← Chapters

အခန်း ၁၁၈၄

Vol. 79 Ch. 1184

အခန်း ၁၁၈၄

Vol. 79 Ch. 1184

အခန်း ( ၁၁၈၄ ) အဆုံးမဲ့ဧကရာဇ်ကျမ်း။

ကပ်ဘေးများပြီးနောက် အဆုံးမဲ့ဧကရာဇ်က မည်သည့်နေရာသို့ သွားခဲ့သည်ကို ကျွင်းရှောင်ယောက်မှ နားလည်သွားခဲ့သည်။

အဆုံးမဲ့ဧကရာဇ်က အနောက်တိုင်း၏ မယ်တော်ဘုရင်မကို ထည့်သိမ်းထားသော ရေခဲခေါင်းတလားကို ထမ်းပြီး ဆည်ကမ္ဘာသို့ဝင်ရောက်ကာ အကန့်အသတ်မဲ့ပင်လယ်သို့ လျှောက်သွားခဲ့ခြင်းပင်။

သို့ရာတွင်... အဘယ်ကြောင့်နည်း။

ကျွင်းရှောင်ယောက်၏ နှလုံးသားထဲတွင် သံသယများ ရှိနေသည်။

အဆုံးမဲ့ဧကရာဇ်က အနောက်တိုင်း မယ်တော်ဘုရင်မ၏ အလောင်းကို အကန့်အသတ်မဲ့ပင်လယ်သို့ သယ်ဆောင်လာခဲ့ခြင်းမှာ...

အကန့်အသတ်မဲ့ပင်လယ်တွင် လူတို့ကို ရှင်ပြန်ထမြောက်ရန် နည်းလမ်းရှိခြင်းကြောင့်ပင်လော။

ကျွင်းရှောင်ယောက်ကတော့ မဖြစ်နိုင်ဘူးဟု ထင်သည်။

အကယ်၍ အဆုံးမဲ့ဧကရာဇ်က နည်းလမ်းကို အမှန်တကယ် တွေ့ရှိခဲ့လျှင်...

နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် အဘယ်ကြောင့် ပြန်မပေါ်လာရသနည်း။

အထူးသဖြင့် အဆုံးမဲ့ဧကရာဇ်က အနောက်တိုင်း မယ်တော်ဘုရင်မကို အမှန်တကယ် ရှင်ပြန်ထမြောက်စေခဲ့မည်ဆိုလျှင်...

သူမက ယောက်ချီမြင့်မြတ်မြေသို့ သေချာပေါက် ကြည့်ရှုရန် ပြန်လာမည် ဖြစ်သည်။

ယောက်ချီမြင့်မြတ်မြေကို ယခုကဲ့သို့ အဘယ်ကြောင့် ကျဆင်းသွားခွင့်ပြုမည်နည်း။

ထို့ကြောင့် အဆုံးမဲ့ဧကရာဇ်က မအောင်မြင်ခဲ့သင့်ပေ။

ကျောက်တုံးပေါ်မှ စာနှစ်ကြောင်းကိုကြည့်ရင်း ကျွင်းရှောင်ယောက်လည်း အနည်းငယ် သက်ပြင်းချလိုက်မိသည်။

"နောက်ကြောင်းပြန်လာမည့်ရက် မရှိပါ။ သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းက မရေရာဘူး"

ကျွင်းရှောင်ယောက်က ကျောက်တုံးပေါ်တွင် ရေးထားသောစာကို ဖတ်လိုက်၏။

ရုတ်တရက် ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်ပြောင်းသွားကာ တွေးတောမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။

သူက အဆုံးမဲ့ဧကရာဇ်ဆီသို့ လက်ယှက်ကာ အနည်းငယ် ဦးညွတ်ပြလိုက်လေသည်။

ထို့နောက် ကျောက်တုံးအောက်သို့ လက်လှမ်းလိုက်သည်။

ကျောက်စာတိုင်သဏ္ဍာန် ကျောက်တုံးအောက်မှ မြေပြင်က အလွန်ခိုင်မာသည်။

‌

အမှန်တော့ ဆည်ကမ္ဘာ၏ နိယာမများကြောင့် နေရာတိုင်းက အလွန်မာကျောပေသည်။

ဤနေရာ၌ ကြီးစွာသော ပျက်စီးမှုကို ဖြစ်စေလိုပါက ပျက်စီးခြင်းတာအိုသခင်နှင့် အထက် ကျင့်ကြံမှုရှိရမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်က သူ၏ မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်း အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။

နောက်ဆုံးတွင် မြေပြင်က အက်ကွဲသွား၏။

ကျမ်းစာတစ်ခု၏ ထောင့်စွန်းတစ်ခု ပေါ်လာတော့သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာပြီး ကောက်ယူလိုက်သည်။

