← Chapters

အခန်း ၁၁၉၄

Vol. 80 Ch. 1194

အခန်း ၁၁၉၄

Vol. 80 Ch. 1194

အခန်း ( ၁၁၉၄ ) ကောင်းကင်ကိုးပါးအထက်မှ ပါရမီရှင်များ၏ ခွန်အား။

ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီက ကျောင်းတော်တစ်ခုမျှသာ ဖြစ်သည်။

သူတို့သည် အဆက်အသွယ် ကျယ်ပြန့်သော်လည်း အခြေခံအားဖြင့်တော့ လူများကို သင်ကြားပေးသည့် နေရာတစ်ခုထက် မပိုပေ။

စစ်မှန်သော အင်အားက ဤမျှမကြီးမားပေ။

အကယ်၍၊ တားမြစ်နယ်မြေကို စော်ကားလိုက်ပါက... အင်မော်တယ်အကယ်ဒမီအတွက် ရပ်တည်လိုသော အင်အားစုက အနည်းငယ်သာ ရှိမည်။

အဆိုးဆုံးက သူတို့၏ မျိုးဆက်တပည့်များကို အင်မော်တယ်အကယ်ဒမီသို့ မစေလွှတ်ရုံပင်။

ထို့ကြောင့်ပင် အင်မော်တယ်အကယ်ဒမီ၏ မဟာအကြီးအကဲက ကျွင်းရှောင်ယောက်ကို ကျေနပ်စေရန် အကောင်းဆုံးလုပ်ဆောင်လိုခဲ့ခြင်း ဖြစ်သည်။

"ဒီကိစ္စက အင်မော်တယ်အကယ်ဒမီနဲ့ ဘာမှမဆိုင်ဘူး၊ ဒါကြောင့် ဝင်မစွက်ဖက်ပါနဲ့"

ယုမိသားစုမှ အဘိုးကြီးတစ်ယောက် ထွက်လာခဲ့သည်။ သူကလည်း ပျက်စီးခြင်းတာအိုသခင်တစ်ပါး ဖြစ်၏။

ယင်းက အင်မော်တယ်အကယ်ဒမီမှ တပည့်တချို့ကို တုန်လှုပ်စေသည်။

ထိပ်တန်းအင်အားစုတချို့တွင်ပင် ပျက်စီးခြင်းတာအိုသင်က ခေါင်းဆောင်ကြီးအဆင့် ဖြစ်တည်မှုများ ဖြစ်နိုင်သည်။

ကောင်းကင်ကိုးခုအထက် တားမြစ်မိသားစုကတော့ အောက်လောကသို့ ဆင်းသက်ရာတွင် ပျက်စီးခြင်းတာအိုသခင်ကို ခေါ်ဆောင်လာနိုင်ခဲ့ပေသည်။

ယင်းက လူတချို့ကို တုန်လှုပ်စေသည်။

တားမြစ်မိသားစုတစ်ခုကပင် ဤမျှ ကြောက်စရာကောင်းနေပြီ။

သူတို့၏နောက်ကွယ်မှ အသက်တားမြစ်နယ်မြေဆိုလျှင် မည်မျှ အားကောင်းပါမည်နည်း။

မဟာအကြီးအကဲ၏ မျက်နှာက မှုန်ကုပ်သွားသည်။

တစ်ဖက်လူများက အင်မော်တယ်အကယ်ဒမီကို လုံးဝ လျစ်လျူရှုထားကာ အရေးမစိုက်ပေ။

သို့သော်လည်း မဟာအကြီးအကဲမှာ တုံ့ဆိုင်းရသည်။ နောက်ဆုံးမှာတော့၊ တားမြစ်မိသားစုဆိုသည်မှာ အင်မော်တယ်အကယ်ဒမီအတွက် ရင်ဆိုင်ရလွယ်ကူသောအရာ မဟုတ်ပေ။

ထိုအချိန်တွင် တောင်ပေါ်မှ ဆင်းလာသော ကျားမလေးတစ်ကောင်ကဲ့သို့ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"အကြီးအကဲ၊ ဒီကိစ္စက အင်မော်တယ်အကယ်ဒမီနဲ့ တကယ်ကို မဆိုင်ပါဘူး။ သူတို့က ကျွန်မကိုရှာဖို့ ရောက်လာကြတာ"

ကျန်းလော့လီ ရောက်လာလေ၏။

ကျန်းလော့လီက ကျွင်းရှောင်ယောက်၏အနားတွင် ရှိနေစဉ်သာ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော ကလေးမလေးတစ်ယောက်ပမာ ပြုမူတတ်သည်။

အပြင်လူများအတွက်တော့ အနည်းငယ်မျှ သည်းခံနေမည် မဟုတ်ချေ။

နှစ်များ ကြာလာသည်နှင့်အမျှ သူမ၏စိတ်မှာလည်း ပို၍ ရင့်ကျက်လာခဲ့သည်။

ယခုအချိန်တွင်၊ ကောင်းကင်ကိုးခုအထက်မှ တားမြစ်မိသားစုကို ရင်ဆိုင်နေရသော်လည်း သူမက အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ အလွန်တည်ငြိမ်မှုရှိပေသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ..."

