← Chapters

အခန်း (၁၂၀၁-၁၂၀၂)

Vol. 121 Ch. 1201-1202

အခန်း (၁၂၀၁-၁၂၀၂)

Vol. 121 Ch. 1201-1202

အခန်း ၁၂၀၁ - လေနှင်းနတ်ဘုရား

​ဤတိုက်ပွဲမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ အောက်ရှူ ၏ စွမ်းအားကို ထိုသ်လတ်ပိုင်းအရွယ် တာအိုဆရာက သဘာဝအတိုင်း ကောင်းစွာ သိရှိထားသည်။

​သူသည် မူလက ခွန်လွန်မှ ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အကြွင်းအကျန်ဖြစ်ပြီး စောစီးစွာပင် ပျောက်ကွယ်သွားသင့်သူဖြစ်သည်။ သို့သော် ခွန်လွန်တောင်၏ ထူးခြားသော သဘာဝကြောင့် ဤဖြစ်စဉ်မှာ အလွန်ပင် နှေးကွေးနေခဲ့ခြင်းဖြစ်သည်။

​အကယ်၍ လီယန်ချူသာ မရှိခဲ့လျှင် ယခုအချိန်တွင် အောက်ရှူ၏ လက်ချက်ဖြင့် ဝိညာဉ်ပါ လွင့်စင်ပျက်စီးသွားခဲ့ပေလိမ့်မည်။

​"ကျုပ်က တျန်ဟုန် ပါ။ အခုလိုမျိုး ကူညီပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ် မိတ်ဆွေ "

ဆံပင်များ ရှုပ်ပွနေသော တာအိုဆရာက လက်အုပ်ချီကာ ဂါရဝပြုလိုက်သည်။

​"မိတ်ဆွေ၊ အားနာစရာ မလိုပါဘူး။ ကျုပ်ကလည်း ဒီမိစ္ဆာနဂါးကို သတ်ဖြတ်ဖို့အတွက် လာခဲ့တာပါပဲ။"

လီယန်ချူက ပြန်လည်ဂါရဝပြုသည်။

​တျန်ဟုန် တာအိုဆရာက

"အရင်တုန်းက ကျုပ်ရဲ့ တာအိုလမ်းကြောင်း မအောင်မြင်သေးချိန်မှာ ဒီနတ်ဆေးပင်တွေကို သုံးပြီး အသက်ဆက်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျင့်စဉ်မှာ အမှားအယွင်း ဖြစ်သွားခဲ့လို့ နောက်ဆုံးမှာတော့ ကျဆုံးသွားခဲ့ရတယ်။"

​"အခု ဒီနတ်ဆေးပင် နှစ်ပင်မှာလည်း ရင့်မှည့်နေပါပြီ၊ ဒါပေမဲ့ ကံမကောင်းလိုက်တာ။"

​"တာအိုလမ်းစဥ် ခရီးက ဝေးလွန်းလှပါတယ်။ မိတ်ဆွေအနေနဲ့ အောင်မြင်ပြီး ကောင်းကင်နဲ့ မြေကြီးကြားမှာ ထာဝရရှင်သန်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် "

​ဤနတ်ဆေးပင် နှစ်ပင်မှာ တစ်ပင်နှင့်တစ်ပင် မတူညီဘဲ ထူးခြားလှပြီး ရင့်မှည့်နေကာ နတ်စွမ်းအင်များ လွှမ်းခြုံထားသည်။ ခွန်လွန်တောင်ထဲတွင် ဆေးမြစ်များနှင့် နတ်ဆေးပင်များ ပေါများနေသည်မှာ အမှန်ပင်ဖြစ်သည်။

​ဆံပင်ရှုပ်ပွနေသော သက်လတ်ပိုင်းအရွယ် တာအိုဆရာက လက်ထဲရှိ ရှည်လျားသော ဓားကို လီယန်ချူထံ ပေးအပ်လိုက်သည်။

​"ဒီဓားနာမည်က ကျူချွဲ့ လို့ခေါ်ပြီး ကျုံနန်တောင် ရဲ့ ရတနာတစ်ခုပါ။ ကျုပ်ရဲ့ သူငယ်ချင်း ဂိုချုံ က လက်ဆောင်ပေးထားတာပါ။ သူက ကျုပ်ထက် အဆပေါင်းများစွာ အစွမ်းထက်တယ် အခုတော့ တက်လှမ်းသွားခဲ့ပြီ။ မိတ်ဆွေ နတ်ဘုရားလောကကို ရောက်ခဲ့လို့ သူ့ တွေ့ခဲ့ရင် ဒီဓားကို ထုတ်ပြလိုက်ပါ၊ သူ အကူအညီ ပေးပါလိမ့်မယ်။"

​လီယန်ချူက ထိုသစ်သားဓားကို လှမ်းယူလိုက်သည်။ ထိုဓားမှာ ဟောင်းနေပြီး လက်ထဲတွင် ကိုင်ထားရသည်မှာ အလေးချိန် လေးလံလှသည်။

​"ကျုပ်လည်း တက်လှမ်းနိုင်မယ့် နည်းလမ်းကို ရှာမတွေ့သေးပါဘူး။"

ဟု လီယန်ချူက ပြောသည်။

​တျန်ဟုန် တာအိုဆရာက သူ့ကို စူးစိုက်ကြည့်ရင်း

"ကျုပ်ကတော့ လူကဲ ခက်တတ်တဲ့ ပညာကို အနည်းငယ် နားလည်ပါတယ်။ အရင်တုန်းက ကျုပ်ရဲ့ သူငယ်ချင်းဟာ တစ်ဝက်လောက်ပဲ ကျင့်ကြံပြီး တက်လှမ်းသွားခဲ့ပေမဲ့ သူ့ရဲ့ မျက်နှာသွင်ပြင်က မိတ်ဆွေလောက်တော့ မကောင်းဘူး။"

​ကျင့်ကြံတာ အချိန်အတိုင်းအတာ တစ်ဝက်တောင် မပြည့်ဘဲ တက်လှမ်းသွားနိုင်တယ်ပေါ့။

​လီယန်ချူက မျက်ခုံးပင့်လိုက်ပြီး

"အခု ကောင်းကင်နဲ့ မြေကြီးက ပြောင်းလဲသွားပြီ။ လူ့လောကနေရာအနှံ့မှာ တက်လှမ်းနိုင်တဲ့ နယ်မြေတွေ ပေါ်လာတယ်။ မူလကရှိတဲ့ မြေပြင်နတ်ဘုရားတွေလည်း အာရုံခံမိကြပြီး တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းသွားကြပြီ။ ဒါပေမဲ့ ကျုပ်ကတော့ ဘာအာရုံခံမှုမှ မရခဲ့ဘူး။"

ဟု ပြောသည်။

​တျန်ဟုန် တာအိုဆရာ၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။

"အခုခေတ် အခုလို အခြေအနေမျိုး..."

