← Chapters

အခန်း ၁၁၉၅

Vol. 80 Ch. 1195

အခန်း ၁၁၉၅

Vol. 80 Ch. 1195

အခန်း ( ၁၁၉၅ ) တားမြစ်မိသားစု သုံးခုမှ ဖိအားပေးခြင်း။

ဤအချိန်မျိုးတွင် တားမြစ်မိသားစုများ အောက်လောကသို့ ဆင်းသက်လာခြင်းမှာ အရပ်ရပ်၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်။

အတိုင်းအတာတစ်ခုအထိ၊ ဤတားမြစ်မိသားစုများက ၎င်းတို့နောက်ကွယ်ရှိ တားမြစ်နယ်မြေများ၏ သဘောထားကို ကိုယ်စားပြုပေသည်။

ထို့ကြောင့်ပင် ဤတားမြစ်မိသားစုများက မောက်မာပြီး ဝံ့ကြွားနေခြင်း ဖြစ်နိုင်သည်။

ယုမိသားစုက ပထမဆုံး ပေါ်လာသည်။ သူတို့က ကျန်းလော့လီအတွက် လာရောက်ခြင်းဖြစ်သော်လည်း ကျွင်းရှောင်ယောက်ကိုပါ ပစ်မှတ်ထားသည်။

ယခုတော့ ကျိမိသားစုလည်း ထပ်ရောက်လာပြီ။ သူတို့ကလည်း ကျွင်းရှောင်ယောက်ကို ပစ်မှတ်ထားကြ၏။

"တချို့က ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို ပြဿနာရှာခြင်းဘုရင်ကြီးလို့ ခေါ်ကြတာ အံ့ဩစရာ မဟုတ်တော့ပါဘူး"

"ဒါပေမဲ့ ကျိမိသားစုက ကျွင်းသားစုရဲ့ နတ်ဘုရားသားတော်ကို ဘာဖြစ်လို့ ဒေါသထွက်နေကြတာလဲ"

လူတော်တော်များများက စိတ်ရှုပ်ထွေးသွားကြသည်။

"ကျွင်းရှောင်ယောက်က ရှန်းရွှီကမ္ဘာမှာ ငါတို့ ကျိမိသားစုရဲ့ ပါရမီရှင် ကျိတောက်ရီကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေခဲ့တယ်။ အဲဒါကြောင့်ပဲ အစ်ကိုတောက်ရီက တိုင်းတပါးရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရတာ"

"ဒီနေ့မှာ ငါတို့က သူ့ဆီကနေ ဖြေရှင်းချက်လိုချင်တယ်"

ကျိရင်ရင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

သူမနှင့် ကျိတောက်ရီသည် ငယ်ချစ်သူများ ဖြစ်ခဲ့သည်။

ကျိတောက်ရီသည် သူပိုင်ဆိုင်သော အခွင့်အလမ်းတစ်ခုက ကောင်းကင်ကိုးခုတွင်မဟုတ်ဘဲ ‌အင်မော်တယ်နယ်မြေကြီးမှာဖြစ်ကြောင်း ပြောခဲ့ဖူး၏။

သူ အောင်မြင်ပြီး ပြန်လာသောအခါ သူမကို လက်ထပ်ပေလိမ့်မည်။

သို့ရာတွင်၊ သူတို့နှစ်ဦးက ထာဝရ ခွဲခွာလိုက်ရမည်ဟု မည်သူထင်ထားခဲ့မည်နည်း။

သို့သော်လည်း ကျိရင်ရင်၏ စကားကိုကြားတော့ အင်မော်တယ်အကယ်ဒမီမှ တပည့်များစွာမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဤမိန်းကလေး၏ ဦးနှောက်တွေးခေါ်မှုက တကယ်ကို တစ်ခုခုပင်။

ဤအကြွေးကို ကျွင်းရှောင်ယောက်အပေါ်တွင် မည်သို့ပုံချနိုင်မည်နည်း။

ကျွင်းရှောင်ယောက်က လူအတော်များများကို ဒဏ်ရာရစေခဲ့ဖူးသည်။ သို့ဆိုလျှင်၊ နောက်ပိုင်းမှာ ထိုလူများသေသွားသောအခါ ကျွင်းရှောင်ယောက်ကို အပြစ်တင်ရမည်လော။

