← Chapters

အခန်း ၁၁၇၇

Vol. 79 Ch. 1177

အခန်း ၁၁၇၇

Vol. 79 Ch. 1177

အခန်း ( ၁၁၇၇ ) တိဟောက်ထျန်း၏ အင်အား။

ပြိုးပြိုးပြက်ပြက် တောက်ပသော နတ်အလင်းရောင်က ကမ္ဘာကြီးကို လင်းထိန်စေသည်။

တိဟောက်ထျန်းက ထူးကဲသော ကိုယ်နေဟန်ထားရှိပြီး ရွှေရောင်လမ်းပေါ်မှ လျှောက်လှမ်းလာ၏။

သူ့ကိုကြည့်ရသည်မှာ ကမ္ဘာပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားကဲ့သို့ပင်။

"သခင်ဟောက်ထျန်း"

တိဟောက်ထျန်း ပေါ်လာတာကိုမြင်တော့ ပုလော့ရွယ်နှင့် တခြားသူများက ဒူးထောက်ကာ နှုတ်ဆက်လိုက်ကြသည်။

ပုလော့ရွယ်၏ မျက်လုံးများမှာဆိုလျှင် လေးနက်သော ကြည်ညိုလေးစားမှု အပြည့်ရှိနေတော့သည်။

"မကောင်းတော့ဘူး"

"အဲဒါက အင်မော်တယ်ခုံရုံးရဲ့ ရှေးဧကရာဇ်ငယ်ပဲ။ သူက ဘယ်အချိန်က ရွှီထျန်းလောကကို ရောက်လာတာလဲ"

ရီယု၊ ဝမ့်ချွမ်နှင့် အခြားသူများမှာတော့ အနည်းငယ် တုန်လှုပ်သွားကြသည်။

တစ်ကြိမ်မြင်ခြင်းက အကြိမ်တစ်ရာ ကြားရခြင်းထက်သာသည်ဟူသော စကားအတိုင်းပင်။

ရှေးဧကရာဇ်ငယ်၏ အမည်ကို မကြာခဏ ကြားဖူးသော်လည်း လက်တွေ့မြင်ရသောအခါ ပို၍ တုန်လှုပ်ရသည်။

ဤအရှိန်အဝါက အားကောင်းလွန်း၏။

ထို့ပြင် သူ့အမူအရာက လွန်စွာ ဝေးကွာလွန်းလှသည်။

သူတို့ ဝန်မခံချင်လျှင်ပင် ပြောရမည်။

ကျွင်းရှောင်ယောက်မှလွဲ၍ အလွန်နည်းပါးသော လူအနည်းငယ်သာ သူ့ထက်သာလွန်နိုင်လိမ့်မည်။

တိဟောက်ထျန်းက ရီယုနှင့် အခြားသူများအား လျစ်လျူရှုစွာ ကြည့်လိုက်သည်။

"ရီနတ်ဘုရားသွေး၊ ပြန်လည်ဝင်စားခြင်းခန္ဓာ..."

တစ်ချက်ကြည့်လိုက်ရုံဖြင့် တိဟောက်ထျန်းက ရီယုနှင့် အခြားသူများ၏ တာအိုခန္ဓာနှင့် အရည်အချင်းတို့ကို သိလိုက်ပေသည်။

ဤစွမ်းရည်က သူ၏ ငွေရောင်မျက်လုံးတစ်စုံမှ ဆင်းသက်လာသည်။

၎င်းက သူ၏ အထူးတာအိုခန္ဓာသုံးခုအနက်မှ တစ်ခုဖြစ်ပြီး ပုံရိပ်ယောင်များကို ချိုးဖျက်နိုင်သော ငွေရောင်မျက်လုံးပင်။

၎င်းက ကောင်းကင်ကို ဆန့်ကျင်နေသော မျက်လုံးအမျိုးအစား တာအိုခန္ဓာဖြစ်ပြီး နှစ်သွယ်မျက်လုံးထက် များစွာ အားမနည်းပေ။

ထို့ထက် ပိုကြောက်စရာကောင်းတာက ဤသည်မှာ တိဟောက်ထျန်း၏ တာအိုခန္ဓာ သုံးခုထဲမှ တစ်ခုမျှသာ ဖြစ်သည်။

'မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ သူတို့အားလုံးက အရည်အချင်းရှိကြတယ်။ ကျွင်းရှောင်ယောက်ရဲ့ အမြင်က တကယ်ကို မဆိုးဘူး'

တိဟောက်ထျန်းက အနည်းငယ်ပြုံးလိုက်သည်။

တစ်ဖက်တွင်၊ ရန်ယွင်မြင်းသည်တော်တစ်ဦးက အံကြိတ်ပြီး ပြောလိုက်၏။

"သခင်၊ အမှတ်ဆယ့်သုံးနဲ့ အမှတ်ဆယ့်ငါးတို့လည်း ကျွင်းရှောင်ယောက်ရဲ့ နောက်လိုက်တွေလက်မှာ သေသွားကြပါပြီ"

ရန်ယွင်မြင်းသည်တော် ငါးဦး သေဆုံးခဲ့ပြီး အားလုံးမှာ ကျွင်းရှောင်ယောက်နှင့် သူ့နောက်လိုက်များကြောင့် ဖြစ်သည်။

တိဟောက်ထျန်းက အေးဆေးတည်ငြိမ်သော အမူအရာဖြင့် လက်ကာပြလိုက်သည်။

သူ့အတွက်ကတော့ ရန်ယွင်မြင်းသည်တော်များသည် သက်ရှိ လက်နက်ကိရိယာများပင်။

ထိပ်တန်း လူတချို့သာလျှင် သူ့အပေါ် သက်ရောက်မှုရှိသည်။

ကျန်လူများကတော့ ဘာမျှအရေးမပါပေ။

"ငါ မင်းတို့ကို ရွေးချယ်ခွင့် ပေးမယ်။ ဒီဧကရာဇ်ငယ်နောက်ကို လိုက်ပါကြပါ... အနာဂတ်မှာ မင်းတို့အားလုံးက လူအားလုံးထက် သာလွန်နိုင်လိမ့်မယ်"

တိဟောက်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သို့ရာတွင် သူ့လေသံက ကြီးစိုး၏။

ရှေးဧကရာဇ်ငယ်တစ်ဦးအနေဖြင့်၊ သူ့တွင် ပြန်လည်မွေးဖွားခြင်း ရွှေလက်ချောင်းလည်း ရှိသည်။

တိဟောက်ထျန်းက သူ့ကိုယ်သူ ဤရွှေခေတ်၏ ကံကောင်းခြင်းများကို ရရှိရန် ရည်မှန်းထားသူဟု ယုံကြည်ခဲ့ပေသည်။

သူ့နောက်ကို လိုက်ပါမည်ဆိုလျှင် လူအားလုံး၏အထက်တွင် ရပ်တည်နိုင်မည်။

"ငါတို့ရဲ့ သခင်က အမြဲတမ်း တစ်ယောက်ပဲ ရှိတယ်ကွ"

ရီယုနှင့် အခြားသူများ၏ သစ္စာစောင့်သိမှုက ခိုင်မာပြတ်သားသည်။

အကြောင်းမူ၊ သူတို့အားလုံးကို ကျွင်းရှောင်ယောက်က နွံတောထဲမှ ဆွဲထုတ်ပေးခဲ့ခြင်းဖြစ်သောကြောင့်ပင်။

အချိုပေါ်ကို သကာလောင်းခြင်းထက် လိုအပ်ချိန်တွင် ကူညီခဲ့သူမှာ ပို၍ ကျေးဇူးကြီးမားသည်။

"ငှက်ကောင်းတစ်ကောင်က အသိုက်ဆောက်ဖို့ သစ်ပင်ကောင်းတစ်ပင်ကို ရွေးတတ်ရတယ်။ မျက်ကန်းသစ္စာရှိတာမျိုးက အသုံးမဝင်ဘူး"

တိဟောက်ထျန်း၏ အမူအရာက တည်ငြိမ်သည်။

"ပြောစရာမရှိတော့ဘူး"

