← Chapters

အခန်း ၁၁၉၃

Vol. 80 Ch. 1193

အခန်း ၁၁၉၃

Vol. 80 Ch. 1193

အခန်း ( ၁၁၉၃ ) ကြီးစိုးသော တားမြစ်မိသားစု။

တားမြစ်မိသားစုများ ဆင်းသက်လာခြင်းမှာ အင်မော်တယ်နယ်မြေကြီးမှ အင်အားစုများအတွက် ကောင်းသော အရာ မဟုတ်ပေ။

အကြောင်းမှာ၊ ၎င်းတို့ကို နက်နဲသော အခြေခံအုတ်မြစ်ဖြင့် တားမြစ်နယ်မြေက ကျောထောက်နောက်ခံပြုထားခြင်းကြောင့် ဖြစ်သည်။

၎င်းတို့၏ စွမ်းအားက အင်မော်တယ်နယ်မြေကြီးမှ သာမန် အင်မော်တယ်အင်အားစုများထက် ပိုအားကောင်းပေသည်။

သူတို့၏ ဆင်းသက်လာခြင်းက မူလ တည်ငြိမ်အေးချမ်းသော အခြေအနေကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

ကြယ်ကောင်းကင်၏ နက်နဲရာအရပ်တွင်... ရေဝဲကြီးများ ရှိနေသည်။

ဤရေဝဲကြီးများက အလွန်ရှေးကျပြီး နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် မပျက်စီးသွားပေ။

ဤရေဝဲကြီးများကို ကြယ်ကောင်းကင်၏ အခြားထောင့်စွန်းများတွင် ရံဖန်ရံခါ တွေ့မြင်နိုင်သည်။

ရေဝဲတစ်ခုစီက ကြယ်စက်ဝိုင်းတစ်ခု ကြီးမားပြီး တွင်းနက်ကြီးတစ်ခုကဲ့သို့ မည်းမှောင်နေ၏။

ဤရေဝဲမျိုးကို ကောင်းကင်တံတားရေဝဲဟု ခေါ်သည်။

နာမည်အတိုင်း၊ ဤရေဝဲကြီးများက လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ကိုးခုအထက် နယ်မြေနှင့် ချိတ်ဆက်ထားပေသည်။

ကောင်းကင်ကိုးခုအထက်နှင့် အင်မော်တယ်နယ်မြေကြီးတို့အကြားမှ ဆက်ဆံရေးက အထက်နှင့်အောက်ကဲ့သို့ ကွာခြားမှုမရှိဘဲ တန်းတူညီမျှ ရှိသည်။

ကောင်းကင်ကိုးခုအထက်က အင်မော်တယ်နယ်မြေကြီးနှင့် မသက်ဆိုင်သော ကိုယ်ပိုင်ကမ္ဘာတစ်ခုဖြစ်နေရုံမျှသာ...

သို့သော်လည်း တည်ရှိမှုအနေအထားအရ ကောင်းကင်ကိုးခုအထက်သည် အင်မော်တယ်နယ်မြေကြီးထက် သာလွန်သကဲ့သို့ ဖြစ်လာခဲ့ရသည်။

ဟုတ်ပေသည်၊ ကောင်းကင်ကိုးခုအထက်မှ တားမြစ်နယ်မြေကတော့ အမှန်တကယ် ရှေးကျပြီး ကြောက်စရာကောင်းသည်။

ဤ‌တွင် ပြောစရာရှိသည်မှာ ကောင်းကင်တံတားရေဝဲက အင်မော်တယ်နယ်မြေကြီးနှင့် ကောင်းကင်ကိုးခုအထက်ကြားမှ တစ်ခုတည်းသော နေရာမဟုတ်ပါ။

သို့သော်လည်း အန္တရာယ်အကင်းဆုံးနှင့် အဆင်ပြေဆုံး နေရာတစ်ခု ဖြစ်သည်။

အဆုံးမဲ့ဧကရာဇ်က ကပ်ဘေးများကို ဖယ်ရှားပြီးနောက် ကောင်းကင်တံတားရေကန်မှာ ဆိတ်သုဉ်းလုနီး ဖြစ်ခဲ့ပေသည်။

ယခုမူကား၊ အင်မော်တယ်နယ်မြေကြီး၏အစွန်းမှ နက်နဲရာတွင်...

