အခန်း ၅၆
Vol. 6 Ch. 56
အခန်း (၅၆) ဇာတ်လိုက်မ၏ မိသားစုဝင်များ ရောက်ရှိလာခြင်း
နောက်တစ်နေ့သို့ ရောက်ရှိလာသောအခါ။
ထျန်ရှောင်ယာနှင့် ကျောက်ခဲလေးတို့ကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးပြီးနောက်တွင် ဆရာဝန်သည် ဘေး၌ စောင့်ကြပ်နေသော ကျိုးချန်ယဲ့အား မော့ကြည့်ကာ နူးညံ့သော အပြုံးဖြင့် ပြောလိုက်လေသည်။
"ကောင်လေး... စိတ်မပူပါနဲ့တော့... မိခင်ရော ကလေးပါ အခြေအနေ ကောင်းပါတယ်... ဘာမှ စိုးရိမ်စ ရာ မရှိပါဘူး..."
ကျိုးချန်ယဲ့သည် စိတ်သက်သာရာ ရသွားခဲ့ပြီး အလျင်စလိုပင် မေးလိုက်လေသည်...။
"ဆရာမ... ဒါဆိုရင် ကျွန်တော်တို့..."
"ဒါကတော့ ဒီနေ့ပဲ အထုပ်အပိုးတွေ သိမ်းပြီး အိမ်ပြန်လို့ ရပြီလို့ ဆိုလိုတာပေါ့..."
ဆရာဝန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီးနောက် အခြားသော အကြံပြုချက် အချို့ကိုပါ ပေါ့ပေါ့ ပါးပါးပင် ပြောကြားလိုက်လေသည်...။
"မိခင်လောင်းက အခုမှ မွေးဖွားပြီးစဆိုတော့ အင်အား နည်းနေသေးတယ်... အိမ်ပြန်ရောက်ရင် သေ သေချာချာ အနားယူဖို့ လိုအပ်ပါတယ်... ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါနဲ့ဦး... ကလေးကိုလည်း သေ သေချာချာ ပြုစုစောင့်ရှောက်ပါဦးနော်... အကယ်၍ တစ်ခုခု နေထိုင်မကောင်း ဖြစ်လာခဲ့ရင်တော့ ချက် ချင်း ပြန်လာခဲ့ပါ..."
ကျိုးချန်ယဲ့၏ မျက်နှာထက်တွင် မဖုံးကွယ်နိုင်သော ပျော်ရွှင်မှုများ ချက်ချင်းပင် ဝေဆာသွားခဲ့ပြီး လက် နှစ်ဖက်ကို ဆုပ်ကိုင်လျက် ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ပြောကြားလိုက်လေသည်...။
"ကျေးဇူးအများကြီး တင်ပါတယ် ဆရာမ... ကျေးဇူးအများကြီး တင်ပါတယ်... တကယ်ကို ပင်ပန်းသွား ရပါပြီ... ကျွန်တော်တို့ အခုချက်ချင်းပဲ ဆေးရုံဆင်းဖို့ ကိစ္စတွေကို သွားလုပ်လိုက်ပါ့မယ်..."
ကျိုးချန်ယဲ့သည် ပျော်ရွှင်စွာဖြင့် ဆေးရုံဆင်းရန် လုပ်ထုံးလုပ်နည်းများကို အဆုံးသတ်လိုက်ပြီး ဝမ် တာ့ကျွမ်း၏ အိမ်မှ လှည်းကို ငှားရမ်းကာ ထူထဲသော ဂွမ်းစောင်များကို ခင်းကျင်းလိုက်လေသည်...။ ထို့နောက် သူ၏ ဘဝတွင် အဖိုးတန်ဆုံးသော လူသားနှစ်ဦးနှင့်အတူ အိမ်သို့ တည်ငြိမ်စွာ လျှောက်လှမ်း ၍ပြန်လာခဲ့လေတော့သည်။
လမ်းကြားလေးအတွင်းရှိ အိမ်နီးချင်းများက ထိုအရာကို မြင်တွေ့လိုက်ရသောအခါ အားလုံးက ဝိုင်းဝန်း ၍ ဂုဏ်ပြုစကားများ ပြောဆိုခဲ့ကြလေသည်။
"ကျိုးချန်ယဲ့... သန်မာထွားကြိုင်းတဲ့ သားယောက်ျားလေး ရတာကို ဂုဏ်ယူပါတယ်ဗျာ..."
