← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

🍅 Chapter 69

“မဖြစ်နိုင်တာ”

အခြားသူတစ်ဦးဦးက သူ့ကို ပြန်ရွေးသွားသည်ဟုဆိုလျှင် သူ ယုံကြည်နိုင်မည်ဖြစ်သော်လည်း သူ့အပေါ် အမြတ်ထုတ်ကာ ဂုတ်သွေးစုပ်ရန်သာသိသော ဤမိခင်က ရွေးသွားသည်ဆိုခြင်းကိုမူ လုံးဝလက်မခံနိုင်ချေ။

သွေးစုပ်ဖုတ်ကောင်ကဲ့သို့သော မိခင်၏စိတ်နေသဘောထားအရ သူ၏ နောက်ဆုံးတန်ဖိုးများ ကုန်ခမ်းသွားသည်အထိ အသုံးချမည်မှာ သေချာပေသည်။

သူ၏ သွေးကိုစုပ်ယူရန်သာ တွေးတောနေသူက သူ့အတွက် ငွေအကုန်ခံမည်ဆိုသည်မှာ မည်သို့လုပ်၍ ဖြစ်နိုင်မည်နည်း။

သူမတွင် အကြံအစည်တစ်ခုခုရှိနေနိုင်ပြီး သူ့ထံမှ ပိုမိုကြီးမားသော အရာများကို မျှော်လင့်နေခြင်းမျိုးမှလွဲ၍ အခြားမရှိနိုင်ပေ။

သို့သော် တန်ဖိုးမရှိလှသော ဤအသက်တစ်ချောင်းမှလွဲ၍ သူ့ထံတွင် မည်သည့်အရာများ ရှိနေသေးသနည်း။

အရာရှိ ဝူရန်ယောင်က စုန့်ကျစ်ချုံး၏ အတွေးများကို ဖြတ်တောက်လိုက်သည်။

“မင်း ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ မင်းအမေက ဒဏ်ကြေးငွေတွေကို ပေးဆောင်ပြီးသွားပြီဆိုတော့ အခု မင်း အိမ်ပြန်လို့ရပြီ”

“ဒီမှာ ငွေငါးချောင်း၊ အိမ်ပြန်ဖို့အတွက် မင်းအမေ လမ်းစရိတ်ပေးခဲ့တာ”

အိမ်ပြန်မည့် ခရီးစဉ်အတွက် လမ်းစရိတ်ကိုပင် ထည့်သွင်းစဉ်းစားပေးသွားခဲ့သည်လော။

သူမ အကြံအစည်ထုတ်ရလောက်အောင် သူ့ထံတွင် မည်သည့်အရာများ ကျန်ရှိနေသနည်း။

‘ဖြစ်နိုင်တာက... ငါရဲ့ အတိတ်၊ နောက်ခံကြောင့်များလား'

“ကဲ၊ နှစ်ရက်လောက်အနားယူလိုက်ဦး၊ ပြီးမှ အိမ်ပြန်တော့”

အရာရှိဝူရန်ယောင်သည် စုန့်ကျစ်ချုံးအား ပြုစုစောင့်ရှောက်ပေးရန် လူတစ်ယောက်ကို ခေါ်ထားပေးပြီးနောက် သူ့ကိုယ်ပိုင်ကိစ္စများကို ဆက်လက်ဆောင်ရွက်ရန် ထွက်ခွာသွားလေသည်။

စုန့်ကျစ်ချုံးသည် လက်ထဲမှ ငွေငါးချောင်းကို ငေးကြည့်ရင်း သူ့ရင်ထဲတွင် ရှုပ်ထွေးသောခံစားချက်များဖြင့် ပြည့်နှက်နေလေသည်။

မိခင်ဖြစ်သူ မည်သည့်အရာများ ကြံစည်နေသည်ကို သူ မသိသော်လည်း နောက်ဆုံးတွင်တော့ မိသားစုရှိရာသို့ ပြန်ကာ ဇနီးနှင့် သမီးငယ်လေးကို တွေ့မြင်ခွင့်ရတော့မည်မဟုတ်ပါလား။

သူ၏ သားသမီးဝတ္တရားများကိုလည်း အပြည့်အဝ ကျေပွန်ခဲ့ပြီးပြီဖြစ်ရာ ဤတစ်ကြိမ်တွင်တော့ သူ့မိခင်က ဇနီးနှင့် သမီးဖြစ်သူအပေါ် အနိုင်ကျင့်မည်ကို လုံးဝ ခွင့်ပြုတော့မည်မဟုတ်ပေ။

