အခန်း ၁၁၆၃
Vol. 78 Ch. 1163
အခန်း ( ၁၁၆၃ ) အထူးရှေးဦးဝိညာဉ် အမျိုးအစား။
ကျင့်ကြံသူအများစု၏ ရှေးဦးဝိညာဉ်များက သာမန်ဝိညာဉ်များ ဖြစ်သည်။
သို့သော်လည်း အထူးဝိညာဉ်များဖြင့် ပါရမီရှင်များ ရှိသေးသည်။
အထူးဝိညာဉ်ဆိုသည်မှာ အထူး တာအိုခန္ဓာနှင့် ဆင်တူသည်။ ၎င်းတို့က အလွန်ထူးကဲပြီး ရှားပါးသော တည်ရှိမှုများ ဖြစ်ချေသည်။
ဥပမာအားဖြင့်၊ လူအချို့က မိုးကြိုးလျှပ်စီးတို့နှင့် မွေးဖွားလာကြသည်။ သူတို့က ကောင်းကင်ကပ်ဘေး ဖြတ်ကျော်ချိန်မှာပင် သူတို့၏ရှေးဝိညာဉ် ဖျက်ဆီးခံရမည်ကို မကြောက်ဘဲ ကပ်ဘေး၏စွမ်းအားကို စုပ်ယူနိုင်ပေသည်။
နောက်ထပ်ဥပမာတစ်ခုကတော့ အနောက်ဘက်နိဗ္ဗာန်ဘုံ ဖြစ်သည်။ သူတို့၏ ပြန်လည်ဝင်စားခြင်း ရှေးဦးဝိညာဉ်က နာမည်ကျော်ပင်။
သူတို့၏ ရှေးဦးဝိညာဉ်က ပြန်လည်ဝင်စားခြင်း အထူးစွမ်းရည် ရှိသည်။
ဥပမာအားဖြင့်၊ လူဝင်စားဗုဒ္ဓက ဗုဒ္ဓဝါဒီ အကျော်အမော်တစ်ဦး၏ ပြန်လည်ဝင်စားသူဟု ကောလဟာလများ ရှိပေသည်။
ကျွင်းရှောင်ယောက်၏ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ကလည်း အရှားပါးဆုံးနှင့် အစွမ်းထက်ဆုံး အထူးဝိညာဉ်တစ်မျိုး ဖြစ်သည်။
အတွေးတစ်ခုဖြင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ရှေးဦးဝိညာဉ်သုံးခုကို ထင်ရှားစေနိုင်ပေသည်။
အနာဂတ်တွင်၊ ဝိညာဉ်သုံးခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ပါက ကြီးမားသော အရည်အသွေးပိုင်းဆိုင်ရာ အသွင်ကူးပြောင်းမှုတစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။
ယခု အမှန်တရား၏သားတော် ပြသထားသော ယုံကြည်ခြင်း ရှေးဦးဝိညာဉ်ကလည်း အထူးဝိညာဉ်တစ်မျိုးပင်။
ဤရှေးဦးဝိညာဉ်မျိုးက ယုံကြည်ခြင်းစွမ်းအားဖြင့် လေ့ကျင့်ရသည်။
ယုံကြည်ခြင်းရှိသရွေ့ သူ၏ ရှေးဦးဝိညာဉ်ကို ဖျက်ဆီးရန် ခက်ခဲလိမ့်မည်။
ဤသည်မှာ အမှန်တရား၏သားတော်က ယုံကြည်မှုရှိရှိဖြင့် ကျွင်းရှောင်ယောက်ကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်သည့် အကြောင်းရင်းလည်း ဖြစ်သည်။
ရှေးဦးဝိညာဉ်ချည်းဆိုလျှင် သူ့ကို ဖိနှိပ်နိုင်ရန် မလွယ်ပေ။
ကုရ်အာန်သူတော်စင်ဂိုဏ်းကဲ့သို့ ဘာသာရေးဂိုဏ်းများက ယုံကြည်ခြင်းနှင့် ရှေးဦးဝိညာဉ်ကို အသုံးချရာတွင် အစွမ်းထက်ကြသည်။
"ဘယ်လိုလဲ ညီအစ်ကိုကျွင်း၊ မင်း ငါတို့ရဲ့ ကုရ်အာန်သူတော်စင်ဂိုဏ်းကို ဝင်ရောက်မယ်ဆိုရင် ယုံကြည်ခြင်းရဲ့ အင်မော်တယ်ကျမ်းကို ငါ မင်းကို တစ်ခါတည်း သင်ပေးနိုင်တယ်"
အမှန်တရား၏သားတော်က ပြုံးလျက် ပြောလိုက်သည်။
"ဒီလောက်လွယ်တာလား၊ ငါက ဘာမှ ပြန်မပေးရဘူးပေါ့"
ကျွင်းရှောင်ယောက်က ပြုံးလိုက်၏။
ကုရ်အာန်သူတော်စင်ဂိုဏ်းက အတိတ်က အာဃာတများကို လျစ်လျူရှုပြီး စိတ်ရင်းမှန်ဖြင့်ဆိုလျှင် တစ်မျိုးဖြစ်နိုင်သည်။
သို့သော်...
