← Chapters

အခန်း ၂၀၃

Vol. 11 Ch. 203

အခန်း ၂၀၃

Vol. 11 Ch. 203

အပိုင်း (၂၀၃) မြူခိုးသခင်

"အဟမ်း... မင်္ဂလာပါ ရွာသူကြီး... ကျွန်တော်က ချူချယ်ပါ... လမ်းပြသူ လမ်းစဉ် အဆင့် (၂) ပုန်းကွယ်သူပါ"

ချူချယ်က ထယ်ရှီး၏ အနောက်မှနေ၍ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ထွက်လာသည်။

စောစောက နတ်ဆင်ကြီးကို မြင်လိုက်ရချိန်တွင် ထိုအရာက အလွန်တရာ ထူးဆန်းလွန်းသည်ဟု သူ ခံစားခဲ့ရပြီး သတိလက်လွတ်ဖြင့် သူ၏ မူလစရိုက်များ ပေါ်လွင်သွားခဲ့မိသည်။

ချန်းရီကလည်း ခေါင်းဆောင်ချူ၏ အနောက်မှနေ၍ ဘာမှမဖြစ်ခဲ့သလို ပုံစံဖြင့် ထွက်လာခဲ့သည်။

သူ၏ မျက်နှာကြောက ချူချယ်ထက် များစွာ ပိုထူပြီး စွန်းချန်းချန်း၏ အထင်သေးသော အကြည့်များကို လုံးဝ ဂရုမစိုက်ပေ။

"ကျန့်ရုံတောက်ပါ... နတ်ဆရာ လမ်းစဉ် အဆင့် (၂) မိစ္ဆာနှင် တာအိုဆရာပါ"

အနည်းငယ် စူးရှရှ အသံတစ်သံက ထွက်ပေါ်လာသည်။

ဖိနပ်ဖြူလေးကို စီးထားကာ ပွယောင်းယောင်းဖြစ်နေသော တာအိုဆရာဖြစ်ပြီး သူ၏ အသံက သူ၏ ပထမဆုံး အသွင်အပြင်လိုပင် ကလိန်ကကျစ်နိုင်လှသည်။

"တာ့ရှန်းပါ... ဗုဒ္ဓ လမ်းစဉ် အဆင့် (၂) ခြိုးခြံကျင့်ကြံသူ ဘုန်းကြီး"

တာအိုဆရာ၏ အနောက်တွင် ရပ်နေသော ထိပ်ပြောင်လူငယ်က ဩရှရှအသံဖြင့် ပြောလိုက်သည်။ သူ၏ အသံက ညင်သာပြီး အလယ်အလတ်ကျကာ လူများကို သဘောကျစေနိုင်စွမ်း ရှိသည်။

တစ်ဖက်ရှိ လူသုံးယောက်က တွေ့တွေ့ချင်းမှာပင် မိမိတို့၏ နောက်ခံများကို ပြောပြလာခြင်းက အလွန် ရိုးသားပွင့်လင်းကြောင်း ပြသနေသည်။

မည်သည့်အချိန်က စတင်ခဲ့သည် မသိသော်လည်း အစွမ်းပိုင်ရှင်များ အချင်းချင်း တွေ့ဆုံနှုတ်ဆက်ကြသည့် ပုံစံမှာ ကြီးမားစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ လူတစ်ယောက်က ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် သူ၏ လမ်းစဉ်နှင့် အဆင့်ကို ပြောပြပါက အချက်တစ်ချက်တည်းကိုသာ ကိုယ်စားပြုသည်။

အခြားတစ်ဖက်က အလွန် ရိုးသားပွင့်လင်းသည်ဆိုသည့် အချက်ပင် ဖြစ်သည်။

အနည်းဆုံးတော့ အလွန် ရိုးသားကြသည်။

သို့သော် နာမည်တစ်ခုတည်းကိုသာ ပြောပြပါက အခြားတစ်ဖက်က သင့်အား ဆက်ဆံလိုစိတ် မရှိကြောင်း ကိုယ်စားပြုပြီး ထိုအခါမျိုးတွင် ကိုယ့်အခြေအနေကိုယ် သိတတ်ရန် လိုအပ်ပေသည်။

