← Chapters

အခန်း ၁၁၈၅

Vol. 79 Ch. 1185

အခန်း ၁၁၈၅

Vol. 79 Ch. 1185

အခန်း ( ၁၁၈၅ ) ရွှီထျန်းလောက အတွေ့အကြုံ ပြီးဆုံးပြီ။

ရက်ပေါင်းများစွာ ကြာပြီးနောက်၊ နောက်ဆုံးတွင် ရွှီထျန်းလောက အတွေ့အကြုံ ပြီးဆုံးသွားခဲ့သည်။

ရွှီထျန်းလောကမှ ပါရမီရှင်များစွာတို့ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြ၏။

အကြောင်းမှာ၊ သူတို့က ယခုထက်ပိုပြီး နက်နက်နဲနဲ မသွားနိုင်တော့သောကြောင့် ဖြစ်သည်။

လူတိုင်းက တိဟောက်ထျန်းနှင့် ကျွင်းရှောင်ယောက်ကဲ့သို့ အနက်ရှိုင်းဆုံး နေရာများကို မရောက်နိုင်ကြပေ။

ဟုတ်သည်၊ ကျေနပ်လောက်စရာ အခွင့်အလမ်းများကို ရရှိခဲ့သည့် ပါရမီရှင်များလည်း ရှိသေးသည်။

ကူတိကျစ်၊ လင်ယွမ်၊ ဟွမ်နျဲ့တောက်...

ကျွင်းရှောင်ယောက်နှင့် ရင်းနှီးသူများ၊ သူ့နောက်လိုက်များအပြင် ကျွင်းမိသားစုမှ ပါရမီရှင်များနှင့် ကျန်းလော့လီတို့လည်း နိုးထလာကြသည်။

လူအများက နိုးထလာသည်နှင့် အကြောင်းရာတချို့ကို ဆွေးနွေးပြောဆိုကြလေသည်။

"လျှို့ဝှက်ဆန်းကြယ်တဲ့ စန်းမိသားစုလည်း ပေါ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"

"ကောင်းကင်ကိုးခုအထက်က တားမြစ်မိသားစုရဲ့ ပါရမီရှင်တွေလည်း ရှိသေးတယ်"

"ဒီခေတ်မှာ မုန်တိုင်းတစ်ခု ထပ်လာဦးတော့မှာလား။ ငါ့စိတ်ထဲမှာ ဘာဖြစ်လို့ မကောင်းတဲ့ခံစားချက်တွေ ရှိနေရတာလဲ"

"တိုင်းတပါးရဲ့ မုန်တိုင်းက ငြိမ်သက်သွားတာ မကြာသေးဘူး။ ငါတို့ အင်မော်တယ်နယ်မြေကြီးက မုန်တိုင်းအသစ်နဲ့ ရင်ဆိုင်ရတော့မှာလား"

နိုးထလာပြီးနောက်၊ အင်မော်တယ်အကယ်ဒမီမှ တပည့်များက ဆွေးနွေးပြောဆိုလိုက်ကြသည်။

အကြီးအကဲရွှီမော့လည်း ထိုအကြောင်းများကို သိရသောအခါ အနည်းငယ် လေးနက်သွားပေသည်။

ဤတစ်ကြိမ်တွင် စန်းမိသားစုနှင့် ကောင်းကင်ကိုးခုအထက်မှ တားမြစ်မိသားစုများ ပေါ်လာသည်။

ဒါက ကောင်းမွန်သောကိစ္စ မဟုတ်ပေ။

"ဒါက... ဖြစ်နိုင်မလား..."

