← Chapters

အခန်း ၁၁၈၂

Vol. 79 Ch. 1182

အခန်း ၁၁၈၂

Vol. 79 Ch. 1182

အခန်း ( ၁၁၈၂ ) ဆည်ကမ္ဘာသို့ ဝင်ရောက်ခြင်း။

ရှောင်ချမ်ရွယ်က ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်ကို သရေစာကဲ့သို့ စားလိုက်ကတည်းက...

ကျွင်းရှောင်ယောက် သ‌ဘောပေါက်သွားသည်။

သူရရှိခဲ့သော အင်မော်တယ်အမြစ်က အမှန်ပင် ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ် အစစ်အမှန် အဟုတ်ပေ။

စစ်မှန်သော ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်က ကမ္ဘာ့သစ်ပင်ထက် များစွာနိမ့်ကျသည်မဟုတ်ပါ။

ရှောင်ချမ်ရွယ်က မည်မျှ လျှို့ဝှက်ဆန်းကြယ်နေပါစေ၊ ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်ကို တိုက်ရိုက်စားရန် မဖြစ်နိုင်ပါချေ။

အကြောင်းမူ၊ ထိုစွမ်းအင်က အလွန်ကြီးမားလှသောကြောင့် ဖြစ်သည်။

စစ်မှန်သော ဧကရာဇ်တစ်ပါးပင်လျှင် ထိုစွမ်းအင်ကို တစ်ပြိုင်နက်တည်း မသန့်စင်နိုင်ပေ။

"အဲဒါကို မင်း ခံစားနိုင်တာလား"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"ဟုတ်၊ ဖေဖေက အဲဒါကို လိုချင်ရင် ချမ်ရွယ်က ကူညီပြီးတော့ ရှာပေးနိုင်တယ်"

ရှောင်ချမ်ရွယ်က ကျွင်းရှောင်ယောက်ကို ကူညီနိုင်မည်ဖြစ်ကြောင်း သိရသောအခါ တောက်ပစွာ ပြုံးလိုက်လေသည်။

"ဒါဆိုရင် ငါ မင်းကိုပဲ ဒုက္ခပေးရတော့မယ်"

ကျွင်းရှောင်ယောက်လည်း ဝမ်းသာသွားမိသည်။

"ဒါပေမဲ့..."

ရှောင်ချမ်ရွယ်က ရုတ်တရက် ခေါင်းငုံ့သွားသည်။ သူမက တွန့်ဆုတ်နေဟန်ဖြင့် ဖြူဖွေးနုနယ်သော လက်ချောင်းလေးများကို တို့ထိဆော့ကစားနေ၏။

"ဘာဖြစ်လို့လဲ"

"ဟိုလေ... ချမ်ရွယ်က ဆုတစ်ခုလောက် တောင်းလို့ရမလား"

ရှောင်ချမ်ရွယ်က မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်လည်း ပြုံးလိုက်မိလေသည်။ သူမက တကယ်ကို ကလေးလေးတစ်ယောက်အတိုင်း ဖြစ်သည်။

"ဘာဆုလိုချင်လဲ"

"ဖေဖေ... ချမ်ရွယ်ကို နမ်းလို့ရမလား"

ချမ်ရွယ်၏ မျက်နှာလေးက အနည်းငယ်နီနေသည်။

မည်မျှကြာအောင် အိပ်ပျော်သွားသည် မသိ။

ပထမဆုံး မျက်လုံးဖွင့်လိုက်ချိန်မှာ သူမြင်လိုက်ရတာက ကျွင်းရှောင်ယောက် ဖြစ်သည်။

ထို့ကြောင့် သူမက ကျွင်းရှောင်ယောက်ကို လုံးဝချစ်ခင်မြတ်နိုးပြီး ကျွင်းရှောင်ယောက်၏အချစ်ကိုလည်း ရယူလိုပေသည်။

ကျွင်းရှောင်ယောက်လည်း ခဏတာ အံ့ဩသွားပြီးနောက် ခေါင်းခါယမ်းလိုက်သည်။ သူက ရှောင်ချမ်ရွယ်၏ နဖူးကို ခပ်ဖွဖွလေး နမ်းလိုက်လေသည်။

ရှောင်ချမ်ရွယ်လည်း အလွန်ပျော်ရွှင်နေပြီး ပါးချိုင့်လေးနှစ်ခု ပေါ်လာသည်အထိ ပြုံးလိုက်သည်။

