← Chapters

အခန်း ၁၁၈၀

Vol. 79 Ch. 1180

အခန်း ၁၁၈၀

Vol. 79 Ch. 1180

အခန်း ( ၁၁၈၀ ) ဖခင်တော်စပ်ဖို့ ဒီလောက် စိတ်စောနေတာလား။

တိဟောက်ထျန်းသည် ဤနေရာသို့ ရောက်လာကတည်းက ပိုးအိမ်ကို သတိပြုမိသည်။

ယင်းက သေချာပေါက် ထူးခြားမှုမည်ဟုလည်း သူ မှန်းဆခဲ့၏။

ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ် အစစ်အမှန်ပင် ဖြစ်နိုင်သည်။

တိဟောက်ထျန်းသည် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်အကြောင်းကို ကြားဖူးသော်လည်း အမှန်တကယ်တော့ မမြင်ဖူးပေ။

နောက်ဆုံးတွင်၊ တိဟောက်ထျန်းက ပြန်လည်မွေးဖွားလာသူအနေဖြင့် အခွင့်အလမ်းကောင်းအချို့အကြောင်းကို သိသည်။

အခွင့်အလမ်းတိုင်းကိုတော့ သူ မခံစားနိုင်ပေ။

သို့သော်လည်း ယခုအချိန်တွင် ကျွင်းရှောင်ယောက်ကော တိဟောက်ထျန်းပါ အံ့ဩသွားကြသည်။

အလင်းပိုးအိမ်မှ ထွက်ပေါ်လာသည့်အရာက သူတို့ စိတ်ကူးထားသည့်အတိုင်း ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ် မဟုတ်ပေ။

ထိုအစား ကွေးကွေးလေးဖြစ်နေသည့် ကလေးမလေးတစ်ယောက် ‌ဖြစ်သည်။

ကလေးမလေးက အသက်ငါးနှစ်၊ ခြောက်နှစ်ခန့်သာ ရှိဦးမည်။

သူမက အဖြူရောင်စကတ်ရှည်ကို ဝတ်ဆင်ထားသည်။

သူမ၏ အသားအရေ ရေခဲနှင့် နှင်းများကဲ့သို့ ဖြူစင်လေ၏။ ဆံပင်ရှည်များကမူ ငွေရောင် ဖြစ်သည်။

သူ့မျက်နှာကလေးက ဖြူစင်ပြီး နူးညံ့သိမ်မွေ့ကာ ‌ကျောက်စိမ်းကို ထွင်းထုထားသကဲ့သို့ပင်။

ဤအခိုက်တွင် သူမက မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။

သူမ၏ ခြေတံ‌၊ လက်တံလေးများကို စုထားပြီး မိခင်၏ ဝမ်းကြာတိုက်တွင် ရှိနေသေးသကဲ့သို့ ကွေးကွေးလေး ဖြစ်နေလေသည်။

သူမက ကြွေရုပ်လေးကဲ့သို့ ချစ်စရာကောင်းသော ကလေးမလေးတစ်ယောက်ပင် ဖြစ်သည်။

ယင်းက ကျွင်းရှောင်ယောက်နှင့် တိဟောက်ထျန်းတို့ နှစ်ယောက်လုံးကို အံ့အားသင့်သွားစေခဲ့သည်။

ပျက်စီးနေသောကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာရှိ ဟင်းလင်းပြင်အက်ကြောင်းမှ ပိုးအိမ်ထဲတွင် နတ်သူငယ်လေးကဲ့သို့ ကလေးမလေးတစ်ယောက် မွေးဖွားလာမည်ဟု သူတို့ လုံးဝ မမျှော်လင့်ခဲ့ပေ။

"သူက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်များလား"

တိဟောက်ထျန်းက ခန့်မှန်းလိုက်သည်။

ဝိညာဉ်နှင့် အသိဉာဏ်ရှိလာပြီး လူသားပုံစံသို့ ပြောင်းလဲနိုင်သော ဆေးပင်များရှိခြင်းမှာ ဤကမ္ဘာတွင် မထူးဆန်းပေ။

နှစ်ယောက်သား ကလေးမလေးကို ကြည့်နေကြချိန်...

