← Chapters

အခန်း ၁၁၉၉

Vol. 80 Ch. 1199

အခန်း ၁၁၉၉

Vol. 80 Ch. 1199

အခန်း ( ၁၁၉၉ ) ရှန်းလင်မှ ရှေးအကျော်အမော်၏ အမွေ။

လေထဲတွင် တောက်ပသော အလင်းရောင်စဉ်များနှင့်အတူ နတ်တိမ်များလည်း ရှိနေသည်။

နတ်တိမ်တိုက်များကြားမှ နတ်သမီး ယွင်ထျန်းမေက ကောင်းကင်မှ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်၏။

သူမက တကယ်ကို ကောင်းကင်ကိုးခုအထက်၊ ရှန်းလင်မှ ဆင်းသက်လာခဲ့သူ ဖြစ်ထိုက်သည်။ သူမ အသွင်အပြင်က အလွန်ထူးကဲပြီး သာမန်မဟုတ်ပေ။

သို့သော်လည်း၊ သူမ၏ တည်ရှိပုံက ယခင် တားမြစ်မိသားစုသုံးခုနှင့် မတူပါ။

နတ်သမီးယွင်ထျန်းမေ၏ အမူအရာက အလွန်တည်ငြိမ်အေးချမ်းသည်။

ဒေါသ သို့မဟုတ် မာန်မာန လုံးဝမရှိပေ။

ထိုအချိန်တွင် အင်မော်တယ်ခုံရုံးအတွင်းမှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"တားမြစ်နယ်မြေကနေ ရောက်လာတဲ့ နတ်သမီးကို ကြိုဆိုပါတယ်"

ကျွင်းရှောင်ယောက်နှင့် အခြားသူများ ပေါ်လာကြ၏။

နတ်သမီးယွင်ထျန်းမေ၏ မျက်လုံးများက အနည်းငယ် တောက်ပလာသည်။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်သော အမူအရာ...

ထူးကဲသော အရှိန်အဝါနှင့် ဖုန်မှုန့်ကမ္ဘာနှင့်ကင်းကွာသော အနေအထားမျိုး...

ကောင်းကင်ကိုးခုအထက်တွင်ပင် ထိုသို့သောသူ များစွာမရှိဘူးဟု ဆိုနိုင်သည်။

တားမြစ်နယ်မြေ၏ ထိပ်သီး အကျော်အမော်ကြီးများ၏ သားမြေးများ၊ အိပ်မောကျနေသော ရှေးဧကရာဇ်ငယ်များ စသည်တို့တွင်ပင် ကျွင်းရှောင်ယောက်၏ အရှိန်အဝါကို လိုက်မီနိုင်လောက်သူက အနည်းငယ်သာ ရှိသည်။

"အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်အကြောင်းကိုတော့ ကြားဖူးနေတာကြာပါပြီ။ ဒီနေ့ ကိုယ်တိုင်မြင်လိုက်ရတော့... ကောလဟာလတွေအတိုင်း တကယ်ကို မသေမျိုးတစ်ပါးလို တည်ရှိမှုပါပဲ"

နတ်သမီးယွင်ထျန်းမေက အနည်းငယ် ပြုံးလိုက်သည်။

"ယဉ်ကျေးလွန်းပါပြီ၊ ပြောရရင် နတ်သမီးယွင်ထျန်းမေကလည်း တကယ်ကို မသေမျိုးနတ်သမီးတစ်ပါးလိုပါပဲ။ ဒီကို ရောက်လာမှတော့ ဧည့်သည်တော်လို့ ပြောရမယ်။ ကျုပ်က ရောက်လာတဲ့ဧည့်သည်တွေကို ရိုးရိုးသားသား ဆက်ဆံပါတယ်။ အထဲကို ကြွပါ"

ကျွင်းရှောင်ယောက်ကလည်း ပြုံးလျက် ပြောလိုက်သည်။

သူ့စကားကိုကြားတော့ အင်မော်တယ်အကယ်ဒမီ၏ တပည့်များအားလုံး ဆွံ့အသွားလေသည်။

သူက လူတွေကို ရိုးသားစွာ ဆက်ဆံတတ်သူလား...

အဝါရောင်စမ်းမှ မိသားစုသုံးခု၏ သေလွန်သူများသာ ထိုစကားကိုကြားလျှင် မကျေမနပ်ဖြင့် မြည်တွန်တောက်တီးကြလိမ့်မည်။

ကျွင်းရှောင်ယောက်က နတ်သမီးယွင်ထျန်းမေ လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို သိသည်။

ထို့ကြောင့် နတ်သမီး ယွင်ထျန်းမေကို သီးခြားခြံဝင်းသို့ ဖိတ်ခေါ်ခဲ့လေသည်။ ကျန်းလော့လီလည်း လိုက်ပါသွားခဲ့သည်။

ကျွင်းရှောင်ယောက်က ဤသို့သောလူ ဖြစ်သည်။

သူ့ကို ယဉ်ကျေးမှုရှိလျှင် ယဉ်ကျေးစွာ ဆက်ဆံမည်။

သူ့ကို သေးသေးတင်လျှင်တော့...

