← Chapters

အခန်း ၁၁၅၉

Vol. 78 Ch. 1159

အခန်း ၁၁၅၉

Vol. 78 Ch. 1159

အခန်း ( ၁၁၅၉ ) ကောင်းကင်ကြီး ပြိုကျရင်တောင် ငါဒီမှာရှိတယ်။

တစ်နေရာလုံး တိတ်ဆိတ်သွားသည်။

ကျွင်းရှောင်ယောက်၏ နောက်လိုက်များကို ဤမျှ ပြတ်သားမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

အရေးအကြီးဆုံးက လှုပ်ရှားခဲ့သူမှာ ထူးထူးကဲကဲ လှပသော မိန်းကလေးနှစ်ယောက် ဖြစ်သည်။

ဤအပြောင်းအလဲက လူများစွာကို အံ့အားသင့်စေခဲ့ပေသည်။

"သူတို့နှစ်ယောက်မှာ တစ်ယောက်က ကျူးရှန်းဓားပြပဲ။ ဟိုအနီရောင်ဝတ်စုံဝတ် မိန်းကလေးကတော့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က တိုင်းတပါးကနေ ခေါ်လာခဲ့တာ။ သူတို့ နှစ်ယောက်စလုံးက အင်မတန် ရက်စက်တယ်"

"လှပသလောက် ပြတ်သားပြီး ရက်စက်တဲ့ မိန်းကလေးတွေပဲ၊ ငါတော့ ကြိုက်တယ်"

"ဒါပေမဲ့ သူတို့က တကယ်ကို ရဲတင်းလွန်းတယ်။ ရှေးဧကရာဇ်ငယ်ရဲ့ နောက်လိုက်တွေကိုတောင် သတ်ဝံ့တယ်။ ဒီလိုနည်းနဲ့ သူတို့ကြားက ပဋိပက္ခတွေက ပိုပြီး ကြီးထွားလာလိမ့်မယ်"

ပါရမီရှင်များစွာက ကျွင်းရှောင်ယောက်ကိုကြည့်ကာ ပြောဆိုလိုက်ကြသည်။

ယခင်က သူသည် အမှတ်ဆယ့်ရှစ်နှင့် အခြားသူများကို သတ်ခဲ့သည်။

ယခုလည်း နောက်ထပ်နှစ်ယောက် သေသွားပြီ။

ဤသည်မှာ ရှေးဧကရာဇ်ငယ်၏ မျက်နှာကို အကြိမ်ကြိမ် ဖြတ်ရိုက်လိုက်ခြင်းပင်။

တစ်ဖက်လူက မည်မျှပင် စိတ်ရှည်‌ပါစေ၊ သည်းခံနိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း လူတိုင်း အံ့အားသင့်သွားကြရသည်။

ကျွင်းရှောင်ယောက်၏ အမူအရာက အစမှအဆုံးထိ မပြောင်းလဲပေ။

သူ့နောက်လိုက်များ ပြုလုပ်ခဲ့သည့် သတ်ဖြတ်ခြင်းများနှင့် ပတ်သက်၍ ဘာခံစားချက်မှ ရှိပုံမရပေ။

မြင်းသည်တော်နှစ်ယောက်ကို သတ်လိုက်ပြီးနောက် ရွယ်ယွဲ့နှင့် စူးဟုန်ယီက အခြားသူများကို ဆက်လက်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

"အတင့်ရဲလိုက်တာ"

"ရပ်စမ်း"

မြင်းသည်တော်များစွာက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ကြသည်။ တချိန်တည်းမှာပင် သူတို့၏ နှလုံးသားများက အေးခဲသွား၏။

ကျွင်းရှောင်ယောက်၏ နောက်လိုက်နှစ်ယောက်က အဘယ်ကြောင့် ဤမျှကြီးစိုးရသနည်း။ အလွန်လည်း အစွမ်းထက်ကြသေးသည်။

ရုတ်တရက်၊ သူတို့၏စိတ်ထဲတွင် အနည်းငယ် နောင်တရလာကြသည်။ သူတို့က ရှေးဧကရာဇ်ငယ်ကို မတိုင်ပင်ဘဲ တရားမျှတမှုကို ရှာဖွေရန် ဆန္ဒမစောခဲ့သင့်ပေ။

ထိုစဉ်...