စင်စစ်တွင်၊ ကုရ်အာန်သူတော်စင်ဂိုဏ်းက သူ၏ နတ်ဘုရားဓမ္မခန္ဓာကို မျက်စိကျနေသည့်အပြင် သက်ရှိသတ္တဝါအားလုံး၏ ယုံကြည်မှုကို ရရှိနိုင်သည့်အတွက်လည်း သူ့အား အနည်းငယ် မနာလိုဖြစ်နေသည်။
ကျွင်းရှောင်ယောက်သာ ကုရ်အာန်သူတော်စင်ဂိုဏ်းကို ဝင်ရောက်ခဲ့မည်ဆိုလျှင် သံသယဖြစ်စရာမလိုပေ။
ကုရ်အာန်သူတော်စင်ဂိုဏ်းက သူ၏ ယုံကြည်ခြင်း စွမ်းအားများကို တိုက်ရိုက် ဆွဲယူသွားမည်ကို ကြောက်ရသည်။
"ညီအစ်ကိုကျွင်းက နောက်နေပြန်ပါပြီ၊ ငါက မင်းကို ဘာကြောင့် တန်ကြေးတစ်ခုပေးစေရမှာလဲ"
အမှန်တရား၏သားတော်က မသက်မသာဟန်ဖြင့် ပြုံးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ၊ အနည်းဆုံးတော့ ယခုအချိန်တွင် အမှန်တရား၏သားတော်သည် ဝန်ခံမည် မဟုတ်ပေ။
"တကယ်လား၊ မင်းရဲ့ ကုရ်အာန်ဂိုဏ်းက ငါ့ရဲ့ နတ်ဘုရားဓမ္မခန္ဓာကို အရမ်းစိတ်ဝင်စားနေတယ်လို့ ငါထင်နေတာ"
ကျွင်းရှောင်ယောက်က သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
အမှန်တရားသားတော်၏ မျက်လုံးများတွင် မှောင်မိုက်သော အလင်းတန်းတစ်ခု လင်းလက်လာသည်။
၎င်းက သူတို့ကို သွေးဆောင်ခြင်းမရှိဘူးဟုဆိုလျှင် လိမ်ညာရာကျလိမ့်မည်။
နတ်ဘုရားဓမ္မခန္ဓာ၏ အစွမ်းသတ္တိကို လူတိုင်းမြင်နိုင်သည်။
၎င်းကို အသက်သွင်းရန် သက်ရှိသတ္တဝါများထံမှ ယုံကြည်ခြင်းစွမ်းအားများစွာ လိုအပ်သော်လည်း ၎င်း၏စွမ်းအားက အံ့မခန်းပင်။
မဟုတ်ပါက၊ အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်နိုင်ခဲ့မည် မဟုတ်ပါ။
ရှေးဟောင်းတော်ဝင်မိသားစုများက ကျွင်းရှောင်ယောက်၏ မျိုးဆက်သုံးခု ကြေးဝါခေါင်းတလားနှင့် အနက်ရောင်သွေးတို့ကို စိတ်ဝင်စားကြသည်။
ကုရ်အာန်သူတော်စင်ဂိုဏ်းကမူ နတ်ဘုရားဓမ္မခန္ဓာကို လောဘဇောတက်ကြ၏။
"ဟားဟားဟား၊ ညီအစ်ကိုကျွင်းက တကယ်ကို ရယ်စရာပြောတတ်တာပဲ။ အခုဆိုရင် အင်မော်တယ်နယ်မြေကြီးမှာ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဖြစ်တဲ့ မင်းကို ထိပါးဝံ့သူက အများကြီး မရှိပါဘူး"
အမှန်တရား၏သားတော်က ရယ်မောလိုက်သည်။
ကျွင်းရှောင်ယောက်က အနည်းငယ် သက်ပြင်းချလိုက်သည်။
