အခန်း ၁၁၆၂
Vol. 78 Ch. 1162
အခန်း ( ၁၁၆၂ ) အမှန်တရား၏သားတော်နှင့် တွေ့ဆုံခြင်း။
ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်အဆင့်က မျိုးဆက်တူတို့ထက် သာလွန်နေပြီ ဖြစ်သည်။
ရှေးဦးဝိညာဉ်များသာ ဝင်ရောက်နိုင်သော ရွှီထျန်းလောကတွင် သူသည် ပြိုင်ဘက်ကင်းသလောက် ဖြစ်၏။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်က ဆက်လက်တိုးတက်နေလျှင် ထာဝရသဲအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ယင်းက ပို၍ပင် ကြောက်စရာကောင်းလိမ့်မည်။
ထာဝရသဲအဆင့်တွင် ရှေးဦးဝိညာဉ်စွမ်းအားက အလွန်ကြီးမားလာမည် ဖြစ်သည်။
အတွေးတစ်ခုက ဂင်္ဂါမြစ်အတွင်းရှိ သဲအရေအတွက်ကဲ့သို့ပင်။
သိုင်းပညာတစ်ခုကို နားလည်ဆင်ခြင်လျှင်လည်း မရေမတွက်နိုင်သော ကျင့်ကြံသူများက နားလည်ဆင်ခြင်နေသကဲ့သို့ ဖြစ်လာမည်။
စိတ်ဝိညာဉ်တိုက်ခိုက်မှု ပြုလုပ်လျှင်လည်း စွမ်းအားက အဆများစွာ ကြီးမားပေလိမ့်မည်။
ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်ကို လုံးဝ ဖျက်ဆီးပစ်ရန် အလွန်ခက်ခဲသည်မှာ သေချာသည်။
တစ်နည်းဆိုရသော်၊ ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်က ထာဝရသဲအဆင့်သို့ ရောက်ရှိနေသရွေ့...
အနာဂတ်တွင် သူ၏ခန္ဓာကိုယ် ပျက်စီးသွားသော်လည်း၊ သူ၏ဝိညာဉ်က အရိပ်အယောင်မျှသာ ကျန်ရှိနေသရွေ့ နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာနိုင်သည်။
ဤသည်မှာ ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်၏ စွမ်းအားပင်။
ကျွင်းရှောင်ယောက်က သူ၏ ရှေးဦးဝိညာဉ်ကို မည်သို့ သန့်စင်ရမလဲဟု တွေးနေခဲ့ရသည်။
ယခုတော့ အခွင့်အရေးပေါ်လာပြီ။
ရွှီထျန်းလောကသည် သူ လေ့ကျင့်ရန် အကောင်းဆုံးနေရာ ဖြစ်သည်။
နောက်ပိုင်းမှာတော့ ကျွင်းရှောင်ယောက်အတွက် ပြဿနာမရှိခဲ့ပေ။
သူ၏ ဦးခေါင်းထက်တွင် အနက်ရောင် နေတစ်စင်းကဲ့သို့ ရေဝဲတွင်းနက်ကြီးတစ်ခု လည်ပတ်နေသည်။
ဤတွင်းနက်ကို ဝါးမျိုခြင်း နိယာမ၊ ဝါးမျိုခြင်းဖင်းဂေါ့ကျမ်း၊ နတ်ဘုရားဝါးမျိုခြင်း စွမ်းရည်၊ ကောင်းကင်ကိုဝါးမျိုပြီး နတ်ဖန်ဆင်းခြင်းကျင့်စဉ်... အစရှိသော ဝါးမျိုခြင်း စွမ်းရည်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
၎င်းက ကျွင်းရှောင်ယောက်၏ သတ်ဖြတ်ခြင်း နည်းလမ်းတစ်ခုလည်း ဖြစ်ချေသည်။
ရှေးပညာရှင်ဝိညာဉ်များက တစ်ခုတည်းသောတွင်းနက်၏ ဝါးမျိုခြင်းနှင့် သန့်စင်ခြင်းကို တွန်းလှန်ရန် မဖြစ်နိုင်သလောက်ပင်။
