← Chapters

အခန်း ၁၁၅၅

Vol. 77 Ch. 1155

အခန်း ၁၁၅၅

Vol. 77 Ch. 1155

အခန်း ( ၁၁၅၅ ) ပြန်လည်မွေးဖွားခြင်း၏ အားသာချက်။

အကယ်၍ ရွှီထျန်းလောကသို့ မဝင်ရောက်ဘဲ ဤအင်မော်တယ်ကျောက်ပြားကို မရရှိခဲ့ပါက...

ဤရွှေခေတ်၏ အစောပိုင်းကာလတွင် ပြန်မွေးဖွားရန် မဖြစ်နိုင်ပေ။

'ရွှီထျန်းလောကလား၊ အဲဒီမှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်'

'နောက်ပြီးတော့ ငါ အမှတ်မမှားရင် အ‌ဓိက လူတစ်စုလည်း ပေါ်လာသင့်တယ်'

တိဟောက်ထျန်းက သူ့စိတ်ထဲမှ တွေးနေသည်။

ပြန်လည်မွေးဖွားခြင်း၏ အကြီးမားဆုံးသော အကျိုးကျေးဇူးကား အဘယ်နည်း။

ယင်းက အရာအားလုံးကို သိရှိနေရုံမျှမကပေ။

ရတနာများ၊ အခွင့်အလမ်းများ၏ နယ်မြေ...

ဘယ်ရန်သူက ခြိမ်းခြောက်နိုင်စွမ်းအရှိဆုံးလဲ... စသည်ဖြင့် သိရှိနေခြင်း ဖြစ်သည်။

အခွင့်အလမ်းနှင့် ကပ်ဘေးများကို ကောင်းစွာ သိရှိခြင်း ဖြစ်၏။

ပြောရလျှင်၊ တိဟောက်ထျန်းက အလုံးစုံ သိမြင်နေသကဲ့သို့ ဖြစ်သည်။

ဤသည်မှာ ပြန်လည်မွေးဖွားခြင်း၏ အကြီးမားဆုံးသော အကျိုးကျေးဇူးပင်။

သို့သော်လည်း တိဟောက်ထျန်းကို သံသယဝင်စေသည့် အရာမှာ...

တစ်ချို့အရာများက သူမှတ်မိသော အရာများနှင့် လုံးဝ မတူတော့ပေ။

ဥပမာအားဖြင့်၊ သူ၏ မှတ်ဉာဏ်တွင် တိုင်းတပါး အန္တိမကပ်ဘေးကြီးက မကျဆုံးသေးပါ။ သူက အင်မော်တယ်နယ်မြေကြီးသို့ ကြီးမားသော ဘေးဒုက္ခများကို ယူဆောင်လာခဲ့သည်။

နောက်ဆက်တွဲ အမှောင်ထု၏ ရုန်းရင်းဆန်ခတ်ဖြစ်မှုနှင့်အတူ ဖရိုဖရဲခေတ်ကို ကျရောက်စေခဲ့ပေသည်။

သို့သော်လည်း ယခုအခါ တိုင်းတစ်ပါး၌ အန္တိမကပ်ဘေးကြီးက ကျဆုံးသွားပြီ ဖြစ်သည်။

သူ့မှတ်ဉာဏ်ထဲမှ ပေါင်းစည်းမထားသည့် ကျွင်းမိသားစု၏ သွေးကြောနှစ်ခုမှာလည်း ယခုအခါ ပေါင်းစည်းသွားကြပြီ။

ထို့ကြောင့်၊ တိဟောက်ထျန်းသည် တစ်ခုခု မှားနေပြီဟု ခံစားခဲ့ရသည်။

သို့သော်၊ တချို့အရာများကတော့ မပြောင်းလဲပေ။

"ဒီဧကရာဇ်ငယ်က ရွှီထျန်းလောကရဲ့ အခွင့်အလမ်းကို သိပါတယ်။ ဒါပေမဲ့ ငါဟာ အခုမှ တံဆိပ်ကို ချိုးဖောက်ခဲ့တာကြောင့် ဒီကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ အချိန်လိုအပ်တယ်"

တိဟောက်ထျန်းက ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ ဒါပေမဲ့ ဧကရာဇ်ငယ်... အမှတ်ဆယ့်ရှစ်နဲ့ ကျဆုံးသွားတဲ့ အခြားသူတွေ..."

