အခန်း ၁၁၅၃
Vol. 77 Ch. 1153
အခန်း ( ၁၁၅၃ ) ဓားနိယာမကို ဖွဲ့စည်းခြင်း။
အင်မော်တယ်အကယ်ဒမီ၏ မဟာအကြီးအကဲက တစ်ခါတစ်ရံတွင် အကယ်ဒမီ၏ သဘောထားအချို့ကိုကိုယ်စားပြုသည်။
တစ်နည်းဆိုရသော်...
အင်မော်တယ်အကယ်ဒမီ တစ်ခုလုံး၏ အမြင်မှာ ကျွင်းမိသားစု၏ မျိုးဆက်သစ်လူငယ်များက ပို၍ကောင်းမွန်သော အနာဂတ် အလားအလာ ရှိကြသည်။
ထာဝရကွဲလွဲမှု ကျွင်းရှောင်ယောက်အပြင်...
ကောင်းကင်သားတော် ကျွင်းပေါင်လီ၊ လူသားဧကရာဇ်ခန္ဓာဖြင့် ကျွင်းမိုရှောင်၊ နှစ်သွယ်မျက်လုံး ကျွင်းလုံခန်း စသည်ဖြင့် ရှိကြသည်။
သူတို့အားလုံးက ကောင်းမွန်သော အနာဂတ် အလားအလာများ ရှိ၏။
အဓိပဓိအင်မော်တယ်ခုံရုံးလည်း ကူတိကျစ်၊ လင်ယွမ်နှင့် အင်မော်တယ်မျိုးရိုးကြီးများမှ ပါရမီရှင်များ ရှိကြသည်။
သို့ပေသော်ငြား၊ ယေဘူယျအားဖြင့်တော့ ကျွင်းမိသားစုနှင့် ယှဉ်လျှင် လိုအပ်ချက်ရှိနေသေးသည်။
နောက်ဆုံးတွင်၊ အဓိပဓိအင်မော်တယ်ခုံရုံး၏ ရှေးဧကရာဇ်ငယ်က မနိုးထသေးသောကြောင့် အနာဂတ်အခြေအနေက မည်သို့မည်ပုံဖြစ်မည်ကို မည်သူမျှ မပြောနိုင်ပါ။
မည်သို့ပင်ဆိုစေကာမူ မဟာအကြီးအကဲက ကျွင်းမိသားစုအပေါ်တွင် အလေးသာနေကြောင်း ထင်ရှားသည်။
လက်ရှိ မျိုးဆက်သစ် လူငယ်များက အနာဂတ်အင်အားကို ကိုယ်စားပြုသည်။
ကျွင်းမိသားစုတွင် ကျွင်းရှောင်ယောက် တစ်ယောက်တည်းက အဓိပဓိအင်မော်တယ်ခုံရုံး ပါရမီရှင်အားလုံးကို လွှမ်းမိုးနိုင်လောက်အောင်ပင်။
အစည်းအဝေးအပြီးတွင် အကြီးအကဲများက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
သုံးလအကြာတွင် ရွှီထျန်းလောက အတွေ့အကြုံကို စတင်လိမ့်မည်။
ဤသတင်းသည် ငြိမ်သက်နေသော ကန်ရေပြင်ကို ကျောက်တုံးကြီး ကျရောက်သွားသဖြင့် လှိုင်းထဘိသကဲ့သို့ အင်မော်တယ်အကယ်ဒမီကို လှုပ်ရှားစေခဲ့သည်။
မရေမတွက်နိုင်သော ပါရမီရှင်များက စိတ်လှုပ်ရှားစွာဖြင့် ကျင့်ကြံမှုကို အရှိန်မြှင့်တင်လိုက်တော့သည်။
ထို့အပြင် ရွှီထျန်းလောက အတွေ့အကြုံကို ရှေးဦးဝိညာဉ်များသာ ပါဝင်နိုင်သည်။
ရှေးဦးဝိညာဉ် အစွမ်းထက်သော ပါရမီရှင်များ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပကုန်လေသည်။
တစ်ဖက်တွင်၊ ရှေးဦးဝိညာဉ် မသန်မာသော ပါရမီရှင်များက အခွင့်အလမ်းကောင်းများ မရရှိမည်ကို အနည်းငယ် စိုးရိမ်လာကြသည်။
"ဒါနဲ့ ရွှီထျန်းလောက အတွေ့အကြုံကိုရောက်ရင် ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်လည်း အားသာချက်တွေ ဆုံးရှုံးရလိမ့်မယ်"
"အမှန်ပါပဲ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ရန်သူတိုင်းကို သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ပဲ ချေမှုန်းတတ်တယ်"
