← Chapters

အခန်း ၂၁၆

Vol. 11 Ch. 216

အခန်း ၂၁၆

Vol. 11 Ch. 216

အပိုင်း(၂၁၆) နည်းနည်းလောက် လျှော့ပေးလို့လည်း ရပါတယ်

ချန်းရီက ဘုန်းကြီး၏ "စွမ်းအင်စုပ်ယူကျင့်စဉ်" စာအုပ်ကို ကိုင်ရင်း အချိန်အတန်ကြာ ငေးမောနေမိ၏။

ဘုန်းကြီးက ချန်းရီအား အကြိမ်အနည်းငယ် ခေါ်လိုက်မှသာ သူ သတိပြန်ဝင်လာတော့သည်။

ချန်းရီက "စွမ်းအင်စုပ်ယူကျင့်စဉ်" စာအုပ်ကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး သူ၏ မျက်ဝန်းများကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထားကာ ပြောလိုက်သည်။

"ဆရာတော်... ဒါကို ဘယ်လို လဲချင်တာလဲ"

"ဆန် (၃၅) ပြည်... ဒါမှမဟုတ် အဲဒါနဲ့ တန်ကြေးတူတဲ့ ရိက္ခာပစ္စည်းတွေနဲ့ လဲမယ်"

"သက်တမ်းမကုန်သေးတဲ့ ပစ္စည်းတွေဆိုရင်တော့ အကောင်းဆုံးပဲ"

တကယ်ကိုပင် နတ်ဆင်ရွာမှ လူအများစုသည် ရိက္ခာပစ္စည်းများကို အသည်းအသန် လိုချင်နေကြခြင်း ဖြစ်သည်။

လူတစ်ထောင်ခန့် နေထိုင်သော ဤရွာလေးတွင် ရိက္ခာပစ္စည်းများသည် အတိုင်းအတာတစ်ခုအထိ ပြတ်လပ်နေပြီ ဖြစ်၏။

ရွာအစွန်ရှိ စိုက်ပျိုးရေးစခန်းတွင် လူတစ်ရာကျော် အဆက်မပြတ် အလုပ်လုပ်နေကြသော်လည်း ရွာတစ်ရွာလုံး၏ လိုအပ်ချက်ကိုမူ မဖြည့်ဆည်းပေးနိုင်သေးပေ။

ချန်းရီသည် ဘုန်းကြီး၏ တောင်းဆိုမှုကို ကြားသောအခါ စိတ်ထဲတွင် သိပ်ပြီး အလိုမကျလှပေ။

အရင်ကတည်းက ချူချယ်က တစ်ဝက်ကို ယူသွားခဲ့ပြီးဖြစ်ရာ ယခု နောက်ထပ် ဤမျှလောက် အများကြီး ထပ်ပေးလိုက်ရလျှင်။

မိမိ၏ ရိက္ခာပစ္စည်းများသည် ထက်ဝက်ကျော်ခန့် လျော့ကျသွားပေလိမ့်မည်။

ဘုန်းကြီး၏ ကိုယ်ကျိုးစွန့် အနစ်နာခံစိတ်ကို အလွန် လေးစားမိသော်လည်း။

ချန်းရီသည် လေးစားရုံသက်သက်သာ ဖြစ်ပြီး လိုက်လံ အတုယူရန်မူ ဆန္ဒမရှိပေ၊ မည်သည့်အချိန်တွင်မဆို သူသည် မိမိကိုယ်ကိုသာ အမြဲတမ်း ပထမနေရာတွင် ထားရှိတတ်သူ ဖြစ်သည်။

ချန်းရီက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ဆရာတော်... တပည့်တော်က ရိက္ခာတွေ ဒီလောက်အများကြီး ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"အဲဒီအထဲမှာမှ သက်တမ်းမကုန်သေးတဲ့ ပစ္စည်းတွေဆိုရင်"

"ပိုပြီးတောင် မဖြစ်နိုင်သေးတယ်"

ဘုန်းကြီး၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့သွားသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။

