အခန်း ၁၁၇၂
Vol. 79 Ch. 1172
အခန်း ( ၁၁၇၂ ) ကောင်းကင်ကိုးခုအထက်၊ တားမြစ်မိသားစု။
မူလက သူတို့သည် အတွေ့အကြုံရှာဖွေရန်သက်သက် ရွှီထျန်းလောကသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ကျန်းလော့လီနှင့် မတော်တဆ တွေ့ဆုံခဲ့၏။
သူမ၏ အငွေ့အသက်မျာက သူတို့၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
"မိန်းကလေး၊ ငါတို့အတွက် ခက်ခဲအောင် မလုပ်နဲ့။ မင်း ငါတို့နောက်ကို လိုက်လာမယ်ဆိုရင် မင်းအတွက်ပဲ အကျိုးရှိမှာပါ"
ခေါင်းဆောင်က ပြောလိုက်သည်။ သူ၏ အသံအရ အသက်ကြီးပုံမရပေ။
သို့သော်လည်း သူ့လေသံတွင် သာလွန်မြင့်မြတ်သော အရိပ်အယောင်မျိုး ရှိနေသည်။
ယင်းက ယခင် စန်းမျိုးနွယ်မှ လူများကဲ့သို့ပင်။
"ငါက ရှေးဟောင်းမင်းမျိုးနွယ် ကျန်းမိသားစုကပဲ။ နင်တို့က ဘယ်ကလဲ"
ကျန်းလော့လီက မေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှေးဦးဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်ထား၏။
သူမက အလွန်သတိထားနေပေသည်။
အကြောင်းမူ၊ တစ်ဖက်လူ၏ ဇာစ်မြစ်ကို နားမလည်နိုင်သောကြောင့် ဖြစ်သည်။
"ငါတို့နောက်ကို လိုက်လာခဲ့ရင် မင်းသိမှာပေါ့"
ခေါင်းဆောင်က ထိုမျှသာပြောပြီး ထပ်မပြောတော့ပေ။ သူက ဦးစွာလှုပ်ရှားလိုက်သည်။
သံကြိုးနှင့်တူသော လက်နက်တစ်ခုကို ထုတ်ယူလိုက်၏။ သံကြိုးက အင်မော်တယ်စွမ်းအင်များ ပါဝင်နေပြီး အစစ်အမှန်နဂါးကြီးတစ်ကောင်ကဲ့ ကျန်းလော့လီကို ချုပ်နှောင်လာတော့သည်။
၎င်းသည် စိတ်ဝိညာဉ်စွမ်းအားဖြင့် မောင်းနှင်ရသော စိတ်ဝိညာဉ်လက်နက်ဖြစ်ကြောင်း ထင်ရှားသည်။
စိတ်ဝိညာဉ်လက်နက်ဟုခေါ်သော ဝိညာဉ်လက်နက်များသည် စိတ်ဝိညာဉ်ကို အခြေခံပြီး တိုက်ခိုက်ရန် သို့မဟုတ် ခုခံကာကွယ်နိုင်သော လက်နက်များ ဖြစ်သည်။
ဤလက်နက်မျိုးက ပြုလုပ်ရန် အလွန်ခက်ခဲသောကြောင့် သာမန်ဝိညာဥ်လက်နက်များထက် များစွာ ပိုရှားပါး၏။
အတိုင်းအတာတစ်ခုအထိ၊ ကျွင်းရှောင်ယောက်၏ လွမ်ကုဧကရာဇ်အဆောင်ကလည်း စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင်၊ ထိုလူငယ် ထုတ်ဖော်ခဲ့သော သံကြိုးက ဝိညာဉ်ကို ဖမ်းချုပ်ရန် အထူးပြုသည်။
ကျန်းလော့လီ၏ လှပသော မျက်လုံးများက ဒေါသဖြင့် အရောင်တောက်လာသည်။
သူ့ကို ခွေးလိုဝက်လို သဘောထားပြီး ဖမ်းရန် ကြိုးစားနေသလော။
"ဝုန်း"
ကျန်းလော့လီ၏ လက်များက လျင်မြန်စွာ လှုပ်ရှားသွားပြီး လက်ဟန်သင်္ကေတစ်ခု ပြုလုပ်လိုက်သည်။ တောက်ပသော တံဆိပ်တော်တစ်ခုပေါ်လာပြီး ထိုလူစုထံသို့ တိုးဝင်သွား၏။