"သူ့ရဲ့ ရှေးဦးဝိညာဉ်က ဘယ်လိုရှိမလဲမသိဘူး"
လူများစွာက ဆွေးနွေးပြောဆိုလိုက်ကြသည်။ လူအများက ကျွင်းရှောင်ယောက်၏ အင်အားနှင့်ယှဉ်လျှင် ရှေးဦးဝိညာဉ်အကြောင်းကို သိသူမရှိပါ။
နောက်ဆုံးတွင်၊ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ကဲ့သို့ တည်ရှိမှုက အလွန်ရှားပါးသည်။
"ဒီလိုဆိုရင် ငါတောင်မှ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို အနိုင်ယူနိုင်လောက်မလား"
ပါရမီရှင်တစ်ဦးက ပြောလိုက်သည်။
"အိပ်မက်ကနေ ထလိုက်တော့ သားငယ်၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သန်မာလို့ ရှေးဦးဝိညာဉ်က အားနည်းမယ်လို့ မင်းထင်တာလား"
ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်က သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုထက် အားမနည်းဘူးဟု ထင်နေကြသော ပါရမီရှင်တချို့လည်း ရှိသေးသည်။
မည်သို့ပင်ဆိုစေ၊ လူတိုင်းက ရွီထျန်းလောက အတွေ့အကြုံကို မျှော်လင့်နေခဲ့ကြသည်။
............
ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီရှိ ကျွင်းရှောင်ယောက်၏ အင်မော်တယ်ဂူတွင်...
ကျွင်းရှောင်ယောက်၏ ပတ်ဝန်းကျင်မှာ အဆုံးမရှိသော နတ်စွမ်းအင်များ စီးဆင်းနေသည်။
အမျိုးမျိုးသော နိယာမများက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးသောပုံစံများဖြင့် ရောယှက်နေ၏။
နိယာမတိုင်းက မဟာဓားအလင်းတစ်ခုကဲ့သို့ အလွန်ထက်မြက်သည်။
ဤကာလအတွင်း၌ နားလည်ဆင်ခြင်နေပြီးနောက် ကျွင်းရှောင်ယောက်သည် မဟာနတ်ဘုရားသိုင်းကြီးငါးခုကို တဖြည်းဖြည်း ပေါင်းစပ်ခဲ့သည်။
ဤနတ်ဘုရားသိုင်းကြီးငါးခုတွင် တူညီမှုတစ်ခုခု ရှိနေတာကို သူ ခံစားမိ၏။
သို့ပေသော်ငြား၊ လမ်းပေါင်း ထောင်ချီရှိသော်လည်း နောက်ဆုံး ဦးတည်ရာမှာ တစ်ခုတည်း ဖြစ်သည်။
အဆုံးတွင် သူတို့အားလုံးက အတူတူဖြစ်သွားကြပေသည်။
ထိုလမ်းက ဓားနိယာမ ဖြစ်သည်။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က ရုတ်တရက် မျက်လုံးပွင့်လာသည်။
သူ့မျက်လုံးထဲတွင် အဆုံးမဲ့ ဓားအလင်းတန်းများ ထွက်ပေါ်လာပုံရ၏။
ထို့နောက် ကျွင်းရှောင်ယောက်က သူ့လက်ကိုဆန့်တန်းကာ လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။
ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဤဓားအလင်းက သာမန်ပုံစံရသော်လည်း တားဆီးရမည့်ပုံမရပေ။
ဤသည်မှာ အလွန်ထူးဆန်းသည်။
၎င်းက ဓားအလင်းတစ်ခုမျှသာဖြစ်ကြောင်း ထင်ရှားသော်လည်း...
