← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

🍅 Chapter 65

ဝူယွီလန်သည် ယောကျ်ားလေးများအတွက် ဆံကြိုးလေးကွင်းနှင့် မိန်းကလေးများအတွက် ဆံထုံးကြိုး ဆယ်ကွင်းကျော်ကို ရွေးချယ်လိုက်သည်။

“ဒီလောက်ဆို ရပါပြီ”

ဈေးသည် ပျော်ရွှင်စွာဖြင့် တွက်ချက်လိုက်သည်။

“ကောင်းပါပြီ၊ စုစုပေါင်း နှစ်ဆယ့်လေးပြား ကျပါတယ်၊ ကျွန်တော် တစ်ပြားလျှော့ပေးပါ့မယ်၊ ဒါကြောင့် နှစ်ဆယ့်သုံးပြားပဲ ပေးပါ”

ဝူယွီလန် ငွေရှင်းပြီးနောက် ထွက်ခွာသွားစဉ် လမ်းဘေးဈေးသည်က မိန်းကလေးသုံး ဆံထုံးကြိုးတစ်ကွင်းကို လှမ်းပေးလိုက်၏။

“ကောင်မလေး၊ မင်းရဲ့ မိသားစုကို ငါ့ဆိုင်လာပြီး အားပေးအောင် ခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ်”

စုန့်ထုန်ဟွာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။

ဤဆံထုံးကြိုးကို ယူသင့်၊ မယူသင့် သူမ ဝေခွဲမရဖြစ်နေသဖြင့် ဝူယွီလန်ဘက်သို့ လှည့်ကြည့်လိုက်ရာ ဝူယွီလန်က ပြုံးလျက် ခွင့်ပြုလိုက်လေ၏။

“ဒါက သူဌေးရဲ့ စေတနာပဲ၊ နင် ယူလိုက်ပါ”

ဝူယွီလန် ထိုသို့ပြောသည်ကို ကြားသောအခါ စုန့်ထုန်ဟွာသည် နောက်ဆုံးတွင် ဆံထုံးကြိုးကို ဈေးသည်ထံမှ လက်ခံယူလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ် သူဌေး”

လမ်းဘေးဈေးသည်က မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာလျက် လက်ဝှေ့ယမ်းပြလိုက်သည်။

တစ်ပါးသူကိုလည်း ကူညီနိုင်ခဲ့သလို အရောင်းအဝယ်လည်း ဖြစ်မြောက်ခဲ့သဖြင့် သူ့ရင်ထဲတွင် အောင်မြင်မှု ခစားချက်များဖြင့် ပြည့်နှက်နေလေတော့သည်။

၀ူယွီလန်တစ်ယောက် မုန့်များဝယ်ယူရန် လိုအပ်သေး၏။ ထိုဆိုင်က အဆင်မပြေသဖြင့် ဝူယွီလန်သည် အခြားဆိုင်တစ်ဆိုင်သို့ ပြောင်းလဲဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

မကြာမီမှာပင် သူမသည် မုန့်နံ့များကို အနံ့ခံကာ မုန့်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိသွားလေသည်။

ဆိုင်ဝန်ထမ်းက ဝူယွီလန်ကို မြင်သောအခါ အလွန်တက်ကြွစွာဖြင့် ကြိုဆိုနှုတ်ဆက်လာသည်။

“အဒေါ်ကြီး၊ မုန့်ဝယ်မလို့လား”

သူ ရင်းနှီးစွာ ဆက်ပြောလာသည်။

“ဒီမှာ အရသာရှိတဲ့မုန့်တွေ အများကြီးရှိပါတယ်၊ ကျေးဇူးပြုပြီး မြည်းစမ်းကြည့်ပါဦး၊ အခမဲ့ပါ၊ ကျွန်တော်တို့က ဘယ်သူ့ကိုမှ မလိမ်စားပါဘူး”

ဝူယွီလန်၏မျက်နှာအမူအရာမှာ တစ်စုံတစ်ရာ ပြောင်းလဲခြင်းမရှိပေ။ ဤဆိုင်ဝန်ထမ်းသည် သူမ၏ ‘နာမည်ဆိုးဖြင့် ကျော်ကြားမှု’ ကို သိရှိထားပြီးဖြစ်ကြောင်း ရှင်းလင်းစွာ မြင်သာလေသည်။

သို့သော်လည်း ဘာအရေးစိုက်ရမည်နည်း။ သူမသည် အလွယ်တကူ အနိုင်ကျင့်၍မရသူဖြစ်ကြောင်း လူတိုင်းသိသွားပြီဖြစ်ရာ သူမကို အလွယ်တကူ ရန်စရဲကြတော့မည် မဟုတ်ပေ။