ကျန်းလော့လီက ရှေးဦးဝိညာဉ် အင်မော်တယ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး ရှေးဦးဝိညာဉ်ကမ္ဘာကိုလည်း အမွေဆက်ခံခဲ့သည်။
ယခုအခါ ကျန်းလော့လီက ခြေတံတိုတိုနှင့် သာမန်ကောင်မလေးတစ်ယောက် မဟုတ်တော့ပေ။
နှစ်ဖက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။
သို့သော်လည်း တိုက်ခိုက်ရင်းဖြင့် ကျန်းလော့လီမှာ အံ့ဩလာရသည်။
ဤလျှို့ဝှက်ဆန်းကြယ်သောလူအုပ်စု၏ နည်းလမ်းများက အလွန်ထူးဆန်းပြီး ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ နည်းလမ်းများနှင့် သိပ်မတူပေ။
'ဒီလူတွေက ဘယ်သူတွေလဲ'
ကျန်းလော့လီမှာ အလွန်စိတ်ရှုပ်ထွေးသွားသည်။
လျှို့ဝှက်ဆန်းကြယ်သော ဇစ်မြစ်ရှိသည့် ဤလူတစ်စုသည် ရှန်းရွှီကမ္ဘာသို့ မည်သို့ ရောက်ရှိလာမှန်း မတွေးတတ်နိုင်အောင်ပင်။
ကျန်းလော့လီက အားမနည်းသော်လည်း ထိုလူအုပ်စု၏ ကျင့်ကြံမှုက အလွန်အားကောင်းသည်။
ထို့ပြင်၊ အရေအတွက် အားသာချက်လည်း ရှိ၏။
ကျန်းလော့လီက ဤလျှို့ဝှက်ဆန်းကြယ်သောလူအုပ်စုကို အချိန်အတော်ကြာအောင် ခုခံနိုင်သောကြောင့် ထူးချွန်သူဟုပင် ဆိုနိုင်နေပြီ ဖြစ်သည်။
နောက်ဆုံးတွင်၊ တစ်ဖက်လူ ခေါင်းဆောင်၏ မျက်လုံးများက တောက်ပလာသည်။
သံကြိုးများဖြင့် ကျန်းလော့လီ၏ နူးညံ့သော ခန္ဓာကိုယ်ကို ကောက်ညှင်းထုပ်သဖွယ်ဖြစ်အောင် တုပ်နှောင်လိုက်တော့သည်။
ကျန်းလော့လီမှာ ဒေါသထွက်နေသော ကျားသစ်မလေးကဲ့သို့ ဖြစ်နေသည်။
ကျန်းမိသားစု၏ နတ်သမီးတစ်ပါးအနေဖြင့် သူမကို ဤကဲ့သို့ဆက်ဆံခြင်းမျိုး တစ်ခါမျှ မခံရဖူးပေ။
"မိန်းကလေး၊ ငါတို့မှာ တကယ်ကို မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိပါဘူး။ မင်းဆီမှာ ငါတို့ကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုခု ရှိနေတယ်။ ဒါကြောင့်ပဲ"
"နောက်ပြီးတော့ ငါတို့က မင်းကို မထိခိုက်စေပါဘူး၊ ငါတို့က တစ်ခုခုကို စစ်ဆေးကြည့်ချင်ရုံပါပဲ"
လျှို့ဝှက်ဆန်းကြယ်သော လူအုပ်စုက ရှေ့သို့တိုးလာကြသည်။
"ထွက်သွားကြစမ်း"
ကျန်းလော့လီက အော်ဟစ်လိုက်သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သူများက သူ့အပေါ် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူမ ဂရုမစိုက်ပေ။
ယခုအချိန်တွင် သူမက ရှေးဦးဝိညာဉ် ခန္ဓာမျှသာ ဖြစ်သော်လည်း ထိုလူများနှင့်တော့ မနီးစပ်လိုပါ။
"စိတ်မပူပါနဲ့၊ ငါတို့က မင်းရဲ့ ရှေးဦးဝိညာဉ်က အတက်အကျတွေကိုပဲ စစ်ဆေးမှာ၊ နောက်ဆုံးတော့ မင်းရဲ့ ခန္ဓာအစစ်အမှန်က ရွှီထျန်းလောကရဲ့ အပြင်ဘက်မှာပဲလေ"
ခေါင်းဆောင်က အနည်းငယ်ပြုံးလိုက်သည်။ ကျန်းလော့လီကို ဖမ်းကိုင်ရန် လက်လှမ်းလိုက်၏။
ထိုစဉ်...
