← Chapters

အခန်း ၁၁၆၇

Vol. 78 Ch. 1167

အခန်း ၁၁၆၇

Vol. 78 Ch. 1167

အခန်း ( ၁၁၆၇ ) ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်အတွက် ယှဉ်ပြိုင်ခြင်း။

အစစ်အမှန်နဂါးနှင့် ဖီးနစ်တို့သည် ရှေးခေတ်က အင်အားကြီးမားသော မျိုးနွယ်ကြီးများ ဖြစ်ကြသည်။

ထို့ပြင် ဤမျိုးနွယ်နှစ်စုသည် အလွန် သြဇာလွှမ်းမိုးမှုရှိပြီး မျိုးရိုးတစ်ခု သို့မဟုတ် အင်အားစုတစ်ခုတည်းတွင် အကန့်အသတ်မရှိပေ။

မင်းသမီးလုံကျိကို မြင်လိုက်ရမှ ရှောင်ယီလည်း သူ့နဖူးမှ ချွေးများကိုသုတ်လိုက်မိသည်။ ထို့နောက် လွန်စွာ ရိုးသားသော လေသံဖြင့် ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် ငါးကလေး၊ မင်းက ငါးကလေးတွေထဲမှာ အကောင်းဆုံးပဲ"

ထိုစကားကိုကြားသောအခါ မင်းသမီးလုံကျိမှာ မကျေမနပ်ဖြစ်သွားမိသည်။ သူမက မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်းရှူကာ စိတ်ထိန်းလိုက်ရ၏။

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်မျိုးနွယ်သည် တချိန်က ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် နဂါးမျိုးနွယ်နှင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ရှောင်ယီက အစစ်အမှန်နဂါးမျိုးနွယ်ကို သိပ်ပြီး အထင်မကြီးပေ။

သို့သော်လည်း မင်းသမီးလုံကျိက ကျွင်းရှောင်ယောက်၏လူ ဖြစ်သည်။ ယခုလည်း သူ့ကို အကူအညီကို ပေးနေသောကြောင့် သဘာဝအတိုင်း ကျေးဇူးတင်ကြောင်း ဖော်ပြလိုပေသည်။

သို့ရာတွင်၊ သူ၏ ကျေးဇူးတင်မှုနည်းလမ်းက မင်းသမီးလုံကျိကို နဖူးကြောများ ရှုံ့သွားစေသည်။

ဒါက ကျေးဇူးတင်နေတာလား၊ နောက်ပြောင်နေတာလား။

"နင်သာ သခင့်ရဲ့ အိမ်မွေးသားရဲမဟုတ်ရင် ငါက နင့်ကိုဂရုမစိုက်ဘူး"

မင်းသမီးလုံကျိက နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်သည်။

"ဘာကွ၊ ဘာကို အိမ်မွေးသားရဲလဲ။ ငါက ခေါင်းဆောင်ကျွင်းနဲ့ ညီအစ်ကိုတွေ"

ရှောင်ယီက ချက်ချင်း ထခုန်ကာ ငြင်းဆန်လိုက်သည်။

တစ်ဖက်တွင်၊ ဟွမ်နျဲ့တောက်က မင်းသမီးလုံကျိကို အကဲခတ်နေ၏။

မင်းသမီးလုံကျိ၏ ခန္ဓာကိုယ်က သွယ်လျသည်။ သူမက အနက်ရောင်ဆံပင်ရှည်၊ ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အသားအရည်နှင့် လှပသော ခြေတံတစ်စုံ ရှိ၏။

အကယ်၍ အခြားယောက်ျားတစ်ယောက်သာဖြစ်လျှင် ထိုသို့သော အလှလေးကို ဖူးဖူးမှုတ်ကာ တန်ဖိုးထားမည်မှာ သေချာသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ သူမကို စီးတော်သားရဲအဖြစ်သာ သဘောထား၏။