သို့သော် အခြားသူများက သူမအား လေးလေးစားစား ဆက်ဆံပါက သူမကလည်း ဆယ်ဆပြန်လည် တုံ့ပြန်ပေးမည်သာ ဖြစ်သည်။

ဝူယွီလန် ခေါင်းညိတ်ပြလိုက်၏။

“အင်း၊ ငါ မုန့်တချို့ဝယ်ဖို့ ကြံနေတာ”

ဆိုင်ဝန်ထမ်းသည် ဗန်းတစ်ချပ်ကို ယူဆောင်လာပြီး စုန့်အာ့လန်နှင့် စုန့်ထုန်ဟွာတို့ စားသုံးရန်အတွက် မုန့်နှစ်ခုကို အရင်ဦးဆုံး ယူပေးလိုက်သည်။

“ဒါတွေက ကျွန်တော်တို့ဆိုင်ရဲ့ အရောင်းရဆုံးမုန့်တွေပါ၊ မြည်းစမ်းကြည့်ပါဦး”

ဤဆိုင်ရှိ မုန့်များမှာ ယခင်ဆိုင်မှမုန့်များထက် များစွာ ပိုမိုပြည့်စုံပြီး အနံ့အသက်များမှာလည်း ပိုမိုမွှေးကြိုင်လှရာ ဂရုတစိုက် ဖန်တီးပြုလုပ်ထားကြောင်း သိသာထင်ရှားလှပေသည်။

“အင်း၊ အရသာက တော်တော်လေးကောင်းတာပဲ၊ ငါ့ကို ကွေ့ဟွာမုန့် လေးဗူး၊ သစ်အယ်သီးမုန့် နှစ်ဗူးနဲ့ မက်မွန်ပန်းမုန့် နှစ်ဗူးပေးပါ”

ထိုစကားကို ကြားသောအခါ ဆိုင်ဝန်ထမ်း၏အပြုံးမှာ ပိုလို့ပင် ကျယ်ပြန့်သွားလေ၏။

“ကောင်းပါပြီခင်ဗျာ”

သူ သွက်လက်စွာ ရှင်းပြလိုက်သည်။

“အဒေါ်ကြီး၊ ကျွန်တော်တို့ရဲ့ ကွေ့ဟွာမုန့်က တစ်ဗူးကို ပြားလေးဆယ်၊ သစ်အယ်သီးမုန့်က တစ်ဗူးကို သုံးဆယ့်ငါးပြား၊ မက်မွန်ပန်းမုန့်က တစ်ဗူးကို ပြားငါးဆယ်ပါ၊ စုစုပေါင်းပြားသုံးရာ့သုံးဆယ် ကျသင့်ပါတယ်၊ ကျွန်တော်တို့ရဲ့ မုန့်အသစ်ဖြစ်တဲ့ ကြာပန်းမုန့် တစ်ဗူးကိုလည်း အိမ်အပြန် မြည်းစမ်းကြည့်ဖို့ လက်ဆောင်ပေးလိုက်ပါ့မယ်”

ဆိုင်ဝန်ထမ်းသည် ဝူယွီလန်အတွက် မုန့်များကို သွက်သွက်လက်လက် ထုပ်ပိုးပေးလိုက်သည်။

ဝူယွီလန်လည်း ကျသင့်ငွေကို အလျင်အမြန် ရှင်းပေးလိုက်၏။

“ကျေးဇူးအများကြီးတင်ပါတယ် အဒေါ်၊ နောက်တစ်ခါလည်း လာအားပေးပါဦး”

အိတ်များကို သယ်ဆောင်လာရင်း ဝူယွီလန်သည် ဆိုင်မှထွက်လာခဲ့ရာ အလုပ်မှ ကန်ထုတ်ခံလိုက်ရသော ဆိုင်ဝန်ထမ်းဟောင်းနှင့် တိုက်ဆိုင်စွာပင် ဆုံတွေ့လိုက်ရသည်။

ထိုဆိုင်ဝန်ထမ်း၏ မျက်ဝန်းများအတွင်းရှိ မယုံကြည်နိုင်မှုများကို မြင်လိုက်ရသောအခါ ဝူယွီလန်သည် ချက်ချင်းပင် ရင်ထဲ၌ ကြည်နူးဝမ်းသာသွားလေသည်။

ထိုဆိုင်ဝန်ထမ်းကို မြင်သောအခါ စုန့်အာ့လန်ကမူ သူ၏ခေါင်းလေးကို မော့ကာ ခနဲ့တဲ့တဲ့အသံဖြင့် ပြောလိုက်သည်။

