အခန်း ၁၁၅၇
Vol. 78 Ch. 1157
အခန်း ( ၁၁၅၇ ) ဟွမ်နျဲ့တောက်။
ရွှီထျန်းလောက ဤအခွင့်အလမ်းသည် ကျွင်းရှောင်ယောက်ကို ခေါ်ယူရန်အတွက် အင်မော်တယ်အကယ်ဒမီ၏ စေတနာ ဖြစ်သည်။
အင်မော်တယ်အကယ်ဒမီ၏ အခြားတပည့်များက ကျွင်းရှောင်ယောက်ထံမှ အကျိုးကျေးဇူး ရရှိသည်ဟု ဆိုရမည်။
တပည့်များစွာ၏ မျက်လုံးများက ရိုသေမှုလေးစားမှုနှင့် ကျေးဇူးတင်မှုတို့ ပေါ်လွင်နေသည်။
ဤသည်မှာ သူရဲကောင်းများကို သဘာဝအလျောက် ကိုးကွယ်မှုပင်။
ကျွင်းရှောင်ယောက်ကို သူတို့နှင့် မျိုးဆက်တူဟုပင် မမှတ်ယူတော့ပါ။
အားလုံးက သူ့ကို နတ်ဘုရားကဲ့သို့ တည်ရှိမှုဟု မှတ်ယူနေကြပြီ ဖြစ်သည်။
ဟုတ်သည်၊ သဘာဝမကျသော အမူအရာများဖြင့် ပါရမီရှင်တချို့လည်း ရှိသေးသည်။
ကူတိကျစ်ကတော့ အထူးပြောနေစရာ မလိုပေ။
လုံယောက်အာမှာလည်း အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။ ကျွင်းရှောင်ယောက်၏ မူလပုံစံသို့ ပြန်ရောက်အောင် ရိုက်နှက်ခံရပြီးနောက် ဘုရင်မတစ်ပါးကဲ့သို့ အရှိန်အဝါကြီးစိုးမှုတို့ မရှိတော့ပေ။
ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်ကို တွေ့ရသောအခါ ကြောင်တစ်ကောင်နှင့် တွေ့ရသော ကြွက်တစ်ကောင်ကဲ့သို့ ခံစားရသည်။
ထို့ပြင်၊ ကိချင်းရီလည်း ရှိ၏။
ကျွင်းရှောင်ယောက်ကို မြင်လိုက်ရတော့ သူမ၏ ပါးပြင်ကို အလိုအလျောက် လက်ဖြင့် စမ်းလိုက်မိသည်။
ပျက်စီးခြင်းနယ်စပ်တွင် ရှိစဉ်တုန်းက သူသည် ကျွင်းရှောင်ယောက်နှင့် တိုက်ခိုက်ခဲ့ဖူး၏။
ကျွင်းရှောင်ယောက်က သူမ၏ အင်မော်တယ်လက်နက် အမှတ်အသားကို ထုတ်ဖော်ရန် ဖိအားပေးခဲ့သည်။
သူမ၏ လှပသော မျက်နှာပေါ်မှာလည်း ကစဉ့်ကလျားစွမ်းအား၏ အရိပ်အယောင်ကို ချန်ထားခဲ့သေးသည်။
ထိုအချိန်ကတည်းက ကျိချင်းရီ၏ စိတ်ထဲမှာ သံသယများနှင့် အတွေးအချို့ ရှိနေခဲ့သည်။
ယခုတော့ တိုင်းတပါးမှ ကစဉ့်ကလျားခန္ဓာက ကျွင်းရှောင်ယောက်ဖြစ်ကြောင်း သိလာခဲ့ရပြီ။
ဤအရာက ကျိချင်းရီ၏ ရှက်ရွံ့မှုနှင့် နာကြည်းမှုတို့ကို စိတ်ရှုပ်ထွေးမှုအဖြစ် ပြောင်းလဲစေခဲ့သည်။
သူမ၏ အကြံအစည်များက အလွန်နက်နဲသည်။ လူသားအင်မော်တယ်ဂိုဏ်းမှ ကျိတောက်ရီကိုပင် ကြံစည်ခဲ့၏။
သို့သော်လည်း ဤလူကို ရင်ဆိုင်ရတိုင်း ကျိချင်းရီမှာ သူ့ကို ချုပ်နှောင်ခံနေသည်ဟု အမြဲ ခံစားခဲ့ရသည်။