"စိတ်မကောင်းစရာပါဘူး၊ ငါ ကျွင်းရှောင်ယောက်က နတ်ဘုရားတွေ၊ ဘုရားသခင်တွေကို မယုံကြည်ဘူး"
"ငါသာလျှင် ငါ့ရဲ့ ဘုရားသခင်ပဲ"
ကျွင်းရှောင်ယောက်က အေးအေးလူလူ ပြောလိုက်သည်။
အမှန်တရားသားတော်၏ မျက်လုံးအိမ်များက ကျဉ်းမြောင်းသွားသည်။
သို့သော်လည်း အမှန်တရား၏သားတော်က ဘာမျှမပြောရသေးမီတွင် ကျွင်းရှောင်ယောက်က ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ငါတို့ ပူးပေါင်းဆောင်ရွက်ချင်ရင် ဖြစ်နိုင်ချေတစ်ခု ရှိတယ်"
"အိုး၊ ညီအစ်ကိုကျွင်း ပြောပါ"
အမှန်တရားသားတော်၏ မျက်လုံးများက တောက်ပလာသည်။
ကျွင်းရှောင်ယောက်နှင့် ပူးပေါင်းနိုင်သရွေ့ နတ်ဘုရားဓမ္မခန္ဓာ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြည်းညှင်းစွာ စူးစမ်းနိုင်လိမ့်မည်။
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ကုရ်အာန်သူတော်စင်ဂိုဏ်းရဲ့ အလ္လာဟ်ကို စွန့်ပယ်ပြီး ငါ့ကို ယုံကြည်ကိုးကွယ်နိုင်တယ်"
"ငါ ကျွင်းရှောင်ယောက်က မင်းရဲ့ ဘုရားသခင်အသစ်ဖြစ်လာပြီး မင်းကို အလင်းရောင်ဆီ ခေါ်ဆောင်သွားနိုင်တယ်"
"ဝုန်း"
သူ့စကားများက အမှန်တရားသားတော်၏ စိတ်ထဲတွင် မိုးကြိုးအစင်းတစ်ရာ ပစ်ခွင်းလိုက်သကဲ့သို့ပင်။
သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
သူ့မျက်နှာပေါ်ရှိ အပြုံးက တင်းမာလာ၏။ ဟန်ဆောင်ဖုံးဖိ၍ မရနိုင်အောင် ဒေါသတကြီးဖြစ်သွား၏။
ဤဘာသာရေးဂိုဏ်းဝင်များအတွက် ယုံကြည်ခြင်းက လုံးဝ တုန်လှုပ်ခြင်းမရှိသော အရာဖြစ်သည်။
ကျွင်းရှောင်ယောက်၏ စကားများက သူတို့၏ ဘုရားသခင်ကို စော်ကားလိုက်ခြင်းပင်။
ဒါက လုံးဝ ခွင့်မလွှတ်နိုင်သော အပြစ်ကြီး ဖြစ်သည်။
"ကျွင်းရှောင်ယောက်၊ မင်းက ငါတို့ ကုရ်အာန်သူတော်စင်ဂိုဏ်းနဲ့ ပူးပေါင်းဖို့ တကယ်ကို ဆန္ဒမရှိဘူးထင်တယ်"
အမှန်တရားသားတော်၏ မျက်နှာက လုံးဝ အေးစက်သွားခဲ့သည်။
ယခုအချိန်တွင် သူ လုံးလုံးနားလည်သွားပြီ။
ကျွင်းရှောင်ယောက်က သူ့ရည်ရွယ်ချက်ကို အစကတည်းက မြင်ခဲ့သည်။
ယခုအချိန်ထိ သူ့ကို အရူးတစ်ယောက်လို လှည့်စားနေခဲ့ခြင်းသာ...