နောက်လိုက်တစ်ယောက်က တစ်ခုခုပြောလိုသော်လည်း တုံ့ဆိုင်းနေသည်။

တိဟောက်ထျန်းကို ရှုံးနိမ့်ပြီးနောက် ရန်ယွင်မြင်းသည်တော် ဆယ့်ရှစ်ဦးကို သွေးသောက်များအဖြစ် မှတ်ယူနိုင်သည်။

ယခုတော့ လူ သုံးယောက်က သေသွားပြီ။

ဒါကို သူတို့ သည်းမခံနိုင်ပေ။

"ဒီကိစ္စရဲ့ အကြောင်းရင်းက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ အဓိပဓိအင်မော်တယ်ခုံရုံးရဲ့ ခေတ်ပြိုင် ဧကရာဇ်ငယ်ကြောင့်ပဲ"

တိဟောက်ထျန်းက ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က အမှန်တကယ်ပင် ထူးဆန်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။

သူ့မှတ်ဥာဏ်ထဲတွင် ထိုလူ မရှိပေ။

သို့ရာတွင်၊ လင်ယွမ်ကိုတော့ သူ သိသည်။

သူ၏မှတ်ဉာဏ်တွင် လင်ယွမ်က ဖူရှီအင်မော်တယ်မျိုးရိုးမှ ကူတိကျစ်ကို အနိုင်ယူပြီး ခေတ်ပြိုင်ဧကရာဇ်ငယ် ဖြစ်လာခဲ့ပေသည်။

ထို့ပြင် လင်ယွမ်တွင် အထူး အထောက်အထားတစ်ခုလည်း ရှိသည်။

ဤထူးခြားသော အထောက်အထားက အချိန်အတော်ကြာကပင် ဖျက်ဆီးခံခဲ့ရသော ရှေးဟောင်းအင်မော်တယ်ခုံရုံးနှင့် ပတ်သက်၏။

၎င်းက ရှေးခေတ် အင်မော်တယ်ခုံရုံး၏ကာလမှ အရေးပါသောပုဂ္ဂိုလ်တစ်ဦးနှင့် ပို၍ သက်ဆိုင်သည်။

ထိုပုဂ္ဂိုလ်က အဓိပဓိအင်မော်တယ်ခုံရုံး တစ်ခုလုံး၏ ပုံစံကိုပင် ထိခိုက်နိုင်ပေသည်။

ထို့ကြောင့် တိဟောက်ထျန်းသည် ကြိုတင်စီစဉ်မှုများ ပြုလုပ်ရမည်။

လင်ယွမ်က အဓိပဓိအင်မော်တယ်ခုံရုံးကို ပေါင်းစည်းရန် သူ့အတွက် အရေးကြီးသော နည်းလမ်းများထဲမှ တစ်ခုဖြစ်ခဲ့သည်။

"အင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ငယ်ဖြစ်ပြီး သူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နှင့် ဆက်ဆံရေးရှိနေတယ်။ ဒါက တကယ်ကို အံ့သြစရာပဲ"

တိဟောက်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာတော့ အရှင်က အင်မော်တယ်ခုံရုံး တစ်ခုလုံးရဲ့ တစ်ဦးတည်းသော ဧကရာဇ်ငယ်ပါပဲ"

"ဟုတ်ပါတယ်၊ ဧကရာဇ်ငယ် ဆန္ဒရှိရင် လက်ရှိ ခေတ်ပြိုင်ဧကရာဇ်ငယ်ကို ဖယ်ရှားနိုင်ပါတယ်"

နောက်လိုက်များက ပြောဆိုကြလေသည်။

"ဒီကိစ္စက အရေးမကြီးပါဘူး၊ ငါ့မှာ ကိုယ်ပိုင်အစီစဉ်ရှိတယ်"

"အမှတ်ဆယ့်ရှစ်ရဲ့ အကြွေးကို ခဏမှတ်ထားလိုက်ဦး"

"အခုလောလောဆယ် မင်းတို့ အရင်သွားပြီး အားလုံးရဲ့ အချက်အလက်တွေကို စုံစမ်းထားချေ"

တိဟောက်ထျန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကောင်းပါပြီ"

နောက်လိုက်များလည်း လက်ယှက်ပြကာ ချက်ချင်း ထွက်သွားကြတော့သည်။

တိဟောက်ထျန်းက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ရပ်ကျန်ရစ်ခဲ့သည်။

သူ့ပုံစံအရ အရာအားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်မှာ ရှိနေသကဲ့သို့ပင်။

"တချို့အရာတွေက လမ်းကြောင်းကနေ သွေဖည်သွားပေမဲ့ ယေဘုယျအကြောင်းအရာကတော့ အတူတူပါပဲ"

"နောက်ပိုင်းကတော့ ခြေရာအတိုင်း ဆက်လျှောက်သွားရုံပဲ"

"အင်မော်တယ်ကျောက်ပြားရဲ့ ကျန်ရှိတဲ့ အစိတ်အပိုင်းတွေကိုလည်း တိတ်တဆိတ် ရှာဖွေရဦးမယ်"

