အခန်း ၁၁၇၃
Vol. 79 Ch. 1173
အခန်း ( ၁၁၇၃ ) ရှေးဦးဝိညာဉ်ကမ္ဘာ၏ လျှို့ဝှက်ချက်။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးတွင် ကောင်းကင်ကိုးခု ရှေးအပျက်အယွင်းသည် အလွန်ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်သောနေရာတစ်ခုဟု ဆိုနိုင်သည်။
၎င်းက ကောင်းကင်ကိုးခုမှ လွတ်ကင်းပြီး သီးခြားဆန်သော ကိုယ်ပိုင် ကန့်သတ်နယ်မြေတစ်ခု ဖြစ်၏။
မိုးနှင့်မြေ၏ နိယာမများကလည်း အင်မော်တယ်နယ်မြေကြီးရှိ နိယာမများနှင့် ကွဲပြားသည်။
အကြောင်းမူ၊ ရှေးခေတ်ကတည်းက ဆင်းသက်လာခဲ့သည့် စိတ်ကူးမယဉ်နိုင်သော တည်ရှိမှုများပင် အိပ်စက်နေကြသောကြောင့်ပင်။
၎င်းတို့က အလွန်နှိမ့်ချနေပြီး လူမြင်ကွင်းကို ပေါ်လာခဲသည်။
တားမြစ်မိသားစုဆိုသည်မှာတော့ အသက်တားမြစ်နယ်မြေနှင့် ပတ်သက်နေသောကြောင့်ပင်။
၎င်းတို့က အသက်တားမြစ်နယ်မြေ၏ အစေခံများ၊ နောက်လိုက်များ စသည်တို့ဖြင့် ဖွဲ့စည်းထားသော မိသားစုအင်အားများ ဖြစ်ကြသည်။
အသက်တားမြစ်နယ်မြေအတွက် အလုပ်လုပ်ပေးနိုင်သောကြောင့် အသက်တားမြစ်နယ်မြေ၏ အကာကွယ်ကို ရနိုင်ကြသည်။
အသက်တားမြစ်နယ်မြေမှ လူတချို့၏ အမွေအနှစ်တချို့ကို လက်ဆင့်ကမ်းခြင်းပင် ခံရနိုင်သေးသည်။
ထို့ကြောင့် ဤတားမြစ်မိသားစု အများစုက မိမိကိုယ်ကို ဂုဏ်ယူပြီး အသက်တားမြစ်နယ်မြေမှလွဲ၍ အရာအားလုံးကို အထင်သေးသည်။
ထို့ကြောင့်ပင် ကျန်းလော့လီက သူသည် ရှေးဟောင်းမင်းမျိုးနွယ်မိသားစုမှဖြစ်ကြောင်း ပြောခဲ့သော်လည်း ထိုလူအုပ်စုကတော့ ဂရုမစိုက်ခဲ့ကြပေ။
သူတို့၏ မျက်လုံးထဲတွင် အသက်တားမြစ်နယ်မြေကသာ အမြင့်မြတ်ဆုံး ဖြစ်သည်။
"ဒါပေမဲ့ ကောင်းကင်ကိုးအထက်က တားမြစ်မိသားစုရဲ့ လူတွေက ရွှီထျန်းလောကကို ဘယ်လိုရောက်လာကြတာလဲ"
ကျန်းလော့လီက စိတ်ရှုပ်ထွေးသွားသည်။
ကျွင်းရှောင်ယောက်က တွေးတွေးဆဆဖြင့် ပြောပြလေသည်။
"ရွှီထျန်းလောကဟာ အချိန်နဲ့ဟင်းလင်းပြင်က မတည်ငြိမ်တဲ့ ဖရိုဖရဲ နေရာတစ်ခုပဲ"
"အင်မော်တယ်အကယ်ဒမီက ရွှီထျန်းလောကကို ဝင်ရောက်နိုင်တဲ့ နည်းလမ်းကို ထိန်းချုပ်ထားပေမဲ့... ရွှီထျန်းလောကကို ဝင်ရောက်ဖို့ အခြားနည်းလမ်းတွေ မရှိဘူးလို့ မဆိုလိုဘူး"
နောက်ဆုံးတော့ ကျွင်းရှောင်ယောက်ကိုယ်တိုင်လည်း သဘောပေါက်သွားသည်။
ယခင်က စန်းမျိုးနွယ်နှင့် လက်ရှိ တားမြစ်မိသားစုတို့တွင် ရွှီထျန်းလောကသို့ ဝင်ရောက်ရန် ကိုယ်ပိုင်နည်းလမ်းများ ရှိလိမ့်မည်။
'စိတ်ဝင်စားစရာပဲ၊ မြင်ကွင်းရဲ့နောက်ကွယ်မှာ မူလက ပုန်းအောင်းနေတဲ့ ဒီတည်ရှိမှုတွေလည်း တစ်ခုပြီးတစ်ခု ပေါ်လာပြီ။ ကြည့်ရတာ... မုန်တိုင်းကြီးတစ်ခု တကယ် လာနေပြီထင်တယ်'
စန်းမျိုးနွယ်နှင့် ကောင်းကင်ကိုးခု တားမြစ်မိသားစုများလည်း တစ်ခုပြီးတစ်ခု ပေါ်လာသည်။
ဤသည်မှာ နီးကပ်လာသော မုန်တိုင်း၏ ရှေ့ပြေးနိမိတ်ဖြစ်ကြောင်း သိနိုင်ပေသည်။
ယခင်က နတ်ဆိုးဧကရီလေး ပြောခဲ့သော စကားများအရ...
