← Chapters

အခန်း ၁၁၉၁

Vol. 80 Ch. 1191

အခန်း ၁၁၉၁

Vol. 80 Ch. 1191

အခန်း ( ၁၁၉၁ ) တိဟောက်ထျန်း၏ အစီအစဉ်တစ်ခုက သွေဖည်မှုဖြစ်ပြန်သည်။

ကျွင်းရှောင်ယောက်က သမိုင်းမတင်မီကမ္ဘာနှင့် မစိမ်းပေ။

သူက ကမ္ဘာကူးပြောင်းလာသူတစ်ယောက် ဖြစ်သည်။

စကြဝဠာကြီး၏ အစောပိုင်းကာလများတွင် ကောင်းကင်နှင့်မြေပြင်က မကွဲပြားဘဲ အရာအားလုံး ကစဉ့်ကလျား ဖြစ်ခဲ့သည်။

နောက်ပိုင်းမှာတော့ သန့်စင်သောလေက လွင့်ပျံလာကာ ကောင်းကင်နှင့်မြေပြင် ကွဲသွားခဲ့ပေသည်။

ကောင်းကင်နှင့် မြေပြင်ကြားတွင် နိယာမသုံးထောင်ကို ကိုယ်စားပြုသော သဘာဝ ဖင်းဂေါ့သုံးထောင် မွေးဖွားလာခဲ့သည်။

ယခုအချိန်မှာတော့ ကျွင်းရှောင်ယောက်က သူ၏ အတွင်းစကြာဝဠာကို စောင့်ကြည့်နေသော ဖန်ဆင်းရှင် သို့မဟုတ် စောင့်ကြည့်သူနှင့် မခြားပေ။

သူ၏ အတွင်းစကြာဝဠာက ဒဏ္ဍာရီထဲမှ သမိုင်းမတင်မီ ကမ္ဘာနှင့် ဆင်တူလွန်းသည်။

သဘာဝ ဖင်းဂေါ့များလည်း မွေးဖွားလာလိမ့်မည်။

ဟုတ်သည်၊ ထို့ထက်တော့မပိုပေ။

တာအိုဘိုးဘေး ဟုန်ကျွင်း၊ နတ်ဆိုးဘိုးဘေးလော့ဟူ၊ နဂါး၊ ဖီးနစ်၊ ယူနီကွန်း စသည်တို့အားလုံး ပေါ်လာရန် မဖြစ်နိုင်ပါ။

သဘာဝဖင်းဂေါ့ကြီးများက ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာ သက်ဝင်လာခြင်းကို ကိုယ်စားပြုသည်။ နောက်ပိုင်းတွင် အခြား သက်ရှိသတ္တဝါများလည်း အလိုအလျောက် မွေးဖွားလာလိမ့်မည်။

အတွင်းစကြဝဠာရှိ သတ္တဝါများ၏ စွမ်းအားက ကျွင်းရှောင်ယောက်နှင့်လည်း များစွာ ဆက်စပ်နေသည်။

စင်စစ်တွင်၊ သူက အတွင်းစကြဝဠာ၏ နတ်ဘုရားဖြစ်ပြီး ဖန်ဆင်းရှင်နှင့်တူသော တည်ရှိမှု ဖြစ်သည်။

အတွင်းစကြဝဠာအတွင်း၌ မွေးဖွားလာသော သတ္တဝါများ၏ ခွန်အားက ကျွင်းရှောင်ယောက်ထက် များစွာမသာလွန်နိုင်ပေ။

ကျွင်းရှောင်ယောက်သာ အနာဂတ်တွင် လုံလောက်စွာ အားကောင်းလာပါက... သူသည် အတိတ်နှင့် ပစ္စုပ္ပန်ကို ထာဝရ မေ့ထားနိုင်သော ကောင်းကင်ဧကရာဇ် ဖြစ်လာပေလိမ့်မည်။

ထိုအချိန်မှာတော့ သူ၏ အတွင်းစကြဝဠာက အလွန်ကြောက်စရာကောင်းသော သတ္တဝါများကို မွေးထုတ်ပေးရန် သဘာဝအတိုင်း အရည်အချင်းပြည့်မီသည်။