"ရှောင်ယာ... ဂုဏ်ယူပါတယ်... အိမ်မှာ အေးအေးဆေးဆေး နားနော်... မီးဖွားပြီးစ ကာလမှာ လေစိမ်း မခံဖို့ သေချာ သတိထားဦး..."
"ခဏနေရင် အစ်ကိုတို့ဆီကို ကြက်ဥနီလေးတွေ ပို့ပေးပါ့မယ်... အားလုံးပဲ ပျော်ရွှင်မှုကို အတူတူ မျှဝေ ခံစားကြတာပေါ့..."
ကျိုးချန်ယဲ့က ပြုံးလျက် အလျင်အစလိုပင် ပြန်လည်ဖြေကြားလိုက်လေသည်။
————————————
အိမ်ထဲသို့ ရောက်ရှိသောအခါ ကျိုးချန်ယဲ့သည် သူ၏ ဇနီးသည်အား ကုတင်ပေါ်တွင် ဂရုတစိုက် လှဲလျောင်းစေလိုက်ပြီး အိပ်ပျော်နေသော ကျောက်ခဲလေးကိုမူ သူမ၏ ဘေးရှိ ပုခက်လေးအတွင်းသို့ ညင်သာစွာ ထားလိုက်လေသည်။
သူသည် ကျောက်ခဲလေးအား စောင်ကို သေသေချာချာ ခြုံပေးလိုက်ပြီးနောက် သူ၏ ဇနီးအား ချစ်ခင် မြတ်နိုးလှသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်လေသည်...။
"မိန်းမ... ခဏလောက် အနားယူလိုက်ဦးနော်... အစ်ကို မီးဖိုချောင်ထဲသွားပြီး ရေနွေးနွေးလေးနဲ့ သကြားညိုရေ ဖျော်ပေးမယ်... ဒါမှ မင်းရဲ့ ခန္ဓာကိုယ် အားရှိမှာပေါ့..."
သူ၏ စကားဆုံးသည်နှင့် မီးဖိုချောင်သို့ သွားရန် လှည့်လိုက်ချိန်တွင် ခြံဝင်းတံခါးပြင်ပမှ သူ ရင်းနှီးနေ သော မိခင်ဖြစ်သူ၏ အသံကို ကြားလိုက်ရလေသည်...။
"ကျိုးချန်ယဲ့... ရှောင်ယာ... အမေ ရောက်ပြီဟေ့... တံခါး မြန်မြန် ဖွင့်ကြပါဦး..."
ကျိုးချန်ယဲ့သည် ခြံဝင်းတံခါးကို ဖွင့်ရန် ချက်ချင်းပင် ထသွားခဲ့လေ၏။ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဒုတိယမရီးဖြစ်သူ ကျောက်ရှောက်ထင်က ထျန်၏ မိခင် လီဟုန်မေ၏ လက်မောင်းကို တွဲထားသည်ကိုလည်းကောင်း၊ ဒုတိယအစ်ကိုဖြစ်သူ ထျန်ချင်းလင်းမှာမူ အထုပ်အပိုး အကြီးအသေး များကို သယ်ဆောင်ထားလျက် တံခါးဝတွင် အတူတူ ရပ်နေကြသည်ကို မြင်တွေ့လိုက်ရလေသည်။
၎င်းတို့ သုံးဦးစလုံး၏ မျက်ဝန်းများမှာ ပင်ပန်းမှုကြောင့် နီရဲနေခဲ့ပြီး မျက်နှာများတွင်လည်း လမ်းခရီး၏ ဝေးကွာမှုကြောင့် နွမ်းနယ်ရိပ်များ ထင်ဟပ်နေခဲ့သော်လည်း ၎င်းတို့၏ အကြည့်များမှာမူ စိုးရိမ်စိတ် များနှင့်အတူ ခြံဝင်းအတွင်းသို့သာ စူးစိုက်လျက်ကြည့်နေခဲ့ကြလေသည်။
"အမေ... ဒုတိယအစ်ကို... မရီး... ရောက်လာကြပြီလား..."