သို့မဟုတ်ပါက ပဋိပက္ခများ ဖြစ်ပွားလာနိုင်ပေသည်။

ပန်းရောင် ဆံပင်နှင့် ကောင်မလေးက ထပ်မံ၍ ပထမဆုံး စကားစပြောလာခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူမက ထိပ်ပြောင် ဘုန်းကြီးကို ရည်ရွယ်၍ ပြောလိုက်ခြင်း ဖြစ်သည်။

"ဆရာတော် တာ့ရှန်း... မင်္ဂလာပါ... စွန်းချန်းချန်းပါ... ဓားနတ်ဘုရား လမ်းစဉ် အဆင့် (၂) ထက်မြက်သောဓား အဆင့်... ဟီးဟီး... အများကြီး ကူညီလမ်းပြပေးပါဦး"

တာ့ရှန်းဟု ခေါ်သော ထိပ်ပြောင်ဘုန်းကြီး၏ မျက်နှာက အနည်းငယ် နီရဲသွားသော်လည်း လက်အုပ်ချီကာ စွန်းချန်းချန်းကို နှုတ်ဆက်လိုက်သည်။

ထို ပွယောင်းယောင်း တာအိုဆရာကမူ စွန်းချန်းချန်း၏ အနည်းငယ် ရိုင်းစိုင်းသော အပြုအမူကို ဒေါသထွက်ခြင်း မရှိဘဲ ပြုံးဖြီးဖြီးဖြင့် ရပ်နေဆဲပင် ဖြစ်သည်။

"တင်းတုံပါ... လက်ဝှေ့သမား လမ်းစဉ် အဆင့် (၂) တောင်ဖြိုခွင်းခြင်း... ရွာသူကြီး၊ တာအိုဆရာနဲ့ ဆရာတော်တို့ကို ဂါရဝပြုပါတယ်"

ချန်းရီက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ဤလူမိုက်တစ်သိုက်သည် မိမိတို့၏ နောက်ခံအားလုံးကို ထုတ်ဖော်ပြောဆိုနေကြသည်။

အကယ်၍ ပဋိပက္ခ တစ်ခုခု ဖြစ်လာပါက အခြားသူများ၏ ပစ်မှတ်ထားခြင်းကို ခံရချိန်တွင် နောင်တမရကြရန်သာ ရှိတော့သည်။

ထယ်ရှီးကလည်း တဟီးဟီး ရယ်မောရင်း ထွက်လာခဲ့သည်။

"ထယ်ရှီးပါ... တိုက်တန် လမ်းစဉ် အဆင့် (၂) ခေါင်းနှစ်လုံး လူ့ဘီလူးကြီး"

ချန်းရီက ဆန္ဒမရှိသော်လည်း လူအားလုံး၏ စိုက်ကြည့်မှုအောက်တွင် မတတ်သာဘဲ ထွက်လာခဲ့ရပြီး တစ်ဖက်ရှိ လူသုံးယောက်ကို ပြုံးပြကာ ပြောလိုက်သည်။

"ချန်းရီပါ... မီးခိုးတမန်တော် လမ်းစဉ် အဆင့် (၂) မြူခိုးအကာအကွယ် ပညာရှင်"

ချန်းရီ၏ လမ်းစဉ်ကို ကြားပြီးနောက်...

တစ်ဖက်ရှိ ခေါင်းကြီးရွာသူကြီးက အံ့သြသွားပြီးနောက် ပြောလိုက်သည်။

"မင်းတို့ထဲမှာ သဘာဝလွန်လမ်းစဉ် တစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး... အဲဒါကလည်း မီးခိုးတမန်တော် လမ်းစဉ် ဖြစ်နေသေးတယ်"

ချန်းရီက ကြောင်သွားပြီး မေးလိုက်သည်။

"သဘာဝလွန်လမ်းစဉ်က ဘာများ မကောင်းလို့လဲ"

