အခန်း ၁၁၇၉
Vol. 79 Ch. 1179
အခန်း ( ၁၁၇၉ ) တိဟောက်ထျန်းနှင့် ကျွင်းရှောင်ယောက်တို့ နောက်ဆုံးတွင် တွေ့ဆုံကြပြီ။
ကျွင်းရှောင်ယောက်က တွေးမိသည့်သူမှာ သဘာဝအတိုင်း ရှေးဟောင်းဘုရားကျောင်း၏ နောက်ဆုံးသော ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဝူဟူ ဖြစ်သည်။
ကျွင်းရှောင်ယောက်က အနာဂတ်တွင် ကပ်ဆိုးကြီး ကျရောက်လာမည်ဟု ခံစားမိ၏။
ထိုအချိန်တွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာက လုံးဝ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်။
ယခုအခါ အင်မော်တယ်နယ်မြေကြီး တစ်ခုလုံး၌ သူ့အပြင် ဝူဟူသည် တစ်ဉီးတည်းသော ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်သည်။
ဤကာကွယ်သူ၏နှလုံးသားက သူ့အတွက် ပြီးပြည့်စုံပေသည်။
ဝူဟူကိုယ်တိုင်ကလည်း ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်လိုသော ကရုဏာစိတ် ရှိသည်။
"ဝူဟူက အနာဂတ်မှာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာမယ်လို့ ငါ အမြဲတမ်းခံစားနေရတာ"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်လေသည်။
တစ်ချိန်က ရှေးဟောင်းဘုရားကျောင်း အပါအဝင် မြင့်မြတ်ခန္ဓာမျိုးရိုးသည် ကပ်ဘေးကြီးကို ကာကွယ်ရန် တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသည်။
ဝူဟူကား ရှေးဟောင်းဘုရားကျောင်း၏ နောက်ဆုံးသော မြင့်မြတ်ခန္ဓာ ဖြစ်၏။ သူက သဘာဝအတိုင်း ဘေးအန္တရာယ်များကို ရင်ဆိုင်ရန် မွေးဖွားလာသူပင်။
ကျွင်းရှောင်ယောက်ကိုယ်တိုင်လည်း ကပ်ဘေးများကို ရင်ဆိုင်ရမည့်သူ ဖြစ်သင့်သည်။
သို့ရာတွင်၊ အထောက်အကူတစ်ဦး ရရှိနိုင်ပါက အဘယ်ကြောင့် မလုပ်ရမည်နည်း။
ထို့ပြင်၊ ဝူဟူက ယခုအခါ ကျွင်းဧကရာဇ်ခုံရုံး၏ အကျော်အမော်တစ်ဦးလည်း ဖြစ်သည်။
သူ့ကို ကူညီခြင်းက ကျွင်းရှောင်ယောက်နှင့် ကျွင်းဧကရာဇ်ခုံရုံးအတွက် အကျိုးရှိလိမ့်မည်။
အနာဂတ်တွင်၊ ကျွင်းဧကရာဇ်ခုံရုံး၌ မဟာ ရှေးဟောင်းမြင့်မြတ်ခန္ဓာတစ်ဦး ရှိလာပါက ပို၍ အားကောင်းလာမည် ဖြစ်သည်။
ဆုံးဖြတ်ချက်ချပြီးနောက်၊ ကျွင်းရှောင်ယောက်က ကမ္ဘာကြီးကို ကာကွယ်သူ၏ နှလုံးသားကို ဖယ်ထားလိုက်သည်။
သူက ဖရိုဖရဲနယ်မြေကို ဖြတ်သန်းကာ ဆက်လျှောက်သွားလေသည်။
"ဟင်၊ ဒီအငွေ့အသက်က..."
