အခန်း ၁၂၀၀
Vol. 80 Ch. 1200
အခန်း ( ၁၂၀၀ ) ကောင်းကင်ကိုးခုအထက်မှ ပါရမီရှင်များကို ခေါ်ယူနေခြင်း။
ကျန်းလော့လီက နတ်သမီး ယွင်ထျန်းမေနှင့်အတူ ထွက်ခွာသွားခဲ့သည်။
သွားရန် ဆုံးဖြတ်ထားသော်လည်း အမှန်တကယ် ခွဲခွာရသောအခါ ကျန်းလော့လီက သဘာဝအတိုင်း တွန့်ဆုတ်နေခဲ့သေးသည်။
"ဒါက ကောင်းကင်ကိုးခုအထက်ကို ခရီးပဲ။ တကယ်ကို ခြေတစ်လှမ်းနဲ့ ကောင်းကင်ကိုရောက်တာလို့ခေါ်ရမယ်"
"အမှန်ပဲ၊ ကောင်းကင်ကိုးခုအထက်က ကျင့်ကြံမှုနည်းလမ်းတွေနဲ့ ကျင့်ကြံမှုပတ်ဝန်းကျင်က အင်မော်တယ်နယ်မြေကြီးနဲ့ မတူဘူး။ အဲဒီမှာ လေ့ကျင့်နိုင်ရင် သေချာပေါက် မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ်"
"ဒါက တောင်းဆိုရင်တောင် မရနိုင်တဲ့ အခွင့်အလမ်းတစ်ခုပဲ"
လူအတော်များများက မနာလိုဖြစ်ပြီး သူ့နေရာတွင် အစားထိုးလိုစိတ်ပင် ဖြစ်ခဲ့ကြသည်။
အမှန်က မထွက်ခွာမီတွင်...
နတ်သမီး ယွင်ထျန်းမေက ကျွင်းရှောင်ယောက်ကိုလည်း ရှန်းလင်သို့ ဖိတ်ခေါ်ခဲ့သည်။
ရှန်းလင်တွင် လေ့ကျင့်ရန်ပင် ဖြစ်နိုင်သေးသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ငြင်းဆိုခဲ့သည်။
ပထမအချက်က သူသည် အင်မော်တယ်နယ်မြေကြီး၌ အခြားလုပ်စရာများ ရှိသည်။
ဒုတိယကတော့ ကျွင်းရှောင်ယောက်၏ အရည်အချင်းဖြင့် အင်မော်တယ်နယ်မြေကြီး သို့မဟုတ် ကောင်းကင်ကိုးခုအထက်မှာ ရှိနေသည်ဖြစ်စေ... ကွာခြားမှုမရှိပေ။
ကျန်းလော့လီ ထွက်သွားသည်။
ကျွင်းရှောင်ယောက်က စိတ်ထဲအဆင်မပြေသော်လည်း အလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။
ထို့နောက် ကျွင်းရှောင်ယောက်က သူ၏ ကျင့်ကြံမှုအခြေခံကို တည်ငြိမ်စေရန် အကယ်ဒမီ၌ ဆက်လက်နေထိုင်ခဲ့သည်။
သို့သော်လည်း အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးက မငြိမ်သက်ခဲ့ပေ။
တားမြစ်မိသားစုသုံးစုနှင့် နတ်သမီး ယွင်ထျန်းမေ ရောက်ရှိလာခြင်းမှာ အစပင် ဖြစ်ပုံရသည်။
ကောင်းကင်တံတားရေဝဲမှ ထူးကဲသော အငွေ့အသက်များက ရံဖန်ရံခါ ထွက်ပေါ်လာတတ်၏။
