← Chapters

အခန်း ၁၁၇၁

Vol. 79 Ch. 1171

အခန်း ၁၁၇၁

Vol. 79 Ch. 1171

အခန်း ( ၁၁၇၁ ) ရွှီထျန်းလောကသို့ တိဟောက်ထျန်းရောက်လာပြီ။

ရွှီထျန်းလောက အပြင်ဘက်၊ ပျက်စီးနေသော ကြယ်ပေါ်တွင်...

တတိယအကြီးအကဲ ရွှီမော့က ပျင်းရိပျင်းတွဲဖြင့်‌ ဤနေရာကို စောင့်ကြပ်နေသည်။

ထိုအချိန်တွင် အဝေးမှ ကြယ်ကောင်းကင်တွင် တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာ၏။

နိယာမများ ရောယှက်နေသော ရွှေရောင်လမ်းကြောင်းတစ်ခုက ကြယ်များကိုဖြတ်ပြီး ဖြာကျနေသည်။

ရွှေရောင်လမ်းကြောင်းပေါ်မှာတော့ ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းနေသော ရုပ်သွင်တစ်ခုက တည်ငြိမ်စွာ လျှောက်လှမ်းလာခဲ့သည်။

"အဲဒါက..."

အင်မော်တယ်အကယ်ဒမီမှ တပည့်များအားလုံး အံ့ဩသွား၏။

ဖယ်ထုတ်ခံလိုက်ရသော ရန်ယွင်မြင်းသည်တော်များမှာတော့ စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်ကာ အော်လိုက်ကြတော့သည်။

"ဧကရာဇ်ငယ် ဟောက်ထျန်းကို နှုတ်ခွန်းဆက်ပါတယ်"

စကားတစ်ခွန်းက အင်မော်တယ်အကယ်ဒမီမှ တပည့်အားလုံးကို တုန်လှုပ်စေခဲ့သည်။

"ဟုတ်တယ်... အဲဒါက ရှေးဧကရာဇ်ငယ်ပဲ"

လူအတော်များများက တုန်လှုပ်ချောက်ချားသွားကြသည်။

အင်မော်တယ်ခုံရုံး၏ ရှေးဧကရာဇ်ငယ်က‌ နောက်ဆုံးတွင် ပြန်လည်မွေးဖွားလာခဲ့ပြီလား။

ရွှေရောင်အလင်းများ ပျောက်ကွယ်သွားပြီး တိဟောက်ထျန်း၏ရုပ်သွင်က ပေါ်လာသည်။

သူသည် ရွှေရောင် ဆံပင်ရှည်၊ ငွေရောင် မျက်လုံးများနှင့် တည်ငြိမ်သော အမူအရာရှိပြီး အရာအားလုံးကို လွှမ်းမိုးထားနိုင်သူကဲ့သို့ပင်။

'ဒါက အင်မော်တယ်ခုံရုံးရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရှေးဧကရာဇ်ငယ်ပဲ။ သူ့မှာ ထူးကဲတဲ့ တာအိုခန္ဓာရှိပြီး တစ်ချိန်က သူ့ခေတ်ကို လွှမ်းမိုးထားခဲ့တာ'

အမှန်တရား၏သားတော်က အလွန်လေးနက်သော အမူအရာဖြင့် တိဟောက်ထျန်းကို ကြည့်သည်။

ယခုအချိန်၊ အင်မော်တယ်နယ်မြေကြီးတွင် ကျွင်းရှောင်ယောက်ကို ရင်ဆိုင်နိုင်သူမှာ အနည်းငယ်သာ ရှိသည်။

ရှေးဧကရာဇ်ငယ်ကလည်း ထိုလူများထဲမှ တစ်ယောက်အပါအဝင် ဖြစ်လိမ့်မည်။

"အကြီးအကဲ၊ ခင်ဗျားက ဒီတစ်ခေါက် အင်မော်တယ်အကယ်ဒမီကို ဦးဆောင်လာတဲ့ အကြီးအကဲဖြစ်ရမယ်။ ကျုပ်လည်း ရွှီထျန်းလောကကို ဝင်ရောက်နိုင်မလား သိချင်မိပါတယ်"