​သူ့ခေတ်တုန်းက တက်လှမ်းရန်မှာ အလွန်ပင် ခက်ခဲလှသည်။ ကောင်းကင်ကပ်ဘေး ကို ရင်ဆိုင်ဖို့တောင် အလွန်ခက်ခဲလှရာ ကျော်ဖြတ်နိုင်ရန်မှာ ပြောစရာပင် မလိုတော့ပေ။

​တျန်ဟုန် တာအိုဆရာက

"လောက အသီးသီးမှာလည်း ခွန်လွန်တောင် ရှိနေတာပါပဲ။ ကန်ယွမ် ဘက်မှာ တက်လှမ်းလို့ မရဘူးဆိုရင် မိတ်ဆွေ တခြား လောကတွေမှာ သွားပြီး စမ်းသပ်ကြည့်ပါလား "

​လီယန်ချူက ခေါင်းညိတ်လိုက်သည်။

"ကန်ယွမ်ဘက်မှာ ကပ်ဘေးတွေ များလွန်းလှပါတယ်။ ဒီကိစ္စတွေ ပြီးသွားရင်တော့ တခြား လောကတွေမှာ တက်လှမ်းနိုင်တဲ့ နည်းလမ်းကို သွားရှာရမှာပဲ။"

​သူသည် တျန်ဟုန် တာအိုဆရာနှင့် အချိန်အတော်ကြာ စကားပြောဆိုပြီး "ဖန်တီးခြင်း ရွှေကျမ်းစာ" ကို အသုံးပြုကာ သူ့၏ ဝိညာဉ်ကို တည်ငြိမ်စေရန် ကူညီပေးခဲ့သည်။

​ဤကျင့်ကြံသူမှာ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝပြီး စကားပြောဆိုရာတွင်လည်း ထူးခြားလှသည်။ ကောင်းကင်လူသားများ သေဆုံးပြီးနောက် ဖြစ်ပေါ်သည့် ပုံမှန်မဟုတ်သော အခြေအနေကို ကြားသိလိုက်ရသောအခါ သူသည် မျက်မှောင်ကြုတ်လိုက်သည်။

​"ကောင်းကင်လူသားတွေ သေဆုံးပြီးရင် ကောင်းကင်နဲ့ မြေကြီးကို ညစ်ညမ်းစေတယ်ဆိုတာ ကျုပ် လုံးဝ မကြားဖူးဘူး။"

​"ကျုပ်ကတော့ ‌လာကေတစ်ခုမှာ ကောင်းကင်လူသားတစ်ယောက်ကို သတ်ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ ဒီလို ထူးခြားတဲ့ အခြေအနေမျိုး မရှိခဲ့ပါဘူး။"

​လီယန်ချူက ထိုစကားကို ကြားလိုက်ရသောအခါ အနည်းငယ် ကြောင်သွားသည်။

"ကောင်းကင်လူသားတွေက ရှေးတည်းက ဒီလိုမျိုး မဟုတ်ဘူးလား "

​တျန်ဟုန် တာအိုဆရာက ခေါင်းညိတ်လိုက်သည်။

"မှန်ပါတယ်။ ဒီခေတ် ဒီအခါက နည်းနည်း ထူးဆန်းနေတယ်၊ ဒါပေမဲ့ ဒီကိစ္စကိုတော့ မိတ်ဆွေပဲ ကိုယ်တိုင် ရှာဖွေရလိမ့်မယ်။"

​လီယန်ချူက သူ၏ နတ်စွမ်းအားများကို အသုံးပြုသော်လည်း ထိုဝိညာဉ်အကြွင်းအကျန်မှာ ဆက်လက် တည်တံ့နိုင်ခြင်း မရှိတော့ဘဲ တဖြည်းဖြည်း မှေးမှိန်လာကာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွားတော့သည်။

​"မိတ်ဆွေ၊ ဂရုစိုက်ပါ။"

​သူ့၏ အသံမှာ ဝေးကွာသော နေရာမှ လာသကဲ့သို့ အလွန်ပင် ပေါ့ပါးနေသည်။

​ကျင့်ကြံခြင်းလမ်းစဉ်တွင် ထာဝရရှင်သန်ခြင်း မရရှိနိုင်ပါက နောက်ဆုံးတွင် မြေမှုန်အဖြစ်သို့သာ ပြောင်းလဲသွားရမည်။

​လီယန်ချူသည် ဤမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းချမိသည်။

​သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ထိုနတ်ဆေးပင် နှစ်ပင်ကို ဖမ်းဆုပ်လိုက်သည်။ ဤဆေးပင် နှစ်ပင်ပေါ်တွင် အလွန်အားကောင်းသည့် အရှိန်အဝါ တစ်ခုရှိနေသည်။

​ရုတ်တရက်ပင် လီယန်ချူနှင့် ချင်းလွမ်း တို့ကို အပြင်သို့ ပစ်လွှတ်လိုက်ရာ နှစ်ဦးစလုံးမှာ ပေတစ်ရာခန့် အဝေးသို့ လွင့်စင်သွားကြသည်။

​လီယန်ချူသည် သန့်စင်သော ဖန်ပုလင်း ကို ထုတ်ဖော်လိုက်ရာ ရောင်စဉ်တန်းများ ထွက်ပေါ်လာပြီး ထိုဆေးပင် နှစ်ပင်ကို ပုလင်းထဲသို့ စုပ်ယူလိုက်သည်။

​ထို့နောက် သူသည် အောက်ရှူ၏ ရုပ်ကလာပ်ကိုလည်း သိမ်းယူလိုက်သည်။

​အောက်ရှူမှာ ယခုအခါတွင် ရာပေါင်းများစွာ ရှည်လျားသော နဂါးကြီးအဖြစ် ပြောင်းလဲသွားပြီး နောက်ကျောတွင် တောင်ပံတစ်စုံ ပါရှိကာ ရွှေရောင်နှင့် အနက်ရောင်တို့ ရောထွေးနေသဖြင့် အလွန်ပင် ရဲရင့်ပြီး ကြောက်မက်ဖွယ် ကောင်းနေသည်။

​လီယန်ချူသည် ထိုကြီးမားလှသော ရုပ်ကလာပ်ကို သိမ်းယူပြီးနောက် ချင်းလွမ်းနှင့်အတူ ထိုနေရာမှ ထွက်ခွာခဲ့ကြသည်။

​ချင်းလွမ်းမှာ နန်းတွင်း ဝတ်ရုံကို ဝတ်ဆင်ထားပြီး နတ်သမီးကဲ့သို့ ပေါ့ပါးလှပသည်။ သူမ၏ ရုပ်ရည်မှာ အလွန်ပင် သန့်စင်သော်လည်း တစ်ဖက်တွင်လည်း ဆွဲဆောင်မှု တစ်မျိုး ရှိနေသည်။

​ဤသို့သော ယောကျ်ားလေးနှင့် မိန်းကလေး လမ်းလျှောက်နေသည်မှာ ခွန်လွန်တောင်ထဲတွင် အလွန်ပင် ထင်ရှားနေသည်။

​သူမသည် လီယန်ချူနှင့်အတူ နတ်ဘုရား ကျောင်းဆောင်တစ်ခု၏ ရှေ့သို့ ရောက်ရှိလာပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဒီနေရာမှာ နံ့သာပေါင်းအိုး တစ်လုံးရှိတယ်၊ အထဲက နံ့သာပေါင်းတွေက အရမ်းကို ထူထပ်တယ်။ အကယ်၍ အဲ့ဒါကို ရယူနိုင်မယ့် နည်းလမ်းရှိရင် စွမ်းအားကို တိုးတက်စေမှာ အသေအချာပဲ "

​သူမနှင့် လီယန်ချူတို့ အထဲသို့ ဝင်သွားကြသော်လည်း ထိုနေရာမှာ တစ်စုံတစ်ယောက်က မြေကြီးကို သုံးပေအထိ တူးဆွထားသဖြင့် ရှုပ်ပွနေသည်ကို တွေ့လိုက်ရသည်။

​"ဒီမှာ ရှိတဲ့ စောင့်ရှောက်ထားတဲ့ ကျောက်ရုပ်တွေလည်း အကုန်လုံး ရိုက်ခွဲခံထားရတယ်"