ယုမိသားစုဝင်များက ကျန်းလော့လီကို မြင်သောအခါ သူတို့၏မျက်လုံးများ တောက်ပလာကြသည်။

သူတို့နောက်ကွယ်က ရှန်းလင်ရှိ အကျော်အမော်၏အမွေကို ဤကလေးမလေး၏လက်ထဲ ရောက်သွားမည်ဟု မမျှော်လင့်ခဲ့ပေ။

"ဒီနေ့ မင်း ငါတို့နဲ့အတူ ကောင်းကင်ကိုးခုအထက်ကို လိုက်ခဲ့ရမယ်"

ယုမိသားစုမှ နတ်ဘုရားတစ်ပါးကဲ့သို့ လူငယ်တစ်ဦးက တစ်လှမ်းချင်း ထွက်လာခဲ့သည်။

ထိုလူငယ်က ယုကန်းပင်။

သူ့နှုတ်ခမ်းထောင့်မှာတော့ အေးစက်စက် အပြုံးတစ်ခုက ခပ်ယောင်ယောင် ခိုတွဲနေသည်။

သို့သော်လည်း ဤအေးစက်မှုက ကျန်းလော့လီကို မဟုတ်ပေ။ ကျွင်းရှောင်ယောက်ကိသာ ရည်ရွယ်သည်။

ကျန်းလော့လီက ယုစန်း၏ အေးစက်မှုကို သဘာဝအတိုင်း ခံစားနိုင်ပေသည်။

သူက အေးစက်စက် ပြောလိုက်သည်။

"ကောင်းကင်ကိုးခုအထက်က တားမြစ်မိသားစုဆိုတာ ဘယ်လောက်တောင် အရှိန်အဝါကြီးလိုက်သလဲ"

"ငါ့ကိုကိုရှောင်ယောက်သာ တံခါးပိတ်လေ့ကျင့်မနေရင် နင် ဒီစကားမျိုး ပြောနိုင်ဦးမယ်လို့ ထင်လား"

ကျန်းလော့လီ၏ စကားကြောင့် ယုစန်း၏မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။

"ငါ့ညီလေးဟာ ရွှီထျန်းလောကမှာ ကျွင်းရှောင်ယောက်ကြောင့် သေဆုံးသွားခဲ့တယ်။ ဒီအကြွေးကိုတောင် မဖြေရှင်းရသေးဘူး"

"နင့်ရဲ့ညီလေးက ဘယ်သူလဲ"

ကျန်းလော့လီက စိတ်ရှုပ်ထွေးဟန်ဖြင့် ပြောလိုက်သည်။

ထိုအချိန်က သူဟာ ယုမိသားစု၏ နှောင့်ယှက်မှုကို အမှန်တကယ် ရင်ဆိုင်ခဲ့ရသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ဓားအလင်းတစ်ခုဖြင့် အားလုံးကို သတ်ပစ်လိုက်၏။

ထို့ကြောင့် ကျန်းလော့လီသည် တစ်ဖက်လူ၏ ညီလေးက ဘယ်သူလဲဆိုတာကို အမှန်တကယ် မသိခဲ့ပေ။

"မင်း..."

ယုကန်း၏ မျက်နှာက မည်းမှောင်သွားသည်။ သူ့မျက်လုံးများမှာလည်း အေးစက်စက် အလင်းရောင်တစ်ခု ပေါ်လာခဲ့၏။

သူ့ညီလေးက ကျွင်းရှောင်ယောက်၏လက်မှာ သနားစရာကောင်းအောင် သေဆုံးသွားခဲ့သည်။

သို့ရာတွင်၊ ကျန်းလော့လီက စိတ်ရှုပ်ထွေးနေပုံရပြီး သူ့ညီလေးကိုပင် မသိပေ။

ဒါက နှိမ့်ချစော်ကားလိုက်တာပဲ မဟုတ်လား။

"လော့လီကို ခေါ်သွားချင်ရင် မင်းက အရည်အချင်းမပြည့်မီဘူး"

ထိုစဉ်၊ နောက်ထပ် လူတစ်စု ရောက်လာကြသည်။

ကျန်းမိသားစု၊ ကျွင်းမိသားစုနှင့် ကျွင်းရှောင်ယောက်၏ နောက်လိုက်များ၊ သူငယ်ချင်းများနှင့် အခြားသူများလည်း ပါဝင်ပေသည်။