ဒါက အရင်းအမြစ်များကို ဖြုန်းတီးခြင်းပင်။

"မင်းက ရှေးဟောင်းတော်ဝင်မိသားစုက သတ္တဝါတစ်ကောင်ဖြစ်ပြီး မင်းရဲ့ခန္ဓာကိုယ်ထဲမှာလည်း ရှေးဧကရာဇ်ရဲ့သွေးမျိုးဆက်ရှိပေမဲ့ လူသားတစ်ယောက်ရဲ့ အစီးအနင်းဖြစ်နေတယ်။ ဒါက မင်းတို့ နဂါးမျိုးနွယ်ကို မျက်နှာပျက်စေတယ်လို့ မထင်ဘူးလား"

ဟွမ်နျဲ့တောက်က ပြောလိုက်သည်။

မင်းသမီးလုံကျိက အပြောင်းအလဲမရှိသော အမူအရာဖြင့် ပြောလိုက်၏။

"ငါ့သခင်က ရှေးခေတ်နဲ့ မျက်မှောက်ခေတ်ကာလမှာ တစ်ဦးတည်းသော အကျော်အမော်ပဲ။ သူ့ရဲ့ အစီးအနင်းဖြစ်ရင်တောင် နင် ဂုဏ်ယူရလိမ့်မယ်"

မင်းသမီးလုံကျိသည် ပထမပိုင်းတွင် ကျွင်းရှောင်ယောက်နှင့် ယှဉ်ပြိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကျွင်းရှောင်ယောက်က အနိုင်ယူခဲ့ပေသည်။

လမ်းတစ်လျှောက်မှာ ကျွင်းရှောင်ယောက်၏ နိုးထလာပုံကို သူမကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် သူမက ကျွင်းရှောင်ယောက်ကို လုံးဝသစ္စာစောင့်သိပေသည်။

"ကျွင်းရှောင်ယောက်က ဘာဆေးတွေတိုက်ကျွေးထားလို့ မင်းက ဒီလောက်ရူးသွပ်နေရတာလဲ"

"အမှောင်ကို စွန့်ပြီး ငါ့နောက်ကို လိုက်ဖို့ မင်းကို ငါ အခွင့်အရေးပေးမယ်၊ ဘယ်လိုလဲ"

မင်းသမီးလုံကျိက အလွန်လှပသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ရှေးဧကရာဇ်၏ သွေးမျိုးဆက် အရိပ်အမြွက်ရှိပြီး လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်၏ အမွေကိုလည်း ရရှိထားသေးသည်။

သူမကို သိမ်းသွင်းနိုင်လျှင် ဒါက မကောင်းတာမဟုတ်ပေ။

သို့ရာတွင်၊ ထိုစကားကိုကြားသောအခါ မင်းသမီးလုံကျိ၏ မျက်နှာက အလွန်အေးစက်သွားသည်။

"နင်က ထိုက်တန်ရဲ့လား"

မင်းသမီးလုံကျိက အထင်မြင်သေးစွာဖြင့် ပြောလိုက်၏။

ကျွင်းရှောင်ယောက်သာလျှင် သူမကို လိုလိုလားလား ဦးညွတ်စေရန် အရည်အချင်း ပြည့်မီသည်။

တခြားသူကိုလား... မင်းသမီးလုံကျိက သူတို့ကို ကြည့်ဖို့တောင် စိတ်မ၀င်စားပေ။

ဟွမ်နျဲ့တောက်၏ မျက်လုံးများက အနည်းငယ် အေးစက်သွားသည်။

ယောက်ျားတစ်ယောက်အတွက် အကြီးမားဆုံး စော်ကားမှုက မိန်းမတစ်ယောက်၏ နှိမ့်ချခံရခြင်းပင်။

"ဒီလိုဆိုမှတော့ ငါ ပြောစရာမရှိတော့ဘူး။ မင်းတို့ကို အရင်ဖျက်ဆီးပြီးမှ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို သိမ်းလိုက်မယ်"