မိမိချစ်ရသူများကို ကာကွယ်စောင့်ရှောက်မည်ဟူသော ခိုင်မာသည့်ရည်မှန်းချက်က သူ့ရင်ထဲတွင် တဖြည်းဖြည်း တောက်လောင်လာသည်။

အကယ်၍ မိခင်ဖြစ်သူက ပြဿနာရှာရန် ကြိုးစားလာပါက သူလည်း အားနာနေတော့မည်မဟုတ်ပေ။

ဤအချိန်တွင်မူ သူ့ဇနီးသည် မိခင်ဖြစ်သူဘက်သို့ လုံးလုံးလျားလျား ကူးပြောင်းသွားပြီး သူမ၏အမိန့်တိုင်းကို နာခံနေပြီဖြစ်ကြောင်း စုန့်ကျစ်ချုံးတစ်ယောက် လုံးဝမသိခဲ့ချေ။

ထို့အပြင် ရက်စက်ယုတ်မာလှသော သူ့မိခင်အိုကြီးသည် ယခုအခါ မိသားစု၏ နေထိုင်မှုဘဝအခြေအနေများကို မည်သို့ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရမည်ဆိုသည်ကို စဉ်းစားနေကြောင်းကိုလည်း သူ လုံးဝ တွေးတောမိမည်မဟုတ်ပေ။

…….

“အမေ၊ အဲဒီဆိုင်ဝန်ထမ်းကို ဒီအတိုင်း လွှတ်ထားလိုက်တော့မှာလား”

ကျောက်လီကျွမ်မှာ အနည်းငယ် မကျေမချမ်းဖြစ်နေ၏။

ပြဿနာများ၏ တရားခံဖြစ်သူကို မည်သို့လုပ်၍ ဤမျှလွယ်လွယ်ကူကူ လွှတ်ပေးထားနိုင်မည်နည်း။

ဝူယွီလန် လှောင်ပြုံးပြုံးကာ ပြန်ဖြေလိုက်သည်။

“စိတ်ချပါ၊ ငါတို့က လွှတ်ပေးလိုက်ရင်တောင် အဲဒီလူမိုက်နှစ်ယောက်က သူ့ကို အလွတ်ပေးမှာမဟုတ်ဘူး”

ဤအချိန်တွင် လူမိုက်နှစ်ဦးမှာလည်း အဖြစ်အပျက်ကို သဘောပေါက်သွားကြပြီး ဆက်လက်၍ အချင်းချင်းသတ်ပုတ်မနေကြတော့ပေ။

“အစ်ကိုကြီး၊ ကျွန်တော်တို့ အခုလိုအခြေအနေမျိုး ရောက်သွားရတာ အဲဒီဆိုင်ဝန်ထမ်းကြောင့်ပဲ”

“ဟုတ်တယ်၊ ဒီခွေးကောင်က ငါတို့ကို လိမ်ဖို့အထိ ရဲတင်းနေတာကိုး”

“သွားမယ်၊ သူ့ကို သတ်ပစ်မယ်”

“သတ်ပစ်မယ်ကွာ”

…….

“အမေ၊ ကျွန်မတို့ တခြားဘာဝယ်ဖို့ လိုသေးလဲ”

ဝမ်ကွေ့ချင်သည် အိတ်များကို အထပ်လိုက်သယ်ပိုးထားရင်း မေးလိုက်လေ၏။

“ဝါဂွမ်းနည်းနည်းလောက် ဝယ်ရဦးမယ်”

ဝူယွီလန်က ဝါဂွမ်းအနည်းငယ်မျှသာ ဝယ်ယူမည်ဟု ဝမ်ကွေ့ချင် ထင်မှတ်ခဲ့သော်လည်း...

“ငါ့ကို ဝါဂွမ်း ငါးဆယ့်ခြောက်ကတ်တီပေးပါ”

“ဟင်၊ ဝါဂွမ်း ငါးဆယ့်ခြောက်ကတ်တီလား၊ အမေပြောချင်တာက ငါးကတ်တီ၊ ခြောက်ကတ်တီလောက်ကို ဆိုလိုတာ မဟုတ်လား”

ကျောက်လီကျွမ်နှင့် လီရှို့ယွင်တို့သည်လည်း နားမလည်နိုင်သော မျက်နှာအမူအရာများဖြင့် ဝူယွီလန်ကို စိုက်ကြည့်လာကြသည်။

“ငါးကတ်တီ၊ ခြောက်ကတ်တီလောက်က ဘာသွားလုပ်လို့ရမှာလဲ၊ စောင်တစ်ထည်လုပ်ဖို့တောင် မလောက်ဘူး၊ ငါးဆယ့်ခြောက်ကတ်တီသာ ဝယ်လိုက်၊ ငါတို့ ဝါဂွမ်းစောင် ရှစ်ထည် လုပ်ကြမယ်”

