← Chapters

အခန်း ၁၁၆၄

Vol. 78 Ch. 1164

အခန်း ၁၁၆၄

Vol. 78 Ch. 1164

အခန်း ( ၁၁၆၄ ) ယုံကြည်ခြင်း၏နိယာမကို နားလည်ရန် အခွင့်အလမ်း။

အမှန်တရား၏သားတော်မှာ အမှန်တကယ်ပင် အံ့သြသွားခဲ့သည်။ ကျွင်းရှောင်ယောက်က အနောက်ဘက်နိဗ္ဗာန်ဘုံ၏ ရှေးဦးဝိညာဉ်နည်းလမ်းကို အသုံးပြုနိုင်မည်ဟု သူ မမျှော်လင့်ထားပေ။

ကမ္ဘာပေါ်ရှိ ဘာသာကြီးများကြားတွင် ကုရ်အာန်သူတော်စင်ဂိုဏ်းနှင့် ယှဉ်ပြိုင်နိုင်သော ဂိုဏ်းက လက်တစ်ဆုပ်စာမျှသာ ရှိသည်။

အနောက်ဘက် နိဗ္ဗာန်ဘုံက ၎င်းတို့ထဲမှ တစ်ခု ဖြစ်ချေသည်။

သူတို့၏ အခြေခံအုတ်မြစ်က အလွန်နက်နဲပြီး ရှေးခေတ်မှ ယနေ့အထိ မရေမတွက်နိုင်သော ယုံကြည်သူများ ရှိခဲ့သည်။

ကုရ်အာန်သူတော်စင်ဂိုဏ်းသည်ပင် အနောက်ဘက် နိဗ္ဗာန်ဘုံကို မလွှမ်းမိုးနိုင်ပေ။

ဤဂိုဏ်းနှစ်ခုက ယုံကြည်သူများအတွက် အမြဲပြိုင်ဆိုင်နေပြီး မကြာခဏဆိုသလို ပဋိပက္ခများ ဖြစ်ပွားတတ်သည်။

"ကျွင်းရှောင်ယောက်၊ မင်းက အလ္လာဟ်အရှင်မြတ်ရဲ့ ရင်ခွင်ကို မခိုလှုံချင်တာ အံ့ဩစရာမဟုတ်တော့ပါဘူး။ မင်းက အနောက်ဘက်နိဗ္ဗာန်ဘုံကို ယုံကြည်ထားပြီးပြီ"

အမှန်တရား၏သားတော်က အေးစက်စက် ပြောလိုက်သည်။

ဤဂိုဏ်းများအတွက် သူတို့နှင့် ဆန့်ကျင်ဘက်ဂိုဏ်းကို ယုံကြည်နေလျှင် ယင်းက အယူမှားခြင်းပင်။

ကျွင်းရှောင်ယောက်က လှောင်ပြောင်ပြောဆိုလိုက်သည်။

"ယုံကြည်တယ်ဆိုတာက ဘာကိုပြောတာလဲ။ ဒီနိယာမက ငါ့ကိုယ်ပိုင်ဖြစ်ပြီး ငါက ငါရဲ့ဘုရားသခင်ပဲ"

ဤကဲ့သို့ အဓိပ္ပာယ်မဲ့သောအရာများကို သူ လုံးဝ စိတ်မဝင်စားပေ။

မိမိသည်သာ မိမိ၏ အားကိုးရာ ဖြစ်သည်။

ကိုယ်တိုင်က လုံလောက်အောင် သန်မာနေလျှင်...