ချင်းလွမ်းမှာ အံ့အားသင့်စွာ ပြောသည်။

​"ဒါဟာ ခွန်လွန်မှန် အပိုင်းအစတွေကို ရှာဖွေဖို့အတွက် ခွန်လွန်တောင်ထဲကို ဝင်လာတဲ့ ကောင်းကင်လူသားတွေ လုပ်တာပဲ။"

လီယန်ချူက ပြောသည်။

​"ခွန်လွန်မှန် အပိုင်းအစတွေ"

ချင်းလွမ်းမှာ ကြောင်သွားသည်။

​သူမ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် လီယန်ချူက "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။

​ချင်းလွမ်းက ခေါင်းခါလိုက်သည်။

"တောင်ထဲမှာ အပိုင်းအစ နှစ်ခုကို ကိုးကွယ်ထားတဲ့ နေရာတစ်ခု ရှိတယ်၊ ဒါပေမဲ့ သူတို့ ရသွားပြီလားတော့ မသိဘူး။"

​သူမ ပြောသောနေရာမှာ ကျင့်ကြံသူတို့၏ နေအိမ်ဖြစ်ပြီး စွမ်းအင်များ ထူထပ်လှသည်။

​လီယန်ချူက ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် သိပ်ပြီး အလေးမထားတော့ပေ။

​ကောင်းကင်လူသားတွေက လောကထဲကို ဆင်းလာကြတာဆိုတော့ သေချာပေါက် လျှို့ဝှက်နည်းလမ်းတွေ ရှိမှာပဲ၊ ဒီအပိုင်းအစတွေကို သူတို့ ရှာတွေ့သွားလောက်ပြီလို့ သူ ယူဆလိုက်သည်။

​သူ၏ အကြည့်မှာ ထိုနံ့သာပေါင်းအိုးဆီသို့ ရောက်သွားပြီး ထိုအိုးမှာ သာမန်အရာတစ်ခု ဖြစ်သော်လည်း အတွင်းရှိ နံ့သာပေါင်းမှာမူ အလွန်ပင် အစွမ်းထက်လှသည်။

​ကောင်းကင်လူသား ငါးဦးတောင် ဤနေရာတွင် ထိုနံ့သာပေါင်းကို မယူနိုင်ခဲ့ကြပေ။ ဤနေရာမှာ သူတို့ အရင်ဆုံး ဝင်ရောက်လာခဲ့သော နတ်ဘုရား ကျောင်းတော်ပင် ဖြစ်သည်။

​လီယန်ချူသည် အတွင်းရှိ နံ့သာပေါင်း၏ စွမ်းအားကို အာရုံခံလိုက်ရာ အလွန်ပင် ထူထပ်သိပ်သည်းလှသည်။ သို့သော်လည်း တစ်စုံတစ်ယောက် ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေသည်။

​ခဏမျှ စဉ်းစားပြီးနောက် သူသည် နောက်ဆုံးတွင် စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။

"ထားလိုက်ပါတော့၊ ဒီနံ့သာပေါင်းက ပိုင်ရှင်ရှိတဲ့ပုံပဲ။"

​ချင်းလွမ်းမှာ အံ့အားသင့်သွားသည်။

"ခွန်လွန်က နတ်ဘုရားတွေ အကုန်ပျောက်သွားပြီလေ၊ ဘယ်လိုလုပ် ပိုင်ရှင်ရှိရမှာလဲ။"

​ထိုအချိန်တွင် ရုတ်တရက်ပင် ကျားခန္ဓာကိုယ်နှင့် ခေါင်းကိုးလုံးရှိသော သတ္တဝါတစ်ကောင် ပေါ်လာသည်။ ခေါင်းကိုးလုံးစလုံးမှာ လူမျက်နှာများ ဖြစ်သည်။

​"ခွန်လွန်က နတ်ဘုရားတွေက ပျောက်သွားတာပါ၊ သေသွားတာ မဟုတ်ဘူး။"

ဟု ပြောလိုက်သည်။

​လီယန်ချူက ထိုစကားကို ကြားလိုက်ရသောအခါ လှည့်ကြည့်လိုက်ရာ ထိုသတ္တဝါမှာ ကိုင်မင် သတ္တဝါ ဖြစ်နေသည်။

​"မင်းက မမှတ်မိဘူး မဟုတ်လား"

လီယန်ချူက ပြောသည်။

​"အဲ့ဒီနေ့က တိုက်ခတ်လိုက်တဲ့ ပြင်းထန်တဲ့ လေမုန်တိုင်းတွေကြောင့် ခေါင်းထဲမှာ နည်းနည်းလေး ရှင်းလင်းသွားသလိုပဲ။"

ဟု ကိုင်မင် နတ်သားရဲက ပြောသည်။

​"ဒါဆို မင်း ဘာတွေ မှတ်မိလာပြီလဲ"

လီယန်ချူက မေးလိုက်သည်။

​"အဲ့ဒီနေ့က ကောင်းကင်တံခါးတွေ အကုန်ပွင့်သွားတယ်။ ကောင်းကင်လူသားတွေက နဂါးတွေ၊ သိန်းငှက်တွေကို စီးပြီး ခွန်လွန်ကို ဖျက်ဆီးဖို့ ထွက်လာကြတယ်။ နောက်ဆုံးတော့ ခွန်လွန်နတ်ဘုရားတွေက နတ်ဘုရားအဖြစ် ပြန်ပေါ်လာပြီး ကောင်းကင်တံခါးထဲကို ဝင်တိုက်ကြတယ်။"

​ကိုင်မင် နတ်သားရဲက ပြောသည်။

​ထိုစကားကို ကြားလိုက်ရသောအခါ လီယန်ချူမှာ အလွန်ပင် အံ့အားသင့်သွားသည်။

​"ဘာ"

​ခဏမျှ ရပ်တန့်ပြီးနောက် သူက အသံကို နိမ့်ချလိုက်ပြီး

"ကောင်းကင်လူသားတွေက ခွန်လွန်ကို ဖျက်ဆီးဖို့ ကြံစည်နေတာလား ဒါဟာ ကောင်းကင်လူသားတွေ လုပ်တာပဲ "

​ကိုင်မင် နတ်သားရဲက

"မှန်တယ်။ နတ်ဘုရားလောကက လူတွေ မဟုတ်ဘူး၊ ကောင်းကင်လောကမှာ နေထိုင်ကြတဲ့ ကောင်းကင်လူသားတွေက နဂါးတွေ၊ သိန်းငှက်တွေကို စီးပြီး လာတာ "

ဟု ပြောသည်။

​"ပြီးတော့ရော၊ သူတို့တွေ ပြန်မလာတော့ဘူးလား"

လီယန်ချူက မေးလိုက်သည်။

​"ဟုတ်တယ်။ ခွန်လွန်နတ်ဘုရားတွေက ပြန်ပေါ်လာကြတယ်။ ကျောက်ရုပ်တွေ အသက်ဝင်လာပြီး နောက်ဆုံးမှာတော့ အရိပ်အယောင်တောင် မကျန်တော့ဘူး။"

​"အရင်က ခွန်လွန်နတ်ဘုရားတွေလည်း အကုန်လုံး အပေါ်ကို တက်သွားကြတယ်။ ငါ နဲ့ လုဝူ တို့က တစ်ယောက်ယောက် အတိုက်ခံရလို့ ဒဏ်ရာရသွားပြီး ခေါင်းထဲမှာ ရှုပ်ထွေးသွားတာ။"

ဟု ကိုင်မင်က ပြောသည်။

​"လုဝူက ဘယ်မှာလဲ"