ယင်းကြောင့် အမှန်တရားသားတော်၏ မျက်နှာပေါ်ရှိ နွေးထွေးသောအပြုံးက ပျောက်ကွယ်သွားကာ ရေခဲတမျှ အေးစက်သွားခဲ့သည်။
"ကုရ်အာန်သူတော်စင်ဂိုဏ်းက ငါ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ထိုက်တန်လို့လား"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။
"အခု မင်းအသက်ရှင်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ကျွင်းဧကရာဇ်ခုံရုံးကို ဝင်ရောက်တာပဲ။ ဒီလိုဆိုရင် ငါ့ရဲ့ နတ်ဘုရားဓမ္မခန္ဓာကို မက်မောမိတဲ့ မင်းကို ငါ ခွင့်လွှတ်နိုင်တယ်"
"ကျွင်းရှောင်ယောက်၊ မင်းတစ်ယောက်တည်း ကြီးစိုးနိုင်တယ်လို့ မထင်နဲ့"
အမှန်တရား၏သားတော်က အေးစက်စက် ပြောလိုက်သည်။ သူ၏ ဦးခေါင်းနောက်ဘက်ရှိ ရွှေရောင်အလင်းစက်ဝိုင်းမှ အဆုံးမဲ့အလင်းရောင်များ ဖြာထွက်လာ၏။
ဤအခြေအနေထိရောက်မှတော့ ဟန်ဆောင်နေရန် မလိုတော့ပါ။
သူတို့က ဆန့်ကျင်ဘက်ဘက်တွင် ရပ်တည်ရန် ရည်မှန်းထားပြီးပြီ ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်တွင် သူလုပ်ရမှာက ကျွင်းရှောင်ယောက်၏ ရွှီထျန်းလောက အခွင့်အလမ်းကို မရရှိနိုင်အောင် ဖျက်ဆီးပစ်ရန်ပင်။
ကျွင်းရှောင်ယောက်နှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ရမည်ဆိုလျှင်...
အမှန်တရား၏သားတော်က အလွန်သတိထားရမည် ဖြစ်သည်။
ထို့ပြင် ယုံကြည်မှုလည်း သိပ်မရှိပေ။
သို့ရာတွင်၊ ယခုတော့ သူတို့နှစ်ဦးလုံးက ရှေးဦးဝိညာဉ်အခြေအနေတွင် ရှိနေသည်။
သူ၏ ဝိညာဉ်ကလည်း ဖျက်ဆီးရခက်သော ယုံကြည်ခြင်း အထူးဝိညာဉ် ဖြစ်၏။
ထို့ကြောင့် သူ့တွင် ယုံကြည်မှုရှိသည်။
"အပြစ်လုပ်တဲ့သူကို အပြစ်ပေးရမယ်လို့ ဘုရားသခင်က မိန့်ထားတယ်"
ယုံကြည်ခြင်းအလင်းက ရွှေရောင်နေတစ်စင်းကဲ့သို့ အမှန်တရားသားတော်၏ ခန္ဓာကိုယ်တွင် တောက်လောင်နေသည်။
မရေမတွက်နိုင်သော သတ္တဝါတို့၏ ကိုးကွယ်ပူဇော်ခြင်းနှင့် ဆုတောင်းနေသံများ ထွက်ပေါ်လာ၏။
ဤအလင်းရောင်အောက်တွင် ကျွင်းရှောင်ယောက်ဟာ ဟာ အဆုံးမဲ့အသံများကို ကြားနေရသည်။
သူတို့က ကျွင်းရှောင်ယောက်ကို ကုရ်အာန်သူတော်စင်ဂိုဏ်းသို့ ဝင်ရောက်ရန် ဆွဲခေါ်နေသကဲ့သို့ပင်။
"ဟမ့်...ရယ်စရာပဲ"
