အခန်း ၆၀
Vol. 6 Ch. 60
အခန်း (၆၀) ကျိုး၏မိခင် ရှန်ဟိုင်းသို့ ပြန်ခြင်း
ဤသို့ စည်ကားသိုက်မြိုက်ကာ နွေးထွေးလှသော နေ့ရက်များသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့ရာ ခုနစ်ရက်မြောက်သော နေ့သို့ ရောက်ရှိလာခဲ့လေပြီဖြစ်ချေ၏။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျိုး၏မိခင်နှင့် အမေထျန်တို့အကြားရှိ သံယောဇဉ်မှာ သိသိ သာသာပင် ပိုမိုခိုင်မြဲလာခဲ့လေသည်။
အစပိုင်းတွင် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံကြသော ခမည်းခမက်များအဖြစ်မှသည် နောက်ပိုင်းတွင်မူ အိမ်မှုကိစ္စများကို အတူတူ ဝိုင်းဝန်းလုပ်ဆောင်ကြသော ဖော်ရွေသည့် အဖော်များ ဖြစ်လာခဲ့ကြလေ သည်။
ရက်အနည်းငယ်အတွင်းမှာပင် ၎င်းတို့သည် မိခင်တစ်ဦးတည်းမှ မွေးဖွားလာသည့် ညီအစ်မအရင်းများ ကဲ့သို့ပင် ရင်းနှီးသွားခဲ့ကြရာ အမွှေးတိုင်ထွန်း၍ ကတိသစ္စာပြုကာ ညီအစ်မ တော်စပ်ရန်ပင် အခြေ အနေသို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့ပေသည်။
"ဝူချူးဟုန်... အစ်မရယ်..."
အမေထျန် လီဟုန်မေသည် သူမ၏လက်ထဲတွင် မပြီးသေးသော ကလေးဝတ် ဂွမ်းအင်္ကျီလေးကို ကိုင် ဆောင်ထားလျက်၊ သူမ၏လေသံတွင်လည်း ဝမ်းနည်းရိပ်များ ပါဝင်နေခဲ့လေသည်...။
"တကယ်ပဲ ရှန်ဟိုင်းကို ပြန်တော့မှာလား... အစ်မ ထွက်သွားရင်တော့ ဘယ်တော့မှ ပြန်ဆုံပြီး စကား ပြောကြရမလဲ မသိတော့ဘူး..."
ကျိုး၏မိခင်က သူမ၏လက်ဖမိုးကို ညင်သာစွာ ပုတ်ပေးလိုက်လေသည်...။
"ဘာတွေ ပြောနေတာလဲ အစ်မရယ်... နောင်ကျရင် အခွင့်အရေးရှိတဲ့အခါ လျောင်နင်ပြည်နယ်ကို ကျွန်မ သေချာပေါက် လာလည်ပါ့မယ်..."
သူမက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် အမေထျန်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ထပ်ခါ တလဲလဲ မှာကြားလိုက်လေသည်...။
"စိတ်မပူပါနဲ့... ရှန်ဟိုင်းကို ရောက်ရောက်ချင်း ကျွန်မ စာရေးလိုက်ပါ့မယ်... ကျွန်မဆီကိုလည်း စာပြန် ရေးဖို့ မမေ့နဲ့ဦးနော်..."
"မီးသွေးခဲ မီးဖိုအကြောင်းကိုလည်း ထပ်ပြီး မှာပါရစေဦး... ညဘက် အိပ်တဲ့အခါ ပြတင်းပေါက်ကို နည်းနည်း ဟထားဖို့ မမေ့နဲ့ဦး... မီးခိုးတွေက လူကို မွန်းကျပ်စေတတ်လို့ သတိထားရမယ်နော်..."
"သိပါတယ်... သိပါတယ်... အစ်မကလည်း အကြိမ်ကြိမ် သင်ပေးထားတာပဲကို..."