ဘုရားသခင်ဆိုသည်မှာ အဘယ်နည်း။

"ဝုန်း"

မဟာနေမင်းကြီး သထ္ထကထာ ဓမ္မခန္ဓာကြီးက အရာအားလုံးကို ဖိနှိပ်နိုင်ပုံရသည်။

အဓိပဓိမန္တန်ကြောင့် ဖြစ်ပေါ်လာသော သံကြိုးများက အပိုင်းပိုင်း ပြတ်တောက်သွား၏။

ထိုအချင်းရာကို မြင်သောအခါ အမှန်တရားသားတော်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ကျွင်းရှောင်ယောက်၏ အင်အားက ကြီးမားလွန်းနေသည် မဟုတ်လော။

"မင်းရဲ့ ရှေးဦးဝိညာဉ်က အပြည့်အဝ ဝင်ရောက်လာတာလား"

အမှန်တရား၏သားတော်က တအံ့တဩ မေးလိုက်သည်။

"မင်းရဲ့အတွေးက ရယ်စရာမကောင်းဘူးလား"

ကျွင်းရှောင်ယောက်က ရှေးဦးဝိညာဉ်စွမ်းအားကို ဆက်လက် ထုတ်ဖော်လိုက်၏။

အဆုံးမရှိ၊ အကန့်အသတ်မရှိပေ။

"ဒါ အနန္တအဆင့်ရဲ့ ပြီးပြည့်စုံမှုအဆင့်ပဲ"

အမှန်တရား၏သားတော် တုန်လှုပ်သွားသည်။

ဤရှေးဦးဝိညာဉ်စွမ်းအားက အနန္တအဆင့်၏ ပြီးပြည့်စုံမှုစွမ်းအား ဖြစ်နေသည်မှာ သေချာပြီ။

၎င်းက ဒဏ္ဍာရီလာ ထာဝရသဲအဆင့်ပြီးလျှင် အမြင့်ဆုံး ဖြစ်သည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ကျွင်းရှောင်ယောက်က အဓိပဓိအဆင့်ပဲ ရှိသေးတာ၊ သူ့ရဲ့ ရှေးဦးဝိညာဉ်က ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်နိုင်မှာလဲ"

"သူက ရုပ်ခန္ဓာမှာ အင်အားကြီးသလို ရှေးဦးဝိညာဉ်ကိုလည်း ဒီအဆင့်အထိ လေ့ကျင့်နိုင်တာလား"

အမှန်တရားသားတော်၏ အမြင်များက လုံးဝ ပြောင်းလဲသွားရသည်။

ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို လွန်ကဲစွာ လေ့ကျင့်နိုင်သောသူများ အမှန်တကယ်ပင် ရှိနေပြီ။

အမှန်တရားသားတော်၏ မျက်နှာက မည်းမှောင်သွားပြီး သူ၏ အထူးစွမ်းရည်များကို ဆက်လက် အသုံးပြုလိုက်သည်။

ယုံကြည်ခြင်းစွမ်းအားများက လှိုင်းထသကဲ့သို့ တက်လာသည်။

သူ့ခေါင်းနောက်က အလင်းစက်ဝိုင်းကလည်း လှည့်ပတ်နေပြီး အမှန်တရား၏ တောက်ပသော အလင်းတန်းကို ထုတ်လွှတ်လိုက်၏။

အမှန်တရား၏လက်သီး။

ဤသည်မှာ ကုရ်အာန်သူတော်စင်ဂိုဏ်း၏ မဟာနည်းလမ်းတစ်ခု ဖြစ်သည်။ လက်သီးတစ်ချက်က လူများအား တကယ့်အမှန်တရားဆိုတာကို နားလည်စေပုံပင်။

"ဝုန်း"

အမှန်တရားသားတော်၏ လက်သီးချက်က မဟာနေမင်းသထ္ထကထာ ဓမ္မခန္ဓာကို ထိမှန်သောအခါ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာရသည်။

ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က အတိတ်ရှေးဦးဝိညာဉ်၏ စွမ်းရည်ကို အသုံးပြုလိုက်သည်။

ပြန်လည်ဝင်စားခြင်း ကပ်ဘေး...