ရွှီထျန်းလောကတွင် တိဟောက်ထျန်းကို မတွေ့လိုက်ရသော ပါရမီရှင်တချို့သည် ရွှေရောင်အလင်းများ ဖြာထွက်နေပြီး တင်ပျဉ်ခွေထိုင်နေသော လူရိပ်ကို ရုတ်တရက် မြင်လိုက်ရသောကြောင့် အံ့ဩသွားကြသည်။

"ဒါက အင်မော်တယ်ခုံရုံးရဲ့ ရှေးဧကရာဇ်ငယ် တိဟောက်ထျန်းပဲ။ နောက်ပိုင်းကျမှ သူ တစ်ယောက်တည်း ရောက်လာပုံရတယ်"

"သူက တိဟောက်ထျန်းလား"

ပါရမီရှင်များစွာတို့ အံ့သြသွားကြလေသည်။

ဟွမ်နျဲ့တောက်၏ မျက်နှာကမူ အေးစက်နေသည်။ သူ၏ ဝိညာဉ်ခန္ဓာကို ကျွင်းရှောင်ယောက်က ဖျက်ဆီးခဲ့သောကြောင့် ရွှီထျန်းလောကမှ ထွက်ခွာခဲ့ရသည် မဟုတ်လော။

သူက တိဟောက်ထျန်းကိုကြည့်ရင်း... တိဟောက်ထျန်းမှ ကျွင်းရှောင်ယောက်ကို ဖယ်ရှားနိုင်လိမ့်မည်ဟု တွေးလိုက်မိသည်။

"သူက တိဟောက်ထျန်းပေါ့"

ကျန်းလော့လီ၏ မျက်နှာလေးကမူ လေးနက်နေသည်။

ကျွင်းရှောင်ယောက်၏ ရန်သူက သူမ၏ ရန်သူပင်။

“သူ့ရဲ့ အ‌ရှိန်အဝါက တကယ်ကို အားမနည်းဘူး”

ကျွင်းပေါင်လီနှင့် အခြား ကျွင်းမိသားစုမှ ပါရမီရှင်များ၏ မျက်လုံးများလည်း လေးနက်နေခဲ့ကြသည်။

တိဟောက်ထျန်းက အလွန်ကြောက်စရာကောင်းသော ဘီလူးတစ်ကောင်ဖြစ်မည်မှာ သေချာသည်။

မဟုတ်ပါက၊ သူ့ကို အင်မော်တယ်ခုံရုံးက သိပ်ပြီးတန်ဖိုးထားမှာ မဟုတ်ပေ။

အားလုံးက တိဟောက်ထျန်းကို အာရုံစိုက်နေချိန်တွင်...

ရုတ်တရက်... ပုလော့ရွယ်၊ ဆံနီမိစ္ဆာနှင့် အခြားသူများ နိုးလာကြပြီး သွေးများ အန်ထုတ်လိုက်ကြသည်။

သူတို့၏ မျက်လုံးများမှာလည်း ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်လာကြပေသည်။

"ဒီဓားက... အရမ်းကြောက်စရာကောင်းတယ်..."

ပုလော့ရွယ်၏ လှပသော မျက်နှာက ဖြူဖျော့နေသည်။ သူမ၏ ရင်ထဲမှာလည်း တထိတ်ထိတ်ဖြစ်နေဆဲပင်။

မောက်မာပြီး ကြမ်းတမ်းခက်ထန်သော ဆံနီမိစ္ဆာပင်လျှင် ဤအခိုက်မှာ တုန်လှုပ်နေမိသည်။

တိဟောက်ထျန်းက သူ့ကို လက်ဝါးတစ်ဖက်ဖြင့် အနိုင်ယူခဲ့သောကြောင့် လုံလောက်စွာ အားကောင်းနေပြီဟု ထင်ခဲ့သည်။

သို့ရာတွင်၊ ဤခေတ်မှာ တိဟောက်ထျန်းနှင့် ပခုံးချင်းယှဉ် ရပ်တည်နိုင်သော တည်ရှိမှုတစ်ခု ပေါ်လာမည်ဟု မည်သူကထင်ထားခဲ့မည်နည်း။

"ဟင်၊ သူတို့လည်း နိုးလာပြီဟ"

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က သူတို့ကို ရိုက်ထုတ်လိုက်ပုံရတယ်"

ရန်ယွင်မြင်းသည်တော်များနှင့် ကျွင်းရှောင်ယောက်အကြားမှ မီးပွားကို လူတိုင်းသိထားပြီး ဖြစ်သည်။