ကျွင်းရှောင်ယောက်လည်း တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။

ဤကလေးလေးက ဘယ်လောက်ကြာကြာ အထီးကျန်စွာ နေခဲ့ရသနည်း။

သူမက ကျွင်းရှောင်ယောက်ကို သူ့အဖေအဖြစ် အသိအမှတ်ပြုခဲ့တာ ကံကောင်းသည်။

သူသာ တိဟောက်ထျန်းကဲ့သို့ ပြိုင်ဘက်များ၏ လက်ထဲကို ကျရောက်သွားခဲ့လျှင် အကျိုးဆက်များက မှန်းဆ၍မရနိုင်ပေ။

ထို့နောက်၊ ရှောင်ချမ်ရွယ်၏ လမ်းညွှန်မှုအောက်တွင် ကျွင်းရှောင်ယောက်က ရွှီထျန်းလောက၏ အနက်ရှိုင်းဆုံးနေရာကို ဆက်လက် ဖြတ်လျှောက်သွားခဲ့သည်။

သူ၏ အားကောင်းသော အာရုံခံနိုင်စွမ်းဖြင့် အန္တရာယ်များကို ရှောင်ရှားနိုင်ခဲ့ပေသည်။

ထိုအချိန်တွင် ကြီးမားသော အက်ကြောင်းကြီးတစ်ခုက သူ့အရှေ့ ကောင်းကင်ယံ၌ ရုတ်တရက် ပေါ်လာသည်။

အက်ကြောင်းက ကစဉ့်ကလျားနယ်မြေကို ယောင်ဝါးဝါး ထင်ဟပ်နေ၏။

ကစဉ့်ကလျား နယ်မြေအတွင်းမှာတော့...

အင်မော်တယ်အမြစ်တစ်ခု ရှိနေသည်။

၎င်းက ပြိုးပြိုးပြက်ပြက် တောက်ပမှု မရှိသလို နိယာမ၏ အံ့သြဖွယ် မြင်ကွင်း အမျိုးမျိုးလည်း မရှိပါ။

ပွင့်ချပ်ခြောက်ခုဖြင့် ရိုးရှင်းပုံရသော ပန်းတစ်ပွင့် ဖြစ်သည်။ သို့သော်လည်း ပွင့်ချပ်တစ်ခုစီက ကမ္ဘာကြီးကို ထင်ဟပ်နေပုံရ၏။

ယင်းက ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်ပင်။

"ဒါက စစ်မှန်တဲ့ ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်ပဲ"

ကျွင်းရှောင်ယောက်က အသက်ပြင်းပြင်းရှူလိုက်သည်။

၎င်းက ဟင်းလင်းပြင်အက်ကြောင်းအတွင်း၌ တည်ရှိနေခြင်းဖြစ်သော်လည်း အလွန်အစွမ်းထက်သော စွမ်းအားကို သူခံစားနိုင်သည်။

၎င်းက ယခင် ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်နှင့် ယှဉ်ရက်စရာကို မရှိပေ။

"ရှောင်ချမ်ရွယ်၊ မင်းက အရမ်းတော်တာပဲ"

ကျွင်းရှောင်ယောက်မှာ ခံစားချက်ကောင်းမွန်နေသည်။ သူက ရှောင်ချမ်ရွယ်၏ ပါးပြင်ဖောင်းဖောင်းလေးကို ခပ်ဖွဖွညှစ်လိုက်လေသည်။

ရှောင်ချမ်ရွယ်ကလည်း‌ ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်သည်။

"ဒါပေမဲ့ အဲဒီနေရာက..."

မှောင်မိုက်သော ကစဉ့်ကလျားနယ်မြေသည် အနက်ရောင် သဲကန္တာရနှင့်တူကြောင်း ကျွင်းရှောင်ယောက် သတိပြုမိသည်။

ကမ်းစပ်ကို လှိုင်းပုတ်နေသကဲ့သို့ အသံများကိုပင် ကြားလိုက်ရ၏။

"ဒါက အကန့်အသတ်မဲ့ပင်လယ်ကို ပိတ်ဆို့ထားတဲ့ ဆည်ကြီးလား"

အက်ကြောင်း၏ အခြားတစ်ဖက်မှာ...

