အခန်း ၁၁၇၀
Vol. 78 Ch. 1170
အခန်း ( ၁၁၇၀ ) ဘယ်သူက ဘယ်သူ့ကို ကြောက်သင့်လဲ။
ထိုသူများက စန်းမျိုးနွယ်ဝင်များဖြစ်ကြောင်း သိထားကြရမည် ဖြစ်သည်။
သူတို့က စန်းမျိုးတွယ်၏ တာအိုကလေးငယ်အဆင့် မဟုတ်လျှင်ပင်...
အင်မော်တယ်နယ်မြေကြီး၏ ထိပ်သီး ပါရမီရှင်အဆင့်တွင် ရှိနေဆဲ ဖြစ်၏။
ရလဒ်အနေဖြင့်၊ ယခုအခါ ကျွင်းရှောင်ယောက်၏ ရိုးရှင်းသော ဓားအလင်းအောက်တွင် သူတို့၏ဝိညာဉ်များ တိုက်ရိုက် ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်သည်။
ရွှီထျန်းလောကကို ဝိညာဉ်ခန္ဓာတစ်ခုသာ ဝင်ရောက်နိုင်သော်လည်း၊ ၎င်းက အံ့ဖွယ်ကောင်းနေသေးသည်။
အကြောင်းမူ၊ ကျွင်းရှောင်ယောက်ကလည်း ရှေးဦးဝိညာဉ်သာဖြစ်သောကြောင့် ဖြစ်သည်။
အကယ်၍ ဤဓားကို အပြင်လောကတွင် ကိုယ်တိုင်အသုံးပြုလျှင် မည်မျှအစွမ်းထက်မည်နည်း။
လူတိုင်းက စိတ်ကူးမယဉ်နိုင်တော့ပေ။
ဤလှုပ်ရှားမှုက တကယ်ကို ကြောက်စရာကောင်းလွန်းသည်။
"သခင်..."
မင်းသမီးလုံကျိ၏ လှပသော မျက်လုံးများက သဘောကျမှုတို့ ပြည့်နေသည်။
ကျွင်းရှောင်ယောက်၏ စွမ်းဆောင်ရည်သည် ယခင် ဟွမ်နျဲ့တောက်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။
တစ်ယောက်က အနှောင်အဖွဲ့ကင်းပြီး စန်းမျိုးနွယ်ကို အလွယ်တကူ ချေမှုန်းခဲ့သလောက်...
ကျန်တစ်ဦးမှာတော့ အင်အားအနည်းငယ်ရှိသည့်တိုင် သူရဲဘောကြောင်ကာ လှုပ်ရှားရန်ပင် မဝံ့ရဲခဲ့ပေ။
မင်းသမီးလုံကျိက ထိုကဲ့သို့သောလူကို တစ်ချက်ကြည့်ရန်ပင် စိတ်မဝင်စားပါ။
"အစ်ကိုကျွင်းကတော့ အစ်ကိုကျွင်းပါပဲ"
ရှောင်ယီလည်း အလွန်စိတ်လှုပ်ရှားနေသည်။
ကျွင်းရှောင်ယောက်၏နောက်ကို လိုက်ပါတာက တကယ်ကို မမှားပေ။
ကျွင်းပေါင်လီလည်း သက်ပြင်းချလိုက်မိသည်။
'ငါနဲ့ ရှောင်ယောက်ကြားက ကွာဟမှုက ပိုကျယ်လာသလိုပဲ'
ကျွင်းပေါင်လီက သက်ပြင်းချလိုက်သော်လည်း ကျေနပ်နေပြီ မနာလိုမဖြစ်ပေ။
သို့ရာတွင်၊ လီချင်းအာအကြောင်း တွေးလိုက်မိသောအခါ သူ့မျက်နှာ အနည်းငယ် မည်းမှောင်သွားသည်။
စန်းမျိုးနွယ်က ကောင်းကင်သရဖူနှင့်ပတ်သက်သည့် အတွေးအမြင်များ ရှိပုံရပေသည်။
"နတ်ဘုရားသားတော်က အစွမ်းထက်လိုက်တာ"
"အဲဒီဓားအလင်းက ဓားရဲ့ အဆုံးစွန်နိယာမကို ရှင်းပြနေသလို ခံစားရတယ်"