ထိုအချိန်တွင် အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံတွင် လှောင်ပြောင်သရော်မှု အရိပ်အယောင်တို့ ပါဝင်နေ၏။
"မျိုးစေ့အဆင့် ပါရမီရှင် ဆယ်ယောက်ထက်မနည်းကို ဆက်တိုက်သတ်ခဲ့တဲ့ တိုင်းတပါးရဲ့ စစ်နတ်ဘုရားက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူက အခု ငါ့အင်မော်တယ်နယ်မြေကြီးရဲ့ သူရဲကောင်းဖြစ်လာပြီ။ တကယ်ကို အံ့သြစရာကောင်းပါတယ်"
ထိုစကားကို ကြားရပြီးနောက် ပါရမီရှင်များစွာ၏ အမူအရာများ ပြောင်းလဲသွားသည်။
ဒါက ဘယ်သူလဲ၊ ကျွင်းရှောင်ယောက်ကို ဘယ်သူက ပစ်မှတ်ထားရဲတာလဲ။
လူများစွာက အသံလာရာကို လှမ်းကြည့်လိုက်သည်။ အဝေးမှ အနက်ရောင်မီးလျှံများနှင့် ပုံရိပ်တစ်ခု ပေါ်လာ၏။
ထိုပုံရိပ်က လူတော်တော်များများကို အံ့အားသင့်သွားစေသည်။
"အင်မော်တယ်ရှေးဧကရာဇ်ရဲ့ သားတော် ဟွမ်နျဲ့တောက်ပဲ"
အနက်ရောင်မီးတောက်များက ကောင်းကင်ကိုပင် လောင်ကျွမ်းစေနိုင်ပုံရ၏။
ယင်းက အင်မော်တယ် နတ်ဖီးနစ်မျိုးနွယ်၏ အင်မော်တယ်မီးလျှံပင်။
ဖီးနစ်မျိုးနွယ်ကလည်း နဂါးမျိုးနွယ်ကဲ့သို့ သွေးမျိုးဆက်အမျိုးမျိုးရှိသည်။
နဂါးမျိုးနွယ်များထဲတွင် ထိုက်ရွှီရှေးနဂါးကဲ့သို့ အစွမ်းအထက်ဆုံး မျိုးနွယ်များရှိသည်။
ဖီးနစ်မျိုးနွယ်တွင်လည်း သဘာဝအတိုင်း ရှိ၏။
အင်မော်တယ်နတ်ဖီးနစ်က ထိပ်သီး မျိုးနွယ်ခွဲများထဲမှ တစ်ခု ဖြစ်သည်။
၎င်းက ဖီးနစ်မျိုးနွယ်၏ ရှေးအကျဆုံးနှင့် အသန်မာဆုံး သွေးရင်းများထဲမှ တစ်ခုဖြစ်ချေသည်။
ဤမျိုးနွယ်က အလွန်ရှားပါးသည်။
နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူတစ်ခုလုံးမှာပင် ပေါ်လာခဲ၏။
အင်မော်တယ်နတ်ဖီးနစ်မျိုးနွယ်တွင် အကျော်ကြားဆုံးနှင့် သြဇာအရှိဆုံးပုဂ္ဂိုလ်မှာ... သဘာဝအတိုင်း တစ်ချိန်က အင်မော်တယ်နယ်မြေကြီးကို လှုတ်ခတ်စေနိုင်ခဲ့သော အင်မော်တယ် ရှေးဧကရာဇ် ဖြစ်သည်။
ကောလဟာလများအရ အင်မော်တယ်ရှေးဧကရာဇ်သည် ဧကရာဇ်တစ်ပါး၏ သွေးများကို အသုံးပြုပြီး အင်မော်တယ်မီးကို သန့်စင်ခဲ့ဖူးသည်။
အင်မော်တယ်ရှေးဧကရာဇ်၏ ခွန်အားက သာမန်ဧကရာဇ်များထက်သာလွန်ပြီး ပိုမိုနက်ရှိုင်းသောနယ်ပယ်သို့ ဝင်ရောက်သင့်သည်ဟု လူအများက ယုံကြည်ကြပေသည်။
ဤအခိုက်အတန့်တွင် ဤအနက်ရောင်မီးတောက်ကို မြင်လိုက်ရသောအခါ...