သူ၏ စိတ်ထဲတွင် မည်မျှလောက်နှင့် လဲလှယ်လျှင် အသင့်တော်ဆုံး ဖြစ်မည်ကို တွက်ချက်နေပြီ ဖြစ်သည်။

စွန်းချန်းချန်းက ချန်းရီကို တစ်ချက် ကြည့်လိုက်ပြီး ခုနက ဘုန်းကြီး၏ ရှင်းပြချက်အရ သူမသည် "စွမ်းအင်စုပ်ယူကျင့်စဉ်" ၏ ကျင့်ကြံခြင်း သဘောတရားကို နားလည်နေပြီ ဖြစ်သည်။

သို့သော် ဤကျင့်ကြံနည်းက သူမအတွက်မူ အသုံးမဝင်လှပေ။

ချန်းရီသည် ဤအရာကို အဘယ်ကြောင့် အတင်းအဓမ္မ လိုချင်နေရသနည်း ဆိုသည်ကိုလည်း သူမ နားမလည်နိုင်ပေ။

သို့သော် သူမသည် လိမ္မာပါးနပ်စွာဖြင့် ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ချေ။

မည်သို့ပင်ဖြစ်စေ လမ်းစဉ်တိုင်းတွင် ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိကြသည် မဟုတ်ပါလော။

သီအိုရီအရဆိုလျှင် လမ်းစဉ်တိုင်းတွင် ကိုယ်ပိုင် ထူးခြားသော ကျင့်ကြံနည်းများ ရှိကြပြီး အချို့သော လမ်းစဉ်များက ကိုယ်တိုင် စမ်းသပ်ရှာဖွေရန် လိုအပ်ကာ အချို့ကမူ မွေးရာပါ ကျင့်ကြံတတ်ကြပြီး အချို့သော လမ်းစဉ်များအတွက်မူ ကျင့်ကြံခြင်းဆိုသည်မှာ ဗီဇတစ်ခုလိုပင် ဖြစ်နေတတ်သည်။

မည်သို့ပင်ဖြစ်စေ ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှာ ယခုအချိန်အထိ ဆိုလျှင် အချိန် သိပ်မကြာသေးပေ။

လမ်းစဉ်နှင့် ပတ်သက်သော ဗဟုသုတများစွာမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ထို့အပြင် ယခုအချိန်တွင် အင်တာနက်မှတစ်ဆင့် သတင်းအချက်အလက် ရှာဖွေနိုင်ရန် အရင်းအမြစ်လည်း မရှိတော့ပေ။

ထို့ကြောင့် ဤ "စွမ်းအင်စုပ်ယူကျင့်စဉ်" စာအုပ်မှာ ပို၍ပင် တန်ဖိုးကြီးမားလာရသည်။

လူသားများ အတိုင်းအတာတစ်ခုအထိ ပြန်လည် နလန်ထလာနိုင်သည့် အချိန်သို့ ရောက်လာလျှင် ကွန်ပျူတာပေါ်၌ ကီးဘုတ်ကို အနည်းငယ် နှိပ်လိုက်ရုံဖြင့် မိမိ၏ လမ်းစဉ်နှင့် ကိုက်ညီသော ပြီးပြည့်စုံသည့် ကျင့်ကြံနည်း တစ်ခုကို ရရှိလာနိုင်ကောင်း ရရှိလာနိုင်ပေမည်။

သို့သော် ယခုတော့ မရနိုင်သေးပေ။

တူညီသော လမ်းစဉ်ရှိသည့် လူနှစ်ယောက်ပင်လျှင် လုံးဝ တူညီနိုင်မည် မဟုတ်ပေ။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ယာဉ်တန်းထဲတွင် အတော်ဆုံးသူ ဖြစ်ပြီး အကယ်၍ ဓားနတ်ဘုရား လမ်းစဉ် နောက်တစ်ယောက် ထပ်ရောက်လာလျှင်ပင် တူညီသော လမ်းစဉ်အဆင့် ဖြစ်နေပါက ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အဆင့်မျိုးသို့ ရောက်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

