အခန်း ၁၁၈၈
Vol. 80 Ch. 1188
အခန်း ( ၁၁၈၈ ) ယင်ဟော်နတ်ဆိုးကြယ် ပေါ်လာခြင်း။
တိဟောက်ထျန်းက ပါရမီရှင် ဖြစ်သည်။
ပြန်လည်မွေးဖွားလာသူ မဟုတ်လျှင်ပင်၊ သူက ရှေးအင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ် ဖြစ်နေသေးသည်။
ယခုဆိုလျှင် သူက ဘဝတစ်ခု၏ မှတ်ဉာဏ်များ ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် တိဟောက်ထျန်းသည် သူ ရှုံးနိမ့်မည်ဟု မထင်ပေ။
ရွှီထျန်းလောကတွင် ရှုံးနိမ့်မှုက တိဟောက်ထျန်းအတွက် အသေးအဖွဲသာ ဖြစ်သည်။
သူ့အစီအစဥ်နှင့် အခြေအနေအလုံးစုံကို မထိခိုက်စေနိုင်ပေ။
'ဒါက တကယ်အရေးကြီးတယ်၊ ဒါပေမဲ့ မပြည့်စုံသေးဘူး'
တိဟောက်ထျန်းက အင်မော်တယ်ကျောက်ပြား အပိုင်းအစကို ထုတ်ယူလိုက်သည်။
ဤအပိုင်းအစက သူ့အား ဤရွှေခေတ်၏ အစောပိုင်းကာလကို ပြန်လည်ခေါ်ဆောင်လာခဲ့တာ ဖြစ်သည်။
သို့သော်လည်း အခြား အပိုင်းသုံးပိုင်းက မည်သည့်နေရာတွင် ရှိသည်ကို မသိရသေးပေ။
"ရှေးခေတ်သမိုင်း၊ အင်မော်တယ်ဖြစ်လာဖို့ လျှို့ဝှက်ချက်နဲ့ ဖရိုဖရဲဖြစ်ရတဲ့ အကြောင်းရင်း... ကျန်တဲ့အပိုင်းသုံးပိုင်းကို ငါရှာရမယ်"
"ဘာလို့လဲဆိုတော့ ဒါက ဒီရွှေခေတ်ရဲ့ အစောပိုင်းအဆင့်မှာ အကြီးမားဆုံး အခွင့်အအလမ်းဖြစ်နိုင်လို့ပဲ"
တိဟောက်ထျန်း၏ ငွေရောင်မျက်လုံးများသည် နတ်အလင်းရောင်များ လင်းလက်နေကြသည်။
သူက အခြားသူများမသိသော အရာများကို သိထားသောကြောင့် အခွင့်အလမ်းများကို ဆုပ်ကိုင်ကာ တစ်ဆင့်ချင်း တိုးတက်အောင် ပြုလုပ်နိုင်ပေသည်။
"ပုလော့ရွယ်"
တိဟောက်ထျန်းက ခေါ်လိုက်သည်။
"ဧကရာဇ်ငယ်သခင်"
အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ရင်သပ်ရှုမောဖွယ်အသွင်အပြင်နှင့် အမျိုးသမီးတစ်ဦး ပေါ်လာသည်။ ပုလော့ရွယ် ဖြစ်၏။
"ဒီရှေးဟောင်းပစ္စည်းရဲ့ မပြည့်စုံသေးတဲ့ အပိုင်းသုံးပိုင်းကို ရှာပါ။ အင်မော်တယ်ခုံရုံးရဲ့ စွမ်းအားကို အသက်သွင်းဖို့ လိုအပ်တယ်"