အမေထျန်မှာ နောက်ဆုံးတွင် အားရပါးရ ရယ်မောလိုက်လေသည် ။ သူမသည် ထိုင်နေရာမှ ထလိုက်ပြီး ဘေးရှိ စာရေးစားပွဲရှိရာသို့ လျှောက်သွားကာ ဖောင်းအိနေသော အဝတ်အိတ်တစ်လုံးကို ယူ၍ ကျိုး၏ မိခင်၏ ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်လေသည်...။
"ဒီထဲမှာ ကျွန်မ ကိုယ်တိုင်လုပ်ထားတဲ့ ညောင်သားမှုန့်ခြောက်တွေနဲ့ လတ်လတ်ဆတ်ဆတ် အချဉ်တည် ထားတဲ့ မုန်လာဥတွေ ပါတယ်လေ... အဲဒါတွေက တကယ်ကို ကြွပ်ရွနေတာ... ရှန်ဟိုင်းကို ယူသွားနော်... တကယ်လို့ ကျေးလက်က အရသာမျိုးကို မြည်းစမ်းချင်ရင်တော့ အဲဒါလေးတွေကို ချက်စားကြည့် ပေါ့..."
ကျိုး၏မိခင်သည် ထိုအဝတ်အိတ်ကို သူမ၏ရင်ခွင်အတွင်း တင်းကျပ်စွာ ပွေ့ပိုက်ထားမိရာ သူမ၏ မျက်ဝန်းများမှာလည်း အနည်းငယ် စိုစွတ်လာခဲ့လေသည်...။
"လီဟုန်မေ... ကျေးဇူးတင်ပါတယ် အစ်မရယ်..."
"ကလင်…ကလင်…ကလင်"
စက်ဘီးဘဲလ်တီးသံ တိုးညှင်းသံတစ်ခုက ခြံဝင်းအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။ အမျိုး သမီး နှစ်ဦးစလုံး အသံလာရာ ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြရာ ကျိုးချန်ယဲ့သည် သူ၏ စက်ဘီးလေးကို ခြံထဲသို့ တွန်းသွင်းလာသည်ကို မြင်တွေ့လိုက်ရလေ၏။ စက်ဘီးနောက်ထိုင်ခုံ တွင်လည်း အထုပ်တစ်ထုပ်ကို ချည်နှောင်ထားလျက်ရှိလေသည်။
"အမေ... ကျွန်တော် ပြန်လာပြီ..."
သူသည် သူ၏နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး မျက်နှာတွင် ရွှင်ပျသော အပြုံးတစ်ခုဖြင့် အိပ်ခန်း ထဲသို့ လှမ်းဝင်လာခဲ့လေသည်...။
"ရထားလက်မှတ်တွေ ရပါပြီ... အားလုံး အဆင်ပြေသွားပါပြီ..."
ကျိုး၏မိခင်က လှည့်ကြည့်လိုက်လေသည်...။
"ဒီလောက်တောင် မြန်တာလား... အိပ်စင် လက်မှတ်ရဖို့ဆိုတာ ခက်ခဲမှာပဲ မဟုတ်လား..."
"ကျွန်တော့် ဆရာရဲ့ အကူအညီကြောင့်ပါ... သူ့ဇနီးက ရထားလမ်းဌာနမှာ အလုပ်လုပ်တာဆိုတော့ လေ... အတော်လေး အားစိုက်လိုက်ရပေမဲ့... နောက်ဆုံးတော့ ရှန်ဟိုင်းကိုသွားမယ့် အိပ်စင်လက်မှတ် ကို ရအောင် ယူခဲ့တာပေါ့..."
ကျိုးချန်ယဲ့သည် ရထားလက်မှတ်ကို ထုတ်ယူလိုက်ရာ ၎င်းမှာ ရထားအမှတ်စဉ်၊ အချိန်နှင့် ခုတင် နံပါတ်များ ရိုက်နှိပ်ထားသော ပန်းရောင်နုရောင် ကတ်ပြားလက်မှတ်လေး တစ်ခုပင် ဖြစ်လေသည်။
"အောက်ထပ် ခုတင်ပဲ..."
အမေထျန်မှာ အနားသို့ တိုးကပ်ကြည့်ရှုလျက် အာမေဍိတ်သံ ထွက်ပေါ်လာခဲ့လေသည်...။
"ကျိုးချန်ယဲ့ကတော့ တကယ်ကို စွမ်းတာပဲ... ဒီခေတ်မှာ အိပ်စင်လက်မှတ် ရဖို့ဆိုတာ တကယ်ကို အဖိုးတန်တာလေ... သာမန်လူတွေဆိုရင် ဘယ်လိုမှ မရနိုင်ဘူး..."