လေထဲမှာ နောက်ထပ် ပုံရိပ်နှစ်ခု ပေါ်လာသည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်၏။

အမျိုးသားက သွေးကျီးကန်းတစ်ကောင်ကို စီးနင်းထားသည်။

သူက ခန္ဓာကိုယ်ကြံ့ခိုင်ပြီး အနီရောင် ဆံပင်ရှည်များ ရှိ၏။ သူ့ခန္ဓာကိုယ်တွင် အနက်ရောင်နှင့် အနီရောင် နတ်ဆိုးအမှတ်အသားများကိုလည်း ရေးထိုးထားသေးသည်။

သူက ငါးမန်းသွားများကဲ့သို့ ချွန်ထက်သော သွားများပေါ်အောင် ပြုံးပြလိုက်သည်။ သူ့အမူအရာက ကြောက်စရာကောင်းလှပေသည်။

သူ့ကိုကြည့်ရသည်မှာ လူသားတစ်ဦးထက် နတ်ဆိုးတစ်ကောင်နှင့်ပင် ပို၍ တူသည်။

နောက်အမျိုးသမီးကတော့ ကြိုးကြာငှက်တစ်ကောင်ကို စီးနင်းထားလေသည်။

သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ အသားအရေက ကြည်လင်၏။ မျက်လုံးလေးများကလည်း တောက်ပကာ ဉာဏ်ပညာ အမြော်အမြင်ဖြင့် ပြည့်စုံပုံရသည်။

သူမက လှပပြီး တစ်ချက်ကြည့်မိရုံဖြင့် ချစ်မြတ်နိုးစေလောက်သော ရုပ်ရည်မျိုးပင်။

သူတို့နှစ်ယောက်၏ အသွင်ပြင်က လူများစွာကို အံ့အားသင့်စေခဲ့သည်။ သူတို့နှစ်ဦး၏ အသွင်ပြင်က အလွန်ထူးခြားသည် မဟုတ်လော။

ဤသည်က မိန်းမလှလေးနှင့် သားရဲကြီး အစစ်အမှန် ဖြစ်သည်။

"ဒါက ရန်ယွင် မြင်းသည်တော်တွေထဲက စတုတ္ထနဲ့ ပဉ္စမဖြစ်တဲ့ ပုလော့ရွယ်နဲ့ ဆံနီမိစ္ဆာပဲ"

အင်မော်တယ်ခုံရုံးဘက်တွင်၊ သမိုင်းကြောင်းကို အနည်းငယ်သိသော ပါရမီရှင်တစ်ဦးက တအံ့တဩဖြင့် ပြောလိုက်သည်။

ရန်ယွင်မြင်းသည်တော် ဆယ်ရှစ်ဦးစလုံးက အလွန်အစွမ်းထက်ကြသည်။

သို့သော်လည်း သူတို့၏အင်အားအရ အဆင့်သတ်မှတ်ထား၏။

မြင်းသည်တော် ဆယ့်ရှစ်ဦးတွင် စတုတ္ထအဆင်နှင့် ပဉ္စမအဆင့် ဖြစ်နေခြင်းက သူတို့၏အင်အားကို သက်သေပြနိုင်သည်။

"ဆံနီမိစ္ဆာက နတ်ဆိုးသွေးမျိုးဆက်ရှိပြီး လူနတ်ဆိုးလို့ နာမည်ကျော်ကြားတယ်။ တစ်ချိန်က သူဟာ ကြောက်စရာကောင်းတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်တဲ့။ နောက်ပိုင်းမှာတော့ သူ့ကို ရှေးဧကရာဇ်ငယ်က သူ့ကို အနိုင်ယူခဲ့တယ်"