တိဟောက်ထျန်းက ပြောလိုက်သည်။

"သေချာတာပေါ့၊ မင်းဟာ တစ်ချိန်က အင်မော်တယ်အကယ်ဒမီရဲ့ တပည့်ဖြစ်ခဲ့တယ်"

တတိယအကြီးအကဲ ရွှီမော့၏ နှုတ်ခမ်းများက တလှုပ်လှုပ်ဖြစ်သွားပြီးမှ ခေါင်းညိတ်လိုက်လေသည်။

နောက်ဆုံးတွင်၊ သေချာစဉ်းစားကြည့်လျှင် သူက တိဟောက်ထျန်း၏ အကြီးအကဲဖြစ်ရန် အရည်အချင်းမရှိပေ။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

တိဟောက်ထျန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ရှေးအစီရင်အတိုင်း တင်ပျဉ်ခွေ ထိုင်လိုက်လေသည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်မှ အကြည့်များစွာက သူ့အပေါ်ကို ကျရောက်လာသည်။

"ဒါက တကယ်ကို အင်မော်တယ်ခုံရုံးရဲ့ ရှေးဧကရာဇ်ငယ် တိဟောက်ထျန်းပဲ။ သူက နတ်ဘုရားတစ်ပါး ပြန်မွေးဖွားလာတဲ့သူပဲ။ သူ့ရဲ့ စိတ်နေစိတ်ထားက ထူးကဲလွန်းတယ်"

"ပြီးတော့ သူ့ရဲ့ အရှိန်အဝါကလည်း အရမ်း အားကောင်းတယ်။ သူက ဘယ်အဆင့်ကို ရောက်နေပြီလဲတောင် မသိဘူး"

"ပြောရတော့ခက်တယ်၊ ကောလဟာလတွေအရ တိဟောက်ထျန်းမှာ ကောင်းကင်ကို အံတုနိုင်အောင် ကြီးကျယ်ခမ်းနားတဲ့ ခန္ဓာသုံးခုရှိတယ်တဲ့။ သူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ ယှဉ်နိုင်တဲ့ လူအနည်းငယ်ထဲက လူတစ်ယောက်ပဲ"

ပါရမီရှင်အချို့က ဆွေးနွေးပြောဆိုနေကြသည်။

တိဟောက်ထျန်းကတော့ ဂရုမစိုက်တော့ပေ။

ပြန်လည်မွေးဖွားပြီးနောက်တွင် သူက အခွင့်အလမ်းများကို ဆုပ်ကိုင်ပြီး အဆင့်ဆင့် တိုးတက်အောင်မြင်လိုသည်။

"မထင်မှတ်ထားတာတွေ ဖြစ်မလာရင် ရွှီထျန်းလောကမှာ အခွင့်အလမ်းများစွာ ရှိလိမ့်မယ်။ ပထမတစ်ခုကတော့ ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်ပဲ"

တိဟောက်ထျန်းက ခပ်တိုးတိုးရေရွတ်ပြီး မျက်လုံးမှိတ်လိုက်သည်။

တိဟောကိထျန်းက ရွှီထျန်းကသို့ ဝင်ရောက်လာခဲ့ပြီ။

............

ရွှီထျန်းလောကတွင် တိဟောက်ထျန်း၏ရုပ်သွင် ပေါ်လာသည်။

"ဘယ်လောက်တောင် လွမ်းဆွတ်စရာကောင်းလိုက်ပါလိမ့်"

တိဟောက်ထျန်းက သက်ပြင်းချလိုက်သည်။

အကယ်၍ သူသာ ရွီထျန်းလောကရှိ အင်မော်တယ်ကျောက်ပြား၏ အပိုင်းအစကို မရရှိခဲ့ပါက...

