← Chapters

အခန်း ၁၁၉၂

Vol. 80 Ch. 1192

အခန်း ၁၁၉၂

Vol. 80 Ch. 1192

အခန်း ( ၁၁၉၂ ) ပြန်လည်မွေးဖွားလာသူနှင့် ကမ္ဘာကူးပြောင်းလာသူ။

"ဟုတ်တယ်၊ ဒါက ကျွင်းရှောင်ယောက်ပဲ။ ဒီဧကရီက သူနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပြီ"

နတ်ဆိုးဧကရီက ပြောလိုက်သည်။

ကျွင်းရှောင်ယောက်အကြောင်းကို ပြောသည့်အခါ သူ့လေသံက သိသိသာသာ ကွဲပြားပေသည်။

"ဘာလို့လဲ"

တိဟောက်ထျန်း စိတ်ရှုပ်ထွေးသွားသည်။

ဒါက မမှန်ပေ။

ဒီမိန်းကလေးက ဇာတ်ညွှန်းကို မလိုက်နာဘူးလား။

ယုတ္တိဗေဒအရ သူနှင့် လက်တွဲခြင်းကသာ ပြီးပြည့်စုံပြီး အကောင်းဆုံးနည်းလမ်း ဖြစ်သင့်သည်။

ကျွင်းမိသားစုကတော့ အန္တိမကပ်ဘေးကြီး၏ ကျိန်စာကြောင့် မတည်ငြိမ်တော့ပေ။

ကျွင်းရှောင်ယောက်ကလည်း နေရာတိုင်းတွင် ရန်သူများကို လှုံ့ဆော်နေသည်။

ရှေးဟောင်းတော်ဝင်မိသားစုနှင့် မြင့်မြတ်ဝိညာဉ် အဆက်အနွယ်အားလုံးကလည်း သူ့ကို ဆန့်ကျင်ကြ၏။

ထိုသို့သောလူက လက်တွဲရန် အကောင်းဆုံးတွဲဖက် မဟုတ်ပေ။

နတ်ဆိုးဧကရီက ခပ်တိုးတိုးရယ်ပြီး ပြောလိုက်သည်။

"တိဟောက်ထျန်း၊ ဒီဧကရီက နင့်ကို သတိပေးလိုက်မယ်။ အမျိုးသမီးတွေရဲ့စိတ်ကို ခန့်မှန်းနိုင်ဖို့ မကြိုးစားနဲ့၊ ပြီးတော့ ဘာကြောင့်လဲဆိုတာကို မမေးနဲ့"

“ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေက ခံစားချက်အတိုင်းပဲ ပြုမူတတ်ကြတယ်။ သူတို့ အလိုရှိရင် ကျိုးကြောင်းဆီလျော်မှုကို ဂရုစိုက်နေမှာ မဟုတ်လို့ပဲ"

‌"နောက်ပြီးတော့ ဒီဧကရီက ချစ်စရာကောင်းတဲ့ ခွေးပေါက်လေးတွေကို ကြိုက်တယ်"

နတ်ဆိုးဧကရီ၏ စကားကြောင့် တိဟောက်ထျန်း အနည်းငယ် အံ့အားသင့်သွားသည်။

နောင်တွင် မုန်တိုင်းကြီးများ ပေါ်လာပေလိမ့်မည်။

ထိုအချိန်တွင် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို သက်ရောက်စေမည် ဖြစ်သည်။

သို့သော်လည်း နတ်ဆိုးဧကရီက တွဲဖက်များကို ပေါ့ပေါ့ပါးပါး ရွေးချယ်ခဲ့သည်။

ဤအတွက် အကြောင်းပြချက်က...

