← Chapters

အခန်း ၁၁၉၈

Vol. 80 Ch. 1198

အခန်း ၁၁၉၈

Vol. 80 Ch. 1198

အခန်း ( ၁၁၉၈ ) ရှန်းလင်မှ နတ်သမီး ယွင်ထျန်းမေ။

ယနေ့တွင်၊ အင်မော်တယ်အကယ်ဒမီမှ လူတိုင်း အမြင်ကျယ်ခဲ့ကြသည်။

ကောင်းကင်ကိုးခုအထက်မှ တားမြစ်မိသားစုက တားမြစ်နယ်မြေ၏ မျက်နှာကို ကိုယ်စားပြုသည်ဟု ဆိုနိုင်သည်။

တားမြစ်မိသားစုကို ဆန့်ကျင်နိုင်သော အင်အားစုမှ ပါရမီရှင်များပင်လျှင် ဤမျှ မပြတ်သားနိုင်ပေ။

နောက်ဆုံးမှာတော့၊ အနာဂတ်တွင် တားမြစ်နယ်မြေမှ မငြိမ်သက်မှုများ စတင်တော့မည်ကို လူတိုင်းသိကြသည်။

ဤအချိန်မျိုးတွင် တားမြစ်နယ်မြေကို စော်ကားခြင်းက ပညာမဲ့ရာကျပေသည်။

သို့သော်လည်း ယခုတော့ ကျွင်းရှောင်ယောက်က မတုံ့ဆိုင်းဘဲ အညှာတာမဲ့စွာ ချေမှုန်းပစ်ခဲ့သည်။

"အားကောင်းတဲ့ နောက်ခံရှိတာက တကယ်ကိုကောင်းပါတယ်။ ကိုယ်လုပ်ချင်တာကို မတုံ့ဆိုင်းဘဲ လုပ်နိုင်တယ်။ ငါလည်း နတ်ဘုရားသားတော်လို... ဘာကိုမှ စိတ်ပူစရာမလိုဘဲ ကောင်းကင်ကိုးခုကိုအထက်စီးကနေ ကြည့်နိုင်တဲ့ဘဝမျိုး ဘယ်တော့မှရောက်မှာလဲ"

အကယ်ဒမီမှ တပည့်တစ်ဦးက သက်ပြင်းချလိုက်သည်။

"မဟုတ်သေးပါဘူး... အန္တိမကပ်ဘေးကြီးရဲ့ ကျိန်စာက ကျွင်းမိသားစုကို လုံးဝ ထိခိုက်မှု မရှိဘူးလား။ ဒီလို မဖြစ်သင့်ဘူးလေ..."

နားမလည်နိုင် ဖြစ်နေသူများလည်း အများကြီး ရှိသေးသည်။ ကျွင်းမိသားစုကို သူတို့ လုံးဝ ခန့်မှန်းမရနိုင်ပေ။

အဝေးတွင်၊ အမှန်တရား၏သားတော်က ကျွင်းရှောင်ယောက်ကို တိတ်တဆိတ် ကြည့်နေသည်။

"သူက ကောင်းကင်အဓိပဓိငယ်ဖြစ်ပေမဲ့ သာမန် မဟာကောင်းကင်အဓိပဓိကို အလွယ်တကူ သတ်နိုင်တယ်။ နောက်ပြီးတော့ အဆုံးစွန်နယ်ပယ်ကိုတောင် ကျော်လွန်နေပြီလား..."

ကျွင်းရှောင်ယောက်မှ ပြသခဲ့သော ခွန်အားက အမှန်တရား၏သားတော်ကို နှုတ်ဆိတ်စေခဲ့သည်။

ထို့နောက် တိတ်တဆိတ်ပင် ထွက်သွားလေသည်။

အခြား နည်းလမ်းများ မရရှိလျှင်၊ သူက ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်ဖြစ်ဦးမည် မဟုတ်တော့ပေ။

တစ်ဖက်တွင်၊ ဟွမ်နျဲ့တောက်၏ အမူအရာမှာလည်း အေးခဲသွားပြီး စကားမပြောဘဲ ထွက်သွားခဲ့သည်။

