← Chapters

အခန်း ၁၁၈၇

Vol. 80 Ch. 1187

အခန်း ၁၁၈၇

Vol. 80 Ch. 1187

အခန်း ( ၁၁၈၇ ) တားမြစ်မိသားစုသုံးခု ဆင်းသက်လာခြင်း။

ရွှီထျန်းလောကသို့ ခရီးစဉ်က ဤတွင် ပြီးဆုံးသွားခဲ့သည်။

အင်မော်တယ်အကယ်ဒမီ၏ တပည့်များအားလုံးက ဤအတွေ့အကြုံတစ်ခုတွင် အဖြစ်အပျက်များစွာ ဖြစ်လာခဲ့မည်ဟု မတွေးမိခဲ့ကြပေ။

အင်မော်တယ်ခုံရုံး၏ လျှို့ဝှက်ဆန်းကြယ်သော ရှေးဧကရာဇ်ငယ် ပေါ်လာသည်။

ရေအောက်မှ ရှေးကျသော စန်းမျိုးနွယ်လည်း ပေါ်လာ၏။

ကောင်းကင်ကိုးခုအထက်မှ တားမြစ်မိသားစုများပင် ရှိသေးသည်။

ဤခရီးစဉ်အပြီးတွင် ပါရမီရှင်များစွာက ၎င်းတို့နောက်ကွယ်ရှိ အင်အားစုများနှင့် မိသားစုများကို သတင်းပို့ခဲ့သည်။

တိုင်းတစ်ပါး၏ ကျူးကျော်မှု မုန်တိုင်းထက် အားမနည်းသော မုန်တိုင်းတစ်ခု ချဉ်းကပ်လာသည်ဟု သူတို့အားလုံး ခံစားကြရပေသည်။

ဟုတ်သည်၊ ပါရမီရှင်များစွာက ဤခရီးစဉ်မှ အကျိုးအမြတ်များစွာ ရခဲ့သည်။

ကျွင်းရှောင်ယောက်ဆိုလျှင် အကျိုးအမြတ် အများဆုံးရပြီး ဖခင်တစ်ယောက်ပင် ဖြစ်လာခဲ့သေးသည်။

တတိယအကြီးအကဲ ရွှီမော့အပါအဝင် လူတိုင်းက ရှောင်ချမ်ရွယ်ကို အလွန်စိတ်ဝင်စားကြသည်။

သို့သော်လည်း ထိုကလေးမလေးက ကျွင်းရှောင်ယောက်ကိုသာ အမြဲကပ်နေပြီး အခြား မည်သူနှင့်မျှ အဆက်အသွယ်မပြုလုပ်ပေ။

ထို့နောက်တွင် အားလုံးက ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီသို့ ပြန်သွားကြသည်။

ဤခရီးစဉ်တွင် ကျွင်းရှောင်ယောက် ရရှိခဲ့တာက အခွင့်အလမ်းသက်သက် မဟုတ်ပေ။

သဲလွန်စတချို့ကိုလည်း ရခဲ့သည်။

ထို့ပြင် စုံစမ်းစရာများလည်း ရှိသေးသည်။

ပြီးပြည့်စုံသော မြင့်မြတ်ခန္ဓာ သွေးတစ်စက်က မည်သည့်မြင့်မြတ်ခန္ဓာမှ ဆင်းသက်လာသနည်း။

ဤသွေးတစ်စက်က အဆုံးမဲ့ဧကရာဇ်၏ သွေးစက်မဟုတ်ဘူးဟု ကျွင်းရှောင်ယောက်က ယုံကြည်သည်။

နောက်ပိုင်းတွင် အဆုံးမဲ့ဧကရာဇ်က ရိုးရှင်းသော ရှေး ဟောင်းမြင့်မြတ်ခန္ဓာ မဟုတ်တော့ပေ။ သူက မြင့်မြတ်ခန္ဓာတာအိုသန္ဓေအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

ထို့ကြောင့်၊ ကျွင်းရှောင်ယောက်သည် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ပြန်ရောက်သောအခါမှ ဝူဟူကို မေးမြန်းရလိမ့်မည်။