တာအိုဘိုးဘေး သို့မဟုတ် နတ်ဆိုးဘိုးဘေးအချို့သည်ပင် သူ၏အတွင်းစကြာဝဠာတွင် မွေးဖွားလာနိုင်သည်။

'စွမ်းအင်အလင်း ဆယ့်ရှစ်ခုက သဘာဝဖင်းဂေါ့ ဆယ့်ရှစ်ဦးရဲ့ သန္ဓေတည်ခြင်းကို ကိုယ်စားပြုတယ်။ ငါ နားလည်ထားတဲ့ နိယာမကလည်း ဆယ့်ရှစ်ခုပဲ'

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

ဖင်းဂေါ့တစ်ကောင်စီက နိယာမတစ်ခုကို ကိုယ်စားပြုပေသည်။

'ကြည့်ရတာ အနာဂတ်မှာ နိယာမတွေကို ဆက်ပြီးနားလည်ဖို့ လိုနေသေးပုံပဲ'

ကျွင်းရှောင်ယောက်က တွေးလိုက်သည်။

နိယာမသုံးထောင်ကို နားလည်နိုင်လျှင် ဖင်းဂေါ့သုံးထောင် မွေးဖွားလာမည်။

ဒါဟာ အလွန်ကြောက်စရာကောင်းသော အင်အားတစ်ခုပင်။

နောက်ပိုင်းတွင် ကျွင်းရှောင်ယောက်တောင်မှ လှုပ်ရှားစရာမလိုပါ။

သဘာဝ ဖင်းဂေါ့သုံးထောင်က ရန်သူအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။

'အင်း၊ ဒီတစ်ခေါက် ရိတ်သိမ်းရတာက တကယ်ကောင်းတာပဲ။ ဒါပေမဲ့... မပြီးသေးဘူး'

ကျွင်းရှောင်ယောက်က တွေးလိုက်သည်။

နိယာမဆယ့်ရှစ်ခုကို ဖွဲ့စည်းပြီး ကောင်းကင်အဓိပဓိငယ် ကြီးမားသော ပြီးပြည့်စုံမှုသို့ ချိုးဖြတ်သည်။

အတွင်းစကြာဝဠာသည်လည်း ဖုန်မှုန့်ကမ္ဘာမှ ကမ္ဘာငယ်အဖြစ်သို့ ဖွံ့ဖြိုးလာ၏။

မေယုကမ္ဘာသုံးထောင်ကိုလည်း အောင်မြင်သွားပြီ။

ကျွင်းရှောင်ယောက်က ဤလေ့ကျင့်မှုတွင် အများကြီး တိုးတက်လာသည်ဟု ဆိုနိုင်သည်။

သို့သော်...

ကျွင်းရှောင်ယောက်က မကျေနပ်သေးပါ။ သူ့မှာ လုပ်စရာများရှိနေဆဲ ဖြစ်သည်။

သူက ပတ္တမြားကဲ့သို့ တောက်ပနေသော အနီရောင်သွေးတစ်စက်ကို ထုတ်ယူလိုက်၏။

ပြီးပြည့်စုံသော မြင့်မြတ်ခန္ဓာ သွေးတစ်စက်။

"ဒီသွေးတစ်စက်ရဲ့ အရင်းအမြစ်ကိုတော့ နောက်မှ ဝူဟူကို မေးရမယ်"

ကျွင်းရှောင်ယောက်က ခပ်တိုးတိုးရေရွတ်ပြီး ထိုသွေးတစ်စက်ကို သန့်စင်ကာ နားလည်လိုက်သည်။

ဟုတ်ပေသည်၊ ဤသွေးတစ်စက်မှ စွမ်းအင်က သိပ်သည်းလွန်းသဖြင့် ကျွင်းရှောင်ယောက်ပင်လျှင် ဖြည်းဖြည်းချင်းသာ သန့်စင်နိုင်သည်။