"ဒါက တိဟောက်ထျန်းနဲ့ ကျွင်းရှောင်ယောက်တို့ တွေ့ပြီးပြီလို့ ဆိုလိုတာမဟုတ်လား"

လူတော်တော်များများ၏ မျက်လုံးထဲမှာ ထူးဆန်းသော အရိပ်အရောင်များ ပေါ်လာကြသည်။

ဤလူနှစ်ယောက် တကယ်ထိပ်တိုက်တွေ့ဆုံလျှင် မည်သို့ဖြစ်မည်နည်း။

သို့သော်လည်း မကြာလိုက်ပါ။

တိဟောက်ထျန်း၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ဖြည်းညှင်းစွာ နိုးလာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး အံ့အားသင့်သွားကြ၏။

တိဟောက်ထျန်းက မြန်မြန်နိုးလာသည်။

တစ်ဖက်မှာတော့ ကျွင်းရှောင်ယောက်က မနိုးလာသေးပေ။

ဖြစ်နိုင်တာက...

လူတိုင်း၏ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာသည်။

တိဟောက်ထျန်းက ရှုံးသွားပြီ။

ကျွင်းရှောင်ယောက်နှင့် တိုက်ပွဲ၌ သူသည် အားနည်းကာ ရှုံးနိမ့်ခဲ့ရသည်။

ဟုတ်သည်၊ အတော်များများက ထိုသို့တွေးမိကြသော်လည်း အပြင်ကိုတော့ ထုတ်မပြောပေ။

ထုတ်ပြောခြင်းက တိဟောက်ထျန်းကို ရန်စသလို ဖြစ်နိုင်သည်။

"ဧကရာဇ်ငယ်သခင်"

ပုလော့ရွယ်၊ ဆံနီမိစ္ဆာနှင့် အခြားသူများလည်း ထိတ်လန့်သွားကြသည်။

သူတို့၏သခင်က တကယ်ရှုံးနိမ့်သွားပြီလား။

တိဟောက်ထျန်းက ဘာစကားမျှမပြောပေ။ သူ့မျက်လုံးများတွင် ထူးခြားသော အရိပ်အယောင်တစ်ခုဖြင့် ကျွင်းရှောင်ယောက်ကို လှမ်းကြည့်လိုက်သည်။

"ငါ သူ့ကို တကယ်လျှော့တွက်ခဲ့မိတယ်"

တိဟောက်ထျန်း၏ စကားက ရောက်ရှိလာသူအားလုံးကို တိတ်တဆိတ် တုန်လှုပ်သွားစေသည်။

အခြားအရာများကို ထည့်မတွက်လျှင်ပင်၊ အနည်းဆုံးတော့ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုမှာ ကျွင်းရှောင်ယောက်က အသာစီးရခဲ့သည်။

"ငါ့ရဲ့ ကိုကိုရှောင်ယောက်က ပြိုင်ဘက်ကင်းပဲ"

ကျန်းလော့လီက ပါးချိုင့်လေးများ ပေါ်လာသည်အထိ တောက်ပစွာ ပြုံးလိုက်သည်။

တစ်ဖက်လူက အင်မော်တယ်ခုံရုံး၏ ရှေးဧကရာဇ်ငယ်ဖြစ်လျှင်ပင် ဘာဖြစ်ဦးမည်နည်း။ ကျွင်းရှောင်ယောက်ကို ရှုံးနိမ့်ရဦးမည်သာ ဖြစ်သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

အမှန်တရား၏သားတော်၊ ဟွမ်နျဲ့တောက်နှင် အခြားသူများအားလုံး မယုံနိုင်ဖြစ်ခဲ့ကြရသည်။

တိဟောက်ထျန်းကတောင် ကျွင်းရှောင်ယောက်ကို မကိုင်တွယ်နိုင်ဘူးလား။

အချိန်အတန်ကြာပြီးနောက်...