တိဟောက်ထျန်းက အင်မော်တယ်ကျောက်ပြား အပိုင်းအစကို ကိုင်ဆောင်ကာ ပြောလိုက်သည်။
"ကောင်းပါပြီ"
ပုလော့ရွယ်က အင်မော်တယ်ကျောက်ပြား၏ အပိုင်းအစကို လေးလေးနက်နက် ကြည့်လိုက်သည်။
သူမက အလွန်ထက်မြက်ပြီး ၎င်း၏ အသုံးဝင်ပုံနှင့် အကြောင်းရင်းကို မမေးခဲ့ပေ။
တစ်ခါတလေတွင် လက်အောက်ငယ်သားတစ်ယောက်အနေဖြင့် ပြောသည့်အတိုင်းလုပ်ရန်သာ လိုသည်။
ရန်ယွင်မြင်းသည်တော်များတွင် ဉာဏ်ပညာရှင်အနေဖြင့် ပုလော့ရွယ်က ဤရိုးရှင်းသော သဘောတရားကို နားလည်ပေသည်။
"ဒါနဲ့ သိပ်ပြီးတော့ မထင်ပေါ်စေနဲ့။ ငါက အခြားသူတွေကို မသိစေချင်ဘူး"
တိဟောက်ထျန်းက ပြောလိုက်သည်။
"နားလည်ပါပြီ"
ပုလော့ရွယ်က ခေါင်းညိတ်လိုက်၏။
"လော့ရွယ်၊ မင်းက သိပ်ပြီးဉာဏ်ကောင်းတယ်။ ဒါကြောင့်ပဲ ငါက ဒီကိစ္စမှာ မင်းကို ယုံယုံကြည်ကြည်တာဝန်ပေးရတာ"
တိဟောက်ထျန်းက ပြုံးလိုက်သည်။
"ဧကရာဇ်ငယ်သခင်ကို အကူအညီပေးရတာက ငါ့အတွက် ဂုဏ်ယူစရာပါပဲ"
ပုလော့ရွယ်က ပျော်ရွှင်စွာဖြင့် ပြောလိုက်လေသည်။
"အင်း၊ သွားချေဦး"
တိဟောက်ထျန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ပုလော့ရွယ်က ပြန်ထွက်သွား၏။
ထို့နောက်တွင် တိဟောက်ထျန်း၏ မျက်လုံးများက တွေးခေါ်မှု အရိပ်အယောင်တို့ ပေါ်လာသည်။
"ရွှီထျန်းလောကမှာ စန်းမျိုးနွယ်နဲ့ တားမြစ်မိသားစုတွေ တစ်ခုပြီးတစ်ခု ပေါ်လာကြတယ်"
"မျှော်လင့်ထားတဲ့အတိုင်း၊ တားမြစ်မိသားစုတွေက ပေါ်လာတော့မှာပဲ။ ဒါက အသက်တားမြစ်နယ်မြေရဲ့ ရှေ့ပြေးနိမိတ်ပဲ"
"ကျွင်းရှောင်ယောက်ဟာ တစ်ချိန်က ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်ခဲ့တယ်။ သူ့ကို တားမြစ်နယ်မြေရဲ့ သဘာဝရသူပဲ"
"နောက်ပြီးတော့ သူဟာ လွမ်ကုဧကရာဇ်ရဲ့ ဆက်ခံသူလို့ ကြားတယ်။ သူနဲ့ တားမြစ်နယ်မြေကြားမှာ ပဋိပက္ခတွေ ရှိလိမ့်မယ်။ ဒီလိုဆိုရင်..."