ချစ်စရာကောင်းတဲ့ ခွေးပေါက်လေးတွေကို ကြိုက်လို့တဲ့လေ။

တိဟောက်ထျန်းမှာ တကယ်ကို အံ့ဩရသည်။

ယခင်က ရှောင်ချမ်ရွယ်မှာလည်း ဤကဲ့သို့ပင်။

အခုခေတ် အမျိုးသမီးတွေက သူတို့ရဲ့ မျက်နှာကိုပဲ ဂရုစိုက်ကြလား။

တိဟောက်ထျန်းမှာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး ဤခေတ်ကို လိုက်မမီနိုင်တော့ကြောင်း ခံစားလိုက်ရသည်။

"နတ်ဆိုးဧကရီ၊ ဒါက သိပ်ပြီးအရေးကြီးတဲ့ ကိစ္စပါ။ မင်းသေချာစဉ်းစားသင့်တယ်ထင်တယ်"

တိဟောက်ထျန်းက ထပ်ပြောလိုက်သည်။

"မလိုပါဘူး၊ အတွေးလွန်တာက လူကို ပင်ပန်းစေတယ်။ အသားအရေအတွက်လည်း မကောင်းဘူး"

နတ်ဆိုးဧကရီက ပြောလိုက်သည်။ သူ့လေသံမှာ အနည်းငယ် အေးစက်လာပုံရ၏။

ဧည့်သည်များကို ပြန်စေချင်ပြီဖြစ်ကြောင်း တိဟောက်ထျန်း နားလည်လိုက်သည်။

"ကောင်းပြီလေ၊ ငါ့အင်မော်တယ်ခုံရုံးရဲ့ တံခါးကိုတော့ အမြဲတမ်းဖွင့်ထားတယ်။ မင်းစိတ်ပြောင်းနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"

တိဟောက်ထျန်းက ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။

သူ့မှာလည်း မာနရှိသည်။

နတ်ဆိုးဧကရီက မလိုလားသောကြောင့် အရှက်မရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ရန် သူတောင်းဆိုတော့မည် မဟုတ်ပေ။

ဒါက သူ၏ အထောက်အထား၊ စိတ်နေသဘောထားနှင့် မတူပေ။

နတ်ဆိုးနတ်ဘုရားနန်းတော်မှ ထွက်လာပြီးနောက်...

တိဟောက်ထျန်း၏ မျက်နှာမှာ မှုန်ကုပ်သွားသည်။

"ကျွင်းရှောင်ယောက်... ဒီကျွင်းရှောင်ယောက်ပဲ ဖြစ်ပြန်ပြီ"

"သုံးကြိမ်ထက် မပိုသင့်ဘူးလို့ ပြောထားပေမဲ့ အခု သုံးကြိမ်မ‌ကတော့ဘူး"

ရွှီထျန်းလောကတွင် ရှိစဉ်ကတည်းက သူ့အခွင့်အလမ်းများကို ကျွင်းရှောင်ယောက်က သိမ်းပိုက်ခဲ့သည်။

ကျွင်းရှောင်ယောက်သာမရှိခဲ့လျှင်...

ရှောင်ချမ်ရွယ်က သူ့ကို ရွေးချယ်လိုက်သင့်သည်။

နတ်ဆိုးဧကရီလေးကလည်း သူနှင့် ပူးပေါင်းရခြင်းအတွက် အလွန်ပျော်ရွှင်နေလိမ့်မည်။

ယခုမူ ၎င်းတို့အားလုံးကို ကျွင်းရှောင်ယောက်က သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်က ကြက်သွန်မြိတ်လား ဒါမှမဟုတ် သူကပဲ ကြက်သွန်မြိတ်လား။

အရေးကြီးဆုံးကတော့ သူ့မှာ ကျွင်းရှောင်ယောက်နှင့်ပတ်သက်သည့် အမှတ်တရ မရှိပေ။

သူ့မှတ်ဥာဏ်ထဲတွင် ကျွင်းရှောင်ယောက်ဟာ နဂိုကတည်းက မရှိသူ ဖြစ်သည်။

သဘာဝအတိုင်း ထိုသူမျိုးကို ပစ်မှတ်ထားရန် ခက်ပေသည်။

"ဘာဖြစ်လို့ ကမ္ဘာမှာ မရှိသင့်တဲ့လူ ပေါ်လာရတာလဲ"