ထို့ကြောင့် "စွမ်းအင်စုပ်ယူကျင့်စဉ်" သည် ဘုန်းကြီး၏ အဖိုးတန်ဆုံးသော လျှို့ဝှက်ချက်ဟု ဆိုနိုင်ပေသည်။

"နည်းနည်းလောက် လျှော့ပေးလို့လည်း ရပါတယ်"

ဘုန်းကြီးက စကားကို ချင့်ချိန်ပြောဆိုနေပြီး အနည်းငယ် သတိထားနေဟန် ရှိသည်။

ချန်းရီက စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"ဆရာတော်... တပည့်တော်မှာ သဘာဝလွန်ပစ္စည်း တစ်ခု ရှိတယ်... သဘောတူမယ်ဆိုရင် အဲဒါနဲ့ လဲပေးမယ်"

"သဘာဝလွန်ပစ္စည်း... ဘယ်လို အမျိုးအစားလဲ... နံပါတ်စဉ် ဘယ်လောက်လဲ"

သဘာဝလွန်ပစ္စည်းဟု ကြားလိုက်ရချိန်တွင် ဘုန်းကြီးက စကားမပြောသော်လည်း ဘေးနားရှိ ပျင်းရိပျင်းတွဲပုံစံ တာအိုဘုန်းကြီးကမူ စိတ်ဝင်စားသွားပြီး သူ၏ ကောက်ကျစ်သော မျက်လုံးများက အရောင်လက်သွား၏။

"သေနတ်အမျိုးအစား... နံပါတ်စဉ် ၇၁၂၅ ပါ"

"နံပါတ်စဉ် ခုနစ်ထောင်ကျော်... ဒါက... ပြကြည့်လို့ ရမလား"

တာအိုဘုန်းကြီးက အနည်းငယ် တုံဆိုင်းသွားပြီးမှ ပြောလိုက်သည်။

ချန်းရီက ဘုန်းကြီးကို တစ်ချက် ကြည့်လိုက်၏။

ဘုန်းကြီးက ခေါင်းညိတ်ပြလိုက်သည်။

"သင့်တော်မယ်ဆိုရင်တော့ မလဲနိုင်စရာ အကြောင်း မရှိပါဘူး"

ချန်းရီက လက်ယပ်ခေါ်လိုက်ပြီး ရွှီနန်ကို လိပ်ခေါင်း စနိုက်ပါ... မှားလို့... အသတ်နုတ် စနိုက်ပါကို သွားယူခိုင်းလိုက်သည်။

ကြီးမားသော စနိုက်ပါသေနတ်ကြီး ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ တာအိုဘုန်းကြီး၏ မျက်လုံးများက အရောင်လဲ့သွားတော့သည်။

သေနတ်အမျိုးအစား သဘာဝလွန်ပစ္စည်းများမှာ သိပ်မများလှသဖြင့် နံပါတ်စဉ် အဆင့်မမြင့်လျှင်တောင်မှ အလွန် အရောင်းအဝယ်သွက်သော ပစ္စည်းများ ဖြစ်ကြောင်း သိထားရမည်။

သို့မဟုတ် သဘာဝလွန်ပစ္စည်းနှင့် သဘာဝလွန်ပစ္စည်း ပြုလုပ်ရာတွင် သုံးသော ကုန်ကြမ်းအားလုံးမှာ လူကြိုက်များသော ပစ္စည်းများ ဖြစ်ကြသည်။

သေနတ်အမျိုးအစားမှာ လူကြိုက်အများဆုံးထဲမှ အများဆုံး ဖြစ်နေသည်။

ဤလိပ်ခေါင်း စနိုက်ပါ၏ ဘေးထွက်ဆိုးကျိုးက အမှန်တကယ် ရွံရှာဖွယ်ရာ မကောင်းဘူးဆိုလျှင် ချန်းရီသည်လည်း ထုတ်ပေးမည် မဟုတ်ပေ။

