အခန်း ၁၁၅၀
Vol. 77 Ch. 1150
အခန်း ( ၁၁၅၀ ) ကူတိကျစ်ကို ပါးရိုက်လိုက်ခြင်း။
ကျွင်းရှောင်က အမှန်တကယ် တိုက်ခိုက်လာမည်ဟု သူတို့ မမျှော်လင့်ထားပေ။
ရိုးရှင်းသည်၊ ပြတ်သားပြီး တိုက်ရိုက်ဆန်၏။
သူက လုံးဝ မတွန့်ဆုတ်ဘဲ ပေါ့ပေါ့ပါးပါး တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီ၏ စည်းမျဉ်းများကို သူက လုံးဝ ဂရုမစိုက်ပေ။
"ကျွင်းရှောင်ယောက်၊ ငါတို့ကို လျှော့မတွက်နဲ့ကွ"
အမှတ်ဆယ့်ခြောက်နှင့် အခြားသူများက အော်ဟစ်လိုက်ကြသည်။
ရှေးဧကရာဇ်ငယ်၏ နောက်လိုက်များအနေဖြင့် သူတို့အားလုံးက ထူးကဲသော အစွမ်းသတ္တိများ ရီ၏။
သူတို့တစ်ဦးစီသည် သူ့ခေတ်၏ ထိက်သီး ပါရမီရှင်များ ဖြစ်ကြသည်။
ယခုတော့ ကျွင်းရှောင်ယောက်က သူတို့ကို ပုရွက်ဆိတ်များကဲ့သို့ သဘောထားကာ လုံးဝ ဂရုမစိုက်ပေ။
ဤမထီမဲ့မြင်ပြုခြင်းက သူတို့ကို အရှက်ရစေသည်။
ကျွင်းရှောင်ယောက်က ဘာမျှမပြောပါ။ သူက ဤလူများနှင့် စကားပြောရန် စိတ်ကူးမရှိပေ။
ကစဉ့်ကလျား နိယာမလက်ဝါးကြီးက ကောင်းကင်ကြီး ပြိုကျသကဲ့သို့ ကျဆင်းလာခဲ့သည်။
မြင်းသည်တော်သုံးယောက်လည်း ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။
သူတို့၏ သားရဲများကလည်း ဟိန်းဟောက်ကြ၏။
ဤစီးတော်သားရဲများကပင် အချို့သော ပါရမီရှင်များထက် ပို၍ အစွမ်းထက်သည်။
"ဝုန်း"
လက်ဝါးကြီး ကျရောက်လာသည်။
သူတို့သုံးယောက်စလုံး သွေးများအန်ပြီး လွင့်သွားကြ၏။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အံ့အားသင့်မှုတို့ ပေါ်လာသည်။
"မင်းတို့က ငါ့ရဲ့ ရိုးရှင်းတဲ့ လက်ဝါးရိုက်ချက်ကို ခုခံနိုင်ခဲ့ကြတာပဲ။ ငါ မင်းတို့ကို လျှော့တွက်မိသွားတယ်"
ကျွင်းရှောင်ယောက်က ဟန်ဆောင်နေခြင်းမဟုတ်ပေ။ သူ အမှန်တကယ် အံ့ဩသွားသည်။
အကြောင်းမူ၊ သာမန် ရန်သူများက သူ၏ လက်ဝါးတစ်ချက်ဖြင့် သေဆုံးသွားလေ့ ရှိကြသောကြောင့်ပင်။
ရှေးဧကရာဇ်ငယ်၏ နောက်လိုက်များဖြစ်သော ဤလူသုံးဦးကတော့ သူ၏ ကျပန်းလက်ဝါးရိုက်ချက်ကို အမှန်တကယ် ခုခံနိုင်ခဲ့သည်။
ဤလက်ဝါးရိုက်ချက်က ထူးခြားမှုမရှိသော်လည်း...
ဤရန်ယွင်မြင်းသည်တော်များက သာမန်မဟုတ်ကြောင်း သက်သေပြရန် လုံလောက်ပေသည်။
သို့ဆိုလျှင်၊ သူတို့၏သခင် ရှေးဧကရာဇ်ငယ်ကလည်း အမှန်တကယ်ပင် တစ်ခုခု ဖြစ်သင့်သည်။
"ကျွင်းရှောင်ယောက်၊ မင်း..."