ကောင်းကင်တံတားရေဝဲတစ်ခုက တွင်းနက်ကြီးတစ်ခုကဲ့သို့ ရုတ်တရက် လည်ပတ်လာသည်။

ထို့နောက်တွင်၊ အားကောင်းသော အရှိန်အဝါဖြင့် လူရိပ်များစွာတို့ ထွက်ပေါ်လာကြ၏။

"ဒါက အင်မော်တယ်နယ်မြေကြီးလား။ အရင်ကအတိုင်းပဲ"

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြုံးလိုက်သည်။

ထိုအမျိုးသားက သိပ်ပြီး အသက်ကြီးပုံရပေ။

ကျင့်ကြံသူများ၏ အသက်ကို ရုပ်ရည်ဖြင့် တိုင်းတာရန်မလွယ်‌သော်လည်း သူ့အသက်က ထောင်စုနှစ်အနည်းငယ်ထက် မပိုပါ။

ထို့ပြင် သူ၏ ကျင့်ကြံမှုက ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

အင်မော်တယ်နယ်မြေကြီးတွင် သူ့ကို ပါရမီရှင်ဟု ခေါ်၍ရပေသည်။ ဤကျင့်ကြံမှုအမြန်နှုန်းက အံ့ဩလောက်အောင် မြန်ဆန်သည်။

ဤသည်မှာ ကောင်းကင်ကိုးခုအထက်၏ အားသာချက်ဖြစ်သည်။

ပထမအနေဖြင့် ကောင်းကင်ကိုးခုအထက်မှ နိယာမများနှင့် စွမ်းအင်က အင်မော်တယ်နယ်မြေကြီးနှင့်ခြားနားသည်။

ဒုတိယအချက်ကတော့ သူတို့က အသက်တားမြစ်နယ်မြေ၏ လမ်းညွှန်မှုတချို့ကို ရရှိနိုင်ပေသည်။

ထို့ကြောင့်ပင် တားမြစ်မိသားစုများ၏ ခွန်အားနှင့် အမွေအနှစ်များက အလွန်အံ့အားသင့်ဖွယ် ဖြစ်ခဲ့သည်။

၎င်းတို့က အင်မော်တယ်နယ်မြေကြီးမှ ရှေးဟောင်းမျိုးနွယ်တချို့ကိုပင် လွှမ်းမိုးနိုင်သေးသည်။

သို့သော်လည်း သူတို့က တားမြစ်နယ်မြေ၏ ရှေ့ပြေးများသာ ဖြစ်နေသည်။

ထိုမှတဆင့် အသက်တားမြစ်နယ်မြေသည် မည်မျှ ကြောက်စရာကောင်းကြောင်း မြင်နိုင်သည်။

"ငါတို့ယုမိသားစုက ဒီတစ်ခေါက် အောက်လောကကို တာဝန်နဲ့လာတာ"

ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့် လူတစ်ယောက်က ပြောလိုက်သည်။

၎င်းတို့ ယုမိသားစုကို တားမြစ်နယ်မြေ ဆယ်ခုထဲမှ တစ်ခုဖြစ်သည့် ရှန်းလင်က ကျောထောက်နောက်ခံပြုထားပေသည်။

"ဒါပေါ့၊ ငါ့ညီလေးကို သတ်ခဲ့တဲ့ ကျွင်းရှောင်ယောက်က ဘယ်လိုလူဆိုတာကို မြင်ချင်သေးတယ်"

အေးစက်စက်နှင့် အသံတစ်ခု ထွက်လာသည်။

စကားပြောလာသူမှာ သွယ်လျသော ကိုယ်ဟန်အအနေအထားရှိသည့် လူငယ်တစ်ယောက် ဖြစ်သည်။ အနက်ရောင်ဆံပင်များကို သူ့ပခုံးထက်မှာ ဖြန့်ချထားပြီး လျှပ်စီးကဲ့သို့ စူးရှသော မျက်လုံးများရှိ၏။

တစ်ကိုယ်လုံးကို နတ်အငွေ့အသက်များဖြင့် ဖုံးအုပ်ထားကာ စစ်နတ်ဘုရားငယ်တစ်ပါးကဲ့သို့ အလွန်အစွမ်းထက်သည်။