ကျွင်းရှောင်ယောက်က အေးအေးလူလူပင် လျှောက်လှမ်းသွားသည်။
သို့သော်လည်း အခြား အင်မော်တယ်အကယ်ဒမီ၏ တပည့်များမှာတော့ သူ့လောက် စိတ်မအေးနိုင်ရှာပေ။
လူများစွာမှာ ရှေးပညာရှင်ဝိညာဉ်များ၏ သတ်ဖြတ်ခံရပြီး အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။
ရွှီထျန်းလောက၏ တစ်နေရာတွင်... လူတစ်ယောက်က အခွင့်အလမ်းများကို ရှာဖွေနေသည်။
သူက ရန်ယွင်မြင်းသည်တော်များထဲမှ တစ်ဦး ဖြစ်၏။
သူတို့လည်း ရွှီထျန်းလောကသို့ ၀င်ရောက်လာကြသည်။
"ဟမ့်၊ ဧကရာဇ်ငယ် ပေါ်လာတဲ့အခါ ကျွင်းရှောင်ယောက်နဲ့ သူ့နောက်လိုက်တွေက ဒီလောက်မောက်မာနိုင်ဦးမှာလား"
သူ့မျက်လုံးများက အေးစက်သွားသည်။
သို့သော် ထိုအချိန်တွင်... သူ့ဆံပင်များက ရုတ်တရတ် ထောင်ထသွားသည်။
"ဝှစ်"
အနီရောင်ဝတ်စုံဝတ် မိန်းကလေးတစ်ယောက် ပေါ်လာသည်။
ကြောက်စရာကောင်းသော လက်ရှစ်ဖက် နတ်ဆိုးပုံရိပ်ကြီးတစ်ခုက သူ့အနောက်တွင် ပေါ်လာ၏။
"ဝုန်း"
ထိုမြင်းစီးသူရဲမှာ ပြန်လည်တိုက်ခိုက်ရန်ပင် အခွင့်အလမ်းမရှိပေ။
သူ၏ ရှေးဦးဝိညာဉ်က တိုက်ရိုက် ဖျက်ဆီးခံခဲ့ရသည်။
တိုက်ခိုက်ခဲ့သူမှာ သဘာဝအတိုင်း စူးဟုန်ယီပင်။
"ရွှီထျန်းလောကမှာ နင်တို့တွေ ဘယ်လိုအခွင့်အလမ်းမှ ရရှိနိုင်မှာ မဟုတ်ဘူး"
စူးဟုန်ယီ၏ သွေးနီရောင် မျက်လုံးများက အလွန်အေးစက်နေသည်။
ကျွင်းရှောင်ယောက်၏ နောက်လိုက်များက ရန်ယွင်မြင်းသည်တော်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီ။
ဤသည်မှာ နောက်လိုက်များကြားက တိုက်ပွဲ ဖြစ်သည်။
တခြားနေရာများတွင်လည်း ကျွင်းရှောင်ယောက်၏ နောက်လိုက်များဖြစ်သည့် ဝမ့်ချွမ်၊ ရီယုနှင့် အခြားသူများက အခြားသော ရန်ယွင်မြင်းသည်တော်များနှင့် တိုက်ခိုက်နေကြသေးသည်။
အခြား နေရာတစ်ခုမှာတော့...
ပုလော့ရွယ်နှင့် ဆံနီမိစ္ဆာတို့ ပေါ်လာကြသည်။
သူတို့က ရွှီထျန်းလောကသို့ ဝင်ရောက်လာပြီး မကြာမီပင် ပြန်ဆုံခဲ့၏။
ပုလော့ရွယ်၏ လှပသော မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားကာ တစ်စုံတစ်ခုကို တွေးတောနေသည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ နောက်လိုက်တွေက ငါတို့ ရန်ယွင်မြင်းသည်တော်တွေကို လိုက်ပြီးယှဉ်ပြိုင်နေကြတယ်"
ဆံနီမိစ္ဆာက အေးစက်စက် ပြောလိုက်၏။
"ဒီလိုဆိုရင် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာပေါ့။ ငါ မသတ်ရတာ ကြာပြီ"
ပုလော့ရွယ်က အနည်းငယ် သက်ပြင်းချလိုက်လေသည်။
"ဧကရာဇ်ငယ်က ဒါကို လက်မလွှတ်သင့်ဘူး"
"ဟမ်၊ မင်း ပြောချင်တာက..."