ရှေးဧကရာဇ်၏ တိုက်ရိုက်သားတော်အနေဖြင့် သူသည် အလွန်ယုံကြည်မှုရှိသည်။ သူ၏ အရည်အချင်းနှင့် သွေးမျိုးဆက်အတွက်လည်း အမြဲ ဂုဏ်ယူခဲ့ပေသည်။

သို့သော်လည်း ဤသို့သော ကိုယ့်ကိုယ်ကို ယုံကြည်မှုနှင့် မာနက ကျွင်းရှောင်ယောက်ရှေ့တွင် အစိတ်စိတ်အမြွှာမြွှာ ပြိုလဲသွားကာ ရယ်စရာကောင်းတဲ့ပုံရသည်။

သူ့ကိုယ်သူ တိုးတက်လာစေရန် နည်းလမ်းမျိုးစုံသုံးရမည်။

မဟုတ်ပါက၊ ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ရန်နေနေသာသာ... ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်ဖြစ်ရန်ပင် အရည်အချင်းရှိမည် မဟုတ်ပေ။

ကျွင်းရှောင်ယောက်၏ ယခုတစ်ကြိမ် အောင်မြင်မှုက လူရွှင်တော်တချို့ကို ထိတ်လန့်စေခဲ့သည်ဟု ဆိုနိုင်သည်။ သူတို့က လွယ်လွယ်နှင့်တော့ လှည့်ကွက်များ ပြုလုပ်ဝံ့တော့မည် မဟုတ်ပေ။

လူအုပ်နှင့် အတန်ငယ်ဝေးကွာသောနေရာတွင်...

မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျိချင်းရီက အခြေအနေများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

"သူ...သိသလား"

ကျိချင်းရီက အရည်လဲ့နေသော မျက်ဝန်းတို့ဖြင့် ကျွင်းရှောင်ယောက်၏ ကျောပြင်ကို လှမ်းကြည့်လိုက်၏။

ကျိတောက်ရီက မည်သူ့လက်ထဲတွင် သေဆုံးသွားသည်ကို ကျွင်းရှောင်ယောက်မှ ခန့်မှန်းမိသင့်သည်ဟု သူ ခံစားရသည်။

အတိအကျပြောရလျှင်၊ ကျွင်းရှောင်ယောက်က ကျိချင်းရီအတွက် လုပ်ပေးခဲ့ရခြင်းပင်။

ကျိတောက်ရီကို သတ်ခဲ့သူမှာ ကျိချင်းရီ ဖြစ်သည်။ သို့သော်လည်း ကျိရင်ရင်က သူမ၏ ဒေါသအားလုံးကို ကျွင်းရှောင်ယောက်အပေါ် ပုံချလိုက်၏။

သို့ပေသော်ငြား၊ ကျိချင်းရီသည် ကျိတောက်ရီကို သတ်ခဲ့သူမှာ တိုင်းတပါးသားများဖြစ်ကြောင်း ပြောခဲ့သည်။

သူက ကျွင်းရှောင်ယောက်ကို တမင်တကာ လှည့်ကွက်သုံးခဲ့ခြင်း မဟုတ်ပေ။

ကျွင်းရှောင်ယောက်က အနည်းငယ်မျှပင် စော်ကားခံသူမဟုတ်ကြောင်း သူ သိထားသည်။

အမှန်လည်း၊ ကျွင်းရှောင်ယောက်က ကျိချင်းရီ၏ အစီအမံများကို မြင်နိုင်ပေသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ထုတ်ဖော်ရန် သို့မဟုတ် လိုက်စားရန် စိတ်မ၀င်စားပါ။

သူ့တွင် ရန်သူအများကြီးရှိသည်။

ကျိမိသားစုတစ်ခု သို့မဟုတ် ထို့ထက်ပိုတိုးလာလျှင်လည်း ဂရုမစိုက်တော့ပေ။

"ကျွင်းရှောင်ယောက်၊ ချင်းရီက နင့်ကို ကျေးဇူးပြန်ဆပ်သင့်သလား"

ကျိချင်းရီက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ မသိစိတ်မှ သူ့ပါးပြင်ကို လက်နှင့် စမ်းလိုက်မိ၏။

သူ့ပါးပြင်ပေါ်တွင် ကျွင်းရှောင်ယောက် ချန်ထားခဲ့သော အမှတ်အသားတစ်ခု ရှိသေးသည်။

ယင်းက သတိပေးချက်...