ဓားပညာကို လိုက်စားသော ပါရမီရှင်တချို့မှာ ထိုဓားချက်ကို နောက်တစ်ကြိမ် ပြန်ကြည့်ချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့သည်။
သတ်ဖြတ်ခြင်းဓား၏ စွမ်းအားက ကျွင်းရှောင်ယောက်ကို စိတ်မပျက်စေခဲ့ပေ။
နောက်ဆုံးတွင်၊ ၎င်းက မဟာနတ်ဘုရားသိုင်းကြီးငါးခု၏ ပေါင်းစပ်မှု ဖြစ်သည်။
လီကူနှင့် အခြားသူများကို မသတ်နိုင်မှသာလျှင် အံ့စရာဖြစ်လိမ့်မည်။
စန်းမျိုးနွယ်ကို ရန်စမိခြင်း၏ အကျိုးဆက်နှင့် ပတ်သက်လျှင်တော့ ကျွင်းရှောင်ယောက်က လုံးဝ ဂရုမစိုက်ပါ။
အဋ္ဌမဘိုးဘေး ကျွင်းထျန်းမင်က ကြုံးဝါးခဲ့ဖူးသည်။
ကျွင်းမိသားစုက ဒေါသထွက်သောအခါ ကောင်းကင်ကိုပင် ပြိုကျစေနိုင်သည်။
စန်းမျိုးနွယ်က ကောင်းကင်လမ်းစဥ်၏ နောက်လိုက်များသာ ဖြစ်၏။
ဘယ်သူက ဘယ်သူ့ကို ကြောက်ရမည်နည်း။
ကျွင်းရှောင်ယောက်က ကောင်းကင်သားတော်ရှစ်ဦးကိုသာ စိတ်ဝင်စားသည်။
ထို့နောက်မှာတော့ ကျွင်းရှောင်ယောက်က စန်းမျိုးနွယ်အကြောင်းကို မတွေးတော့ဘဲ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို အာရုံစူးစိုက်လိုက်လေသည်။
ရေဇလုံအရွယ်အစားရှိ အရောင်ခြောက်မျိုးပန်းပွင့်က အလွန်တောက်ပပြီး နတ်အလင်းများဖြင့် လင်းလက်နေသည်။
မတူညီသော အရောင်ခြောက်မျိုးဖြင့် ပွင့်ဖတ်ခြောက်ခုက ကမ္ဘာခြောက်ခုကို ထိန်းထားပုံရပြီး ပြန်လည်ဝင်စားခြင်းခြောက်ခုကို ဖြစ်ပေါ်စေ၏။
အနီးကိုကပ်လာလေလေ၊ ပြန်လည်ဝင်စားခြင်း၏ ပြင်းထန်သောစွမ်းအင်ကို ခံစားရလေပင်။
သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ ဤပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်က တစ်ခုခုလွဲမှားနေသည်ဟု ဝိုးတဝါး ခံစားနေမိသည်။
၎င်းက လှပသော်လည်း သူ၏ ကမ္ဘာသစ်ပင်ထက် အနည်းငယ် နိမ့်ကျနေပုံရလေသည်။
'ထူးဆန်းတာပဲ'
သို့သော်လည်း ကျွင်းရှောင်ယောက်က အများကြီးမစဉ်းစားတော့ဘဲ သူ့လက်ကိုဝှေ့ယမ်းကာ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို သိမ်းယူလိုက်သည်။
အခြားလူများကလည်း စောဒကမတက်ခဲ့ကြပေ။
ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို သိမ်းယူပြီးနောက် ကျွင်းရှောင်ယောက်က မင်းသမီးလုံကျိနှင့် အခြားသူများထံ ပြန်လျှောက်လာခဲ့သည်။
"သခင်..."