တစ်ခုခုကို ခံစားရဟန်ဖြင့် သူမ၏ မျက်တောင်ကော့ကြီးများက အနည်းငယ် တုန်ခါသွားသည်။

ထို့နောက် ကျောက်မျက်များကဲ့သို့ ကြည်လင်သော မျက်လုံးဝိုင်းဝိုင်းလေးကို ဖွင့်ကြည့်လိုက်၏။

ထိုအခါ ပထမဆုံး မြင်လိုက်ရသည်က ကျွင်းရှောင်ယောက် ဖြစ်သည်။

ကြက်ကလေးများ ဥမှ အကောင်ပေါက်သောအခါ ပထမဆုံး မြင်ရသူကို သူတို့နှင့် အရင်းနှီးဆုံးသူဟု သတ်မှတ်သည်ဟု ပြောကြသည်။

ယခု ဤကလေးမလေးလည်း ထိုကဲ့သို့ပင် ဖြစ်လိမ့်မည်။

ကလေးမလေးက အသံလုံးသေးသေးလေးဖြင့် အော်ခေါ်လိုက်သည်။

"ဖေဖေ"

ထိုခေါ်သံကြောင့် အမြဲလျစ်လျူရှုထားသော ကျွင်းရှောင်ယောက်ပင်လျှင် အနည်းငယ် အံ့ဩသွားခဲ့သည်။

သူက လူမှားသလားဟု ပတ်ဝန်းကျင်ကိုပင် ကြည့်လိုက်မိသေးသည်။

ဒီကောင်မလေးက သူ့ကို ခေါ်နေတာလား။

သူ့ကို အဖေတော်ဖို့ ဒီလောက် စိတ်လှုပ်ရှားနေတာလား။

ကျွင်းရှောင်ယောက်လည်း ခဏချင်း ဘာပြောရမည်မှန်း မသိတော့ပေ။

ဒါက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကနေ အသွင်ပြောင်းလာတဲ့သူ တကယ်ပဲလား။

သို့သော်လည်း သူမ၏ ခန္ဓာကိုယ်တွင် ပြန်လည်ဝင်စားခြင်း၏ အငွေ့အသက် အနည်းငယ်မျှသာ ရှိသည်။ ယင်းက သိသာထင်ရှားမှုမရှိပေ။

အကယ်၍ ဤကလေးမလေးသည် အမှန်တကယ်ပင် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်မှ ပြောင်းလဲလာခြင်းဖြစ်ပါက သူ့မကို ပြန်လည်သန့်စင်ရန် အနည်းငယ်တော့ အဆင်မပြေ ဖြစ်လိမ့်မည်။

တစ်ဖက်တွင်တော့ တိဟောက်ထျန်း၏ မျက်လုံးများက ငွေရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။

သူက ဤကလေးမလေး၏ လျှို့ဝှက်ချက်ကို ရှာဖွေရန် ကြိုးစားလိုက်ခြင်း ဖြစ်၏။ သူမက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်မှ အမှန်တကယ် အသွင်ပြောင်းသွားခြင်း ရှိမရှိ သိလိုသည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင်၊ တိဟောက်ထျန်းက သူ့မျက်လုံးများ အမှောင်ကျသွားသလို ခံစားလိုက်ရသည်။

ဧကရာဇ်ကြီးကို စိုက်ကြည့်နေမိသလို သူ ခံစားရ၏။

ပို၍ပင် ကြောက်စရာကောင်းဦးမည်။

"ဝုန်း"

တခဏချင်းမှာပင် ကြောက်စရာကောင်းသော တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာသည်။

တိဟောက်ထျန်း၏ မျက်လုံးများ သွေးများ စီးကျလာ၏။

သူ့ခန္ဓာကိုယ်က အပိုင်းပိုင်း ပေါက်ကွဲသွားတော့သည်။

"ဧကရာဇ်ငယ်သခင်"

ပုလော့ရွယ်နှင့် ဆံနီမိစ္ဆာတို့လည်း မျက်နှာပျက်သွားကြသည်။

ဘယ်လိုဖြစ်သွားတာလဲ။

တိဟောက်ထျန်း၏ ဝိညာဉ်ခန္ဓာက တိုက်ရိုက်ပေါက်ကွဲသွားရသည်။

ကျွင်းရှောင်ယောက်လည်း ကလေးမလေး၏ အသေးစိတ်အချက်အလက်များကို ရှာဖွေရန်စိတ်ကူးကို ဖယ်ရှားလိုက်လေသည်။

သို့ရာတွင်... တိဟောက်ထျန်း၏ ဝိညာဉ်ခန္ဓာက ပေါက်ကွဲသွားသော်လည်း ရွှေရောင် ဝိညာဉ်စွမ်းအားက လှိုင်းထနေဆဲ ဖြစ်သည်။

ကမ္ဘာကြီးကို ဖိနှိပ်ထားသည့် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါဖြင့် ရွှေရောင် ဧကရာဇ်အရိပ်တစ်ခု ရှိနေပုံရ၏။