ရုတ်တရက်၊ ကျွင်းရှောင်ယောက်သည် အငွေ့အသက်တစ်ခုကို ခံစားမိသောကြောင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူ့ရှေ့မှ လေထဲတွင် အနက်ရောင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ရှိ၏။
ထိုအက်ကြောင်းအတွင်းမှ စူးရှပြီး တောက်ပသော အလင်းများလည်း ထွက်ပေါ်နေသည်။
ကျွင်းရှောင်ယောက်က ဂရုတစိုက် ကြည့်လိုက်သောအခါ အလင်းရောင်က ပိုးအိမ်တစ်ခုဖြစ်ကြောင်း သိလိုက်ရလေသည်။
ပိုးအိမ်ထဲမှာတော့ မှုန်ဝါးဝါး ပုံရိပ်တစ်ခုရှိနေသည်။
"အဲဒါက ဘာလဲ"
ကျွင်းရှောင်ယောက် အံ့သြသွားသည်။
ရွှီထျန်းလောက၏ နက်နဲရာအရပ်မှ ဟင်းလင်းပြင်အက်ကြောင်းတွင် ထိုကဲ့သို့သော အလင်းပိုးအိမ် ရှိနေ၏။
ယင်းက အလွန်ထူးဆန်းသည်။
ထို့ပြင်၊ ထိုပိုးအိမ်က အလွန်ကြောက်စရာကောင်းသော စွမ်းအင်များပါဝင်သည့် ပြန်လည်ဝင်စားခြင်းလှိုင်းလုံးကြီးနှင့် ပြည့်နေသည်။
"ဒါက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ် အစစ်အမှန်လား"
ကျွင်းရှောင်ယောက်က မှန်းဆလိုက်သည်။
သူက ပို၍ သေချာစေရန်အတွက် စစ်ဆေးကြည့်ခါနီးတွင်...
အနောက်ဘက်မှ အသံတစ်ခု ထွက်လာသည်။
"ကျွင်းရှောင်ယောက်... နောက်ဆုံးတော့ ငါတို့တွေ့ကြပြီ"
ဤအသံက ကောင်းကင်ဘုံ၏ အရှင်သခင်ဖြစ်သကဲ့သို့ ယုံကြည်မှုတို့ဖြင့် တည်ငြိမ်အေးဆေးမှု ရှိသည်။
ကျွင်းရှောင်ယောက်က လှည့်ကြည့်လိုက်တော့ တိဟောက်ထျန်းနှင့် တခြားသူများကို တွေ့လိုက်ရ၏။
တိဟောက်ထျန်းကို ပထမဆုံးအကြိမ် တွေ့လိုက်ရသောအခါ ကျွင်းရှောင်ယောက် အနည်းငယ် အံ့အားသင့်သွားသည်။
ရှည်လျားသော ရွှေရောင်ဆံပင်၊ ငွေရောင်မျက်လုံး၊ သွယ်လျသော ခန္ဓာကိုယ်နှင့် နတ်ဘုရားကဲ့သို့ ချောမောသော မျက်နှာပိုင်ရှင်...
ဤကဲ့သို့ အရှိန်အဝါမျိုးဖြင့် လူတစ်ယောက်ကို သူ ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်သည်။
သူနှင့် မနှိုင်းယှဉ်နိုင်သော်လည်း များစွာနိမ့်ကျတာတော့ မဟုတ်ပေ။
"အင်မော်တယ်ခုံရုံးရဲ့ ရှေးဧကရာဇ်ငယ်"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သော ရှေးဧကရာဇ်ငယ်မှလွဲ၍ ကျွင်းရှောင်ယောက်သည် အခြားမည်သူ့ကိုမျှ မစဉ်းစားနိုင်ပေ။
ပုလော့ရွယ်နှင့် ဆံနီမိစ္ဆာကလည်း သူ့အနောက်တွင် ရပ်နေကြသောကြောင့် ပို၍ သေချာသွားသည်။
ကျွင်းရှောင်ယောက်က တိဟောက်ထျန်းကို ကြည့်နေသည်။
တိဟောက်ထျန်းကလည်း ကျွင်းရှောင်ယောက်ကို အကဲခတ်နေ၏။
ဤလူငယ်၏ အသွင်ပြင်နှင့် စိတ်နေစိတ်ထားမျိုး သူ တစ်ခါမျှ မမြင်ဖူးဘူးဟု ဆိုရမည်။
တိဟောက်ထျန်း၏ ငွေရောင်မျက်လုံးတစ်စုံက ငွေရောင်အလင်းတန်းများဖြင့် လင်းလက်လာသည်။
'သူ့ရဲ့ ကစဉ့်ကလျားအငွေ့အသက်က တကယ်ကို ကစဉ့်ကလျားခန္ဓာနဲ့ တူတာပဲ။ သူက အဇူရာဧကရာဇ်ရဲ့ ဆက်ခံသူဆိုတာ အမှန်ပဲ'
တိဟောက်ထျန်းက သူ့စိတ်ထဲမှ တွေးလိုက်သည်။
သူက ပိုမိုနက်ရှိုင်းသော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် သူ၏ ငွေရောင်မျက်လုံးကို အသက်သွင်းတော့မည်...