ကျိုးချန်ယဲ့က ၎င်းတို့အား ကြိုဆိုရန် အလျင်စလို လျှောက်သွားလိုက်လေသည်...။
"မြန်မြန် ဝင်လာကြပါ... မြန်မြန် ဝင်လာကြ... ရှောင်ယာက အခုလေးတင် ဆေးရုံက ဆင်းလာတာ ဆိုတော့ အခန်းထဲမှာ လှဲနေပါတယ်..."
ထို့နောက် သူသည် ဒုတိယအစ်ကိုဖြစ်သူ၏ လက်ထဲမှ အဝတ်အိတ်ကြီး နှစ်ထုပ်ကို လှမ်းယူလိုက်ရာ ၎င်းတို့မှာ အလွန်တရာ လေးလံလှသဖြင့် သူ၏ လက်မောင်းများပင် အောက်သို့ တွဲကျသွားခဲ့လေတော့ သည်။
ကျိုးချန်ယဲ့ : "............"
————————————
မိခင်ဖြစ်သူ လီဟုန်မေသည် အခန်းထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ ခြေလှမ်းများမှာ မသိမသာပင် မြန်ဆန်သွားခဲ့လေ၏။ သူမသည် ကုတင်ပေါ်တွင် လိမ္မာစွာ ထိုင်နေသော သမီးဖြစ်သူအား မြင်တွေ့လိုက်ရသောအခါ မျက်ရည်များမှာ မျက်နှာတစ်ပြင်လုံးသို့ ချက်ချင်းပင် စီးကျလာခဲ့လေတော့ သည်။
သူမသည် ရှေ့သို့ အမြန်လှမ်းတက်လိုက်ပြီး သမီးဖြစ်သူ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက်၊ သူမ ၏ မျက်နှာကို ပွတ်သပ်ပေးရင်း ရှိုက်ငိုကာ ပြောလိုက်လေသည်...။
"သမီးလေး... အရမ်း နာနေမှာပေါ့နော်... အမေ စာကို လက်ခံရပြီးကတည်းက သမီးကို စိတ်ပူနေတာ..."
မိခင်ဖြစ်သူအား မြင်တွေ့လိုက်ရသောအခါ ထျန်ရှောင်ယာသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမ စုဆောင်းထားခဲ့သော လွမ်းဆွတ်မှုများကို ထပ်မံ၍ ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ဘဲ ရင်ထဲသို့ လှိုက်တက်လာခဲ့ရာ မျက်ဝန်းများတွင်လည်း မျက်ရည်များ ဝဲတက်လာခဲ့လေတော့သည်။
သူမသည် မိခင်ဖြစ်သူ၏ လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ပြီး ရယ်မောသံနှင့် ငိုသံ ရောပြွမ်းလျက် တိုးညှင်းသော အသံဖြင့် ပြောလိုက်လေသည်...။
"အမေရယ်... ကျွန်မ ဘာမှ မဖြစ်ပါဘူး... ကလေးမွေးတယ်ဆိုတာ ဒီလိုပါပဲ..."
"အာယဲ့က ကျွန်မကို တကယ်ကို ဂရုစိုက်ပေးတာပါ... ပြီးတော့ ဘေးအိမ်က အစ်မဝမ်ကလည်း အမြဲတမ်း ကူညီပေးလေ့ ရှိပါတယ်... အရာအားလုံးက ချောချောမွေ့မွေ့ပါပဲ... ကျွန်မ ဘာမှ ဒုက္ခ မရောက်ခဲ့ပါဘူးရှင်..."
