← Chapters

အခန်း ၁၁၅၁

Vol. 77 Ch. 1151

အခန်း ၁၁၅၁

Vol. 77 Ch. 1151

အခန်း ( ၁၁၅၁ ) အခွင့်ထူးခံ လူတန်းစား။

ဒါက ကိုယ်ကျိုးမဖက်ဘဲ သမာသတ်ကျတဲ့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ ဟုတ်တောင်ဟုတ်သေးရဲ့လား။

အင်မော်တယ်အကယ်ဒမီ၏ တပည့်များစွာတို့ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။

သူတို့ထဲတွင် အတော်များများက ဤအကြီးအကဲထံမှ ဆုံးမခံခဲ့ရသူများ ဖြစ်၏။

ရှေးဟောင်းတော်ဝင်မိသားစု သို့မဟုတ် အဓိပဓိအင်မော်တယ်ခုံရုံး၏ ပါရမီရှင်များနှင့် ရင်ဆိုင်ရသည့် အခါတွင်ပင် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက မျက်နှာသာမပေးခဲ့ဘဲ စည်းကမ်းတင်းကျပ်သည်။

ထို့ကြောင့် အကယ်ဒမီ၏ တပည့်များက စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲကို ချစ်ကြောက်ရိုသေကြလေသည်။

ယခုမူကား၊ ပြုံးပြုံးကြီးဖြင့် ပြောနေသော စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲကိုကြည့်ရင်း... သူမှ ဟုတ်ပါလေစဟု တွေးယူကြရသည်။

"အကြီးအကဲက ယဉ်ကျေးလွန်းပါပြီ။ ကျွန်တော်က အကယ်ဒမီကို အနှောင့်အယှက်ဖြစ်စေခဲ့တာပါ"

ကျွင်းရှောင်ယောက်က အနည်းငယ် လက်ယှက်ကာ ပြောလိုက်သည်။

ပြုံးနေသူကို မထိပါးသင့်ပေ။

စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက ထိုသို့သောသဘောထားရှိသောကြောင့် ကျွင်းရှောင်ယောက်ကလည်း သဘာဝအတိုင်း မျက်နှာသာပေးရသည်။

ကျွင်းရှောင်ယောက်၏ သဘောထားကိုမြင်တော့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲမှာ ပို၍ ပြုံးလာသည်။

အမှန်တော့ သူက ဤသို့လုပ်ရခြင်းမှာ အကြောင်းပြချက် ရှိသည်။

ရှေးဧကရာဇ်ငယ်သာ အမှန်တကယ်ပေါ်လာပြီး ကျွင်းရှောင်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ပါက စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲလည်း ဘာလုပ်ရမည်မှန်း သိတော့မည် မဟုတ်ပေ။

သို့ရာတွင်၊ သူတို့က ရှေးဧကရာဇ်ငယ်၏ နောက်လိုက်များသာ ဖြစ်သည်။

သူတို့၏ အဆင့်အတန်းနှင့် အရေးပါမှုက ကျွင်းရှောင်ယောက်ကို လုံးဝ မယှဉ်နိုင်ပေ။

ပုရွက်ဆိတ်များအတွက် အစစ်အမှန်နဂါးကို ဘယ်သူက စော်ကားမှာလဲ။

တကယ့်ရှေးဧကရာဇ်ငယ် ပေါ်လာလျှင်ပင် သူ့အဆင့်အတန်းက ကျွင်းရှောင်ယောက်ကို မကျော်လွန်နိုင်ပါ။

ထို့ကြောင့် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ၏ ဘက်လိုက်ခြင်းမှာ လုံးဝ အမှားအယွင်းမရှိပေ။

"နတ်ဘုရားသားတော် စိတ်မပူပါနဲ့။ ဒီတစ်ခေါက် ပြဿနာကလည်း အဓိပဓိအင်မော်တယ်ခုံရုံးက လူတွေကြောင့်ဖြစ်ရတာ။ ဒီအတွက် သူတို့ကတောင် အကြောင်းပြချက် ပေးရဦးမှုပါ"