သူတို့အားလုံးက ကျွင်းရှောင်ယောက်နှင့် တစ်နည်းတစ်ဖုံ ပတ်သက်ကြသူများ ဖြစ်သည်။

ယခုလေးတင် စကားပြောလာသူကတော့ ကျန်းမိသားစုမှ ရှေးဟောင်းလူထူးဆန်း ကျန်းထျန်းယန်ပင်။

သူသည် ရှန်းကုကမ္ဘာတွင် မွေးဖွားလာခဲ့ပြီး ကျွင်းမိသားစုမှ လူငယ်များကိုလည်း အကူအညီများ ပေးခဲ့သည်။

သို့သော်လည်း ယုကန်းက သူ့အား အေးစက်စက် ကြည့်လိုက်သည်။

ထို့နောက် လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားပြီး ကျန်းထျန်းယန်ကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။

"မင်း..."

ကျန်းထျန်းယန်လည်း ချက်ချင်း တုံ့ပြန်ပြီး ခုခံလိုက်သည်။

သို့သော်...

ရလဒ်အနေဖြင့် ကျန်းထျန်းယန်က သွေးတစ်ပွက်အန်ပြီး နောက်သို့ဆုတ်သွားရတော့သည်။

"ဒါက..."

အနီးနားရှိ အင်မော်တယ်အကယ်ဒမီ၏ တပည့်များအားလုံး အံ့အားသင့်သွားကြသည်။

မည်သို့ပင်ဆိုစေ၊ ကျန်းထျန်းယန်က ကျန်းမိသားစု၏ ရှေးဟောင်းလူထူးဆန်းတစ်ဦး ဖြစ်နေသေးသည်။

သူ့အင်အားကို ထိပ်တန်းအဆင့်ဟု မဆိုနိုင်သော်လည်း လူတိုင်း ထိပါး၍မရပေ။

ယခု‌တော့ တားမြစ်မိသားစုမှ ပါရမီရှင်ကြောင့် တစ်ချက်တည်းဖြင့် ဒဏ်ရာရသွားပြီ ဖြစ်သည်။

"နိယာမရှစ်ပါး၊ ဒါက အနည်းဆုံး နိယာမရှစ်ခုရဲ့ စွမ်းအားပဲ"

အင်မော်တယ်အကယ်ဒမီမှ တပည့်တစ်ဦးက မနေနိုင်ဘဲ အော်ပြောလိုက်သည်။

ယင်းကြောင့် ပါရမီရှင်များစွာမှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။

အဓိပဓိနယ်ပယ်တွင် တစ်စုံတစ်ယောက်၏ ခွန်အားက နိယာမအရေအတွက်နှင့် နီးကပ်စွာ ဆက်စပ်မှုရှိကြောင်း သိထားကြရမည် ဖြစ်သည်။

နိယာမလေးပါးကို နားလည်သူက နိယာမနှစ်ပါးကိုသာ နားလည်သူကို အလွယ်တကူ ချေမှုန်းနိုင်ပေသည်။

သို့သော်လည်း နိယာမတစ်ခုကို ပေါင်းစည်းခြင်းမှာ အလွန်ခက်ခဲသည်။

လူတိုင်းက ကျွင်းရှောင်ယောက်ကဲ့သို့ နိယာမများကို ပေါ့ပေါ့ပါးပါး နားလည်နိုင်စွမ်း မရှိပေ။

ပါရမီရှင်များစွာအတွက် အဓိပဓိနယ်ပယ်တွင် နိယာမသုံးခု၊လေးခုကို နားလည်နိုင်လျှင် အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။ ထို့နောက်၊ နောက်နယ်ပယ်တစ်ခုကို ချိုးဖြတ်လိုက်ကြလိမ့်မည်။

ယခုတော့ ယုကန်းက နိယာမရှစ်ခု၏ စွမ်းအားကို အမှန်တကယ် အသုံးပြုခဲ့သည်။

ဒါက အဆုံးစွန်နယ်ပယ်နှင့် အလွန့်အလွန် နီးစပ်နေပြီ။

ကျန်းထျန်းယန်က တစ်ချက်တည်းဖြင့် ဒဏ်ရာရရှိသွားတာ အံ့ဩစရာမဟုတ်တော့ပေ။

"ဒါက ကောင်းကင်ကိုးပါးအထက်က ပါရမီရှင်ရဲ့ စွမ်းအားပဲလား၊ သူက အစွမ်းထက်လွန်းတယ်"