ခေါင်းကြီးရွာသူကြီးက ပြုံးရင်း ခေါင်းခါပြလိုက်သည်။

"အဲဒီလို မဟုတ်ပါဘူး... ငါ သိထားတဲ့ သတင်းတွေအရ သဘာဝလွန်လမ်းစဉ် အများစုမှာ လမ်းစဉ်ခွဲတွေ ရှိကြတယ်... ဥပမာ... မီးခိုးတမန်တော်က အဆင့် (၃) ကို ရောက်တဲ့အခါ လမ်းစဉ်ခွဲတွေကို ရွေးချယ်ခွင့် ရှိတယ်"

"ဘယ်လို လမ်းစဉ်ခွဲတွေလဲ"

ခေါင်းကြီးရွာသူကြီးက မီးခိုးတမန်တော် လမ်းစဉ်အကြောင်းကို သိနေကြောင်း ကြားလိုက်ရသဖြင့် ချန်းရီက စိတ်ဝင်စားသွားပြီး အလျင်အမြန် မေးလိုက်သည်။

"ငါ သိထားတဲ့ သတင်းတွေအရ မီးခိုးတမန်တော်က အဆင့် (၃) ကို ရောက်ရင် လမ်းစဉ်ခွဲ သုံးခုကို ရင်ဆိုင်ရတယ်... တစ်ခုက မီးခိုးတမန်တော် ဆက်ဖြစ်တာ... နောက်တစ်ခုက မြူခိုးသခင် လို့ခေါ်တယ်... တတိယတစ်ခုကိုတော့ စိတ်မရှိနဲ့... ငါလည်း ဒီလောက်ပဲ သိထားတာ"

စကားပြောနေစဉ်တွင် ခေါင်းကြီးရွာသူကြီး၏ မျက်နှာပေါ်၌ တောင်းပန်ချင်နေသည့် အမူအရာများ ပေါ်လွင်နေသည်။

မြူခိုးသခင် ဟုတ်လား။

ထို လမ်းစဉ်ခွဲ၏ နာမည်ကို ကြားလိုက်ရချိန်တွင် ယခင် မီးခိုးတမန်တော်ထက် များစွာ ပိုမို ဩဇာကြီးမားနေသလို ခံစားရသည်။

ချန်းရီသည်လည်း အဆင့် (၃) သို့ တက်လှမ်းရန် ပိုမို မျှော်လင့်လာခဲ့သည်။

သို့သော် ဤခေါင်းကြီးရွာသူကြီး မပြောပြလျှင်ပင် အဆင့် (၃) သို့ ရောက်သောအခါ ချန်းရီ ကိုယ်တိုင် သိလာရမည်သာ ဖြစ်သည်။

ယခုလို ကြိုတင်သိထားရသဖြင့် ကြိုတင်ပြင်ဆင်မှု အချို့ ပြုလုပ်ထားနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုသည်လည်း ပြင်ဆင်မှု တစ်မျိုးပင် ဖြစ်သည်။

သို့သော် ဝန်ခံရမည်ဆိုလျှင် ဤအဘိုးအိုလေး၏ ခေါင်းကြီးသော်လည်း အတော်လေး ချစ်စရာကောင်းပေသည်။

တွေ့တွေ့ချင်းမှာပင် ချန်းရီကို ဗဟုသုတအသစ် တစ်ခု ပေးလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ယခုအချိန်သည် ကမ္ဘာပျက်ကပ် မတိုင်မီကာလ မဟုတ်ကြောင်း သိထားရမည်။ တစ်ခုခုကို သိချင်ပါက အင်တာနက်ပေါ်တွင် ရှာဖွေနိုင်သလို AI ကို မေးမြန်း၍လည်း အလွယ်တကူ အဖြေရနိုင်သော အချိန်မျိုး မဟုတ်တော့ပေ။

ကမ္ဘာပျက်ကပ် ရောက်ရှိပြီးနောက်တွင် အချို့သော သတင်းအချက်အလက်များကို တခြားသူက မပြောပြလျှင် လူအချို့က အချိန်ကြာမြင့်စွာ ကြာမှသာ သိနိုင်မည် သို့မဟုတ် တစ်သက်လုံးပင် သိနိုင်မည် မဟုတ်ပေ။

ဗဟုသုတများ၏ တန်ဖိုးသည် အဆင့်နိမ့် ထူးဆန်းသော သဘာဝလွန်ပစ္စည်းများထက်ပင် ပိုမို ကြီးမားနေသေးသည်။