ဟွမ်နျဲ့တောက်က အင်မော်တယ်ဝိညာဉ်ကို တစ်ဖန် အသက်သွင်းလိုက်သည်။

အနက်ရောင် အင်မော်တယ်မီးလျှံက ပင်လယ်ကဲ့သို့ လှိုင်းထလာ၏။

မင်းသမီးလုံကျိ၏ အမူအရာက လေးနက်လာသည်။

သူမတွင် ရှေးဧကရာဇ်၏ သွေးမျိုးဆက် အရိပ်အယောင်ရှိသည်။

သို့သော်လည်း ရှေးဧကရာဇ်၏ တိုက်ရိုက်မျိုးဆက် ဟွမ်နျဲ့တောက်၏ သွေးမျိုးဆက်နှင့် နှိုင်းယှဉ်လျှင် ကြီးမားသော ကွာဟချက်တစ်ခု ရှိနေသေးသည်။

အကယ်၍ သူမသာ လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်၏ အမွေကို မရခဲ့လျှင်...

သူမက ဟွမ်နျဲ့တောက်ကို ရင်ဆိုင်ရန်ပင် အရည်အချင်းမပြည့်မီပါ။

"ဝုန်း"

ရှောင်ယီနှင့် မင်းသမီးလုံကျိက ဟွမ်နျဲ့တောက်ကို ရင်ဆိုင်လိုက်ကြသည်။

သို့သော်ငြားလည်း၊ သူတို့က လုံးလုံးလျားလျား ဖိနှိပ်ခံနေရဆဲပင်။ သူတို့၏ ရှေးဦးဝိညာဉ်များက မတည်မငြိမ် ဖြစ်လာသည်။

"ဒီဟွမ်နျဲ့တောက်က တော်တော်လွန်တာပဲ"

အင်မော်တယ်အကယ်ဒမီ၏ တပည့်များက မျက်နှာပျက်နေကြသည်။

ကျွင်းရှောင်ယောက်က တခါတရံ ကြီးစိုးစွာ ပြုမူတတ်သည်။

သို့သော်လည်း သူက သန်မာသူများကိုသာ စိုးမိုးလိမ့်မည်။

သူက အင်မော်တယ်အကယ်ဒမီကို ရောက်နေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း သာမန်တပည့်များကို မည်သည့်အခါမှ အနိုင်မကျင့်ပေ။

သို့သော်လည်း ဟွမ်နျဲ့တောက်က ဤသာမန်တပည့်များကိုပင် အနိုင်ကျင့်သည်။

အကယ်၍ ဤနေရာတွင် အင်မော်တယ်ခုံရုံး သို့မဟုတ် အခြားသော အင်အားစုကြီးများမှ အစွမ်းထက် ပါရမီရှင်များဖြစ်လျှင် ဟွမ်နျဲ့တောက်က ဤမျှ မာနကြီးနေမည် မဟုတ်ပေ။

"သခင်သာ ဒီနေရာမှာရှိရင် နင် ဒီလောက်‌ထိ မောက်မာနိုင်ဦးမှာလား"

မင်းသမီးလုံကျိ၏ မျက်နှာက အေးစက်တင်းမာနေသည်။

"သေချာတာပေါ့၊ ဒီငှက်ကလေးက အားနည်းသူကို အနိုင်ကျင့်ဖို့ပဲသိတယ်"

ရှောင်ယီကလည်း အော်ပြောလိုက်၏။

ဟွမ်နျဲ့တောက်၏ အမူအရာကတော့ မပြောင်းလဲပေ။

ထိုသို့ဖြစ်လျှင်ပင် သူ့မှာ လုံလောက်သော အင်အားမျိုး ရှိသည်။

"ဆူညံတယ်"

ဟွမ်နျဲ့တောက်က လက်ဝါးတစ်ဖက်ဖြင့် ဖိချလိုက်သည်။ အင်မော်တယ်မီးတောက်က ဧရာမ မီးတောက်လက်ဝါးအဖြစ် ပြောင်းလဲသွား၏။

ဤလက်ဝါးကြီးက ရှောင်ယီနှင့် မင်းသမီးလုံကျိကို လုံးဝ ချေမှုန်းပစ်တော့မည်။

ထိုအချိန်တွင် အဝေးမှ လက်ဝါးကြီးတစ်ဖက်ပေါ်လာပြီး ဟွမ်နျဲ့တောက်၏ လက်ဝါးနှင့် တိုက်မိကာ လှိုင်းလုံးများ ပေါက်ကွဲထွက်လာခဲ့သည်။