၎င်းက ယုမိသားစုမှ အစွမ်းထက် ပါရမီရှင် ယုကန်းပင်။

သူ၏ညီငယ် ယုခွင်းက ကျွင်းရှောင်ယောက်၏လက်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

မူလက ယုခွင်းသည် ရွှီထျန်းလောကသို့ သွားခဲ့သော်လည်း သူ ဂရုမစိုက်ခဲ့ပေ။

ရွှီထျန်းလောကကို ရှေးဦးဝိညာဉ်သာလျှင် ဝင်ရောက်နိုင်သောကြောင့် အသက်အန္တရာယ်ရှိမည် မဟုတ်ပါ။

သို့သော်လည်း ကျွင်းရှောင်ယောက်က ယုခွင်း၏ ဝိညာဉ်ခန္ဓာကို ဖျက်ဆီးပစ်ရုံမျှမက...

ရွှီထျန်းလောက အပြင်ဘက်မှ ရှေးဦးဝိညာဉ်ကိုပင် ပျက်သုဉ်းစေခဲ့သည်။

ယင်းက ယုကန်းကို ဒေါသထွက်စေသည်။

"သခင်လေးယုကန်း၊ ဒီတစ်ခေါက် ငါတို့လာတာက ကျွင်းရှောင်ယောက်အတွက် မဟုတ်ပါဘူး။ ကျန်းမိသားစုက မိန်းကလေးအတွက်ပဲ"

နံဘေးမှ တစ်စုံတစ်ယောက်က သတိပေးလိုက်သည်။

"ငါသိပါတယ်၊ ဒါပေမဲ့ ကျန်းလော့လီက ကျွင်းရှောင်ယောက်ရဲ့ တာအိုလက်တွဲဖော်လို့ ငါကြားတယ်။ ငါတို့က သူတို့ကို ခွဲခွာမယ်ဆိုရင်..."

ယုကန်းက နှုတ်ခမ်းကိုမဲ့ကာ ပြုံးလိုက်သည်။

ကျွင်းရှောင်ယောက်ကို ကျွင်းမိသားစုက ထောက်ပံ့ပေးထားသည်။ သူက ယုခွင်းအတွက် ကျွင်းရှောင်ယောက်၏အသက်နှင့် ပေးဆပ်စေလိုလျှင်၊ ယင်းက လက်တွေ့မကျပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ လက်တွဲဖော်ကို ခေါ်ဆောင်သွားမည်ဆိုပါက သူ့အား နာကျင်စေမည်မှာ သေချာသည်။

ဒါကို ကလဲ့စားချေခြင်းတစ်မျိုးဟု မှတ်ယူနိုင်ပေသည်။

ယုမိသားစုက အင်မော်တယ်နယ်မြေကြီးသို့ ရောက်လာပြီး မကြာမီတွင်...

အခြား ရေဝဲတစ်ခုမှ လူတစ်စု ပေါ်လာကြသည်။

၎င်းတို့က တားမြစ်မိသားစု၊ ကျိမိသားစုမှ လူများပင်။

၎င်းတို့ထဲတွင်၊ ရွှီထျန်းလောကမှာ ပေါ်လာခဲ့ဖူးသော ကျိရင်ရင်ကလည်း တစ်ဦးအပါအဝင် ဖြစ်သည်။

"ကျွင်းရှောင်ယောက်ကိုရှာ‌ပြီး ဖြေရှင်းချက်တောင်းရမယ်"

ကျိရင်ရင်က အံကြိတ်ပြီး ပြောလိုက်သည်။

သူကလည်း ကျွင်းရှောင်ယောက်၏အသက်နှင့် ပြန်ပေးဆပ်စေရန် စိတ်ကူးမရှိပါ။

သို့ရာတွင်၊ အနည်းဆုံးတော့ ကျွင်းရှောင်ယောက်ကို စိတ်ရင်းမှန်ဖြင့် တောင်းပန်စေလိုသည်။

ဤနည်းဖြင့် ကောင်းကင်ဘုံမှ သူ့ဝိညာဉ်ကို နှစ်သိမ့်ပေးရလိမ့်မည်။

နောက်တစ်နေရာတွင်...