ရှေးဟောင်းဘုရားကျောင်း၏ နောက်ဆုံး မြင့်မြတ်ခန္ဓာအနေဖြင့် ဝူဟူက သဲလွန်စအချို့ကို သိကောင်းသိနိုင်သည်။

ထို့ပြင်၊ ကျွင်းရှောင်ယောက်က အဆုံးမဲ့ဧကရာဇ်၏ တည်နေရာကို အလွန်သိချင်နေသည်။

အကန့်အသတ်မဲ့ပင်လယ်ကို သွားရောက်ပြီးနောက် ဘာဖြစ်သွားသနည်း။ သူက အသက်ရှင်နေသေးလား။

ယခုအချိန်ထိ ဘာသတင်းမှ မရသေးတာကို သူနားမလည်ပေ။

ကျွင်းရှောင်ယောက်၏ နှလုံးသားထဲတွင် လျှို့ဝှက်ဆန်းကြယ်မှုများ တိုးလာပြန်သည်။

ကျွင်းရှောင်ယောက်နှင့် အခြားသူများက အင်မော်တယ်အကယ်ဒမီသို့ ပြန်ရောက်လာချိန်...

တိမ်များ ဖုံးလွှမ်းနေသည့် လျှို့ဝှက်ဆန်းကျယ်သော နေရာတစ်ခုတွင်...

ဤနေရာမှာ အင်မော်တယ်နယ်မြေကြီး၏ နိယာများနှင့် မတူညီဘဲ သီးခြားဖြစ်သော နေရာတစ်ခု ဖြစ်သည်။

တိုင်းတစ်ပါးပြည်၊ နယ်နိမိတ်ကန္တာရ၊ အကန့်အသတ်မဲ့ပင်လယ်နှင့် အခြားနေရာများကဲ့သို့ ဤနေရာကို အင်မော်တယ်နယ်မြေကြီး၏ နိယာမများဖြင့် ချုပ်နှောင်ထားခြင်းမရှိပေ။

ယခုအချိန်တွင်၊ ထိုနေရာမှာ လူတစ်စု ပေါ်လာကြသည်။

"ယုခွင်းနဲ့ အခြားသူတွေ အားလုံးသေကုန်ပြီ။ အင်မော်တယ်နယ်မြေကြီးရဲ့ နတ်ဘုရားသားတော်ကို ဒီလောက်ပြတ်သားပြီး ရက်စက်မယ်လို့ မထင်ထားဘူး"

"ယုမိသားစုဝင်တွေကို ဒီအတိုင်း အချည်းနှီးသေခွင့်မပြုခံနိုင်ဘူး"

"သူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဆိုရင်တောင် ဘာဖြစ်လဲ။ ကောင်းကင်ကိုးခုအထက်က ငါတို့ တားမြစ်မိသားစုတွေကို ထိပ်တန်း တားမြစ်နယ်‌မြေ ဆယ်ခုထဲက တစ်ခုက ထောက်ပံ့ပေးထားတယ်။ ဘယ်သူက ငါတို့ကို ထိဝံ့လဲ"

"နောက်ပြီးတော့ ကျန်းမိသားစုက ‌ကောင်မလေးကိုလည်း တွေ့ရမယ်။ သူက ရှန်းလင်ရဲ့အမွေကို ရရှိထားပြီးပြီ"

"ငါတို့ သခင်လေးယုကန်းကို သတင်းပို့ထားပြီးပြီ။ သူ မကြာခင် ရောက်လာသင့်တယ်။ နောက်ဆုံးမှာတော့ ယုခွင်းက သူ့ရဲ့ညီလေးပဲ"

"တကယ်လို့ အဆုံးမဲ့ဧကရာဇ် ချန်ထားခဲ့တဲ့ အဆုံးမဲ့သတ်ဖြတ်ခြင်း အစီရင်ကြောင့်မဟုတ်ရင် တားမြစ်နယ်မြေက ရှေးယခင်ကတည်းက ဆင်းသက်လာနိုင်လိမ့်မယ်"

"ဒါပေမဲ့ အချိန်တွေကုန်တာက မြန်ပါတယ်။ အဲဒီမတိုင်ခင် ငါတို့ မိသားစုတွေက အရင်လှုပ်ရှားကြရအောင်"

အခြား ဧရိယာတစ်ခုတွင်...