"ဒီမိန်းမက ဦးနှောက်မရှိဘူးထင်တယ်။ ဒီကိစ္စမှာ နတ်ဘုရားသားတော်ကို ဘယ်လိုလုပ်ပြီး အပြစ်တင်နိုင်မှာလဲ"

"တစ်ယောက်‌ယောက်ကို အပြစ်တင်ချင်ရင် ကျိတောက်ရီက အားနည်းလွန်းတာကိုပဲ အပြစ်တင်ရမယ်။ သူက အားနည်းလို့ တိုင်းတစ်ပါးသားတွေလက်ချက်နဲ့ သေဆုံးသွားတာလေ။ ဘယ်သူကို အပြစ်တင်လို့ ရမှာလဲ"

"အမှန်ပဲ၊ လူသားအင်မော်တယ်ဂိုဏ်းကတောင် ဒီအတွက် ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို အပြစ်မဆိုဘူး။ ကျိမိသားစုက ကောင်းကင်ကိုးခုအထက်က မိသားစုဆိုပေမဲ့ ကျွင်းမိသားစုကိုတိုက်ခိုက်ဖို့ အရည်အချင်းရှိပါ့မလား"

လူတချို့က အချင်းချင်း တီးတိုးပြောဆိုလိုက်ကြသည်။

ဤအမျိုးသမီးက အနည်းငယ် ဉာဏ်နည်းသည်ဟု လူတိုင်းက ခံစားလိုက်ကြရလေသည်။

ကျိရင်ရင်က လူတိုင်း၏ အထင်မြင်သေးသော အကြည့်များကို ခံစားမိပုံရသည်။ ရှက်ရွံ့စွာဖြင့် သူ့မျက်နှာက အနည်းငယ်နီမြန်းသွား၏။

သို့‌သော်လည်း သူမက မာန်တင်းနေဆဲ ဖြစ်သည်။

နောက်ဆုံးမှာတော့ သူမက ကောင်းကင်ကိုးခုအထက်မှ ဆင်းသက်လာခဲ့သူ မဟုတ်လော။ သူမ၏နောက်တွင် တားမြစ်မိသားစုနှင့် အသက်တားမြစ်နယ်မြေ ရှိသည်။

အင်မော်တယ်နယ်မြေကြီးမှ အင်အားစုတိုင်းက သူမကို မျက်နှာပေးရလိမ့်မည်။

သို့သော်... အခြားသူများက သူမကို ကြောက်ကြလျှင်ပင် ကျန်းလော့လီကတော့ မကြောက်ပေ။

ကျိရင်ရင်၏စကားကို ကြားရသောအခါ ဒေါသထွက်လွန်းသဖြင့် အော်ရယ်လိုက်ချင်သည်။

"နင်က တကယ်ကို ထူးဆန်းတဲ့ အတွေးအခေါ်ရှိတဲ့ မိန်းမပဲ"

"ဒါဆိုရင် ငါနင့်ကို အခု ပါးရိုက်လိုက်ပါပြီတဲ့။ နင်က ကလေးတစ်ယောက်လိုငိုယိုပြီး အိမ်ပြန်ပြေးမယ်။ ပြီးရင် နင်က လေ့ကျင့်နေတုန်း သွေးလေဖောက်ပြန်ပြီး မိုးကြိုးပစ်လို့ သေမယ်"

"အဲဒီအခါ ကျိမိသားစုက နင့်ကို ငါသတ်လိုက်တာဆိုပြီး အကြွေးရှင်းရအောင် ရောက်လာမှာလား"

ကျန်းလော့လီက နှုတ်ခမ်းကိုမဲ့ပြီး ပြောလိုက်သည်။

သူမ၏ ကိုကိုရှောင်ယောက်ကို ဤဦးနှောက်မရှိသော အမျိုးသမီးမှ စော်ကားခွင့် မည်သို့ပြုနိုင်ပါမည်နည်း။

"နင်..."