"ဘယ်သူလဲကွ"

ဟွမ်နျဲ့တောက်က မကျေမနပ်ဖြင့် အေးစက်စက် အော်လိုက်သည်။

အဝေးမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လျှောက်လာကြ၏။

ကျွင်းပေါင်လီနှင့် လီချင်းအာတို့ ဖြစ်တော့သည်။

ကျွင်းပေါင်လီက သာမန်အဝတ်အစားများကို ၀တ်ဆင်ထားပြီး သာမန်ရုပ်ရည်မျိုးသာ ရှိသည်။ သူက လူအများကြားတွင် သတိပြုမိရန်ခက်သော လူစားမျိုး ဖြစ်ချေသည်။

သို့သော်လည်း သူက ကျွင်းသားစု၏ လူသားဧကရာဇ်ဘွဲ့ကို ရရှိထားသူ ဖြစ်သည်။

သူသည် လူငယ်မျိုးဆက်မှ လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်ကိုပင် အနိုင်ယူခဲ့၏။

သူ့ကိုမြင်တော့ မင်းသမီးလုံကျိ၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွားသည်။

ကျွင်းပေါင်လီသည် ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ခဲ့သည့်အပြင် လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်၏ အတွင်းနတ်ဆိုးလည်း ဖြစ်ခဲ့သည့်အတွက် သူမ အလွန်မုန်းတီးခဲ့ဖူးသည်။

သို့သော်လည်း ယခုတော့ နားလည်မှုရရှိသွားပြီဖြစ်၍ မင်းသမီးလုံကျိ၏ မုန်းတီးမှုမှာ ထိုမျှ မနက်နဲတော့ပေ။

"ကျေးဇူးတင်ပါတယ်"

မင်းသမီးလုံကျိက အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။

"အင်း"

ကျွင်းပေါင်လီက အနည်းငယ် ခေါင်းညိတ်ပြပြီး ဟွမ်နျဲ့တောက်ကို ကြည့်လိုက်၏။

"ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို အပိုင်သိမ်းချင်ရင် မင်းက နုံချာလွန်သေးတယ်"

ကျွင်းပေါင်လီက တည်ငြိမ်စွာပြောလိုက်သည်။

သူ၏ ရောက်ရှိလာမှုက အင်မော်တယ်အကယ်ဒမီမှ တပည့်အချို့ကို တုန်လှုပ်စေခဲ့ပေသည်။

အထူးသဖြင့်၊ ရှေးဟောင်းတော်ဝင်မိသားစုများမှ တပည့်အချို့မှာ သက်ပြင်းချလိုက်မိသည်။

ကျွင်းပေါင်လီက ကျွင်းရှောင်ယောက်လောက် အရှိန်အဝါမကြီးသော်လည်း ကျွင်းမိသားစု၏ ပါရမီရှင်တစ်ဦး ဖြစ်နေဆဲပင်။

ဟွမ်နျဲ့တောက်၏ အမူအရာက လေးနက်သွားသည်။

ကျွင်းပေါင်လီ တစ်ဦးတည်းဖြစ်လျှင် သူထိန်းနိုင်ဦးမည်။

သို့သော်လည်း ကျွင်းပေါင်လီ၏ဘေးမှ မိန်းကလေးက သူ့အား ခြိမ်းခြောက်မှုအရိပ်အယောင်တို့ကို ခံစားရစေသည်။

ယင်းကြောင့် ဟွမ်နျဲ့တောက်မှာ အနည်းငယ် မယုံနိုင်သလို ဖြစ်မိ၏။

နောက်ဆုံးမှာတော့ ကျွင်းပေါင်လီက ကောင်းကင်တာအိုသရဖူကို လီချင်းအာကိုပေးခဲ့သောသတင်းက မပျံ့နှံ့သေးသောကြောင့် လူအတော်များများမှာ မသိကြသေးပေ။

"ဒီလိုဆိုရင် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို ဘယ်သူက ရရှိနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

ဟွမ်နျဲ့တောက်က သတိထားနေသော်လည်း အားနည်းချက်ကို မပြသပေ။

ဟွမ်နျဲ့တောက်နှင့် ကျွင်းမိသားစုမှလူများ တိုက်ပွဲစတင်တော့မည်ဟု အားလုံးက ထင်မှတ်နေချိန်...