လုံးကြီးတင်ကာ ဆံခတ်ပေးလိမ့်မည်။

ထို့ကြောင့် အင်အားပြလိုသော တားမြစ်မိသားစုသုံးစုကို အနောက်အရပ်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်၊ နတ်သမီး ယွင်ထျန်းမေနှင့် ကျန်းလော့လီက ခြံဝင်းတစ်ခုသို့ ရောက်လာခဲ့ကြသည်။

"ကျွင်းသခင်လေး... ထျန်းမေက ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ ကျွန်မက ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲဆိုတာ ရှင်သိသင့်တယ်"

နတ်သမီး ယွင်ထျန်းမေက ပြုံးပြီး ပြောလိုက်သည်။

"ဒါက ယုမိသားစုအတွက် မဟုတ်ဘူးလား"

ကျွင်းရှောင်ယောက်က နောက်ပြောင်လိုက်၏။

"သခင်လေးက နောက်နေပါပြီ။ ယုမိသားစုဆိုတာ ရှန်းလင်ရဲ့ တားမြစ်မိသားစုဖြစ်ပေမဲ့ ရိုးရိုးသားသားပြောရရင် ဒီတစ်ခေါက်မှာ သူတို့မှားခဲ့ကြတာပါ"

နတ်သမီး ယွင်ထျန်းမေက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

တားမြစ်မိသားစုက အင်မော်တယ်နယ်မြေကြီးတွင် အရှိန်အဝါကြီးသလို ပြုမူနိုင်သည်။

သို့ရာတွင်၊ အသက်တားမြစ်နယ်မြေ၏ အမြင်မှာတော့ သူတို့က ခြံစောင့်ခွေးများထက် မပိုပေ။

ရှန်းလင်က ယုမိသားစုမှ လူအနည်းငယ် သေဆုံးခြင်းကို အမှန်တကယ် ဂရုမစိုက်ပါ။

"ဒါဆိုရင် လော့လီအတွက် ရောက်လာခဲ့တာထင်တယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"မှန်ပါတယ်၊ ထျန်းလင်မမှားဘူးဆိုရင် သူ့မှာ ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာ ရှိသင့်တယ်"

"တကယ်တော့ ကျွန်မတို့ ရှန်းလင်မှာ ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာအတွက် ရှေးဦးဝိညာဉ်အင်မော်တယ်ကျမ်းလို့ခေါ်တဲ့ အထူးနည်းလမ်းတစ်မျိုး ရှိပါတယ်"

"ဒါထက် အရေးကြီးဆုံးက ကျန်းလော့လီမှာ ရှေးဦးဝိညာဉ်ကမ္ဘာ ရှိသင့်တယ်။ ဒါက ကျွန်မတို့ ရှန်းလင်က ရှေးအကျော်အမော်တစ်ဦးရဲ့ အမွေအနှစ်ပဲ"

နတ်သမီး ယွင်ထျန်းမေက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ကျန်းလော့လီကို ခေါ်သွားချင်လျှင်၊ ကျွင်းရှောင်ယောက်၏ ခွင့်ပြုချက်ကိုလိုအပ်ကြောင်း သူ သိသည်။

"ကျုပ် နားလည်ပါပြီ၊ လော့လီရဲ့ ကမ္ဘာက မင်းတို့ ရှန်းလင်က အကျော်အမော်တစ်ဦးစီကပေါ့"

နောက်ဆုံး‌တွင်၊ ကျွင်းရှောင်ယောက်က သဘောပေါက်သွားသည်။

ကျန်းလော့လီက ရှန်းလင်မှ ရှေးအကျော်အမော်တစ်ဦး၏ အမွေကို ဆက်ခံမိခဲ့ခြင်း ဖြစ်သည်။

"ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ရှန်းလင်က လော့လီကို ကြင်နာမယ်ဆိုတာ ဘယ်လိုစိတ်ချနိုင်မှာလဲ။ နောက်ဆုံးမှာတော့ ယုမိသားစုရဲ့ ‌အပြုအမူတွေကို ခင်ဗျားသိသင့်တယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ကျန်းလော့လီက တိတ်ဆိတ်စွာနေပြီး ဘာမျှမပြောပေ။ ကျွင်းရှောင်ယောက်ကို ဆုံးဖြတ်ခွင့်ပေးထားသည်။