"ငါ ဒီကိစ္စကို နောက်မှ ဖြေရှင်းရမယ်"

စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက ပြုံးလျက် ပြောလိုက်သည်။

"ဒါဆို အကြီးအကဲကိုပဲ ဒုက္ခပေးရတော့မှာပဲ။ နောင်အချိန်ရရင် ကျွင်းမိသားစုကိုလာပြီး လည်ပတ်လို့ရတယ်"

ကျွင်းရှောင်ယောက်ကလည်း ပြုံးလိုက်၏။

"ဟားဟားဟား၊ ဒီလိုဆိုရင်တော့ ငါ ဂုဏ်ယူရမှာပါပဲ"

စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက ကျေနပ်စွာ ရယ်မောလိုက်သည်။

အင်မော်တယ်နယ်မြေကြီးရှိ အချမ်းသာဆုံး မိသားစုနှင့် ဆက်ဆံရေးကောင်းရှိခြင်းက မင်္ဂလာတစ်ပါးပင်။

ထို့နောက် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက အခြေအနေကို အနည်းငယ်ငြိမ်သက်စေပြီး အခင်းဖြစ်ပွားရာနေရာအား ရှင်းလင်းရန် သူ့လူများကို အမိန့်ပေးကာ ထွက်ခွာသွားခဲ့သည်။

အကယ်ဒမီ၏ တပည့်များကတော့ ပါးစပ်များ အဟောင်းသား ဖြစ်နေကြဆဲပင်။

နောက်ဆုံးတော့ နားလည်သွားကြသည်။

အခွင့်ထူးခံလူတန်းစားဆိုသည်မှာ အဘယ်နည်း။

ဤသည်က အခွင့်ထူးခံ လူတန်းစား ဖြစ်သည်။

တချို့လူများက စည်းမျဥ်းများကို လိုက်နာရန် မလိုအပ်ပေ။

စည်းမျဥ်းစည်းကမ်းများက မြင့်မြတ်သူနှင့် နိမ့်ကျသူကို ပိုင်းခြားထားသည့် တံတိုင်းတစ်ခုကို နာမည်လှအောင် ခေါ်နေခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ အဆင့်အတန်းဖြင့် မည်သည့်စည်းမျဉ်းများက ကန့်သတ်ထားနိုင်မည်နည်း။

ကူတိကျစ်က စိတ်ထဲမှ အံကြိတ်ရင်း ကျွင်းရှောင်ယောက်ကို ကြည့်နေသည်။

အကယ်ဒမီက ကျွင်းရှောင်ယောက်ကို အပြစ်ပေးနိုင်ခြေ အလွန်နည်းမှန်း သူသိသော်လည်း...

ယခုကဲ့သို့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက ကျွင်းရှောင်ယောက်ကို ကျေနပ်စေရန် ပြုမူသွားမည်ဟု မထင်ထားခဲ့ပေ။

ကျွင်းရှောင်ယောက်က ကူတိကျစ်ကို ကြည့်လိုက်သည်။

သို့သော်လည်း သူက ထပ်မံ မလှုပ်ရှားတော့ပေ။

သူက ရန်ယွင်မြင်းသည်တော်သုံးဦးကို သတ်လိုက်ပြီး ဖြစ်သည်။

ယခုအချိန်တွင် ကူတိကျစ်ကို ထပ်မံ သတ်လိုက်ပါက အဓိပဓိအင်မော်တယ်ခုံရုံး မခံမရပ်နိုင် ဖြစ်လိမ့်မည်။

မည်သို့ပင်ဆိုစေ၊ ကျွင်းရှောင်ယောက် မျက်လုံးထဲမှာတော့ ကူတိကျစ်သည် လူရွှင်တော်တစ်ယောက်ထက် မပိုပါ။

သူ ဖျက်ဆီးချင်သည့်အချိန် ဖျက်ဆီးပစ်နိုင်သည်။

ကူတိကျစ်က လင်ယွမ်ကို လှည့်ကြည့်ကာ ရေခဲတမျှ အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

"လင်ယွမ်၊ မင်း အရင်က ကျွင်းရှောင်ယောက်အကြောင်းကိုပြောဖို့ အမြဲရှောင်နေခဲ့တယ်။ ဒါက တကယ်ပဲလား"

ကူတိကျစ်သည် မျှော်လင့်ထားပြီးသားဖြစ်သော်လည်း...