မင်းသမီးလုံကျိ၏ မျက်လုံးများက ရိုသေ လေးစားမှုတို့ ပြည့်နေသည်။ သူမက ဆီးကြိုနှုတ်ဆက်လိုက်၏။
"အစ်ကိုကျွင်းက အရမ်းတော်တာပဲ၊ စန်းမျိုးနွယ်က လူ အားလုံးကို အသာအယာလေးသတ်ခဲ့တာ"
ရှောင်ယီမှာ အလွန်စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။
ထိုကဲ့သို့သော ပေါင်လုံးကြီးကို ဖက်ထားခြင်းဖြင့် အနာဂတ်တွင် စိုးရိမ်စရာမရှိနိုင်တော့ပေ။
"ရှောင်ယောက်၊ မင်းကတော့ လူတိုင်းထက် သာလွန်နေပြီထင်တယ်"
ကျွင်းပေါင်လီလည်း ပြုံးလိုက်သည်။
"ဒါက လှည့်ကွက်လေးတစ်ခုပါပဲ။ အားလုံး ဘာမှမဖြစ်ကြတာ ကောင်းတယ်"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်လေသည်။
"ဒါနဲ့၊ ချင်းအာအကြောင်းက..."
ကျွင်းပေါင်လီက ကောင်းကင်သရဖူအကြောင်းကို ပြောပြလိုက်သည်။
"စန်းမျိုးနွယ်စုမှာလည်း ကောင်းကင်တာအို သရဖူနဲ့ ပတ်သက်ပြီး အတွေးအမြင်တွေ ရှိနေပုံပဲ"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။
သို့သော်လည်း သူတို့တွင် ထိုအတွေးများ ရှိကြခြင်းက ပုံမှန်ပင်။
ကောင်းကင်သရဖူက ကောင်းကင်ထံမှ လက်ဆောင်ဖြစ်ပြီး စန်းမျိုးနွယ်စုက ၎င်းကို လိုချင်သည်မှာ သဘာဝဖြစ်သည်။
ကျွင်းရှောင်ယောက်က ကောင်းကင်သားရှစ်ယောက်တွင် ကောင်းကင်သရဖူ သို့မဟုတ် ဆင်တူသည့် သရဖူတစ်မျိုးကို ပိုင်ဆိုင်ထားနိုင်သည်ဟုပင် သံသယရှိခဲ့ပေသည်။
"ငါ့အတွက်တော့ စိတ်ပူနေစရာမလိုပါဘူးနော်၊ ငါ့ရဲ့ ကျေးဇူးရှင်ကို နောက်ထပ် ထပ်ပြီးတော့ ဒုက္ခမဖြစ်စေချင်တော့ပါဘူး"
လီချင်းအာက အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။
ကျွင်းရှောင်ယောက်ကြောင့်သာ သူမ ပြန်လည်ရှင်သန်နိုင်ခဲ့ပြီး ငယ်ရွယ်နုပျိုလာခဲ့ခြင်း ဖြစ်သည်။
သူမက ကျွင်းရှောင်ယောက်ကို နှလုံးသားထဲမှ ကျေးဇူးတင်နေခဲ့ပေသည်။
ကျွင်းရှောင်ယောက်က လက်ကာပြပြီး ပြောလိုက်သည်။
"ယဉ်ကျေးနေစရာမလိုပါဘူး၊ အချိန်တစ်ခုအတွင်းမှာတော့ စန်းမျိုးနွယ်က ငါ့ကျွင်းမိသားစုကို ထိပါးဦးမှာ မဟုတ်ဘူး"
"ပြီးတော့ အနာဂတ်မှာ... နောက်ဆုံး ရယ်မောနိုင်သူက ဘယ်သူဖြစ်မယ်ဆိုတာ ဘယ်သူသိမှာလဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် အေးစက်သောအရိပ်အယောင်များ ပေါ်လာသည်။
သူက စန်းမျိုးနွယ်ကို သိပင်မသိခဲ့သော်လည်း၊ သူတို့က သူ့အား အစပြုကာ ကြံစည်နေကြသည်။
"ကောင်းပြီလေ၊ တစ်လှမ်းချင်း သွားကြတာပေါ့"
ကျွင်းပေါင်လီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
စန်းမျိုးနွယ်က လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းလို့မရပေ။
သို့ရာတွင်၊ သူတို့၏ ကျွင်းမိသားစုကလည်း သာမန်မဟုတ်ပါ။
ရှေးခေတ်မှ ယနေ့အထိ ကျွင်းမိသားစု၏ နောက်ခံသမိုင်းကြောင်း အပြည့်အစုံကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့သေးပေ။
ကျွင်းမိသားစုမှ မိသားစုဝင် တော်တော်များများဆိုလျှင် သူတို့ရဲ့ အမွေအနှစ်က ဘယ်လောက်နက်နဲမှန်းပင် မသိကြပါချေ။
ထို့ကြောင့် ကျွင်းမိသားစုသည် ရေမျက်နှာပြင်အထက်မှ အင်အားစုဖြစ်သော်လည်း...
အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားပြီး ရေမျက်နှာပြင်အောက်ရှိ အင်အားစုများထက် အားမနည်းပေ။
စကားစမြည် ပြောဆိုနေပြီးနောက် ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း လူစုခွဲခဲ့ကြသည်။
လူတိုင်း၏ ကံကောင်းပုံခြင်းက မတူပေ။ အတူတူ စုသွားပါက အခွင့်အလမ်းများကို ပိုရှာရခက်နိုင်သည်။
ကျွင်းရှောင်ယောက်က တစ်ယောက်တည်း နက်နက်ရှိုင်းရှိုင်း ဆက်လျှောက်သွားခဲ့ပြီး အခြားသူများလည်း အသီးသီး လူစုခွဲသွားကြလေသည်။
ဤအခိုက်အတန့်တွင်...
ရွှီထျန်းလော၏အပြင်ဘက်၊ အခြား အမှောင်ဟင်းလင်းပြင်တွင်...
ဤနေရာတွင် လူအများအပြား တင်ပျဉ်ခွေထိုင်နေကြသည်။
၎င်းသည် လီကူနှင့် အခြားသူများ၏ ရုပ်ခန္ဓာများ ဖြစ်၏။
ဘေးမှာတော့ စန်းမျိုးနွယ်ဝင်များက သူတို့ကို စောင့်ရှောက်ပေးနေကြလေသည်။
ရုတ်တရက်၊ လီကူနှင့် အခြားသူများ၏ ခန္ဓာကိုယ်များက တုန်လှုပ်သွားပြီးနောက် ပါးစပ်မှ သွေးများ အန်ထွက်ခဲ့ကြသည်။
သွေးများက သာမာန်သတ္တဝါများကဲ့သို့ အနီရောင်မဟုတ်ဘဲ မိုးပြာရောင်ဖျော့ဖျော့ ဖြစ်၏။
၎င်းက အလွန်မကြွယ်ဝသော်လည်း အမြင့်မြတ်ဆုံးနှင့် ကောင်းကင် အငွေ့အသက်တို့ကို သယ်ဆောင်ထားသေးသည်။
"လီကူ၊ မင်းတို့ ဘာဖြစ်ကြတာလဲ"
လီကူနှင့် အခြားသူများ၏ အခြေအနေကို မြင်လိုက်ရသောအခါ အစောင့်အရှောက်များ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားကြသည်။
လီကူနှင့် အခြားသူများက ရွှီထျန်းလောကသို့ ဝင်ရောက်ပြီး မကြာမီပင် ပြန်ထွက်ကြခြင်း ဖြစ်၏။ မမျှော်လင့်ထားသော အရာတစ်ခုခု ဖြစ်သွားပုံရသည်။
သို့သော်လည်း သူတို့ကို အံ့ဩစေသည့်အရာမှာ...
သူတို့ စန်းမျိုးနွယ်မှ လူများကို ဘယ်သူက ထိပါးဝံ့တာလဲ။
အင်မော်တယ်အင်အားစုများဖြစ်လျှင်ပင် စန်းမျိုးနွယ်အကြောင်းကိုသိပါက လေးစားစွာ ဆုတ်ခွာသွားရမည် ဖြစ်သည်။
"ကျွင်း... ကျွင်း..."