ဤရွှေခေတ်၏ အစမှတ်သို့ ပြန်သွားရန် သူ့အတွက် မဖြစ်နိုင်ပေ။

ထို့နောက်တွင် တိဟောက်ထျန်းက ရွှီထျန်းလောကသို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့သည်။

သူ၏ ရှေးဦးဝိညာဉ်ခန္ဓာက အဆုံးမဲ့ တောက်ပသော အလင်းတို့ကို ထုတ်လွှတ်နေသည်။ ၎င်းကလည်း အလွန်ထူးကဲသော ရှေးဦးဝိညာဉ် ဖြစ်၏။

သူက ရှေးပညာရှင်ဝိညာဉ်အားလုံးကို လက်တစ်ဖက်တည်းဖြင့် ဖျက်ဆီးပစ်လိမ့်မည်။

စိတ်ဝိညာဉ်လွင့်ပြယ်မြူခိုးများပင်လျှင် သူ့အရှိန်အဟုန်ကို မရပ်တန့်နိုင်ပေ။

ထို့နောက်တွင် တိဟောက်ထျန်းက ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်ရှိရာသို့ ရောက်လာသည်။

ဤနေရာတွင် အနည်းငယ်ရှုတ်ထွေးနေပြီး ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်ကို မတွေ့ရတော့ပေ။

သို့ရာတွင်၊ ပြန်လည်ဝင်စားခြင်း၏ အငွေ့အသက် အနည်းငယ်သာ ကျန်သည်။

"မရှိတော့ဘူးလား"

တိဟောက်ထျန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ခဏကျမှ ဖြေလျှော့လိုက်လေသည်။

"အင်း၊ ကမ္ဘာပေါ်မှာ မသိတဲ့သူတွေကတော့ အတုကို အစစ်လို့ မှတ်ယူနေကြမှာပဲ"

တိဟောက်ထျန်းက ခေါင်းခါယမ်းလိုက်သည်။

ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်က အလွန်ရှားပါး၏။

ထို့ကြောင့် လူအများစုက သေချာမသိကြပေ။

ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်တွင် အထူးစွမ်းရည်တစ်မျိုး ရှိသည်။

ယင်းက အမြစ်အတုများကို ဖန်တီးပြီး ထင်ယောင်ထင်မှား ဖြစ်စေနိုင်ခြင်းပင်။

အမြစ်အတုများက အစစ်အမှန်များထက် ပိုမိုတောက်ပပြီး လှပ၍ ကမ္ဘာကြီး၏အာရုံကို ဆွဲဆောင်နိုင်သည်။

ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ် အစစ်အမှန်ကတော့ အမှောင်ထဲတွင်သာ လျှို့ဝှက်နေတတ်ပေသည်။

ပြန်လည်မွေးဖွားခြင်း၏ ရွှေလက်ချောင်းမရှိလျှင် တိဟောက်ထျန်းသည်လည်း ဤလျှို့ဝှက်ချက်ကို သိရန် လုံးဝမဖြစ်နိုင်ပေ။

"အခု အမြစ်အတုတွေ ပေါ်လာပြီဆိုတော့ ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ် အစစ်အမှန်လည်း မွေးဖွားနေလောက်ပြီ။ အဲဒါက ရွီထျန်းလောကရဲ့ အနက်ရှိုင်းဆုံး အစိတ်အပိုင်းမှာ ရှိသင့်တယ်"

တိဟောက်ထျန်းက တစ်ယောက်တည်း ရေရွတ်ရင်း လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ရှေ့ကိုဆက်လျှောက်သွားလေသည်။

ထိုအချိန်၊ ရွှီထျန်းလောက၏ နက်နဲရာအရပ်တွင်...

ကျွင်းရှောင်ယောက်က ပို၍ နက်ရှိုင်းစွာ လျှောက်လှမ်းသွားနေသည်။

"ဘာဖြစ်လို့ တစ်ခုခု မှားနေတယ်လို့ အမြဲခံစားနေရတာလဲ"

ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် သံသယအရိပ်အယောင်များ ရှိနေ၏။

ထိုအကြောင်းကို ပိုတွေးလေလေ၊ ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်က တစ်ခုခု လွဲမှားနေသည်ဟု သူ ပို၍ ခံစားရလေပင်။

'ဖြစ်နိုင်မလား...'