ဆံနီမိစ္ဆာ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သူသည် အကြောက်အလန့်မရှိဘဲ အလွန်ရက်စက်ကြမ်းကြုတ်၏။
ရှေးဧကရာဇ်ငယ် တိဟောက်ထျန်းကိုသာ သူက ကြောက်ရွံ့သည်။
ဤကမ္ဘာသို့ဆင်းသက်လာပြီးနောက် နတ်ဘုရားကဲ့သို့ လက်ဖဝါးတစ်ဖက်တည်းဖြင့် ဖိနှိပ်ခဲ့သော ထိုရုပ်သွင်ကို သူ မမေ့သေးပေ။
"ဟုတ်တယ်၊ ဧကရာဇ်ငယ်သခင်... သူလည်း ရွှီထျန်းလောကကို လာရောက်သင့်တယ်"
ပုလော့ရွယ်၏ လှပသော မျက်လုံးများက အရောင်လက်လာသည်။
"ဟားဟားဟား၊ ဒါက ပိုကောင်းတယ်။ ကျွင်းရှောင်ယောက်နဲ့ တခြားသူတွေ မောက်မာဖို့ အချိန်သိပ်မကျန်တော့ဘူး"
ဆံနီမိစ္ဆာက အားပါးတရ ရယ်မောလိုက်လေသည်။
.........
အချိန်ကြာလာသည်နှင့်အမျှ၊ အင်မော်တယ်အကယ်ဒမီ၏ တပည့်တချို့သည် ရွှီထျန်းလောက အတွင်းပိုင်းသို့ တဖြည်းဖြည်း နက်နဲလာကြသည်။
ရွှီထျန်းလောကသည် ကြီးမားကျယ်ပြန့်သော တိုက်ကြီးတစ်ခုကဲ့သို့ ကြီးမားသည်။
သို့သော်လည်း အတွင်းပိုင်းသို့ ပိုနက်နဲလေလေ အန္တရာယ်များလေလေပင်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က တိုက်ရိုက် လျှောက်လှမ်းသွားပြီး မရေမတွက်နိုင်သော ရှေးပညာရှင်ဝိညာဉ်များကို သန့်စင်ခဲ့သည်။
သူ၏ ရည်မှန်းချက်မှာ ရွှီထျန်းလောက၏ အနက်ရှိုင်းဆုံးနေရာသို့ သွားရန်ဖြစ်သည်။
နောက်ဆုံးတွင်၊ သူ့မှာ လက်မှတ်ထိုးဝင်ရန် သတိပေးချက် ရှိသေးသည်။
ရှေးပညာရှင်ဝိညာဉ်များကို သန့်စင်လာသည်နှင့်အမျှ ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်ဟာ ပို၍ သန်မာလာသလို ခံစားခဲ့ရသည်။
ထိုအချိန်တွင် ပြင်းထန်သော စိတ်ဝိညာဉ်လှိုင်းလုံးကြီးက သူ့ရှေ့တွင် ပေါ်လာသည်။
အားကောင်းသော သားရဲများနှင့် ရှေးပညာရှင်ဝိညာဉ်အချို့ ပေါ်လာကြ၏။
ဦးခေါင်းတစ်လုံးနှင့် ခန္ဓာကိုယ်နှစ်ခုရှိသော မြွေကြီးတစ်ကောင် ပေါ်လာသည်။
၎င်းက ဒဏ္ဍာရီလာ ရှေးဦးသားရဲတစ်မျိုးဖြစ်သော ဖေးယီပင်။
အမြီးငါးခုနှင့် ဦးချိုတစ်ခုပါရှိသော အနီရောင်ကျားသစ်ကဲ့သို့ သားရဲတစ်ကောင်လည်း ရှိသည်။ ၎င်းကလည်း ဒဏ္ဍာရီလာသားရဲကြီး "ကျန့်"ဖြစ်၏။