လီကူက သွေးအန်ရင်း စကားလုံးများကို အားတင်းကာ ပြောလိုက်သည်။
သူ၏ မျက်လုံးများမှ သွေးယိုစီးနေပြီး တာအိုနှလုံးသားလည်း ပြိုကျသွားသလို ခံစားနေရ၏။
ကြောက်စရာကောင်းလွန်းသည်။
ယုတ္တိဗဒအရ၊ ရွှီထျန်းလောကတွင် ဝိညာဉ်အစိတ်အပိုင်းသေဆုံးသွားလျှင်ပင်... ၎င်းက မူလခန္ဓာနှင့် ဝိညာဉ်အပေါ် ကြီးစွာသောသက်ရောက်မှုရှိမည် မဟုတ်ပေ။
သို့သော်လည်း လီကူနှင့် အခြားသူများက အလွန်အားနည်းလာနေပြီ ဖြစ်သည်။
"ကျွင်းဘာဖြစ်လဲ"
လူတစ်ယောက်က အလောတကြီး မေးလိုက်သည်။
"ကျွင်း... ရှောင်ယောက်"
လီကူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ထို့နောက်မှာတော့ သူ၏မျက်ခုံးနှစ်ခုကြားမှ ရုတ်တရက် အက်ကွဲသွားပြီး ရှေးဦးဝိညာဉ် ကြွေလွင့်သွားတော့သည်။
သူတင်မကဘဲ ရွှီထျန်းလောကကို ၀င်ရောက်လာသည့် တခြား စန်းမျိုးနွယ်ဝင်များ၏ ရှေးဦးဝိညာဉ်များလည်း တစ်ချိန်တည်းမှာပင် ပျက်စီးသွားကြသည်။
ယင်းက အခြား စန်းမျိုးနွယ်ဝင်များကို တုန်လှုပ်သွားစေခဲ့ပေသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ရွှီထျန်းလောကမှာ မမျှော်လင့်ထားတဲ့အရာတစ်ခုခု ဖြစ်ပျက်ခဲ့ရင်တောင် အပြင်လောကရဲ့ ရှေးဦးဝိညာဉ်နဲ့ မပတ်သက်သင့်ဘူး"
"ကျွင်းရှောင်ယောက်က ကောင်းကင်နဲ့ ကစားခဲ့တဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပဲ။ သူ့မှာ ဘယ်လိုနည်းလမ်းမျိုး ရှိနေတာလဲ"
"ငါတို့ အထဲကို ဝင်သွားကြမလား"
"မင်း သေချင်နေတာလား။ လီကူနဲ့ တခြားသူတွေတောင် သေကုန်ကြပြီ။ ငါတို့ဝင်သွားတော့ကော ဘာအကျိုးရှိမှာလဲ"
"စန်းမျိုးနွယ်ကို အမြန်ပြန်သွားပြီး ကျိုးထျန်းတောက်ကျစ်ကို ဒီအကြောင်း သတင်းပို့ရမယ်"
"ငါ့စန်းမျိုးနွယ်ရဲ့ သွေးတွေနဲ့ စွန်းထင်းနေပြီ။ သူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဖြစ်ရင်တောင် တန်ရာတန်ကြေးပေးရမယ်"
အခြား စန်းမျိုးနွယ်ဝင်များက အလောင်းများကိုသယ်ဆောင်ကာ ပြန်ထွက်သွားတော့သည်။
လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားသည့် စန်းမျိုးနွယ်၏ မျိုးနွယ်ဝင်များ သတ်ဖြတ်ခံခဲ့ရသည်။
ယင်းက ဂယက်များကို သေချာပေါက် ဖြစ်စေလိမ့်မည်။
အထူးသဖြင့်... ကျိုးထျန်းတောက်ကျစ်က အလွတ်ပေးတော့မည် မဟုတ်ပေ။