ထိုသို့ ပြောဆိုရင်း သူမသည် ကိုယ်ကို အသာအယာ စောင်းလိုက်ပြီး သူမ၏ ဘေးရှိ ပုခက်လေးရှိရာသို့ မေးစေ့လေးဖြင့် ညွှန်ပြလိုက်ရာ သူမ၏ မျက်ဝန်းများအတွင်း၌လည်း နူးညံ့သော အပြုံးများ ပေါ်ထွက် လာခဲ့လေသည်...။
"အမေ... ကြည့်ပါဦး... ဒါက ကျွန်မရဲ့ သားလေး... အမေ့ရဲ့ မြေးလေးပေါ့... သူ့ရဲ့ ချစ်စနိုး အမည်က ကျောက်ခဲလေးတဲ့... နာမည်အရင်းကတော့ ကျိုးယွမ်အန်း ပါတဲ့ရှင်..."
ထျန်၏ မိခင် လီဟုန်မေသည် ပုခက်အတွင်းရှိ ကလေးငယ်အား ငုံ့ကြည့်လိုက်ရာ သူမ၏ မျက်နှာထက်မှ မျက်ရည်များမှာ ချက်ချင်းပင် ရပ်တန့်သွားခဲ့ပြီး အပြုံးများဖြင့် အစားထိုးဝင်ရောက်လာခဲ့လေတော့ သည်။
သူမသည် ကလေးငယ်လေးအား ဂရုတစိုက်ဖြင့် အသာအယာ ပွေ့ချီလိုက်ပြီး သူမ၏ မျက်လုံးများနှင့် အနီးကပ်ထားကာ သေသေချာချာ ကြည့်ရှုလိုက်လေသည်...။
"အို... အမေ့ရဲ့ မြေးလေးကတော့ဖြင့်... တကယ်ကို ကြည့်ကောင်းတာပဲ... သမီး ငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်းပဲနော်..."
"ဒီမျက်နှာလေး၊ ဒီနှာခေါင်းလေးကို ကြည့်ဦး... တကယ်ကို ချစ်စရာလေးပဲ... ပြီးတော့ တကယ်ကို သန်မာထွားကြိုင်းတာပဲ... ခုနစ်ပေါင်ကျော်လောက် ရှိမယ် မဟုတ်လား... အမေ သိသားပဲ... ငါ့သမီး ကတော့ သန်မာတဲ့ ကလေးလေးကို မွေးမှာပဲလို့လေ..."
"အမေ ခန့်မှန်းတာ မှန်တယ်နော်... ခုနစ်ပေါင်နဲ့ နှစ်အောင်စ ရှိပါတယ်..."
ထျန်ရှောင်ယာက ပြုံးလျက် ပြန်လည်ဖြေကြားလိုက်လေသည်။
ဒုတိယမရီးဖြစ်သူမှာလည်း အနားသို့ အမြန်လျှောက်လာခဲ့ပြီး အနှီးအတွင်းရှိ ကျောက်ခဲလေးအား မျက်ဝန်းများ တောက်ပလျက် ကြည့်ရှုနေခဲ့လေ၏။ သူမသည် ကလေးငယ်၏ ပါးပြင်လေးကို ညင်သာ စွာ ထိတွေ့လိုက်လေသည်။
သူမက ထျန်ရှောင်ယာအား ပြုံးလျက် ပြောလိုက်လေသည်...။
"ညီမလေး... ညီမလေးကတော့ တကယ်ကို တော်တာပဲ... ဒီလောက် သန်မာထွားကြိုင်းတဲ့ သား ယောက်ျားလေးတစ်ယောက်ကို မွေးနိုင်တာကိုး... နောင်ကျရင်တော့ ညီမလေးဟာ တကယ်ကို ကံကောင်းတဲ့သူ ဖြစ်လာမှာပါ..."
"အမေ လမ်းတစ်လျှောက်လုံး ဘယ်လောက်တောင် စိုးရိမ်ခဲ့သလဲဆိုတာ ညီမလေး မသိပါဘူး... ရထား ပေါ်မှာလည်း တစ်မှေးတောင် မအိပ်နိုင်ဘူးလေ... အစ်မက ဘယ်လိုပဲ ဖျောင်းဖျဖျောင်းဖျ မရဘူးလေ ..."