အခြား တားမြစ်မိသားစု၊ ကျင်းမိသားစုမှလူများ ရောက်လာကြသည်။

၎င်းတို့ကိုတော့ တားမြစ်နယ်မြေ ဆယ်ခုထဲမှ မြင့်မြတ်ဝိညာဉ်အပျက်အယွင်းက ကျောထောက်နောက်ခံပြုထားသည်။

နာမည်အတိုင်း၊ ၎င်းက အင်မော်တယ် မြင့်မြတ်ဝိညာဉ် အိပ်စက်နေသည့် တားမြစ်နယ်မြေ ဖြစ်ချေသည်။

ဒဏ္ဍာရီအရ ရှေးခေတ်က ကြောက်စရာအကောင်းဆုံး အမှောင်မြင့်မြတ်ဝိညာဉ်၊ အင်မော်တယ်မီးလျှံဝိညာဉ် စသည်တို့လည်း အိပ်စက်နေကြသည်။

မြင့်မြတ်ဝိညာဉ်ကျွန်းမှ ကျောက်ဧကရာဇ်သည် ကောင်းကင်ကိုးခုအထက်မှ မြင့်မြတ်ဝိညာဉ်အပျက်အယွင်းနှင့် မရှင်းလင်းသော ဆက်ဆံရေးရှိကြောင်း ကောလဟာလများပင် ရှိသေးသည်။

"လွမ်ကုရဲ့အမွေက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်လက်ထဲ ရောက်သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါက နည်းနည်းတော့ အခက်တွေ့နိုင်တယ်"

ကျင်းမိသားစုမှ ကျွမ်းကျင်သူတချို့က သက်ပြင်းချလိုက်ကြသည်။

တခြား သာမန်ပါရမီရှင်ဖြစ်လျှင်၊ ကျင်းမိသားစုက တိုက်ရိုက်ဖျက်ဆီးပစ်နိုင်သည်။

သို့ရာတွင်... ကျွင်းရှောင်ယောက်၏ ‌အထောက်အထားက ထူးခြားလွန်းသည်။

ကျွင်းမိသားစု၏ အင်အားက ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်သော အသက်တားမြစ်နယ်မြေထက် နိမ့်ကျသည်မဟုတ်ပေ။

ထို့ကြောင့် ယခုတစ်ကြိမ်တွင် ကျင်းမိသားစုက ကျွင်းရှောင်ယောက်၏ သဘောထားကို စမ်းသပ်ရန် ဆင်းလာခဲ့ကြခြင်း ဖြစ်သည်။

"ဒါက လွယ်ပါတယ်။ ငါတို့က သူ့အသက်ကို မလိုချင်ဘူး။ လွမ်ကုရဲ့အမွေကို စွန့်လွှတ်ပြီး လွမ်ကုဧကရာဇ်အဆောင်ကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိနေသရွေ့... သူဟာ လွမ်ကုရဲ့ မျိုးဆက်မဟုတ်တော့ဘူး"

ကျင်းမိသားစုဝင်များက ဆွေးနွေးပြီး လေထဲသို့ ပျံသန်းသွားကြလေသည်။

............

ရက်အနည်းငယ်ကြာပြီးနောက်...

‌

ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီတွင်...

လေ့ကျင့်နေသော ကျန်းလော့လီက တစ်စုံတစ်ခုကို ဝိုးတဝါး ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်အတွင်းမှ ရှေးဦးဝိညာဉ်ကမ္ဘာက အနည်းငယ် တုန်လှုပ်နေပုံရ၏။

"ဒါက..."

ကျန်းလော့လီ၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။

သူမက တစ်ခုခုကို သတိပြုမိဟန်ဖြင့် အဝေးကို လှမ်းကြည့်လိုက်လေသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က၊ တစ်စုံတစ်ယောက်သည် ကောင်းကင်ကိုးခုအထက်မှ အင်အားစုတချို့ ဆင်းသက်လာပုံရကြောင်း ဆွေးနွေးနေသည်ကို သူမ ကြားခဲ့ရသည်။

ယင်းက ကျန်းလော့လီကို အနည်းငယ် စိတ်မသက်မသာဖြစ်စေသည်။

သူမ ရရှိခဲ့သော အခွင့်အလမ်းက ကောင်းကင်ကိုးခုအထက်နှင့် ပတ်သက်နေမည်ဟု မမျှော်လင့်ထားပေ။

အမှန်ဆိုရလျှင်၊ သူက ကျွင်းရှောင်ယောက်၏အနားမှ တစ်ဖဝါးမှ ခွာချင်သူမဟုတ်ပါ။

ထိုအချိန်တွင်...