အချို့ ကျင့်ကြံသူများက အင်မော်တယ်နယ်မြေကြီးတွင် လှည့်လည်နေသော ကောင်းကင်ကိုးခုအထက်မှ လူတချို့ကို တွေ့ခဲ့ကြရသည်။
ထို့နောက်မှာတော့ နောက်ထပ် တုန်လှုပ်စရာကောင်းသော သတင်းတစ်ခုက အင်မော်တယ်နယ်မြေကြီးတွင် ပျံ့နှံ့သွားခဲ့သည်။
ကောင်းကင်ကိုးခုအထက်မှ ကျွမ်းကျင်သူတချို့က မြင့်မြတ်ဝိညာဉ်ကျွန်းသို့ သွားရောက်ခဲ့၏။
သူတို့က မြင့်မြတ်ဝိညာဉ်ကျွန်းမှ ပါရမီရှင် ကျောက်ဧကရာဇ်လေးကို ကောင်းကင်ကိုးပါးအထက်သို့ ခေါ်ဆောင်သွားကြသည်။
ဤအရာက ကျင့်ကြံသူများစွာ၏ အာရုံကို စွဲဆောင်ခဲ့ပေသည်။
နောက်ဆုံးတွင်၊ သူက ကျန်းလော့လီပြီးလျှင် ကောင်းကင်ကိုးပါးအထက်သို့ ခေါ်ဆောင်သွားခံရသော ဒုတိယမြောက် ပါရမီရှင် ဖြစ်သည်။
သို့သော်လည်း နောက်ပိုင်းတွင် လူတချို့က သဘောပေါက်သွားကြသည်။
မြင့်မြတ်ဝိညာဉ်ကျွန်း၏ ကျောက်ဧကရာဇ်က ကောင်းကင်ကိုးပါးအထက်မှ တားမြစ်နယ်မြေ... မြင့်မြတ်ဝိညာဉ် အပျက်အယွင်းနှင့် ဆက်စပ်မှုရှိသည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့သည် မဟုတ်လော။
ယခုဆိုလျှင် ကျောက်ဧကရာဇ်၏ အမွေဆက်ခံသူ ကျောက်ဧကရာဇ်လေးကို ကောင်းကင်ကိုးပါးအထက်သို့ ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်သည်။
၎င်းတို့ကို မြင့်မြတ်ဝိညာဉ်အပျက်အယွင်းက ညွှန်ကြားခဲ့သည်မှာ သံသယဖြစ်စရာမလိုပေ။
ထို့နောက်တွင် မူလက အင်မော်တယ်အကယ်ဒမီတွင် နေထိုင်သည့် ဟွမ်နျဲ့တောက်ကိုလည်း ကောင်းကင်ကိုးပါးအထက်မှ ကျွမ်းကျင်သူများက ခေါ်ဆောင်သွားကြောင်း သတင်းထွက်ပေါ်လာသည်။
၎င်းက သူ၏ဖခင်၊ အင်မော်တယ်ရှေးဧကရာဇ်ကြောင့်ဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့ပေသည်။
ကောင်းကင်ကိုးပါးအထက်မှ ထိပ်သီး တည်ရှိမှုတစ်ခုနှင့် အင်မော်တယ်ရှေးဧကရာဇ်က ကောင်းမွန်သောဆက်ဆံရေးရှိသည်ဟု ဆိုသည်။
ယင်းက အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များကို မခံမရပ်နိုင် ဖြစ်စေခဲ့ပေသည်။
ဖခင်ကောင်းတစ်ယောက် ရှိနေခြင်းကလည်း ကောင်းခြင်းတစ်မျိုး ဖြစ်သည်။
ကျောက်ဧကရာဇ်လေးက ထိုကဲ့သို့...