အမေထျန်သည် ဒုတိယချွေးမအား တစ်ချက် ကြည့်လိုက်သော်လည်း ဒေါသထွက်ဟန် မရှိချေ...။
"ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ... ဒါက ငါ့သမီးရဲ့ ပထမဆုံး ကိုယ်ဝန်ပဲလေ... သူ့ ဘေးမှာလည်း မိသားစုဝင်တွေ တစ်ယောက်မှ မရှိဘဲနဲ့... အမေကတော့ ထိုင်ရတာရော၊ လှဲရတာရော စိတ်မအေးနိုင် ဘူးလေ... တကယ်ဆိုရင် တောင်ပံတွေ ပေါက်ပြီး သမီးဆီကို အမြန်ဆုံးတောင် ပျံလာချင်ခဲ့တာ..."
ဒုတိယအစ်ကို ထျန်ချင်းလင်းမှာမူ ကုတင်ဘေးတွင် ရပ်လျက် မိခင်ဖြစ်သူ ပွေ့ချီထားသော သူ၏ တူ ငယ်လေးအား အားကျစိတ်များဖြင့် ကြည့်နေခဲ့လေ၏။ သူ၏ မျက်နှာထက်တွင်လည်း ရိုးသားကာ အေးဆေးလှသော အပြုံးတစ်ခု ရှိနေခဲ့ပေသည်။ သူက ထျန်ရှောင်ယာအား ညင်သာသော အသံဖြင့် ပြောလိုက်လေသည်...။
"ညီမလေး... တပ်ဖွဲ့ထဲမှာ အလုပ်တွေက အများကြီး ရှိနေတာလေ... အဖေကလည်း တပ်ဖွဲ့ ခေါင်းဆောင်ဆိုတော့ တကယ်ကို အချိန်မရလို့ မလိုက်လာနိုင်တာပါ..."
"မသွားခင်မှာတောင် သူက ငါ့ကို ထပ်ခါတလဲလဲ မှာနေတာလေ... ဒုတိယမရီးကို ညီမလေးနဲ့ ကလေးကို သေသေချာချာ ပြုစုစောင့်ရှောက်ခိုင်းဖို့နဲ့၊ လေးလံတဲ့ အိမ်အလုပ်တွေ ရှိရင်တော့ ငါ့ကိုပဲ အကုန်လုံး လုပ်ခိုင်းဖို့ပေါ့..."
ထျန်ရှောင်ယာက ခေါင်းညိတ်လိုက်လေသည်...။ သူမသည် ၎င်းတို့ သုံးဦးစလုံး၏ မျက်နှာထက်မှ ပင်ပန်းနွမ်းနယ်မှုများကို ကြည့်ရှုရင်း စိတ်မကောင်း ဖြစ်နေခဲ့မိလေ၏။
သူမက အလျင်စလိုပင် စိုးရိမ်တကြီး မေးလိုက်လေသည်...။
"အမေ... ဒုတိယအစ်ကို... မရီး... လမ်းခရီးမှာ ပင်ပန်းလာကြပြီ မဟုတ်လား... ဘာလို့ မလာခင် ကြေးနန်း မရိုက်ခဲ့တာလဲဟင်... ဒါဆိုရင် အာယဲ့ကို ရထားဘူတာမှာ လာကြိုခိုင်းလို့ ရတာပေါ့..."
လမ်းခရီး အကြောင်းအရာကို စကားစလိုက်သည်နှင့် ဒုတိယမရီး ကျောက်ရှောက်ထင်မှာ မနားတမ်း ပြောဆိုတော့လေ၏။ သူမသည် ထျန်ရှောင်ယာ၏ လက်ကို ဆုပ်ကိုင်လျက် အသေးစိတ် ရှင်းပြလိုက် လေသည်...။
"မပြောပါနဲ့တော့ ညီမလေးရယ်... ညီမလေးဆီကို ပီကင်းကို လာရမယ်ဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ညီမလေးရဲ့ ဒုတိယအစ်ကိုကတော့ စိတ်လှုပ်ရှားလွန်းလို့ တစ်ညလုံးကို မျက်စိတစ်မှိတ်တောင် မအိပ် နိုင်ဘူးလေ..."