ရွှီထျန်းကမ္ဘာသို့ ရောက်လာစဉ်က သူတို့ မြင်ခဲ့ရသော ဆည်ကမ္ဘာဖြစ်နေသည်။

ထိုနေရာတွင် အကန့်အသတ်မဲ့ပင်လယ်ပြင်မှ ကမ်းပေါ်သို့ ကူးခတ်လိုသော ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ သတ္တဝါကြီးကိုပင် မြင်ခဲ့‌ရသေးသည်။

သို့သော်လည်း နောက်ဆုံးမှာတော့ လှိုင်းလုံးကြီးနှင့်အတူ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ယခုတော့ ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်က ဆည်ကမ္ဘာတွင် အမှန်တကယ် ပေါက်ရောက်နေပြီ။

လူများစွာက ၎င်းကို ရှာမတွေ့နိုင်တာ အံ့သြစရာမဟုတ်တော့ပေ။

စိတ်ထဲမှ တွေးနေသော်လည်း သူ့မျက်လုံးများက ပြတ်သားမှုတို့ ပေါ်လာသည်။

ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်က သူ့အတွက် အလွန်အရေးကြီးသည်။

သူ့တွင် ကမ္ဘာ့သစ်ပင်ရှိသောကြောင့် သူ၏ အတွင်းစကြာဝဠာကို အဆက်မပြတ် ချဲ့ထွင်နိုင်၏။

သို့သော် အတွင်းစကြာဝဠာတွင် သက်ရှိအားလုံးကို မျိုးပွားနိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

အကြောင်းမူ၊ သေဆုံးပြီးနောက် ပြန်လည်ဝင်စားရန် နည်းလမ်းမရှိသောကြောင့်ပင်။

အကယ်၍၊ ကျွင်းရှောင်ယောက်က ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်ကို ရနိုင်လျှင်...

သူ၏ အတွင်းစကြာဝဠာက အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲများကို ကြုံတွေ့ရလိမ့်မည်။

သူ၏ အတွင်းစကြာဝဠာတွင် မွေးဖွားလာသော သတ္တဝါများက မွေးဖွားခြင်း နှင့် သေဆုံးခြင်း သံသရာသို့လည်း ဝင်ရောက်နိုင်သည်။

ဤနည်းဖြင့် အတိုင်းအတာတစ်ခုအထိ၊ ကျွင်းရှောင်ယောက်ဟာ အတွင်းစကြာဝဠာ၏ တကယ့်နတ်ဘုရားဖြစ်လာလိမ့်မည်။

ဤအရာက သူ၏ ဝိညာဉ်လမ်းစဥ်အတွက် အလွန်အရေးကြီးသည်။

ထို့ကြောင့်၊ ကျွင်းရှောင်ယောက်သည် ဆည်ကမ္ဘာသို့ ဝင်ရောက်ရလျှင်ပင် ကြိုးစားရဦးမည်။

သို့သော်လည်း သူ့တွင် အခွင့်အရေးတစ်ခုသာ ရှိသည်။

သူ၏ ဝိညာဉ်ခန္ဓာ ပျက်ဆီးသွားပါက၊ ရွှီထျန်းလောကကို နောက်တစ်ကြိမ် ဝင်ရောက်နိုင်ရန် ခက်လိမ့်မည်။

မူလခန္ဓာဖြင့် ဝင်ရောက်ရန် ကြိုးစားလျှင်လည်း အန္တရာယ်အဆင့်က ကြီးမားလာမည်မှာ သေချာသည်။

"‌ချမ်ရွယ်လေး... ဒီ‌မှာနေခဲ့နော်"

ကျွင်းရှောင်ယောက်က ရှောင်ချမ်ရွယ်ကို မြေပေါ်သို့ချလိုက်သည်။

သူက ဝိညာဉ်ခန္ဓာဖြစ်သောကြောင့် ပျက်စီးသွားလျှင်ပင် သူ့အသက်အန္တရာယ် ကျရောက်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင်၊ ရှောင်ချမ်ရွယ်ကတော့ မတူပါ။

"ဟင့်အင်း၊ ချမ်ရွယ်က ဖေဖေ့နောက်ကို လိုက်ချင်တယ်"

ရှောင်ချမ်ရွယ်က ခပ်တိုးတိုး ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ ဒီမှာပဲစောင့်နေ"

ကျွင်းရှောင်ယောက်က ရှောင်ချမ်ရွယ်၏ ခေါင်းလေးကို ခပ်ဖွဖွ ပုတ်လိုက်၏။

ကျွင်းရှောင်ယောက်၏ ခိုင်မာသောလေသံကိုကြားတော့ ရှောင်ချမ်ရွယ်လည်း ခေါင်းညိတ်ရုံသာရှိတော့သည်။