ကျွင်းရှောင်ယောက်က ဖြစ်နိုင်ခြေတစ်ခုခုကို တွေးနေမိသည်။

မိုးနှင့်မြေ၏ အဖိုးတန်ဆုံးရတနာအချို့သည် သူတို့၏ကိုယ်ပိုင် စိတ်ဝိညာဉ်များ မွေးဖွားလာတတ်ကြသည်။

၎င်းတိို့က လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုလိမ့်မည်။

"ဒီပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်က လူသိမှာကို မကြောက်သလိုမျိုး အရှိန်အဝါကြီးကြီးနဲ့ ပေါ်ထွက်လာခဲ့တာပဲ"

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲတွင် ခန့်မှန်းလိုက်မိပြီ ဖြစ်သည်။

"ဒါပေမဲ့ လောလောဆယ်တော့ အဲဒါကို စစ်ဆေးဖို့အတွက် ရွှီထျန်းလောကရဲ့ နက်နဲရာအရပ်ကို ဝင်ရောက်ရဦးမယ်"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

သူ ယခင်က ကြားဖူး၏။

ရွှီထျန်းလောက၏ နက်နဲရာအရပ်၌ မိစ္ဆာသွေး၏ပုံရိပ်ယောင် နယ်မြေ ရှိသည်။

၎င်းက ရွှီထျန်းလောကတစ်ခုလုံးတွင် လုံးဝ တားမြစ်ထားသော နေရာတစ်ခုဟု ဆိုနိုင်သည်။

အထဲသို့ဝင်ရောက်ဝံ့သော ဝိညာဉ်ခန္ဓာမှန်သမျှ ပျက်သုဉ်းသွားလိမ့်မည်။

တစ်ချိန်တည်းမှာပင် ရွှီထျန်းလောကသို့ ပထမဆုံးဝင်ရောက်စဉ်က မြင့်မြတ်ခန္ဓာသွေး၏ အထူးခံစားချက်ကို သတိရစေသည်။

ကျွင်းရှောင်ယောက်က ၎င်း၏အရင်းမြစ်သည် မိစ္ဆာသွေးပုံရိပ်ယောင်ကြောင့် ဖြစ်သင့်သည်ဟု မှန်းဆမိခဲ့သည်။

ထို့ကြောင့် သူက ရွှီထျန်းလောကသို့ နက်နဲစွာ ဝင်ရောက်လိုခြင်းပင်။

ကျွင်းရှောင်ယောက်က ရှေ့ဆက်လျှောက်လှမ်းခါနီးတွင်...

သူ့ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။ သူ့မျက်နှာက အေးစက် တင်းမာသွား၏။

"လော့လီ..."

ရွှီထျန်းလောကသို့ ဝင်ရောက်သောအခါ၊ ကျွင်းရှောင်ယောက်သည် ကျန်းလော့လီ၏ ဝိညာဉ်ခန္ဓာသို့ ရှေးဦးဝိညာဉ်အမျှင်တန်းတစ်ခု ထည့်ပေးလိုက်သည်။

ဤနည်းဖြင့် ကျန်းလော့လီမှာ အန္တရာယ်ရှိမရှိကို ချက်ချင်း သိနိုင်လိမ့်မည်။

ယခုမူ၊ ကျွင်းရှောင်ယောက်က ကျန်းလော့လီ ဒုက္ခရောက်နေပြီဟု ခံစားလိုက်ရပြီ ဖြစ်သည်။

ရွှီထျန်းလောက၏ အ‌ခြား နေရာတစ်ခုတွင်...

ပန်းရောင်ဝတ်ရုံနှင့် အဖြူရောင်စကတ်ရှည်ကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ရပ်နေသည်။ အပြောင်ရောင် ပိတ်ကျဲစကလည်း လေထဲတွင် လွင့်မျောနေ၏။ သူမက ခန္ဓာကိုယ် ခပ်သေးသေးဖြင့် နတ်သူငယ်မလေးတစ်ယောက်ကဲ့သို့ ချစ်စွယ် ဖြစ်သည်။

ထိုမိန်းကလေးက ကျန်းလော့လီပင်။

သို့သော်လည်း ယခုအချိန်တွင် သူမက ဆန့်ကျင်ဘက်မှ လူတစ်စုကို သံသယနှင့် ရွံရှာမှုတို့ဖြင့် ကြည့်နေသည်။