ထိုစဉ်၊ ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အရောင်တစ်ခု ပေါ်လာပြီး သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသည်။
ကစဉ့်ကလျားစွမ်းအင်များက တဟုန်ထိုးတက်လာ၏။
သူက ကောင်းကင်ကိုခိုးယူပြီး နေ့ကိုပြောင်းလဲခြင်းကျင့်စဉ်ကို အသက်သွင်းလိုက်ခြင်း ဖြစ်တော့သည်။
'ပုံရိပ်ယောင်ခွင်း ငွေမျက်လုံး'
ကျွင်းရှောင်ယောက်က ဤရှေးခေတ် အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်ငယ်တွင် ကြီးကျယ်သော တာအိုခန္ဓာ သုံးမျိုးရှိကြောင်း ကြားဖူးသည်မှာ ကြာပြီ။
ပုံရိပ်ယောင်ခွင်း ငွေမျက်လုံးက ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။
၎င်းက ကမ္ဘာပေါ်ရှိ လှည့်စားမှုများစွာကို ဖြတ်ကျော်နိုင်ပေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်တွင် လျှို့ဝှက်ချက်များ အများကြီး ရှိသည်။ သူ၏ အတွင်းစကြာဝဠာထဲတွင် ရှားပါးပြီး ထူးဆန်းသောအရာများ အများကြီးရှိ၏။
သဘာဝအတိုင်း၊ သူသည် တိဟောက်ထျန်းကို သူ့အား မြင်ခွင့်မပြုနိုင်ပေ။
အနာဂတ်တွင် အလွန်အသုံးဝင်မည့် မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်း ခန္ဓာကိုလည်း ဖုံးကွယ်ထားရန် လိုအပ်သည်။
တိဟောက်ထျန်း၏ မျက်လုံးများက ထူးဆန်းသော အရိပ်အရောင်တို့ ပေါ်လာသည်။
သူ၏ ငွေမျက်လုံးက ကျွင်းရှောင်ယောက်ကို မမြင်နိုင်ကြောင်း တွေ့လိုက်ရလေသည်။
'အရှိန်အဝါကို ဖုံးကွယ်နိုင်တဲ့ လျှို့ဝှက်နည်းလမ်းရှိတာလား။ ကံမကောင်းချင်တော့၊ ငါ့ရဲ့ ပုံရိပ်ယောင်ခွင်း ငွေမျက်လုံးတွေရဲ့ ပုံရိပ်ယောင်တွေကို ချိုးဖျက်နိုင်တဲ့ စွမ်းရည်က ဒီလောက်မကဘူး'
တိဟောက်ထျန်းက သူ့စိတ်ထဲမှ တွေးလိုက်သည်။
ပုံရိပ်ယောင်ခွင်းငွေမျက်လုံးကို မြင့်မားသောအဆင့်အထိ လေ့ကျင့်ပြီးနောက်...