ရီယုနှင့် အခြားသူများက တိုက်ရိုက် တိုက်ခိုက်လိုက်၏။

ရီယုက သူ၏လေးကို ဆွဲတင်လိုက်ပြီး ထောင်ပေါင်းများစွာသော မြှားများကို မျက်စိတစ်မှိတ်အတွင်း ပစ်လွှတ်လိုက်သည်။

ဝမ့်ချွမ်က ပြန်လည်ဝင်စားခြင်းစွမ်းအားကို အသက်သွင်းပြီး သူ့ဓားကို မြှောက်လိုက်၏။

ရန်ချင်းယင်ကလည်း ဝါးမျိုခြင်း ရေဝဲကြီးကို ထုတ်ဖော်လိုက်တော့သည်။

ထာဝရဆင်းရဲဒုက္ခနတ်ဘုရားမသည်လည်း အပြစ်သားကံ၏ စွမ်းအားကို ထုတ်ဖော်လိုက်သည်။

"အတင့်ရဲလို့"

ဆံနီမိစ္ဆာ၊ ပုလော့ရွယ်နှင့် အခြားသူများက ကြိမ်းမောင်းပြီး တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။

တိဟောက်ထျန်းက လက်ကာပြလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်ဝါးကိုမြှောက်ပြီး ပေါ့ပေါ့ပါးပါး ဖိချဟန်ပြုလိုက်သည်။

ကြီးမားပြီး ထက်မြက်သော ရွှေရောင်ဝိညာဉ်စွမ်းအားက လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဖြာထွက်လာပြီး မြင့်မြတ်သော ရွှေနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွား၏။

"ဝုန်း..."

ထိပ်တိုက် ရင်ဆိုင်ပြီးချိန်မှာတော့ ထူးဆန်းဖွယ်ရာ မရှိတော့ပေ။

ရီယုနှင့် အခြားသူများ၏ ဝိညာဉ်များက တစ်ချိန်တည်းတွင် ပြိုကျသွားသည်။

"ချီးပဲ"

လက်မခံနိုင်စွာ အံကြိတ်ရင်း သူတို့၏ ဝိညာဉ်များက ပျောက်ကွယ်သွားတော့သည်။

သို့သော်လည်း ဤသည်မှာ သူတို့ ရှေးဦးဝိညာဉ်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ ရီယုနှင့် အခြားသူများက ပျက်သုဉ်းသွားသော်လည်း ရွှီထျန်းလောကတွင်နေရန် အခွင့်အရေး ဆုံးရှုံးရုံမှတပါး အခြားမရှိပေ။

"ဧကရာဇ်ငယ်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ..."

ပုလော့ရွယ်နှင့် အခြားသူများမှာ ပို၍ လေးစားလာကြသည်။

သူတို့က သတိထားကာ ယှဉ်ပြိုင်နေရသူများကို တိဟောက်ထျန်းကတော့ ပေါ့ပေါ့ပါးပါး ချေမှုန်းနိုင်ပေသည်။

"သူတို့က နောက်လိုက်တွေပဲလေ။ သူကိုယ်တိုင်က အရမ်းအားနည်းနေရင်တော့ ငါ အရမ်းစိတ်ပျက်သွားလိမ့်မယ်"

တိဟောက်ထျန်းက ဂရုမစိုက်ပေ။

သို့သော်လည်း နောက်အခိုက်အတန့်တွင် သူက ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

လှပသော ရုပ်သွင်နှစ်ခုက ရုတ်တရက် ပေါ်လာ၏။

ထိုရုပ်သွင်နှစ်ခုက အခြား ရန်ယွင်မြင်းသည်တော်များကို တိုက်ခိုက်လာခြင်း ဖြစ်တော့သည်။

တိဟောက်ထျန်းနှင့် နီးကပ်သော ပုလော့ရွယ်နှင့် ဆံနီမိစ္ဆာမှလွဲ၍...