"အဲဒါက ဘယ်လိုစစ်ပွဲမျိုးလဲ။ ဒီရှေးဦးသားရဲတွေကိုတောင် စစ်မြေပြင်ထဲဝင်ဖို့ ဆွဲခေါ်သွားခဲ့တာ"
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် သံသယများ ပိုများလာသည်။
ရွှီထျန်းလောကတွင် ဖြစ်ပွားခဲ့သော စစ်ပွဲသည် ရှေးခေတ်က အကြီးကျယ်ဆုံး စစ်ပွဲဖြစ်သင့်သည်။
ကျွင်းမိသားစု၏ ယခင် အင်မော်တယ်စစ်ပွဲတွင်လည်း ကျူးယန်ကဲ့သို့ သားရဲကြီးတချို့ကို အသုံးပြုခဲ့ပေသည်။
ထို့ပြင် ရွှီထျန်းလောက အတွင်းပိုင်းသို့ ပို၍ ဝင်သွားသောအခါ ကျွင်းရှောင်ယောက်၏ သွေးမှ တစ်စုံတစ်ခုကို ခံစားခဲ့ရသည်။
ရွှီထျန်းလောက စစ်ပွဲသည် အလွန်အရေးကြီးသော တိုက်ပွဲဖြစ်သင့်သည်ဟု ဝိုးတဝါး ခံစားမိ၏။
ထို့ပြင် ဤစစ်ပွဲမှတ်တမ်းများကို တမင်ဖျက်ပစ်ခဲ့ပုံရကာ သမိုင်းမှတ်တမ်းများတွင် မှတ်တမ်းတင်ထားခြင်း မရှိပေ။
"အခြေအနေတချို့ကို နားလည်ချင်ရင် ရွှီထျန်းလောကရဲ့ နက်နဲရာကိုဝင်ပြီး ငါ့ရဲ့သွေးမျိုးဆက်ကို နားလည်သဘောပေါက်စေမဲ့ အရာတစ်ခုကို ရှာရမယ်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက စဉ်းစားဆင်ခြင်မှု အရိပ်အယောင်တို့ ပေါ်လာသည်။
ထို့နောက်တွင်၊ သူက ရှေးပညာရှင်ဝိညာဉ်များကို သန့်စင်ရန် ဟန်ပြင်လိုက်၏။
ထိုအခိုက်တွင်... ကြီးမားကျယ်ပြန့်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရှေးဦးသားရဲ ဝိညာဉ်များကို လွှမ်းခြုံသွားတော့သည်။
"ဟမ်"
ကျွင်းရှောင်ယောက်က ရောက်လာသူကို ကြည့်လိုက်သည်။
ထိုသူက ဘာသာဝင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ဦးခေါင်းအနောက်တွင်လည်း ယုံကြည်ခြင်းအလင်းစက်ဝိုင်းတစ်ခု ရှိနေ၏။
၎င်းက အမှန်တရား၏သားတော်ပင်။
သူက ကျွင်းရှောင်ယောက်ကိုကြည့်ကာ အနည်းငယ်ပြုံးပြလိုက်သည်။
"ညီကိုကျွင်းပဲ... တိုက်ဆိုင်လိုက်တာ"
အမှန်တရား၏သားတော်က သီးခြားဆန်ပြီး အေးချမ်းသော ပုံစံမျိုး ရှိသည်။
ထိုအပြုံးလေးကလည်း နွေဦးလေပြေကဲ့သို့ဖြစ်၍ လူတို့၏ မသိစိတ်က သူ့အပေါ် အထင်ကြီးလာစေနိုင်သည်။
သို့သော်လည်း ယင်းက သာသနာပြုသူတစ်ယောက်အဖြစ်သာ...
