အခန်း ၁၁၄၉
Vol. 77 Ch. 1149
အခန်း ( ၁၁၄၉ ) မောက်မာသော ရန်ယွင် မြင်းသည်တော်များ။
လင်ယွမ်၏ ကြည်လင်သော မျက်လုံးများက ဤအခိုက်တွင် မြင့်မားပြီး အေးစက်မှုတို့ ပြည့်နေသည်။
ဤကဲ့သို့သော အရှိန်အဝါက အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်ဟူသော သူ့အထောက်အထားနှင့် လိုက်ဖက်လှ၏။
သို့သော်လည်း ကျွင်းရှောင်ယောက်နှင့် လင်ယွမ်က အတူတူထွက်လာတာကို မြင်လိုက်ရသောအခါ...
စောင့်ကြည့်နေကြသော လူများစွာ၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တို့ ပေါ်လာသည်။
"ဟာ... ဧကရီသမီးတော်မဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ကောလာဟလအတိုင်း တကယ်ကြီး သင့်မြတ်နေကြတာလား"
"ပုံစံအရတော့ အတွဲတွေ မဟုတ်လောက်သေးပါဘူး၊ ဒါပေမဲ့ သိပ်ပြီး မဝေးလောက်တော့ဘူး"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို ကျုပ် တကယ်ပဲ မနာလိုမိတယ်။ သူ့ဘေးမှာ ကျန်းမိသားစုရဲ့ မိန်းမလှလေးတွေ ရှိနေတာတောင်မှ ဧကရီသမီးတော်နဲ့ ဆက်ဆံရေး ရှိနိုင်သေးတယ်"
"ဟမ့်၊ နတ်ဘုရားသားတော်က ရုပ်ရည်ချောမောတာအပြင် စွမ်းအားကြီးမားပြီး ပြိုင်ဘက်ကင်းတဲ့ မိသားစုနောက်ခံရှိတယ်လေ။ ခင်ဗျားကလား... ခင်ဗျားမှာ ဘာရှိလို့လဲ"
အင်မော်တယ်အကယ်ဒမီမှ တပည့်များစွာက ပြောဆိုလိုက်ကြသည်။
ကူတိကျစ်မှာတော့ ဤမြင်ကွင်းကိုမြင်သောအခါ သူ့မျက်လုံးများ အေးစက်သွား၏။
သူက မှန်းဆပြီးသားဖြစ်သော်လည်း လက်တွေ့ မြင်လိုက်ရသောအခါ ရင်ထဲတွင် နာကျင်ရသေးသည်။
သူက လင်ယွမ်ကို လိုက်နေသည်မှာ ကြာပြီဖြစ်ပြီး လင်ယွမ်က သူ့အပေါ် အမြဲတမ်း အေးစက်ခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့်၊ ရန်သူအင်အားစုမှာ ကျွင်းရှောင်ယောက်ကိုတော့ ချစ်ခင်မြတ်နိုးကြောင်း ပြသနေ၏။
ယင်းက ကူတိကျစ်၏ နှလုံးသားထဲမှ နှစ်သက်မှုကို မလိုလားခြင်းနှင့် နာကြည်းခြင်းတစ်မျိုးအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားစေခဲ့သည်။
ထိုအချိန်တွင် ရန်ယွင် မြင်းသည်တော် ဆယ့်ရှစ်ဦးအနက်မှ ချီလုံကို စီးနင်းထားသော အမှတ်ဆယ့်ခြောက် မြင်းသည်တော်က အေးစက်စက် ပြောလိုက်သည်။
"ဧကရီသမီးတော်က အဓိပဓိအင်မော်တယ်ခုံရုံးရဲ့ ခေတ်ပြိုင်ဧကရာဇ်ငယ်ပဲလေ... ဒါကြောင့် ကျုပ်တို့ သဘာဝအတိုင်း မရိုအသေ မလုပ်ဝံ့ပါဘူး"
