ်ခုံရုံးမှ ဧကရာဇ်ငယ်ဖြစ်သော လင်ယွမ်ထံတွင် အင်မော်တယ်ကပ်ဘေးဓားသိုင်းကို တောင်းဆိုနေသည်။
အခြားသူများသာ ထိုအကြောင်းကိုသိလျှင် ရယ်မောကြလိမ့်မည်။
အဓိပဓိအင်မော်တယ်ခုံရုံးနှင့် ကျွင်းမိသားစုက ရန်ဘက်များ ဖြစ်သည်။
အဓိပဓိအင်မော်တယ်ခုံရုံးမှ ဧကရာဇ်ငယ်အနေဖြင့် လင်ယွမ်က သူ့ရန်သူကို ပိုအားကောင်းလာစေရန် အခွင့်အလမ်းကို မည်သို့ပေးအပ်နိုင်မည်နည်း။
"နင်ပြောလိုက်တဲ့ စကားကို နင်နားလည်တယ် မဟုတ်လား"
လင်ယွမ်က ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ ငါသိတယ်"
"နင်ဆိုရင်ကော... နင့်ရဲ့ သိုင်းပညာကို ရန်သူအင်အားစုကို ပေးမှာလား"
"မပေးဘူး"
ကျွင်းရှောင်ယောက်က ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
"ဒါပေမဲ့ အဲဒါက ငါ့အတွက် အသုံးဝင်တယ်"
"နင်လည်း ငါတို့နှစ်ယောက်ရဲ့ အထောက်အထားတွေကို သိမှာပါ"
လင်ယွမ်က ပြောလိုက်သည်။
"ငါသိပါတယ်၊ ဒါပေမဲ့..."
ကျွင်းရှောင်ယောက်က ရုတ်တရက် လင်ယွမ်ဆီသို့ လှမ်းသွားသည်။
ထို့နောက် လင်ယွမ်အရှေ့တွင် နီးနီးကပ်ကပ် ရပ်လိုက်၏။
လင်းယွမ်၏ ပါးပြင်နှစ်ဖက်က ချက်ချင်းပင် နီရဲလာသည်။
"ငါသိချင်တာက မင်းဘယ်သူလဲ"
ကျွင်းရှောင်ယောက်က လင်ယွမ်၏ တောက်ပသော မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
"နင် ဘာပြောချင်တာလဲ၊ ငါက ဘယ်သူမှ မဟုတ်ဘူး"
လင်ယွမ်က ကျွင်းရှောင်ယောက်ကိုမကြည့်ဘဲ မျက်နှာလွှဲလိုက်သည်။
အမှန်တော့ ဤအခြေအနေမျိုးတွင် ကျွင်းရှောင်ယောက်ကို တွန်းထုတ်သင့်သည်။
သို့သော် သူ မလုပ်နိုင်ပါ။
ကျွင်းရှောင်ယောက်က သူမကို လေးလေးနက်နက် စိုက်ကြည့်ရင်း ဆက်ပြောလိုက်သည်။
"ကြယ်ကောင်းကင်အောက်မှာ ငါ့အတွက် ကပြခဲ့တဲ့ မိန်းကလေးကို မှတ်မိသေးလား"
ယခင်က နတ်သမီးယွမ်သည် သူမ ထွက်သွားခါနီးတွင် ကျွင်းရှောင်ယောက်အတွက် ကခုန်ပြခဲ့သည်။
သူမ၏ လော့ရှန်ကျင်းဟုန် အကသည် ကျွင်းရှောင်ယောက်အပေါ် နက်နက်ရှိုင်းရှိုင်း မှတ်သားမိစေခဲ့ပေသည်။
ဤအခိုက်တွင် ကျွင်းရှောင်ယောက်က နတ်သမီးယွမ်၏ လင်ယွမ်အပေါ် သက်ရောက်မှုကို သိချင်နေသည်။
သူတို့၏ ဝိညာဉ်နှစ်ခုက တစ်ခုတည်းအဖြစ်သို့ လုံးလုံးလျားလျား ပေါင်းစပ်သွားပြီလော။
ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ လင်ယွမ်၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။
နောက်ဆုံးတွင် သူမက သတ္တိမွေးပြီး ကျွင်းရှောင်ယောက်ကို ကြည့်လိုက်လေသည်။
ထိုအကြည့်တွင် စိတ်ပိုင်းဖြတ်မှုတို့ ထင်ဟပ်နေပုံရသည်။
"ကျွင်းရှောင်ယောက်၊ အဓိပဓိအင်မော်တယ်ခုံရုံးနဲ့ ကျွင်းမိသားစုက ဆန့်ကျင်ဘက်ဖြစ်စရာမလိုဘူးလို့ နင်တွေးကြည့်ဖူးလား"
"ငါက အဓိပဓိအင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ငယ်... နင်က ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်...၊ ငါတို့သာ လက်တွဲလိုက်ရင် အဓိက အင်အားစုနှစ်ခုရဲ့ ဆန္ဒကို ပြောင်းလဲနိုင်လိမ့်မယ်"
"အိုး၊ မင်းက ဘာပြောချင်တာလဲ"
ကျွင်းရှောင်ယောက်က လင်ယွမ်ကို ကြည့်လိုက်သည်။
လင်ယွမ်က အသက်ပြင်းပြင်းရှူလိုက်ရာ ရွှေရင်အစုံပင် သိသိသာသာ မို့မောက်သွား၏။
နောက်ဆုံးတွင် သတ္တိမွေးကာ ပြောလိုက်သည်။
"ကျွင်းမိသားစုနဲ့ အဓိပဓိအင်မော်တယ်ခုံရုံးက မဟာမိတ်ဖွဲ့လိုက်မယ်ဆိုရင်... နင့်ရဲ့ အရည်အချင်းနဲ့ အနာဂတ်မှာ နင်က အင်မော်တယ်ခုံရုံးရဲ့ အရှင်သခင်ဖြစ်ပြီး ငါက ကောင်းကင်ဘုရင်မ ဖြစ်လာလိမ့်မယ်"
"ငါတို့နှစ်ယောက်က အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးကို စိုးမိုးနိုင်တယ်"