သူမကို အလွန်အကျွံ မလှုပ်ရှားစေရန် သတိပေးချက်တစ်ခု ဖြစ်သည်။

"သူက ပြိုင်စံရှားတဲ့ အရည်အချင်းနဲ့ ခွန်အားရှိတဲ့အပြင် ဉာဏ်ပညာနဲ့ အစီအမံတွေကလည်း နက်နဲတယ်။ သူက တကယ်ကို သူ့ရဲ့ခေတ်ပြိုင်‌တွေ စိတ်ဓာတ်ကျရအောင် တည်ရှိနေတဲ့သူပဲ"

ကျိချင်းရီလည်း သက်ပြင်းကိုသာ ချလိုက်မိသည်။

တစ်ဖက်တွင်၊ ကျန်းလော့လီနှင့် အခြားသူများက ကျွင်းရှောင်ယောက်နှင့် လိုက်သွားကြလေသည်။

သူတို့အားလုံး၏ မျက်လုံးများမှာတော့ သဘောကျမှုဖြင့် တောက်ပနေသည်။

ကျွင်းရှောင်ယောက်၏ လွှမ်းမိုးမှုနှင့် စွမ်းဆောင်ရည်က တကယ်ကို အံ့မခန်းပင်။

ကျန်းလော့လီဆိုလျှင် ပို၍ ပျော်ရွှင်နေခဲ့သည်။ သူမ၏ မျက်လုံးများမှာလည်း ဂုဏ်ယူမှုတို့က ဖုံးကွယ်မရတော့ပေ။

နောက်ဆုံးတွင်၊ ထိုအမျိုးသားက သူ့ကောင်လေး ဖြစ်သည်။

"အားလုံးပဲ၊ အခြေအနေအားလုံးအတွက် အဆင်သင့်ပြင်ထားကြဖို့ မျှော်လင့်တယ်"

ကျွင်းရှောင်ယောက်က သူ့ပတ်ဝန်းကျင်မှလူများကို ရုတ်တရက် ပြောလိုက်သည်။

လူတိုင်းက ဂရုတစိုက် နားထောင်နေကြ၏။

"ဒါက အဆုံးသတ်မဟုတ်ဘူး။ ပြောရရင် ကစားပွဲက အခုမှ စတင်မှာ"

"အနာဂတ်မှာ ကောင်းကင်ကိုးပါးအထက်ကနေ လှုပ်ရှားမှုတွေ ပိုများလာနိုင်တယ်"

ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ လူတိုင်းက ခေါင်းညိတ်လိုက်ကြလေသည်။

မမှားပေ။

ဤတစ်ကြိမ်တွင် မိသားစုကြီးသုံးခု၏ ပျက်စီးခြင်းက အစသာ ဖြစ်သည်။

ကောင်းကင်ကိုးခုအထက်မှ တားမြစ်မိသားစုများက ဤကိစ္စကြောင့် ကြောက်လန့်ပြီး အင်မော်တယ်နယ်မြေကြီးသို့ မလာရောက်ရန် မဖြစ်နိုင်ပေ။

"ဒါပေါ့၊ အရမ်းကြီးလည်း စိုးရိမ်နေဖို့ မလိုပါဘူး။ ပုံမှန်အတိုင်း လေ့ကျင့်မှုကိုပဲ အာရုံစိုက်ထား... ကပ်ဘေးတွေ ဆင်းသက်လာရင်တောင် ငါရှိတယ်"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

သူ့လေသံက ထူးခြားမှုမရှိသော်လည်း လူများကို ယုံကြည်စိတ်ချမှုတို့ ခံစားရစေခဲ့ပေသည်။

"မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာမယ်ဆိုရင် မကြာခင်မှာပဲ ကောင်းကင်ကိုးခုအထက် တားမြစ်နယ်မြေကနေ တစ်စုံတစ်ဦး ထပ်မံဆင်းသက်လာလိမ့်မယ်"