အမှတ်ဆယ့်ခြောက်က ထိုသို့ပြောလိုက်သော်လည်း သူ့လေသံက လျစ်လျူရှုကာ မာနကြီးပုံရ၏။
လင်ယွမ်၏ မျက်လုံးထဲမှ အကြည့်များက ပို၍ အေးစက်လာသည်။
"ဒါဆိုရင် ရှင်တို့ရဲ့ သားရဲပေါ်ကနေ ဘာကြောင့်မဆင်းလာသေးတာလဲ"
"အိုး... တောင်းပန်ပါတယ်၊ ကျုပ်တို့ ရိုင်းပြသလိုဖြစ်သွားတယ်"
အမှတ်ဆယ့်ခြောက်က သရော်ဟန်ဖြင့် ပြုံးကာ ချီလုံပေါ်မှ ဆင်းသက်လိုက်သည်။
ကျန်နှစ်ယောက်ကလည်း သားရဲများပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလိုက်ကြ၏။
ထိုမြင်ကွင်းကိုမြင်တော့ ပတ်ဝန်းကျင်မှ အကယ်ဒမီ၏တပည့်များ အံ့ဩသွားကြသည်။
"ရန်ယွင် မြင်းသည်တော်တွေက ဧကရာဇ်ငယ် လင်ယွမ်ကို သိပ်ပြီး မလေးစားဘူးထင်တယ်"
"ဟုတ်တာပေါ့၊ သူတို့ရဲ့သခင်က အဓိပဓိအင်မော်တယ်ခုံရုံးမှာ အဆန်းကြယ်ဆုံးနဲ့ အမွန်မြတ်ဆုံး ရှေးလူငယ်ဧကရာဇ်ငယ်ပဲလေ"
"သူနဲ့ယှဉ်ရင် ခေတ်ပြိုင်ဧကရာဇ်ငယ် လင်ယွမ်က နည်းနည်း နိမ့်ကျမှာပေါ့"
ပတ်ဝန်းကျင်မှ စကားသံများကိုကြားတော့ အမှတ်ဆယ့်ခြောက်နှင့် အခြားသူများက မသိမသာ ပြုံးလိုက်ကြ၏။
လင်ယွမ်က ကူတိကျစ်အား ရွံ့ရှာဟန်ဖြင့် ကြည့်လိုက်သည်။
ယခင်ကတည်းက သူသည် ကူတိကျစ်ကို စိတ်မဝင်စားခဲ့ပါ။
သို့ရာတွင်... ကူတိကျစ်က အစွမ်းထက်သလို ဟန်ဆောင်နေဆဲ ဖြစ်သည်။
ယခုမူ၊ လင်ယွမ်က ကူတိကျစ်ကို ပိုကြည့်မိလေ... လူရွှင်တော်တစ်ယောက်ကဲ့သို့ ခံစားလာရလေပင်။
သူက ကျွင်းရှောင်ယောက်နှင့် ယှဉ်ပြိုင်ရန် လုံးဝ အရည်အချင်းမရှိပေ။
"ရှင်က သူတို့ကို ဒီကိုခေါ်လာတား"
လင်ယွမ်က အေးစက်စက်ဖြင့် ကူတိကျစ်ကို ကြည့်လိုက်သည်။
"လင်ယွမ်၊ ခင်ဗျား အထင်မှားနေပြီ။ ကျုပ်က အပျော်တမ်းကြည့်ဖို့ပဲ လာခဲ့တာ"
လင်ယွမ်၏ မျက်လုံးအကြည့်က ကူတိကျစ်ကို ပို၍ မပျော်မရွှင်ဖြစ်စေသည်။
သို့သော်လည်း အပေါ်ယံမှာတော့ သူက စိတ်ထဲမထားသလို ပြုံးနေဆဲပင်။
တစ်ဖက်တွင် ကျွင်းရှောင်ယောက်က ဘာမျှမပြောဘဲ ကြည့်ရုံသာ ကြည့်နေသည်။
သူ့အတွက်တော့ လက်ရှိ ကူတိကျစ်ဟာ လူရွှင်တော်တစ်ယောက်နှင့် မခြားပေ။
"ဒါဆိုရင် ရှင်တို့တွေ ကျွန်မရဲ့အင်မော်တယ်ဂူကိုလာပြီး ဆူညံနေတာက ဘာကိစ္စလဲ"
လင်ယွမ်က စိတ်မရှည်စွာ ပြောလိုက်သည်။
အမှတ်ဆယ့်ခြောက်က လျစ်လျူရှုစွာ ပြောလိုက်၏။