လီယန်ချူက မေးလိုက်သည်။

​ခေါင်းကိုးလုံးရှိသော ကိုင်မင်က ခေါင်းခါလိုက်သည်။

"မသိဘူး၊ အဲ့ဒီ လေမုန်တိုင်းတွေကြောင့် လွင့်စင်သွားတယ်။"

​"အခုတော့ ဒီလေမုန်တိုင်းတွေ ဘယ်လို ဖြစ်တာလဲဆိုတာ မှတ်မိပြီလား "

လီယန်ချူက မေးလိုက်သည်။

​"အဲ့ဒါက ခွန်လွန်ရဲ့ လေနှင်းနတ်ဘုရားပဲ။ သူက လေမုန်တိုင်းတွေကို စုစည်းပြီး မွေးဖွားလာတာ။ အဲ့ဒီတိုက်ပွဲမှာ သူ့ခန္ဓာကိုယ်က အကွဲကွဲ အပြားပြား ဖြစ်သွားတာကို ငါမြင်တွေ့လိုက်ရတာ။ နောက်ဆုံးတော့ လေမုန်တိုင်းတွေအဖြစ် ပြန်ပြောင်းသွားတာ။"

ဟု ကိုင်မင်က ပြောသည်။

​လေနှင်းနတ်ဘုရား

​လီယန်ချူက ဤခွန်လွန်တောင်မှ လေနှင်းမှာ ခွန်လွန်၏ နိယာမတရားတစ်ခုခုဟု ထင်ခဲ့မိသည်။

​မမျှော်လင့်ဘဲ နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ် ပျက်စီးသွားခြင်း ဖြစ်လိမ့်မည်ဟု မထင်ခဲ့မိပေ။

​"သူ့ရဲ့ ဒီလေမုန်တိုင်းတွေက ငါ့ရဲ့ ခေါင်းကို ပိုပြီး ရှင်းလင်းသွားစေတယ်။ ဒါပေမဲ့ မူလကတည်းက ငါက အရမ်းကို ထက်မြက်ပါတယ်။"

ဟု ကိုင်မင်က ဝမ်းသာအားရ ပြောသည်။

​"အဲ့ဒီတုန်းက ခွန်လွန်ကို စောင့်ရှောက်ဖို့ ကိုင်မင် သတ္တဝါတွေ အများကြီးရှိခဲ့တယ်။ အခုတော့ ငါတစ်ယောက်တည်းပဲ ဒီနာမည်ကို ဆက်ခံထားရတော့တယ်။"

​သူ၏ စကားလုံးများတွင် အချက်အလက်များစွာ ပါဝင်နေသည်။

​"မူလကတည်းက ကျောက်ရုပ်တွေပဲလား"

လီယန်ချူက မေးမြန်းလိုက်သည်။

​"ဟုတ်တယ်။ ငါတို့ကို ဖန်တီးခဲ့တာက ခွန်လွန်ကို စောင့်ရှောက်ဖို့အတွက်ပဲ။"

ဟု ကိုင်မင်က ပြောသည်။

​"မင်းတို့ကို ဘယ်သူ ဖန်တီးခဲ့တာလဲ"

လီယန်ချူက မေးလိုက်သည်။

​"မမှတ်မိတော့ဘူး။ အဲ့ဒီအချိန်က ရှေးဦးလူသားတွေက သူ့ကို ကျင် ၊ ဂိုချုံ လို့ ခေါ်ကြတာပဲ သိတယ်။ တကယ့်နာမည် အစစ်အမှန်ကိုတော့ ဘယ်သူမှ မသိကြဘူး။"

ဟု ကိုင်မင်က ခေါင်းခါလိုက်သည်။

​ဤမျှ အစွမ်းထက်သော ကိုင်မင် နတ်သားရဲမှာ လူ့လောကတွင် ထိပ်တန်းအဆင့် ဖြစ်ပြီး တစ်စုံတစ်ယောက်က ဖန်တီးထားခြင်း ဖြစ်သည်။

​ပြီးတော့ တစ်ကောင်တည်း မဟုတ်ဘူး

​ခွန်လွန်တောင် အထွတ်အထိပ်သို့ ရောက်ရှိနေချိန်မှာ ဘယ်လောက်တောင် အစွမ်းထက်လိမ့်မည်ကို စဉ်းစားကြည့်လိုက်သည်။

​လီယန်ချူက အသက်ပြင်းပြင်း ရှူလိုက်ပြီး ခဏတာ ကြောင်သွားသည်။

"ဂိုချုံ ... ဂိုချုံ ၊ ဒီနှစ်ခုကြားမှာ ဆက်သွယ်မှု ရှိမရှိတော့ မသိဘူး။"

​ထိုဂိုချုံမှာ အချိန်တိုအတွင်း တက်လှမ်းနိုင်သည့် အဆင့်သို့ ရောက်ရှိသွားသော ထူးချွန်ထက်မြက်သည့် လူတစ်ယောက် ဖြစ်သည်။

​တျန်ဟုန် တာအိုဆရာ၏ ဆိုလိုရင်းအရ ထိုခေတ်ကာလတွင် တက်လှမ်းခြင်းမှာ အလွန်ပင် ခက်ခဲသော ကိစ္စဖြစ်သည်။

​ထိုအခြေအနေမျိုးတွင် ဂိုချုံ တက်လှမ်းနိုင်ခြင်းမှာ အံ့သြစရာ မရှိပေ။

​လီယန်ချူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဤကိစ္စကို ဆက်မစဉ်းစားတော့ပေ။

​ကိုင်မင် နတ်သားရဲက ရုတ်တရက်

"တချို့ နံ့သာပေါင်းတွေက ပိုင်ရှင်ရှိတယ်၊ တချို့က မရှိဘူး။ ဒါပေမဲ့ ဒီလူတွေက ပြန်မလာကြတော့ဘူး။ မင်းအနေနဲ့ ယူနိုင်ရင်လည်း ကိစ္စမရှိပါဘူး။"

ဟု ပြောသည်။

​လီယန်ချူက

"အရင်တုန်းက ခွန်လွန်နံ့သာပေါင်းကို ခိုးယူသူတွေကို တိုက်ခိုက်ပြီး မောင်းထုတ်ဖို့ မဟုတ်ဘူးလား "

ဟု ပြောလိုက်သည်။

​ကိုင်မင် နတ်သားရဲ၏ ခေါင်းကိုးလုံးစလုံးမှာ ရယ်မောလိုက်ကြသည်။

"မကြိုက်ရင်တော့ မြက်တစ်ပင်၊ အပင်တစ်ပင်ကို ယူသွားရင်တောင် သူခိုးလို့ ထင်မှာပဲ။ ကြိုက်တယ်ဆိုရင်တော့ ဒီတောင်တစ်တောင်လုံးက နံ့သာပေါင်းကို ယူသွားတာတောင် မိတ်ဆွေအဖြစ် သတ်မှတ်လို့ ရတာပဲ။"

​စကားပြောပြီးနောက် သူက မျက်တောင်ခတ်လိုက်သည်။

"နောက်ပြီးတော့... ဒီခွန်လွန်တောင်က ငါ့ဟာမှ မဟုတ်တာ။ တကယ်လို့ ငါ့ဟာ ဖြစ်ခဲ့ရင်တောင် ငါက မျက်စိတစ်ဖက်မှိတ်ပြီး နေမှာပါပဲ။"

​မျက်စိတစ်ဖက်မှိတ် နေမယ်တဲ့၊ ခေါင်းကိုးလုံးနဲ့ဆိုတော့ မျက်လုံးတွေက အများကြီးပါပဲ... လီယန်ချူက စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်သည်။