ကပ်ဘေးကြီးဟာ သိပ်မဝေးတော့မှာကို ကြောက်ရသည်။
"ဒါနဲ့ ဒီတားမြစ်မိသားစုဝင်တွေက မင်းကို ဘာဖြစ်လို့ ပစ်မှတ်ထားနေကြတာလဲ"
ကျွင်းရှောင်ယောက်က ရုတ်တရက် မေးလိုက်သည်။
ထိုစကားကိုကြားမှ ကျန်းလော့လီမှာ ဒေါသတကြီး ဖြစ်လာပြန်သည်။
"ငါလည်းမသိပါဘူး၊ သူတို့က ငါ့ကိုတွေ့တာနဲ့ အတင်းလိုက်ကြတော့တာပဲ"
"သူတို့နဲ့ ရင်းနှီးတဲ့ အငွေ့အသက်ရှိတယ်လို့ပြောပြီး သူတို့နဲ့လိုက်ပါဖို့ အတင်း ပြောဆိုနေကြတာ။ ရွံစရာကောင်းလွန်းတယ်"
"ဟုတ်လား"
ကျွင်းရှောင်ယောက်က မသိနားမလည်သလို အမူအရာမျိုးဖြင့် ကျန်းလော့လီကို ရုတ်တရက် နမ်းလိုက်၏။
ကျန်းလော့လီ၏ မျက်နှာလေးက ရှက်ရွံ့မှုတို့ ပေါ်လာခဲ့လေသည်။
"ကိုကိုရှောင်ယောက်က ဘာလုပ်တာလဲ။ ငါက အခု ရှေးဦးဝိညာဉ်ခန္ဓာပဲရှိတာကို"
"တကယ် မွှေးတယ်လေ"
"ကိုကိုရှောင်ယောက်..."
ကျန်းလော့လီ၏ မျက်နှာက ပို၍ နီမြန်းလာတော့သည်။
ကျွင်းရှောင်ယောက်က ပရောပရည်လုပ်ရာတွင် ပိုထူးချွန်လာသည်။
"ကဲကဲ၊ မစတော့ပါဘူး။ အခု အကြောင်းပြချက်တစ်ခုကိုတော့ ငါ စဉ်းစားမိပြီ"
ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်သည်။
"ဖြစ်နိုင်မလား..."