ရေခဲတမျှ အေးစက်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
ထိုအေးစက်မှုမျိုးက စိတ်ဝိညာဉ်ကိုပင် အေးခဲစေနိုင်ပုံရ၏။
သူ့မျက်လုံးအကြည့်က ကောင်းကင်အမြင့်သို့ ကျရောက်သွားလေသည်။
ထိုအချိန်တွင် အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ထူးကဲသော အသွင်အပြင်ဖြင့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူက လေထဲတွင် တည်ငြိမ်စွာ ရပ်နေ၏။
နတ်ဘုရားတစ်ပါးကဲ့သို့ အေးစက်ပြီး နက်နဲသော မျက်လုံးတစ်စုံဖြင့် သူ့ကို စိုက်ကြည့်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု၏ ပစ်မှတ်ထားခံရသကဲ့သို့ ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်မှာ အနည်းငယ် တုန်လှုပ်သွားတော့သည်။
"ကိုကိုရှောင်ယောက်..."
ကျန်းလော့လီ အံ့ဩသွားသည်။ တစ်ချိန်တည်းမှာပင် သူ အနည်းငယ် ရှက်ရွံ့သွား၏။
ကျွင်းရှောင်ယောက်က သူမက ကယ်တင်ရန် ရုတ်တရက် ရောက်လာမည်ဟု မမျှော်လင့်ထားပေ။
ကျွင်းရှောင်ယောက်က အလွန်ဂရုမစိုက်သော အမူအရာဖြင့် ထိုလူအုပ်စုကို ကြည့်နေသည်။
ထိုလူစု ခေါင်းဆောင်၏ နှလုံးသားက တင်းကျပ်လာတော့သည်။
ကျန်းလော့လီ၏ ခေါ်သံကို ကြားလိုက်ရသောအခါ သူတို့အားလုံး ရင်ခုန်သံမြန်သွားကြသည်။
"ရှောင်ယောက်က... သူ ဖြစ်နိုင်မလား..."
သူတို့က မမိုက်မဲပေ။ သူတို့၏ ကမ္ဘာတွင်ပင် အတန်ငယ်ကျော်ကြားသော နာမည်တစ်ခုကို တွေးတောလိုက်မိသည်။
"မင်းက ကျွင်းမိသားစုက ကျွင်းရှောင်ယောက်လား"
ခေါင်းဆောင်က မျက်မှောင်ကြုတ်သွားသည်။
သူက သတိထားနေသော်လည်း သိပ်တော့ စိုးရိမ်ပေါ်မပေါ်ပေ။
သူတို့၏နောက်ခံက သူတို့ကို ဤကဲ့သို့ ယုံကြည်မှုမျိုး ပေးစွမ်းနိုင်ပုံရသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က လျစ်လျူရှုပြီး တိတ်ဆိတ်နေခဲ့သည်။
သူတို့က ကျန်းလော့လီကို ကြီးကြီးမားမား ထိခိုက်နစ်နာအောင် မလုပ်ခဲ့ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်အတွက်တော့ သူ့မိန်းမကို တိုက်ခိုက်ဝံ့ခြင်းမှာ သေသင့်သော အပြစ်တစ်ခု ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများမှ သတ်ဖြတ်လိုစိတ်ကို ထိုလူများကလည်း သတိပြုမိပေသည်။
ခေါင်းဆောင်က ပြောလိုက်သည်။
"ကျွင်းရှောင်ယောက်၊ မင်းက အင်မတန် နာမည်ကျော်ကြားပြီး အင်မော်တယ်နယ်မြေကြီးရဲ့ မျိုးဆက်သစ်လူငယ်တွေထဲမှာ နံပါတ်တစ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ငါတို့ ကောင်းကင်ကိုးခု..."
သို့သော်လည်း ထိုလူက စကားမဆုံးသေး...