တံခါးဘောင်ကို မှီထားသော ဒုတိယအစ်ကိုဖြစ်သူကလည်း ပြုံးလျက် ဝင်ရောက် ပြောလိုက်လေ သည်...။
"ယောက်ဖကတော့ တကယ်ကို အားကိုးထိုက်တာပဲ... တခြားသူသာဆိုရင်တော့ ဟိုပြေးဒီပြေးနဲ့ တကယ်ကို ဒုက္ခများမှာ သေချာတယ်..."
ဒုတိယမရီးဖြစ်သူမှာလည်း လတ်လတ်ဆတ်ဆတ် ဆေးကြောထားသော သစ်သီးများကို ကိုင်ဆောင် လျက် အခန်းထဲသို့ ဝင်လာပြီး ခေါင်းညိတ် ထောက်ခံလိုက်လေသည်...။
"ဟုတ်တာပေါ့... အောက်ထပ်ခုတင်က ပိုပြီး အဆင်ပြေတာပေါ့... အမေကလည်း အသက်ကြီး ပြီဆိုတော့ အတက်အဆင်း လုပ်နေရတဲ့ ဒုက္ခကနေ ကင်းဝေးတာပေါ့... ခဲအိုကတော့ တကယ်ကို သိတတ်တာပဲ..."
ကျိုးချန်ယဲ့က ပြုံးလိုက်ပြီး နောက်သို့ လှည့်ကာ စက်ဘီးပေါ်မှ ယူဆောင်လာသော အထုပ်ကို မိခင် ဖြစ်သူထံသို့ ကမ်းပေးလိုက်လေသည်...။
"အမေ... ဒါကတော့ အိမ်ကလူတွေအတွက် ကျွန်တော် ပြင်ဆင်ထားတာလေးတွေပါ... တစ်ခါတည်း ယူသွားပေးပါဦးနော်..."
ထို့နောက် သူသည် သေသပ်စွာ ခေါက်ထားသော အဝတ်အိတ်လေး တစ်လုံးကို ထုတ်ယူလိုက် လေသည်...။
"ဒီထဲမှာတော့ ယွမ် (၂၀) နဲ့ နိုင်ငံတော် ရိက္ခာလက်မှတ်တွေ ပါတယ်လေ... လမ်းမှာ အသုံးပြုဖို့ပါ... ကပ်စေးနှဲမနေနဲ့ဦးနော်..."
ကျိုး၏မိခင်မှာ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်လေသည်...။
"မင်းကတော့လေ... အမေ့မှာ ဘာမှ မလိုပါဘူး... မင်းဘာသာပဲ သိမ်းထားလိုက်ပါ... ပီကင်းမှာက ကုန်ကျစရိတ်တွေ များတာလေ... ပြီးတော့ ရှောင်ယာနဲ့ ကျောက်ခဲလေးအတွက်လည်း ပိုက်ဆံတွေ လိုဦးမှာ မဟုတ်လား..."
"အမေရယ်... ကျွန်တော့်မှာ ပိုက်ဆံတွေရော ရိက္ခာလက်မှတ်တွေရော အလုံအလောက် ရှိပါတယ်..."
ကျိုးချန်ယဲ့သည် အဝတ်အိတ်ကို သူမ၏ အင်္ကျီအတွင်းအိတ်ထဲသို့ တိုက်ရိုက် ထိုးထည့်ပေးလိုက်ပြီး တင်းကျပ်အောင် ဖိပေးလိုက်လေသည်...။
"ရထားကို နေ့တဝက်ကျော်လောက် စီးရမှာဆိုတော့... အရသာရှိတာတွေ မစားဘဲ နေလို့ ဘယ်ဖြစ်ပါ့ မလဲ... ကျွန်တော့်စကားကို နားထောင်ပြီး ဒါကို ယူသွားလိုက်ပါ..."
မိမိသားဖြစ်သူ၏ ပြတ်သားမှုကို မြင်တွေ့လိုက်ရသောအခါ ကျိုး၏မိခင်မှာ စိတ်နှလုံးအတွင်း နွေးထွေး မှုကို ခံစားလိုက်ရပြီး ခေါင်းညိတ် သဘောတူလိုက်ရလေတော့သည်...။
"ကောင်းပါပြီလေ... အမေ မင်းစကားကို နားထောင်ပါ့မယ်..."