ရွှီထျန်းလောက၏ ပါရမီရှင်အားလုံးနီးပါး ထွက်လာခဲ့ကြလေသည်။

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက် တစ်ယောက်သာ ကျန်သည်။

ထိုစဉ်... ကျွင်းရှောင်ယောက်၏ တစ်ကိုယ်လုံးက တောက်ပသော နတ်အလင်းရောင်ဖြင့် ဖုံးလွှမ်းသွားပြီး သူ ပြန်နိုးလာခဲ့သည်။

"နတ်ဘုရားသားတော် နိုးလာပြီ"

ရောက်ရှိလာသူအားလုံး၏ မျက်လုံးအကြည့်များက သူ့အပေါ်သို့ ကျရောက်လာကြသည်။

ကျွင်းရှောင်ယောက်က ရွှီထျန်းလောကတွင် အချိန်အကြာဆုံး နေထိုင်ခဲ့သူ မဟုတ်လော။

ကျွင်းရှောင်ယောက်က ရွှီထျန်းလောက၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိပြီး အခွင့်အလမ်းကောင်းတစ်ခု ရရှိသင့်သည်ဟု လူအများက ထင်ထားကြပေသည်။

အလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက် ကျွင်းရှောင်ယောက်၏ပုံရိပ် ပြန်ပေါ်လာခဲ့သည်။

သို့ရာတွင်... တစ်ခုထူးခြားတာက ကျွင်းရှောင်ယောက်၏နံဘေးမှာ ငွေရောင်ဆံနွယ်များဖြင့် ကော်ပတ်ရုပ်လေးကဲ့သို့ ချစ်စရာကောင်းသော ကလေးမလေးတစ်ယောက် ရှိနေခြင်း ဖြစ်သည်။

"ဒါက..."

ထိုမြင်ကွင်းကြောင့် အားလုံး အံ့ဩသွားကြသည်။

တတိယအကြီးအကဲ ရွှီမော့လည်း အံ့အားသင့်သွား၏။

သူက ကလေးမလေးကို ကြည့်လိုက်ရာ သူ့ရင်ထဲတွင် နားလည်ရခက်သော တုန်လှုပ်မှုတို့အား ရုတ်တရက် ခံစားလိုက်ရသည်။

သူက အမြန်အကြည့်လွှဲကာ နောက်ထပ် မစူးစမ်းဝံ့တော့ပေ။

"ကျွင်းရှောင်ယောက်က ရွှီထျန်းလောကမှာ တကယ်ပဲ ဘာကိုရရှိလာခဲ့တာလဲ"

အကြီးအကဲရွှီမော့က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ကိုကိုရှောင်ယောက်၊ ဒါက..."

ကျန်းလော့လီလည်း တအံ့တဩ ဖြစ်နေလေ၏။

"ဖေဖေ၊ ဒီမှာ လူတွေအများကြီးပဲ"

ရှောင်ချမ်ရွယ်က မျက်လုံးဝိုင်းလေးဖြင့် ပတ်ဝန်းကျင်ကိုကြည့်ရင်း ကျွင်းရှောင်ယောက်၏အနားကို ပြေးကပ်လိုက်သည်။

အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။

အင်မော်တယ်အကယ်ဒမီ၏ တပည့်များအားလုံးက နေ့ခင်းကြောင်တောင် သရဲမြင်သလို အလန့်တကြား ဖြစ်ကုန်ကြသည်။

ကျွင်းရှောင်ယောက်က ရွှီထျန်းလောကကို ဝင်ရောက်ပြီးတာနဲ့ ဖခင်တစ်ယောက် ဖြစ်လာခဲ့ပြီလား။

ကျန်းလော့လီ၏ ခန္ဓာကိုယ်ကလေးလည်း ဆတ်ခနဲ တုန်သွားသည်။

ကျွင်းရှောင်ယောက်က ဘယ်တုန်းက ဖခင်ဖြစ်လာလဲ့တာလဲ။

သူကိုယ်တိုင်တောင်မှ ကျွင်းရှောင်ယောက်အတွက် ရင်သွေးလေးကို မမွေးပေးရသေးပါ။

"ဒါက ဇာတ်လမ်းရှည်ကြီးပဲ"