ဘယ်သူ ရောက်ရှိလာသလဲဆိုတာ လူတိုင်းသိကြသည်။
အင်မော်တယ်ရှေးဧကရာဇ်၏ သားတော်၊ နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူ၏ ဘိုးဘေးငယ် ဟွမ်နျဲ့တောက်ပင်။
အနက်ရောင် မီးတောက်များ ပျောက်ကွယ်သွားပြီးနောက် အတွင်းမှ ရုပ်သွင် ပေါ်လွင်လာခဲ့သည်။
ရွှေရောင်နှင့်အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်သည်။ သူ့မျက်နှာက ချောမောသော်လည်း လူအများကို လျစ်လျူရှုမှု အရိပ်အယောင်တို့ ပြည့်နေ၏။
သူ့မျက်ခုံးနှစ်ခုကြားမှာလည်း ရှေးကျသော အမှတ်အသားတစ်ခု ရှိနေသည်။
သူ့နောက်ကျောမှာလည်း ရွှေရောင်နှင့် အနက်ရောင် ရောယှက်နေသော ဖီးနစ်တောင်ပံတစ်စုံ ရှိနေသေးသည်။
၎င်း၏ အရှိန်အဝါက အလွန်အစွမ်းထက်ပြီး နားမလည်နိုင်လောက်အောင် ဖြစ်သည်။ အနည်းဆုံးတော့ သာမန် မျိုးစေ့အဆင့် ပါရမီရှင်များထက် များစွာပို၍ အစွမ်းထက်လိမ့်မည်။
သို့သော်လည်း ပြန်တွေးကြည့်လျှင်...
သူသည် အင်မော်တယ် ရှေးဧကရာဇ်၏ အမွေဆက်ခံသူဖြစ်ပြီး ရှေးဧကရာဇ်၏ တိုက်ရိုက်သွေးမျိုးဆက်လည်း ဖြစ်သည်။
အင်မော်တယ်ရှေးဧကရာဇ်၏ သွေးမျိုးဆက် စွမ်းရည်များက ဟွမ်နျဲ့တောက်တွင် စုဝေးနေသည်ဟု ဆိုနိုင်ပေသည်။
"နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူ၊ ဟွမ်နျဲ့တောက်"
ပါရမီရှင် တော်တော်များများက တိတ်ဆိတ်သွားကြသည်။
ဟွမ်နျဲ့တောက်၏ နာမည်ကို ကြည့်ခြင်းအားခြင်း အင်မော်တယ်ရှေးဧကရာဇ်သည် သူ့သားတော်ကို မည်မျှ မျှော်လင့်ထားကြောင်း မြင်နိုင်သည်။
ထို့ပြင်၊ ရှေးဧကရာဇ်၏ သားတော်အနေဖြင့် နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူတွင် သူ၏အဆင့်အတန်းက အလွန်မြင့်မားသည်။
အကြီးအကဲတချို့ပင်လျှင် သူ့ကို "ဘိုးဘေးလေး"ဟု ရိုသေစွာ ခေါ်ကြရလိမ့်မည်။
ပျက်စီးခြင်းနယ်စပ်တွင် ကျွင်းရှောင်ယောက်၏ သုတ်သင်ခံခဲ့ရသော နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူမှ ဟွမ်းနီသည် ဟွမ်နျဲ့တောက်နှင့် နှိုင်းယှဉ်စရာ လုံးဝ မရှိပေ။
တစ်ဦးက မျိုးစေ့အဆင့် ပါရမီရှင်ဖြစ်သော်လည်း ကျန်တစ်ဦးမှာ ဘိုးဘေးလေးအဆင့် ဖြစ်သည်။
ဤအခိုက်တွင် ဟွမ်နျဲ့တောက်က တည်ငြိမ်သော အမူအရာဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်နေသည်။