“ယိုး၊ ဒါ ဘယ်သူပါလိမ့်၊ ဆိုင်ဝန်ထမ်းအစ်ကိုကြီး မဟုတ်လား၊ ဘယ်လိုဖြစ်လို့ ကန်ထုတ်ခံလိုက်ရတာလဲ”

ဝူယွီလန် မုန့်တစ်ပိုင်းကို မြေကြီးပေါ်သို့ ပစ်ချလိုက်၏။

“ရော့၊ မုန့်တွေကို ခိုးစားနေစရာ မလိုတော့ဘူး၊ ငါ ခွေးကိုကျွေးလိုက်တယ်လို့ သဘောထားလိုက်တယ်”

ဆိုင်ဝန်ထမ်းသည် ဝူယွီလန်ကို စူးစူးရဲရဲ စိုက်ကြည့်နေလေ၏။

သူ့အကြည့်များမှာ လူတစ်ယောက်ကို အရှင်လတ်လတ် အရေခွံခွာပစ်ချင်နေသည့်အလား ပြင်းထန်လှပေသည်။

ဤမြင်ကွင်းကိုကြည့်ရင်း စုန့်ထုန်ဟွာမှာ အနည်းငယ် ကြောက်လန့်သွားမိသည်။ သူမက စိုးရိမ်တကြီးဖြင့် တီးတိုးမေးလိုက်၏။

“အဘွား၊ ဒီဆိုင်ဝန်ထမ်းရဲ့ အကြည့်တွေက အရမ်းကြောက်စရာကောင်းတယ်၊ သူ မကောင်းတာတစ်ခုခုလုပ်ဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်”

ဝူယွီလန် ဆိုင်ဝန်ထမ်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ဤခွေးကောင်က သူမအား တစ်ခုခုလုပ်မည်ကို သူမ မကြောက်သော်လည်း ကလေးနှစ်ယောက်ပါလာသည့်အတွက် သူမ သတိထားရပေမည်။

သူမက ကလေးနှစ်ယောက်ကို သတိပေးလိုက်သည်။

“နင်တို့နှစ်ယောက် ဒီရက်ပိုင်း သတိထားကြ၊ တစ်ယောက်တည်း အပြင်မထွက်မိစေနဲ့၊ ပြီးတော့ လူပြတ်တဲ့ နေရာတွေကိုလည်း မသွားကြနဲ့”

စုန့်အာ့လန် နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။

“အဘွား၊ ကျွန်တော် သိပါပြီ”

ဆိုင်ဝန်ထမ်းသည် ထိုနေရာတွင်ရပ်ကာ သူတို့၏ ကျောပြင်များကိုသာ တည့်တည့်မတ်မတ် စိုက်ကြည့်နေခဲ့သည်။

သူ အံကြိတ်ကာ ရေရွတ်လိုက်လေ၏။

“အဘွားကြီး၊ ငါ အလုပ်ပြုတ်သွားတာ ခင်ဗျားကြောင့်ပဲ”

လမ်းပေါ်ရှိ လူမိုက်အချို့ကို ရုတ်တရက် မြင်လိုက်ရသောအခါ သူ့မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

“ငါ ကောင်းကောင်းမနေရရင် ခင်ဗျားတို့လည်း အေးအေးဆေးဆေးနေရမယ်လို့ မတွေးနဲ့”

“ကောင်မလေး၊ ကုန်စုံဆိုင် ဘယ်မှာရှိလဲဆိုတာ မေးပါရစေ”

“တည့်တည့်သွားပြီး ညာဘက်ကိုကွေ့လိုက်၊ အဲဒီမှာ တစ်ဆိုင်ရှိတယ်”

လမ်းသွားလမ်းလာတစ်ဦးက ညွှန်ပြသည့်လမ်းအတိုင်း ဝူယွီလန် လျှောက်လာခဲ့ရာ ကုန်စုံဆိုင်တစ်ဆိုင်သို့ ရောက်ရှိသွားလေသည်။

ကျစ်ဆံမြီးကျစ်ထားသော မိန်းကလေးတစ်ဦးက အပြုံးပန်းဆင်လျက် လျှောက်လာလေသည်။

“အဘွား၊ ဘာများဝယ်ချင်လို့လဲ၊ ဒီမှာ အိုး၊ ပန်းကန်၊ ယောက်ချိုဇွန်းကနေ ပေါက်ပြား၊ တံစဉ်တွေအထိ အကုန်ရှိပါတယ်”