"အဲဒီပုလော့ရွယ်ကလည်း သူ့ခေတ်က နတ်ဘုရားမတစ်ပါးပဲ။ သူက အစွမ်းထက်တဲ့အပြင် ဉာဏ်ပညာလည်း ကြီးမားတယ်။ သူကတော့ ရှေးဧကရာဇ်ငယ်ကို လေးစားတာကြောင့် သူ့ဆန္ဒအလျောက် လိုက်ပါလာခဲ့တာတဲ့"

ထိုခေတ်က ရန်ယွင်မြင်းသည်တော်များသည် အလွန်ကျော်ကြားသောကြောင့် မှတ်တမ်းအချို့ ကျန်ရစ်ခဲ့ပေသည်။

ယခုအချိန်တွင် ပုလော့ရွယ်နှင့် ဆံနီမိစ္ဆာက ရွယ်ယွဲ့နှင့် စူးဟုန်ယီတို့၏ တိုက်ခိုက်မှုများကို တိုက်ရိုက် တားဆီးသွားကြသည်။

ထိုအခါမှ အခြား မြင်းသည်တော်များလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြလေသည်။

ရွယ်ယွဲ့နှင့် စူးဟုန်ယီတို့က တစ်ချက်တည်းဖြင့် မသတ်နိုင်သောအခါ နောက်ပြန်ဆုတ်သွားပြီး ပုလော့ရွယ်နှင့် အခြားသူများကို အေးစက်စက် စိုက်ကြည့်လိုက်ကြသည်။

လေထုက အနည်းငယ် တင်းမာသွားသည်။

ကျွင်းရှောင်ယောက်နှင့် ရှေးဧကရာဇ်ငယ်တို့က အဓိကပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ယခုမူ၊ သူတို့နှစ်ယောက်က မတိုက်ခိုက်ကြသေးသော်လည်း...

သူတို့၏ နောက်လိုက်များက ထိပ်တိုက်တွေ့နေပြီ ဖြစ်သည်။

အခြား မြင်းသည်တော်များက ပုလော့ရွယ်နှင့် ဆံနီမိစ္ဆာတို့၏ဘေးတွင် ဝင်ရပ်လိုက်ကြသည်။

ဤတွင် ရီယု၊ ဝမ့်ချွမ်၊ ထာဝရဆင်းရဲဒုက္ခနတ်ဘုရားမနှင့် ရန်ချင်းယင်တို့ကလည်း ရှေ့သို့ တိုးလာကြ၏။

နောက်လိုက်များကြားမှ တိုက်ပွဲတစ်ခုဖြစ်သော်လည်း လူအများ၏ အာရုံစူးစိုက်မှုကို ရရှိရန် လုံလောက်သည်။

အကြောင်းမူ၊ သူတို့က အထူးချွန်ဆုံး ပါရမီရှင်များ ဖြစ်နေသောကြောင့်ပင်။

ပုလော့ရွယ်က လှပသော မျက်လုံးတို့ဖြင့် လူအုပ်ကိုစိုက်ကြည့်ရင်း နောက်ဆုံးတွင် ကျွင်းရှောင်ယောက်ပေါ်သို့ ကျရောက်လာသည်။

ပုလော့ရွယ် အံ့ဩသွား၏။

အဖြူရောင်ဝတ်စုံဖြင့် ထိုလူငယ်က တကယ်ကို သာမန်ဟုတ်ပုံမရပေ။

သူ၏ မြင့်မြတ်သော အဆင့်အတန်းနှင့် စိတ်နေစိတ်ထားက သူမ၏သခင်ထက် အားမနည်းပါ။

ကျွင်းရှောင်ယောက်သာ ရှေးဧကရာဇ်ငယ်၏ခေတ်တွင် မွေးဖွားခဲ့ပါက၊ ပုလော့ရွယ်သည် ရှေးဧကရာဇ်ငယ်ဘက်ကို ရောက်ဖြစ်ချင်မှ ရောက်လိမ့်မည်။

ယခုတော့ ပုလော့ရွယ်၏ မျက်နှာပေါ်တွင် တောင်းပန်သည့် အပြုံးတစ်ခု ပေါ်လာသည်။

"နတ်ဘုရားသားတော်ကို ရယ်စရာဖြစ်စေမိပါပြီ၊ သူတို့တွေက စိတ်မြန်လက်မြန် ပြုလုပ်မိသွားတယ်။ နတ်ဘုရားသားတော်က ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်"