ထို့နောက်မှာတော့ ရွှေရောင်ဝိညာဉ်စွမ်းအားက အမှန်တကယ်ပင် တိဟောက်ထျန်း၏ပုံစံသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

သို့သော်လည်း ယခင်ကနှင့်ယှဉ်လျှင် တိဟောက်ထျန်း၏ ဝိညာဉ်ခန္ဓာသည် ခုနနစ်ဆယ်ရာခိုင်နှုန်းခန့် ထင်ယောင်ထင်မှား ဖြစ်လာသည်။

ယခုအခါ တိဟောက်ထျန်း၏ ခန္ဓာကိုယ်က သရဲတစ္ဆေကဲ့သို့ ဖောက်ထွင်းမြင်ရတော့မည်။

'မျှော်လင့်ထားတဲ့အတိုင်း၊ မပျက်စီးသေးဘူး'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

တိဟောက်ထျန်းကို ဤပုံစံဖြင့် ဖယ်ထုတ်လိုက်လျှင် အနည်းငယ် ရယ်စရာကောင်းပေလိမ့်မည်။

သို့သော်လည်း တိဟောက်ထျန်း၏ ဝိညာဉ်က ကျွင်းရှောင်ယောက်ကို အနည်းငယ် သတိရှိစေသည်။

တိဟောက်ထျန်း၏ အထူးဝိညာဉ်ကလည်း ၎င်း၏ စွမ်းရည်သုံးခုထဲမှ တစ်ခုပင်။

သူက စိတ်ကူးမယဉ်နိုင်လောက်အောင် တန်ခိုးကြီးသော ရှေးခေတ် အင်မော်တယ်ခုံရုံးမှ ဧကရာဇ်တစ်ပါးကို အမွေဆက်ခံခဲ့သည်ဟုပင် ကောလဟာလများ ရှိသည်။

မည်သို့ပင်ဆိုစေ၊ ဤသည်က အချက်တစ်ခုကို သက်သေပြခဲ့သည်။

ဤကလေးမလေးတွင် ထူးထူးခြားခြား ဇာစ်မြစ်တစ်ခုရှိသည်။

တိဟောက်ထျန်းက သူ၏ ငွေရောင်မျက်လုံးကို အသုံးပြု၍ စူးစမ်းခဲ့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော တုံ့ပြန်မှုကို ခံစားခဲ့ရပေသည်။

"ဖေဖေ"

ကလေးမလေးက တိဟောက်ထျန်း၏ ရန်လိုသောမျက်လုံးများကို အနည်းငယ်ကြောက်နေပုံရသည်။

သူမက ကျွင်းရှောင်ယောက်ဆီသို့ တိုက်ရိုက် ပြေးသွား၏။

အသိုက်ကို ပြန်ရောက်လာသော ငှက်ကလေးတစ်ကောင်ကဲ့သို့ ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲကို ပြေးဝင်သွားတော့သည်။

ကျွင်းရှောင်ယောက် အံ့သြသွားသည်။

ကလေးမလေး၏ ခန္ဓာကိုယ်က ပေါ့ပါးပြီး နူးညံ့လေသည်။

သူမက ကြယ်ကလေးများကဲ့သို့ တောက်ပသော မျက်လုံးတို့ဖြင့် ကျွင်းရှောင်ယောက်ကို နီးနီးကပ်ကပ် စိုက်ကြည့်နေသည်။

"ဖေဖေ၊ ဖေဖေက အရမ်းချောတာပဲ"

ကလေးမလေးက ကျွင်းရှောင်ယောက်၏ လည်ပင်းကိုဖက်ထားကာ ပြောလိုက်သည်။

ကျွင်းရှောင်ယောက် ဆွံ့အသွား၏။

ဤကလေးမက ရုပ်ရည်ကို အခြေခံပြီး သူ့အဖေကို ရွေးခဲ့တာလား။

တစ်ဖက်တွင် တိဟောက်ထျန်း၏ မျက်ခုံးများ တလှုပ်လှုပ်ဖြစ်သွားသည်။

ငါက သူ့လောက်မချောလို့လား။

မဖြစ်နိုင်ပေ။

မတ်တပ်ရပ်ရင်တောင် မရေမတွက်နိုင်သော အမျိုးသမီးများကို စွဲဆောင်နိုင်မှာ သေချာသည်။

မည်သို့ဆိုစေ၊ ယခုအခါမှာ ထူးဆန်းသော လက္ခဏာနှင့် လျှို့ဝှက်ဆန်းကြယ်သည့် မူလဇစ်မြစ်ရှိသော ကလေးမလေးက ကျွင်းရှောင်ယောက်ကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။