တိဟောက်ထျန်း၏ စိတ်ထဲတွင် နောက်ထပ် အကြံတစ်ခု ပေါ်လာသည်။
သူက ရုတ်တရက် ခေါ်လိုက်၏။
"ကျစ်ယန်ထျန်းကျွင်း"
ရွှေရောင်နန်းတော် အပြင်ဘက်တွင် မီးတောက်များ တောက်လောင်လာသည်။
ခရမ်းရောင်အ၀တ်အစားများ ဝတ်ဆင်ထားပြီး ခရမ်းရောင်ဆံပင်ပိုင်ရှင် အမျိုးသားတစ်ဦး ပေါ်လာ၏။
ထိုသူက ကြံ့ခိုင်သန်မာပြီး သူ့တစ်ကိုယ်လုံးမှာ ခရမ်းရောင် နတ်တောက်မီးတောက်များ တောက်လောင်နေပုံရသည်။ သူ၏ မျက်လုံးများမှာလည်း မီးတောက်မီးလျှံများ ထွက်ပေါ်လာတော့မည်ကဲ့သို့ပင်။
သူ့အရှိန်အဝါက အလွန်အားကောင်းပြီး ခရမ်းရောင် နေတစ်စင်းကဲ့သို့ပင် ဖြစ်သည်။
"ဘာကိစ္စရှိလို့လဲ ဧကရာဇ်ငယ်"
ကျစ်ယန်ထျန်းကျွင်းက မေးလိုက်သည်။
သူက အခြား ရန်ယွင်မြင်းသည်တော်များနှင့် မတူပေ။
ကျစ်ယန်ထျန်းကျွင်းက တိဟောက်ထျန်းကို ဦးမညွတ်ဘဲ တိုက်ခိုက်လိုစိတ် အရိပ်အယောင်တစ်ခုပင် ရှိနေသည်။
"ကျစ်ယန်ထျန်းကျွင်း၊ နှစ်တွေအများကြီး ကြာသွားပေမဲ့လည်း မင်းရဲ့စိတ်ထားက မပြောင်းလဲသေးဘူး"
တိဟောက်ထျန်းက ဂရုမစိုက်ပေ။
ကျစ်ယန်ထျန်းကျွင်းက ရန်ယွင်မြင်းသည်တော်များထဲတွင် တတိယအဆင့် ရှိသည်။
သူက တိဟောက်ထျန်းကို စိန်ခေါ်ခဲ့သူများထဲမှ တစ်ဦးပင်။
ကျစ်ယန်ထျန်းကျွင်းတွင် သက်ရှိမိဘ မရှိပါ။ ကောလဟာလများအရ သူဟာ ခရမ်းရောင်နေတစ်စင်းမှ မွေးဖွားလာပြီး မီးတောက်အားလုံးကို ထိန်းချုပ်နိုင်သည်ဟု ဆိုသည်။
သူ့ခေတ်အခါက ကျစ်ယန်ထျန်းကျွင်းသည် လုံးဝနက်နဲသော ဖျက်မြင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူသည် မရေမတွက်နိုင်သော ပါရမီရှင်များကို အနိုင်ယူခဲ့၏။
နောက်ဆုံးမှ တိဟောက်ထျန်း၏လက်တွင် ရှုံးနိမ့်ခဲ့ရသည်။ ထိုအချိန်မှစ၍ သူ့နောက်လိုက်ဖြစ်လာရန် ဆန္ဒရှိခဲ့ပေသည်။
ထို့ကြောင့် သူ၏ စိတ်နေစိတ်ထားက အခြားနောက်လိုက်များနှင့်မတူပေ။
"ဧကရာဇ်ငယ်နဲ့ မလေ့ကျင့်ဖြစ်တာကြာပြီ၊ ငါ့လက်တွေ တကယ်ယားယံနေပြီ"
ကျစ်ယန်ထျန်းကျွင်းက ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ဒီကိစ္စပြီးရင် မင်းကို လေ့ကျင့်ဖို့ အခွင့်အရေးပေးမယ်"
တိဟောက်ထျန်းက ပြောလိုက်၏။
"ဘာကိစ္စများလဲ"
"တားမြစ်မိသားစုနဲ့ ပတ်သက်တဲ့ သတင်းမှန်သမျှကို လျှို့ဝှက်စုံစမ်းပြီး သတင်းပို့နိုင်ပါ။ လိုအပ်လာရင် သူတို့ကို ဆက်သွယ်ရမယ်"
"ကောင်းပြီ"
ကျစ်ယန်ထျန်းကျွင်းက အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် ခရမ်းရောင် မီးလုံးတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်သွားတော့သည်။