ကျွင်းရှောင်ယောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဘယ်လို"

လူတိုင်း အံ့သြသွား၏။

တားမြစ်နယ်မြေက တည်ရှိမှုတွေ ဆင်းသက်လာမှာလား။

ကျွင်းရှောင်ယောက်က ကျန်းလော့လီကို ကြည့်လိုက်သည်။

ကျန်းလော့လီကလည်း ဘာကိုဆိုလိုသည်ကို သဘာဝအတိုင်း သိလိုက်ပေသည်။

သူ့အမွေက တကယ်အရေးကြီးလျှင်...

ရှန်းလင်က တစ်ယောက်ယောက်ကို စေလွှတ်လိုက်သင့်သည်။

...........

နောက်ပိုင်းအခြေအနေများက ကျွင်းရှောင်ယောက် မျှော်လင့်ထားသင့်အတိုင်းပင်။

ဤတစ်ကြိမ်တွင် တားမြစ်မိသားစုသုံးခုမှ လူများ၏ သေဆုံးခြင်းက အင်‌မော်တယ်နယ်မြေကြီးကို အမှန်တကယ် တုန်ခါစေခဲ့သည်။

ကျွင်းရှောင်ယောက်၏ လုပ်ရပ်ကြောင့်လည်း အင်မော်တယ်အင်အားစုများစွာတို့ အံ့ဩသွား၏။

သို့တည်းမဟုတ်...

ကျွင်းမိသားစုက ကောင်းကင်ကိုးခု တားမြစ်နယ်မြေကိုတောင် ဂရုမစိုက်တာလား။

ကောင်းကင်ကိုးခုအထက်မှာလည်း လှုပ်ခတ်မှုများ ဖြစ်သွားခဲ့သည်။

တားမြစ်မိသားစုများစွာက ဒေါသထွက်သွားကြ၏။

ဤတွင်... သူတို့က ထိုမိသားစုသုံးစုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခြင်းကြောင့် မဟုတ်ပါ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က တားမြစ်မိသားစုသုံးခု၏ လူများကို ပေါ့ပေါ့ပါးပါး သတ်ခဲ့သည်။ ယင်းက အခြား တားမြစ်မိသားစုများကိုလည်း ဂရုမစိုက်ဘူးဆိုသည့်သဘော မသက်ရောက်ပေဘူးလား။

ကျွင်းရှောင်ယောက်က သူတို့၏ သာလွန်မြင့်မြတ်သော ခံစားချက်များ ပျောက်ကွယ်သွားစေသည်။

အင်မော်တယ်နယ်မြေကြီးရှိ အင်အားစုအားလုံးက ကောင်းကင်ကိုးခုအထက်မှ လှုပ်ရှားမှုကို စောင့်ဆိုင်းနေခဲ့ကြပေသည်။

မကြာလိုက်ပေ...

ထိတ်လန့်စရာ သတင်းတစ်ခု ထွက်ပေါ်လာသည်။

အချို့သော ကျင့်ကြံသူများက ကောင်းကင်တံတားရေဝဲမှ နတ်သမီးတစ်ပါး ထွက်လာ‌တာကို တွေ့လိုက်ရ၏။ ထိုနတ်သမီးက အင်မော်တယ်အကယ်ဒမီဘက်သို့ ဦးတည်သွားခြင်း ဖြစ်သည်။

ထိုသတင်းက အင်မော်တယ်နယ်မြေကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

နတ်သမီးဟု ခေါ်ရလောက်အောင် အရှိန်အဝါကြီးသူက တားမြစ်မိသားစုနှင့် မသက်ဆိုင်ဘူးဟု လူတော်တော်များများက ယုံကြည်ကြပေသည်။

၎င်းက အမှန်တကယ်ပင် တားမြစ်နယ်မြေမှ အကျော်အမော်တစ်ဦး ဖြစ်နိုင်သည်။

ဤသည်က တကယ်ကို တုန်လှုပ်စရာပင်။

တားမြစ်နယ်မြေမှ အကျော်အမော် ပေါ်လာသည်။

ယင်းကို လူတော်တော်များများက အာရုံစိုက်နေကြပြီး အနည်းငယ်လည်း စိုးရိမ်ပူပန်ခဲ့ပေသည်။