"နောက်ဆုံးမှာတော့၊ ငါ့သခင်က နတ်ဘုရားသားတော်နဲ့တွေ့ဖို့ မျှော်လင့်နေတုန်းပဲ"

ပုလော့ရွယ်၏ စကာက လူတော်တော်များများကို အံ့သြစေခဲ့သည်။

ဒါက လိုက်လျောမှုတစ်ခုလား။

သို့သော်လည်း လူတချို့က တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။

သူက ရန်ယွင်မြင်းသည်တော်များကြားတွင် တွေးခေါ်တတ်သူ ဖြစ်ထိုက်သည်။

ပု‌လော့ရွယ်က နောက်ကို ခြေတစ်လှမ်းဆုတ်ခဲ့၏။

ရှေးဧကရာဇ်ငယ်က ကျွင်းရှောင်ယောက်နှင့် တွေ့ဆုံရန် မျှော်လင့်နေသည်ဟုလည်း ပြောဆိုခဲ့သေးသည်။

သူက ကျွင်းရှောင်ယောက်ကို ဝေးဝေးမသွားစေလိုခြင်း ဖြစ်သည်။ မဟုတ်ပါက၊ မည်သူ့အတွက်မျှ အကျိုးရှိမည် မဟုတ်ပေ။

သို့သော်လည်း ပုလော့ရွယ်၏ မျက်နှာအမူအရာမှာ အနည်းငယ် တင်းမာသွားရသည်။

ကျွင်းရှောင်ယောက်က သူမကို တစ်ချက်မျှမကြည့်ဘဲ လျစ်လျူရှုထားဆဲပင်။

ယင်းက ပုလော့ရွယ်ကို ရှက်ရွံ့ကာ အနည်းငယ် အဆင်မပြေဖြစ်စေသည်။

သူမက ခေတ်တစ်ခု၏ နတ်ဘုရားမတစ်ဦးဖြစ်ပြီး ရှေးဧကရာဇ်ငယ်၏ နောက်လိုက်တစ်ဦးလည်း ဖြစ်သေးသည်။

သို့တိုင်၊ ကျွင်းရှောင်ယောက်ကတော့ သူမကို စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

"ဟဲဟဲ..."

ဆံနီမိစ္ဆာက သွားဖြဲပြီး ပြုံးလိုက်သည်။

ပုလော့ရွယ်နှင့်ယှဉ်လျှင် သူက ရန်သူများအား တိုက်ရိုက်တိုက်ခိုက်၍ သုတ်သင်ရခြင်းအား ပိုသဘောကျသည်။

"တော်လောက်ပြီ။ အချိန်နီးနေပြီ... သွားဖို့ ပြင်ဆင်ကြတော့"

ယင်းကိုမြင်တော့ တတိယအကြီးအကဲ ရွှီမော့က အေးစက်စက် အော်ပြောလိုက်သည်။

သူ ဝင်မစွတ်ဖက်၍ ဤနောက်လိုက်များ တိုက်ခိုက်သောအခါ ခေါင်းကိုက်စရာများ ဖြစ်လာပေလိမ့်မယ်။

ရန်ယွင်မြင်းသည်တော်များ မျက်နှာမသာမယာ ဖြစ်နေကြသည်။

သူတို့ဘက်မှ လူနှစ်ယောက် သေဆုံးသွားကြသော်လည်း အကြီးအကဲရွှီမော့သည် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

ယခုတော့ သူသည် ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။

"အကြီးအကဲရွှီမော့... စိတ်မရှိပါနဲ့။ ဒီတစ်ခေါက်မှာ ကျွန်မတို့က စိတ်မြန်လက်မြန်ပြုမိသွားတယ်"

ပုလော့ရွယ်၏ မျက်နှာက ပြန်လည်ကြည်လင်လာပြီး ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်ကတော့ ပုလော့ရွယ်ကို လုံးဝ ဂရုမစိုက်ပေ။