"သူက ဒီကမ္ဘာက မဟုတ်ဘူးလား"

ရုတ်တရက်၊ တိဟောက်ထျန်း၏ နှလုံးသားထဲတွင် ရယ်စရာကောင်းသော အတွေးတစ်ခု ဝင်လာခဲ့သည်။

ဤအရာက အလွန်ဆန်းကြယ်ပြီး မဖြစ်နိုင်ကြောင်း သူကိုယ်တိုင်ပင် ခံစားခဲ့ရပေသည်။

အနာဂတ်မှ ပြန်လည်မွေးဖွားနိုင်သည်မှာပင် အလွန် မယုံနိုင်စရာကောင်းနေပြီ ဖြစ်သည်။

ဤကမ္ဘာနှင့် မသက်ဆိုင်သော လူတစ်ယောက်က မည်သို့ ရုတ်တရက် ပေါ်လာနိုင်သည်ကို သူ စိတ်ကူးမယဉ်နိုင်ပေ။

ဤသည်က ပြန်လည်မွေးဖွားလာသူနှင့် ကမ္ဘာကူးပြောင်းလာသူအကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်နိုင်မလား။

တိဟောက်ထျန်းက ခေါင်းကိုအနည်းငယ်ခါယမ်းလိုက်သည်။ ဤအတွေးက အနည်းငယ် ရယ်စရာကောင်းလွန်းသည်ဟု ခံစားမိပေသည်။

"ဒီခေတ်မှာ ငါ တိဟောက်ထျန်း ရှိနေမှတော့ ကျွင်းရှောင်ယောက်က ဘာဖြစ်လို့ ပေါ်လာရသေးတာလဲ"

တိဟောက်ထျန်း၏ အမူအရာက အေးစက်သွားသည်။

သို့သော်လည်း သူက စိတ်ဓာတ်တော့မကျပေ။

"နတ်ဆိုးဧကရီက သဘောမတူမှတော့ နောက်အစီအစဉ်ကို ချမှတ်ရတော့မှာပဲ"

"ယင်ဟော်ကြယ်ပေါ်လာပြီး မေ့ပျောက်ခြင်းတိုင်းပြည် မွေးဖွားလာတော့မယ်"

"ဒါက ငါ့ရဲ့ အစီအစဉ်အတွက် အင်မတန် အရေးကြီးတယ်။ ပြီးတော့ အင်မော်တယ်ခုံရုံးကို ပေါင်းစည်းရေးနဲ့လည်း သက်ဆိုင်တယ်"

"ဒီနေရာကိုတော့ ကျွင်းရှောင်ယောက်ဝင်ရောက်လာဖို့ မဖြစ်နိုင်ပါဘူး"

ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးသည် မူလက အင်မော်တယ်ခုံရုံး၏ နယ်မြေ ဖြစ်သည်။

မေ့ပျောက်ခြင်းတိုင်းပြည်ကလည်း ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးတွင် ပေါ်လာ၏။

အင်မော်တယ်ခုံရုံး၏ ခွင့်ပြုချက်မရှိဘဲ၊ အခြားသူများက မေ့ပျောက်ခြင်းတိုင်းပြည်သို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

တိဟောက်ထျန်းက ထွက်သွားသည်။

သူက သူ၏ နောက်ထပ် အစီအစဉ်များအတွက် ပြင်ဆင်တော့မည်။

ထိုအချိန်၊ နတ်ဆိုးနတ်ဘုရားနန်းတော်ထဲတွင်...