အမှတ်ဆယ့်ခြောက်နှင့် အခြားသူများမှာ သွေးများ ထပ်မံအန်ထွက်လာသည်။
လက်ဝါးတစ်ချက်ဖြင့် သူတို့အားလုံး သွေးအန်ရ၏။
သို့တိုင်၊ ကျပန်းလက်ဝါးရိုက်ချက်ဖြစ်ပြီး သူတို့ကို လျှော့တွက်မိသွားသည်ဟု ပြောနေသည်။
ဤလက်ဝါးကို ခုခံနိုင်ခဲ့သည့်အတိုင် သူတို့က ဂုဏ်ယူရတော့မလိုပင်။
ယင်းက သူတို့ကို ပို၍ အရှက်ရစေသည်။
"အဲ့ဒါဆိုရင်..."
ကျွင်းရှောင်ယောက်က လက်သီးဆုပ်လိုက်သည်။
ရုတ်တရက်၊ အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ရုန်းကြွလာ၏။
အချိန်အတော်ကြာ အသုံးမပြုခဲ့သော လက်သီးသိုင်းကို သူ အသက်သွင်းလိုက်ပြီ။
လက်သီးတစ်ချက်ဖြင့် ပြန်လည်ဝင်စားခြင်း၏ စွမ်းအားများက တဟုန်ထိုး တက်လာပြီး ကောင်းကင်ကို ဖြိုခွင်းလိုက်သည်။
ကျွင်းရှောင်ယောက်၏ လက်သီးချက်ကြောင့် ကမ္ဘာခြောက်ခုကဲ့သို့ ပြန်လည်ဝင်စားခြင်း ရေဝဲခြောက်ခုပင် ထွက်ပေါ်လာ၏။
၎င်းက လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးပင်။
ကျွင်းရှောင်ယောက်၏ အင်အား တိုးတက်လာသည်နှင့် ဤလက်သီးသိုင်းမှာလည်း ပို၍ အားကောင်းလာသည်။
ယခင်ကတော့ တိုင်းတပါးကို ရောက်နေသောကြောင့် ဤလက်သီးသိုင်းကို မသုံးခဲ့ရပေ။
ယခုမူ အင်မော်တယ်နယ်မြေကြီးသို့ ပြန်ရောက်ပြီမို့ သူ၏ သိုင်းပညာများကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပြီ ဖြစ်သည်။
"ဝုန်း"
တစ်ချက်တည်းဖြင့် ကမ္ဘာကြီး တုန်လှုပ်သွားသည်။
လေထဲတွင် မရေမတွက်နိုင်သော ကမ္ပည်းများ ပေါ်လာ၏။
ယင်းက အင်မော်တယ်ကျွန်းတစ်ခုလုံးမှာ ထွင်းထုထားသည့် အကာအကွယ်အစီရင်ပင်။
ကျွင်းရှောင်ယောက်၏ လက်သီးချက်က ကျွန်းအကာအကွယ် အစီရင်ကိုပင် အသက်ဝင်စေခဲ့သည်။
"ကျွင်းရှောင်ယောက်၊ ဒါက အင်မော်တယ်အကယ်ဒမီနော်။ နောက်ပြီးတော့ ငါတို့က ဧကရာဇ်ငယ်ရဲ့ နောက်လိုက်တွေဆိုတာ မမေ့နဲ့။ မင်း တကယ်လုပ်ဝံ့မှာလား"
အမှတ်ဆယ့်ခြောက်က အော်ဟစ်ပြီး သူ၏ ဝှက်ဖဲကို ထုတ်ဖော်လိုက်သည်။
သူတို့ သုံးဦးက ရှိသမျှ စွမ်းအားအကုန်ညှစ်ထုတ်ပြီး တိုက်ခိုက်လိုက်၏။
သူတို့၏စွမ်းအားက ကြီးမားလွန်းသဖြင့် ပါရမီရှင်များစွာကို မျက်ခုံးလှုပ်သွားစေခဲ့သည်။
သို့သော်... ကံမကောင်းချင်တော့ သူတို့ ရင်ဆိုင်နေရသူမှာ မျိုးဆက်သစ်လူငယ်များ၏ မယုံကြည်နိုင်လောက်သော တည်ရှိမှုပင်။
သူတို့သုံးဦး၏ ခန္ဓာကိုယ်များက ချက်ချင်း ပေါက်ကွဲသွားသည်။ သူတို့၏ သွေးများ၊ အသားများက လေထဲတွင် လွင့်စဉ်သွား၏။
သူတို့၏ အောက်မှ သားရဲသုံးကောင်လည်း တစ်ချိန်တည်းတွင် ပေါက်ကွဲကာ ခန္ဓာကိုယ်ကော ဝိညာဉ်ပါ ပျက်သုဉ်းသွားတော့သည်။
ရှေးဦးဝိညာဉ်သုံးခုက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အဝေးသို့ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။
ကျွင်းရှောင်ယောက်က ခေါင်းကိုခါယမ်းကာ လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။
လက်ချောင်းထိပ်တွင် တောက်အသော ဓားအလင်းတစ်ခု ထွက်ပေါ်လာ၏။
ဓားအလင်းက ရှေးဦးဝိညာဉ်သုံးခုကို ချက်ချင်း ပိုင်းဖြတ်သွားတော့သည်။