ထျန်ရှောင်ယာမှာ ကုတင်ခေါင်းရင်းကို မှီထားလျက် ကျောက်ခဲလေးအား ပွေ့ချီထားရင်း မျက်ဝန်းများ နီရဲနေခဲ့လေသည်...။
"အမေ... လမ်းမှာ သေသေချာချာ သတိထားပြီး သွားပါဦးနော်... အိမ်ရောက်ရင်လည်း ကျွန်မတို့ စိတ် အေးရအောင်လို့ ကြေးနန်းရိုက်လိုက်ပါဦး..."
"စိတ်မပူပါနဲ့ ချွေးမလေးရယ်..."
ကျိုး၏မိခင်သည် အနားသို့ လျှောက်သွားကာ ကျောက်ခဲလေး၏ နူးညံ့သော ပါးပြင်လေးကို အသာအ ယာ တို့ထိလိုက်လေသည်...။
"အဘွားရဲ့ သန်မာထွားကြိုင်းတဲ့ မြေးဦးလေး... လိမ္မာယဉ်ကျေးစွာနဲ့ ကြီးပြင်းလာပါစေဦးနော်... နောက် တစ်ခါ အဘွားလာရင်တော့ အရသာရှိတဲ့ အစားအစာတွေ အများကြီး ယူလာခဲ့ပေးမယ်..."
ဘွားအေဖြစ်သူ၏ စကားများကို နားလည်သည့်အလား ကျောက်ခဲလေးမှာ သွားမရှိသော ပါးစပ်လေး ဖြင့် ပြုံးဖြဲဖြဲ လုပ်ပြလိုက်ရာ ကျိုး၏မိခင်မှာ ထိုကလေးငယ်အား အလွန်ပင် ချစ်မြတ်နိုးသွားခဲ့ပြီး ပြန်လည် ချထားရန်ပင် နှမြောနေခဲ့မိလေတော့သည်။
————————————
အရာအားလုံးကို ထုပ်ပိုးပြင်ဆင်ပြီးသောအခါ ကျိုးချန်ယဲ့သည် အထုပ်ကြီး နှစ်ထုပ်ကို စက်ဘီးတွင် တင်ဆောင်လျက် မိခင်ဖြစ်သူအား အပြင်သို့ ဦးဆောင်ခေါ်လာခဲ့လေသည်။
"ယောက်ဖ... လမ်းမှာ ဖြည်းဖြည်း နင်းဦးနော်... သတိထားဦး..."
ဒုတိယအစ်ကိုဖြစ်သူက ကျိုးချန်ယဲ့၏ ဘေးသို့ တိုးကပ်ကာ ပြုံးလျက် ပြောလိုက်လေသည်။
"ဝူချူးဟုန်... အစ်မ... စာတွေ ခဏခဏ ရေးလိုက်ဦးနော်..."
အမေထျန်မှာ မျက်ဝန်းများ နီရဲလျက် ကျိုး၏မိခင်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိပြီး လွှတ် ပေးရန် နှမြောနေခဲ့လေသည်။
"ကောင်းပါပြီ... ကောင်းပါပြီ... အစ်မ သေချာပေါက် စာရေးပါ့မယ်... သေချာပေါက် ရေးမှာပါ..."
ကျိုး၏မိခင်မှာလည်း သူမ၏လက်ကို ပြန်လည်၍ တင်းကျပ်စွာ ဆုပ်ကိုင်လျက် အကြိမ်ကြိမ် ကတိ ပေးလိုက်လေသည်။
"အန်တီ... လမ်းခရီးမှာ ဘေးကင်းပါစေနော်..."