"ဘာအကြောင်းမှမရှိပါဘူး၊ အဓိပဓိအင်မော်တယ်ခုံရုံးရဲ့ ခေတ်ပြိုင်ဧကရာဇ်ငယ်တစ်ပါးအနေနဲ့ ဧကရာဇ်ငယ်တစ်ယောက်ရဲ့ သဘောထားရှိသင့်တယ်လို့ ကျုပ်ခံစားရတယ်"
"ဧကရာဇ်ငယ် လင်ယွမ်အနေနဲ့ ဘယ်သူကို တွေ့သင့်တယ်၊ ဘယ်သူကို မတွေ့သင့်ဘူးဆိုတာ သိသင့်တယ်"
သူ့စကားက ရှင်းသည်။ လင်ယွမ်က ကျွင်းရှောင်ယောက်ကို မတွေ့သင့်ပေ။
ထိုစကားကိုကြားတော့ လင်ယွမ်၏ နှလုံးသားထဲမှာ ဒေါသတို့ ထွက်ပေါ်လာသည်။
"အဓိပဓိအင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ငယ်အနေနဲ့ ငါ တွေ့ချင်တဲ့သူကို တွေ့နိုင်တယ်။ နင့်အမိန့်ကို နာခံဖို့ လိုသေးလို့လား"
ကျွင်းရှောင်ယောက်အတွက် မဟုတ်လျှင်ပင် အမှတ်ဆယ့်ခြောက်၏ သဘောထားက လင်ယွမ်ကို ဒေါသထွက်စေခဲ့သည်။
စောင့်ကြည့်နေသော အခြား အကယ်ဒမီ၏ တပည့်အချို့လည်း ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်ကြလေသည်။
ရန်ယွင်မြင်းသည်တော်များက အမှန်တကယ် လွန်လွန်းသည်။
သူတို့၏သခင်က လျှို့ဝှက်ဆန်းကြယ်သော ရှေးဧကရာဇ်ငယ်ဖြစ်သော်လည်း...
ခေတ်ပြိုင် ဧကရာဇ်ငယ်တစ်ဦးအနေဖြင့် လင်ယွမ်၏ အဆင့်အတန်းက မနိမ့်ကျပေ။
"ဟုတ်တယ်၊ ရှင်တို့မှာ ဧကရာဇ်ငယ်ကို မေးခွန်းထုတ်ဖို့ ဘာအရည်အချင်းရှိလဲ"
ထိုအချိန်တွင် လူအုပ်ထဲမှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ပန်းပွင့်ပုံထိုးထားသော ပိုးသားဝတ်စုံဝတ် မိန်းကလေးတစ်ယောက် ထွက်လာ၏။။
သူမ၏ မျက်နှာလေးက ဖြူဝင်းပြီး လှပကာ မျက်လုံးအကြည့်များမှာတော့ စူးရှသည်။
သူမက အင်မော်တယ်မျိုးရိုးကြီး ကိုးခုအနက်မှ ကျင်းဝေအင်မော်တယ်မျိုးရိုး၏ အမွေခံ ဝေချမ်ချမ်ပင်။
အခြား အင်မော်တယ်မျိုးရိုးများ၏ ဆက်ခံသူများဖြစ်သော စန်းလီ၊ ယောင်ချင်း၊ ရှင်းလုနှင့် အခြားသူများက ပျက်စီးခြင်းနယ်စပ် လေ့ကျင့်ရေးတွင် ကျွင်းရှောင်ယောက်၏ သုတ်သင်ခံခဲ့ကြရသည်။
သို့သော်လည်း ဝေချမ်ချမ်ကတော့ ထိုအချိန်က ဝိုင်းရံမှုတွင် ပါဝင်ခြင်းမရှိသောကြောင့် လွတ်မြောက်ခဲ့ပေသည်။
ထို့ပြင်၊ ကျင်းဝေအင်မော်တယ်မျိုးရိုးက ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ ဦးဆောင်မှုနောက်ကိုလိုက်သော တစ်ဦးတည်းသောသူ ဖြစ်သည်။
ထို့ကြောင့် ဝေချမ်ချမ်က သဘာဝအတိုင်း ဧကရီသမီးတော် လင်ယွမ်၏ဘက်တွင် ရှိပေသည်။