"တားမြစ်မိသားစုရဲ့ ပါရမီရှင်တွေတောင် အဓိပတိနယ်ပယ်မှာ အဆုံးစွန်အဆင့်ကို နီးစပ်နိုင်တယ်။ အသက်တားမြစ်နယ်မြေက ပါရမီရှင်တွေဆိုရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ"

အားလုံး တုန်လှုပ်သွားကြသည်။

ကောင်းကင်ကိုးပါးအထက်မှ သတ္တဝါများက အင်မော်တယ်နယ်မြေကြီးကို အထင်သေးကြသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။

"ငါတို့လည်း ကောင်းကင်ကိုးပါးအထက်မှာ လေ့ကျင့်နိုင်ရင်... အင်မော်တယ်နယ်မြေကြီးမှာ လေ့ကျင့်တာထက် အများကြီး ပိုကောင်းမွန်မှာ မဟုတ်လား"

တပည့်များစွာက ထိုအကြောင်းကို ရုတ်တရက် တွေးလိုက်မိကြသည်။

သို့ရာတွင်၊ သူတို့သွားချင်သော်လည်း အခွင့်အရေးမရှိပါ။

တစ်ဖက်မှာတော့ ကျန်းလော့လီက အခွင့်အလမ်းရှိသည့်တိုင် မသွားလိုပေ။

"နင်တို့ တရားလွန်သွားပြီ..."

ကျန်းလော့လီ၏ လှပသောမျက်နှာလေးက အေးစက်သွားသည်။

ကျန်းမိသားစုရဲ့ လူတစ်ယောက်ကို ဒဏ်ရာရအောင်လုပ်ပြီး သူ့ကို ခေါ်သွားချင်တာလား။

"ငါက ကိုကိုရှောင်ယောက်နဲ့ပဲ အတူနေမယ်။ နင်တို့ရဲ့ စိတ်ကူးကို စွန့်လွှတ်ပြီး ပြန်လိုက်ကြတော့။ အနည်းဆုံးတော့ ငါက နင်တို့နဲ့မလိုက်ဘူး"

ကျန်းလော့လီက ယုမိသားစုအပေါ်မှာ‌ ကောင်းမွန်သောအမြင် မရှိတော့ပေ။ အထင်မြင်သေးပြီး စက်ဆုပ်မှုတို့ပင် ခံစားခဲ့ရသည်။

သူမက ကောင်းကင်ကိုးပါးအထက်မှ အခွင့်အရေးတစ်ခုရခဲ့သည်။

ယုတ္တိနည်းအရ၊ သူ့ကို လာခေါ်လျှင်ပင် ယဉ်ကျေးရမည်။

ရလဒ်အနေဖြင့်၊ ယုမိသားစုက သူ့အား အကျဉ်းသားတစ်ဦးကဲ့သို့ ခေါ်ဆောင်သွားလိုသည်။

သို့ရာတွင်၊ ကျန်းလော့လီက မှန်းဆမိခဲ့သည်။

ဤသည်က၊ ယုမိသားစုနောက်ကွယ်မှ တားမြစ်နယ်မြေ၏အကြံ မဖြစ်နိုင်ပေ။

ယုမိသားစု၏ သဘောထားသက်သက် ဖြစ်သည်။

အကြောင်းမူ၊ ကျွင်းရှောင်ယောက်က ယုမိသားစုဝင်တချို့ကို သတ်လိုက်ခြင်းကြောင့်ပင်။

ထို့ကြောင့် ယုမိသားစုက မပျော်ရွှင်တော့ပါ။

ယုကန်းကလည်း သူ့ညီကိစ္စကြောင့် ဤသဘောထားမျိုး ရှိခဲ့သည်။

" ကျွင်းရှောင်ယောက် ဘယ်မှာလဲ။ သူ့ကို ထွက်လာခိုင်းလိုက်စမ်း"

ယုကန်းမှာ ကျွင်းရှောင်ယောက်၏အမည်ကို ကြားလိုက်သောအခါ ပို၍ ဒေါသထွက်လာသည်။

သူ့ညီလေးကို သတ်ဖြတ်ခဲ့သည့် ရန်သူနှင့် တွေ့ချင်သေးသည်။

ထိုအချိန်တွင် အမျိုးသမီးတစ်ဦး၏ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ကျွင်းရှောင်ယောက်ကို ငါတို့ ကျိမိသားစုကလည်း တွေ့ချင်တယ်"

"ဝုန်း"

အားကောင်းသော အငွေ့အသက်များဖြင့် အခြားလူတစ်စု ရောက်လာကြ၏။

"နောက်ထပ် တားမြစ်မိသားစုတစ်ခု..."

အင်မော်တယ်အကယ်ဒမီတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။ တအံ့တဩဖြင့် ပြောဆိုသံများလည်း ထွက်ပေါ်လာတော့သည်။

All Chapters