ကြယ်များ၊ သက်ရှိအားလုံးနှင့် ဝိညာဉ်အားလုံးတို့ ထင်ဟပ်နေပုံရလေသည်။
အရာအားလုံးက ဤဓားအလင်းတန်း၌ ထင်ဟပ်နေသည်။
ဤသည်မှာ ဓားအလင်းမဟုတ်ဘဲ ထာဝရကာလကို ရောင်ပြန်ဟပ်နေသည့် အက်ကြောင်းတစ်ခုကဲ့သို့ပင်။
သို့သော်လည်း ဓားအလင်းက ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားသည်။
အကြောင်းမူ၊ ကျွင်းရှောင်ယောက်က ဓားစွမ်းအင်ကို ထိန်းချုပ်ထားပြီး သူ၏စွမ်းအား တစ် ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ခြင်းကြောင့်ပင်။
ထိုသို့မဟုတ်ပါက၊ ဤအင်မော်တယ်ဂူက ပြိုကျပြီး ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်သည်။
"နောက်ဆုံးတော့ မဟာနတ်ဘုရားသိုင်းကြီးငါးခုရဲ့ ပေါင်းစပ်မှုစွမ်းရည်ကို ငါနားလည်သွားပြီ"
ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက တွန့်ကွေးသွားကာ ပြုံးလိုက်သည်။
အင်မော်တယ်သတ်ဓားသိုင်း၊ မူလတာအိုအုပ်ချုပ်သူဓား၊ ရွက်လွှာကိုးခု မြက် ဓားသိုင်း၊ ကောင်းကင်ဖျက်ဆီးခြင်းကျမ်း၊ အင်မော်တယ်ကပ်ဘေးဓားသိုင်း...
မဟာနတ်ဘုရားသိုင်းကြီး ငါးခု၏ ပေါင်းစပ်လှုပ်ရှားမှုသည်...
"သတ်ဖြတ်ခြင်းဓား"
ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဤဓားချက်ကို ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက်၊ ရန်သူအားလုံး သေဆုံးရလိမ့်မည်။
ထို့ပြင်၊ ဤဓားက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုမျှသာ မဟုတ်ပါ။
တစ်ဖက်ရန်သူ၏ အတွင်းစိတ်နှလုံးသားကိုပင် ဖြတ်တောက်ပစ်နိုင်သည်။
ကြောက်စရာကောင်းလွန်းလှပေသည်။
'နောက်ပြီးတော့ သတ်ဖြတ်ခြင်းဓားက ဒီတစ်ခုတည်း မဖြစ်နိုင်ဘူး။ သူ့မှာ ဆင့်ကဲပြောင်းလဲမှုတစ်ခု ရှိသင့်တယ်'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ နက်နက်နဲနဲ တွေးနေမိသည်။
ခေတ်ကာလတစ်လျှောက်လုံးတွင် မဟာနတ်ဘုရားသိုင်းကြီးငါးခုစလုံးကို စုဆောင်းနိုင်သူ ရှိကောင်းရှိနိုင်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က မဟာနတ်ဘုရားသိုင်းကြီးငါးခုကို ပေါင်းစပ်ပြီး နည်းလမ်းသစ်တစ်ခု ဖန်တီးနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
ကျွင်းရှောင်ယောက်က သတ်ဖြတ်ခြင်းဓားကို နားလည်သွားချိန်တွင်...