ထို့ပြင်၊ သူ၏ အဓိကရည်ရွယ်ချက်က ဤသွေးတစ်စက်ဖြင့် ခန္ဓာကိုယ်သန့်စင်ရန် မဟုတ်ပေ။

ထိုအစား မြင့်မြတ်ခန္ဓာရူပါရုံကို နားလည်သဘောပေါက်ရန် ဖြစ်သည်။

ထို့နောက် တိတ်တဆိတ် လေ့ကျင့်ပြန်လေသည်။

အင်မော်တယ်အကယ်ဒမီ၏ မဟာအကြီးအကဲနှင့် အကြီးအကဲများသာ ကျွင်းရှောင်ယောက်ကို အဆင့်တက်သွားပြီမှန်း သိလိုက်ကြသည်။

သို့သော်လည်း မဟာအကြီးအကဲနှင့် အခြားသူများ၏ ခန့်မှန်းချက်က ကျွင်းရှောင်ယောက်ဟည် ကောင်းကင်အဓိကဓိငယ် အစောပိုင်းအဆင့်ကိုသာ ဖြတ်ကျော်သွားခဲ့ခြင်း ဖြစ်သည်။

သူတို့အနေဖြင့် ကျွင်းရှောင်ယောက်က ကောင်းကင်အဓိပဓိငယ် ကြီးမားသော ပြီးပြည့်စုံမှုကို ဖြတ်ကျော်သွားပြီဟု လုံးဝ မတွေးမိခဲ့ပေ။

.........

အင်မော်တယ်အကယ်ဒမီတွင် ယာယီ တိတ်ဆိတ်ငြိမ်သက်သွားသည်။

သို့သော်လည်း တစ်ဖက်မှာတော့ ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးနှင့် ယင်ဟော်ကြယ်၏ သတင်းက အရပ်ရပ်၏ အာရုံစိုက်မှုကို ခံခဲ့ရပေသည်။

ကျွင်းရှောင်ယောက်နှင့် ရင်းနှီးသူများက ထိုအကြောင်းကိုပြောရန် ကျွင်းရှောင်ယောက် ပြန်ထွက်အလာကို စောင့်နေခဲ့ကြသည်။

နောက်ဆုံးမှာတော့ ဤသည်မှာ အင်မော်တယ်ခုံရုံး၏ အခွင့်အလမ်းကောင်းတစ်ခုပင်။ အကယ်၍ ၎င်းတို့က ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အရင်းအမြစ်များကို ရရှိခဲ့လျှင်၊ ကျွင်းရှောင်ယောက်နှင့် ကျွင်းမိသားစုအတွက် ကောင်းမွန်သော အရာမဟုတ်ပေ။

အထူးသဖြင့် တိဟောက်ထျန်း မွေးဖွားလာပြီးနောက်၊ သူသည် ရှေးဟောင်း အင်မော်တယ်ခုံရုံးမှ အကောင်းဆုံးအရင်းအမြစ်များကို သေချာပေါက်ရနိုင်မည် ဖြစ်သည်။

ဒါက ကျွင်းရှောင်ယောက်အတွက် သတင်းကောင်း မဟုတ်ပေ။

နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ ရွှီထျန်းလောကတွင် ရှိစဉ်ကတည်းက ဆန့်ကျင်ဘက်ပြုနေကြပြီ ဖြစ်သည်။

ယခုအချိန်တွင် လူအများ၏ အာရုံစိုက်ခြင်းကို ခံရသော တိဟောက်ထျန်းက ရွှေရောင်နန်းတော်ထဲတွင် လေ့ကျင့်နေဆဲဖြစ်သည်။

သို့သော်လည်း သူ၏ ဓမ္မခန္ဓာက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ တိတ်တဆိတ် ရောက်ရှိနေပြီ။

နတ်ဆိုးနတ်ဘုရားနန်းတော်က ပျက်စီးခြင်းကောင်းကင်အင်မော်တယ်နယ်မြေကြီး၏ အလွန်ကျယ်ပြောသော နတ်ဆိုးပြည်နယ်တွင် တည်ရှိသည်။

ယခုအခါ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတွင် ကျွင်းမိသားစုက ဧကရာဇ်တစ်ပါးကဲ့သို့ တည်ရှိသော်လည်း...