နောက်ထပ် အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

"ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်က ရင့်ကျက်လာပြီပဲ"

"မျှော်လင့်ထားတဲ့အတိုင်း ပုရွက်ဆိတ်တစ်စုကိုတော့ ဆွဲဆောင်ခဲ့သေးတယ်"

"ကိစ္စမရှိပါဘူး၊ ဖယ်ထုတ်လိုက်ရုံပဲဟာကို"

ဤစကားများက အင်မော်တယ်အကယ်ဒမီမှ တပည့်များစွာကို ဒေါသထွက်စေခဲ့သည်။

အင်မော်တယ်အကယ်ဒမီတွင် ပါဝင်နိုင်သူတိုင်းက ပါရမီရှင်များဖြစ်သော်လည်း သူတို့ကို ပုရွက်ဆိတ်များဟု ခေါ်နေသည်။

တိုက်ပွဲအတွက် ပြင်ဆင်နေသော ကျွင်းပေါင်လီနှင့် ဟွမ်နျဲ့တောက်ပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်မိသည်။

ထိုစဉ်၊ အဝေးမှ မိုးပြာရောင်အလင်းနှင့် ပုံရိပ်များစွာ ထွက်ပေါ်လာကြသည်။

"မင်းတို့က အင်မော်တယ်အကယ်ဒမီရဲ့ တပည့်တွေ မဟုတ်ဘူး မဟုတ်လား"

ကျွင်းပေါင်လီက ထိုလူများကိုကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ယခုတစ်ကြိမ် ရွှီထျန်းလောကသို့ လာရောက်ကြသော အင်မော်တယ်အကယ်ဒမီ၏ တပည့်များထဲတွင် ထိုသို့သောလူများ မရှိသင့်ပေ။

သို့သော်လည်း ထိုလူများက သူ့စကားကို ကြားရသောအခါ လှောင်ပြောင်ရယ်မောလိုက်ကြသည်။

"အင်မော်တယ်အကယ်ဒမီရဲ့ တပည့်... ဟုတ်လား၊ ဟားဟားဟား"

"ငါတို့ကို တပည့်အဖြစ် လက်ခံရအောင် အင်မော်တယ်အကယ်ဒမီက ဘာမို့လို့လဲ"

သူတို့က ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကို အထင်မြင်သေးပုံရကာ လုံးဝ ဂရုမစိုက်ပေ။

ဟွမ်နျဲ့တောက်၏ မျက်လုံးများက အေးစက်သွားသည်။

တစ်ဖက်လူများက လုံးဝ ဂရုမစိုက်သော အင်မော်တယ်အကယ်ဒမီတွင် သူက လေ့ကျင့်နေရသေးသည် မဟုတ်လော။

"မင်းတို့က ဘယ်သူလဲ၊ ဒီဘိုးဘေးရဲ့ရှေ့မှာ ဘယ်လိုတောင် ရိုင်းရိုင်းစိုင်းစိုင်း ပြောဝံ့တာလဲ"

ဟွမ်နျဲ့တောက်က သူ့အင်္ကျီလက်ကိုခါယမ်းပြီး အေးစက်စက် ပြောလိုက်သည်။

သို့သော်လည်း ထိုလူများထဲမှ တစ်ယောက်က ဂရုမစိုက်သလိုပင် ပြောလိုက်သည်။

"ပုရွက်ဆိတ်တွေ၊ နောက်ဆုတ်ကြစမ်း။ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်က မင်းတို့ ထိတွေ့နိုင်တဲ့အရာ မဟုတ်ဘူး"

All Chapters