"ရထားပေါ် ရောက်တော့မှ အိပ်ရေးဝအောင် အိပ်မယ်လို့ ကြံထားပေမဲ့... ဘေးက ဆူညံသံတွေကြောင့် လုံးဝ အိပ်လို့ မရပြန်ဘူးပေါ့..."
ထိုသို့ ပြောဆိုရင်း သူမသည် နှုတ်ခမ်းကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်မောလိုက်လေတော့သည်။
ဒုတိယအစ်ကို ထျန်ချင်းလင်းက မျက်မှောင်ကြုတ်လိုက်ပြီး မညည်းတွားဘဲ မနေနိုင်တော့ချေ...။
"ရထားပေါ်မှာက လူမျိုးစုံနဲ့ အရမ်းကို ပြွတ်သိပ်နေတာလေ... ဆေးလိပ်နံ့တွေရော၊ ချွေးနံ့တွေရော ရောနေတာဆိုတော့ အသက်ရှူဖို့တောင် ခက်တယ်လေ..."
အမေထျန်က သူမ၏ လက်ကို ယမ်းပြလိုက်ပြီး သားဖြစ်သူအား ထိုစိတ်ညစ်စရာများကို ဆက်လက် ပြောဆိုခွင့် မပေးတော့ဘဲ အထုပ်အပိုးများကို လှန်လှော ရှာဖွေတော့လေ၏။ သူမ၏ လေသံမှာလည်း ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်...။
"နည်းနည်း ပင်ပန်းတာက ဘာဖြစ်လို့လဲ... ငါ့သမီးနဲ့ ငါ့မြေးလေး အဆင်ပြေနေတာကို မြင်ရရင်ပဲ အရာ အားလုံးထက် ပိုကောင်းနေပါပြီ..."
"သမီးလေး... အမေ အိမ်ကနေ ကြက်ဥအစစ်တွေ ယူလာပေးတယ်နော်... ဒါတွေကို နှစ်လနီးပါးလောက် စုထားရတာ... အကုန်ယူလာခဲ့တာလေ..."
"ပြီးတော့ လတ်လတ်ဆတ်ဆတ် ရိတ်သိမ်းထားတဲ့ နှံစားပြောင်းတွေလည်း ပါသေးတယ်... ဒါက တကယ်ကို အားရှိစေတာဆိုတော့ မီးဖွားပြီးစ ကာလမှာ ဆန်ပြုတ်ချက်သောက်ဖို့ တကယ်ကို အဆင် ပြေတာပေါ့..."
"သကြားညိုကိုတော့ ထောက်ပံ့ရေးနဲ့ အရောင်းသမဝါယမဆိုင်မှာ လုပ်တဲ့ သူငယ်ချင်းတစ်ယောက်ဆီ ကနေ ဝယ်လာတာလေ... တကယ်ကို စစ်ပါတယ်..."
"အမေ ကိုယ်တိုင်ချုပ်ထားတဲ့ ပိတ်စဖိနပ်လေးတွေ၊ ကိုယ်တိုင်ထိုးထားတဲ့ ဆွယ်တာလေးတွေနဲ့ အင်္ကျီ လေးတွေလည်း ယူလာခဲ့တယ်... ဒါတွေက ကျောက်ခဲလေးအတွက်ပေါ့... အမေကတော့ ချုပ်ရိုးချုပ် ကွက်တွေကို သေသေချာချာ တင်းကျပ်အောင် လုပ်ထားပေးတယ်... တကယ်ကို နွေးထွေးနေမှာပါ..."
"ဩော်... ဒါနဲ့... သမီး အကြိုက်ဆုံးဖြစ်တဲ့ ဂျုံမှုန့်ရောစပ်ထားတဲ့ အိတ်ကိုလည်း ထည့်လာခဲ့တယ်... ဒီအရသာမျိုးကိုတော့ မြို့ပေါ်မှာ ရှာလို့ရမှာ မဟုတ်ဘူးလေ..."
