← Chapters

အခန်း ၁၁၆၆

Vol. 78 Ch. 1166

အခန်း ၁၁၆၆

Vol. 78 Ch. 1166

အခန်း ( ၁၁၆၆ ) ကြီးစိုးသော ဟွမ်နျဲ့တောက်။

အရောင်ခြောက်မျိုး ပန်းပွင့်က ရေဇလုံတစ်လုံးခန့်သာ ရှိသည်။

၎င်းက ကြီးမားပုံမရသော်လည်း ကမ္ဘာခြောက်ခုနှင့် လိုက်လျောညီထွေရှိပုံရ၏။

ပန်းပွင့်၏ ပတ်ဝန်းကျင်တွင် အုံ့ဆိုင်းနေသော အင်မော်တယ်စွမ်းအင်များ စီးဆင်းနေကာ ထူးဆန်းသော မြင်ကွင်းများ အဆက်မပြတ် ထွက်ပေါ်လာနေသေးသည်။

အစစ်အမှန်‌နဂါးများ၊ ယူနီကွန်းများ၊ နတ်ဖီးနစ်များ၊ တောင်များ၊ မြစ်များနှင့် ပင်လယ်များ၊ နေ၊ လနှင့်ကြယ်များ၊ သက်ရှိအားလုံး...

ဤပန်းပွင့်က ပြန်လည်ဝင်စားခြင်းအားလုံး ဖြစ်ပေါ်စေနိုင်ပုံရသည်။

ပွင့်ဖတ်ခြောက်ခုမှ ရေဝဲတစ်ခုကဲ့သို့ လည်ပတ်နေသော ကျောက်စိမ်းခါးပတ်ကြိုးကဲ့သို့အရာကို မြင်သောအခါ လူတိုင်းမှာ ပို၍ပင် အံ့ဩသွားကြလေသည်။

အသေအချာကြည့်လျှင် မရေမတွက်နိုင်သော ဝိညာဉ်များက ပွင့်ဖတ်ခြောက်ခုကြားမှ ပြန်လည်ဝင်စားနေသကဲ့သို့ မြင်ရမည် ဖြစ်သည်။

ဒါက တကယ်ပဲ ပြန်လည်ဝင်စားခြင်းကို တည်ဆောက်နေတာလား။

အင်မော်တယ်အကယ်ဒမီမှ တပည့်များစွာတို့ ပို၍ အံ့သြသွားကြသည်။

တချို့ပါရမီရှင်များမှာ မနေနိုင်ဘဲ အော်ဟစ်လိုက်မိကြသည်။

ဒါက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်ခု အင်မော်တယ်အမြစ်...

မိုးနှင့်မြေကြားမှ နတ်တို့ဖန်ဆင်းထားသော အခွင့်အလမ်း...

ကမ္ဘာ့သစ်ပင်နှင့် နှိုင်းယှဉ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။

ပါရမီရှင်များစွာ၏ မျက်လုံးများက နီရဲသွားလေသည်။

အင်မော်တယ်အကယ်ဒမီ၏ တပည့်အများစုမှာ အားကောင်းသော နောက်ခံများ ကိုယ်စီရှိကြသည်။

သို့သော်လည်း ၎င်းတို့နောက်ကွယ်မှ အင်အားစုများနှင့် မိသားစုများကပင် ၎င်းတို့အား ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်ခု အင်မော်တယ်အမြစ်ကို ပေးဆောင်ရန် မဖြစ်နိုင်ပေ။

ယင်းက အလွန့်အလွန် ရှားပါးသော ရတနာမျိုး ဖြစ်သည်။

အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးတွင် အပင်အနည်းငယ်သာ ရှိနိုင်သည်၊ သို့မဟုတ် တစ်ခုတည်းရှိတာပင် ဖြစ်လိမ့်မည်။

ကမ္ဘာ့သစ်ပင်ကဲ့သို့ပင်၊ ၎င်းက ရရှိရန်ခက်ခဲသော အရာဖြစ်ပြီး ကံကောင်းခြင်းများစွာ လိုအပ်သည်။

ကျွင်းရှောင်ယောက်ပင်လျှင် ဤရတနာမျိုးအတွက် စိတ်လှုပ်ရှားနေလိမ့်မည်။

အကြောင်းမူ၊ သူ၏ အတွင်းစကြာဝဠာရှိ ကမ္ဘာ့သစ်ပင်သာလျှင် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်ခု အင်မော်တယ်အမြစ်ထက် အနည်းငယ်သာလွန်နိုင်သောကြောင့် ဖြစ်သည်။