ဟွမ်နျဲ့တောက်ကလည်း ထိုနည်းတူစွာပင်။
ထို့နောက်တွင်၊ အင်မော်တယ်အကယ်ဒမီမှ ကျိချင်းရီကိုလည်း ကောင်းကင်ကိုးပါးအထက်သို့ ခေါ်ဆောင်သွားခဲ့သည်။
ကျိချင်းရီက တားမြစ်နယ်မြေတစ်ခုမှ အမွေအနှစ်အချို့ကို လက်ခံရရှိခဲ့ခြင်းကြောင့် အဓိကပါရမီရှင်တစ်ဦးအဖြစ် လေ့ကျင့်ပေးမည်ဖြစ်ကြောင်း ကောလာဟလများရှိပေသည်။
ထိုအချိန်တွင် အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များမှာ ပို၍ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့ကြသည်။
ကောင်းကင်ကိုးပါးအထက်သို့ သွားရောက်ခွင့်ရသော ဤပါရမီရှင်များက ထူးကဲသောအခွင့်အလမ်းများ ရရှိမည်မှာ တွေးကြည့်ရန်ပင် မလွယ်ပေ။
သူတို့၏ ကျင့်ကြံမှုအမြန်နှုန်းက အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များထက် များစွာသာလွန်မည် ဖြစ်သည်။
ဟုတ်သည်၊ ဤသည်မှာ အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များကို အားနည်းနေမည်ဟု မဆိုလိုပေ။
ကောင်းကင်ကိုးခုသို့ သွားရောက်နိုင်ခြင်းက ၎င်းတို့တွင် အားသာချက်အချို့ ရရှိခဲ့ခြင်းသာ ဖြစ်သည်။
သို့သော်လည်း ဤအားသာချက်များက ပါရမီရှင်အချို့ကို စိတ်ဝင်စားစေရန် လုံလောက်ပေသည်။
နောက်ဆုံးမှာတော့ သူတို့က အစွမ်းထက်ဆုံး ပါရမီရှင်များကို မယှဉ်နိုင်ပေ။
သူတို့ကို ကျော်တက်နိုင်ရန် နည်းလမ်းပေါင်းစုံကိုသာ တွေးတောနိုင်ခဲ့သည်။
ဤအဖြစ်အပျက်များကြောင့် အင်မော်တယ်အကယ်ဒမီ၏ အကြီးအကဲများကတော့ သက်ပြင်းကိုသာ ချနေရတော့သည်။
နောက်ဆုံးတွင်၊ အင်မော်တယ်အကယ်ဒမီမှ အစွမ်းထက် တပည့်တချို့မှာ ကောင်းကင်ကိုးပါးအထက်သို့ ရောက်ရှိသွားခဲ့ကြခြင်းကြောင့် ဖြစ်သည်။
"မင်းတို့... တစ်ချိန်က အင်မော်တယ်နယ်မြေကြီးရဲ့ သက်ရှိပေါင်း သန်းနဲ့ချီပြီး သေကြေပျက်စီးခဲ့ရတဲ့ ဖရိုဖရဲကာလကို စတင်ခဲ့တာဟာ ကောင်းကင်ကိုးပါးအထက် တားမြစ်နယ်မြေကဆိုတာ မသိကြလေရော့သလား"
အင်မော်တယ်အကယ်ဒမီမှ မဟာအကြီးအကဲက ကောင်းကင်ကို မျှော်ကြည့်ကာ သက်ပြင်းချသည်။
သို့သော်လည်း အင်မော်တယ်အကယ်ဒမီ၏ အကြီးအကဲများကို ကျေနပ်စေသည့်အရာမှာ...