ထိုလူစု၏ ပုံရိပ်များကလည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ အလွန်မှုန်ဝါးနေ၏။

"နင်တို့ ဘာကိစ္စနဲ့ ငါ့အနောက်ကို လိုက်နေကြတာလဲ"

ကျန်းလော့လီက အေးစက်စက် ပြောသည်။

"ဘာအကြောင်းမှ မရှိပါဘူး၊ ငါတို့က အမှန်တရားကို သိချင်ရုံပဲ။ မင်းမှာ ငါတို့နဲ့ ရင်းနှီးတဲ့ အရိပ်အယောင်တစ်ခု ရှိနေတယ်"

ဆန့်ကျင်ဘက်လူအုပ်စုထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူက ရှေ့သို့လှမ်းကာ ပြောလိုက်သည်။

"နင်တို့က အင်မော်တယ်အကယ်ဒမီရဲ့ တပည့်တွေလည်း မဟုတ်ပါဘူး။ နင်တို့ ဘယ်သူတွေလဲ"

ကျန်းလော့လီ၏ လှပသော မျက်လုံးများက လေးနက်နေ၏။

ဤလူတစ်စုက ရုတ်တရက် ပေါ်လာပုံရသည်။ ဤနေရာကို ရောက်လာသော အင်မော်တယ်နယ်မြေကြီး၏ တပည့်များထဲတွင် ထိုသို့သော လူအုပ်စု လုံးဝမရှိပေ။

"ဪ၊ ဒီရွှီထျန်း‌လောကဟာ အင်မော်တယ်နယ်မြေကြီးရဲ့ အပိုင်မှမဟုတ်တာ၊ ငါတို့ ရောက်နေတာက အံ့ဩစရာမဟုတ်ပါဘူး။ တကယ်လို့ ငါတို့ရဲ့ ဇစ်မြစ်ကို ပြောပြလိုက်ရင်တော့ မင်း သေတဲ့အထိ ကြောက်သွားလိမ့်မယ်"

ခေါင်းဆောင်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

"ငါ့ကိုကြောက်စေမှာတဲ့လား"

ကျန်းလော့လီမှာ ရယ်စရာ ပြက်လုံးတစ်ခုကို ကြားရသည်ဟု ခံစားလိုက်ရသည်။

သူမက ရှေးဟောင်းမင်းမျိုးနွယ် ကျန်းမိသားစု၏ ပုလဲရတနာလေး ဖြစ်သည်။

အင်အားစုနာမည်ကို ပြောလိုက်ခြင်းဖြင့် သူမကို သေအောင် မည်ကဲ့သို့ ကြောက်စေနိုင်မည်နည်း။

"ထားပါ၊ ငါတို့ မင်းကို ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ငါတို့နဲ့ လိုက်ခဲ့ပါ"

ခေါင်းဆောင်က ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး"

ကျန်းလော့လီက ငြင်းဆန်လိုက်သည်။ သူမ၏ ရှေးဦးဝိညာဉ်မှ တောက်ပသော အလင်းရောင်များ ဖြာထွက်လာ၏။

သူမ၏ တာအိုခန္ဓာက ကြီးမားသော အင်မော်တယ်ချီစွမ်းအင်များကို စုပ်ယူနိုင်စွမ်းရှိသော ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာ ဖြစ်သည်။

မိုးနှင့်မြေ၏ ဝိညာဉ်စွမ်းအင်ဖြင့် သူမ၏စိတ်ဝိညာဉ်သည် အဆက်မပြတ် သန့်စင်နေ၏။

ထို့ကြောင့် ကျန်းလော့လီ၏ ရှေးဦးဝိညာဉ်လမ်းကြောင်းက အားမနည်းသည်မှာ သေချာသည်။

"မျှော်လင့်ထားတဲ့အတိုင်း ရှေးဦးဝိညာဉ် အင်မော်တယ်ခန္ဓာပဲ"

ကျန်းလော့လီက ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာကို အသက်သွင်းလိုက်ကြောင်း တွေ့ရသောအခါ လျှို့ဝှက်ဆန်းကြယ်သောလူများ၏ မျက်လုံးများက ပို၍ တောက်ပလာတော့သည်။

All Chapters