"နောက်ပိုင်း အခြေအနေကတော့ တားမြစ်မိသားစုတွေရဲ့ လုပ်ဆောင်မှုအပေါ် မူတည်တယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွင်းရှောင်ယောက်... မင်းငါ့ကို အနိုင်မယူနိုင်ဘူး"
"အနှေးနဲ့အမြန် မင်းကို နောက်လိုက်အဖြစ် လက်ခံပေးဖို့ ငါ့ကို တောင်းဆိုလာရလိမ့်မယ်"
တိဟောက်ထျန်းက နှုတ်ခမ်းကိုတွန့်ကွေးပြီး ပြုံးလိုက်သည်။
"ဒါနဲ့ ငါတစ်ခုခုကို မေ့တော့မလို့။ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးကိုသွားပြီး နတ်ဆိုးဧကရီလေးနဲ့ ဆက်သွယ်ရမယ်။ သူ့ရဲ့ အထောက်အထားနဲ့ နောက်ခံက မရိုးရှင်းဘူး"
တိဟောက်ထျန်းက တစ်ယောက်ယောက်ကိုခေါ်ရန် ပါးစပ်ဟလိုက်သည်။ သို့သော်လည်း နောက်ဆုံးတွင် ခေါင်းယမ်းလိုက်၏။
"မေ့လိုက်ပါ၊ ငါ့ရဲ့ ရိုးသားမှုကို ပြသဖို့အတွက် ကိုယ်တိုင်ပဲ သွားလိုက်တော့မယ်"
ထို့နောက်မှာတော့ တိဟောက်ထျန်း၏ရှေ့တွင် လူတစ်ယောက် ပေါ်လာသည်။
လက်ရှိတွင်၊ သူက ဤခေတ်၏ အငွေ့အသက်နှင့် အပြည့်အဝ မပေါင်းစပ်ရသေးသောကြောင့် အပြင်ထွက်ရန် အဆင်မပြေသေးပေ။
ထို့ကြောင့် ဓမ္မခန္ဓာကိုသာ စေလွှတ်လိုက်ရသည်။
သူ၏ မူလခန္ဓာကတော့ ရွှေရောင်နန်းတော်တွင် တင်ပျဉ်ခွေထိုင်နေဆဲပင်။
"တစ်ဆင့်ပြီးတစ်ဆင့် ငါ့အစီအစဥ်က ပြီးပြည့်စုံနေပြီ။ နောက်တစ်ခုကတော့ အဲဒီနေရာ ဖွင့်မဲ့အချိန်ကို စောင့်ဖို့ပဲ"
"အဲဒီနေရာက ငါတို့ အင်မော်တယ်ခုံရုံးအတွက် အင်မတန်အရေးကြီးတယ်။ အဲဒါက အင်မော်တယ်ခုံရုံးကို ပေါင်းစည်းမှုနဲ့ ဆက်စပ်နေပြီး အမှားအယွင်း အဖြစ်မခံနိုင်ဘူး"
တိဟောက်ထျန်း၏ မျက်လုံးများက တောက်ပလာသည်။
သမိုင်း၏ အဓိကဆုံမှတ်များအပါအဝင် အရာအားလုံးက သူ၏ မှတ်ဉာဏ်ထဲတွင် ရှိသည်။
ကျွင်းရှောင်ယောက်က သူ့ကို မည်သို့ရင်ဆိုင်ပါမည်နည်း။
........
တိဟောက်ထျန်း၏ စီစဉ်မှုနှင့် အပြင်အဆင်က မည်သူ့ကိုမျှ မဆွဲဆောင်နိုင်ပါ။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးမှာလည်း ပုံမှန်အတိုင်း လည်ပတ်နေဆဲ ဖြစ်သည်။
သို့သော်လည်း အင်မော်တယ်ခုံရုံးမှ လူတချို့က ကြယ်စက်ဝိုင်းအသီးသီးတွင် မကြာခဏ လှုပ်ရှားလာတာကို လူတချို့က သတိပြုမိကြသည်။
သူတို့က ကင်းလှည့်နေပုံရသော်လည်း တစ်ခုခုကို သင်ရှာနေသကဲ့သို့ပင်။
ဟုတ်သည်၊ ယင်းက သိပ်ပြီး အာရုံစူးစိုက်မှု မဖြစ်စေခဲ့ပါ။