ကျိရင်ရင် ဒေါသတကြီး ဖြစ်သွားသည်။

ကျန်းလော့လီ၏ စကားများက စော်ကားလွန်းသဖြင့် သူမ သည်းမခံနိုင်တော့ပေ။

ထိုအချိန်တွင်၊ ယုကန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ကျိမိသားစုက အားလုံးပဲ... ဒီမိန်းကလေးက ငါတို့မိသားစုရဲ့ နောက်ကွယ်က ရှန်းလင်နဲ့ ပတ်သက်နေတယ်။ သူနဲ့ မငြင်းခုန်ပါနဲ့"

ယုကန်း၏ စကားကြောင့် ကျိရင်ရင်မှာ အသက်ပြင်းပြင်းရှူရင်း သူ့ကိုယ်သူ ထိန်းချုပ်လိုက်ရသည်။

သူမက ကျွင်းရှောင်ယောက်ထံမှ‌ ဖြေရှင်းချက်တောင်းရန် ရောက်လာခြင်းဖြစ်ပြီး အခြားသူများနှင့် ပြဿနာဖြစ်ရန်မဟုတ်ပေ။

"ကောင်းပြီ၊ ကျွင်းရှောင်ယောက်ကို ထွက်လာခိုင်းလိုက်ပါ"

ယုကန်းက ပြောလိုက်သည်။

"မင်းမှာ ဒီစကားပြောဖို့ အခွင့်မရှိဘူး"

ရီယုက ရှေ့သို့လှမ်းကာ အေးစက်စက် ပြောလိုက်သည်။

"ဟုတ်လား"

ယုကန်းက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

ရီယုကလည်း သတိရှိသည်။ သူက လေးညှို့ကိုတင်ကာ မြှားဖြင့် ပစ်လိုက်သည်။

နိယာမစွမ်းအားက စုစည်းလာပြီး မြှားကိုးစင်းအဖြစ် ပြောင်းလဲသွား၏။

ဟုန်ယွိမှ နေကိုးစင်းကို ပစ်ချရန် မြှားကိုးစင်းကို ပစ်လိုက်သကဲ့သို့ပင်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရီယုက ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရသည်။ သို့ရာတွင်၊ သူ့မျက်နှာက အေးစက်နေဆဲပင်။

"စိတ်ဝင်စားစရာပဲ၊ မင်းက ငါ့ရဲ့ လက်ဝါးရိုက်ချက်ကို ခံနိုင်ရည်ရှိတယ်။ ကြည့်ရတာ မင်းက အင်မော်တယ်အကယ်ဒမီမှာ အစွမ်းအထက်ဆုံး ပါရမီရှင် ဖြစ်ပုံရတယ်"

ယုကန်းက လက်နှစ်ဖက်ကို နောက်ပစ်ပြီး နှုတ်ခမ်းတွန့်ရုံပြုံးကာ ပြောလိုက်သည်။

"ငါက သခင်လေးရဲ့ နောက်လိုက်တစ်ယောက်ထက် မပိုဘူး"

ရီယုက အေးစက်စက် ပြောလိုက်၏။

ယုကန်း၏ မျက်နှာက အေးစက်တင်းမာသွားသည်။

ရှက်စရာကောင်းလွန်းသည်။

သူ့အမြင်တွင် ရီယု၏အင်အားက မဆိုးပေ။ ရီယုက သူနှင့်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီသည်။

သို့သော်...

ဤမျှအစွမ်းထက်သော ပါရမီရှင်က ကျွင်းရှောင်ယောက်၏ နောက်လိုက်တစ်ယောက်ပဲလား။

'ဒီကျွင်းရှောင်ယောက်က ဘယ်လိုလူလဲ'

ယုကန်း၏ အမူအရာက ပြောင်းလဲသွားသည်။

ထိုစဉ်... ကြယ်ကောင်းကင်မှ နောက်ထပ် အသံတစ်ခု ထပ်ထွက်လာသည်။

"ကျွင်းရှောင်ယောက်ကို အခု ထွက်လာခိုင်းလိုက်စမ်း"

ကောင်းကင်ကိုးခုအထက်မှ အငွေ့အသက်ကို သယ်ဆောင်ထားသော အခြားလူတစ်စု ရောက်လာကြ၏။

မြင့်မြတ်ဝိညာဉ်အပျက်အယွင်း၏ ထောက်ခံမှုဖြင့် ကျင်းမိသားစု ရောက်လာပြီ။

အရပ်ရပ်မှ အသက်ပြင်းပြင်းရှူသံများ ထွက်ပေါ်လာသည်။

လူအများစုက နေရာတွင်ရပ်နေရင်း အနည်းငယ် ထုံကျဉ်သွား၏။

တားမြစ်မိသားစု သုံးခု ရှိပြီ။

အားလုံးက ကျွင်းရှောင်ယောက်အတွက် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

"နတ်ဘုရားသားတော်က နေရာအနှံ့မှာ‌ လေနဲ့မိုးကို ပြောင်းလဲစေခဲ့တဲ့အပြင် ကောင်းကင်ကိုးခုတောင် သူ့ကြောင့် ရွေ့လျားနေပုံရတယ်"