"ကျုပ်တို့ အရည်အချင်း ပြည့်မီသည်ဖြစ်စေ၊ မပြည့်မီသည်ဖြစ်စေ... ကျုပ်တို့ပြောတဲ့ စကားက အမှားမရှိဘူး"
အမှတ်ဆယ့်ခြောက်က အေးစက်စက် ပြောလိုက်သည်။
အင်မော်တယ်မျိုးရိုး၏ ဆက်ခံသူတစ်ဦးက သူ့ကို ဖိအားပေးရန် မလုံလောက်ပေ။
သူ့စိတ်ထဲတွင်၊ သူတို့၏သခင် ရှေးဧကရာဇ်ငယ်က အဓိပဓိအင်မော်တယ်ခုံရုံး တစ်ခုလုံးတွင် အမွန်မြတ်ဆုံးနှင့် အစွမ်းထက်ဆုံး တည်ရှိမှု ဖြစ်သည်။
အခြား အင်မော်တယ်မျိုးရိုးများ၏ ဆက်ခံသူများ သို့မဟုတ် မျိုးစေ့အဆင့် ပုဂ္ဂိုလ်များ မဆိုးဘိ၊ ဧကရာဇ်ငယ် လင်ယွမ်ပင်လျှင် သူတို့၏ သခင်နှင့် နှိုင်းယှဉ်ရန် အရည်အချင်း မရှိပေ။
"ကျွန်မ လက်မခံရင် ဘာဖြစ်လဲ။ ရှင်တို့က ကျွန်မကို တိုက်ခိုက်ချင်တာလား"
လင်ယွမ်က အေးစက်စက် ပြောလိုက်သည်။
"မဟုတ်ပါဘူး၊ ဧကရာဇ်ငယ်က ခေတ်ပြိုင်ဧကရာဇ်ငယ်တစ်ပါးလေ။ ခင်ဗျားရဲ့ ဝိသေသလက္ခဏာကို ဂရုပြုမိဖို့ ကျုပ်တို့က သတိပေးတာပါ"
အမှတ်ဆယ့်ခြောက်က ပြောလိုက်၏။
ထိုအချိန်တွင် လင်ယွမ်၏ မျက်နှာက အလွန်အေးစက်နေပြီ ဖြစ်သည်။
အမှတ်ဆယ့်ခြောက်က ကျွင်းရှောင်ယောက်ကို တစ်ဖန်ကြည့်ကာ ပြောလိုက်သည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်၊ ခင်ဗျားက ကျုပ်တို့ အင်မော်တယ်နယ်မြေကြီးအတွက် အကောင်းဆုံးလုပ်ခဲ့တယ်လို့ မှတ်ယူနိုင်ပေမဲ့ တကယ်တမ်းမှာတော့ ပြင်ပအင်အားကို အားကိုးခဲ့ရုံပါပဲ"
"ခင်ဗျားအနေနဲ့ ဧကရာဇ်ငယ်လင်ယွမ်နဲ့ ခပ်ခွာခွာနေနိုင်ရင် ပိုကောင်းမယ်။ နောက်ဆုံးမှာတော့ ဧကရာဇ်ငယ် လင်ယွမ်ကို အနာဂတ်မှာ ကျုပ်တို့သခင်က သိမ်းပိုက်နိုင်မလားဆိုတာ ဘယ်သူသိမှာလဲ"
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
လူတိုင်အားလုံး အံ့ဩသွားကြ၏။
ရန်ယွင်မြင်းသည်တော်က အမှန်တကယ် ရဲတင်းပြီး ထိုကဲ့သို့ ပြောဝံ့သည်။
၎င်းက ကျွင်းရှောင်ယောက်နှင့် လင်ယွမ်တို့ နှစ်ဦးစလုံးကို ထိခိုက်စေခဲ့သည်။
ကူတိကျစ်၏ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။
ရှေးဧကရာဇ်ငယ်က လင်ယွမ်ကို အမှန်တကယ် အနိုင်ယူလိုခြင်း ဖြစ်မည်လော။
သို့သော်လည်း သူ စဉ်းစားလိုက်မိသည်။
လင်ယွမ်ကို ရှေးဧကရာဇ်ငယ်က အနိုင်ယူခဲ့လျှင်ပင် ကျွင်းရှောင်ယောက်မှ အနိုင်ယူတာထက်တော့ ပိုကောင်းလိမ့်မည်။
"ရှင်..."