"နောက်ပြီးတော့ အင်မော်တယ်မျိုးရိုးကြီးကိုးခု ကွဲထွက်နေတဲ့ အဓိပဓိအင်မော်တယ်ခုံရုံးကို နည်းလမ်းရှာပြီး ပြန်လည်ပေါင်းစည်းရမယ်"

"အဲဒီနေရာက မကြာခင် ပြန်ပေါ်လာတော့မယ်။ ဒါက ငါတို့ အင်မော်တယ်ခုံရုံးရဲ့ ခွန်အားကို ပြန်လည်ရရှိဖို့ အခွင့်ကောင်းတစ်ခုပဲ"

"နောက်ပြီးတော့ လင်ယွမ်... သူက အရေးကြီးတဲ့ နယ်ရုပ်ဖြစ်တာမို့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကြောင့်နဲ့ ပျောက်ပျက်မခံနိုင်ဘူး"

"ဒါ့အပြင်၊ အဲဒီအဖွဲ့နဲ့ ကြိုတင်ဆက်သွယ်ထားပြီး ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းရှာရမယ်။ ငါ့မှတ်ဉာဏ်အရတော့ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးရဲ့ နတ်ဆိုးနတ်ဘုရားနန်းတော်က ဖြစ်သင့်တယ်"

တိဟောက်ထျန်းက သူ၏ အမှတ်တရများကို ခွဲခြမ်းစိတ်ဖြာကာ အစီစဉ်များ ပြုလုပ်လိုက်သည်။

ဤသည်က အနာဂတ်တွင် အခွင့်အလမ်းများကို ဆုပ်ကိုင်ရန် သူ အသုံးပြုရမည့် နည်းလမ်းများပင်။

တိဟောက်ထျန်းက အစီအစဉ်ချမှတ်ပြီးနောက် ကမ္ဘာလောကနှင့် လိုက်လျောညီထွေဖြစ်စေရန် တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်လိုက်သည်။

ဤအရာက ရှေးဟောင်းလူထူးဆန်းများနှင့် မျိုးစေ့အဆင့် ပါရမီရှင်တိုင်း ပြုလုပ်မည့် အရာပင်။

ဤခေတ်နှင့် အပြည့်အ၀ ပေါင်းစပ်နိုင်ရန် လေ့ကျင့်ရသည်။

သို့‌ရာတွင်၊ တိဟောက်ထျန်းက သာမန်ပါရမီရှင် မဟုတ်ပါ။

သူက ပါရမီရှင်တစ်ဦးအပြင် ပြန်လည်မွေးဖွားလာသူတစ်ဦးလည်း ဖြစ်သည်။

"ကျွင်းရှောင်ယောက်၊ စိတ်ဝင်စားစရာပဲ။ အရာအားလုံးမှာ အကြောင်းတရားနဲ့ အကျိုးရှိတယ်"

"ဒါပေမဲ့ သူက လေဟာနယ်ကနေ ရုတ်တရက် ထွက်ပေါ်လာသလိုပဲ။ သူ့မှာ အကြောင်း၊အကျိုး သက်ရောက်မှုမရှိတဲ့အပြင် ငါ့မှတ်ဉာဏ်ထဲက သမိုင်းတချို့ကိုတောင် ပြောင်းလဲပစ်ခဲ့တယ်"

"ကျွင်းရှောင်ယောက်... မင်းက ဘယ်လိုမျိုး တည်ရှိမှုမျိုးလဲ"

တိဟောက်ထျန်း၏ ငွေရောင်မျက်လုံးများက နက်နဲသွားသည်။

အနာဂတ်တွင် ဖြစ်ပျက်လာမည့် အရာအားလုံးနီးပါးကို သူသိသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ အကြောင်းကိုတော့ သူဘာမှမသိပေ။

"ဘာပဲဖြစ်ဖြစ် ငါတို့ မကြာခင် ဆုံကြရမှာပဲလေ။ အချိန်တန်ရင် မရှိသင့်တဲ့ ဒီလူနဲ့ ငါ တွေ့ရတော့မှာပေါ့"

တိဟောက်ထျန်းက လျစ်လျူရှုစွာ ပြုံးလိုက်သည်။

.............