ထျန်ရှောင်ယာသည် မိခင်ဖြစ်သူ ယူဆောင်လာသော ပစ္စည်းများအကြောင်းကို နားထောင်ရင်း၊ စကား လုံး တစ်လုံးချင်းစီတိုင်းတွင် နက်ရှိုင်းလှသော သံယောဇဉ်များ ပါဝင်နေသည်ကို ခံစားလိုက်ရသဖြင့် သူမ၏ စိတ်နှလုံးအတွင်း၌ နွေးထွေးမှုများကို ခံစားလိုက်ရလေသည်။
သူမ၏ မျက်ဝန်းများအတွင်း၌ မျက်ရည်များမှာ ထပ်မံ၍ ဝဲတက်လာခဲ့သော်လည်း သူမက အောင့်အည်း လျက်ပင် ထိန်းချုပ်ထားလိုက်လေသည်။
ကျိုးချန်ယဲ့သည် သစ်သားလင်ဗန်းတစ်ခုကို ကိုင်ဆောင်လျက် အိမ်ထဲသို့ ဝင်လာပြီး ပြုံး၍ ပြောလိုက် လေသည်...။
"အမေ... အစ်ကို... မရီး... လမ်းခရီးမှာ တကယ်ကို ပင်ပန်းလာကြပြီ... အရင်ဆုံး ထိုင်ကြပါဦး... သကြားညိုရေလေး သောက်ပြီး ခဏလောက် အမောဖြေကြတာပေါ့..."
"ရှေးလူကြီးတွေ ပြောသလိုပေါ့... 'မထွက်ခွာခင်မှာ ဖက်ထုပ်စား၊ ရောက်ရှိတဲ့အခါမှာတော့ ခေါက်ဆွဲ စား' ဆိုသလိုပဲ... နေ့လယ်စာအတွက်တော့ အစ်ကိုတို့ အကြိုက်ဆုံးဖြစ်တဲ့ အသားဆော့စ် ခေါက်ဆွဲကို ကိုယ်တိုင် လုပ်ကျွေးပါ့မယ်..."
ဒုတိယမရီး ကျောက်ရှောက်ထင်က ချက်ချင်းပင် ထရပ်လိုက်ပြီး ကျိုးချန်ယဲ့၏ လက်ထဲမှ လင်ဗန်းကို လှမ်းယူလိုက်လေသည်...။
"မတ်လေး... ဒုက္ခခံမနေပါနဲ့တော့... မတ်လေးလည်း ရက်အနည်းငယ်ကြာအောင် ရှောင်ယာနဲ့ ကလေး ကို ပြုစုပေးနေရတာဆိုတော့ တကယ်ကို ပင်ပန်းနေမှာပေါ့... ခဏလောက် နားလိုက်ပါဦး..."
"ဟင်းချက်တဲ့ အလုပ်ကိုတော့ ကျွန်မကိုပဲ လွှဲထားလိုက်ပါ... မတ်လေးကတော့ ရှောင်ယာ့ဘေးမှာပဲ နေပေးလိုက်ပေါ့..."
အမေထျန်ကလည်း အကြိမ်ကြိမ် ခေါင်းညိတ် ထောက်ခံလိုက်ပြီး ကျောက်ခဲလေးအား ပုခက်အတွင်းသို့ ညင်သာစွာ ပြန်လည်ထားလိုက်ကာ ဒုတိယမရီး ကျောက်ရှောက်ထင်၏ လက်မောင်းကို ပုတ်ပေးလိုက် လေသည်...။
"မရီး ပြောတာ မှန်တယ်... အမေတို့ ရောက်လာပြီပဲဥစ္စာ... ကျိုးချန်ယဲ့... မင်းကတော့ ရှောင်ယာ့ကိုပဲ သေသေချာချာ ကြည့်ပေးလိုက်ပါကွယ်..."
"အမေနဲ့ ဒုတိယချွေးမပဲ မီးဖိုချောင်ထဲသွားပြီး အလုပ်လုပ်လိုက်ပါ့မယ်... မကြာခင် ထမင်းစားလို့ ရစေရမယ်..."