ကောင်းကင်ကိုးခုအထက်တွင် လျှို့ဝှက်ဆန်းကျယ်သော တားမြစ်နယ်မြေ ရှိသည်။

တားမြစ်နယ်မြေအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများ ရှိနေကြ၏။

သို့သော်လည်း တားမြစ်နယ်မြေအားလုံးက မငြိမ်သက်မှုများ၏ အရင်းအမြစ် မဟုတ်ပေ။

အချို့သော တားမြစ်နယ်မြေများက ကမ္ဘာနှင့် အမြဲဝေးကွာနေခဲ့ပြီး ဖရိုဖရဲကပ်ဘေးများတွင် ပါဝင်ခြင်းမရှိပါ။

လူများစွာက နတ်သမီး၏ အထောက်အထားနှင့် မူလဇာစ်မြစ်ကို စိတ်ဝင်စားနေခဲ့ကြသည်။

အင်မော်တယ်အကယ်ဒမီဘက်တွင်...

ထူးကဲသော အရှိန်အဝါဖြင့် နတ်သမီးတစ်ပါးက လေထဲမှ လျှောက်လှမ်းလာသည်။

အကယ်ဒမီမှ တပည့်များနှင့် အကြီးအကဲများလည်း ထွက်လာကြ၏။

တားမြစ်နယ်မြေရဲ့ အကျော်အမော်က အကြွေးရှင်းဖို့ ရောက်လာခဲ့ပြီလား။

လူတော်တော်များများက စိုးရိမ်စိတ်အနည်းငယ် ရှိနေခဲ့ကြသည်။

သို့သော်... နတ်သမီးထံမှ သဘာဝ၏ တေးသံကဲ့သို့ ချိုသာသော စကားသံ ထွက်ပေါ်လာလေသည်။

"ရှန်းလင်ရဲ့ ယွင်ထျန်းမေ ကျွင်းသခင်လေးနဲ့ တွေ့ရဖို့ မျှော်လင့်ပါတယ်"

ယွင်ထျန်းမေ အမည်ရှိသော နတ်သမီး၏ စကားများက ပတ်ဝန်းကျင်ရှိလူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူက တားမြစ်မိသားစုကမှ မဟုတ်တာ... သူက စစ်မှန်တဲ့ တားမြစ်နယ်မြေကနေ ရောက်လာတဲ့သူပဲ"

"ရှန်းလင်က တားမြစ်နယ်မြေဆယ်ခုထဲက တစ်ခုပဲ။ ကောလဟာလတွေအရ ရှန်းလင်ဟာ စစ်မှန်တဲ့ အင်မော်တယ်ရဲ့ အမွေအနှစ်ရှိတယ်လို့ ပြောကြတယ်"

"ကောလဟာလတချို့မှာဆိုရင်... ရှန်းလင်ဟာ အင်မော်တယ်ရဲ့ မျိုးဆက်တွေ တည်ထောင်ထားတဲ့ တားမြစ်နယ်မြေတဲ့"

လူများစွာမှာ တုန်လှုပ်သွားကြသည်။ ၎င်းက အင်မော်တယ်နှင့် အမှန်တကယ် ဆက်စပ်မှုရှိ၏။

မဟုတ်လျှင်၊ အဘယ်ကြောင့် ရှန်းလင်ဟု ခေါ်ဆိုရမည်နည်း။

သို့သော်လည်း လူတိုင်းကို ပို၍ အံ့အားသင့်သွားစေသည်မှာ...

နတ်သမီး ယွင်ထျန်းမေ၏ လေသံတွင် ရန်လိုမှုအရိပ်အယောင်တို့ကို မတွေ့‌ရခြင်း ဖြစ်သည်။

သူမက ယုမိသားစု၏ တိုင်တန်းမှုကြောင့် ရောက်ရှိလာခြင်း မဟုတ်တန်ရာပေ။

All Chapters