ထိုနေရာတွင်လည်း လူအုပ်စုတစ်စု ရှိနေကြသည်။

သူတို့က ကောင်းကင်ကိုးခုအထက်မှ တားမြစ်မိသားစု ကျင်းမိသားစု၏ လူများပင်။

သူတို့ကို တားမြစ်နယ်မြေဆယ်ခုအနက်မှ တစ်ခုဖြစ်သော မြင့်မြတ်ဝိညာဉ်အပျက်အယွင်းမှ ကျောထောက်နောက်ခံပြုထားသည်။ သူတို့သည် တစ်ချိန်က လွမ်ကုဧကရာဇ်ကို ရန်ငြိုးထားခဲ့ဖူးပေသည်။

"လွမ်ကုဧကရာဇ်ရဲ့ ဆက်ခံသူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါက နည်းနည်း‌တော့ ပြဿနာရှိတယ်"

"လွမ်ကုဧကရာဇ်နဲ့ ငါတို့နောက်ကွယ်က မြင့်မြတ်ဝိညာဉ်အပျက်အယွင်းကြားမှာ ရန်ငြိုးကြီးမားလွန်းတယ်။ ဒါက ဖြေရှင်းလို့ မရနိုင်ဘူး"

"ဒါပေမဲ့ မြင့်မြတ်ဝိညာဉ်အပျက်အယွင်းရဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက ပြောထားတယ်။ လွမ်ကုဧကရာဇ်နဲ့ပတ်သက်တဲ့ လူတွေနဲ့ အရာအားလုံးကို ဖျက်ဆီးပစ်ရမယ်"

"ငါတို့ အင်မော်တယ်နယ်မြေကြီးကို သွားရဖို့ အချိန်တန်ပြီ"

ထိုအချိန်တွင် အခြားနေရာတစ်ခုမှာလည်း လူတစ်စု ရှိနေသည်။

သူတို့ထဲတွင် လှပသော မျက်နှာသွင်ပြင်နှင့် အသက် ဆယ့်ရှစ်နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ပါဝင်၏။

ရွှီထျန်းလောကတွင် ကျိချင်းရီကို မေးခွန်းထုတ်ခဲ့သော ကျိမိသားစုမှ မိန်းကလေး ကျိရင်ရင် ဖြစ်သည်။

ကျိမိသားစုသည်လည်း ကောင်းကင်ကိုးခုအထက်မှ တားမြစ်မိသားစုတစ်ခုပင်။

လူသားအင်မော်တယ်ဂိုဏ်း၏ ဆက်ခံသူ ကျိတောက်ရီက ကျိမိသားစု၏ အကြီးဆုံးသား ဖြစ်သည်။

နောက်ပိုင်းတွင်၊ သူက ရှန်းရွှီကမ္ဘာမှာ ကျဆုံးသွားပေသည်။

ကျိချင်းရီကတော့ ကျိတောက်ရီကို တိုင်းတပါးသားများက တိုက်ခိုက်သတ်ဖြတ်ခဲ့သည်ဟု အခိုင်အမာ ဆိုသည်။

သို့ရာတွင်၊ ကျိရင်ရင်၏ အမြင်မှာ...