လင်ယွမ်က ကျွင်းရှောင်ယောက်အပေါ်တွင် အထူးခံစားချက်များ ရှိနေသည်ဟု တွေးလိုက်မိတိုင်း သူ့နှလုံးသားထဲတွင် မကျေမနပ် ဖြစ်နေမိဆဲပင်။

လင်ယွမ်၏ လှပသော မျက်နှာလေးမှာလည်း အလွန်အေးစက်နေပြီ ဖြစ်သည်။

ယခုအခါ၊ ကျွင်းရှောင်ယောက်ကြောင့် မဟုတ်လျှင်ပင် သူမက ကူတိကျစ်ကို အလွန်စက်ဆုပ်ရွံရှာနေပြီ။

လင်ယွမ်၏ မတုန်မလှုပ် အမူအရာကိုမြင်တော့ ကူတိကျစ်က အေးစက်စက် ပြောလိုက်သည်။

"မင်းရဲ့ ဧကရာဇ်ငယ်ရာထူးက ငါပေးခဲ့တယ်ဆိုတာကို မမေ့နဲ့ဦး"

"နင်မရှိရင်တောင် ငါ့ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ဧကရာဇ်ငယ်ရာထူးကို ရနိုင်တယ်"

လင်ယွမ်က လျစ်လျူရှုစွာ ပြောသည်။

"သိပ်ကောင်းတယ်... လင်ယွမ်၊ မင်းရဲ့ ဝါဟွမ်အင်မော်တယ်မျိုးရိုးက အင်မော်တယ်ခုံရုံးကို သစ္စာဖောက်ချင်နေတာလား"

ကူတိကျစ်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

ထိုစကားကိုကြားတော့ လင်ယွမ်မှာ ဒေါသထွက်လွန်းသဖြင့် တနုံ့နုံ့ဖြစ်လာသည်။

ကူတိကျစ်က ဝါဟွမ်အင်မော်တယ်မျိုးရိုး တစ်ခုလုံးကို ဆွဲချရန် ကြိုးစားနေသည်။

ဝါဟွမ်အင်မော်တယ်မျိုးရိုးက အနာဂတ်တွင် သူမအား မည်မျှဖိအားပေးလာမည်ကို တွေးကြည့်ရန်မလွယ်ပေ။

နောက်ဆုံးတွင်၊ သူမ၏ အထောက်အထားက အလွန် ထိလွယ်ရှလွယ်ဖြစ်နေဆဲ ဖြစ်သည်။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အေးစက်စက် ပြောလိုက်သည်။

"မင်း ဒီနေရာမှာ ဆူညံပူညံ လုပ်နေသေးတာပဲ။ ငါက ဘာမှမလုပ်တော့ဘူးလို့ မင်း တကယ်ထင်နေတာလား"

ကူတိကျစ်က ကြောက်ရွံ့သွားဟန်ဖြင့် ကျွင်းရှောင်ယောက်ကို ချက်ချင်း လှည့်ကြည့်လိုက်၏။

ထို့နောက်တွင် သူက လင်ယွမ်ကို စူးစူးစိုက်စိုက်ကြည့်ကာ ပြောလိုက်သည်။

"လင်ယွမ်၊ မင်းရဲ့ ဧကရာဇ်ငယ်ရာထူးက အမြဲတည်ငြိမ်နေဖို့ မျှော်လင့်တယ်"

“အနာဂတ်မှာ အဓိပဓိအင်မော်တယ်ခုံရုံးကို ဘယ်သူက အမှန်တကယ် ဦးဆောင်မယ်ဆိုတာ ဘယ်သူသိမှာလဲ”