ကျွင်းရှောင်ယောက်က သူမ၏ အကျိုးအတွက်သာ လုပ်ဆောင်မည်ဖြစ်ကြောင်း သူမ ကောင်းစွာသိလေသည်။

"ကျွင်းသခင်လေးက နောက်နေပြန်ပါပြီ။ ရိုးရိုးသားသားပြောရရင် အဲဒီရှေးအကျော်အမော်က ကျွန်မတို့ရဲ့ မျိုးရိုးပါ"

"ကျန်းလော့လီသာ ရှန်းလင်ကို ရောက်လာခဲ့ရင် သူက ကျွန်မတို့ရဲ့ မျိုးရိုးက အဓိက ပျိုးထောင်ပေးရမဲ့ ပါရမီရှင် ဖြစ်လာလိမ့်မယ်"

နတ်သမီး ယွင်ထျန်းမေက ပြုံးလျက် ပြောလိုက်သည်။

"ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ အလကားရတဲ့ နေ့လည်စား မရှိဘူးမဟုတ်လား"

"ဒါကတော့ သဘာဝပါပဲ။ ဒါပေမဲ့လည်း ကျွန်မတို့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က... ကျန်းလော့လီကို အနာဂတ်မှာ စိတ်ရင်းမှန်နဲ့ ကျွန်မတို့ ရှန်းလင်ရဲ့ အဖွဲ့ဝင်ဖြစ်လာစေဖို့ပဲ"

နတ်သမီး ယွင်ထျန်းမေက ရိုးရိုးသားသား ပြောလိုက်သည်။

"တစ်ခုမေးစရာရှိသေးတယ်။ ခင်ဗျားတို့ရဲ့ ရှန်းလင်က ရှေးပဋိပက္ခတွေမှာ ပါဝင်ခဲ့ဖူးသလား"

ကျွင်းရှောင်ယောက်က နတ်သမီး ယွင်ထျန်းမေကို စူးစူးစိုက်စိုက်ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။

နတ်သမီး ယွင်ထျန်းမေက ခဏစဉ်းစားပြီးနောက် ပြောလိုက်၏။

"အနည်းဆုံးတော့ ကျွန်မတို့ရဲ့ မျိုးရိုးက မလုပ်ခဲ့ဘူး"

ကျွင်းရှောင်ယောက်လည်း သူ့စိတ်ထဲမှ စဉ်းစားလိုက်သည်။

ရှန်းလင်၏ အတွင်းပိုင်း အခြေအနေကလည်း ထိုမျှ ရိုးရှင်းပုံမရပေ။ အဓိပဓိအင်မော်တယ်ခုံရုံးကဲ့သို့ပင်၊ ၎င်းတို့ကို မတူညီသော မျိုးရိုးမျာ၊ အကိုင်းအခက်များအဖြစ် ပိုင်းခြားထားသည်။

သို့သော်လည်း ယင်းကပုံမှန်ပင်။ အသက်တားမြစ်နယ်မြေက အလွန်ကြီးမားသည်။

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ ထပ်မံ စဉ်းစားရလေသည်။

ကျန်းလော့လီအတွက် အကောင်းဆုံးကတော့ ရှန်းလင်တွင် လေ့ကျင့်ရန် စေလွှတ်ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်က ပြန်မဖြေသေးသောအခါ နတ်သမီး ယွင်ထျန်းမေက ထပ်ပြောလိုက်သည်။

"ကျွင်းသခင်လေး စိတ်ချပါ၊ ကျန်းလော့လီကို ကောင်းကောင်းဂရုစိုက်မယ်လို့ ကျွန်မ ကတိပေးတယ်"

"နောက်ပြီးတော့ အနာဂတ် အင်မော်တယ်နယ်မြေကြီးမှာ ဘယ်လိုမငြိမ်သက်မှုမျိုး ဖြစ်ပေါ်လာပါစေ... ကျန်းလော့လီကို ထိခိုက်စေမှာ မဟုတ်ဘူး"

နတ်သမီး ယွင်ထျန်းမေ၏ စကားများက အလွန်ရိုးသားနေပြီ။

သူမနှင့် ယုမိသားစုတို့၏ စိတ်နေသဘောထားများက မိုးနှင့်မြေကဲ့သို့ ဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။

စင်စစ်တွင်၊ သူက ကျန်းလော့လီကို အမွေဆက်ခံခွင့် ရရှိရန် ရှန်းလင်သို့ သွားခြင်းမှ မတားဆီးချင်ပါ။

နောက်ဆုံးမှာတော့ ဤသည်မှာ သူမ၏ တိုးတက်ရာတိုးတက်ကြောင်း လမ်းမှန် ဖြစ်သည်။

ကျွင်းရှောင်ယောက်က ကျန်းလော့လီကို ကြည့်လိုက်သည်။

သို့သော်... ကျွင်းရှောင်ယောက်ကို အံ့အားသင့်စေအောင် ကျန်းလော့လီက ခိုင်မာပြတ်သားသော အကြည့်တို့ဖြင့် ကြည့်ကာ ပြောလာသည်က...