အသက်စမ်းရေ၊ အင်မော်တယ်အရင်းမြစ် ဘိုးဘေးသွေးကြော၊ ကောင်းကင်အင်မော်တယ်သစ်ပင်နှင့် အခြား ရှားပါးသော ရတနာများပင်လျှင် ပြန်လည်ဝင်စားခြင်း လမ်းစဥ်ခြောက်ခု အင်မော်တယ်အမြစ်ထက် အားနည်းနေသေးသည်။

ပါရမီရှင်များစွာသည် ယခင်ကတော့ ရှေးပညာရှင်ဝိညာဉ်များ၏ ရုတ်တရက် ရူးသွပ်မှုကို နားမလည်ခဲ့ကြပေ။

ယခုတော့ သူတို့လည်း ရူးသွပ်တော့မည် ဖြစ်သည်။

ဤအရာက ငွေရှိလျှင်ပင် ရရှိရန်မလွယ်သော အခွင့်အလမ်းတစ်ခု မဟုတ်လော။

အင်မော်တယ်အကယ်ဒမီ၏ တပည်များက နီရဲနေသော မျက်လုံးတို့ဖြင့် ပြင်းထန်သောတိုက်ပွဲကို ဆင်နွှဲခဲ့ကြသည်။

ရှောင်ယီက ရှေးပညာရှင်ဝိညာဉ် နဂါးကြီးကို ခက်ခက်ခဲခဲ အနိုင်ယူပြီးနောက် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ဆီသို့ ပြေးသွားသည်။

ယခုအခါ လူတိုင်း၏စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်ဟု ဆိုနိုင်သည်။

ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို ရအောင်ယူရမည်။

တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်ရှိလာချိန်...

အဝေးမှ အနက်ရောင် မီးလျှံများ ရုတ်တရက် ပေါ်လာသည်။

အနက်ရောင်မီးလျှံများက ရှေးပညာရှင်ဝိညာဉ် အများအပြားကို တိုက်ရိုက်လောင်ကျွမ်းသွားတော့သည်။

"ဒါက... ဟွမ်နျဲ့တောက်"

ဤအနက်ရောင် အင်မော်တယ်မီးတောက်ကို မြင်သောအခါ မည်သူရောက်ရှိလာမှန်း လူတိုင်းသိကြသည်။

ဟွမ်နျဲ့တောက်မှတပါး အခြား မရှိပေ။

သို့သော်လည်း အင်မော်တယ်အကယ်ဒမီမှ တပည့်များကို အံ့အားသင့်စေသည့်အရာမှာ ဤအင်မော်တယ်မီးတောက်က ခွဲခြားမှုမရှိဘဲ အားလုံးကို တိုက်ခိုက်လာခြင်း ဖြစ်သည်။

ရှေးပညာရှင်ဝိညာဉ်များ ဖျက်ဆီးခံခဲ့ရသော်လည်း အင်မော်တယ်အကယ်ဒမီ၏ တပည့်အချို့ သေဆုံးသွားကြရပေသည်။

အင်မော်တယ်မီးတောက်တွင် ဝိညာဉ်ဖျက်ဆီးခံရခြင်းကြောင့် အခွင့်အလမ်းများအတွက် ယှဉ်ပြိုင်ရန် အဖိုးတန်အခွင့်အရေးကို ဆုံးရှုံးသွားရပြီ ဖြစ်သည်။

"ဟွမ်နျဲ့တောက်၊ မင်းက အင်မော်တယ်ရှေးဧကရာဇ်ရဲ့ သားတော်ဖြစ်ရင်တောင် ဒီလိုလုပ်တာက မလွန်လွန်းဘူးလား"

ရှေးဟောင်းမင်းမျိုးနွယ်မိသားစုမှ ပါရမီရှင်တစ်ဦးက အေးစက်စက် ပြောလိုက်သည်။

လူသားမျိုးနွယ် ရှေးဟောင်းမင်းမျိုးနွယ်မိသားစုများနှင့် သားရဲများ၏ ရှေးဟောင်းတော်ဝင်မိသားစုများမှာ သဘောထားကွဲလွဲမှုများ အမြဲရှိပေသည်။

"အဲဒီတော့..."

ဟွမ်နျဲ့တောက်က ထီမထင်သလို မျက်နှာပေးဖြင့် ကြည့်လိုက်သည်။

အင်မော်တယ်မီးတောက်က ထိုပါရမီရှင်အား တိုက်ရိုက်လွှမ်းခြုံပြီး ဖျက်ဆီးပစ်လိုက်၏။

ဤလှုပ်ရှားမှုက အင်မော်တယ်အကယ်ဒမီမှ တပည့်များကို အေးစက်သွားစေခဲ့သည်။

အခု ဘယ်သူက လှုပ်ရှားဝံ့ဦးမလဲ။

ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို ရယူရန် ကြိုးစားခြင်းက ဟွမ်နျဲ့တောက်ကို ရင်ဆိုင်လိုက်ခြင်းပင်။