၎င်းက ရွှေရောင်စာလိပ်တစ်ခု ဖြစ်ပေသည်။

စာလိပ်က ရွှေနှင့်တူသော်လည်း ရွှေမဟုတ်၊ သစ်သားနှင့်တူသော်လည်း သစ်သားမဟုတ်ပေ။

ကျွင်းရှောင်ယောက်က သေသေချာချာ စူးစမ်းကြည့်လိုက်သည်။

စာလိပ်ပေါ်တွင် ထူထဲသော ရှေးစာလုံးများ ရေးသားထား၏။ ယင်းက အနှိုင်းမဲ့ လျှို့ဝှက်ဆန်းကြယ်သော အရိပ်အယောင်များ ပေါ်လွင်နေသည်။

မဟာတာအိုလှိုင်းများကလည်း ပျံ့လွင့်နေသေးသည်။

စကားလုံးတိုင်းက ရွှေနှင့် ပြုလုပ်ထားပုံရပြီး ကောင်းကင်မှ ကြယ်များကဲ့သို့ တောက်ပလွန်းသည်။

တစ်ချက်လိုက်ကြည့်ပါက မျက်စိကျိန်းစပ်မတတ် စူးရှ၏။

ဤသည်မှာ သာမန်လူတို့ လေ့လာနိုင်သော ကျမ်းမဟုတ်ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ မတူပါ။ သူက မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်း၏ အငွေ့အသက်၊ စွမ်းအင်ဖြင့် သူ့မျက်လုံးများကို ကာကွယ်ထားလိုက်သည်။

နောက်ဆုံးတွင်၊ စာသားများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

အဆုံးမဲ့ဧကရာဇ်ကျမ်း။

ကျွင်းရှောင်ယောက်က ဤကျမ်းကို သိသည်။

ဤသည်မှာ အဆုံးမဲ့ဧကရာဇ်ကြီး၏ ကျမ်းစာ ဖြစ်သည်။

နတ်ဘုရားစွမ်းရည်များ၊ အစီရင်၊ တာအိုအမှတ်အသားများ၊ အဆုံးမဲ့ဧကရာဇ်၏ ထိုးထွင်းသိမြင်မှုများ... စသည်တို့လည်း ပါဝင်သည်။

ထို့ထက် ပို၍ အရေးကြီးသည်မှာ၊ မြင့်မြတ်ခန္ဓာတာအိုသန္ဓေအတွက် အထူးရည်ရွယ်သော ဉာဏ်အလင်းနှင့် ကျင့်ကြံမှုနည်းလမ်းများ ပါဝင်သည်။

ကျွင်းရှောင်ယောက်အတွက် ဤအရာမှာ အဖိုးတန်ဆုံးနှင့် တန်ဖိုးမဖြတ်နိုင်သော ရတနာပင်။

အကြောင်းမှာ၊ ကျွင်းရှောင်ယောက်က မြင့်မြတ်ခန္ဓာတာအိုသန္ဓေကိုသာ လေ့ကျင့်နိုင်သေးသောကြောင့်ပင် ဖြစ်သည်။

စစ်မှန်သော မြင့်မြတ်ခန္ဓာတာအိုသန္ဓေ ဖြစ်လာရန်နှင့် ပတ်သက်၍၊ ကျွင်းရှောင်ယောက်တွင် ဉာဏ်အလင်းမရှိသေးပေ။

"ဒါက အဖိုးတန်လွန်းတယ်။ အဆုံးမဲ့ဧကရာဇ်ရဲ့ ကျမ်းတန်ဖိုးက ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်ထက် မနိမ့်ကျဘူး"

"သာမန်လူတွေအတွက်တော့ အဆုံးမဲ့ဧကရာဇ်ကျမ်းက အဖိုးတန် ရတနာတစ်ခုပါပဲ"

"ဒါပေမဲ့ ငါ့အတွက်တော့ ဒါက အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပဲ"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပနေခဲ့သည်။

ဒါ‌က မမျှော်လင့်ထားသော အံ့ဩစရာတစ်ခုပင်။

သူ့ကို ရွှီထျန်းလောကသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့သော မဟာအကြီးအကဲပင်လျှင် ကျွင်းရှောင်ယောက်ကို ဤအခွင့်အလမ်းမျိုး ရရှိမည်ဟု မထင်မိမှာကို ကြောက်ရသည်။

အဆုံးမဲ့ဧကရာဇ်၏ကျမ်းက အဘယ်ကြောင့် ဤနေရာတွင် ရှိသနည်း။

အကြောင်းပြချက်က ရှင်းသည်။

အကန့်အသတ်မဲ့ပင်လယ် ကျဲဟိုင်သို့ ထွက်သွားပြီးနောက် အဆုံးမဲ့ဧကရာဇ်ဟာ ဘယ်တော့မှ ပြန်မလာနိုင်မှာကို စိုးရိမ်မိခဲ့သည်။