ကျွင်းရှောင်ယောက်ကို ရှန်းလင်က ဖိတ်ခေါ်ခဲ့သော်လည်း သူကတော့ သွားရောက်ရန် ပျင်းရိခဲ့သည်ဟု ဆိုသည်။
"အင်မော်တယ်နယ်မြေကြီးမှာ ကျွင်းရှောင်ယောက်လို သတ္တိရှိပြီး သစ္စာရှိတဲ့သူရဲကောင်း နည်းနည်းလောက်ပိုရှိရင် ဖြေရှင်းမရနိုင်တဲ့ ပြဿနာ ဘယ်မှာရှိပါ့ဦးမလဲ"
အကယ်ဒမီ၏ မဟာအကြီးအကဲက သက်ပြင်းချလိုက်သည်။
ဤသည်မှာ စစ်မှန်သော ထာဝရသူရဲကောင်း... အင်မော်တယ်နယ်မြေကြီး၏ မဏ္ဍိုင်ပင်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ထိုအကြောင်းကိုသိလျှင် ဆွံ့အသွားရမည် ဖြစ်သည်။
အကယ်ဒမီ၏ မဟာအကြီးအကဲက သူ့ကို လွန်ကဲစွာ တွေးတောနေခြင်းပင် မဟုတ်လော။
ကျွင်းရှောင်ယောက်က အမှန်တကယ် ပျင်းရိသောကြောင့် မသွားခြင်းသာ ဖြစ်သည်။
ထို့နောက်တွင်၊ အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်တချို့က ကောင်းကင်ကိုးခုအထက်ကို ထပ်မံ တက်လှမ်းသွားကြသည်။
တချို့က အရည်အချင်းမြင့်မားပြီး တချို့ကလည်း အဆက်အသွယ်ကောင်းများ ရှိပေသည်။
မည်သို့ပင်ဆိုစေ... အနာဂတ်တွင် မငြိမ်မသက်မှုများ ထပ်မံဖြစ်ပေါ်လာပါက အဆိုပါ ပါရမီရှင်များသည် အင်မော်တယ်နယ်မြေကြီးအတွက် အကျိုးပြုနိုင်ရန် ခက်ခဲသည်။
နောက်ဆုံးမှာတော့ သူတို့က အကျိုးကျေးဇူးများကို ပေးအပ်ခဲ့ပြီးပြီ မဟုတ်လော။
၎င်းက ကောင်းကင်ကိုးခုအထက်၏ အစီအစဉ်များထဲမှ တစ်ခုလည်း ဖြစ်သည်။
ဟုတ်သည်၊ ပါရမီရှင်အားလုံးကို ဆွဲဆောင်မည်တော့ မဟုတ်ပေ။
ဥပမာအားဖြင့် အင်မော်တယ်ခုံရုံး၊ ကျွင်းမိသားစုနှင့် အနောက်ဘက်နိဗ္ဗာန်ဘုံကဲ့သို့ အင်အားစုများမှ ပါရမီရှင်များက ကောင်းကင်ကိုးခုအထက်သို့ သွားရောက်မည် မဟုတ်ပါ။
ကောင်းကင်ကိုးခုအထက် တားမြစ်နယ်မြေနှင့် ပဋိပက္ခရှိဖူးသော အင်အားစုတချို့၏ ပါရမီရှင်များကလည်း ထိုနေရာကို သွားရန် မဖြစ်နိုင်ပေ။
ကျွင်းရှောင်ယောက်က အင်မော်တယ်အကယ်ဒမီတွင် ဆက်နေခဲ့သည်။
ထိုအချိန်တွင်...
ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီး၌ ယင်ဟော်ကြယ် ပေါ်လာရခြင်းအကြောင်းကို သူ့နောက်လိုက်များထံမှ သိခဲ့ရသည်။
ယင်းက အဆုံးမဲ့ဧကရာဇ် ချန်ထားခဲ့သော စာတိုကို ကျွင်းရှောင်ယောက်အား ပြန်လည်သတိရစေသည်။
ယင်ဟော်ကြယ်၊ မေ့ပျောက်ခြင်းမြေ။
"ယင်ဟော်ကြယ်က ယင်ဟော်နတ်ဆိုးကြယ်ဖြစ်ပုံရတယ်"
"မေ့ပျောက်ခြင်းမြေကတော့ အံ့ဖွယ်ခုနစ်ပါးထဲက မေ့ပျောက်ခြင်းတိုင်းပြည်ကို ရည်ညွှန်းသင့်တယ်"
"ဒါပေမဲ့ ပျက်စီးခြင်းဆိုတာက ဘာလဲ"
ကျွင်းရှောင်ယောက်က တွေးနေမိသည်။
ထိုအချိန်တွင် စနစ်၏ အသံက သူ့စိတ်ထဲမှ ထွက်ပေါ်လာသည်။
"ဒင်၊ ဂုဏ်ပြုပါတယ် ပိုင်ရှင်... လက်မှတ်ထိုးဝင်တဲ့ တည်နေရာအသစ်ကို ပြန်လည်ဆန်းသစ်ပြီးပါပြီ၊ ကျေးဇူးပြုပြီး မေ့ပျောက်ခြင်းတိုင်းပြည်မှာ လက်မှတ်ထိုးဝင်ပါ"
ထိုအသံကိုကြားတော့ ကျွင်းရှောင်ယောက်က မအံ့ဩမိပေ။
အချို့သော အထူးနေရာများက လက်မှတ်ထိုးဝင်ရန် အခွင့်အလမ်းကို ရရှိတတ်စမြဲ ဖြစ်သည်။
"ဒါပေမဲ့ ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးက အင်မော်တယ်ခုံရုံးရဲ့ နယ်မြေပဲ။ အကြံအစည်နက်နဲတဲ့ တိဟောက်ထျန်းလည်း ရှိနေတယ်။ မေ့ပျေက်ခြင်းတိုင်းပြည်ကို ဝင်ရောက်ဖို့ဆိုရင် ငါ့အတွက် လွယ်မှာမဟုတ်ဘူး"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။
ဤသည်က တကယ်ကို ခက်ခဲသော ပြဿနာတစ်ခုပင်။
ကျွင်းရှောင်ယောက်က အဆုံးမဲ့ဧကရာဇ်ချန်ထားခဲ့သော သဲလွန်စများကို သေချာစွာ စူးစမ်းရဦးမည် ဖြစ်သည်။
"မေ့လိုက်ပါ၊ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးကိုပဲ အရင်ပြန်မယ်။ ဝူဟူကို ပြီးပြည့်စုံတဲ့ မြင့်မြတ်ခန္ဓာ သွေးစက်က ဘယ်မြင့်မြတ်ခန္ဓာကနေ ကျန်ရစ်ခဲ့သလဲဆိုတာ မေးကြည့်ရအောင်"
အစီအစဉ်တစ်ခု ချမှတ်ပြီးနောက် ကျွင်းရှောင်ယောက်က ပြင်ဆင်မှုအချို့ကို ပြုလုပ်ခဲ့သည်။
သူ အပြင်ထွက်လိုက်သည်နှင့် ကစဉ့်ကလျား မြူခိုးများက သူ့ကိုဝန်းရံသွားသည်။ သူ့အရှိန်အဝါကလည်း ခန့်မှန်းမရနိုင်တော့ဘဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
ကျွင်းရှောင်ယောက်က ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ပြန်တော့မည်ဖြစ်ကြောင်း သိရသောအခါ...
လော့ရှန်းလင်နှင့် ရှောင်ချမ်ရွယ်တို့ကလည်း သူနှင့်အတူ လိုက်ပါချင်ကြသည်။
ရှောင်ချမ်ရွယ်က သဘာဝအတိုင်း ကျွင်းရှောင်ယောက်နှင့် အတူရှိလိုသည်။
လော့ရှန်းလင်ကတော့ ကျွင်းရှောင်ယောက်၏ မိသားစုအကြောင်း သိလိုပေသည်။
ကျွင်းရှောင်ယောက်၏ အတိတ်အကြောင်းကို သိချင်မိသည်။
ကျွင်းရှောင်ယောက်ကလည်း မငြင်းဆန်တော့ဘဲ လော့ရှန်းလင်၊ ရှောင်ချမ်ရွယ်တို့နှင့်အတူ ဘုရင်ဖုဖုန်းကို စီးနင်းကာ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ထွက်လာတော့သည်။