ကျန်းလော့လီကလည်း အလွန်ထက်မြက်ပြီး လျင်မြန်စွာ တုံ့ပြန်လိုက်၏။
"ရှေးဦးဝိညာဉ်ကမ္ဘာ"
နှစ်ယောက်သား တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
ကျန်းလော့လီသည် တစ်ချိန်က ရှေးဦးဝိညာဉ်ကမ္ဘာသို့ ဝင်ရောက်ပြီး ၎င်း၏ ကိုယ်ပိုင်ကမ္ဘာအဖြစ် ပြန်လည်သန့်စင်ခဲ့ပေသည်။
"အဲဒီအချိန်ကတည်းက ငါ သံသယရှိခဲ့တယ်။ ရှေးဦးဝိညာဉ်ကမ္ဘာရဲ့ နိယာမတွေက အင်မော်တယ်နယ်မြေကြီးနဲ့ သိပ်မတူဘူးလေ။ အင်မော်တယ်နယ်မြေကြီးရဲ့ အကျော်အမော်တွေဆီကနေ ကျန်ရစ်ခဲ့ပုံမရဘူး"
"ငါ ခန့်မှန်းတာမမှားရင် ရှေးဦးဝိညာဉ်ကမ္ဘာရဲ့ မူလပိုင်ရှင်က ကောင်းကင်ကိုးခုအထက်မှာ ဖြစ်သင့်တယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"သူတို့က ငါ့ကို နှောင့်ယှက်ကြတာ အံ့သြစရာ မရှိတော့ပါဘူး။ သူတို့မိသားစုက ရှေးဦးဝိညာဉ်ကမ္ဘာရဲ့ မူလပိုင်ရှင်နဲ့ ပတ်သက်သင့်တယ်"
ကျန်းလော့လီလည်း တွေးမိသည်။
"မှန်ပါတယ်၊ လော့လီ... မင်းမှာ နောက်ထပ်အခွင့်အရေးတစ်ခုရှိပုံရတယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ရှေးဦးဝိညာဉ်ကမ္ဘာက ကောင်းကင်ကိုးခုအထက်မှ အကျော်အမော်တစ်ဦးနှင့် အမှန်တကယ် ဆက်စပ်နေပါက...
ယင်းမှာ ကျန်းလော့လီအတွက် မကောင်းသောအရာ မဟုတ်ပေ။
"ဒါက ပြဿနာနည်းနည်းတော့ ရှိမယ်ထင်တယ်"
ကျန်းလော့လီက သက်ပြင်းချလိုက်သည်။
သို့သော်လည်း ရှေးဦးဝိညာဉ်ကမ္ဘာကို စွန့်လွှတ်ရန်တော့ သူမအတွက် မဖြစ်နိုင်ပေ။
ကျွင်းရှောင်ယောက်က ရှေးဦးဝိညာဉ်ကမ္ဘာကို ပြန်လည်ပြုပြင်ရန်နှင့် ပြန်လည်ဖွဲ့စည်းရန် ကမ္ဘာ့သစ်ပင်၏ စွမ်းအားကို အသုံးပြုခဲ့သည်။
သူမက ဘယ်လိုလုပ်ပြီး စွန့်လွှတ်နိုင်မည်နည်း။
"ကိစ္စမရှိပါဘူး၊ ဘယ်သူက မင်းကို ဒုက္ခပေးဝံ့မလဲဆိုတာ ငါတွေ့ချင်တယ်"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။
သူတို့က ကောင်းကင်ကိုးခုအထက်မှ တားမြစ်မိသားစုဖြစ်လျှင်ပင် ဘာဖြစ်သေးသနည်း။
အမှန်အတိုင်းပြောရလျှင်၊ သူတို့က အသက်တားမြစ်နယ်မြေ၏ နောက်လိုက်ခွေးမျှသာ ဖြစ်သည်။
အခေါ်အဝေါ်က မတူညီရုံသာ။
"ကိုကိုရှောင်ယောက်..."
ကျန်းလော့လီ၏ မျက်လုံးများက ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်သွားသည်။
ခင်ပွန်းသည်၏ အပြည့်အဝ ကာကွယ်မှုကို ရရှိရန်မှာ ဇနီးသည်တိုင်း၏ မျှော်လင့်ချက်အိပ်မက်ပင်။
"စိတ်မပူပါနဲ့၊ သူတို့တွေ နောင်ကျရင် မင်းဆီကို သေချာပေါက် ထပ်ရောက်လာလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ သဘောထားကိုလည်း ကြည့်ဦးမှာပါ"
"မင်းအပေါ်မှာ ယဉ်ကျေးပြီး ကြင်နာမှုရှိရင် ကိစ္စမရှိဘူး"
"ဒါပေမဲ့ အတင်းအကျပ် အနိုင်ကျင့်ဖို့ ကြိုးစားလာရင်တော့..."