ပါရမီရှင်များစွာက သက်ပြင်းချလိုက်မိကြသည်။

ကျွင်းရှောင်ယောက်သာလျှင် ကောင်းကင်ကိုးခုအထက်မှ တားမြစ်မိသားစုသုံးခုကို ဆင်းသက်လာစေနိုင်စွမ်းမျိုး ရှိသည်။

ဤအချိန်တွင်၊ အင်မော်တယ်အကယ်ဒမီ၏ မဟာအကြီးအကဲပင်လျှင် အမူအရာ ပြောင်းလဲသွားမိသည်။

ဒါက တားမြစ်မိသားစုသုံးခု ဖြစ်၏။

တစ်နည်းဆိုရသော်၊ ၎င်းတို့‌၏နောက်ကွယ်တွင် ရှေးဟောင်းတားမြစ်နယ်မြေ သုံးခုရှိသည်။

ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကို မဆိုထားဘိ။

ထိပ်သီး အင်မော်တယ်အင်အားစုများပင်လျှင် ဤကဲ့သို့သောဖိအားမျိုးကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

အင်မော်တယ်ခုံရုံး၊ အမှောင်ကမ္ဘာနှင့် ကျွင်းမိသားစုကဲ့သို့ အုပ်စိုးသူအဆင့် အင်အားစုအနည်းငယ်မှလွဲ၍ ဤအခြေအနေကို ခံနိုင်ရည်ရှိသော အင်အားစုမှာ နည်းပါးလွန်းလှသည်။

"ငါတို့ တားမြစ်မိသားစုသုံးခု ပေါ်လာပေမဲ့ ကျွင်းရှောင်ယောက်ကတော့ ထွက်လာတွေ့ဖို့ စိတ်ကူးမရှိသေးဘူး။ ဒါက သူဟာ ငါတို့အပြင် ငါတို့နောက်ကွယ်က တားမြစ်နယ်မြေတွေကိုလည်း အလေးအနက်မထားဘူးလို့ ပြောလိုက်တာ မဟုတ်လား"

ယုကန်းက ကျားသားရေကို ဆွဲထုတ်ကာ အင်မော်တယ်အကယ်ဒမီကို ဖိအားပေးလိုက်သည်။

အင်မော်တယ်အကယ်ဒမီ၏ မဟာအကြီးအကဲမှာလည်း မျက်နှာကြီး မည်းမှောင်လာခဲ့သည်။

ထိုအချိန်တွင်၊ ရေခဲတမျှ အေးစက်ပြီး ကြီးစိုးသော စကားသံတစ်ခု ထွက်ပေါ်လာသည်။

"ရှောင်ယောက်က တံခါးပိတ်လေ့ကျင့်နေတာကို ဘယ်သူက နှောင့်ယှက်ဝံ့သလဲ"

ဘုရင်မတစ်ပါးကဲ့သို့ အရှိန်အဝါကြီးမားသော အသံတစ်ခု ထွက်ပေါ်လာ၏။

ထို့နောက်မှာတော့ အပြာရောင် ဆံပင်ရှည်ဖြင့် လှပသော အမျိုးသမီးတစ်ဦး ပေါ်လာတော့သည်။

လော့ရှန်းလင် ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ရှေ့တွင် သူမက နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးကဲ့သို့ပင်။

သို့သော်လည်း၊ ကျွင်းရှောင်ယောက်အပေါ် တားမြစ်မိသားစုသုံးခုက ဖိအားပေးလာသောအခါ ဘုရင်မတစ်ပါးကဲ့သို့ လွှမ်းမိုးမှုတို့ကို ထုတ်ဖော်လာခဲ့ပြီ ဖြစ်သည်။

"ဧကရာဇ်တစ်ပိုင်း...."