သို့သော် သူက လက်အုပ်ချီလိုက်သည်။

"ဒီစကားက တကယ်ပဲ အရာအားလုံးကို လက်ခံနိုင်ပြီး စိတ်သဘောထား ကြီးမားလှပါတယ်။"

​ကိုင်မင်၏ ခေါင်းကိုးလုံးစလုံးမှာ မောက်မာစွာ မော့ထားလိုက်ကြပြီး အလွန်ပင် ကျေနပ်နေပုံရသည်။

​"တာအိုဆရာလေးက ရက်စက်တတ်ပေမဲ့ ဗဟုသုတ ကြွယ်ဝပြီး အမြင်ကျယ်ပါတယ်။"

​စိတ်အခြေနေ အလွန်ကောင်းနေသဖြင့် သူက သတိပေးလိုက်သည်။

"ဒါပေမဲ့ ဒီနံ့သာပေါင်းတွေက အရင်လောက် မကောင်းတော့ပေမဲ့ အခုထိ ထူထပ်သိပ်သည်းနေတုန်းပဲ။ မဆင်မခြင် မလုပ်နဲ့၊ ကိုယ့်ကိုကိုယ် အန္တရာယ် ဖြစ်စေနိုင်တယ်။"

​တကယ်တော့ သူက လီယန်ချူကို ဒီနံ့သာပေါင်းတွေကို ယူနိုင်လိမ့်မယ်လို့ မထင်ထားပေ။

​အရင်တုန်းက သူကိုယ်တိုင်လည်း တိတ်တဆိတ် ယူကြည့်ဖို့ ကြိုးစားခဲ့ပေမဲ့ အပူလောင်ပြီး အော်ဟစ်ခဲ့ရသည်။

​ထိုမျှ အစွမ်းထက်သည့် အခြေအနေကို သူ ကောင်းကောင်း ခံစားမိသည်။

​ယခုလိုမျိုး အလွယ်တကူ ခွင့်ပြုလိုက်တာကလည်း ဒီအကြောင်းကြောင့်ပင် ဖြစ်သည်။

​ဘာပဲဖြစ်ဖြစ် မင်းမှ မယူနိုင်တာ၊ ငါ အဆင်ပြေအောင် လုပ်ပေးလိုက်တာ ဘာဖြစ်လဲ။

​လီယန်ချူက အစိမ်းရောင် မီးအိမ် ကို ထုတ်ဖော်ကာ လက်ထဲတွင် ကိုင်ထားလိုက်သည်။

"အဲ့ဒါဆိုလည်း စမ်းကြည့်တာပေါ့။"

​ထိုနေ့က ကောင်းကင်လူသားတွေ ဒီနတ်ဘုရား ကျောင်းတော်ရှေ့မှာ စုဝေးပြီး နံ့သာပေါင်းကို ယူဖို့ ကြိုးစားခဲ့ကြပေမဲ့ မရခဲ့ကြပေ။

​သို့သော် ယခုအချိန်တွင် လီယန်ချူက ဒီမီးအိမ်ကို ကိုင်ထားပြီး အစွမ်းကို ထုတ်လိုက်ရာ နံ့သာပေါင်းအိုးထဲမှ နံ့သာပေါင်းတွေက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ရေလွှာကဲ့သို့ စီးဆင်းလာသည်။

​ချင်းလွမ်းက အော်လိုက်သည်။

"သတိထား"

​သူမက ချက်ချင်းပင် နတ်စွမ်းအားများကို အသုံးပြုကာ အလင်းတန်းအဖြစ် ပြောင်းလဲပြီး လီယန်ချူဘေးသို့ ရောက်ရှိသွားကာ သူ့ကို ဆွဲခေါ်ရန် ကြိုးစားလိုက်သည်။

​တစ်ချိန်တည်းမှာပင် ဝမ်းဗိုက်အောက်ရှိ ရွှေရောင် အမြုတေ ကို ထုတ်ဖော်လိုက်ရာ အလင်းရောင်များ ထွက်ပေါ်လာပြီး အနီ၊ အစိမ်း၊ ခရမ်း သုံးရောင်ဖြင့် လွှမ်းခြုံထားသည်။

​သူမ၏ မူလ ပုံစံမှာ ချင်းလွမ်း ငှက်နတ်ဘုရား ဖြစ်ပြီး အရှိန်အလွန်ပင် မြန်ဆန်ကာ ဤသုံးရောင်ခြယ် ရွှေရောင် အမြုတေမှာလည်း အလွန်ပင် စစ်မှန်သော ကျင့်စဉ်ဖြစ်ပြီး မည်သည့် နည်းလမ်းကိုမဆို ဖျက်ဆီးနိုင်သည်။

​ဤရေစီးကြောင်းမှာ အလွန်ပင် ကြမ်းတမ်းပြီး ပြင်းထန်ကာ နံ့သာပေါင်း စွမ်းအားမှာလည်း အလွန်ပင် တောက်ပနေသည်။

​သို့သော် ၎င်းမှာ လီယန်ချူကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ သူ၏ လက်ထဲရှိ မီးအိမ်ထဲသို့သာ စုစည်းသွားခြင်း ဖြစ်သည်။

​ခဏချင်းတွင် လီယန်ချူ လက်ထဲရှိ မီးအိမ်မှာ ပို၍ပင် တောက်ပလာသည်။

​"ဒီလောက် လွယ်တာလား" လီယန်ချူမှာ အံ့အားသင့်သွားသည်။

​ကိုင်မင် နတ်သားရဲ : "………………"

​ချင်းလွမ်း: "………………"

​ဒီလောက် လွယ်တာလား

​ချင်းလွမ်းမှာလည်း ဤနံ့သာပေါင်း၏ အစွမ်းကို သိထားပြီး မည်သို့မှ မရယူနိုင်ဟု ထင်ခဲ့သော်လည်း အခုလို အလွယ်တကူ ဖြစ်သွားလိမ့်မည်ဟု မထင်ထားပေ။

​လီယန်ချူက သူမကို ပြုံးပြလိုက်သည်။

"ခုနက အရမ်းမိုက်တယ်။"

​ချင်းလွမ်းမှာ ကြောင်သွားပြီး မျက်နှာတွင် အနည်းငယ် နီရဲသွားသည်။

​ကိုင်မင်၏ ခေါင်းကိုးလုံးက အော်ဟစ်လိုက်သည်။

"မဟုတ်သေးဘူးလေ၊ ဒီမီးအိမ်က ဘာဖြစ်တာလဲ "

​သူ့၏ အကြည့်က လီယန်ချူ လက်ထဲရှိ မီးအိမ်ပေါ်တွင် စူးစိုက်နေသည်။

​သို့သော် နောက်တစ်ခဏတွင် သူ၏ အရောင်အသွေး ပြောင်းလဲသွားပြီး အပြင်ကို ကြည့်လိုက်ရာ ခွန်လွန်တောင်ပေါ်ရှိ လေနှင်းများထဲမှ နံ့သာပေါင်း စွမ်းအားများမှာ ဤနေရာသို့ စုစည်းရောက်ရှိလာသည်မှာ မြစ်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်သည်။

​ဤသည်မှာ အလွန်ပင် ထူးခြားသည့် မြင်ကွင်းတစ်ခုပင်။

​ကိုင်မင် မှာ ခွန်လွန်ကို စောင့်ရှောက်နေသူဖြစ်သော်လည်း ယခုအချိန်တွင် အံ့အားသင့်နေမိသည်။