ဒုတိယမရီးဖြစ်သူကလည်း အမေထျန်၏ လက်မောင်းကို တွဲဖက်ထားလျက် ပြောလိုက်လေသည်။
အမေထျန်၊ ဒုတိယအစ်ကိုနှင့် မရီးဖြစ်သူတို့မှာ ခြံဝင်းတံခါးဝတွင် ရပ်လျက် ၎င်းတို့၏ ပုံရိပ်များ လမ်းကြားလေးအတွင်း ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့ကြပြီးမှ အိမ်ထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့ကြလေတော့သည်။
(၁၉၇၈) ခုနှစ်၏ ရထားဘူတာရုံအတွင်း၌ လူအုပ်ကြီးဖြင့် ပြွတ်သိပ်ကာ ဆူညံလျက် ရှိနေခဲ့လေသည် ။ အိပ်ရာလိပ်များကို သယ်ဆောင်လာကြသော ခရီးသည်များ၊ ပိုက်ကွန်အိတ်များကို ကိုင်ဆောင်ထား ကြသော အလုပ်ကိစ္စဖြင့် သွားလာနေကြသည့် အရာရှိများနှင့် လူနာလာပို့ကြသော မိသားစုဝင်များဖြင့် ပြည့်နှက်နေလျက်ရှိလေ၏။
ကျိုးချန်ယဲ့သည် မိခင်ဖြစ်သူအား တင်းကျပ်စွာ ကာကွယ်ပေးလျက် လူအုပ်ကြားမှ တိုးဝှေ့ကာ အိပ်စင် လက်မှတ်ဖြင့် ရထားပလက်ဖောင်းပေါ်သို့ ဝင်ရောက်လာခဲ့လေသည်။
သူသည် အရင်ဆုံး အထုပ်အပိုးများကို အပေါ်ရှိ စင်ပေါ်သို့ တင်လိုက်ပြီးနောက်၊ မိခင်ဖြစ်သူအား အောက်ထပ် ခုတင်တွင် ထိုင်နိုင်ရန် ကူညီပေးလိုက်လေသည် ။ သူမ အလွယ်တကူ အသုံးပြုနိုင်မည့် ပစ္စည်းများကိုလည်း သူမ၏ ဘေးနားတွင်ပင် အဆင်သင့် ထားရှိပေးလိုက်လေသည်။
ရထားထွက်ခွာရန် ဆယ်မိနစ်ကျော်ခန့် အချိန်ကျန်ရှိနေသေးလေသည်။
ကျိုးချန်ယဲ့၏ လက်ကို ဆုပ်ကိုင်ထားရင်း ကျိုး၏မိခင်က ထပ်ခါတလဲလဲ မှာကြားနေခဲ့လေသည်...။
"ကျိုးချန်ယဲ့... ရှောင်ယာကတော့ ရှားပါးတဲ့ မိန်းကလေးကောင်း တစ်ယောက်ပဲလေ... မင်းတို့နှစ် ယောက် သင့်တင့်အောင် နေထိုင်ပြီး ဘဝကို အတူတူ ဖြတ်သန်းကြပါဦး... ဘေးအိမ်က ကောင်လေး လိုမျိုး တခြား မိန်းကလေးတွေနဲ့ လျှောက်ပြီး ပတ်သက်တာမျိုးတော့ လုံးဝ မလုပ်ရဘူးနော်..."
သူမက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် သူမ၏ လေသံမှာ ပိုမို၍ တည်ကြည်လေးနက်သွားခဲ့ လေသည်...။
"အမေ့ရဲ့ မြေးဦးလေးကိုလည်း သေသေချာချာ ပြုစုစောင့်ရှောက်ပါ... ကြားလား..."
"အမေ... ကျွန်တော် သိပါတယ်... စိတ်မပူပါနဲ့... ကျောက်ခဲလေး နည်းနည်း ပိုကြီးလာတဲ့ အခါကျရင်... ရှောင်ယာနဲ့ ကျွန်တော်က သူ့ကိုခေါ်ပြီး ရှန်ဟိုင်းကို ပြန်လာခဲ့ပါ့မယ်... အမေနဲ့ အဖေ့ကို လာတွေ့ဖို့ လေ..."
ထိုအချိန်မှာပင် ရထား၏ လော်စပီကာမှ အသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဘေးရှိ ရထား ဝန်ထမ်းကလည်း တိုက်တွန်းလိုက်လေသည်...။
"ရဲဘော်တို့ရေ... ရထား ထွက်တော့မှာမို့လို့... လိုက်လံ ပို့ဆောင်ပေးသူတွေ အောက်ကို ဆင်းပေး ကြပါဦး..."
"ကဲ... မြန်မြန် ဆင်းတော့... ရထား ထွက်တော့မယ်..."