"ဒီ‌တိဟောက်ထျန်းက ဘာဖြစ်လို့ အရာအားလုံးကို သိနေသလို ခံစားရတာလဲ"

"ငါ့ရဲ့ မူလဇာစ်မြစ်ကို ဘယ်သူမှလည်း မသိပါဘူး။ အရင်က ကျွင်းရှောင်ယောက်ကိုတော့ ပြောပြဖူးတယ်။ ဒါပေမဲ့ သူက တိဟောက်ထျန်းကို ပြောပြဖို့ မဖြစ်နိုင်ဘူး"

"တိဟောက်ထျန်းက ရုတ်တရက်ကြီး ငါ့ဆီကိုလာပြီး ပူးပေါင်းဆောင်ရွက်ဖို့ ပြောခဲ့တယ်။ သူက ငါ့ရဲ့နောက်ကွယ်က အင်အားစုကို သိနေသလိုပဲ"

နတ်ဆိုးဧကရီလေး၏ လေသံက စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေသည်။

သူမ၏နောက်ခံကို သူမက မပြောပါဘဲ တစ်စုံတစ်ယောက်က သိနေခြင်းအား မနှစ်သက်ပေ။

နတ်ဆိုးဧကရီလေးက ခေါင်းကိုခါယမ်းပြီး ညည်းတွားပြောဆိုလိုက်သည်။

"မောင်လေးရှောင်ယောက်၊ ငါကတော့ မင်းအတွက် အင်မော်တယ်ခုံရုံးနဲ့ ပူးပေါင်းဖို့ကိုတောင် ငြင်းဆန်ခဲ့ပြီ"

"ဒါတောင်မှ လျစ်လျူရှုထားသေးရင် ယောင်ယောင်က ဝမ်းနည်းရလိမ့်မယ်..."

..........

ကျွင်းရှောင်ယောက်ကတော့ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးမှ အဖြစ်အပျက်များကို သဘာဝအတိုင်း မသိပါ။

ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီတွင်၊ ကျွင်းရှောင်ယောက်က ကျင့်ကြံမှုအခြေခံ တိုးတက်ပြီးနောက် ပြီးပြည့်စုံသော မြင့်မြတ်ခန္ဓာသွေးစက်ကို အသုံးပြုပြီး မြင့်မြတ်ခန္ဓာ ရူပါရုံများကို နားလည်ရန် ကြိုးစားနေခဲ့သည်။

အင်မော်တယ်အကယ်ဒမီ တစ်ခုလုံးကလည်း ငြိမ်သက်နေခဲ့ပေသည်။

ကျွင်းရှောင်ယောက် မရှိသောကာလတွင် ရှောင်ချမ်ရွယ်က အတော်ပျင်းရိနေသည်။

ကံကောင်းထောက်မစွာဖြင့် ကျန်းလော့လီက သူမနှင့်အတူရှိခဲ့လေသည်။

ထို့ပြင်၊ ရှောင်ချမ်ရွယ်က အခြားလူတစ်ဦးကိုလည်း ကပ်ခဲ့သည်။

သူမက လော့ရှန်းလင်...

လော့ရှန်းလင်က လူသားတစ်ဦးမဟုတ်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

ရှောင်ချမ်ရွယ်က သူမနှင့် အဆင်ပြေပြေရှိခဲ့ပေသည်။

လော့ရှန်းလင်ကလည်း ရွှီထျန်းလောကမှ ကျွင်းရှောင်ယောက် ခေါ်ဆောင်လာသော ဤကလေးမလေးကို အတော်သဘောကျပြီး ချစ်သည်။

မင်းသမီးလုံကျိ၊ ယွိချန်ကျွမ့်၊ ရန်ယုမန်နှင့် အခြား မိန်းကလေးများမှာလည်း ချစ်စရာကောင်းသည့် ‌ကလေးမလေးကို မစွန့်ခွာနိုင်ကြပေ။

ရှောင်ချမ်ရွယ်က ကျွင်းရှောင်ယောက်နှင့် ရင်းနှီးသူများကြားတွင် မင်းသမီးလေးတစ်ပါးလို ဖြစ်လာခဲ့သည်။

ဤသို့ဖြင့် အင်မော်တယ်အကယ်ဒမီက အလွန်အေးချမ်းခဲ့ပေသည်။

သို့သော်၊ ငြိမ်းချမ်းမှုက ကြာရှည်မခံပေ။

လအနည်းငယ်ကြာပြီးနောက်...