ဤကလေးမလေးက သာမန်မဟုတ်တာကို အရူးတောင်မှ သိမည်။

သူမကို စူးစမ်းရုံဖြင့် ဤမျှကြီးမားသော တုံ့ပြန်မှုကို ခံရသည်။

သူမ၏ ယုံကြည်မှုကိုရနိုင်လျှင် အနာဂတ်မှာ ကြီးမားသော အံ့အားသင့်စရာများ တွေ့နိုင်လိမ့်မည်။

'သုံးကြိမ်ရှိပြီ၊ ဒါဆိုရင် သုံးကြိမ်ရှိပြီ'

တိဟောက်ထျန်းက လေးလေးနက်နက် ကြည့်လာသည်။

ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်။

မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေမှ သွေးတစ်စက်။

ယခုလည်း ဤကလေးမလေး။

ဤအခွင့်အရေးများသည် မူလက သူ တိဟောက်ထျန်းမှ ပိုင်ဆိုင်သင့်သည်။

သူသည် ရွှေခေတ်၌ ပြန်လည်မွေးဖွားလာပြီး အားလုံးကို လွှမ်းမိုးရန်က ဘုရားသခင်၏ အလိုတော်အရ မဟုတ်လော။

ထို့ပြင် ပြန်လည်မွေးဖွားခြင်း၏ မှတ်ဉာဏ်လည်း ရှိသည်။

သူ့မျက်လုံးထဲမှာတော့ ပါရမီရှင်အားလုံးက ရိတ်သိမ်းလို့ရသည့် ကြက်သွန်မြိတ်များပင်။

သို့ရာတွင် ကျွင်းရှောင်ယောက်က သူ့နေရာကို ယူထားပုံရပြီး သူ့အခွင့်အလမ်းများကို အမြဲကြိုပြီး ဖယ်ထားနိုင်တာက အဘယ်ကြောင့်နည်း။

ဤခံစားချက်က တိဟောက်ထျန်းကို မကျေမနပ် ဖြစ်စေသည်။

မူလက သူပိုင်ဆိုင်သမျှ အရာအားလုံးကို ကျွင်းရှောင်ယောက်က လုယူသွားသကဲ့သို့ပင်။

ကျွင်းရှောင်ယောက်ကြောင့်သာမဟုတ်လျှင် ဤကလေးမလေးသည် သူ့အား အသိအမှတ်ပြုမည်ဟု တိဟောက်ထျန်းက ယုံကြည်မှုရှိသည်။

"ဖေဖေ... ဗိုက်ဆာတယ်"

ကလေးမလေးက မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး ပြောလိုက်သည်။

ကျွင်းရှောင်ယောက်လည်း အတွေးတစ်ခုဖြင့် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို ထုတ်ယူလိုက်၏။

သူက ဤကလေးမလေးသည် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ် ဟုတ်မဟုတ် စမ်းသပ်ကြည့်ချင်သည်။

ကလေးမလေး၏ မျက်လုံးများက အမှန်တကယ် တောက်ပသွားလေသည်။

"ဒါက အဆင်ပြေရဲ့လား"

ကလေးမလေးက ကျွင်းရှောင်ယောက်၏ ခွင့်ပြုချက်ကို တောင်းနေသည်။ သူမက ယခုမှ မွေးဖွားလာသော်လည်း အလွန်လိမ္မာပါးနပ်ပြီး မိုက်မဲပုံမရပေ။

"ရပါတယ်"

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

သူက ဤကလေးမလေးနှင့် ဆက်ဆံရေး ပိုကောင်းလိုသည်။

တစ်ဖက်ကလည်း စမ်းသပ်လိုပေသည်။

နောက်ဆုံးတွင် ဤကလေးမလေးရဲ့ မူလအစက လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က သဘောတူပြီးနောက်... မည်သူကထင်ထားခဲ့မည်နည်း။

ကလေးမလေးက အမှန်တကယ်ပင် သူမ၏ နှင်းဆီရောင်စုံ ပါးစပ်ကိုဟကာ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ် တစ်ခုလုံးကို ဝါးမျိုပစ်လိုက်သည်။

ရေဇလုံးတစ်လုံးခန့်ရှိသော ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို ကလေးမလေးက တစ်ချက်တည်း မျိုချလိုက်၏။

ဤမြင်ကွင်းကိုမြင်တော့ တိဟောက်ထျန်းနှင့် ကျွင်းရှောင်ယောက်တို့ နှစ်ယောက်လုံး တစ်ဖန် အံ့အားသင့်သွားကြတော့သည်။

ဒီကလေးမလေးက ဘယ်လိုဖြစ်တည်မှုမျိုးလဲ။

All Chapters