​သို့သော် နောက်ပိုင်းတွင် သူအံ့အားသင့်ရမည့် အရာတစ်ခု ထပ်ဖြစ်လာသည်။

​ဤနံ့သာပေါင်း စွမ်းအားများမှာ မီးအိမ်ထဲသို့ စုစည်းသွားကြသည်။

​ထိုရုပ်ရည် ချောမောသော လူငယ် တာအိုဆရာမှာ မီးအိမ်ကို လက်ထဲတွင် ကိုင်ထားပြီး ထိုနေရာတွင် ရပ်နေရုံနှင့် နံ့သာပေါင်းများမှာ သူ့ဆီသို့ စုစည်းလာသည်။

​စီးဆင်းနေသော နံ့သာပေါင်း စွမ်းအားများ အားလုံးမှာ လီယန်ချူ လက်ထဲရှိ မီးအိမ်ထဲသို့ စုစည်းသွားသဖြင့် ကိုင်မင် မှာ အလွန်ပင် တုန်လှုပ်သွားသည်။

​"တခြားလူတွေက ခွန်လွန်မှာ လာပြီး ပူဇော်ပသနေကြတာ၊ သူကတော့ ထူးခြားတယ်၊ ခွန်လွန်ရဲ့ နံ့သာတွေက သူ့ကို လက်ခံထားတာ "

​ကိုင်မင် နတ်ဘုရားမှာ ခွန်လွန်ကို စောင့်ရှောက်နေပြီး အတွေ့အကြုံများစွာ ရှိသူဖြစ်သော်လည်း ယခုအခါတွင် ရုတ်တရက် သဘောပေါက်သွားသည်။

​မဟုတ်ဘူး

​ဒီမီးအိမ်က ပြဿနာ မဟုတ်ဘူး။

​ဒီမီးအိမ်က ဘယ်လောက်ပဲ သန်မာနေပါစေ၊ ခွန်လွန်တောင်ပေါ်မှာ ကျန်ရှိနေတဲ့ နံ့သာပေါင်းတွေကို အကုန်လုံး မစုစည်းနိုင်ဘူး၊

​အားလုံးက ဒီလူငယ် တာအိုဆရာကြောင့်ပဲ

​ကိုင်မင် နတ်ဘုရား၏ ခေါင်းကိုးလုံးစလုံးမှာ လီယန်ချူအနီးသို့ တိုးကပ်လာပြီး သေချာ ကြည့်လိုက်သည်။

​ဒီလူငယ် တာအိုဆရာမှာ ရုပ်ရည်သန့်ပြန့်ပြီး ဓားကဲ့သို့မျက်ခုံးများက သူ့ကို ပို၍ပင် ရဲရင့်စေသည်။

​ယခုအချိန်တွင် မီးအိမ်ကို ကိုင်ထားပြီး ခါးတွင် ဓားကို ချိတ်ထားရာ ခွန်လွန်၏ နံ့သာပေါင်း စွမ်းအားများမှာ သူ့ဆီသို့ စုစည်းလာနေသည်။

​ထိုပုံစံမှာ လောကတွင် တစ်စုံတစ်ယောက်မျှ မရှိနိုင်အောင်ပင် ထူးခြားလှသည်။

​ကိုင်မင် နတ်ဘုရားက တွေဝေစွာ ပြောလိုက်သည်။

"မင်းက ခွန်လွန် နတ်ဘုရားတစ်ပါးရဲ့ လူဝင်စားလား"

​"ဒါမှမဟုတ် မင်းက မူလကတည်းက ခွန်လွန် နတ်ဘုရားပဲလား"

​ချင်းလွမ်းမှာ ထိုစကားကို ကြားလိုက်ရသောအခါ မျက်လုံးအဝိုင်းသား ဖြစ်သွားပြီး စိုးရိမ်တကြီးဖြင့် လီယန်ချူကို ကြည့်လိုက်သည်။

​"ဟင် ဒီလီတာအိုဆရာက ခွန်လွန် နတ်ဘုရားတစ်ပါးလား "

​လီယန်ချူက သူမ စိတ်ထဲတွင် ဘာတွေးနေသည်ကို မသိသော်လည်း သိလျှင်လည်း သက်ပြင်းချမိပေလိမ့်မည်။

​ကောလာဟလတွေက ဒီလိုမျိုးပဲ ပေါ်လာတာပေါ့။

​ဤထူးခြားသည့် မြင်ကွင်းမှာ လူအများ၏ အာရုံကို ဆွဲဆောင်သွားသည်။

​ ကူရှင်း ဦးဆောင်သည့် ကောင်းကင်လူသား ငါးဦးက ဤထူးခြားသည့် အခြေအနေကို မြင်လိုက်ရသည်။

​"သေချာပေါက် အဖိုးတန်ပစ္စည်း တစ်ခုခု ပေါ်လာတာပဲ၊ ခွန်လွန်တောင်မှာ ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်နေပြီ"

​ကောင်းကင်လူသား ငါးဦးမှာ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီး နံ့သာပေါင်းများ စုစည်းရာသို့ အရှိန်အဟုန်ဖြင့် ပြေးသွားကြသည်။

​ခွန်လွန်တောင်ထဲတွင် ကျောက်စိမ်းတစ်ခုဘေးတွင် ဓားသမားတစ်ဦး ရှိနေသည်။ သူသည် ခါးတွင် အရက်ပုလင်းကို ချိတ်ထားပြီး မျက်လုံးများမှာ တောက်ပနေကာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ

"ယွီကျူ တောင်ထိပ်မှာ နတ်ဘုရား တစ်ပါး ပေါ်လာတာလား"

ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

​နောက်တစ်ခဏတွင် သူ၏ ကျောပြင်ပေါ်မှ ဓားအိမ်ထဲမှ ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ထိုဓားသမားမှာ အရှိန်ပြင်းစွာဖြင့် ထွက်ခွာသွားသည်။

​ဒါတင်မကဘဲ ခွန်လွန်တောင်ထဲရှိ ကြီးမားသော အရိုးစုတစ်ခုမှာလည်း နိုးထလာသည်။

​ဗုန်း ဗုန်း ဗုန်း

​ကျောက်တုံးများ ပြုတ်ကျသွားသည်။ ထိုအရိုးစုမှာ အသက်ရှင်စဉ်က အစွမ်းထက်သည့် သားရဲတစ်ကောင် ဖြစ်ပြီး ယခုအခါတွင် ထိုနံ့သာပေါင်း စွမ်းအားများကြောင့် နိုးထလာပြီး ထိုနေရာသို့ အရှိန်အဟုန်ဖြင့် ပြေးသွားသည်။

​သူ့၏ အရှိန်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

​ကောင်းကင်လူသား ငါးဦး ရောက်ရှိလာချိန်တွင် လီယန်ချူနှင့် ကိုင်မင် နတ်ဘုရားတို့မှာ နတ်ဘုရား ကျောင်းတော်အပြင်ဘက်သို့ ရောက်ရှိလာသည်။

​သူတို့သည် ယွီကျူတောင်ထိပ်ရှိ နံ့သာပေါင်း စွမ်းအားများမှာ လူငယ် တာအိုဆရာ တစ်ဦး၏ လက်ထဲသို့ စုစည်းသွားသည်ကိုသာ မြင်လိုက်ရသည်။

​ဤမြင်ကွင်းမှာ အလွန်ပင် ထူးခြားလှသည်။ တစ်တောင်လုံးက ထိုလူငယ် တာအိုဆရာကို လေးစားနေသကဲ့သို့ပင်။

​"ဒါဟာ ခွန်လွန် ရှေးဟောင်း နတ်ဘုရား ပြန်ပေါ်လာတာလား"