တခဏချင်းတွင်၊ အမှန်တရား၏သားတော်က ရေဝဲကြီးတစ်ခုထဲသို့ ကျရောက်သွားပုံရသည်။

ဘဝတစ်ခုမှ နောက်ဘဝတစ်ခု... အဖန်ဖန် အထပ်ထပ် သံသရာလည်ခြင်းက မည်သူ့ကိုမဆို ရူးသွပ်သွားစေလောက်အောင်ပင်။

သို့သော်လည်း အမှန်တရား၏သားတော်မှာ ကုရ်အာန်သူတော်စင်ဂိုဏ်း၏ အစွမ်းထက်ဆုံး ပါရမီရှင် ဖြစ်သည်။ သူ၏ စရိုက်လက္ခဏာမှာ လုံးဝ အပြစ်ကင်းစင်ပေသည်။

"ဘုရားသခင်အပေါ် ငါ့ရဲ့ ယုံကြည်ခြင်းကို တုန်လှုပ်စေမဲ့ ကပ်ဘေးဒုက္ခ မရှိဘူး"

အမှန်တရား၏သားတော်က ကုရ်အာန်သူတော်စင်ဂိုဏ်း၏ ကျမ်းစာများကို ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။

မကြာမီ၊ သူ သတိပြန်ဝင်လာ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်က အနာဂတ် ရှေးဦးဝိညာဉ်၏ စွမ်းရည်ကို ထပ်မံအသုံးပြုလိုက်သည်။

အခြားတစ်ဖက်က ဝိညာဉ်တံတား...

ဤသည်မှာ အနီရောင်လီလီပန်းလေးများ၏မိခင်ထံမှ ရရှိခဲ့သော နည်းလမ်း ဖြစ်သည်။

အနီရောင် ပိအန်းပန်းပွင့်များက ကောင်းကင်တွင် လွင့်မျောနေပြီး တံတားတစ်စင်း ထွက်ပေါ်လာ၏။

ဤတံတားက ကမ္ဘာပေါ်ရှိ ဝိညာဉ်အားလုံးကို တစ်ဖက်ကမ်းသို့ လွှဲပြောင်းပေးနိုင်ပုံရသည်။

"ဒါက ဘယ်လိုနည်းလမ်းလဲ"

အမှန်တရား၏သားတော်မှာ အမှန်တကယ်ပင် ထိတ်လန့်သွားသည်။

ကျွင်းရှောင်ယောက်က ဤမျှအစွမ်းထက်သော ရှေးဦးဝိညာဉ် စွမ်းရည်များကို မည်သို့သိနိုင်မည်နည်း။

ထို့ပြင် အားလုံးက အလွန်ကြောက်စရာကောင်းသည်။

အခြားတစ်ဖက်က ဝိညာဉ်တံတားသည် ကျွင်းရှောင်ယောက်၏ အနန္တအဆင့် ရှေးဦးဝိညာဉ် စွမ်းအားနှင့်အတူ ထွက်ပေါ်လာသည်။

အမှန်တရား၏သားတော်ကဲ့သို့ သန်မာသူတစ်ဦးပင်လျှင် ခုခံနိုင်ရန် ခက်ခဲသည်။

သူ့ဝိညာဉ်က လွင့်မျောပြီး တံတား၏ အစွန်းတစ်ဖက်သို့ လျှောက်လှမ်းသွားတော့မည်ကဲ့သို့ပင်။

ပိအန်းမျိုးနွယ်စု၏ စွမ်းရည်က အမှန်တကယ် ကြောက်စရာကောင်းသည်ဟု ဆိုရမည်။

အမှန်တရားသားတော်၏ ခန္ဓာကိုယ်က တခဏချင်း ကွဲအက်သွားသည်။

ဟုတ်ပေသည်၊ ဤသည်က ရှေးဦးဝိညာဉ်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး အမှန်တရား၏သားတော်အပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိမည် မဟုတ်ပေ။

သို့သော်လည်း ရွှီထျန်းလောက အခွင့်အလမ်းကိုတော့ လက်လွှတ်လိုက်ရတော့မည် ဖြစ်သည်။

"မဟုတ်ဘူး၊ ဒါမဖြစ်နိုင်ဘူး"

အမှန်တရား၏သားတော်က အော်ဟစ်လိုက်သည်။ မူလက ပျက်စီးလာသော ခန္ဓာကိုယ်ကို အဆုံးမဲ့ယုံကြည်ခြင်း၏အလင်းများ ဖုံးလွှမ်းသွား၏။