အင်မော်တယ်ခုံရုံး၏ ရှေးဧကရာဇ်ငယ် နိုးထလာသည့်သတင်းမှာ သူတို့က ဖုံးဖိထားခြင်းကြောင့် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့မှုမရှိသေးပေ။

နောက်ဆုံးတွင်၊ တိဟောက်ထျန်းက လူအများ၏ အာရုံစိုက်မှုကို စောစီးစွာ မလိုချင်ဘဲ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ချင်သည်။

ထိုအချိန်တွင်၊ အင်မော်တယ်အကယ်ဒမီ၏ ပါရမီရှင်များက ရွှီထျန်းလောကအတွက် ပြင်ဆင်နေကြ၏။

အချိန်သုံးလက လျင်စွာ ကုန်လွန်သွားသည်။

ကျွင်းရှောင်ယောက်၏ အင်မော်တယ်ဂူတွင်...

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ တင်ပျဉ်ခွေထိုင်နေသည်။

သူ့ပတ်ဝန်းကျင်မှာလည်း ကောင်းကင်ယံမှ ကြယ်များ၏ လမ်းကြောင်းအတိုင်း နိယာမများ လှည့်ပတ်နေ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုအခြေခံက မတိုးတက်သေးပေ။

သို့ရာတွင်၊ သူ၏ အရှိန်အဝါက ယခင်ကထက် ပိုနက်နဲလာသည်။

မျိုးဆက်သုံးခု ကြေးခေါင်းတလားရှိ အန္တိမကပ်ဘေးကြီးကို သန့်စင်ခြင်းဖြင့် ရရှိလာသော စွမ်းအင်များ၏ အကူအညီဖြင့်...

ကျွင်းရှောင်ယောက်သည် ဤအချိန်တိုလေးအတွင်းမှာ ဖန်ဆင်းခြင်း၏ အင်မော်တယ်စွမ်းအင်နှင့် ရှေးဦးသံလိုက်ဓာတ် အင်မော်တယ်စွမ်းအင်တို့ကို ဖန်ဆင်းခြင်းနိယာမနှင့် ရှေးဦးသံလိုက်ဓာတ်နိယာမအဖြစ် ပေါင်းစည်းနိုင်ခဲ့သည်။

ယခုအခါ ကျွင်းရှောင်ယောက်က စုစုပေါင်း နိယာမဆယ့်သုံးခုကို ပေါင်းစည်းနိုင်ခဲ့ပြီ။

၎င်းက နိယာမကိုးပါး၏ အမြင့်ဆုံးနယ်ပယ်ထက် အဆပေါင်းများစွာ အားကောင်းသည်။

သို့ရာတွင်၊ ဒါက ကျွင်းရှောင်ယောက်၏ အကန့်အသတ် မဟုတ်သေးပေ။

"ဝှူး"

ကျွင်းရှောင်ယောက်က မျက်လုံးဖွင့်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

"နိယာမဆယ့်သုံးခု...၊ မဆိုးပေမဲ့ ဒါက မလုံလောက်သေးဘူး"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

ဤစကားများ ပျံ့နှံ့သွားပါက ပါရမီရှင်များစွာမှာ စိတ်ဓာတ်ကျလွန်းသဖြင့် တိုင်နှင့်ခေါင်းကို ဆောင့်မိကြလိမ့်မည်။

ထိုစဉ်၊ တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ကျွင်းရှောင်ယောက်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

တစ်ခုခုက သူ့ကို တိတ်တဆိတ် ကြံစည်နေသကဲ့သို့ ခံစားမိ၏။

မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်က ပို၍ သန်မာလာသည်နှင့်အမျှ...

ကျွင်းရှောင်ယောက်၏ ခံစားနိုင်စွမ်းနှင့် မသိစိတ်၏ ခံစားမှုတို့မှာ ပို၍ အားကောင်းလာခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကို ရန်လိုသူက များပြားလွန်းလှသည်။ ကျွင်းရှောင်ယောက်ကိုယ်တိုင်ပင် မရေတွက်နိုင်ပေ။

"ရှေးဧကရာဇ်ငယ်က တံဆိပ်ကို ချိုးဖျက်ခဲ့တာ ဖြစ်နိုင်မလား"

ကျွင်းရှောင်ယောက်က မှန်းဆလိုက်သည်။

နောက်ဆုံးတွင်၊ မကြာသေးမီ အချိန်အတွင်း သူနှင့် ရန်စရှိခဲ့သည့် တစ်ဦးတည်းသောသူက ရှေးဧကရာဇ်ငယ် ဖြစ်သည်။

"ရုတ်တရက်ကြီး ငါ ကြက်သွန်မြိတ် စားချင်လာမိတယ်"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

ကြက်သွန်မြိတ်ကို စားချင်လျှင် လတ်ဆတ်သော ပါဝင်ပစ္စည်းများကို ရှာရမည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်က သူ၏အလုပ်ဟောင်းသို့ ပြန်သွားပြီး ကြက်သွန်မြိတ်များကို ရိတ်သိမ်းရဦးတော့မည်။

All Chapters