အဆင့်​ကိုး အဆင့်ရှိ ကောင်းကင်လူသားတစ်ဦးက တိုးတိုးလေး ပြောသည်။

​သို့သော် ရုတ်တရက် သူတစ်ခုခုကို သတိပြုမိသွားသည်။

"ဒါဟာ လူ့လောကက အဲ့ဒီ လူငယ် တာအိုဆရာပဲ"

​သူသည် ထိုအချိန်က လီယန်ချူနှင့် မတွေ့ဖူးသော်လည်း သူ၏ ပုံတူပန်းချီကို မြင်ဖူးသည်။

အ​စိမ်းရောင် ဝတ်ရုံ၊ ခါးတွင် ဓား၊ ရုပ်ရည်မှာ အလွန်ပင် ထူးခြားလှသည်။

​ကူရှင်းမှာ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

"ဒီလူငယ် တာအိုဆရာကို ခွန်လွန် နံ့သာပေါင်းတွေကို မယူခိုင်းနဲ့ "

​ကောင်းကင်တွင် ပျံ့နှံ့နေသော နံ့သာပေါင်း စွမ်းအားမှာ အလွန်ပင် များပြားလှသည်။

​အကယ်၍ အားလုံးကိုသာ ဒီလူငယ် တာအိုဆရာက ရသွားမယ်ဆိုရင် သူတို့မှာ ငါးရောင်ခြယ် အလံ ရှိနေရင်တောင် ဒီနေရာမှာ အရှုံးပေးရလိမ့်မည်။

​ကူရှင်းက ချက်ချင်းပင် အော်ဟောက်လိုက်သည်။

​အခြား ကောင်းကင်လူသားတွေလည်း ဒီကိစ္စမှာ အန္တရာယ် ရှိမှန်း သိလိုက်သည်။

​သူတို့က အမိန့်ဖြင့် လူ့လောကသို့ ဆင်းလာခဲ့ပြီး တစ်ခုမှာ ခွန်လွန်မှန် အပိုင်းအစကို ရှာဖွေဖို့ ဖြစ်သော်လည်း အောက်ရှူက လုယူသွားသဖြင့် အဆင်မပြေဖြစ်ခဲ့ရသည်။

​နောက်တစ်ခုမှာ ဒီလူငယ် တာအိုဆရာကို သတ်ပစ်ဖို့ ဖြစ်သည်။ အခုလို တွေ့တုန်းမှာပဲ တိုက်ခိုက်မှသာ ဖြစ်မည်။

​ကောင်းကင်လူသား ငါးဦးမှာ စွမ်းအားများကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ကြပြီး ငါးရောင်ခြယ် အလံကို ထုတ်ယူလိုက်သည်။

​ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာသည်။

​ငါးရောင်ခြယ် ဖျက်ဆီးခြင်း နတ်ဘုရား အလင်းတန်း

​ရှီး

​နတ်ဘုရား အလင်းတန်းမှာ လေထဲတွင် ထွက်ပေါ်လာသည်။ ချင်းလွမ်းနှင့် ကိုင်မင် နတ်ဘုရားတို့သည် သူတို့ဆီသို့ မရည်ရွယ်သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားလိုက်ရသည်။

​အောက်ရှူ၏ ကိုယ်ကာယမှာ အလွန်ပင် သန်မာပြီး မျိုးရိုးစဉ်ဆက် နှစ်ခုကို ပိုင်ဆိုင်ထားသော်လည်း ဤအလံနှင့် ရင်ဆိုင်ရသောအခါ ရှုံးနိမ့်ခဲ့ရသည်။

​ယခုအချိန်တွင် ခွန်လွန် နံ့သာပေါင်းကို ရယူနေသော လီယန်ချူက ရှင်းဟွမ်အလံ ကို ထုတ်ဖော်လိုက်သည်။

​ရှင်းဟွမ်အလံမှာ သူ၏ ခေါင်းပေါ်တွင် ရှိနေသည်။ ငါးရောင်ခြယ် အလင်းတန်းမှာ ရိုက်ခတ်လာသည်။

ရှင်းဟွမ်အလံအောက်တွင် မည်သည့် အရာမှ ထိခိုက်ခြင်း မရှိပေ။ သို့သော် တစ်ခဏချင်းတွင်ပင် လီယန်ချူမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကုန်ဆုံးသွားသည်ကို ခံစားလိုက်ရသည်။

​ဒီတစ်ခါ ကုန်ဆုံးသွားတဲ့ စွမ်းအားပမာဏမှာ အလွန်ပင် များပြားလှသည်။

​"ဒီငါးရောင်ခြယ် အလံက တကယ်ပဲ အစွမ်းထက်တာပဲ၊ ဒီနေရာမှာတောင် ဒီလောက်ထိ စွမ်းဆောင်နိုင်တယ်"

လီယန်ချူက မျက်မှောင်ကြုတ်လိုက်သည်။

​ကောင်းကင်လူသား ငါးဦးက လီယန်ချူကို ဝိုင်းရံထားလိုက်ကြသည်။ ငါးရောင်ခြယ် အလံမှာ ကြီးမားသော တပ်ဖွဲ့ကြီးတစ်ခုအဖြစ် စုစည်းသွားသည်။

​ခဏချင်းတွင် ငါးရောင်ခြယ် အလင်းတန်းမှာ ရွှေရောင် ဓားကြီးအဖြစ် ပြောင်းလဲသွားပြီး ခုတ်ချလိုက်သည်။

​တိုက်ခိုက်မှု တစ်ဒါဇင်ကျော် အပြီးတွင် ရှင်းဟွမ်အလံမှာ လီယန်ချူ၏ မျက်ခုံးကြားရှိ ဝိညာဉ်ထဲသို့ ပြန်ဝင်သွားပြီး ဆက်လက် တည်တံ့နိုင်ခြင်း မရှိတော့ပေ။

​ဤအချိန်တွင် လီယန်ချူလည်း လက်ထဲရှိ မီးအိမ်ကို ဂရုမစိုက်နိုင်တော့ပေ။

​ဘယ်လိုပဲဖြစ်ဖြစ် ခွန်လွန် ယွီကျူတောင်ထိပ်ရှိ နံ့သာပေါင်းများကို ယခုအချိန်တွင် အသုံးပြု၍ မရနိုင်တော့ပေ။

​ဒီတင်မကသေးဘဲ အောက်ရှူကို သတ်ခဲ့တဲ့ ဓားမှာလည်း အစွမ်းများစွာ စုပ်ယူထားပြီး ပြောင်းလဲမှု တစ်ခုခု ဖြစ်ပေါ်နေသဖြင့် အသုံးပြု၍ မရသေးပေ။

​သူသည် ခုန်ပေါက်လိုက်ပြီး ကြီးမားသော ပုဆိန်ကို ထုတ်ယူကာ တိုက်ခိုက်လိုက်သည်။

​သူသည် ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်ပင် ရဲရင့်လှသည်။

​ဗုန်း

​ချက်ချင်းပင် သွေးအရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ကိုယ်ခန္ဓာအတွင်းတွင် နေမင်းကြီး တစ်ခု ပေါက်ကွဲနေသကဲ့သို့ပင်။

​ရှီး

​ကောင်းကင်အထက်ရှိ တပ်ဖွဲ့ကြီးမှာ အပေါက်တစ်ခု ဖြစ်သွားသည်။

​ငါးရောင်ခြယ် တပ်ဖွဲ့မှာ အလွန်ပင် ခိုင်မာသော်လည်း အခုလို အပေါက်ဖြစ်သွားသဖြင့် ကူရှင်းမှာ အံ့အားသင့်သွားသည်။