တာအိုဘုန်းကြီးက ရွှီနန်၏ လက်ထဲမှ သေနတ်ကို အလုအယက် ယူလိုက်ပြီး အေးစက်နေသော သေနတ်ကိုယ်ထည်ကို တယုတယ ပွတ်သပ်နေကာ မျက်နှာပေါ်တွင်လည်း အလွန်တရာ ဝမ်းသာပျော်ရွှင်နေသော အမူအရာက အထင်းသား ပေါ်လွင်နေ၏။

သို့သော် ထို့နောက်တွင်မူ လူအများက ပွဲကြည့်ပရိသတ်များအလား သဘောကျနေသော အမူအရာများဖြင့် ကြည့်နေကြသည်။

တာအိုဘုန်းကြီး၏ မျက်နှာအမူအရာက တဖြည်းဖြည်း တောင့်တင်းသွားပြီး အနည်းငယ် ရှုံ့မဲ့သွားသည်အထိ ဖြစ်လာသည်။

"ခွိ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည်ပင် မနေနိုင်တော့ဘဲ အသံထွက်လာသည်အထိ ရယ်မောလိုက်မိသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အသတ်နုတ် စနိုက်ပါ၏ အတွင်းရေးကို သိထားသည်မှာ သဘာဝပင် ဖြစ်၏။

တာအိုဘုန်းကြီး၏ မျက်နှာမှာ ရဲတွတ်သွားတော့သည်။

မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင်တော့ အရောင်းအဝယ် တည့်သွားခဲ့သည်။

ဤသေနတ်၏ ဘေးထွက်ဆိုးကျိုးက အမှန်တကယ်ပင် သည်းခံနိုင်စရာ မရှိလောက်အောင် ဆိုးရွားလွန်းလှသဖြင့် ချန်းရီက ဂျုံမှုန့် (၃) ပိဿာ၊ သက်တမ်းကုန်နေသော သစ်သီးစည်သွတ်ဘူး တစ်ဘူး၊ သက်တမ်းကုန်နေသော အသားစည်သွတ်ဘူး တစ်ဘူးနှင့် သက်တမ်းကုန်နေသော အရသာစုံ ဘီစကစ် တစ်ထုပ်တို့ကို အပိုဆောင်း ပေးလိုက်မှသာ ဤအရောင်းအဝယ်ကို အဆုံးသတ်နိုင်ခဲ့သည်။

ချန်းရီကလည်း သူ မျှော်လင့်ထားသည့်အတိုင်း "စွမ်းအင်စုပ်ယူကျင့်စဉ်" စာအုပ်ကို ရရှိသွားခဲ့သည်။

ထို့နောက် ဆက်လက်ပြုလုပ်သော အရောင်းအဝယ်များတွင်မူ သဘာဝလွန်ပစ္စည်းများ သို့မဟုတ် ကုန်ကြမ်းများ ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ပေ။

ချန်းရီတို့ဘက်မှ သိပ်ပြီး အရေးမကြီးသော ရိက္ခာပစ္စည်း အချို့ကို အကုန်လုံး လဲလှယ်သွားခဲ့ကြသည်။

ချန်းရီ၏ အမြင်တွင် သိပ်ပြီး အရေးမကြီးသော ပစ္စည်းများစွာသည် နတ်ဆင်ရွာ ဘက်တွင်မူ အလွန် ရှားပါးပြီး အလိုရှိနေသော ရိက္ခာများ ဖြစ်နေကြသည်။

ဥပမာအားဖြင့် ချန်းရီ ယခင်က ခွဲဝေရရှိထားသော အရက်ဖြူ တစ်ပုလင်းမှာ နာမည်ကြီး တံဆိပ် တစ်ခုခု မဟုတ်ဘဲ ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် အလွန်ဆုံးမှ ယွမ်ဆယ်ဂဏန်းလောက်သာ တန်ကြေးရှိသည်။