ကျိတောက်ရီသာ ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ပါက၊ တိုင်းတပါးသားများမှာ သူ့ကိုသတ်ပစ်ရန် လုံးဝမဖြစ်နိုင်ပေ။

ထို့ကြောင့် အရာအားလုံးမှာ ကျွင်းရှောင်ယောက်၏အပြစ် ဖြစ်သည်။

"ငါတို့က တကယ်ပဲ ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ရမှာလား"

ကျိမိသားစုဝင်တစ်ဦးက တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။

"အစ်ကိုတောက်ရီက အချည်းနှီးမသေရဘူး"

ကျိရင်ရင်က အံကြိတ်ပြီး ပြောလိုက်၏။

"လူသားအင်မော်တယ်ဂိုဏ်းက ကျွင်းရှောင်ယောက်ကို မလွန်ဆန်ဝံ့ကြဘူး။ ဒီလိုဆိုမှတော့ ငါတို့ ကျိမိသားစုက တရားမျှတမှုရှာရမယ်"

ကျိရင်ရင်၏ ဆုံးဖြတ်ချက်ကို ထောက်ခံသူများလည်း ရှိသေးသည်။

သူတို့၏ တားမြစ်မိသားစုက ကောင်းကင်ကိုးခုအထက်တွင် တည်ရှိပြီး တားမြစ်နယ်မြေ၏ ထောက်ပံ့မှုကို ရရှိထားသည်။ သူတို့က ကျွင်းမိသားစုကို သိပ်ပြီးကြောက်စရာမလိုပေ။

"နောက်ပြီးတော့ ကျွင်းမိသားစုက ကျိန်စာတိုက်ခံထားရတာကို မမေ့နဲ့ဦး။ အခုချိန်မှာ သူတို့ကိုယ်သူတို့တောင် ဂရုမစိုက်နိုင်တော့ဘူး"

"အမှန်ပဲ၊ အဆုံးမဲ့သတ်ဖြတ်ခြင်း အစီရင်ကြောင့်သာမဟုတ်ရင် တားမြစ်နယ်မြေက အစောကြီးကတည်းက ဆင်းသက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျွင်းမိသားစုတောင်မှ မတားဆီးနိုင်ဘူး"

"ဒါပေမဲ့ တားမြစ်နယ်မြေက အဓိပဓိငယ်တချို့နဲ့ ဧကရာဇ်ရဲ့သားတော် မွေးဖွားလာတော့မယ်လို့ ကြားတယ်"

၎င်းတို့က အချင်းချင်း ပြောဆိုလိုက်ကြသည်။

အဆုံးမဲ့ဧကရာဇ်က ကောင်းကင်ကိုးခုအထက်ကို ချေမှုန်းပြီးသောအခါ အဆုံးမဲ့သတ်ဖြတ်ခြင်းအစီရင်ကို ချန်ထားရစ်ခဲ့သည်။

ဤသည်က စစ်မှန်သော ဧကရာဇ်တစ်ပါး၏ အစီရင်ဖြစ်ပြီး ကောင်းကင်ကိုးခုအထက် တားမြစ်နယ်မြေကို ကန့်သတ်ရန်နှင့် အင်မော်တယ်နယ်မြေကြီးအတွက် အတားအဆီးတစ်ခု ပြုလုပ်ခဲ့ပေသည်။

ဤအချက်ကြောင့်ပင် အင်မော်တယ်နယ်မြေကြီးက အချိန်အတိုင်းအတာတစ်ခုအထိ တည်ငြိမ်အေးချမ်းမှု ရှိခဲ့သည်ဟု ဆိုရပေမည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ၊ အဆုံးမဲ့သတ်ဖြတ်ခြင်း အစီရင်က အားနည်းလာသည်။

တားမြစ်နယ်မြေ၏ ပုဂ္ဂိုလ်ကြီးများက လှုပ်ရှားခြင်းကြောင့်လည်း အစီရင်မှာ တဖြည်းဖြည်း ပို၍ အားနည်းခဲ့ပေသည်။

ထို့ကြောင့် ကောင်းကင်ကိုးခုအထက်ရှိ တားမြစ်မိသားစုများက အင်မော်တယ်နယ်မြေကြီးသို့ သွားလာနိုင်စွမ်းရှိနေပြီ ဖြစ်သည်။

ယုမိသားစု၊ ကျင်းမိသားစုနှင့် ကျိမိသားစု...