ကမ္မကြိုးများကိုတောင် မြင်နိုင်သည်။
'အတိတ်နဲ့အနာဂတ်မှာ မရှိဖူးတဲ့ မင်းရဲ့ ကမ္မကြိုးက ဘာလဲဆိုတာ ငါကြည့်ပါရစေ'
တိဟောက်ထျန်း၏ မျက်လုံးများတွင် ငွေရောင်အလင်းများ စီးဆင်းနေသည်။
သူ၏ အနာဂတ်မှတ်ဉာဏ်များတွင် ကျွင်းရှောင်ယောက်က လုံးဝ မရှိပေ။
ယခုမူ၊ သွေဖည်မှုအားလုံးက ကျွင်းရှောင်ယောက်ကို ညွှန်ပြနေသည်။
ကျွင်းရှောင်ယောက်က ကမ္ဘာ့စည်းချက်ကို ပြောင်းလဲပေးခဲ့သည့် ဇာတ်ကောင်တစ်ယောက်ဟု ပြောလို့ရပေသည်။
ထို့ကြောင့် တိဟောက်ထျန်းသည် ကျွင်းရှောင်ယောက်၏ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်များ ရှိမလဲဆိုတာကို သိချင်နေမိသည်။
သို့သော်... တိဟောက်ထျန်း အံ့သြသွားပြန်သည်။
ကျွင်းရှောင်ယောက်၏ အကြောင်းအကျိုး ကမ္မကြိုးများကို သူမမြင်ရပေ။
အကြောင်းရင်း နှစ်ခုသာ ရှိနိုင်သည်။
ပထမအချက်က ကျွင်းရှောင်ယောက်၏ ကမ္မအကြောင်းအကျိုးကို ပိတ်ဆို့ထားခဲ့သည်။
ဒုတိယအချက်ကတော့ ကျွင်းရှောင်ယောက်ကို ကံကြမ္မာကြိုးတို့ ငြိစွန်းခြင်း မရှိပေ။
'စိတ်ဝင်စားစရာပဲ၊ ဒါက ငါ့ကို ပိုပိုပြီး စိတ်ဝင်စားစေတယ်'
တိဟောက်ထျန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ကျွင်းရှောင်ယောက်၏ အမူအရာကတော့ တည်ငြိမ်မှုရှိ၏။
တိဟောက်ထျန်းက သူ၏ ကံကြမ္မာကို စူးစမ်းနေကြောင်း သူသိသည်။
ကံမကောင်းစွာဖြင့် သူက ဗလာနယ်ကံကြမ္မာ ဖြစ်နေသည်။
သူ၏ ကံကြမ္မာကို စူးစမ်းချင်လျှင်...
တိဟောက်ထျန်းက အလွန်ငယ်သေးသည်။
"ဧကရာဇ်ငယ်သခင်..."
တစ်ျက်တွင်၊ ဆံနီမိစ္ဆာနှင့် ပုလော့ရွယ်တို့ စိတ်ရှုပ်ထွေးနေကြသည်။
တိဟောက်ထျန်းနှင့် ကျွင်းရှောင်ယောက်က ဘာစကားမှမပြောဘဲ မျက်နှာချင်းဆိုင် ရပ်နေကြ၏။
သို့သော်လည်း မည်သူမျှမသိသောအချက်မှာ...
အချိန်တိုလေးအတွင်းမှာပင် ဤလူနှစ်ယောက်က ယှဉ်ပြိုင်မှုများစွာ ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။
"ငါ နိုးထလာကတည်းက မကြာခဏ ကြားနေရတဲ့နာမည်ဟာ ကျွင်းရှောင်ယောက်ပဲ။ ဒီနေ့ လူကိုယ်တိုင်တွေ့ရတော့မှ တကယ်ကို နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်ကြောင်း သိရပါတော့တယ်"
တိဟောက်ထျန်းက ပြောလိုက်သည်။
"အင်မော်တယ်ခုံရုံးရဲ့ ရှေးဧကရာဇ်ငယ်ကလည်း နာမည်ဂုဏ်သတင်းနဲ့ လိုက်ဖက်ညီပါပေတယ်"
ကျွင်းရှောင်ယောက်ကလည်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
အင်မော်တယ်ခုံရုံး၏ အသန်မာဆုံး ပါရမီရှင်ကို ရင်ဆိုင်ရသော်လည်း ကျွင်းရှောင်ယောက်က အားနည်းချက်မပြပေ။
"ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို မင်းရရှိခဲ့တယ်"
တိဟောက်ထျန်းက ပြောသည်။
"အဲဒါ ဘာဖြစ်သလဲ"
"အဲဒီသွေးတစ်စက်ကိုလည်း မင်းရရှိခဲ့တယ် မဟုတ်လား"