သူက မြင့်မြတ်ခန္ဓာတာအိုသန္ဓေဖြင့် ကျော်ကြားသော ဧကရာဇ်တစ်ပါး ဖြစ်သည်။

သို့ရာတွင် အကန့်အသတ်မဲ့ပင်လယ်သည် ရှေးခေတ်မှ ယနေ့အထိ လုံးဝတားမြစ်ထားသော အဆုံးစွန်တားမြစ်နယ်မြေတစ်ခု ဖြစ်၏။

အဆုံးမဲ့ဧကရာဇ်ပင်လျှင် အကန့်အသတ်မဲ့ပင်လယ်မှ ဘေးကင်းစွာ ပြန်လာနိုင်ရန် မသေချာခဲ့ပါ။

ထို့ကြောင့် သူ မထွက်ခွာမီတွင် သူ့ဘဝတစ်လျှောက်လုံး သင်ယူခဲ့သည့် အနှစ်သာရဖြစ်သော အဆုံးမဲ့ဧကရာဇ်ကျမ်းကို ရေစက်ရှိသူအတွက် ချန်ထားရစ်ခဲ့ခြင်း ဖြစ်မည်။

ကျွင်းရှောင်ယောက်လည်း အဆုံးမဲ့ဧကရာဇ်ကျမ်းကို ကောင်းစွာ သိမ်းထားလိုက်လေသည်။

အဆုံးမဲ့ဧကရာဇ်ကျမ်း၏ ရှုပ်ထွေးမှုက အင်မော်တယ်ကျမ်းထက် အားမနည်းပေ။ ၎င်းက နေ့ချင်းညချင်း နားမလည်နိုင်ဘဲ အချိန်တစ်ခု လိုအပ်မည် ဖြစ်သည်။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က အဆုံးမဲ့ဧကရာဇ်ကျမ်းကို မြှုပ်နှံထားသော တွင်းအတွင်း၌ စာရွက်တစ်ရွက် ရှိသေးသည်ကို တွေ့လိုက်ရသည်။

ကျွင်းရှောင်ယောက်က ကောက်ယူပြီး ကြည့်လိုက်၏။

စာရွက်ပေါ်၌ စာတစ်ကြောင်းသာ ရေးထားသည်။

"ယင်ဟော်ကြယ်၊ မေ့ပျောက်ခြင်းမြေ၊ ပျက်စီးခြင်း"

စာရွက်ပေါ်မှ စာများကိုဖတ်ပြီး ကျွင်းရှောင်ယောက် စိတ်ရှုပ်ထွေးသွားသည်။

ယင်ဟော်ကြယ်သည် ကြယ်တစ်ခု၏ အမည် ဖြစ်သည်။

မေ့ပျောက်ခြင်းမြေကလည်း နေရာတစ်ခု ဖြစ်လိမ့်မည်။

ပျက်စီးခြင်းက အဘယ်နည်း။

"အဆုံးမဲ့ဧကရာဇ်ရဲ့ ကျင့်ကြံမှုက နက်နဲလွန်းလှတယ်။ သူက ဒီစကားတွေကို အကြောင်းမဲ့ ချန်ရစ်ခဲ့မှာ မဟုတ်ဘူး။ ဒါက တစ်စုံတစ်ခုရဲ့ သဲလွန်စဖြစ်သင့်တယ်"

ကျွင်းရှောင်ယောက်က တွေးနေမိသည်။

အဆုံးမဲ့ဧကရာဇ်က ဧကရာဇ်ကြီးတစ်ပါးဖြစ်သော်လည်း သာမန်လူများအပေါ်တွင် မေတ္တာထားတတ်သည်။

မဟုတ်ပါက၊ မဟာမြင့်မြတ်ခန္ဓာအဆင့်သို့ မရောက်သေးဘဲ ကောင်းကင်ကိုးခုအထက်သို့ သွားရောက်မည် မဟုတ်ပေ။

ကပ်ဘေးများမှ ငြိမ်သက်သွားပြီးနောက် အဆုံးမဲ့ဧကရာဇ်က ခေါင်းတလားကို သယ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။

သို့သော်လည်း နောက်ကြောင်းများကို ရတက်မအေး ဖြစ်ခဲ့ရသေးသည်။

နောင်တွင် အဆုံးမဲ့ဧကရာဇ်ကျမ်းကို ရယူနိုင်သူက ရေစက်ပါသူ ဖြစ်ရမည်။ ထို့ပြင် ထိုသူက ရှေးဟောင်းမြင့်မြတ်ခန္ဓာ သို့မဟုတ် မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်း ဖြစ်လိမ့်မည်။

အဆုံးမဲ့ဧကရာဇ်က သူ၏ ဆက်ခံသူအား သတိပေးရန် ဤစကားများကို ချန်ထားခဲ့ခြင်း ဖြစ်နိုင်သည်။