ထို့နောက်မှာတော့ ကူတိကျစ်က သူ၏ အင်္ကျီလက်ကိုခါယမ်းကာ ‌ထွက်သွားတော့သည်။

လင်ယွမ်ကမူ မျက်မှောင်ကြုတ်ကာ ကျန်ခဲ့သည်။

ရူတိကျစ်၏ စကားက ဘာကိုဆိုလိုမှန်း သူမ ကောင်းစွာသိ၏။

ထိုရှေးဧကရာဇ်ငယ်၏ အဆင့်အတန်းက သူကဲ့သို့ ခေတ်ပြိုင်ဧကရာဇ်ငယ်ထက် မြင့်မားသည်။

သို့ဆိုလျှင် သူမက မည်သို့လုပ်ရမည်နည်း။

ရှေးဧကရာဇ်ငယ်ကို အရှုံးပေးရမည်လော။

ယင်းက မဖြစ်နိုင်ပေ။

မာနကြီးပြီး ခေါင်းမာသော လင်ယွမ်အတွက် အခြားသူများကို အညံ့ခံရန် မဖြစ်နိုင်ပါ။

ထို့ကြောင့် အနာဂတ်တွင် ပဋိပက္ခများနှင့် အနှောင့်အယှက်များ မလွဲမသွေ ရှိလာမည် ဖြစ်သည်။

ထိုအချိန်တွင် နောက်ထပ် အင်အားလွန်ဆွဲပွဲတစ်ခု ရှိလာပေလိမ့်မည်။

ဤအရာက လင်ယွမ်အတွက် အလွန်ခက်ခဲကာ ခေါင်းကိုက်စေသည်။

"စိတ်မပူပါနဲ့၊ ငါတို့ ကျင်းဝေအင်မော်တယ်မျိုးရိုးက နင်နဲ့ အမြဲရှိနေမှာပါ"

ဝေချမ်ချမ်က ရှေ့သို့လှမ်းလာကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

လင်ယွမ်က အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။

ယခုအချိန်တွင်၊ အဓိပဓိအင်မော်တယ်ခုံရုံး၏ ခေါင်းဆောင်များက ဝါဟွမ်အင်မော်တယ်မျိုးရိုးနှင့် ဖူရှီအင်မော်တယ်မျိုးရိုးတို့ ဖြစ်သည်။

အခြားသော အင်မော်တယ်မျိုးရိုးများက အလွန်အားကောင်းသော်လည်း အဓိပဓိအင်မော်တယ်ခုံရုံးကို ထိန်းချုပ်နိုင်သည့် အနေအထားအတွက် ယှဉ်ပြိုင်ရန် အနည်းငယ် အခက်အခဲ ရှိသေးသည်။

ကျင်းဝေအင်မော်တယ်မျိုးရိုးက ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ ဦးဆောင်မှုနောက်ကို အမြဲတမ်း လိုက်ပါခဲ့သည်။

အခြားတစ်ဖက်တွင်... စန်းကျဲအင်မော်တယ်မျိုးရိုးက ဖူရှီအင်မော်တယ်မျိုရိုး၏ဘက်တွင် ရှိပေသည်။

အခြားသော အင်မော်တယ်မျိုးရိုးများအတွက်တော့ အချို့က ကြားနေ၊ အချို့က ကိုယ်ပိုင်ရည်မှန်းချက်များရှိပြီး အချို့မှာတော့ မရှင်းလင်းသော သဘောထားများ အသီးသီး ရှိကြသည်။

သို့ရာတွင်... အားလုံးထဲမှာ လင်ယွမ် စိုးရိမ်တာက တစ်ခုသာ ရှိသည်။

ရှေးဧကရာဇ်ငယ်က ဖူရှီအင်မော်တယ်မျိုးရိုးမှ ဖြစ်နေမည်ကိုပင်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်... ဒါက ငါတို့အတွက် ပထမဆုံးအကြိမ် တွေ့ဆုံတာတော့ မဖြစ်သင့်ဘူး"

ဝေချမ်ချမ်က ကျွင်းရှောင်ယောက်ကို လှည့်ကြည့်လိုက်ပြီး မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ပြောလိုက်သည်။