"ဟမ်၊ မင်းက မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေမှာ သွေးတစ်စက်ရှိတယ်ဆိုတာကို သိတာလား"
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် ထူးဆန်းသော အရောင်တစ်ခု တောက်ပလာသည်။
“အဲဒီမှာ ကျန်နေတဲ့ သွေးအရိပ်အယောင်ကနေ ငါ ပြောပြလို့ရတယ်"
တိဟောက်ထျန်းက တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။
အနာဂတ်မှ ပြန်လည်မွေးဖွားခြင်းသည် မည်သူမှမသိနိုင်သော သူ၏ အကြီးမားဆုံးလျှို့ဝှက်ချက် ဖြစ်သည်။
မဟုတ်ပါက ဒုက္ခများလိမ့်မည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် အတွေးတစ်ခု တောက်ပလာသည်။
ဤရှေးဧကရာဇ်ငယ်တွင် တစ်စုံတစ်ခုရှိပုံရသည်။
သူသည် ယခင်က သူမြင်ဖူးသော ကြက်သွန်မြိတ်များနှင့် မတူပေ။
"ဒါဆိုရင် မင်းက ဘာဖြစ်ချင်လို့လဲ"
"မင်းက ငါ့နောက်လိုက်တွေကို သတ်လိုက်တယ်။ ကျိုးကြောင်းဆီလျော်မှုအရ ပြောရရင် ဒီဧကရာဇ်ငယ်ဟာ သူတို့ရဲ့အကြွေးတွေကို ပြန်တောင်းသင့်တယ်"
"ဒါပေမဲ့၊ နောက်ဆုံးမှာတော့ သူတို့က မင်းကို အရင်နှောင့်ယှက်တဲ့သူပဲလေ"
"နောက်ပြီးတော့ မင်းက တကယ်ကို ဒီခေတ်ရဲ့ အပြောင်မြောက်ဆုံး ပါရမီရှင်တွေထဲက တစ်ယောက်ပဲ။ ငါ မင်းကို တော်တော်သဘောကျတယ်"
တိဟောက်ထျန်းက ပြောလိုက်သည်။
သူ့စကားက ထင်ရှားနေပြီ။
တိဟောက်ထျန်းက ကျွင်းရှောင်ယောက်ကို သူ၏နောက်လိုက်အဖြစ် လက်ခံချင်ခဲ့သည်။
ကျွင်းရှောင်ယောက်၏ အနာဂတ်အောင်မြင်မှုများက အနည်းဆုံး ဧကရာဇ် ဖြစ်ပေလိမ့်မည်။
တိဟောက်ထျန်းက အလွန်ရူးသွပ်ပြီး အကြံစည်ကြီးကြောင်း တွေ့နိုင်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"တိဟောက်ထျန်း... မင်းရဲ့ ဉာဏ်ရည်ကို ငါ အထင်သေးအောင်မလုပ်နဲ့"
"မင်း မယုံနိုင်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ကိစ္စမရှိဘူး"
"ရန်ယွင်မြင်းသည်တော်တွေထဲက အမှတ်တစ်တို့ဆိုရင် ငါ့ကို စိန်ခေါ်ခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ သူတို့အားလုံး ကျရှုံးပြီး ငါ့နောက်လိုက်တွေ ဖြစ်လာခဲ့ရတယ်"
"ပြီးတော့ မင်း... ကျွင်းရှောင်ယောက်ကလည်း ခြွင်းချက်မဟုတ်ဘူး"
တိဟောက်ထျန်း၏ လေသံက အလွန်တည်ငြိမ်သည်။
"ဒါဆို မင်းစမ်းကြည့်လို့ရတယ်"
ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်ကို ဆတ်ခနဲ ခါယမ်းလိုက်၏။
ဤရှေးဧကရာဇ်ငယ်ကို ရင်ဆိုင်ရသော်လည်း သူက ကြောက်ရွံ့မှု တစ်စုံတစ်ရာ မပြခဲ့ပေ။
သို့သော်... ထိုအခိုက်တွင် ဟင်းလင်းပြင်အက်ကြောင်းအတွင်းရှိ ပိုးအိမ်လေးက ရုတ်တရက် တုန်ခါလာသည်။
မျက်နှာပြင်က အက်ကွဲကြောင်းများဖြင့် ဖုံးအုပ်ထားပြီး နောက်ဆုံး ကွဲအက်သွား၏။
ထို့နောက်မှာတော့ ကျွင်းရှောင်ယောက်နှင့် တိဟောက်ထျန်း၏ရှေ့တွင် ပုံရိပ်သေးသေးလေးတစ်ခု ပေါ်လာတော့သည်။