ကျွင်းရှောင်ယောက်က ဤအကြောင်းနှင့်ပတ်သက်၍ လောလောဆယ်တွင် သဲလွန်စမရှိသော်လည်း သူ့နှလုံးသားထဲတွင် သိမ်းထားခဲ့ပေသည်။

ဤတစ်ကြိမ်တွင်၊ ကျွင်းရှောင်ယောက်က အကျိုးအမြတ်များစွာ ရရှိခဲ့သည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သွေးတစ်စက်၊ ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်နှင့် အဆုံးမဲ့ဧကရာဇ်ကျမ်း။

ထို့ပြင် ၎င်း၏ မူရင်းဇစ်မြစ်ကို မသိရသေးသော ရှောင်ချမ်ရွယ်လည်း ရှိသေးသည်။

အင်မော်တယ်အကယ်ဒမီ၏ မဟာအကြီးအကဲက အမှန်တကယ်ပင် သူ့ကို မလိမ်ညာခဲ့ဟု ဆိုနိုင်သည်။

ထိုအရာများကို ကျွင်းမိသားစုမှာပင် မရနိုင်ပေ။ ၎င်းတို့က အဖိုးတန်လွန်းပြီး အခွင့်အလမ်းနှင့် ကံကောင်းခြင်းများဖြင့်သာ ရရှိနိုင်သည်။

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က ရေခဲခေါင်းတလားရှေ့တွင် ငိုကြွေးနေသော အမျိုးသားကို နောက်တစ်ကြိမ် ကြည့်လိုက်လေသည်။

သူ၏ အဖြူရောင် ဆံပင်များက ရှုပ်ပွနေပြီး မုတ်ဆိတ်များပင် ရှိနေသည်။

မသိသူများဆိုလျှင်၊ ဤသည်က အဆုံးမဲ့ဧကရာဇ်ကြီးဖြစ်သည်ဟု မည်သူမျှ ထင်မှတ်ကြမည် မဟုတ်ပေ။

ကျွင်းရှောင်ယောက်လည်း သက်ပြင်းချလိုက်သည်။

အင်မော်တယ်နယ်မြေကြီးတွင် ရှေးဟောင်းတော်ဝင်မိသားစုများကဲ့သို့ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လူများစွာ ရှိသည်။

သို့သော်၊ စစ်မှန်သော သူရဲကောင်းများလည်း ရှိနေသေးသည်။

အဆုံးမဲ့ဧကရာဇ်၊ လွမ်ကုဧကရာဇ်နှင့် သူ၏ဖခင်... ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင် စသည်တို့ ဖြစ်သည်။

ဤလူများက လေးစားဖွယ်ကောင်းပြီး မှတ်သားထိုက်ပေသည်။

ကျွင်းရှောင်ယောက်က လေးစားစွာသဖြင့် အဆုံးမဲ့ဧကရာဇ်ကို တစ်ဖန် ဦးညွတ်လိုက်သည်။

သူက အဆုံးမဲ့ဧကရာဇ်ကျမ်းကို ရရှိခဲ့ခြင်းကြောင့် သူ၏ဆက်ခံသူအဖြစ် သတ်မှတ်နိုင်သည်။

ကျွင်းရှောင်ယောက်လည်း နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။

သို့သော်... သူမ သိလိုက်သောအချက်တစ်ခု ရှိသည်။

ယင်းမှာ ကျွင်းရှောင်ယောက်က ထွက်သွားပြီးနောက်...

ရေခဲခေါင်းရှေ့တွင် ငိုကြွေးနေသော အဆုံးမဲ့ကရာဇ်က တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် ခေါင်းကို အနည်းငယ် လှည့်ကြည့်လာခြင်းပင်။

"ကမ္ဘာမှာ လူဝင်စားခြင်းဆိုတာ အဆုံးအစမရှိ"

"အရာအားလုံးက ကံကြမ္မာပဲ..."

အဆုံးမဲ့ဧကရာဇ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ကျွင်းရှောင်ယောက်သာ ဤအချင်းရာကိုသိလျှင် သေချာပေါက် အံ့ဩရလိမ့်မည်။

သူ့ရှေ့မှ အဆုံးမဲ့ဧကရာဇ်သည် ရှေးခေတ်က ကျန်ရစ်ခဲ့သော နိယာမပုံရိပ်တစ်ခုသာ ဖြစ်သည်။

သူက ကျွင်းရှောင်ယောက် ရှိနေတာကို သိရန် သို့မဟုတ် စကားပြောရန် နေနေသာသာ အသိစိတ်ရှိရန်ပင် မဖြစ်နိုင်ပေ။

ယခုတော့ ထူးဆန်းလွန်းလှသည်။

All Chapters