ကျိုး၏မိခင်က လက်ယမ်းပြလျက် ပြောလိုက်လေသည်။
ကျိုးချန်ယဲ့သည် ထိုင်နေရာမှ ထလိုက်ပြီး ရထားတံခါးရှိရာသို့ လျှောက်သွားလိုက်ရာ ခြေလှမ်းအနည်း ငယ် လှမ်းတိုင်း နောက်သို့ ပြန်လည် လှည့်ကြည့်နေခဲ့လေ၏။
ရထားဥဩသံ မြည်ဟီးလာခဲ့ပြီး ဘီးများမှာလည်း ဖြည်းညင်းစွာ လည်ပတ်လာခဲ့လေတော့သည်။
ကျိုး၏မိခင်သည် ရထားပြတင်းပေါက်ကို မှီလျက် သားဖြစ်သူအား လက်ယမ်းပြနေခဲ့လေ၏။
ကျိုးချန်ယဲ့သည်လည်း လက်ယမ်းပြလျက် ရထား၏နောက်မှ ခြေလှမ်းအနည်းငယ် လိုက်လံ ပြေးလွှား နေခဲ့ရာ ရထားမှာ တဖြည်းဖြည်း ဝေးကွာသွားပြီး သံလမ်း၏ အဆုံးတွင် ပျောက်ကွယ်သွားသည်အထိ ပင် ဖြစ်လေတော့သည်။ ထိုအခါမှ သူသည် ရပ်တန့်လိုက်ပြီး နေရာ၌ပင် ငိုင်တိုင်တိုင်ဖြင့် ကျန်ရစ်ခဲ့ကာ စိတ်ထဲတွင်မူ ဟာလာဟင်းလင်း ဖြစ်နေခဲ့လေ၏။
သူသည် ပလက်ဖောင်းပေါ်တွင် ခေတ္တမျှ ရပ်နေပြီးမှ ဖြည်းညင်းစွာ လှည့်ပြန်လာခဲ့လေသည် ။
သူသည် ရထားဘူတာရုံအတွင်းမှ ထွက်ခွာလာခဲ့ပြီး သူ၏ စက်ဘီးကို စီးလျက် အိမ်ရှိရာသို့ ပြန်လည် မောင်းနှင်လာခဲ့လေတော့သည်။
————————————
အိမ်သို့ ရောက်ရှိသောအခါ အမေထျန်က သူ့အား ချက်ချင်းပင် ကြိုဆိုလိုက်လေသည်...။
"လိုက်ပို့ပြီးပြီလား... ရထား ထွက်သွားပြီလားဟင်..."
"ဟုတ်ကဲ့..."
ကျိုးချန်ယဲ့က ခေါင်းညိတ်လိုက်ပြီး အထဲသို့ ဝင်ကာ ရှောင်ယာနှင့် ကလေးအား သွားရောက် ကြည့်ရှု လိုက်ရာ ထိုအခါမှသာ သူသည် လုံးဝ စိတ်အေးသွားခဲ့လေတော့သည်။
ဘဝမှာမူ ပုံမှန် လည်ပတ်နေကျ အရှိန်အဟုန်ဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့လေပြီ။
သူသည် နေ့ခင်းဘက်တွင် ကျောင်းတက်ပြီး ညနေဘက်တွင်မူ အိမ်သို့ ပြန်လာကာ ကျောက်ခဲလေးအား ပြုစုခြင်းနှင့် အမေထျန်အား အိမ်မှုကိစ္စများတွင် ကူညီပေးခြင်းတို့ကို လုပ်ဆောင်ခဲ့လေသည်။
နှစ်ရက်ကြာပြီးနောက်တွင် ရှန်ဟိုင်းမှ ကြေးနန်းစာ တစ်စောင် ရောက်ရှိလာခဲ့ရာ ၎င်းထဲတွင် စကားလုံး တစ်လုံးတည်းသာ ပါဝင်နေခဲ့ပေသည်...။
"ဘေးကင်းပါသည်" ဟူ၍ ဖြစ်လေသည်။
ထိုအခါမှသာ မိသားစုတစ်ခုလုံး၏ စိုးရိမ်ပူပန်မှုများမှာ လုံးဝပင် ကွယ်ပျောက်သွားခဲ့လေတော့သည်။