သို့သော် ပျင်းရိပျင်းတွဲ တာအိုဘုန်းကြီး၏ မျက်လုံးထဲတွင်မူ။

ထိုတာအိုဘုန်းကြီးက မိုးကြိုးငါးပါး အင်း နှစ်ခုဖြင့် လဲလှယ်သွားခဲ့သည်။

ဆေးလိပ်နှင့် အရက်ကဲ့သို့သော ပစ္စည်းများသည် ထိုအရာနှစ်ခုအပေါ် ခံစားချက်မရှိသော အသက်ရှင်ကျန်ရစ်သူ အများစုအတွက်မူ နေရာယူသော အမှိုက်များအဖြစ်သာ သတ်မှတ်ထားကြပြီး ရှိလျှင်လည်းဖြစ်၊ မရှိလျှင်လည်းဖြစ်ဟု သဘောထားကြသည်။

ရိက္ခာ ရှာဖွေကြသော အသက်ရှင်ကျန်ရစ်သူ အများစုသည် ဤပစ္စည်းများကို လုံးဝ ယူဆောင်လေ့ မရှိကြပေ။

သို့သော် အခြားလူအချို့၏ မျက်လုံးထဲတွင်မူ ဤအရာများသည် အလွန် ကောင်းမွန်သော ပစ္စည်းများ ဖြစ်နေကြသည်။

အရင်က ဆန် (၁၂) ပြည် ပေးမှသာ လဲလှယ်နိုင်သော မိုးကြိုးငါးပါး အင်းများ ဖြစ်သည်။

ယခုတော့ အရက်တစ်ပုလင်းဖြင့် အင်း နှစ်ခုကို လဲလှယ်လိုက်နိုင်သည်။

ထို့အပြင် ချန်းရီ အရင်က အမှတ်မထင် ပိုယူလာခဲ့သော အနွေးထည် အင်္ကျီအချို့ကိုလည်း တာအိုဘုန်းကြီးက မိုးကြိုးခေါ် အင်း နှစ်ခုဖြင့် တစ်ထည် လဲလှယ်သွားခဲ့သေးသည်။

အနွေးထည် အင်္ကျီသည် နတ်ဆင်ရွာတွင် အတိုင်းအတာတစ်ခုအထိ အသုံးဝင်နေဆဲ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ နတ်ဆင်ရွာ၏ ညဘက်များသည် အလွန် အေးချမ်းလှသည် မဟုတ်ပါလော။

ထယ်ရှီးတို့ဘက်တွင် လူဦးရေ အများဆုံး ဖြစ်သောကြောင့် သူတို့၏ ရိက္ခာပစ္စည်းများသည်လည်း အပေါများဆုံး ဖြစ်သည်။

ဥပမာအားဖြင့် မျက်နှာသစ်ဇလုံ၊ ကလေး သေးခံ၊ ခေါင်းလျှော်ရည်၊ အချိုမှုန့်၊ လောင်ကန်မာ ငရုတ်ဆီ၊ ရေနွေးဘူး စသည်တို့ ဖြစ်ကြသည်။

နတ်ဆင်ရွာမှ မလိုချင်သော ပစ္စည်းဟူ၍ တစ်ခုမျှ မရှိပေ။

မည်သို့ပင်ဖြစ်စေ ထယ်ရှီးကလည်း တာအိုဘုန်းကြီးထံမှ မက်မွန်သစ်သားဓား၊ မိုးကြိုးခေါ် အင်း၊ ကိုယ်လက်သန့်စင် အင်း၊ မိစ္ဆာနိုင် အင်း စသည်တို့ကို ရရှိခဲ့သည်။

ကမ္ဘာပျက်ကပ် မတိုင်မီက ဤကဲ့သို့သော ပစ္စည်းမျိုးကို အောက်ထပ်ရှိ စူပါမားကတ်တွင် တစ်ပတ်လောက် ပတ်ကြည့်လိုက်ရုံဖြင့် အစုံအလင် ဝယ်ယူနိုင်ပေသည်။

သို့သော် ယခုအချိန်တွင်မူ နတ်ဆင်ရွာမှ သဘာဝလွန်အစွမ်းပိုင်ရှင်များက ရိက္ခာများကို အကြိမ်ကြိမ် ရှာဖွေစုဆောင်းခဲ့သော်လည်း လုံလောက်မှု မရှိသေးပေ။