အင်မော်တယ်အကယ်ဒမီ၏ အင်မော်တယ်ကျွန်းနှင့် မနီးမဝေးတွင် လူရိပ်များစွာ ပေါ်လာခဲ့ကြသည်။

"ဘယ်သူလဲ"

အင်မော်တယ်အကယ်ဒမီမှ အစောင့်တစ်ယောက်က လှမ်းအော်လိုက်သည်။

"ဟမ့်"

လူရိပ်များထဲမှ တစ်ယောက်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

ရုတ်တရက်၊ အစောင့်များ၏ နားထဲတွင် မိုးကြိုးထစ်ချုန်းသလို အသံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။

အင်မော်တယ်အကယ်ဒမီမှ အစောင့်များလည်း ဒဏ်ရာပြင်းထန်စွာရပြီး သွေးများအန်ထွက်လာကြတော့သည်။။

"ဘာဖြစ်တာလဲ၊ တစ်ယောက်ယောက်က ငါ့အင်မော်တယ်အကယ်ဒမီမှာ ပြဿနာရှာဝံ့သလား"

အင်မော်တယ်အကယ်ဒမီ တစ်ခုလုံး ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ပါရမီရှင်များစွာ ပေါ်လာခဲ့ကြသည်။

"ငါတို့က ကျန်းလော့လီဆိုတဲ့မိန်းကလေးကို လာရှာတာ။ သူ့ကို ကောင်းကင်ကိုးခုအထက်ကို ခေါ်သွားရမယ်။ အခု ထွက်လာခဲ့စမ်း"

ယုမိသားစုမှ လူတစ်ယောက်က အေးစက်စက် ပြောလိုက်သည်။

လူအုပ်က ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။

"ကောင်းကင်ကိုးခုအထက်... သူတို့က ကောင်းကင်ကိုးခုအထက်က တားမြစ်မိသားစုရဲ့လူတွေပဲ"

"သူတို့ တကယ်ပေါ်လာခဲ့ပြီလား"

တပည့်များစွာမှာ တုန်လှုပ်သွားကြသည်။

ဤသည်က ရွှီထျန်းလောကနှင့် မတူပေ။

မူလခန္ဓာဖြင့် လူကိုယ်တိုင် ဆင်းသက်လာကြခြင်း ဖြစ်သည်။

ဒါက ဘာအဓိပ္ပာယ်လဲ။

ကောင်းကင်ကိုးခုအထက် တားမြစ်နယ်မြေက အကွက်ကြီးကြီး ရွှေ့တော့မှာလား။

"ရောက်လာတဲ့သူက ငါတို့ရဲ့ ဧည့်သည်ပါပဲ။ ဒါပေမဲ့ မင်းတို့က ငါ့အင်မော်တယ်အကယ်ဒမီကို အလေးအနက်မထားဘူးထင်တယ်"

အင်မော်တယ်အကယ်ဒမီ၏ မဟာအကြီးအကဲက ပေါ်လာခဲ့သည်။ သူက ပျက်စီးခြင်းတာအိုသခင်အဆင့် အရှိန်အဝါများကို ထုတ်ဖော်လိုက်၏။

သို့သော်လည်း ယုမိသားစုမှ လူများက အထင်မြင်သေးသော အမူအရာများဖြင့် ကြည့်နေကြသည်။

အောက်လောကတွင်၊ အင်အားစုတချို့သာ သူတို့ကို အမှန်တကယ် စော်ကားဝံ့ကြောင်း သူတို့သိ၏။

သူတို့ကိုထိပါးခြင်းက သူတို့နောက်ကွယ်ရှိ တားမြစ်နယ်မြေကို စော်ကားလိုက်ခြင်းပင်။

အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးတွင် အသက်တားမြစ်နယ်မြေကို စော်ကားဝံ့သော အင်အားစုက အနည်းငယ်သာ ရှိသည်။

အနည်းဆုံးတော့ ကောင်းကင်ကိုးခုအင်မော်တယ်အကယ်ဒီက ထိုအထဲမှာ မပါဝင်ပေ။

All Chapters