အကြံအစည်အရ နက်နဲလွန်းလှသော ကျိချင်းရီကိုပင် သူက ချေမှုန်းပစ်နိုင်သည်။

ပုလော့ရွယ်က ကျိချင်းရီနှင့်ပင် မနှိုင်းယှဉ်နိုင်ပေ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ထိုရှေးဧကရာဇ်ငယ်ကို ပို၍ စိတ်ဝင်စားလာသည်။

ထိုသို့သော လက်အောက်ငယ်သားများ ရှိနေခြင်းက... ထိုရှေးဧကရာဇ်ငယ်တွင် တစ်စုံတစ်ခု ရှိနေပေလိမ့်မည်။

သို့သော်လည်း ထိုသို့ဖြင့် ပို၍ စိတ်ဝင်စားစရာကောင်းနိုင်သည်။

ကျွင်းရှောင်ယောက်သည်လည်း ပြိုင်ဘက်များကို လိုအပ်သည်။

ပြိုင်ဘက်ကင်းခြင်းက အထီးကျန်လွန်းသည် မဟုတ်လော။

"တောင်းပန်ပါတယ် သခင်‌၊ ငါတို့ ငါတို့ စိတ်မြန်လက်မြန်ရှိသွားတယ်"

"သခင်ကို ပြစ်တင်ပြောဆိုနေတာကို ငါတို့ သည်းမခံနိုင်ဘူး"

စူးဟုန်ယီနှင့် ရွယ်ယွဲ့က ရှေ့သို့တိုးလာကာ ခေါင်းငုံ့ပြီး ပြောလိုက်ကြသည်။

သူတို့ကို ကြည့်ရသည်မှာ အပြစ်လုပ်မိသောကြောင့် အပြစ်ပေးခံရရန် စောင့်နေကြသော ကလေးငယ်နှစ်ဦးကဲ့သို့ပင်။

နောက်ဆုံးတွင်၊ သူတို့၏ လှုပ်ရှားမှုကြောင့် ရှေးဧကရာဇ်ငယ်နှင့် ကျွင်းရှောင်ယောက်တို့ကြား ပဋိပက္ခက ပိုမိုပြင်းထန်လာတော့မည် ဖြစ်သည်။

ဒါက သာမန်မဟုတ်ပေ။

ကျွင်းရှောင်ယောက်က မိန်းကလေးနှစ်ယောက်၏ ခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။

"မင်းတို့ တကယ်ပဲ အပြစ်ရှိတယ်"

ထိုစကားကြောင့် မိန်းကလေးနှစ်ယောက်မှာ ပို၍ ခေါင်းငုံ့သွားကြ၏။

"မင်းတို့ အပြစ်ရှိတာက... ငါ့ကို ဒီလိုကိစ္စမျိုးအတွက်နဲ့ မတောင်းပန်သင့်ဘူး"

"သတ်ချင်တယ် မဟုတ်လား...၊ သတ်လိုက်"

"ကောင်းကင်ကြီး ပြိုကျရင်တောင် ငါရှိတယ်၊ မင်းတို့က ဘာကို ကြောက်နေရဦးမှာလဲ"

ကျွင်းရှောင်ယောက်၏ စကားများက နေရာတစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။

ဤသည်က ကျွင်းရှောင်ယောက်၏ လွှမ်းမိုးမှုပင်။

တစ်ဖက်လူက ရှေးဧကရာဇ်ငယ်ဖြစ်ရင်တောင် ဘာဖြစ်လဲ။

ထိုအချိန်တွင် ရွယ်ယွဲ့၊ စူးဟုန်ယီနှင့် ကျွင်းရှောင်ယောက်၏ နောက်လိုက်များအပြင် သူတို့ပတ်ဝန်းကျင်ရှိ လူများအားလုံး စိတ်လှုပ်ရှားသွားကြသည်။

ကျွင်းရှောင်ယောက်က သူတို့၏ တစ်သက်တာ ရိုသေလေးစားမှုနှင် ထိုက်တန်‌ပေသည်။

All Chapters