သူ့ခန္ဓာကိုယ်ထဲမှ နိယာမ အပိုင်းအစများက အဆုံးတွင် အနှိုင်းမဲ့သော နိယာမတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤနိယာမက ကမ္ဘာပေါ်ရှိ အရာအားလုံးကို ပိုင်းဖြတ်သွားနိုင်ပုံ ရ၏။
၎င်းက ဓားနိယာမပင်။
ယခုအခါတွင်... ကျွင်းရှောင်ယောက်က နိယာမ ဆယ့်တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။
၎င်းက နိယာမ ကိုးပါး၏ အမြင့်ဆုံးအဆင့်ထက် များစွာ အားကောင်းနေပြီ။
သို့သော်လည်း ဒါက ကျွင်းရှောင်ယောက်၏ အကန့်အသတ် မဟုတ်ပေ။
ကျွင်းရှောင်ယောက်က မျိုးဆက်သုံးခု ကြေးခေါင်းတလားကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
ခေါင်းတလားထဲတွင် အန္တိမကပ်ဘေးကြီးကို ဖိနှိပ်ပြီး သန့်စင်ထားသည့် နိယာမအပိုင်းအစများနှင့် အစွမ်းထက်စွမ်းအင်များစွာ ရှိ၏။
ကျွင်းရှောင်ယောက်က ၎င်းတို့ကို အန္တရာယ်မရှိဘဲ စုပ်ယူနိုင်သည်။
"အခု အရင်က ငါလေ့ကျင့်ထားတဲ့ အင်မော်တယ်စွမ်းအင်တွေကို ဆက်ပြီးဖွဲ့စည်းရမယ်"
ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ စိတ်ထဲမှာ ရည်မှန်းချက်တစ်ခုသာ ရှိသည်။ ယင်းက နိယာမများကို ဆက်လက်ဖွဲ့စည်းရန်ပင်။
ထို့နောက်၊ နောက်တစ်ဆင့်သို့ ချိုးဖြတ်ရမည် ဖြစ်သည်။
ဤသို့ဖြင့် ကျွင်းရှောင်ယောက်က ကျင့်ကြံမှုတွင် တစ်ဖန်နစ်မြုပ်သွားလေသည်။
............
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေတွင်... စကြာဝဠာဥတစ်လုံးကဲ့သို့ အလွန်ကြီးကျယ်ခမ်းနားသော နယ်မြေကြီးတစ်ခုကို မြင်ရသည်။
၎င်းက ကောင်းကင်ကိုးခုအင်မော်တယ်နယ်မြေရှိ ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးပင်...
ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစု၏ ဌာနချုပ်ဟုဆိုပါလျှင်...
ဟွင်းထျန်းအင်မော်တယ်နယ်မြေက အဓိပဓိအင်မော်တယ်ခုံရုံး၏ အခြေခံ ဖြစ်သည်။
အစောဆုံးကာလတွင်၊ ရှေးခေတ် အဓိပဓိအင်မော်တယ်ခုံရုံးကို ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးတွင် တည်ထောင်ခဲ့၏။
နောက်ပိုင်းတွင် ကပ်ဘေးများ ကျရောက်လာပြီး ရှေးခေတ် အင်မော်တယ်ခုံရုံးက ပြိုကျသွားလေသည်။
ထိုအခါ ထိပ်သီး အကျော်အမော်ရှစ်ဦးက အင်မော်တယ်မျိုးရိုးကြီး ရှစ်ခုကို တည်ထောင်ခဲ့သည်။
နောက်ပိုင်းတွင် အင်မော်တယ်နယ်မြေကြီးကို ကပ်ဘေးများ ယူဆောင်လာခဲ့သော ချီယိုနတ်ဆိုးဧကရာဇ်က အင်မော်တယ်ခုံရုံးနှင့် ပူးပေါင်းကာ ကိုးခုမြောက် အင်မော်တယ်မျိုးရိုးဖြစ်သည့် ချီယိုအင်မော်တယ်မျိုးရိုး ဖြစ်လာခဲ့သည်။
ထိုအချိန်မှစ၍ အင်မော်တယ်မျိုးရိုးကြီး ကိုးခု၏ ပုံစံကို ဆုံးဖြတ်ခဲ့သည်။
ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးကို အဓိပဓိအင်မော်တယ်ခုံရုံး၏ ဗဟိုအဖြစ်မှတ်ယူကာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးသို့ ဖြန့်ကျက်ခဲ့ပေသည်။
နောက်ဆုံးတွင် သူတို့က ရှေးခေတ် အင်မော်တယ်နယ်မြေကြီး၏ အုပ်စိုးသူဖြစ်လာခဲ့သည်။
အကယ်၍ ကမ္ဘာနှစ်ရပ်ကြားမှ မဟာစစ်ပွဲကြီးကြောင့်မဟုတ်ပါက...