အခြား မြင်းသည်တော်အားလုံး ချက်ချင်း သေဆုံးသွားကြသည်။

တိဟောက်ထျန်း၏ မျက်နှာပေါ်ရှိ လျစ်လျူရှုမှုက အနည်းငယ်ပျော့သွားသည်။

သူက အနည်းငယ် မျက်မှောင်ကြုတ်ပြီး လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်၏။

တဟုန်းဟုန်းတောက်နေသော ရွှေရောင်ဝိညာဉ်စွမ်းအားက လှသောရုပ်နှစ်ခုကို ဖုံးအုပ်ထားသည့် ရွှေရောင်လက်ဖဝါးကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လှပသောရုပ်သွင်များထဲမှ တစ်ခု၏ ခန္ဓာကိုယ်က တစ်ချက်လှုပ်သွားသည်။

ကြောက်စရာကောင်းသော လက်ရှစ်ဖက် နတ်ဆိုးနတ်ဘုရားပုံရိပ်တစ်ခု ‌ထွက်ပေါ်လာပြီး တိဟောက်ထျန်း၏လက်ဝါးကို အမှန်တကယ် ပိတ်ဆို့လိုက်၏။

"သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး"

အခြား မိန်းကလေးက အေးစက်စက် ပြောလိုက်သည်။

ထို့နောက်မှာတော့ လှပသော ရုပ်သွင်နှစ်ခုက လေထဲတွင် ပြန်လည်ပျောက်ကွယ်သွားတော့သည်။

"ဒါကသူတို့ပဲ"

ဒါကိုမြင်တော့ ဆံနီမိစ္ဆာက အော်ဟစ်လိုက်မိသည်။

ထိုပုံရိပ်နှစ်ခုက သဘာဝအတိုင်း ရွယ်ယွဲ့နှင့် စူးဟုန်ယီပင်။

ယခုလေးတင် တိဟောက်ထျန်း၏လက်ဝါးကို တားဆီးခဲ့သူမှာ စူးဟုန်ယီ ဖြစ်သည်။

"သူတို့က ကျွင်းရှောင်ယောက်ရဲ့ နောက်လိုက်တွေလား" တိဟောက်ထျန်းက အနည်းငယ် အံ့သြသွား၏။

ကျွင်းရှောင်ယောက်၏ နောက်လိုက်များကြားတွင် သူ့လက်ဝါးကို ပိတ်ဆို့နိုင်သည့် တစ်စုံတစ်ယောက် ရှိနေသည်။

ယင်းက တကယ်က သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားပေသည်။

ထို့ပြင် နှစ်ယောက်စလုံးက မိန်းမလှလေးများ ဖြစ်ကြသည်။

"အဲဒီနှစ်ယောက်ပဲ၊ အရင်က အမှတ်ဆယ့်သုံးနဲ့ အမှတ်ဆယ့်ငါးကို သူတို့က သတ်ခဲ့တာ"

ပုလော့ရွယ်က ပြောလိုက်သည်။

"ဒီလူနှစ်ယောက်က တကယ်ထက်တဲ့ ဓားနှစ်ချောင်းပဲ"

"သူ့မှာ ထူးခြားတဲ့ တာအိုခန္ဓာမရှိပေမဲ့ အထူးသွေးမျိုးဆက်ပေါင်းစုံကို ပေါင်းစပ်ထားပုံရတယ်"

"နောက်တစ်ဦးကျတော့ သူ့ရဲ့နည်းလမ်းက အင်မော်တယ်နယ်မြေကြီးနဲ့ သိပ်မတူဘူး။ ဒါက တိုင်းတစ်ပါးက တော်ဝင်မျိုးနွယ်ရဲ့ နည်းလမ်းဖြစ်ပုံရတယ်"

"ဒီကောင် ကျွင်းရှောင်ယောက်ရဲ့အမြင်က တကယ်ထူးခြားတာပဲ"

တိဟောက်ထျန်း၏ ငွေရောင်မျက်လုံးများက မိန်းကလေးနှစ်ယောက်၏ သဲလွန်စများကို ချက်ချင်းမြင်လိုက်ရသည်။

“အဲဒါက အစ်ကိုအကြီးဆုံးနဲ့ တခြားသူတွေ ဒီမှာမရှိလို့ပါ။ မဟုတ်ရင် အဲဒီမိန်းမနှစ်ယောက်က ငါတို့လူကို သတ်နိုင်မှာမဟုတ်ဘူး"