ယုကန်း၊ ကျိရင်ရင်နှင့် အခြားသူများ၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားသည်။

ဤအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ပေါ်လာချိန်တွင် မည်သူက တည်ငြိမ်မှုရှိမည်နည်း။

တစ်ချိန်တည်းမှာပင် လော့ရှန်းလင်၏အနောက်မှ ဦးခေါင်းတစ်လုံး ပြူထွက်လာသည်။

ထို့နောက် ငွေရောင်ဆံပင်ရှည်များကို ပိုင်ဆိုင်ထားပြီး အဖြူရောင်ဝတ်စုံဖြင့် ‌ကလေးမလေးတစ်ဦး ထွက်လာခဲ့လေသည်။

ရှောင်ချမ်ရွယ် ဖြစ်သည်။

"နင်တို့က ဖေဖေ့ကို လာနှောင့်ယှက်တဲ့ လူဆိုးတွေလား"

ရှောင်ချမ်ရွယ်က သတိထားပြီး ကြည့်လိုက်သည်။

"ဟင်"

တားမြစ်မိသားစုသုံးခုမှ အကျော်အမော်တချို့က ရှောင်ချမ်ရွယ်ကိုမြင်သောအခါ အမူအရာ ပြောင်းလဲသွား၏။

တစ်ဖက်လူထံမှ ထူးကဲသော အငွေ့အသက်ကို ခံစားရသည်။

သို့ရာတွင်၊ ယင်းက ထင်ယောင်ထင်မှား ဖြစ်နေသလိုမျိုး မရေရာပေ။

ထိုအချိန်တွင် ဧကရာဇ်တစ်ပိုင်း အငွေ့အသက်များဖြင့် ဘုရင်ဖုဖုန်း ထပ်ရောက်လာသည်။

ရုတ်တရက်၊ ဧကရာဇ်တစ်ပိုင်း နှစ်ယောက်က ကျွင်းရှောင်ယောက်ကို ကာကွယ်ရန် ပေါ်လာကြ၏။

ယင်းက တားမြစ်မိသားစုသုံးခု၏ လူများကို အနည်းငယ် လေးနက်လာစေသည်။

ကောင်းကင်ကိုးပါးအထက်မှ တားမြစ်မိသားစုများတွင်ပင်၊ ဧကရာဇ်တစ်ပိုင်းက သြဇာအရှိဆုံးနှင့် အမြင့်မြတ်ဆုံး ခေါင်းဆောင်ကြီးများ ဖြစ်နိုင်သည်။

ယခုတော့ ထိုအဆင့်တည်ရှိမှုနှစ်ခုက ကျွင်းရှောင်ယောက်အတွက် ချက်ချင်း ပေါ်လာပြီ။

ဧကရာဇ်တစ်ပိုင်းတွေက ဒီလောက်တောင် ပေါနေတာလား။

သို့သော်လည်း တားမြစ်မိသားစုသုံးခုက အပြည့်အဝ ပြင်ဆင်လာခဲ့သည်။

ယုမိသားစုက ကျောက်စာတိုင်တစ်ခုကို ထုတ်ယူလိုက်သည်။ ကျိမိသားစုက ပန်းချီစာလိပ်တစ်ခုကို ထုတ်ယူလိုက်၏။ နှစ်ခုစလုံးက ဧကရာဇ်အငွေ့အသက်များ ထွက်ပေါ်နေကြသည်။

၎င်းက ဧကရာဇ်တစ်ပါး၏ လက်ရာဖြစ်ကြောင်း ထင်ရှားသည်။ ဤသည်မှာ အောက်လောကသို့ ဆင်းသက်လာပြီးနောက် သူတို့ကို ခြိမ်းခြောက်ရန် အသုံးပြုသည့်နည်းလမ်းပင်။

လူတိုင်းက တိုက်ပွဲအငွေ့အသက်များကို ခံစားလာခဲ့ရသည်။

အင်မော်တယ်အကယ်ဒမီမှ တပည့်များလည်း အနည်းငယ် စိတ်လှုပ်ရှားလာကြ၏။ ဒီနေ့မှာ ကြီးမာတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာတော့မှာလား။

အခြေအနေက တင်းမာလာချိန်တွင်...

ရုတ်တရက်၊ အင်မော်တယ်အကယ်ဒမီ၏ နက်နဲရာအရပ်မှ တောက်ပသော အလင်းများ ထွက်ပေါ်လာသည်။

"ဒီနေ့မှာ ကောင်းကင်ကိုးခုအထက်က ဧည့်သည်တွေ ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး။ ငါ့ကို တကယ်ဂုဏ်ယူစေပါတယ်"

ဤသည်အသံက တည်ငြိမ်သော်လည်း လှောင်ပြောင်မှုအရိပ်အယောင်များ ပါဝင်နေ၏။

ဤသည်မှာ မထီမဲ့မြင်ပြုပြီး ရှုတ်ချမှုတစ်မျိုး ဖြစ်သည်။

"အဓိကဇာတ်ကောင် ရောက်လာပြီ"

All Chapters