ချူချယ်က တစ်ဖက်ရှိ ခေါင်းကြီးရွာသူကြီးနှင့် ရယ်ရယ်မောမောဖြင့် စကားအနည်းငယ် ပြောလိုက်သည်။

"မိတ်ဆွေတို့... ဒီတိုင်းကြီး ရပ်နေရတာ အဆင်မပြေပါဘူး... ကျွန်တော်တို့ရဲ့ နတ်ဆင်ရွာကို အလည်အပတ် လိုက်ခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်"

"ရွာကို လိုက်ခဲ့ဖို့ ဖိတ်တာလား"

ချူချယ်က အခြားကမ္ဘာမှ သတ္တဝါကြီးတစ်ကောင်နှင့် တူနေသော ဆင်ကြီးကို ကြည့်လိုက်ပြီး ခဏမျှ ဘာပြောရမှန်း မသိဖြစ်သွားသည်။

သွားလည်ချင်ရင်တောင် ဘယ်လို သွားရမှာလဲ။

ခေါင်းကြီးရွာသူကြီးက ချူချယ်၏ ဝေခွဲမရဖြစ်နေမှုကို ရိပ်မိသွားပြီး ဟားတိုက် ရယ်မောလိုက်သည်။

"ခေါင်းဆောင်ချူက ခင်ဗျားတို့ရဲ့ ရိက္ခာတွေနဲ့ ကားတွေကို စိတ်ပူနေတာလား"

"ဟားဟားဟား... ခေါင်းဆောင်ချူ အများကြီး တွေးမနေပါနဲ့... ခင်ဗျားတို့ရဲ့ ကားတွေကို ဆင်နှာမောင်းပေါ် မောင်းတင်လိုက်လို့ ရပါတယ်... နတ်ဆင်ကြီးက ခင်ဗျားတို့ရော ကားတွေကိုပါ ရွာထဲရောက်အောင် ပို့ပေးပါလိမ့်မယ်"

ထိုစကားအဆုံးတွင် တစ်လမ်းမောင်း ကားလမ်းတစ်ခုစာခန့် ကျယ်ဝန်းသော ဆင်နှာမောင်းကြီးက ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့သည်။

ခေါင်းကြီးရွာသူကြီးက ဖိတ်ခေါ်သည့် အမူအရာကိုပါ လုပ်ပြလိုက်သည်။

ချန်းရီနှင့် ချူချယ်တို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ချန်းရီ၏ အကြည့်က ဤသို့ ပြောနေသကဲ့သို့ ရှိသည်။ "ခေါင်းဆောင်ချူ... မင်း အရင်တက်စမ်းကြည့်မလား"

ချူချယ်၏ အကြည့်ကလည်း ဤသို့ ပြန်လည် တုံ့ပြန်နေ၏။ "ချန်းရီ... မင်းပဲ စမ်းကြည့်ပါလား"

နောက်ဆုံးတွင် သူတို့နှစ်ဦးစလုံး၏ အကြည့်များက ထယ်ရှီးဆီသို့ ရောက်သွားကြသည်။

ထယ်ရှီးက တဟီးဟီးဖြင့် ငတုံးတစ်ယောက်လို ရယ်မောနေပြီး လူလည်နှစ်ယောက်က သဘောတူညီမှု တစ်ခု ရသွားကြပြီဆိုတာကို လုံးဝ သတိမထားမိပေ။

ထယ်ရှီး၏ ကျောင်းကားက ဆင်နှာမောင်းပေါ်သို့ ယိမ်းထိုးလျက် တက်သွားခဲ့သည်။

ထို့နောက်တွင် တင်းတုံ၏ ကုန်တင်ကားလေး လိုက်ပါသွားသည်။

တင်းတုံ၏ ကုန်တင်ကားလေးထဲတွင် ရိက္ခာပစ္စည်းများ အပြည့်တင်ထားသဖြင့် ဒီအတိုင်း မောင်းတက်ရန် အလွန် ခဲယဉ်းလှသည်။

ကံကောင်းသည်မှာ ခွန်အားကြီးမားသော ထယ်ရှီးနှင့် ဗုဒ္ဓ လမ်းစဉ် အစွမ်းပိုင်ရှင်တို့ ရှိနေခြင်းပင်။