အုတ်ခဲကဲ့သို့သာ အသုံးဝင်တော့မည့် အသစ်စက်စက် ဖုန်းအသစ်များကိုပင်လျှင် သူတို့က အလုံးအနည်းငယ် လဲလှယ်သွားကြသေးသည်။

ကင်မရာအဖြစ် အသုံးပြုရန်ဟု ဆိုကြသည်။

ဘုန်းကြီးသည် ချန်းရီ၏ ကားခေါင်မိုးပေါ်ရှိ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ကိုပင် မျက်စိကျနေသေးသည်။

သို့သော် ဘုန်းကြီးမှာ ချန်းရီ စိတ်ဝင်စားလောက်မည့် မည်သည့်ပစ္စည်းကိုမျှ ထပ်မံ ထုတ်မပေးနိုင်တော့သဖြင့် စိတ်မကောင်းစွာဖြင့်ပင် လက်လွှတ်လိုက်ရသည်။

အရောင်းအဝယ်ပွဲမှာ ကောင်းကင်ယံ၌ ဆည်းဆာရောင်များ လွှမ်းခြုံလာသည်အထိ ကြာမြင့်ခဲ့ပြီးမှသာ တဖြည်းဖြည်း ပြီးဆုံးသွားတော့သည်။

ကားရပ်နားရာ နေရာမှ ထွက်လာသည်နှင့်။

ချန်းရီက အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေး အနည်းငယ်သည် ဘုန်းကြီးနှင့် တာအိုဘုန်းကြီးတို့၏ ဘေးတွင် ဝိုင်းအုံနေကြသည်ကို မြင်လိုက်ရသည်။

တာအိုဘုန်းကြီးက ပြုံးရွှင်စွာဖြင့် ယုန်ဖြူတံဆိပ် နို့သကြားလုံး တစ်ထုပ်ကို ဖောက်ကာ ကလေးများကို ဝေငှပေးနေသည်။

"မလုကြနဲ့... အားလုံးရမယ်... အားလုံးရမယ်"

ဤနို့သကြားလုံးမျိုးမှာ ကမ္ဘာပျက်ကပ် မတိုင်မီက လူတိုင်း ဝယ်နိုင်ပြီး အလွယ်တကူ လက်လှမ်းမီနိုင်သော အရာဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ကလေးများအတွက် ရှားပါးသော သရေစာတစ်ခု ဖြစ်လာခဲ့ပြီတည်း။

ဤမြင်ကွင်းက ချန်းရီကို အနည်းငယ် အံ့သြသွားစေသည်။

ယခင်ကတည်းက နတ်ဆင်ရွာတွင် ကလေးအချို့ ရှိနေသည်ကို သိထားသော်လည်း ဤမျှလောက် များပြားနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ယာဉ်တန်းထဲတွင် ကလေးတစ်ယောက်မျှ မရှိကြောင်း သိထားရမည်။

ဤသို့ကြည့်လျှင် နတ်ဆင်ရွာသည် ယာဉ်တန်းထက် အမှန်တကယ် ပိုမို ကောင်းမွန်နေပြီး အနည်းဆုံးတော့ ဤကလေးငယ်များ အသက်ရှင်သန်နိုင်ကြသေးသည် မဟုတ်ပါလော။

"သူက ရွာသူကြီးကောင်း တစ်ယောက်ပဲ... သူသာ မရှိရင် ဒီနေရာက ဒီလိုအခြေအနေမျိုး ဖြစ်နေမှာ မဟုတ်ဘူး"

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အသံမှာ အနည်းငယ် လွမ်းဆွတ်တမ်းတနေဟန် ရှိသည်။

"ဘာလဲ... နင်က ဒီမှာ နေခဲ့ချင်လို့လား"

ချန်းရီက ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို နောက်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ထားလိုက်ပါတော့... ညီမက ရွှေ့ပြောင်းသွားလာရတဲ့ ဘဝမျိုးနဲ့ပဲ ပိုကိုက်ပါတယ်... နတ်ဆင်ရွာက နေ့ရက်တွေက အရမ်းကို အေးချမ်းလွန်းနေလို့ပါ"

ဆက်ရန်...

All Chapters