ဆံနီမိစ္ဆာက မကျေမနပ်ဖြင့် ပြောလိုက်သည်။

ရန်ယွင်မြင်းသည်တော်များတွင် ထိပ်တန်း သုံးယောက်က အစွမ်းထက်ဆုံး ဖြစ်သည်။

သူတို့အားလုံးက တိဟောက်ထျန်းကိုပင် စိန်ခေါ်ဝံ့သောပြိုင်ဘက်များ ဖြစ်၏။

နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ပြီးမှသာ တိဟောက်ထျန်းကို လက်ခံခဲ့ကြခြင်း ဖြစ်သည်။

"ထားလိုက်ပါ၊ သွားကြရအောင်"

တိဟောက်ထျန်းက လက်နှစ်ဖက်ကို နောက်သို့ယှက်ထားကာ ဂရုမစိုက်တော့ပေ။

'နောက်တစ်ခုက မိစ္ဆာသွေး ပုံရိပ်ယောင်နယ်မြေပဲ။ အဲဒီမှာလည်း အခွင့်အလမ်းကောင်းတစ်ခု ရှိတယ်။ ငါ ရနိုင်ရင် ငါ့ရဲ့ ဧကရာဇ်ရွှေခန္ဓာကို သန့်စင်ဖို့ ဖြစ်နိုင်လိမ့်မယ်'

တိဟောက်ထျန်းက သူလုပ်ဆောင်ရန် အစီစဉ်ရှိပြီးသား ဖြစ်သည်။ ထို့နောက် ပုလော့ရွယ်နှင့် ဆံနီမိစ္ဆာကို ဦးဆောင်ကာ မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေသို့ လျှောက်လှမ်းသွားတော့သည်။

တစ်ဖက်တွင်...

ကျွင်းရှောင်ယောက်က မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နေပြီ ဖြစ်သည်။

မြင့်မြတ်ခန္ဓာသွေးကြောင့်လည်း သူသည် မည်သည့်အန္တရာယ်ကိုမျှ မကြုံတွေ့ခဲ့ရပေ။

မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေထဲကို နက်နက်နဲနဲ စူးစမ်းလေ့လာပြီးနောက် ကျွင်းရှောင်ယောက်ဟာ အံ့သြစရာကောင်းသော အရာတစ်ခုကို တွေ့လိုက်ရသည်။

သူ့ရှေ့တွင် သွေးစွန်းနေသော ချောက်ကြီးတစ်ခု ရှိသည်။

အထဲတွင် သွေးတစ်စက် ရှိ၏။

၎င်းက သာမန်‌ သွေးတစ်စက်ဟု ထင်ရသော်လည်း သိပ်ပြီး မရိုးရှင်းတန်ရာပေ။

အကြောင်းမှာ၊ မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေ တစ်ခုလုံးက ဤသွေးတစ်စက်ဖြင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။

မိစ္ဆာသွေးမိုးကြိုးနဂါးသည်လည်း ဤသွေးတစ်စက်မှ ထုတ်လွှတ်သော သွေးရောင်ခြည်မှ ဖြစ်ပေါ်လာခြင်းပင်။

ဤသွေးတစ်စက်ကို သူမြင်လိုက်သည်နှင့် ကျွင်းရှောင်ယောက်၏ နှလုံးသားထဲတွင် ရှင်းရှင်းလင်းလင်း နားလည်လာခဲ့သည်။

ဤသည်မှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာသွေးပင်။

ထို့ပြင် သာမန် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏သွေး မဟုတ်ပါ။

၎င်းက ကြီးမားသော အောင်မြင်ခြင်း ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်သည်။

မဟုတ်သေး...

၎င်းက ကြီးမားသော အောင်မြင်ခြင်း ရှေးဟောင်းမြင့်မြတ်ခန္ဓာထက်ပင် ပိုမိုပြီးပြည့်စုံပြီး အပြစ်အနာအဆာကင်း၏။

ဤသည်မှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးမှ အသန်မာဆုံး အကျော်အမော်၏ သွေးစက် ဖြစ်တော့သည်။

All Chapters