အခြားသော အင်အားစုများ၊ မြင့်မြတ်နယ်မြေများနှင့် ရှေးဟောင်းမင်းမျိုးနွယ် မိသားစုများ ရှိသေးသည်။

နတ်ဆိုးနတ်ဘုရားနန်းတော်က ၎င်းတို့ထဲမှ တစ်ခု ဖြစ်သည်။

နတ်ဆိုးနတ်ဘုရားနန်းတော် ကျော်ကြားရခြင်းက နောက်ထပ် အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။

ယင်းမှာ လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရီလေး ဖြစ်သည်။

သူမက ပျက်စီးခြင်းကောင်းကင်အင်မော်တယ်နယ်မြေကြီးတွင် အလှဆုံး မိန်းကလေးဟုပင် ပြောကြ၏။ သူမဟာ အလွန်လှပပြီး မိန်းမလှအားလုံးထဲမှာ ထိပ်ဆုံးက ရပ်တည်နေသူ ဖြစ်သည်။

လူတော်တော်များများက သူမ၏မျက်နှာကို မြင်ချင်သော်လည်း အခွင့်မသာခဲ့ကြပေ။

နတ်ဆိုးဧကရီလေးက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ကမ္ဘာကြီးတွင် ပေါ်လာခဲသည်။

ကျွင်းရှောင်ယောက်ကိုတွေ့ရန် သွားခဲ့စဉ်ကလည်း ရန်ယုမန်၏ ခန္ဓာကိုယ်ကိုသာ အသုံးပြုခဲ့ပေသည်။

တိဟောက်ထျန်း ရောက်ရှိလာပြီးနောက် သူ့ကို တားဆီးမည့်သူ မရှိခဲ့ပေ။

သူတစ်ယောက်တည်း နတ်ဆိုးနတ်ဘုရားနန်းတော်ထဲကို နက်နက်နဲနဲ ဝင်သွားသည်။

မကြာမီ၊ သူက ခမ်းနားထည်ဝါသော နန်းတော်တစ်ခုသို့ ရောက်လာသည်။

နန်းတော်ထဲမှာတော့ အနီရောင် ကုတင်ကြီးတစ်လုံးသာ ရှိပေသည်။ ကုတင်၏ရှေ့မှ ကန့်လန့်ကာများလည်း ချထားသည်။

ဤအခိုက်တွင်၊ လှပသော ကောက်ကြောင်းဖြင့် ရုပ်သွင်တစ်ခုက ကုတင်ပေါ်တွင် လဲလျောင်းနေလေသည်။

ပျင်းရိပျင်းတွဲဖြင့် ကြည်လင်သော အသံလေး ထွက်လာသည်။

"မဖိတ်ခေါ်ဘဲ ဒီကိုရောက်လာတာက မယဉ်ကျေးရာမကျဘူးလား"

တိဟောက်ထျန်းက အနည်းငယ်ပြုံးပြီး လက်ယှက်ပြလိုက်လေသည်။

"ငါက အင်မော်တယ်ခုံရုံးရဲ့ တိဟောက်ထျန်းပါ"

ရိုးရှင်းသော စကားတစ်ခွန်းဖြင့် သူ၏ ကိုယ်ပိုင်အထောက်အထားကို ဖော်ပြလိုက်သည်။

၎င်းက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရှိ အင်အားစု အများစုကို ဖိအားကြီးကြီးပေးရန် လုံလောက်သော အထောက်အထားတစ်ခုပင်။

"အိုး၊ နင်က မကြာသေးမီက အင်မော်တယ်နယ်မြေကြီးမှာ ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အင်မော်တယ်ခုံရုံးရဲ့ ရှေးဧကရာဇ်ငယ်ဆိုသူပဲ"

"နင်က အမှန်တကယ် ရောက်လာမယ်လို့ ဒီဧကရီ မမျှော်လင့်ထားဘူး။ တကယ်ကို အံ့သြစရာပဲ"

ကန့်လန့်ကာနောက်ကွယ်မှ လှပသောပုံရိပ်က သူ့ကိုယ်သူ 'ဒီဧကရီ'ဟု ရည်ညွှန်းခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်နှင့် စကားပြောခဲ့စဉ်က သူ့ကိုယ်သူ 'ယောင်ယောင်'ဟု ခေါ်ခဲ့၏။