ကျွင်းရှောင်ယောက်က အေးစက်စက် ကြည့်လိုက်သည်။
သူ့တွင် ကံကြမ္မာနတ်ဘုရားဂိုဏ်း ရှိ၏။
သူ၏ရည်ရွယ်ချက်မှာ ကံကြမ္မာနတ်ဘုရားဂိုဏ်းကို ကုရ်အာန်သူတော်စင်ဂိုဏ်းနှင့် အနောက်ဘက်နိဗ္ဗာန်ဘုံကဲ့သို့ ထိပ်တန်းဂိုဏ်းများကို ကျော်တက်စေရန် ဖြစ်သည်။
သူက ကုရ်အာန်သူတော်စင်ဂိုဏ်းကို မည်သို့ယုံကြည်နိုင်မည်နည်း။
ကျွင်းရှောင်ယောက်၏ မျက်ခုံးနှစ်ခုကြားမှ မိုးနှင့်မြေကို ဖြတ်တောက်နိုင်ပုံရသော ရွှေရောင် ဓားတစ်လက် ပေါ်လာသည်။
မူလတာအိုအုပ်ချုပ်သူဓား။
ယင်းကိုမြင်တော့ အမှန်တရား၏သားတော်က တစ်စုံတစ်ခုကို ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။
သူ့ပါးစပ်မှ ထူးဆန်းသော ရွှေရောင် စကားလုံးများ တစ်လုံးပြီး တစ်လုံး ထွက်လာ၏။
၎င်းက ကုရ်အာန်သူတော်စင်ဂိုဏ်း၏ အထူးစွမ်းရည်တစ်မျိုး ဖြစ်သည်။ ၎င်းကို ကုရ်အာန်၏ လျှို့ဝှက်ဆန်းကြယ်သော ဘုရားသခင်က ဖန်တီးထားပြီး အထူး လျှို့ဝှက်စွမ်းအားများ ပိုင်ဆိုင်ထားကြောင်း ကောလဟာလများ ရှိပေသည်။
ထူးဆန်းသော စကားလုံးများစွာက မူလတာအိုအုပ်ချုပ်သူဓားနှင့် တိုက်မိပြီး လှိုင်းလုံးကြီးများ ထွက်လာသည်။
"အဓိပတိမန္တန်"
အမှန်တရား၏သားတော်က ကုရ်အာန်သူတော်စင်ဂိုဏ်း၏ မန္တန်များကို ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။
ရွှေရောင်စကားလုံးများစွာက သံကြိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး ကျွင်းရှောင်ယောက်ဆီသို့ တိုးဝင်သွား၏။
ဤမန္တန်က လူတစ်ဦး၏ ရှေးဦးဝိညာဉ်ကို ချုပ်နှောင်နိုင်သည်။
ဝိညာဉ်ကို ထိန်းချုပ်ခြင်းနည်းလမ်းများတွင် ဤဘာသာရေးဂိုဏ်းများက ထူးချွန်ကြပေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က လျစ်လျူရှုထားဆဲ ဖြစ်သည်။ သူက ပစ္စုပ္ပန်ရှေးဦးဝိညာဉ်၏ စွမ်းရည်ကို အသုံးပြုလိုက်၏။
ရွှေရောင်တောင်တစ်လုံးကဲ့သို့ တုနှိုင်းမယှဉ်သာအောင် ကြီးကျယ်ခမ်းနားသော မဟာနေမင်းသထ္ထကထာပုံရိပ်က ထွက်ပေါ်လာပြီး အားလုံးကို ဖိနှိပ်လိုက်တော့သည်။
"ဟင်... အဲဒါ... အဲဒါက အနောက်ဘက်နိဗ္ဗာန်ဘုံရဲ့ ရှေးဦးဝိဉာဉ်နည်းလမ်းပဲ"
အမှန်တရား၏သားတော်က တအံ့တဩဖြင့် ပြောလိုက်သည်။