ကျွင်းရှောင်ယောက်က ရှင်းပြရန် စိတ်ကူးမရှိဘဲ ခေါင်းခါယမ်းလိုက်သည်။

နောက်ဆုံးမှာတော့ သူကိုယ်တိုင်ပင် ရှောင်ချမ်ရွယ်၏ မူလဇစ်မြစ်ကို နားမလည်သေးပါ။

ထိုအချိန်တွင် အားလုံးက သတိပြန်ဝင်လာကြသည်။ ဤကလေးမလေးက မရိုးရှင်းကြောင်း သူတို့ခံစားမိ၏။

သူမက ရွှီ‌ထျန်းလောကမှ အခွင့်အလမ်းတစ်ခု ဖြစ်လိမ့်မည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က မရှင်းပြသောကြောင့် သူတို့မှာ နည်းလမ်းမရှိပေ။

ကျန်းလော့လီက ရှောင်ချမ်ရွယ်ကိုကြည့်ရင်း မျက်လုံးများ အရောင်လက်လာသည်။

ဤကလေးမလေးက အလွန်ချစ်စရာကောင်းတာကိုတော့ သူမ ဝန်ခံရမည်။

ကျန်းလော့လီက ချစ်ခင်စွာဖြင့် ရှောင်ချမ်ရွယ်၏ ပါးလေးကို ဖျစ်ညှစ်လိုက်သည်။

သို့သော်လည်း ရှောင်ချမ်ရွယ်က ရှက်ရွံ့နေပြီး ကျွင်းရှောင်ယောက်၏ ခြေထောက်ကို တင်းတင်းဖက်ထားခဲ့ပေသည်။

"ဒီတစ်ခေါက်မှာ နတ်ဘုရားသားတော်က အကျိုးအမြတ်များခဲ့ပုံရတယ်"

အကြီးအကဲရွှီမော့က ကျေနပ်စွာ ပြုံးလိုက်သည်။

နောက်ဆုံးမှာတော့ ဤတစ်ကြိမ် အခွင့်အလမ်းက ကျွင်းရှောင်ယောက်ကို ကျေနပ်စေရန်ပင်။

ယခုတော့ ကျွင်းရှောင်ယောက်၏ ရိတ်သိမ်းမှုက ကောင်းမွန်ပုံရသည်။

ထိုအချိန်တွင်၊ တစ်ဖက်မှ တိဟောက်ထျန်းက ရှေ့သို့တိုးလာသည်။

လေထုက ထူးခြားသိမ်မွေ့စွာ ပြောင်းလဲသွား၏။

အားလုံးက အကြမ်းဖျင်း ခန့်မှန်းမိကြသည်။

အခွင့်အလမ်းအတွက် တိုက်ပွဲဝင်နေစဉ်တွင် တိဟောက်ထျန်းက ကျွင်းရှောင်ယောက်ကို ရှုံးနိမ့်ခဲ့သင့်သည်။

ယခုတော့ သူတို့အားလုံး ရွှီထျန်းလောကမှ ပြန်ထွက်လာကြပြီ။

တိဟောက်ထျန်းက ကျွင်းရှောင်ယောက်ကို ဤအတိုင်း ခွင့်လွှတ်လိုက်မည်လော။

"ဒီနေ့ တိဟောက်ထျန်းနဲ့ ကျွင်းရှောင်ယောက်တို့ရဲ့ တိုက်ပွဲကို‌ တွေ့ရတော့မှာလား"

လူတိုင်းက စိတ်လှုပ်ရှားလာခဲ့ကြသည်။

ဒါက အစွမ်းထက် ပါရမီရှင်နှစ်ယောက်ကြားမှ ပြိုင်ဆိုင်မှုသာမကပေ။

သူတို့နောက်ကွယ်မှ အင်မော်တယ်ခုံရုံးနှင့် ကျွင်းမိသားစု၏ ပြိုင်ဆိုင်မှုဟုလည်း ဆိုနိုင်သည်။

All Chapters