စိတ်ဝိညာဉ်ပျက်စီးသွားသောအခါ ရွှီထျန်းလောကတွင် ဆက်နေရန်အခွင့်အရေး မရှိတော့ပေ။

ထို့ကြောင့် မည်သူမျှ အလောတကြီး မလှုပ်ရှားဝံ့တော့ပါ။

"ကောင်းကင်နဲ့မြေပြင်ရဲ့ အဖိုးတန်ဆုံး ရတနာကို အရည်အချင်းရှိသူတွေပဲ ပိုင်ဆိုင်နိုင်တယ်။ ဒီနေရာကို မင်းတို့အိမ်လို့ ထင်နေတာလား"

"မင်းတို့မှာ စွမ်းရည်မရှိရင် ကံကြမ္မာကို လက်ခံရမှာပဲ။ နိုးထဖို့ လမ်းစဉ်က ဒီလိုပဲ ရက်စက်ကြမ်းကြုတ်တယ်"

ဟွမ်နျဲ့တောက်က လှောင်ပြောင်လိုက်သည်။

သို့သော်လည်း အင်မော်အကယ်ဒမီ၏ တပည့်များမှာ မကျေနပ်သော်လည်း ဘာမျှ ပြန်မပြောဝံ့ပေ။

ဟွမ်နျဲ့တောက်က ရမ်းကားသော်လည်း သူ၏အစွမ်းသတ္တိက အထင်ကြီးစရာ ဖြစ်သည်။

ထိုစဉ်...

ကလေးတစ်ယောက်ကဲ့သို့ အသံသေးသေးလေး ထွက်ပေါ်လာသည်။

"ငှက်လူသား၊ မင်းက ဘာဖြစ်လို့ ဒီလောက်ထက်မြက်သလို ဟန်ဆောင်နေရတာလဲ။ မင်းကိုယ်မင်း ဒီကမ္ဘာမှာ အထူးချွန်ဆုံးလို့ ထင်နေတာလား"

"ငါ့ရဲ့ ခေါင်းဆောင်ကျွင်းက မင်းကို လက်ဝါးတစ်ဖက်နဲ့ ဖိနှိပ်နိုင်တယ်"

ဟွမ်နျဲ့တောက်၏ မျက်လုံးများက အနည်းငယ် အေးစက်သွားသည်။ အသံလာရာကို လှမ်းကြည့်လိုက်သောအခါ ရှောင်ယီကို မြင်လိုက်ရ၏။

အင်မော်တယ်အကယ်ဒမီမှ တပည့်များ၏ မျက်လုံးများက အနည်းငယ် တောက်ပလာကြသည်။

ဟွမ်နျဲ့တောက်ကဲ့သို့ပင် ရှောင်ယှကလည်း ရှေးဧကရာဇ်၏သားတော်ဖြစ်ကာ အဆင့်အတန်း ကွာခြားမှုများစွာ မရှိပေ။

"နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်၊ အင်မော်တယ်အကယ်ဒမီမှာတုန်းက မင်းရဲ့ ယုတ္တိမဲ့တဲ့ စကားကို တစ်ခါ သည်းခံပြီးသွားပြီ"

"အခုတော့ မင်းက ကိုယ့်အဆင့်ကို မသိသေးဘူးထင်တယ်"

ဟွမ်နျဲ့တောက်၏ အမူအရာက များစွာပြောင်းလဲခြင်းမရှိပေ။

သူက ယုံကြည်မှုအပြည့်ရှိပုံရသည်။

"ဒီဘိုးဘိုးကို လာပြောရအောင် မင်းက ဘာမို့လို့လဲ"

ရှောင်ယီက လက်သီးဆုပ်လိုက်၏။

သူက လက်ချောင်းလေးတစ်ချောင်းသာ အရွယ်အစားရှိသော်လည်း ဟွမ်နျဲ့တောက်ကို ရင်ဆိုင်ရဲသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

ဟွမ်နျဲ့တောက်မှာ ဒေါသထွက်လာသည်။ ရှောင်ယီ၏ ထပ်တလဲလဲ ရန်စမှုများကြောင့် သူ သည်းမခံနိုင်တော့ပေ။

"ငါ အမှတ်မမှားရင် နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်တွေက ခန္ဓာကိုယ်ကြံ့ခိုင်မှုမြင့်မားပြီး ထိပ်သီး အစစ်အမှန်နဂါးမျိုးနွယ်တွေနဲ့ ယှဉ်နိုင်တယ်"

"ဒါပေမဲ့ မင်းရဲ့ ရှေးဦးဝိညာဉ်ကတော့ သန်မာမယ်လို့ မထင်ဘူး"