သူ၏ဝိညာဉ်က သာမန်ဝိညာဉ်မဟုတ်ဘဲ ရှားပါးသော ယုံကြည်ခြင်း၏ဝိညာဉ် ဖြစ်သည်။

ယုံကြည်ခြင်း၏စွမ်းအားက အဆုံးမရှိသရွေ့၊ သူ၏ဝိညာဉ်အတွက် အဆုံးမဲ့စွမ်းအင်ကို ပေးစွမ်းနိုင်ပေသည်။

အမှန်တရားသားတော်၏ ဦးခေါင်းနောက်ဘက်ရှိ အလင်းစက်ဝိုင်းက အဆုံးမဲ့မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ ကွဲအက်လာသော ရှေးဦးဝိညာဉ်ခန္ဓာကိုယ်က အမှန်တကယ်ပင် ပြန်လည်ကောင်းမွန်လာ၏။

ဤအနေအထားဖြင့် ရွှီထျန်းလောကမှ သူ မထွက်ခွာချင်သေးပေ။

"ကျွင်းရှောင်ယောက်၊ ငါ မင်းကို စိတ်ပျက်စေမိပြီထင်တယ်"

"ယုံကြည်ခြင်းက အဆုံးမရှိသရွေ့ ငါ့ရဲ့ဝိညာဉ်က မပျက်စီးနိုင်ဘူး။ ဒါက ယုံကြည်ခြင်း ရှေးဦးဝိညာဉ်ရဲ့ စွမ်းအားပဲ"

အမှန်တရားသားတော်၏ စိတ်ထဲတွင် ယုံကြည်မှုတို့ ပြန်လည်ရရှိလာသည်။ သူ့တစ်ကိုယ်လုံးကို ယုံကြည်ခြင်း အလင်းရောင်က လွှမ်းခြုံထား၏။

သို့သော်၊ ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲသေးပေ။

"ဟုတ်လား"

ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းငဲ့ပြီး ကြည့်လိုက်သည်။

ဤသို့ဆိုလျှင်၊ အပြည့်အဝ သန့်စင်လိုက်ရုံသာ။

ကျွင်းရှောင်ယောက်က ဝါးမျိုခြင်း နိယာမ၊ ဝါးမျိုခြင်းဖင်းဂေါ့ကျမ်း၊ ကောင်းကင်ကိုဝါးမျိုကာ နတ်ဖန်ဆင်းခြင်းနည်းလမ်းနှင့် အခြား စွမ်းရည်များကို အသက်သွင်းလိုက်သည်။

နောက်ဆုံးတွင် ၎င်းတို့က တစ်ခုတည်းသောတွင်းနက်အဖြစ် ပေါင်းစည်းလိုက်ကြ၏။

ထိုတွင်းနက်ကြီးက အလွန်နက်ရှိုင်းပြီး စကြဝဠာအတွင်းရှိ အရာအားလုံးကို သန့်စင်ပေးနိုင်ပုံရသည်။

ပြင်းထန်သော စုပ်ယူမှု စွမ်းအားများ ထွက်လာပြီး အမှန်တရားသားတော်၏ ဝိညာဉ်တစ်ခုလုံးကို တိုက်ရိုက်ဆွဲယူသွားတော့သည်။

"ဒါ...ဒါက..."