လင်ယွမ်၏ မျက်နှာက ဒေါသကြောင့် ဖြူဖျော့သွားသည်။ သူမ၏ အသားများပင် တဆတ်ဆတ်တုန်လာ၏။
ရှေးဧကရာဇ်ငယ်၏ ပံ့ပိုးမှုသာမရှိလျင် ဤရန်ယွင်မြင်းသည်တော်များကို သေချာပေါက် သတ်ပစ်မိမည် ဖြစ်သည်။
လင်ယွမ်၏ နူးညံ့သော ခန္ဓာကိုယ်ကလေးက ဒေါသကြောင့် တုန်ခါနေချိန်တွင်...
နွေးထွေးသော လက်ဖဝါးတစ်ဖက်က သူမ၏ ပခုံးပေါ်သို့ ကျရောက်လာသည်။
လင်ယွမ် လှည့်ကြည့်လိုက်တော့ ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးနေတာကို မြင်လိုက်ရ၏။
ဤအပြုံးမျိုးကို ရင်းနှီးသူများဆိုလျှင် သိနိုင်သည်။
လင်ယွမ်၏ နှလုံးသားက ငြိမ်သက်သွားပြီး နွေးထွေးသွားလေသည်။
ကျွင်းရှောင်ယောက်က အမှတ်ဆယ့်ခြောက်နှင့် အခြားသူများကိုကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"မင်းတို့က ငါ့ကို လာသင်ပြနေတာလား"
အန္တရာယ်အရိပ်အယောင်ကို ခံစားလိုက်ရသဖြင့် အမှတ်ဆယ့်ခြောက်က မျက်မှောင်ကြုတ်သွားသည်။
သို့သော်လည်း ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီတွင် တိုက်ပွဲများကို တင်းတင်းကျပ်ကျပ် တားမြစ်ထား၏။ ထို့ပြင် သူတို့က ရှေးဧကရာဇ်ငယ်၏ နောက်လိုက်များ ဖြစ်နေသေးသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်က မဆင်မခြင် လုပ်မည်ဟုတော့ သူတို့မထင်ပေ။
"ကျုပ်တို့က ခင်ဗျားကို သင်ပြနေတာမဟုတ်ဘူး။ ဧကရာဇ်ငယ်လင်ယွမ်နဲ့ ခပ်ခွာခွာနေ..."
အမှတ်ဆယ့်ခြောက်က စကားပင်မဆုံးလိုက်ပါ။
ကစဉ့်ကလျားစွမ်းအင်များ ပြည့်နှက်နေသည့် ဧရာမ လက်ဝါးကြီးတစ်ဖက်က သူတို့ကို ဖိနှိပ်လာကြောင်း အံ့ဩဖွယ်ရာ မြင်လိုက်ရသည်။
"ကျွင်းရှောင်ယောက်၊ မင်း အတင့်ရဲလှချေလား"