"ငါတို့ချင်းသိလား"
ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်သို့ယှက်ပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။
အမှန်တရား၏သားတော်က သူ့ကို လှည့်စားချင်လျှင် လိုအပ်ချက်တို့ရှိသေးသည်။
အမှန်တရား၏သားတော်က ကျွင်းရှောင်ယောက်၏ သဘောထားကို စိတ်ထဲမထားသလို တည်ငြိမ်စွာ ပြုံးနေဆဲ ဖြစ်သည်။
"ညီကိုကျွင်း၊ အရင်က ငါတို့ရဲ့ အင်အားစုနှစ်ခုကြားက နားလည်မှုလွဲမှားတာတွေ ရှိခဲ့တယ်၊ ဒါပေမဲ့ အဲဒါက အတိတ်ဖြစ်သွားပါပြီ"
"ဘုရားသခင်က ငါတို့ရဲ့ အတိတ်ကို မပြောင်းလဲနိုင်ပေမဲ့ အနာဂတ်ကို အနာဂတ်ကိုတော့ ဖန်တီးနိုင်တယ်လို့ မိန့်ထားပါတယ်"
"အဲဒီတော့ ဘာဖြစ်လဲ"
ကျွင်းရှောင်ယောက်က မျက်ခုံးပင့်လိုက်၏။
သူက ထိုဘုရားသခင်ဆိုသူကို လုံးဝ ဂရုမစိုက်ပေ။
ကုရ်အာန်သူတော်စင်ဂိုဏ်း၏ အလ္လာဟ်သည် အမှောင်ဘုရင်မျိုးရိုးမှ လက်တစ်ဖက်အမှောင်ဘုရင်နှင့် အတူတူ ဖြစ်သည်။
သူက ဒဏ္ဍာရီဆန်ဆန် တည်ရှိမှုဖြစ်သော်လည်း၊ အလွန်အစွမ်းထက်သည့် လူတစ်ယောက်သာ ဖြစ်နေဆဲပင်။
သူ့ကို ဘုရားသခင်လို့ ခေါ်နိုင်မှာလား။
ကျွင်းရှောင်ယောက်က အန္တိမကပ်ဘေးကြီးကိုပင် ရင်ဆိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ဘုရားသခင်ဆိုတာကို မယုံကြည်ပေ။
"ငါတို့ရဲ့ အဓိကအင်အားစုနှစ်ခုက ရန်လိုမုန်းတီးမှုကို ခင်မင်ရင်းနှီးမှုအဖြစ် ပြောင်းလဲနိုင်မယ်လို့ ငါထင်ပါတယ်။ ညီအစ်ကိုကျွင်းက စိတ်ဝင်စားတယ်ဆိုရင် ငါတို့ရဲ့ဂိုဏ်းမှာတောင် ပါဝင်နိုင်တယ်"
အမှန်တရား၏သားတော်က ပြောလိုက်သည်။
ယင်းက ကျွင်းရှောင်ယောက်ကို အနည်းငယ် အံ့သြသွားစေသည်။
"ဘာလို့လဲ"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
အမှန်တရား၏သားတော်က ပြုံးပြီးပြောလိုက်၏။
"ညီအစ်ကိုကျွင်းက အခုဆိုရင် အင်မော်တယ်နယ်မြေကြီးကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းဖြစ်နေပြီလေ။ ဝိညာဉ်အားလုံးရဲ့ ယုံကြည်မှု အများအပြားကို ရရှိနေပြီ"
"ဒီလောက်ကြီးမားတဲ့ ယုံကြည်ခြင်းစွမ်းအားတွေကို အလဟသဖြစ်ခဲ့ရင် နှမြောစရာပေါ့"
"ငါ့ရဲ့ ကုရ်အာန်သူတော်စင်ဂိုဏ်းက ယုံကြည်ခြင်းရဲ့ စွမ်းအားကို လေ့ကျင့်ဖို့ နည်းလမ်းတစ်ခု ရှိပါတယ်။ ငါ့ဝိညာဉ်တောင်မှ ဒီလိုပဲ"
အမှန်တရား၏သားတော်က ပြောလိုက်သည်။ ယုံကြည်ခြင်းအလင်းက သူ့ခန္ဓာအနှံ့ ဖြာထွက်လာ၏။
သူ၏ဝိညာဉ်က သာမန်ဝိညာဉ်မဟုတ်ပေ။
၎င်းက အလွန်ထူးခြားပြီး ရှားပါးသော ယုံကြည်ခြင်း ရှေးဦးဝိညာဉ် ဖြစ်သည်။