“ရှစ်ထည်၊ စောင်ရှစ်ထည်၊ အဲဒီလောက်များတဲ့ စောင်တွေကို သုံးလို့ကုန်ပါ့မလား”

ဝမ်ကွေ့ချင်က သူမ၏ခေါင်းကို ကုတ်ရင်း မေးလိုက်လေ၏။

ဝူယွီလန် လက်ချောင်းလေးများကိုချိုးကာ ရေတွက်ပြလိုက်သည်။

“ငါ့အတွက် တစ်ထည်၊ အကြီးကောင်နဲ့ နင့်အတွက် တစ်ထည်၊ တာ့လန်နဲ့ အာ့လန်အတွက် တစ်ထည်၊ ကျင်းဟွာနဲ့ ယင်ဟွာအတွက် တစ်ထည်၊

ဒုတိယချွေးမအတွက် တစ်ထည်၊ ထုန်ဟွာနဲ့ ချန်းဟွာအတွက် တစ်ထည်၊ တတိယချွေးမအတွက် တစ်ထည်၊

ပြီးတော့ ချွမ်းနီနဲ့ ကလေးလေးအတွက်တစ်ထည်၊ အဲဒီလို တွက်ကြည့်လိုက်ရင် စောင်ရှစ်ထည်မဟုတ်ဘူးလား”

“အမေ၊ ဒီလောက်အများကြီး လုပ်စရာမလိုပါဘူး၊ သမီးက ထုန်ဟွာတို့၊ ချန်းဟွာတို့နဲ့ အတူခြုံလိုက်ရင် ရပါတယ်”

ကျောက်လီကျွမ် အလျင်အမြန် လက်ကာပြကာ ငြင်းဆန်လိုက်သည်။

“အမေ၊ သမီးလည်း အတူတူပါပဲ၊ ဖြစ်သလို ကြိတ်ခြုံလိုက်ရင် ရပါတယ်”

လီရှို့ယွင်လည်း သူမ၏သဘောထားကို ထုတ်ဖော်ပြောဆိုလာသည်။

ဝူယွီလန် သူတို့အားလုံး၏စကားကို ပြတ်သားစွာငြင်းပယ်လျက် လက်ဝှေ့ယမ်းပြလိုက်သည်။

“ငါက ဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးပဲ၊ နင်တို့အားလုံး ငါပြောတဲ့အတိုင်း နားထောင်ရမယ်”

သူမက ဆိုင်ရှင်ဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။

“ငါ့ကို ဝါဂွမ်း ငါးဆယ့်ခြောက်ကတ်တီပေး၊ နေဦး... ကွက်တိပြည့်သွားအောင် ဝါဂွမ်း ကတ်တီခြောက်ဆယ်သာ ပေးလိုက်တော့”

ဆိုင်ရှင်မှာ ဝမ်းသာလွန်း၍ ပြုံးလိုက်ရာ သူမ၏မျက်နှာပေါ်ရှိ အရွယ်လွန်အရေးအကြောင်းများပင် စုပုံသွားလေတော့၏။

“ကောင်းပါပြီ အစ်မကြီး၊ အခုချက်ချင်း လူလွှတ်ပြီး ထုပ်ပိုးခိုင်းလိုက်ပါ့မယ်”

ဝူယွီလန်သည် စောင်စွပ်ရှစ်ထည်ကိုလည်း ရွေးချယ်လိုက်လေ၏။

မိသားစုမှာ လယ်ယာအလုပ်များကို လုပ်ကိုင်နေရဆဲဖြစ်ပြီး ကလေးများကလည်း ကြမ်းတမ်းစွာ ဆော့ကစားတတ်ကြသဖြင့် သူမသည် အများအားဖြင့် အပေအတေခံနိုင်သော အရောင်များကိုသာ ရွေးချယ်ခဲ့သည်။

သို့သော်လည်း မိသားစုအတွင်းတွင် မိန်းကလေးငယ်လေးများ ရှိနေသေးရာ ပန်းရောင်ရင့်ရင့် စောင်စွပ်အချို့ကိုလည်း သူမ ထည့်သွင်းရွေးချယ်ခဲ့သည်။

စောင်စွပ်များကို ရွေးချယ်ပြီးနောက် ဝူယွီလန်က လီရှို့ယွင်ဘက်သို့ လှည့်ကြည့်လိုက်၏။