သို့သော်လည်း ဟင်းလင်းပြင်အက်ကြောင်း၏ အခြားတစ်ဖက်က အလွန်အန္တရာယ်ရှိသော နေရာတစ်ခုဟု သူမ ခံစားနိုင်သည်။

ကျွင်းရှောင်ယောက်က သူမကို အန္တရာယ် မဖြစ်စေချင်ပေ။

ယင်းက ကျွင်းရှောင်ယောက်အပေါ် သူမ၏ ယုံကြည်ယုံကြည်မှုနှင့် ရင်းနှီးမှုကို ပို၍ တိုးလာစေခဲ့သည်။

ထို့နောက်တွင် ကျွင်းရှောင်ယောက်က တစ်ယောက်တည်း ဝင်ရောက်သွားလေသည်။

ကောင်းကင်နှင့်မြေပြင်က ပြောင်းလဲသွားသည်။

ဘေးပတ်ပတ်လည်တွင် အဆုံးမဲ့ကြယ်များက လှည့်ပတ်နေပုံရ၏။

နောက်အခိုက်အတန့်တွင် ကျွင်းရှောင်ယောက်က ကစဥ့်ကလျားနေရာသို့ ရောက်လာတော့သည်။

တစ်နည်းဆိုရသော်၊ ဆည်ကမ္ဘာသို့ ဝင်ရောက်လာပြီ ဖြစ်သည်။

'တကယ်ကို ထူးဆန်းတာပဲ၊ ဆည်တစ်ခုက ကျယ်ပြောတဲ့ ကမ္ဘာကြီးနဲ့ နှိုင်းယှဉ်နိုင်နေတယ်'

ကျွင်းရှောင်ယောက်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

မြေပြင်က ကျိုးပဲ့နေသော ဂြိုလ်အကြွင်းအကျန်များမှ ဖြစ်ပေါ်လာသည်။

အမျိုးအမည်မသိသော အရိုးများစွာတို့လည်း နစ်မြုပ်နေကြ၏။

နှစ်ပေါင်းမည်မျှကြာသွားသည်မသိသော်လည်း ထိုအရိုးတချို့မှ ဧကရာဇ်အငွေ့အသက်တို့ကို ခံစားရသေးသည်။

ကျွင်းရှောင်ယောက်ဟာ အလွန်မှောင်မိုက်နေပြီး တစ်နှစ်ပတ်လုံး မြူခိုးများဖုံးလွှမ်းနေသည့် ကမ္ဘာ၏အဆုံးသို့ ရောက်ရှိလာပုံရသည်။

ကမ်းစပ်ကို လှိုင်းပုတ်သံများကို ကြားရသော်လည်း နယ်စပ်ကိုတော့ မမြင်ရသေးပေ။

ယင်းက အလွန်ဝေးကွာသေးပုံရသည်။

ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်အဆောင်ကို တိုက်ရိုက် ထုတ်ယူလိုက်သည်။

မတတ်နိုင်ပေ။

ဤနေရာမျိုးကို ရောက်လာသောအခါ ကျွင်းရှောင်ယောက်ပင်လျှင် အလွန်သတိထားရသည်။

"ဝုန်း"

လွမ်ကုဧကရာဇ်‌အဆောင်က ရုတ်တရက် တုန်ခါသွားသည်။ တိုက်ခိုက်မှုတစ်ခု ကျရောက်လာခြင်းကြောင့် ဧကရာဇ်စွမ်းအားကို အလိုအလျောက် ထုတ်လွှတ်လိုက်ခြင်း ဖြစ်၏။

အလင်းတန်းတစ်ခုက လွမ်ကုဧကရာဇ်အဆောင်ကို တုန်ခါစေခဲ့သည်။

ထိုအလင်းရောင်က ပျက်စီးခြင်းတာအိုသခင်တစ်ဦးကိုပင် အသက်နှုတ်ယူနိုင်လိမ့်မည်။

ဆည်ကမ္ဘာက အလွန်အန္တရာယ်များကြောင်း တွေးကြည့်နိုင်ပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်က သူ၏ ပြင်းထန်သော ဝိညာဉ်အသိဖြင့် အန္တရာယ်များကို ရှောင်တိမ်းသွားခဲ့သည်။

အချိန်နှင့်ဟင်းလင်းပြင် အက်ကြောင်းများ၊ ထူးဆန်းသော သွေးနွံတောများ၊ အမည်မသိဧကရာဇ်အရိုးများ စသည်တို့ကို ကျွင်းရှောင်ယောက်က ရှောင်ရှားခဲ့၏။