ကျွင်းရှောင်ယောက်က အေးစက်စက် ပြုံးလိုက်သည်။
သူက ကောင်းကင်ကိုးခုအထက်မှ တားမြစ်မိသားစုများကို ရက်စက်မှုက ဘာလဲဆိုတာကို သိစေမည် ဖြစ်သည်။
ခဏကြာ စကားပြောဆိုနေပြီးနောက်မှာတော့ နှစ်ဦးသား လူစုခွဲလိုက်ကြလေသည်။
ကျန်းလော့လီက ကျွင်းရှောင်ယောက်နှင့် အတူရှိလိုသော်လည်း သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုပေ။
ထို့ကြောင့် သူမ၏အင်အားကို တိုးတက်စေရန်အတွက် အခွင့်အလမ်းများကို ကိုယ်တိုင် ရှာဖွေလိုသည်။
ကျွင်းရှောင်ယောက်ကလည်း မတားမြစ်ခဲ့ပေ။
မည်သို့ပင်ဆိုစေ၊ ရွှီထျန်းလောကမှာ ကျန်းလော့လီအတွက် အသက်အန္တရာယ် မရှိပါ။
...........
ရွှီထျန်းလောကအပြင်ဘက်၊ အခြား ဝင်ပေါက်တစ်ခုတွင်...
မျက်နှာမသာမယာဖြင့် လူတစ်စု ရှိနေသည်။
သူတို့ရှေ့မှာတော့ အသက်မဲ့နေသော အလောင်းတချို့ ရှိနေ၏။
ထိုလူများက ကျန်းလော့လီကို ဖမ်းဆီးရန် ကြိုးစားခဲ့သူများ ဖြစ်တော့သည်။
ကျွင်းရှောင်ယောက်၏ တိုက်ခိုက်မှုကို ခံရပြီးနောက်မှာတော့ သူတို့လည်း သေဆုံးသွားကြသည်။
"ကြောက်စရာကောင်းလိုက်တဲ့ လှုပ်ရှားမှု၊ အပြင်ကလူတွေတောင် ကျဆုံးသွားကြပြီ"
"သူတို့မသေခင်မှာ ထုတ်ဖော်ခဲ့တဲ့သတင်းကလည်း တကယ်ကို အံ့ဩစရာပဲ။ နောက်ဆုံး အမွေက အင်မော်တယ်နယ်မြေကြီးကို အမှန်တကယ် ကျရောက်ပြီး ကျန်းမိသားစုရဲ့ မိန်းကလေးက ရရှိသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"ဒါပေမဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဖြစ်ရင်တောင် ယုခွင်းနဲ့ တခြားသူတွေအတွက် မုန်းတီးမှုက ဖယ်ရှားလို့မရဘူး"
"ဟုတ်တယ်၊ ငါတို့ ယုမိသားစုဟာ ကောင်းကင်ကိုးခုအထက်က တားမြစ်မိသားစုပဲ။ ငါတို့ကို အသက်တားမြစ်နယ်မြေက ထောက်ပံ့ပေးထားတယ်။ ဘယ်သူက ငါတို့ကို ရန်စဝံ့လဲ"
တားမြစ်မိသားစု၊ ယုမိသားစု၏ လူများက ဒေါသတကြီးဖြင့် ပြောဆိုလိုက်ကြသည်။ ထို့နောက်မှာတော့ သူတို့၏ မိသားစုသို့ ပြန်သွားကြတော့သည်။
သို့သော်...
ယုမိသားစုက ရွှီထျန်းလောကသို့ လာရောက်ခဲ့သည့် တစ်ခုတည်းသော တားမြစ်မိသားစုမဟုတ်ပါ။
ရွှီထျန်းလောက၏ အခြားနယ်မြေတစ်ခုတွင်...
မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လှပသောမိန်းကလေးတစ်ဦး ရှိနေသည်။ သူမက ကျိချင်းရီ ဖြစ်၏။
လူတစ်ကိုယ်လုံးက ဖုန်မှုန့်များဖြင့် ကင်းစင်ပြီး သေမျိုးလောကနှင့် လွတ်ကင်းပုံရသည်။
သူမနှင့် ဆန့်ကျင်ဘက်မှာလည်း လူတစ်စု ရှိနေသေးသည်။
ခေါင်းဆောင်က အမှန်တကယ်ပင် နှင်းကဲ့သို့ ဖြူစင်သော အသားအရေနှင့် အလွန်လှပသော ရုပ်ရည်ရှိသည့် အသက် ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် သူမက ကျိချင်းရီအား မေးခွန်းထုတ်သော မျက်လုံးများဖြင့် ကြည့်နေသည်။
"ရှန်းရွှီကမ္ဘာမှာ အစ်ကိုတောက်ရီ သေဆုံးမှုရဲ့ အမှန်တရားက ဘာလဲ"
မိန်းကလေးက မေးလိုက်သည်။
သူမ၏ အမည်က ကျိရင်ရင်ဖြစ်၏။ သူက ရွှီထျန်းလောကသို့ လာရောခြင်းမှာ အတွေ့အကြုံ သို့မဟုတ် အခွင့်အလမ်းအတွက်မဟုတ်ပေ။ အမှန်တရားကို ရှာဖွေရန် ဖြစ်သည်။
သူရည်ညွှန်းသည့် အစ်ကိုတောက်ရီကတော့ ကောင်းကင်ကိုးခုအထက် တားမြစ်မိသားစု... ကျိမိသားစု၏ အကြီးဆုံးသခင်လေး၊ လူသားအင်မော်တယ်ဂိုဏ်း၏ ဆက်ခံသူ ကျိတောက်ရီပင်။
ကျိတောက်ရီက ရှန်းရွှီကမ္ဘာတွင် ကျွင်းရှောင်ယောက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် ကျိချင်းရီ၏ အငိုက်ဖမ်းကာ တိုက်ခိုက်မှုကြောင့် လုံးဝ သေဆုံးခဲ့ပေသည်။
ထို့အတွက်ကြောင့်ပင် ကျိချင်းရီက လူသားအင်မော်တယ်ဂိုဏ်း၏ အမြင့်မြတ်ဆုံး သူတော်စင်ငယ်အဖြစ် အခိုင်အမာရပ် တည်နိုင်ခဲ့သည်။
ထို့ပြင်၊ သူက အင်မော်တယ်အကယ်ဒမီ၏ ကောင်းမွန်စွာ လေ့ကျင့်ပေးမှုကိုလည်း ရရှိခဲ့သေးသည်။
အကျိုးကျေးဇူးအားလုံးကို ရရှိခဲ့သူဟု ဆိုနိုင်သည်။
ကျိတောက်ရီ၏ ပိုင်ဆိုင်ထားသော အခွင့်အရေးတစ်ခုကိုပင် ရရှိခဲ့၏။
အင်မော်တယ်လက်နက် အမှတ်အသား... နတ်ဘုရားနှင့်နတ်ဆိုး ပန်းချီကားပင်။
ဤအကြောင်းကြောင့် သူမက အမွေတစ်ခု ရခဲ့သည်။
ကျိချင်းရီ၏ အတွေးများက နက်နဲလွန်းပေသည်။
သူမက ကျိတောက်ရီကို သတ်ခဲ့သူ ဖြစ်သည်။
သို့သော်လည်း ကျိမိသားစုဝင်များကို ရင်ဆိုင်ရချိန်တွင် သူမ၏ အမူအရာက မပြောင်းလဲပေ။
သူမ၏ မျက်လုံးများကလည်း အပြစ်ကင်းစင်ပြီး ရေကဲ့သို့ ကြည်လင်နေသည်။
"ကျိတောက်ရီ သေဆုံးရတာက သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရနေချိန်မှာ တိုင်းတပါးသားတွေရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ရလို့ပါ"
"ဒါပေမဲ့ ဒါက ငါ့ရဲ့အမှားပါပဲ။ အဲဒီတုန်းက ငါသာ သူနဲ့ အတူလိုက်ခဲ့မယ်ဆိုရင် သူ သေရမှာ မဟုတ်ဘူး"
ကျိချင်းရီက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းနှင့် အကူအညီမဲ့ခြင်း အရိပ်အမြွက်တို့ဖြင့် သက်ပြင်းချလိုက်သည်။
ဤသရုပ်ဆောင်စွမ်းရည်က အော်စကာဆုပင် ရလောက်ပေသည်။
ဒါကိုမြင်တော့ ကျိချင်းရီ၏ မျက်လုံးများက ဒေါသနှင့် မုန်းတီးမှုတို့ ပေါ်လာခဲ့သည်။
"ကျွင်းရှောင်ယောက်ကသာ အစ်ကိုတောက်ရီကို ပြင်းပြင်းထန်ထန် ဒဏ်ရာမရစေခဲ့ဘူးဆိုရင် တိုင်းတပါးသားတွေက အစ်ကိုတောက်ရီကို ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ သတ်ပစ်နိုင်မှာလဲ"
"ကျွင်းရှောင်ယောက်... ငါတို့ ကျိမိသားစုက အစ်ကိုတောက်ရီရဲ့ သွေးကြွေးကို မှတ်ထားတယ်"