“တတိယချွေးမ၊ နင်က အဝတ်အစားချုပ်တာ တော်တယ်မဟုတ်လား၊ မိသားစုဝင်အားလုံးအတွက် ဆောင်းဦးရာသီဝတ် အဝတ်အစားနှစ်စုံစီချုပ်ဖို့ အထည်ဘယ်လောက် လိုမလဲဆိုတာ တွက်ကြည့်စမ်း၊ ငါတို့ကိုယ်တိုင် ချုပ်ဝတ်ဖို့ အထည်စတွေဝယ်ကြမယ်”

သူမအနေဖြင့် မိသားစုအတွက် အသုံးဝင်မည့်အခွင့်အရေး ရရှိလာသည်ကို မြင်သောအခါ လီရှို့ယွင်က အလျင်အမြန်တုံ့ပြန်လိုက်၏။

“ကောင်းပါပြီအမေ၊ သမီး အခုချက်ချင်း တွက်ကြည့်လိုက်ပါ့မယ်”

တွက်ချက်ပြီးသွားသောအခါ လီရှို့ယွင်ကိုယ်တိုင်ပင် လန့်ဖျပ်သွားလေသည်။

“အမေ၊ အထည်တစ်လိပ်မှာ ဆယ့်နှစ်မီတာ ပါပါတယ်၊ မိသားစုဝင်အားလုံးအတွက် နှစ်စုံကျော်ကျော်လောက် ချုပ်မယ်ဆိုရင် ချည်ကြမ်းထည် လေးလိပ်လောက် လိုလိမ့်မယ်”

ချည်ကြမ်းထည် တစ်လိပ်ကိုပင် ပြားသုံးရာ့ငါးဆယ် ကျသင့်သည်မဟုတ်ပါလား။

ဝူယွီလန် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ငါကတော့ ချည်ကြမ်းထည်တွေ ဝတ်ရတာ လုံလောက်နေပါပြီ၊ ငါ့ရဲ့ အရိုးဆွေးကြီးက ချည်သားအိအိလေးတွေကို မြည်းစမ်းကြည့်ချင်နေပြီ၊ အားလုံးကို ချည်သားအချောတွေနဲ့ပဲ ချုပ်ကြတာပေါ့”

ဆိုင်ရှင်က ဘေးမှနေ၍ ပြုံးရွှင်စွာ ဝင်ပြောလာသည်။

“ချည်သားအချောတွေကလည်း သိပ်မဈေးကြီးပါဘူး၊ အရောင်ရင့်တဲ့ အထည်တွေက တစ်လိပ်ကို ပြားခုနစ်ရာပဲ ကျသင့်ပြီး အရောင်လွင်တဲ့ အထည်တွေကတော့ ပြားခုနစ်ရာ့ငါးဆယ်လောက် ရှိပါတယ်”

လီရှို့ယွင် နှမြောတသစွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

“အမေ၊ အမေ့အတွက် ချည်သားဝတ်ရင်ကို လုံလောက်နေပါပြီ”

ဝမ်ကွေ့ချင်သည် နူးညံ့အိစက်လှသော ချည်သားအချောလေးကို ထိတွေ့ကြည့်ပြီးနောက် အလျင်အမြန် လက်ပြန်ရုတ်လိုက်လေ၏။

“ဟုတ်တယ် အမေ၊ သမီးတို့က ချည်ကြမ်းထည်တွေ ဝတ်တာပဲ အကျင့်ပါနေပါပြီ၊ ချည်သားအချောတွေကို ဖြုန်းတီးပစ်သလို ဖြစ်သွားမှာ စိုးရိမ်လို့ပါ”

“ငါ ချည်သားအချောတွေပဲ လိုချင်တယ်”

ဝူယွီလန် ပြောလိုက်ပြီး အရောင်ရင့် နှစ်လိပ်နှင့် အရောင်လွင် နှစ်လိပ်၊ စုစုပေါင်း အထည်လေးလိပ်ကို ရွေးချယ်လိုက်သည်။

“ဈေးတွက်ပေးပါဦး”

“ချက်ချင်း တွက်ပေးပါ့မယ်”

ဆိုင်ရှင် ပေသီးခုံကို သွက်လက်စွာခေါက်လိုက်သည်။

“ဝါဂွမ်း ကတ်တီခြောက်ဆယ်၊ တစ်ကတ်တီကို ပြားရှစ်ဆယ်ဆိုတော့ ငွေလေးချောင်းနဲ့ ပြားရှစ်ရာ ကျပါတယ်၊

အဒေါ်ကြီးက ဖောက်သည်ဆိုတော့ ငွေလေးချောင်းနဲ့ ပြားခုနစ်ရာ့ငါးဆယ်ပဲ ယူပါ့မယ်”

All Chapters