ကျွင်းရှောင်ယောက်ကိုလည်း သူမကို ယောင်ယောင်ဟု ခေါ်စေခဲ့သည်။

ဤမှ၊ နတ်ဆိုးဧကရီလေးသည် ကျွင်းရှောင်ယောက်ကို အခြားသူများနှင့် ကွဲပြားစွာ ဆက်ဆံကြောင်း တွေ့မြင်နိုင်သည်။

တိဟောက်ထျန်းကတော့ ထိုအကြောင်းများကို သဘာဝအတိုင်း မသိသေးပေ။

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်နှင့်ပတ်သက်ပြီး သူ့မှတ်ဉာဏ်ထဲတွင် ဘာမှမရှိခဲ့ပါ။

"ငါ ဒီနေရာကို ဘာဖြစ်လို့ ရောက်လာရသလဲဆိုတာ ပြောပြပါရစေ။ နတ်ဆိုးနတ်ဘုရားနန်းတော်ကို အင်မော်တယ်ခုံရုံးနဲ့ ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှမဟုတ်... မင်း နတ်ဆိုးဧကရီနဲ့ ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်"

တိဟောက်ထျန်းက သူ့ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောလိုက်သည်။

သူ့တွင် ဘဝတစ်ခု အမှတ်တရများရှိပြီး နတ်ဆိုးဧကရီ၏ နောက်ကွယ်မှ အင်အားစုအကြောင်းကို သိသည်။

သူမနှင့် လက်တွဲနိုင်လျှင် အရှုံးမရှိပေ။

"အိုး၊ အင်မော်တယ်ခုံရုံးက ငါ့ရဲ့ နတ်ဆိုးနတ်ဘုရားနန်းတော်လေနဲ့ ပူးပေါင်းချင်တာလား။ ဒါက ဒီဧကရီကို တကယ် အံ့ဩစေတယ်"

နတ်ဆိုးဧကရီလေးမှာ အမှန်တကယ် အံ့သြသွားမိသည်။

နတ်ဆိုးနတ်ဘုရားနန်းတော်က ပျက်စီးခြင်းကောင်းကင်အင်မော်တယ်နယ်မြေကြီးတွင် နာမည်တစ်ခု ရှိသည်။

သို့သော်လည်း အင်မော်တယ်နယ်မြေကြီး၏ အုပ်စိုးရှင်ဟောင်းနှင့် နှိုင်းယှဉ်ပါက ဝေးကွာနေသေးသည်။ သူတို့က တူညီသောအဆင့်တွင် လုံးဝ မရှိပေ။

ဒါကိုမြင်တော့ တိဟောက်ထျန်းက ခပ်တိုးတိုးရယ်ကာ ပြောလိုက်သည်။

"နတ်ဆိုးဧကရီ၊ မင်းက နှိမ့်ချလွန်းနေပါပြီ။ နတ်ဆိုးနတ်ဘုရားနန်းတော်က ‌မင်းအတွက် ကစားစရာတစ်ခုလို ပေါ့ပေါ့ပါးပါး ဖန်တီးထားတဲ့ အရုပ်တစ်ခု မဟုတ်ဘူးလား"

"တကယ်တမ်းပြောရရင် မင်းက ကောင်းကင်ကိုးခုအထက်ကနေ လာခဲ့တဲ့သူပဲလေ။ မင်းရဲ့နောက်ကွယ်မှာလည်း မထင်မှတ်ထားတဲ့ တည်ရှိမှုတစ်ခု ရှိတယ်"

"ဟမ်"

ထိုအချိန်တွင် နန်းတော်တစ်ခုလုံး၏ အပူချိန်က ရုတ်တရက် ကျဆင်းသွားသည်။

ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုလည်း ထွက်ပေါ်လာ၏။

ပြင်းထန်သော သတ်ဖြတ်ချင်စိတ် တစ်စွန်းတစ်စက တိဟောက်ထျန်းအပေါ်သို့ ကျရောက်လာတော့သည်။