အင်မော်တယ်အကယ်ဒမီဘက်မှာလည်း အလွန်အေးချမ်းသည်။
ရွှီထျန်းလောကမှ ပြန်ရောက်လာပြီးနောက်တွင် ကျွင်းရှောင်ယောက်နှင့် သူ့ပတ်ဝန်းကျင်ရှိ လူများကို မည်သူမျှ အနှောင့်အယှက်မပေးကြတော့ပါ။
အင်မော်တယ်အကယ်ဒမီမှ တပည့်များစွာက ကိုယ်ပိုင်အခွင့်အလမ်းများကို ချေဖျက်ရင်း ပြင်းပြင်းထန်ထန် လေ့ကျင့်လာကြသည်။
စန်းမျိုးနွယ်နှင့် တားမြစ်မိသားစုများက ရွှီထျန်းလောကတွင် ပေါ်လာခြင်းမှာ သူတို့ကို စိတ်မသက်မသာ ခံစားရစေခဲ့သည်။
မုန်တိုင်းမတိုက်ခင် ငြိမ်သက်နေသလို ခံစားရ၏။
ထို့ကြောင့် သူတို့က အပြင်းအထန် လေ့ကျင့်ခဲ့ကြသည်။
သူတို့၏ အင်အားက အားကောင်းလေလေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လေပင်။
ကျွင်းရှောင်ယောက်ကတော့ အင်မော်တယ်အကယ်ဒမီသို့ ပြန်ရောက်လာပြီးနောက် တိတ်တဆိတ်လေ့ကျင့်ရန် နေရာတစ်ခုကို မဟာအကြီးအကဲထံ အထူးတောင်းဆိုခဲ့သည်။
ကျွင်းရှောင်ယောက်က တံခါးပိတ်လေ့ကျင့်ပြီးနောက်တွင်...
ဟွင်ထျန်းအင်မော်တယ်နယ်မြေကြီးမှ ထိတ်လန့်ဖွယ်ရာ သတင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုအင်မော်တယ်နယ်မြေကြီးတွင် ထူးဆန်းသော သွေးနီရောင်ကြယ်တစ်ပွင့် ပေါ်လာ၏။
၎င်းက ယင်ဟော်ကြယ်ဖြစ်ပြီး ထူးဆန်းသော နတ်ဆိုးကြယ်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။
သို့ရာတွင်၊ ယင်ဟော်ကြယ်ခုက တစ်ခုတည်းသော အံ့ဩစရာ မဟုတ်ပါ။
ကောလဟာလများအရ ၎င်းသည် အင်မော်တယ်နယ်မြေကြီး၏ အံ့ဖွယ်ခုနစ်ပါးထဲမှ တစ်ခုနှင့် ဆက်စပ်နေသည်။
အံ့ဖွယ်ခုနစ်ပါးဆိုသည်မှာ အင်မော်တယ်နယ်မြေကြီး၏ တားမြစ်ချက်အရှိဆုံးနှင့် အထူးဆန်းဆုံးသော ဒဏ္ဍာရီများ ဖြစ်ကြသည်။
ကြေးအင်မော်တယ်နန်းတော်နှင့် ငရဲဆယ့်ကိုးထပ်မှာလည်း ၎င်းတို့ထဲတွင် ပါဝင်ပေသည်။
ယင်ဟော်နတ်ဆိုးကြယ်နှင့် ပတ်သက်သော ဒဏ္ဍာရီများတွင်...
အံ့ဖွယ်ခုနစ်ပါးအနက်မှ တစ်ခုဖြစ်သော မေ့ပျောက်ခြင်းတိုင်းပြည်နှင့် ဆက်စပ်နေသည်။
၎င်းက ရှေးခေတ် တားမြစ်နယ်မြေတစ်ခုဖြစ်ပြီး များသောအားဖြင့် ကမ္ဘာပေါ်တွင် မပေါ်လာတတ်ပေ။
ယင်ဟော်နတ်ဆိုးကြယ် ပေါ်ထွက်လာချိန်၌သာ မေ့ပျောက်ခြင်းတိုင်းပြည်က ပေါ်လာမည် ဖြစ်သည်။
ထို့နောက်တွင်၊ ပို၍ တုန်လှုပ်ဖွယ်ကောင်းသော သတင်းများ ထွက်ပေါ်လာခဲ့သည်။
ယင်းမှာ၊ ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အရေးကြီးသောအပျက်အယွင်းက အမှန်တကယ် မေ့ပျောက်ခြင်းတိုင်းပြည်တွင် ရှိနေခြင်းပင်။