ရှောင်လွှဲလို့မရသော အရာများကိုတော့ လွမ်ကုဧကရာဇ်အဆောင်ဖြင့် ဖြတ်ကျော်ရသည်။

ဤသို့ဖြင့် နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်ရှိရာသို့ ရောက်လာခဲ့ပေသည်။

သူလက်လှမ်းပြီး ယူငင်ရန် ကြိုးစားလိုက်သည်။

သို့သော်... ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်က ကြောက်စရာကောင်းသော စွမ်းအားများကို ရုတ်တရက် ထုတ်လွှတ်လိုက်၏။

ဤကဲ့သို့ ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ် အစစ်အမှန်ကို မဆိုထားဘိ။

ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်အတုပင်လျှင် အခြားသူများ ယူဆောင်သွားမှာကို မလိုလားပေ။

ကျွင်းရှောင်ယောက်လည်း အချိန်မဆွဲလိုတော့ပါ။ သူက ပြန်လည်ဝင်စားခြင်း စွမ်းရည်အမျိုးမျိုးနှင့် ပြန်လည်ဝင်စားခြင်း နိယာမကို ထုတ်ပြလိုက်သည်။

တစ်ချိန်တည်းမှာပင် သူက အတွင်းစကြာဝဠာမှ ကမ္ဘာ့သစ်ပင်၏ အငွေ့အသက်ကို တိုက်ရိုက် ထုတ်လွှတ်၏။

ကမ္ဘာ့သစ်ပင်က သစ်ပင်အားလုံး၏ ဘိုးဘေးဖြစ်သည်။

ယခင်က ကောင်းကင်အင်မော်တယ်သစ်ပင်သည်လည်း ကမ္ဘာ့သစ်ပင်၏ အငွေ့အသက်ကို ခံစားမိသောအခါ ကျွင်းရှောင်ယောက်ထံသို့ ကိုယ့်ဘာသာ ပြေးလာဖူးပေသည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်၏ ခုခံမှုက လျော့ကျသွားသည်။

"စိတ်မပူပါနဲ့၊ ငါ မင်းကို အတင်းအကျပ် မလုပ်ဘူး။ မင်းကို ငါ့ရဲ့ အတွင်းစကြာဝဠာထဲမှာ အမြစ်တွယ်ပြီး ကမ္ဘာသစ်ပင်နဲ့အတူ ဘဝသံသရာကို ဖြတ်သန်းစေချင်တယ်"

"ဒါက မင်းနဲ့ငါ နှစ်ဦးစလုံး အကျိုးရှိနိုင်တဲ့ အခြေအနေပဲ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်က လူ့စကားနားလည်ပုံရသည်။

၎င်းက အမှန်တကယ် မငြင်းဆန်တော့ပေ။

ကျွင်းရှောင်ယောက်လည်း အနည်းငယ် ပြုံးပြီး ယူလိုက်သည်။

၎င်းကို တိုက်ရိုက်သန့်စင်လျှင်လည်း အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။

သို့ရာတွင်၊ အနည်းငယ်တော့ ဖြုန်းတီးရာကျလိမ့်မည်။

၎င်းကို အတွင်းစကြဝဠာအတွင်း၌ ထည့်ထားခြင်းက ကျွင်းရှောင်ယောက်အတွက် ပိုအကျိုးရှိမည် ဖြစ်သည်။

"ကောင်းတယ်၊ ဒီခရီးစဉ်က ပြီးပြည့်စုံပြီ"

ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်ကို ရရှိပြီးနောက် ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။။

ရွှီထျန်းလောက ခရီးစဉ်က ပြီးဆုံးသွားသင့်ပြီ။

ကျွင်းရှောင်ယောက်က နောက်သို့လှည့်ပြီး ဤနေရာမှ ထွက်သွားတော့မည်...

ရုတ်တရက်၊ သူ့မျက်လုံးထောင့်မှ တစ်စုံတစ်ခုကို သတိပြုလိုက်မိသည်။

အဝေးသို့ လျှောက်လှမ်းသွားသော ခြေရာများ တန်းစီနေ၏။

"အဲဒါက..."

ကျွင်းရှောင်ယောက်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဤဆည်ကမ္ဘာတွင် ခြေရာများ အမှန်တကယ် ရှိ၏။

ထို့ပြင် လူသားတစ်ယောက်၏ ခြေရာများဖြစ်ကြောင်း ထင်ရှားသည်။

ဤခြေရာများကို ဘယ်သူက ထားရစ်ခဲ့သနည်း။

All Chapters