ယခုအခါ အင်မော်တယ်နယ်မြေကြီးတွင် ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ဝံ့သူက များများမရှိပေ။
ဟွမ်နျဲ့တောက်ကတော့ ထိုအရည်အချင်းမျိုး ရှိနေမလား သိချင်မိကြသည်။
ကျွင်းရှောင်ယောက်က ဟွမ်နျဲ့တောက်ကို ဂရုမစိုက်သလို ကြည့်လိုက်သည်။
သူသည် အခြား ရှေးဟောင်းတော်ဝင်မိသားစုများမှ မျိုးစေ့များထက် ပိုအစွမ်းထက်၏။
သို့သော်...
ထိုမျှသာ။
"တိုင်းတပါးနဲ့ ရှေးဟောင်းတော်ဝင်မိသားစုတွေရဲ့ လှုပ်ရှားမှုတွေကိုတောင် မလိုက်ရသေးဘူး။ မင်း အာကျယ်တဲ့ခွေးက ငါ့ရှေ့မှာ လာဟောင်ပြနေပြီ"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
၎င်းက ရှေးဟောင်းတော်ဝင်မိသားစု၏ လုပ်ရပ်အချို့ကို ထောက်ပြရုံသာမက ဟွမ်နျဲ့တောက်ကိုလည်း ကြိမ်းမောင်းခဲ့၏။
ဟွမ်နျဲ့တောက်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ့မျက်လုံးထဲတွင် အနက်ရောင် မီးတောက်တစ်ခု ပေါ်လာသည်။
"မင်းက ငါတို့ရဲ့ နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူကို စော်ကားပြီး ဟွမ်းနီကို သတ်ခဲ့တယ်"
"နောက်ပြီးတော့ မင်းတို့ ကျွင်းမိသားစုက အန္တိမကပ်ဘေးကြီးရဲ့ ကျိန်စာဒဏ်ကို ခံနေရတာသေးတာကို ထည့်မတွက်ရင်တောင် ရှေးဟောင်းတော်ဝင်မိသားစုကို မစော်ကားနိုင်သေးဘူး"
သူက ကျွင်းမိသားစုနှင့် ကျွင်းရှောင်ယောက်တွင် မောက်မာရန် အခွင့်အရေးများစွာ မရှိတော့ဘူးဟု ပြောလိုက်ခြင်းပင်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဂရုမစိုက်တော့ပါ။ သူက စကားလုံးများဖြင့် ငြင်းခုန်ရန် ပျင်းရိလွန်းသည်။
ထိုအချိန်တွင် ကလေးဆန်သော အသံသေးသေးလေး ထွက်ပေါ်လာသည်။
"ငှက်လူသားတစ်ကောင်က အတော်မောက်မာနေတာပဲ။ မင်း စွမ်းရည်ရှိရင် ဒီဘိုးဘိုးဆီကို လာစမ်း"
ထိုအသံက ကျွင်းရှောင်ယောက်ထံမှ ထွက်ပေါ်လာခြင်းကြောင့် လူအများမှာ တအံ့တဩ ဖြစ်သွား၏။
သူတို့က သေချာကြည့်မှ ကျွင်းရှောင်ယောက်၏ ပခုံးပေါ်တွင် ပုရွက်ဆိတ်လေးတစ်ကောင် ရှိနေတာကို တွေ့လိုက်ကြရသည်။
နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေး ရှောင်ယီပင်။
"ဟမ်"