အမှန်တရားသားတော်၏ ယုံကြည်မှုအပြည့်ရှိနေသော မျက်နှာပေါ်တွင် တုန်လှုပ်မှုတို့ တစ်ဖန်ပေါ်လာသည်။

ကျွင်းရှောင်ယောက်၏ နည်းလမ်းများက သူ့အား စကားမပြောနိုင်လောက်အောင် ဖြစ်စေခဲ့ပေသည်။

ယုံကြည်ခြင်းအလင်းက အမှန်တရားသားတော်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံနေသည်။

သူက အဓိပတိမန္တန်၊ အမှန်တရား၏လက်သီးနှင့် အခြားသော အစွမ်းထက် နည်းလမ်းများကို အသုံးပြုကာ တစ်ခုတည်းသောတွင်းနက်ကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။

သို့သော်၊ ထိုတွင်းနက်ကြီးက အရာအားလုံးကို ဝါးမျိုသွား၏။ အမှန်တရား၏သားတော် ထုတ်ဖော်ခဲ့သော တိုက်ခိုက်မှုများက အနည်းငယ်မျှပင် အရာမရောက်ဘဲ ဝါးမျိုခံလိုက်ရတော့သည်။

နောက်ဆုံးတွင်၊ အမှန်တရား၏သားတော် လူတစ်ကိုယ်လုံးကို တစ်ခုတည်းသောတွင်းနက်ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

သူ၏ ယုံကြည်ခြင်းရှေးဦးဝိညာဉ်က မည်မျှပင် ထူးဆန်းနေပါစေ၊ ပြန်လည်ရယူရန် မဖြစ်နိုင်တော့ပေ။

အရာအားလုံးကို ဝါးမျိုခံလိုက်ရပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ ကျွင်းရှောင်ယောက်က ကြီးကျယ်ခမ်းနားသော ဝိညာဉ်စွမ်းအားကို သန့်စင်လိုက်မိကြောင်း ခံစားလိုက်ရလေသည်။

ယုံကြည်ခြင်း၏ စွမ်းအားနှင့် အနှစ်သာရများစွာကိုလည်း နားလည်သွား၏။

ကျွင်းရှောင်ယောက်က ရုတ်တရက် သဘောပေါက်သွားသည်။

အမှန်တရားသားတော်၏ ယုံကြည်ခြင်း ရှေးဦးဝိညာဉ် တစ်စိတ်တစ်ပိုင်းကို သန့်စင်လိုက်ခြင်းက ကျွင်းရှောင်ယောက်အတွက် ကြီးမားသော ထိုးထွင်းသိမြင်မှုတို့ ရရှိစေခဲ့ခြင်းပင်။

"ငါ ယုံကြည်ခြင်းနိယာမကို ဖွဲ့စည်းနိုင်တာလား"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။

သူကိုယ်တိုင်လည်း သက်ရှိသတ္တဝါအားလုံး၏ ယုံကြည်မှုကို စုဆောင်းထားပြီး နတ်ဘုရား ဓမ္မခန္ဓာကို ပိုင်ဆိုင်ထားသေးသည်။

ယခုအခါ၊ အမှန်တရားသားတော်၏ ရှေးဦးဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ထပ်မံ သန့်စင်ထားပြီးပြီ ဖြစ်သည်။

ထို့ကြောင့် သူဟာ ယုံကြည်ခြင်းစွမ်းရည် နက်နဲစွာ နားလည်သဘောပေါက်ခဲ့ပေသည်။

ကျွင်းရှောင်ယောက်က ယုံကြည်ခြင်း၏နိယာမကို ဖွဲ့စည်းရန် ဤအရာကို အသုံးပြုနိုင်သည်။

ဒါက ကျွင်းရှောင်ယောက် မမျှော်လင့်ထားသည့် အခြေအနေပင်။

"သေချာတာပေါ့၊ အသစ်မွေးဖွားလာတဲ့ ပါရမီရှင်တွေက တကယ်ကို ပြည့်ဖြိုးတဲ့ ကြက်သွန်မြိတ်တွေပဲ။ သူတို့က ငါ့အတွက် အကျိုးကျေးဇူးတွေ အများကြီး ပေးနိုင်တယ်"

ကျွင်းရှောင်ယောက်က ကျေနပ်စွာ ပြုံးလိုက်သည်။ ယုံကြည်ခြင်းစွမ်းရည်အပေါ် သူ၏ နားလည်မှုက ပို၍ နက်နဲလာတော့သည်။

ရွှီထျန်းလောကအပြင်ဘက်...