"ကိုကိုရှောင်ယောက်၊ ညီမ ရှန်းလင်ကို သွားချင်တယ်"

ကျန်းလော့လီ၏ လေသံက ပြတ်သားသည်။

ယခင်က တားမြစ်မိသားစုသုံးစု ရောက်လာချိန်တွင်...

လော့ရှန်းလင်က ဧကရာဇ်တစ်ပိုင်း အရှိန်အဝါတို့ကို ထုတ်ဖော်ရင်း ကျွင်းရှောင်ယောက်အတွက် ရပ်တည်နေတာကို မြင်ရသောအခါ ကျန်းလော့လီလည်း မနာလိုခဲ့ရသည်။

လော့ရှန်းလင်သာမက၊ ကျန်းစန်းယီကလည်း ကျွင်းရှောင်ယောက်နှင့်အတူ ဖိအားများကို မျှဝေခံစားနိုင်ရန် ကြိုးစားနေ၏။

ဤအခြေအနေမျိုးတွင်... ကျန်းလော့လီက ကျွင်းရှောင်ယောက်၏ ကာကွယ်မှုအောက်တွင် အဘယ်သို့ နေလိုတော့မည်နည်း။

ကာကွယ်ခြင်းခံရသည်မှာ ကျေနပ်စရာကောင်းသော်လည်း၊ သူမ၏ လမ်းကြောင်းကိုလည်း ဆက်လျှောက်သွားရန် လိုနေသေးသည်။

"ကောင်းပြီ"

ကျွင်းရှောင်ယောက်လည်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ကျန်းလော့လီ ကြီးပျင်းလာသည့်အတွက် သူ ဝမ်းသာမိလေသည်။

ကျွင်းရှောင်ယောက်က နတ်သမီး ယွင်ထျန်းမေကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"လော့လီက သဘောတူတဲ့အတွက် ကျုပ်ပြောစရာမရှိတော့ဘူး။ ဒါပေမဲ့..."

"လော့လီဟာ ရှန်းလင်မှာ ဘာမှမဖြစ်စေဖို့ မျှော်လင့်တယ်။ သူ့ကို ဘယ်လို ထိခိုက်မှုမျိုးမှ လက်မခံနိုင်ဘူး"

"မဟုတ်ရင်..."

ကျွင်းရှောင်ယောက်၏ လေသံက တင်းမာလာပြီး ခေတ္တရပ်ကာ ပြောလိုက်သည်။

"ကျုပ်က ရှန်းလင်ကို ကိုယ်တိုင်လာလည်ရလိမ့်မယ်"

ကျွင်းရှောင်ယောက်က လေးလေးနက်နက် ပြောလိုက်ခြင်း ဖြစ်၏။

နတ်သမီး ယွင်ထျန်းမေ၏ အမူအရာက ပြောင်းလဲသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

ကျွင်းရှောင်ယောက်က သူ့ဇနီးကို အမှန်တကယ် ကာကွယ်တတ်ပေသည်။

ကျန်းလော့လီလည်း ချစ်မြတ်နိုးစွာဖြင့် စိတ်အားထက်သန်မှုတို့ကို မထိန်းချုပ်နိုင်တော့ပေ။ နတ်သမီး ယွင်ထျန်းမေ ရှိနေခြင်းကိုလည်း ဂရုမစိုက်တော့ပါ။ သူမ၏ နှုတ်ခမ်းဖူးဖူးလေးဖြင့် ကျွင်းရှောင်ယောက်ကို နမ်းလိုက်သည်။

နတ်သမီး ယွင်ထျန်းမေလည်း အနည်းငယ် ရှက်ရွံ့သွားပြီး တစ်ဖက်သို့ အကြည့်လွှဲလိုက်လေသည်။

သို့သော်လည်း သူမ၏ နှလုံးသားထဲတွင် မနာလိုမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ကောင်းကင်ကိုးခုမှာပင်၊ ကျွင်းရှောင်ယောက်ကဲ့သို့ တည်ရှိမှုမျိုးက အများအပြားမရှိပေ။

သူ၏ တာအိုလက်တွဲဖော်ဖြစ်နိုင်ရန်... သူမ၏ ယခင်ဘဝက အင်မော်တယ်နယ်မြေကြီးကို ကယ်တင်ခဲ့သင့်သည်။

All Chapters