"အမှန်ပါပဲ၊ ကူတိကျစ်နဲ့ နတ်သမီးယွမ်တို့ရဲ့ မင်္ဂလာဆောင်မှာ မင်းကို တွေ့ခဲ့ဖူးတယ်"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"ဟင်းဟင်း၊ အဲဒီအချိန်က ကူတိကျစ်ဆိုတာ တကယ်ကို သနားစရာကောင်းပါတယ်။ ဪ... ဒါနဲ့ အခုလည်း သူက သနားစရာကောင်းနေတုန်းပဲ"

ဝေချမ်ချမ်က ခပ်တိုးတိုး ရယ်မောလိုက်လေသည်။

"အရင်က ပျက်စီးခြင်းနယ်စပ် လေ့ကျင့်ရေးမှာ ငါက စန်းလီနဲ့ တခြားသူတွေကို သတ်ခဲ့တယ်။ ဒါကို မင်းဘယ်လိုထင်လဲ"

ကျွင်းရှောင်ယောက်က ရုတ်တရက် မေးလိုက်သည်။

သို့သော်... ဝေချမ်ချမ်၏ အမူအရာက မပြောင်းပါ။

"ဒါက ငါနဲ့ ဘာမှမဆိုင်ပါဘူး။ စန်းလီက စန်းကျဲအင်မော်မယ်တယ်မျိုးရိုးကဖြစ်ပြီး ဖူရှီအင်မော်တယ်မျိုးရိုးနဲ့ ပေါင်းသင်းနေတဲ့သူ"

ဝေချမ်ချမ်က ပြောလိုက်သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။

အဓိပဓိအင်မော်တယ်ခုံရုံး၏ အတွင်းပိုင်း ပြဿနာများက သာမန်ဟုတ်ပုံမရပေ။

ဤသည်မှာ အဖွဲ့အစည်းတစ်ခုနှင့် မိသားစုကြားမှ ခြားနားချက် ဖြစ်သည်။

အချို့သော မိသားစုများတွင် အတိုင်းပိုင်း ပြဿနာများရှိနိုင်သော်လည်း သူတို့မှာ သွေးသားဆက်ဆံရေးအလွှာတစ်ခုရှိနေဆဲပင်။

အဓိပဓိအင်မော်တယ်ခုံရုံးကဲ့သို့ အဖွဲ့အစည်းများမှာတော့ အတွင်းပိုင်း အင်အားစုများက ရှုပ်ထွေးလွန်းသည်။

အပေါ်ယံတွင် အကြွင်းမဲ့တည်ငြိမ်သော အင်အားစုတစ်ခု ဖြစ်ပုံရသော်လည်း...

အတွင်းပိုင်းမှာတော့ အမျိုးမျိုးသော ရုန်းကန်မှုများနှင့် လျှို့ဝှက်သော အန္တရာယ်များ ရှိနေပြီးသား ဖြစ်သည်။

အဓိပဓိအင်မော်တယ်ခုံရုံးနှင့် နှိုင်းယှဉ်လျှင်...

ကျွင်းမိသားစုက သဟာဇတဖြစ်ပြီး စည်းလုံးမှုပိုရှိသည်။

ဤသည်က ကျွင်းမိသားစု၏ အားသာချက်ပင်။

ထိုသို့တွေးမိသောအခါ ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် နက်နဲသော အလင်းရောင်တစ်ချက် လက်သွားသည်။

'အဓိပဓိအင်မော်တယ်ခုံရုံးကို ဖြိုခွဲဖို့ အချိန်ကျလာပြီလား'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။

စင်စစ်တွင် ကျွင်းရှောင်ယောက်၏ အသန်မာဆုံးစွမ်းရည်က ‌ကြီးစိုးလွန်းသည့် အင်အား မဟုတ်သလို... မကောင်းဆိုးရွားဆန်သော ပါရမီလည်း မဟုတ်ပါ။

ထိုအစား ကောင်းကင်ကိုပင် အနိုင်ယူ‌နိုင်သည့် အကြံအစည်များနှင့် ဉာဏ်ပညာ ဖြစ်သည်။

All Chapters