ဟွမ်နျဲ့တောက်၏ မျက်လုံးများတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ငှက်လူသား... ဤစကားက ဖီးနစ်မျိုးနွယ်ကို စော်ကားလိုက်ခြင်းပင်။
သို့သော်လည်း နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးကို မြင်လိုက်သောအခါ ဟွမ်နျဲ့တောက်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်လေးထံမှ ဧကရာဇ်မင်းရဲ့သွေးမျိုးဆက်ကို သူ ကောင်းကောင်းခံစားနိုင်သည်။
၎င်းက သူနှင့် တူညီသော အဆင့်တွင် ရှိ၏။
"နတ်ဆိုးနတ်ဘုရားဧကရာဇ်ရဲ့ သားတော်"
ဟွမ်နျဲ့တောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။
နတ်ဆိုးနတ်ဘုရားဧကရာဇ်၏ ဂုဏ်အရှိန်အဝါက အင်မော်တယ်ရှေးဧကရာဇ်ထက် အားမနည်းပေ။
သူက ကမ္ဘာနှစ်ရပ်ကြားမှ စစ်ပွဲကြီးတွင် ပါဝင်ခဲ့သည်။
နောက်ဆုံးမှာတော့ တိုင်းတပါးမှ သဘာဝကပ်ဘေးအဆင့် အင်မော်တယ်ဘုရင်များစွာ၏ ဝန်းရံတိုက်ခိုက်မှုအောက်တွင် ကျဆုံးခဲ့လေသည်။
အဆင့်အတန်းနှင့် သွေးမျိုးဆက်အရ၊ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးသည် သူ့ထက် မနိမ့်ကျဘူးဟု ဆိုနိုင်သည်။
ယခုမူ နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်လေးက ကျွင်းရှောင်ယောက်၏ နောက်လိုက်တစ်ဦးကဲ့သို့ ဖြစ်နေပြီ။
"လက်စသတ်တော့ သူက နတ်ဆိုးနတ်ဘုရား ဧကရာဇ်ကြီးရဲ့ သားတော်ပဲ။ သူ့ရဲ့ အဆင့်အတန်းက ဟွမ်နျဲ့တောက်ထက် တကယ်ကို မနိမ့်ကျဘူး"
ပါရမီရှင်များစွာက စိတ်ဝင်စားစွာဖြင့် ကြည့်လိုက်ကြသည်။
"နတ်ဆိုးနတ်ဘုရား ဧကရာဇ်ကြီးက ငါတို့ အင်မော်တယ်နယ်မြေကြီးရဲ့ သူရဲကောင်းပဲ။ သူ့မျက်နှာကြောင့် ငါ မင်းနဲ့ ငြင်းခုန်မနေတော့ဘူး"
ဟွမ်နျဲ့တောက်က သူ့အင်္ကျီလက်ကို ခါယမ်းကာ တစ်ဖက်လှည့်လိုက်သည်။
ထိုအချိန်တွင် တည်ငြိမ်သော အသံတစ်ခု ထပ်မံထွက်ပေါ်လာသည်။
"အချင်းတို့... ဘာဖြစ်လို့ ဒီလောက် ရန်လိုနေကြတာပါလဲ။ ဘုရားသခင်က စစ်မှန်တဲ့ယုံကြည်မှုဟာ အလုံးစုံသော သတ္တဝါတို့ရဲ့ စည်းလုံးညီညွတ်မှုဖြစ်တယ်လို့ မိန့်ထားပါတယ်"
ထိုသံနေသံထားနှင့် စကားများက ထူးခြား၏။
ထိုအသံကိုကြားတော့ လူအများ၏ မျက်လုံးများ လှုပ်ရှားသွားကြသည်။
"ကုရ်အာန်သူတော်စင်ဂိုဏ်းရဲ့ အမှန်တရားရဲ့သားတော်"