သူတို့နှစ်ဦးက တစ်ဖက်စီမှ မတင်ပေးလိုက်ရာ ကျိုးရှောင်ရှောင်က ကားပေါ်မှပင် ဆင်းစရာမလိုဘဲ ကုန်တင်ကားလေးမှာ ဆင်နှာမောင်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။

မိနစ်အနည်းငယ်အတွင်းမှာပင် ကားငါးစီးစလုံး ဆင်နှာမောင်းပေါ်သို့ အသီးသီး ရောက်ရှိသွားကြသည်။

ချန်းရီက ကားထဲတွင် မထိုင်တော့ဘဲ ဆင်းလာခဲ့ပြီး ဆင်နှာမောင်းပေါ်သို့ ခြေချလိုက်ရာ ထိုခံစားချက်က အလွန်တရာ ထူးဆန်းလှသည်။

နတ်ဆင်ရွာမှ လူသုံးယောက်သည်လည်း ဆင်နှာမောင်းပေါ်တွင် ရပ်နေကြသည်။

အထူးသဖြင့် ခေါင်းကြီးရွာသူကြီးဖြစ်ပြီး သူ၏ အကြည့်များက ကားပေါ်တွင် ချိတ်ဆွဲထားသော ငါးနှင့် အသားများဆီသို့ ရောက်ရှိသွားချိန်တွင် တံတွေးများကို ခဏခဏ မျိုချနေမိကာ အလွန် သွားရည်ကျနေသည့် ပုံပေါက်နေသည်။

သို့သော် ချက်ချင်းဆိုသလို ရွာသူကြီး၏ တည်ကြည်သော အမူအရာကို ပြန်လည် ထိန်းသိမ်းလိုက်သည်။

"မိတ်ဆွေတို့... သေချာ ကိုင်ထားကြပါ... ကျွန်တော်တို့ အခု တက်ကြတော့မယ်"

ချူချယ်က ခေါင်းကြီးရွာသူကြီး၏ အပြုအမူကို မြင်သော်လည်း မမြင်ယောင်သာ ဆောင်နေလိုက်သည်။

ယခုလို ရိက္ခာ ရှားပါးနေချိန်တွင် အသားများကို ဤမျှ အများအပြား မြင်တွေ့ရပါက မည်သူမဆို သွားရည်ကျမိမည်သာ ဖြစ်သည်။

ခေါင်းကြီးရွာသူကြီး၏ စကားအဆုံးတွင် ဧရာမ ဆင်နှာမောင်းကြီးက အနည်းငယ် တုန်ခါသွားပြီးနောက် ချန်းရီသည် သူ၏ ခြေအောက်မှ ဆင်နှာမောင်းကြီးက အဆုံးအစမရှိ အထက်သို့ မြင့်တက်လာကြောင်း ခံစားလိုက်ရသည်။ ပို၍ပို၍ မြင့်လာ၏။

အောက်သို့ ငုံ့ကြည့်လိုက်သောအခါ အောက်ဘက်ရှိ သစ်ပင်များနှင့် ရှုခင်းများက မျက်စိထဲတွင် သေးငယ်သွားသည်ကို တွေ့လိုက်ရသည်။

ချန်းရီ၏ ရင်ထဲတွင် အံ့ဩတုန်လှုပ်သွားပြီး ဘာပြောရမှန်းပင် မသိတော့ပေ။

ဆင်နှာမောင်းကြီးက သူတို့ကို ဆင်၏ ကျောပေါ်သို့ ပို့ဆောင်ပေးလိုက်ချိန်မှသာ ချန်းရီ တစ်ယောက် သတိပြန်ဝင်လာတော့သည်။

သူတို့အားလုံး ဆင်နှာမောင်းပေါ်မှ ကားများကို အလျင်စလို မောင်းချလိုက်ကြသည်။

ထိုအခါမှသာ လက်ရှိ ရောက်ရှိနေသော ပတ်ဝန်းကျင်ကို အကဲခတ်ရန် အချိန်ရတော့သည်။

ဆက်ရန်...

All Chapters