ကောင်းကင်ကိုးခုအထက်မှ တားမြစ်မိသားစုသုံးခုက ကျွင်းရှောင်ယောက်ကို ဖြေရှင်းရန် အင်မော်တယ်တယ်နယ်မြေကြီးသို့ ဆင်းသက်လာတော့မည်။

ဤသတင်း ထွက်ပေါ်လာပါက အားလုံး၏ အာရုံစူးစိုက်မှုကို ခံရနိုင်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ ဤတားမြစ်မိသားစုများက သူ့ကို ပစ်မှတ်ထားနေပြီမှန်း မသိသေးပါ။

သူသိလျှင်ပင် ဘာမျှခံစားရမည် မဟုတ်ပေ။

ဆယ်ရက်ကျော်ကြာပြီးနောက် သူတို့က အင်မော်တယ်အကယ်ဒမီသို့ ပြန်ရောက်ခဲ့ကြသည်။

ရန်ယွင်မြင်းသည်တော်များက ပို၍ ပါးနပ်လာပြီး ကျွင်းရှောင်ယောက်၏ရှေ့တွင် နောက်တစ်ကြိမ် ပေါ်မလာတော့ပေ။

ပုလော့ရွယ်နှင့် ဆံနီမိစ္ဆာတို့ကလည်း အင်မော်တယ်အကယ်ဒီမှ ထွက်ခွာသွားကြသည်။

ယခင်ဓားချက်ကို ပြန်တွေးမိတိုင်း သူတို့၏ နှလုံးသားထဲမှာ ကြောက်ရွံ့မှုတို့ ခံစားရစမြဲပင်။

အကယ်၍၊ တိဟောက်ထျန်းသာ ကူညီမတားဆီးခဲ့ပါက သူတို့ အမှန်တကယ် သေဆုံးသွားနိုင်သည်။

အမှန်တရား၏သားတော်နှင့် ဟွမ်နျဲ့တောက်ကလည်း ကျွင်းရှောင်ယောက်ကို မတွေ့ကြတော့ပေ။

ထို့နောက်တွင် ကျွင်းရှောင်ယောက်က ခဏတာ တိတ်တဆိတ်လေ့ကျင့်တော့မည် ဖြစ်သည်။

သူက ရွှီထျန်းလောကတွင် ရရှိခဲ့သော အခွင့်အရေးများကို ချေဖျက်လိုသည်။

ရှောင်ချမ်ရွယ်က ကျွင်းရှောင်ယောက်ကို အလွန်ကပ်သော်လည်း ပါးနပ်မှုရှိပေသည်။

ကျွင်းရှောင်ယောက်တွင် အရေးကြီးကိစ္စရှိပြီး သူမ မနှောင့်ယှက်သင့်ကြောင့် ကောင်းကောင်းသိသည်။

ကံကောင်းထောက်မစွာဖြင့် ကျန်းလော့လီနှင့် ရှောင်ချမ်ရွယ်က အဆင်ပြေသွားကြသည်။

အင်မော်တယ်အကယ်ဒမီက တစ်ဖန် ငြိမ်သက်သွားပြီ။

အခြားတစ်ဖက်တွင်၊ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ ဟွင်းထျန်းအင်မော်တယ်နယ်မြေ...

ရှေးဟောင်းကြယ်စက်ဝိုင်းရှိ ရွှေရောင်နန်းတော်တစ်ခုမှာ တိဟောက်ထျန်းက တင်ပျဉ်ခွေထိုင်နေသည်။

"ကျွင်းရှောင်ယောက်... မင်းက တကယ်ကို ငါ့မျှော်လင့်ချက်ထက် ကျော်လွန်နေတာပဲ။ ဒါပေမဲ့ နောက်တစ်ခါကျရင် ဒီလောက်လွယ်တော့မှာ မဟုတ်ဘူး"

"ဒီဧကရာဇ်ငယ်ရဲ့ ကြီးစိုးမှုလမ်းကြောင်းကို ကျွင်းရှောင်ယောက်ကတောင် တားဆီးလို့မရဘူး"

"ငါက ဒီခေတ်ရဲ့ အရှင်သခင်ပဲ"

All Chapters