နတ်ဆိုးဧကရီက ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

"နင်က ဒီဧကရီရဲ့အကြောင်းကို စုံစမ်းနေတာလား"

"မဟုတ်ပါဘူး၊ ငါက မတော်တဆ သတင်းတချို့ကို ကြားခဲ့ရရုံပဲ။ နောက်ပြီးတော့ အနာဂတ်မှာ ကပ်ဘေးကြီးတွေ ရှိလာခဲ့ရင် ငါနဲ့ ပူးပေါင်းတာက နှစ်ဦးစလုံးအတွက် အကျိုးရှိလိမ့်မယ်"

တိဟောက်ထျန်း၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။ သူက သတ်ဖြတ်ချင်စိတ်တို့ကို မခံစားရသလို ပြုံးနေဆဲ ဖြစ်သည်။

သူက အင်မော်တယ်ခုံရုံး၏ ရှေးဧကရာဇ်ငယ်ဖြစ်ပြီး သူ့အဆင့်အတန်းမှာ သာမန်မဟုတ်ပေ။

နတ်ဆိုးဧကရီလေးတွင် အံ့သြဖွယ်ကောင်းသော နောက်ခံရှိသော်လည်း၊ အနည်းဆုံးတော့ အခုချိန်မှာ သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်ပါ။

ထို့ပြင်၊ သူက ဤနေရာသို့ ဓမ္မခန္ဓာဖြင့် ရောက်လာခြင်း ဖြစ်သည်။

တိဟောက်ထျန်းက အရာအားလုံးကို တွက်ချက်ပြီး အပြည့်အဝ ပြင်ဆင်ထားသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် သူက အလွန်တည်ငြိမ်ပေသည်။

"စိတ်မကောင်းပါဘူး၊ ဒီဧကရီက နင်နဲ့ပူးပေါင်းဖို့ စိတ်မဝင်စားဘူး"

သတ်ဖြတ်ချင်စိတ်များ ပျောက်ကွယ်သွားပြီးနောက် နတ်ဆိုးဧကရီက ပျင်းရိပျင်းတွဲလေသံဖြင့် ပြောလိုက်သည်။

"ဘာလဲ၊ ငါ အင်မော်တယ်ခုံရုံးရဲ့ ရှေးဧကရာဇ်ငယ်က မင်းနဲ့ပူးပေါင်းဖို့ အရည်အချင်းမရှိဘူးလား"

တိဟောက်ထျန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

အခြေအနေက သူ့အစီအစဉ်အတိုင်း ဖြစ်မလာပေ။

ယုတ္တိဗေဒအရ နတ်ဆိုးဧကရီလေးသည် သူနှင့်၊ အင်မော်တယ်ခုံရုံးနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းအတွက် အလွန်ပျော်ရွှင်နေသင့်သည်။

နောက်ဆုံးတွင်၊ သူတို့က ပူးပေါင်းဆောင်ရွက်ရန် အကောင်းဆုံး တွဲဖက်များပင် မဟုတ်လော။

"ကံမကောင်းချင်တော့ ငါ့မှာ ရည်ညွှန်းထားတဲ့ လူတစ်ယောက်ရှိနေပြီ။ စိတ်မကောင်းပါဘူး"

နတ်ဆိုးဧကရီက လျစ်လျူရှုစွာ ပြောလိုက်သည်။

"ဟမ်... ဖြစ်နိုင်မလား..."

တိဟောက်ထျန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ တစ်စုံတစ်ယောက်အကြောင်းကို ချက်ချင်း တွေးလိုက်မိသည်။

"နင့်ကိုကြည့်ရတာ ထက်မြက်ပုံပါပဲ၊ ဟုတ်တယ်... ဒီဧကရီက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးကို လွှမ်းမိုးထားသူနဲ့ပဲ ပူးပေါင်းဆောင်ရွက်မယ်"

နတ်ဆိုးဧကရီလေးက ပျင်းရိပျင်းတွဲ ပြောလိုက်လေသည်။

"‌ကျွင်း... ရှောင်... ယောက်"

တိဟောက်ထျန်းက စကားလုံးသုံးလုံးကို ပြောလိုက်သည်။

All Chapters