ကျွင်းရှောင်ယောက်က တိုက်ရိုက် လှုပ်ရှားပြီး လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။
ကမ္ဘာတစ်ခုလုံးကို ရောင်ပြန်ဟပ်နေသကဲ့သို့ တောက်ပသော ဓားအလင်းတစ်ခု ထွက်ပေါ်လာတော့သည်။
"မင်းတို့ ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး၊ ငါ့မိန်းမနဲ့ လာရှုပ်ဝံ့ရင်တော့ မင်းတို့ သေသင့်ပြီ"
ဓားအလင်းက ဖြတ်သန်းသွားသည်။ ထို့နောက်မှာတော့ ဘာမျှမရှိတော့ပေ။
ယခင်က ကျွင်းရှောင်ယောက်သည် စန်းမျိုးနွယ်ဝင်များကိုပင် ဤတိုက်ခိုက်မှုတစ်ခုဖြင့် သတ်ခဲ့သည်။
ဤလူအုပ်စု၏ မူလဇစ်မြစ်က အလွန်ထူးခြားသော်လည်း ၎င်းတို့နှင့် စန်းမျိုးနွယ်ကြားတွင် ကွာဟချက်တစ်ခု ရှိသေးသည်။
ထို့ကြောင့် ထူးခြားမှု လုံးဝမရှိပေ။ ထိုလူများ၏ ရှေးဦးဝိညာဉ်များက တိုက်ရိုက် ပျက်သုဉ်းသွားကြသည်။
တစ်ဖက်မှာတော့ ကျန်းလော့လီ၏ နှလုံးသားထဲတွင် ချိုမြိန်နေလေသည်။
ကျွင်းရှောင်ယောက်၏ လွှမ်းမိုးချုပ်ကိုင်ထားသော စကားက အလွန်လုံခြုံသည်ဟု သူမကို ခံစားရစေခဲ့သည်။
"ကိုကိုရှောင်ယောက်"
ကျန်းလော့လီကို သံကြိုးများက ရစ်ပတ်ထားသေးသောကြောင့် မြွေကလေးတစ်ကောင်ကဲ့သို့ တွန့်လိမ်တွန့်လိမ်ဖြင့် ကျွင်းရှောင်ယောက်ထံ ပြေးသွားလေသည်။
ဒါကိုမြင်တော့ အမြဲတည်ငြိမ်သော ကျွင်းရှောင်ယောက်ပင်လျှင် ပြုံးလိုက်မိသည်။
ကျန်းလော့လီက တကယ်ကို ချစ်စရာကောင်းသော သက်ရှိရတနာတစ်ခုပင်။
"ကိုကိုရှောင်ယောက်၊ နင် ဒီအတိုင်းကြည့်နေတုန်းပဲလား"
ကျန်းလော့လီ၏ မျက်နှာက နီရဲသွားကာ စိတ်ဆိုးဟန်ဖြင့် ပြောလိုက်သည်။
လက်ရှိ သူမ၏ ပုံစံက ရှက်စရာကောင်းပေသည်။
ကျွင်းရှောင်ယောက်က ပြုံးပြီး ခေါင်းကိုခါယမ်းလိုက်သည်။ သူက မစနောက်တော့ဘဲ သံကြိုးများကို လှည့်စားတာကို အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်၏။
"တောင်းပန်ပါတယ် ကိုကိုရှောင်ယောက်၊ နင့်ကို ထပ်ပြီး ဒုက္ခရောက်စေပြန်ပြီ"
ကျန်းလော့လီက ခေါင်းလေးငုံ့ကာ ပြောလိုက်လေသည်။
"ကိစ္စမရှိပါဘူး၊ ဒါနဲ့ မင်းက သူတို့အုပ်စုနဲ့ အကြာကြီး တိုက်ခိုက်နေခဲ့တာ... သူတို့ ဘယ်ကလာတာလဲ သိလိုက်လား"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ဘယ်ကလာတာလဲ"
ကျန်းလော့လီက စူးစမ်းလိုသော ကလေးတစ်ယောက်ကဲ့သို့ မေးသည်။
"ကောင်းကင်ကိုးခု ရှေးဟောင်းအပျက်အယွင်း၊ တားမြစ်မိသားစု"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။
ထိုမှတပါး ဤလူအုပ်စုအတွက် အခြားမည်သည့်လက္ခဏာကိုမျှ သူ မစဉ်းစားနိုင်ပေ။
"တကယ်ကို သူတို့က ကောင်းကင်ကိုးခုရဲ့အထက်က လူတွေပဲ"
သူမက ရှေးဟောင်းမင်းမျိုးနွယ်မိသားစုမှဖြစ်ကြောင်း ပြောခဲ့သော်လည်း ထိုလူများက မတုန်လှုပ်သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
ကောင်းကင်ကိုးခုအထက်၊ တားမြစ်မိသားစုမှဖြစ်လျှင် ရှေးဟောင်းမင်းမျိုးနွယ်မိသားစုကို ကြောက်စရာမလိုပါ။
ထို့ပြင်၊ ထိုလူအုပ်စု၏ နည်းလမ်းများက အင်မော်တယ်နယ်မြေကြီးနှင့် အနည်းငယ် ကွာခြားရခြင်း အကြောင်းရင်းကိုလည်း သူမ နားလည်သွားခဲ့သည်။
အကြောင်းမူ၊ သူတို့က ကောင်းကင်ကိုးခုအထက်မှ လာသောသူများ ဖြစ်နေသောကြောင့်ပင်။