ဟွမ်နျဲ့တောက်၏ စကားများက ရှောင်ယီကို အနည်းငယ် ရင်တုန်သွားစေသည်။

သို့သော်လည်း နောက်မဆုတ်ဘဲ အော်ပြောလိုက်၏။

"အဲဒီလိုဆိုရင်တောင် ဒီဘိုးဘိုးက မင်းကို မကြောက်ဘူး"

"ဟမ့်၊ မင်းက ဒီလောက်ခေါင်းမာနေမှတော့ ငါ့ရဲ့ အင်မော်တယ် နတ်ဖီးနစ်ရှေးဦးဝိညာဉ်ကို မင်းသိရစေမယ်"

ဟွမ်နျဲ့တောက်က ရှေးဦးဝိညာဉ်စွမ်းအားကို လှုံ့ဆော်လိုက်သည်။ ရှေးဦးဝိညာဉ်စွမ်းအားက အလွန်အင်အားကြီးမားသော အင်မော်တယ်မီးလျှံများအဖြစ် ပြောင်းလဲသွား၏။

သူ့မျိုးနွယ်၏ အင်မော်တယ်ရှေးဦးဝိညာဉ်က အလွန်ထူးခြားသည်။ ဖီးနစ်တို့၏ လက္ခဏာဖြစ်သော မီးထဲမှ ပြန်လည်မွေးဖွားခြင်းလည်း ဖြစ်စေနိုင်၏။

ထို့ကြောင့် အင်မော်တယ်ရှေးဦးဝိညာဉ်ကို ဖျက်ဆီးရန်မှာ အလွန်ခက်ခဲသည်။

ထို့ကြောင့် သူ၏ဖခင်၊ အင်မော်တယ်ရှေးဧကရာဇ်က အင်မော်တယ်နယ်မြေကြီးကို တုန်လှုပ်စေနိုင်ခဲ့ခြင်းပင်။

ရှင်သန်နိုင်စွမ်မြင့်မားသော ရှေးဧကရာဇ်က အလွန်ကြောက်စရာကောင်းသည်။

သူ့ကို တစ်ခါတည်း မသတ်နိုင်ပါက၊ ရှေးဧကရာဇ်တစ်ပါး၏ ရက်စက်ကြမ်းကြုတ်သော အဆုံးမဲ့လက်စားချေမှုကို ခံရလိမ့်မည်။

ဟွမ်နျဲ့တောက်က အင်မော်တယ်ရှေးဝိညာဉ်၏ စွမ်းအားကို အသက်သွင်းလိုက်သည်။ အင်မော်တယ်မီးတောက်က မရေမတွက်နိုင်သော ဓားများအဖြစ်သို့ ပြောင်းလဲသွားပြီး ရှောင်ယီလေးဆီသို့ ပြေးဝင်သွားတော့သည်။

"သေစမ်းကွာ"

ရှောင်ယီ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ကြီးမားသောဖိအားကို သူခံစားရ၏။

"အပြင်မှာသာဆိုရင် ဒီဘိုးဘိုးက မင်း ငှက်ကလေးကို သေအောင်ရိုက်နိုင်တယ်"

ရှောင်ယီက လက်မခံနိုင်စွာ အော်ဟစ်လိုက်သည်။

"ဒါက ရွှီထျန်းလောကဖြစ်နေတာ စိတ်မကောင်းစရာပဲ"

ဟွမ်နျဲ့တောက်က‌ အေးစက်စက် ပြုံးလိုက်၏။

ဤနေရာတွင် ရှောင်ယီ၏အားနည်းချက်ကြောင့် သူက လုံးဝ အသာစီးရနေသည်။

ရှောင်ယီ၏ ဝိညာဉ်က ပျောက်ကွယ်တော့မည်ကဲ့သို့ မှုန်ဝါးလာတော့သည်။

ထိုစဉ်...

အဝေးမှ နဂါးဟိန်းသံကို ကြားလိုက်ရသည်။

နဂါးပုံသဏ္ဍာန် ရှေးဦးဝိညာဉ်တစ်ခု ထွက်ပေါ်လာ၏။

ဟွမ်နျဲ့တောက် အံ့အားသင့်သွားသည်။ သူက နဂါးဝိညာဉ်ကို ရင်ဆိုင်ပြီး နောက်ကို ပြန်ဆုတ်သွားစေခဲ့ပေသည်။

နဂါးရှေးဦးဝိညာဉ်က လှပသော မိန်းမပျိုတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။

သူမက မင်းသမီးလုံကျိပင်။

"ဟမ်၊ ဒီရှေးဦးဝိညာဉ်က... မင်းက လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်ရဲ့ အမွေကို တကယ် ဆက်ခံခဲ့ရတာပဲ"

ဟွမ်နျဲ့တောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

All Chapters