“ငါ့ဖာသာ ငါပဲ လိုက်ကြည့်လိုက်ပါ့မယ်”

“ကောင်းပါပြီ၊ ရှာမတွေ့တာရှိရင် ကျွန်မကိုသာ ခေါ်လိုက်ပါ”

မိန်းကလေးသည် အခြားဖောက်သည်များကို ဧည့်ခံရန် ဘေးဘက်သို့ ထွက်သွားလေသည်။

ဝူယွီလန်သည် ဆိုင်တွင်းသို့ လှည့်လည်ကြည့်ရှုကာ သံအိုးကြီးတစ်လုံး၊ မီးဖိုချောင်သုံးဓားတစ်လက်၊ တံစဉ်တစ်ခုနှင့် ဆေးပင်တူးရန် ပေါက်ပြားငယ် ငါးလက်တို့ကို ရွေးချယ်လိုက်၏။

နောက်သို့လှည့်ကြည့်လိုက်ရာ မြေအိုးတစ်လုံးကို မြင်သဖြင့် ၎င်းကိုပါ ယူလိုက်သည်။

“ဒီပစ္စည်းတွေ အကုန်လုံး ဘယ်လောက်ကျသလဲ တွက်ပေးပါဦး”

မိန်းကလေးသည် ပေသီးခုံလေးတစ်ခုကို ထုတ်ယူလိုက်၏။

“အဘွား၊ ဒီမီးဖိုချောင်သုံးဓားက ပြားနှစ်ရာ၊ လျှော့ဈေးမရှိပါဘူးရှင့်၊ ဒါပေမဲ့ ဒီတံစဉ်က ပြားတစ်ရာ့ငါးဆယ်၊ အဘွားကို တစ်ရာ့လေးဆယ့်ငါးပြားနဲ့ ပေးပါ့မယ်၊

ပေါက်ပြားလေးတွေက တစ်လက်ကို ပြားနှစ်ဆယ်၊ ငါးလက်ဆိုတော့ ပြားတစ်ရာ၊ နှစ်ပြားလျှော့ပေးမယ်၊ မြေအိုးက ပြားငါးဆယ်ပါ၊ စုစုပေါင်း လေးရာ့ကိုးဆယ့်သုံးပြား ကျသင့်ပါတယ်”

ဝူယွီလန် စကားမပြောနိုင်ခင်မှာပင် ဘေးတွင်ရပ်နေသော စုန့်အာ့လန် ဝင်ပြောလိုက်သည်။

“မမလှလှလေးရယ်၊ ကျွန်တော်တို့ကို အကြွေလေးနည်းနည်း လျှော့ပေးပါအုံးလား”

မိန်းကလေးမှာ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ပြုံးရွှင်သွားသည်။

“ကောင်းပါပြီ၊ မောင်လေးက တောင်းဆိုနေမှတော့ အကြွေလျှော့ပေးလိုက်ပါ့မယ်၊ ပြားလေးရာ့ကိုးဆယ်ပဲ ပေးပါတော့”

ဝူယွီလန် ခေါင်းညိတ်လိုက်သည်။

“ငါ ပန်းကန်နဲ့ တူတချို့လည်း ဝယ်ချင်သေးတယ်”

ထိုစကားကို ကြားသောအခါ မိန်းကလေး၏ပါးပြင်ပေါ်တွင် ချိုမြိန်သောပါးချိုင့်လေးများ ပေါ်လာလေ၏။

“အဘွား၊ ကျွန်မနောက်ကို လိုက်ခဲ့ပါ၊ ကြွေထည်တွေက ကွဲလွယ်လို့ ဒီဘက်မှာ အကုန်ထားတာပါ”

ဝူယွီလန် မိန်းကလေးနောက်မှ အတွင်းဘက်သို့ လိုက်သွား၏။

ထိုနေရာမှာ အနည်းငယ် ပိုကျဉ်းပြီး စင်နှစ်တန်း ရှိလေသည်။

ကြမ်းပြင်ပေါ်တွင် ရိုးရိုးပန်းကန်လုံးကြီးများ ရှိပြီး အများစုမှာ ပြောင်ချောကြီးများဖြစ်ကာ မည်သည့်ပုံစံအလှဆင်မှုမျှ မပါရှိပေ။

စင်ပေါ်ရှိ ကြွေပန်းကန်များထဲတွင်မူ စိမ်းပြာရောင်ကြွေ၊ ကြွေဖြူ၊ ကြွေနက်နှင့် အပြာနှင့်အဖြူရောင် ကြွေထည်များအပါအဝင် ပုံစံမျိုးစုံ ရှိလေသည်။

All Chapters