ယခု ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးသည် အဓိပဓိအင်မော်တယ်ခုံရုံး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေလောက်သေးသည်။
ယခုအချိန်တွင်၊ ဟွင်းထျန်း အင်မော်တယ်နယ်မြေကြီးရှိ အလွန်ရှေးကျသော ကြယ်စက်ဝိုင်းတစ်ခုတွင်...
ဝိညာဉ်စွမ်းအင် ကြွယ်ဝပြီး နိယာမတို့ ဝန်းရံနေသော ကြယ်တစ်လုံး ရှိနေသည်။
ဤရှေးဟောင်းကြယ်က အလွန်ထူးဆန်းသည်။ ၎င်း၏ စွမ်းအင်များက အလွန်ကြွယ်ဝသဖြင့် အရည်ဖွဲ့လုနီးပင် ဖြစ်၏။
ဤအခိုက်တွင်၊ ရှေးဟောင်းကြယ်၏ ဗဟိုတွင်...
အလွန်ရှေးကျသော ရွှေရောင်နန်းတော်တစ်ခု ရှိနေသည်။
ရွှေရောင်နန်းတော် အပြင်ဘက်မှာတော့ အင်မော်တယ်အရင်းမြစ်တချို့ ပြန့်ကျဲနေ၏။
တချို့က ကျိုးပဲ့နေပြီ ဖြစ်သည်။ ၎င်းက တံဆိပ်ခတ်ထားသည်မှာ လွန်စွာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ထင်ရှားသည်။
ထိုအချိန်၊ ရွှေရောင်နန်းတော်၏ အနက်ရှုံးဆုံးအရပ်တွင်...
ထူးကဲသော အငွေ့အသက်များဖြင့် ကြီးမားသည့် ရွှေရောင် အင်မော်တယ်အရင်းမြစ်တစ်ခု ရှိနေသည်။
ရွှေရောင် အင်မော်တယ်အရင်းမြစ် အတွင်းပိုင်းမှာတော့ မရေမတွက်နိုင်သော ပုံရိပ်များစွာတို့ ထင်ဟပ်နေ၏။
ထိုစဉ်... ရွှေရောင် အင်မော်တယ်အရင်းမြစ်က အနည်းငယ် တုန်လှုပ်လာသည်။
အက်ကြောင်းများက မျက်နှာပြင်ပေါ်တွင် ပျံ့နှံ့လာ၏။
နောက်တော့ ပေါက်ကွဲသွားတော့သည်။
အရင်းမြစ်က ပျက်စီးသွားသည်။
တောက်ပပြီး သန့်စင်သော ရွှေရောင်အလင်းများကလည်း နန်းတော်တစ်ခုလုံးကို တောက်ပစေ၏။
ရွှန်းလဲ့နေသော နေရောင်ကဲ့သို့ အဆုံးမဲ့ အလင်းရောင်အောက်တွင် သက်ပြင်းချသံနှင့်အတူ စကားသံတစ်ခုက ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
"အရာအားလုံးက အိပ်မက်တစ်ခုလိုပါပဲလား"
"ဒီဧကရာဇ်ငယ်က သာယာဝပြောပေမဲ့ ဖရိုဖရဲခေတ်ရဲ့အစကို ပြန်ရောက်လာခဲ့ပြီ။ ဒီဧကရာဇ်ငယ်ကို ဒီခေတ်ရဲ့ တစ်ဦးတည်းသော ဇာတ်ဆောင်ဖြစ်စေချင်တာက ကောင်းကင်ဘုံရဲ့ အလိုတော်ပဲလား"