ကြယ်ကောင်းကင်၏ နက်နဲရာမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် အင်မော်တယ်နယ်မြေကြီး၏ ထိပ်သီး အကျော်အမော်များစွာက ထူးခြားသော အငွေ့အသက်များကို ခံစားလိုက်ကြရ၏။

၎င်းက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ အငွေ့အသက်မဟုတ်ပေ။

"ဒီအငွေ့အသက်က..."

ထိုအငွေ့အသက်ကို ခံစားမိသောအခါ၊ အင်မော်တယ်နယ်မြေကြီး၏ ရှေးကျသော အကျော်အမော်များက ကြယ်ကောင်းကင်၏ နက်နဲရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ကောင်းကင်ကိုးပါးအထက်...

ဤထူးခြားသော အငွေ့အသက်က ကောင်းကင်ကိုးပါးမှ ဆင်းသက်လာခြင်းပင်။

"ဘာတွေဖြစ်နေတာလဲ၊ အဆုံးမဲ့ဧကရာဇ် ချန်ထားခဲ့တဲ့ သတ်ဖြတ်ခြင်းအစီရင်က လုံးဝ ပြိုကျသွားပြီလား"

ရှေးဟောင်းသမိုင်းနှင့် ရင်းနှီးသော အကျော်အမော်တစ်ဦးက အံ့သြစွာပြောလိုက်သည်။

"အရင်က သတ်ဖြတ်ခြင်းအစီရင်ဟာ ကောင်းကင်ကိုးခုအထက် တားမြစ်နယ်မြေကို ကန့်သတ်ထားခဲ့တယ်။ ဒါကြောင့် နောက်ဆက်တွဲ မငြိမ်သက်မှုတွေနဲ့ ဖရိုဖရဲ မဖြစ်စေခဲ့ဘူး"

"ဒါပေမဲ့ အဆုံးမဲ့သတ်ဖြတ်ခြင်း အစီရင်က လုံးဝပြိုကျသွားရင် ကောင်းကင်ကိုးပါးအထက်ကို ကန့်သတ်ထားတဲ့ နောက်ဆုံးအတားအဆီး ပျောက်သွားလိမ့်မယ်"

"အဲဒီအခါကျရင် အင်မော်တယ်နယ်မြေကြီးက ကြောက်စရာအကောင်းဆုံး အမှောင်ထုကို ရင်ဆိုင်ရ‌နိုင်ခြေရှိတယ်"

အကျော်အမော် တော်တော်များများက စိုးရိမ်လာကြသည်။

"မဟုတ်ဘူး၊ အဆုံးမဲ့သတ်ဖြတ်ခြင်း အစီရင်က လုံး၀မပြိုကျသေးတာ ဖြစ်နိုင်တယ်။ တားမြစ်နယ်မြေမှာ လှုပ်ရှားမှု သိပ်မရှိသေးဘူး"

"တားမြစ်မိသားစုတွေရဲ့ တစ်စုံတစ်ယောက်က ဆင်းသက်လာခဲ့တာများလား"

"ဒီအချိန်မျိုးမှာ တားမြစ်မိသားစုက ဘာကိစ္စနဲ့ အောက်ကိုဆင်းသက်လာကြတာလဲ"

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေမှ အကျော်အမော်များမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ကြသည်။

အင်မော်တယ်အကယ်ဒမီဘက်တွင်လည်း မဟာအကြီးအကဲက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်နေပေသည်။ သူ့မျက်နှာထက်မှာလည်း စိုးရိမ်ပူပန်မှုတို့ မြင်ရသည်။

"မုန်တိုင်းလာနေပြီ..."

All Chapters