"အင်မော်တယ်ကပ်ဘေးဓားသိုင်းလား၊ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လင်ယွမ်၏ မျက်လုံးများက အံ့အားသင့်မှုတို့ ပြည့်သွားသည်။
ယခင်က၊ ကျွင်းရှောင်ယောက်သည် အင်မော်တယ်ကပ်ဘေးဓားသိုင်းကို စိတ်အာရုံဖြင့် တစ်ချက်သာ ကြည့်ရှုခဲ့ခြင်း ဖြစ်၏။
ယခုတော့ အမှန်တကယ် ထုတ်ဖော်ပြသနေပြီ။
ပြီးပြည့်စုံသော ကျွမ်းကျင်မှုအဆင့်ကို မရောက်သေးသော်လည်း၊ ဤသို့ ထုတ်ဖော်ပြသနိုင်ခြင်းကပင် အံ့ဩစရာကောင်းနေပြီ ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်အတွက်တော့ မထူးဆန်းပေ။
သူ၏ နားလည်နိုင်စွမ်းက အံ့မခန်းမြင့်မားသလို၊ စစ်နတ်ဘုရားကျမ်းလည်း ရှိသည်။
ထို့ကြောင့် တော်ရုံသိုင်းပညာများကို တိုက်ရိုက် အသုံးပြုနိုင်ပေသည်။
ရန်ယွင် မြင်းသည်တော်သုံးယောက်မှာ ဤကဲ့သို့ သေဆုံးသွားသည်။
"မဆိုးပါဘူး"
ကျွင်းရှောင်ယောက်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကျွင်းရှောင်ယောက်၊ မင်းတရားလွန်သွားပြီ"
ကူတိကျစ်၏ မျက်နှာက မည်းမှောင်သွားသည်။
ဤလူများကို အမှန်တကယ်ပင် သူ အတို့အထောင်လုပ်ကာ ခေါ်လာခြင်း ဖြစ်၏။
ယခုတော့ သူတို့ ကျဆုံးသွားသောကြောင့် သူ့ကို အပစ်တင်ခံရနိုင်ခြေရှိသည်။
"ကူတိကျစ်၊ ငါ အရင်က အကြွေးတွေကိုတောင် မရှင်းရသေးဘူး။ မင်းက ဘာဖြစ်လို့ လူပြက်ပဲ ဆက်မလုပ်နေနိုင်ရတာလဲ"
ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သူက တည်နေရာရွှေ့ပြောင်းသကဲ့သို့ ကူတိကျစ်ရှေ့တွင် ပေါ်လာ၏။
ကူတိကျစ်၏ တုံ့ပြန်မှုကလည်း အလွန်လျင်မြန်သည်။ သူ့ရှေ့တွင် ပါ့ကွားအစီရင်တစ်ခု ပေါ်လာသည်။
ကျွင်းရှောင်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူက အမြဲအရေးနိမ့်ရသော်လည်း...
ဖူရှီအင်မော်တယ်မျိုးရိုးမှ ဆင်းသက်လာပြီး ဖူရှီမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားသူအနေဖြင့် သူသည် အလွန်အစွမ်းထက်၏။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ရှေ့မှာတော့ သူဟာ အားနည်းမြဲ အားနည်းနေဆဲပင်။
ကျွင်းရှောင်ယောက်က ကောင်းကင်ဖျက်ဆီးခြင်းကျမ်းဖြင့် လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။
ပါ့ကွားအစီရင်က အပိုင်းပိုင်း ပြတ်ကျသွား၏။
ကျွင်းရှောင်ယောက်၏ မျက်ခုံးနှစ်ခုကြားမှ နတ်အမိန့်ချိန်းက တစ်ဖန်ထွက်လာပြီး မူလတာအိုအုပ်ချုပ်သူဓားအဖြစ် ပြောင်းလဲကာ ထပ်မံခုတ်ချလိုက်တော့သည်။
ကူတိကျစ်က ဖူရှီမြင့်မြတ်ခန္ဓာ၏ စွမ်းအားကို တစ်ဖန် အသက်သွင်းလိုက်သည်။ ထရစ်ဂရမ်ပုံရိပ်ဖြင့် အကာကွယ်တံတိုင်းတစ်ခု ပေါ်လာပြီး ဓားချက်ကို ခုခံရန် ကြိုးစားလိုက်၏။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ လက်သီးက ကူတိကျစ်၏ အကာကွယ်ကို ပြိုကျသွားစေသည်။
ထို့နောက် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"ဖြန်း"
ကျယ်လောင်သော ပါးရိုက်သံနှင့်အတူ ကူတိကျစ် လွင့်သွား၏။ သူ့ပါးစပ်အတွင်းမှ သွေးများ အန်ထွက်လာတော့သည်။
"ကျွင်းရှောင်ယောက်...."