ပါရမီရှင်များစွာက ပြန်လည်နိုးထလာကြပြီ ဖြစ်သည်။ သူတို့၏ မျက်နှာများကတော့ မသာယာဘဲ အကူအညီမဲ့နေပုံရ၏။ သူတို့က ရွှီထျန်းလောကသို့ ဝင်ရောက်ပြီး မကြာမီပင် ဖျက်ဆီးခံခဲ့ရကာ အခွင့်အလမ်း လုံးဝ မရခဲ့ကြပေ။

ထိုအချိန်တွင်၊ တင်ပျဉ်ခွေထိုင်နေသော အမှန်တရားသားတော်၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါကာ မျက်လုံးပွင့်လာသည်။

သူ့မျက်နှာက အေးစက်နေ၏။

ပတ်ဝန်းကျင်ရှိ ပါရမီရှင်များလည်း သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

“အမှန်တရားရဲ့သားတော် နိုးထလာပြီလား”

"ဒါဆို သူလည်း မအောင်မြင်ဘူးပေါ့"

"မဖြစ်နိုင်တာ၊ သူက ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ ကျရှုံးနိုင်မှာလဲ"

ပတ်ဝန်းကျင်မှ လူများက မယုံကြည်နိုင်ဖြစ်နေကြသည်။

အမှန်တရား၏သားတော်က ကျွင်းရှောင်ယောက်၊ မွေးရာပါ ကစဉ့်ကလျားခန္ဓာတို့နှင့် အဆင့်မတူသော်လည်း...

ဟွမ်နျဲ့တောက်၊ ကျောက်ဧကရာဇ်လေးနှင့် အခြားပါရမီရှင်များအဆင့်တွင် ရှိနေဆဲ ဖြစ်သည်။

သို့သော်လည်း ယခုတော့ စောစီးစွာ ဖယ်ထုတ်ခံခဲ့ရပြီ။

တတိယအကြီးအကဲ ရွှီမော့ပင်လျှင် အနည်းငယ် အံ့သြသွားပုံရသည်။

သို့သော်လည်း ခဏစဉ်းစားပြီးနောက် သူ့မျက်လုံးအိမ်များက အနည်းငယ်ကျဉ်းမြောင်းသွားကာ လေးနက်မှုတို့ ပေါ်လာခဲ့လေသည်။

'ကျွင်းရှောင်ယောက်'

ပတ်ဝန်းကျင်မှ အံ့ဩနေသော အကြည့်များကို ခံစားမိသောအခါ၊ အမှန်တရားသားတော်၏ မျက်နှာက တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲတွင် အလွန်အေးစက်သွားသည်။

သူက အစီရင်၏ အခြားတစ်ဖက်တွင် တင်ပျဉ်ခွေထိုင်နေသော ကျွင်းရှောင်ယောက်ကို လှမ်းကြည့်လိုက်၏။

ကျွင်းရှောင်ယောက်က သူ့အား ရွှီထျန်းလောကတွင် အခွင့်အလမ်းများမရရှိရန် တားဆီးခဲ့ရုံသာမက...

သူ၏ ဝိညာဉ်အစိတ်အပိုင်းကိုပင် ဝါးမြိုပြီး သန့်စင်ခဲ့သည်။

ယင်းက လုံးဝ ခွင့်မလွှတ်နိုင်စရာပင်။

တတိယအကြီးအကဲ ရွှီမော့သာ ဤနေရာတွင် မရှိနေလျှင်၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကို တိုက်ရိုက်တိုက်ခိုက်ပြီး အခွင့်အလမ်းများ မရရှိစေရန် တားဆီးမိမည် ဖြစ်သည်။

'ကျွင်းရှောင်ယောက်၊ ဒီအကြွေးကို ငါမှတ်ထားလိုက်ပြီ။ ကုရ်အာန်သူတော်စင်ဂိုဏ်းက မင်းရဲ့ ဓမ္မခန္ဓာနဲ့ သက်ရှိအားလုံးရဲ့ ယုံကြည်မှုကို ရအောင်ယူပြမယ်'

All Chapters