ကူတိကျစ် ဒေါသပေါက်ကွဲသွားသည်။
လူဘုံအလယ်တွင်၊ အထူးသဖြင့် လင်ယွမ်၏ရှေ့တွင် ရိုက်ခံလိုက်ရခြင်းကြောင့် ကူတိကျစ်မှာ စားတော့ဝါးတော့မတတ် ဒေါသထွက်နေတော့သည်။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ"
ဤအခိုက်အတန့်တွင် အကယ်ဒမီမှ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ ဦးဆောင်သော လူတစ်စုက အဝေးမှရောက်ရှိလာကြသည်။
အကြီးအကဲက နတ်ဖန်ဆင်းခြင်းအဓိပဓိအဆင့်မှ အကျော်အမော် ဖြစ်၏။
သို့သော်လည်း ကျွင်းရှောင်ယောက်ကို တွေ့လိုက်သောအခါ သူ့မျက်လုံးထောင့်များ အနည်းငယ် တုန်လှုပ်သွားသည်။
"ဒီလိုပါ အကြီးအကဲ"
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲကို တွေ့ရသောအခါ ကူတိကျစ်၏ အမူအရာက ပြောင်းလဲသွားသည်။
သူက မျက်နှာငယ်လေးဖြင့် ကျွင်းရှောင်ယောက်ကိုကြည့်ပြီး စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲထံ လှည့်လိုက်၏။
"ကျွင်းရှောင်ယောက်က အင်မော်တယ်အကယ်ဒမီရဲ့ စည်းမျဉ်းတွေကို လျစ်လျူရှုပြီး ရှေးဧကရာဇ်ငယ်ရဲ့ နောက်လိုက်သုံးယောက်ဖြစ်တဲ့ ရန်ယွင် မြင်းသည်တော်သုံးဦးကို သတ်ခဲ့တယ်။ အကြီးအကဲ စီရင်ပေးပါ"
“ဒါ..."
အကြီးအကဲက တစ်ခုခုပြောလိုသော်လည်း တုံ့ဆိုင်းသွားသည်။
သူ့စိတ်ထဲတွင်တော့ ကူတိကျစ်ကို ကျိန်ဆဲနေမိ၏။
ဒါက သူ့ကိုခက်ခဲအောင် တမင်လုပ်နေခြင်း မဟုတ်လား။
ကျွင်းရှောင်ယောက်ရဲ့ အထောက်အထားက ဘာလဲ။
အင်မော်တယ်နယ်မြေကြီရဲ့၏ ကယ်တင်ရှင်...
သန်းရာနှင့်ချီသော သတ္တဝါများ၏ လေးစားမှုကိုခံရသောသူရဲကောင်း...
ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီ၏ မဟာအကြီးအကဲကပင် သူ့ကို အကယ်ဒမီသို့လာရောက်ရန် တောင်းဆိုခဲ့ရခြင်း ဖြစ်သည်။
"ကျွင်းသခင်လေး၊ ဒါက ဘယ်လိုဖြစ်တာလဲ"
စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက မျက်မှောင်ကြုတ်၍ ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်က စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲကို လှည့်ကြည့်လိုက်၏။
အနီးနားရှိ အင်မော်တယ်အကယ်ဒမီ၏ တပည့်များကတော့ တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။
သူက အမှန်တကယ် တရားမျှတပြီး စည်းကမ်းတင်းကျပ်သော စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲတစ်ဦး ဖြစ်ထိုက်သူပင်။
သူက ကိုယ်ကျိုးမဖက်သော သဘောထားမျိုးဖြင့် အကယ်ဒမီတွင် ကျော်ကြားသည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက ခြောက်ကပ်ကပ်ဖြင့် ချောင်းဟန့်ကာ ပြောလိုက်သည်မှာ...
"ကျွင်းသခင်လေး၊ မင်းကိုယ်တိုင် လှုပ်ရှားရတာ မပျင်းဘူးလား။ နောက်တစ်ခါ ဒီလိုမျိုး ကြုံလာရရင် ငါ့ကို လာပြောလိုက်ပါ"
"ဘယ်သူက အမြင်မရှိဘဲ သခင်လေးကို နှောင့်ယှက်ဝံ့မလဲ၊ ငါနဲ့တွေ့မယ်"
စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက ဖြောင့်မတ်ဟန်ဖြင့် ပြောလိုက်သည်။
ပတ်ဝန်းကျင်ရှိလူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။