​သူသည် လီယန်ချူ လက်ထဲရှိ ပုဆိန်ကို ကြည့်လိုက်သည်။

​"ခွန်လွန်မှန် အပိုင်းအစတွေ အချိန်နောက်ပြန်သွားတဲ့အချိန်မှာ ပေါ်လာတဲ့ ကြီးမားတဲ့ လူသားတစ်ယောက် လက်ထဲက ပုဆိန် "

​သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဒီလူငယ် တာအိုဆရာရဲ့ ကံကြမ္မာက တကယ်ကို ကောင်းလွန်းတယ်။

​"လူ့လောကကို သန့်စင်ဖို့ဆိုရင် ဒီတာအိုဆရာကနေ စရမယ် "

​ကူရှင်း၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ကောင်းကင်တွင် ပေါ်ထွက်လာသည်။ ငါးရောင်ခြယ် အလင်းတန်းများ စုစည်းသွားပြီး ရွှေရောင် ဓားကြီးတစ်လက် ခုတ်ချလိုက်သည်။

​အခန်း ၁၂၀၂ - ခွန်လွန်တောင်၏ နတ်မီးခိုးတိုင်

အောက်ရှူသည်ပင်လျှင် သူ၏ အထွတ်အထိပ်အချိန်၌တောင် ငါးရောင်စုံအလံကို ရင်ဆိုင်ရချိန်တွင် သွေးချင်းချင်းနီရဲကာ အထိနာခဲ့ရသည်။

​ယခုအခါ လီယန်ချူသည် အစီရင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း ကြီးမားသော ပုဆိန်ကို ကိုင်ဆောင်ထားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးသားစွမ်းအားတို့မှာ မီးတောက်သကဲ့သို့ ပူပြင်းနေသည်။ ဤအကြီးစား အစီအရင်ကြီးကို လုံးဝဖျက်ဆီးပစ်ရန်မှာ အလွန်ပင် ခက်ခဲလှသော်လည်း၊ အောက်ရှူကဲ့သို့ သွေးချင်းချင်းနီရဲကာ ရှောင်တိမ်းနေရသည့် အဖြစ်မျိုးတော့ လီယန်ချူတွင် မရှိပေ။

​ထိုကောင်းကင်လူသားငါးဦးမှာ ငါးရောင်ခြယ်အလံ၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိနေသဖြင့် မည်သည့်နည်းလမ်းနှင့်မျှ ထိခိုက်စေရန် မလွယ်ကူပေ။ အခြားတစ်ဖက်တွင်လည်း ထိုအဖျက်စွမ်းအားရှိသော နတ်အလင်းတန်းကို ခုခံရင်း လီယန်ချူ၏ မန္တန်စွမ်းအားများမှာလည်း ကုန်ခန်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။

​ကောင်းကင်လူသား ကူရှင်းသည် စွမ်းအားဆုံးရှုံးမှုကို ဂရုမစိုက်နိုင်တော့ဘဲ ငါးရောင်ခြယ်အလံ၏ အစွမ်းကို အပြည့်အဝ ပေါက်ကွဲစေလိုက်သည်။ ဤလူငယ်တာအိုဆရာ၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်လက်နက်များမှာ ဤမျှလောက် ပြင်းထန်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ ယခုအချိန်တွင် တွန့်ဆုတ်နေ၍ မရတော့ပေ။ အကယ်၍သာ ခွန်လွန်မှန်ကို ဆုံးရှုံးလိုက်ရပြီး ထိုလူငယ်တာအိုဆရာကိုလည်း မသတ်နိုင်ပါက သူတို့အတွက် ကြီးမားလှသော အပြစ်ဒဏ်ကို ခံရပေလိမ့်မည်။

​ကူရှင်းက အေးစက်စွာ အော်ဟစ်လိုက်သည်နှင့် ကောင်းကင်လူသားငါးဦး၏ စွမ်းအင်များမှာ တစ်ပြိုင်နက်တည်း မြင့်တက်လာသည်။ ငါးရောင်ခြယ်အလံမှ နတ်အလင်းတန်းများမှာ ရွှေရောင်ဓားကြီးတစ်လက်အဖြစ် ပေါင်းစပ်သွားကာ ဟင်းလင်းပြင်ကို တုန်ခါသွားစေလျက် လီယန်ချူထံသို့ တန်းတန်းမတ်မတ် ခုတ်ပိုင်းလိုက်သည်။ ဤဓားချက်မှာ အချိန်ကိုပင် ကျော်လွန်သွားသကဲ့သို့ လီယန်ချူ၏ ရင်ဘတ်ကို တည့်တည့်ကြီး ထိမှန်သွားလေသည်။

​လီယန်ချူသည်လည်း တစ်ခဏချင်းပင် လက်ထဲမှ ပုဆိန်ကြီးကို ဝှေ့ယမ်းကာ ပြန်လည်ခုခံလိုက်သည်။ ပုဆိန်အတွင်းမှ ကောင်းကင်ထိတိုင်အောင် ရောက်ရှိသည့် သတ်ဖြတ်လိုစိတ်များမှာ ရုတ်ချည်းပင် အတောင်တစ်ရာခန့် ရှည်လျားသွားကာ အပေါ်စီးမှ ခုတ်ချလိုက်သည်။

​ဒုန်း

​ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံပေါက်ကွဲသွားသည်။ ငါးရောင်ခြယ်အလံ၏ နတ်အလင်းတန်းဖြင့် ဖွဲ့စည်းထားသည့် ရွှေရောင်ဓားကြီးမှာ ပျက်စီးသွားသည်။ လီယန်ချူမှာလည်း ပြင်းထန်သော ရိုက်ခတ်မှုကြောင့် နောက်သို့ အရှိန်ပြင်းစွာ လွင့်စင်သွားကာ ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများ ကြားထဲတွင် ပြုတ်ကျသွားသည်။ သူဝတ်ဆင်ထားသည့် ရွှေရောင်ချပ်ဝတ်ပေါ်ရှိ စာလုံးအဆောင်များမှာ မှေးမှိန်သွားကာ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ပျောက်ကွယ်သွားပြီး ရင်ဘတ်ပေါ်ရှိ တာအိုဝတ်ရုံမှာလည်း ပြဲထွက်သွားသည်။

​ငါးရောင်ခြယ်အလံ၏ အစွမ်းမှာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသော်လည်း လီယန်ချူကိုမူ သတ်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ သူ၏ ရင်ဘတ်ပေါ်တွင် ဓားရာတစ်ခုသာ ထင်ကျန်ခဲ့ပြီး သွေးများ စီးကျနေသည်။ ကောင်းကင်လူသားငါးဦးမှာ စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။

​ ကူရှင်းက မျက်မှောင်ကြုတ်လျက်

"ဒဏ်ရာတစ်ခုပဲလား "

​ဤလူငယ်တာအိုဆရာ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း မာကျောလွန်းလှသည်။ လီယန်ချူ၏ မန္တန်စွမ်းအားများ ကုန်ခန်းနေပြီး နတ်လက်နက်များကို ဆက်လက်ထိန်းချုပ်ရန်ပင် မလွယ်ကူတော့ကြောင်း သူ အထင်အရှား မြင်နေရသည်။ သွေးသားစွမ်းအားများလည်း အများအပြား ဆုံးရှုံးနေပြီး ဖြစ်သော်လည်း ခန္ဓာကိုယ်စွမ်းအားဖြင့်ပင် ထိုတိုက်ခိုက်မှုကို ခုခံလိုက်နိုင်သည်မှာ မယုံနိုင်စရာပင်။

​လီယန်ချူ၏ မျက်ဝန်းများမှာ မီးတောက်များကဲ့သို့ တောက်ပနေပြီး တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေသည်။ သူသည် ပုဆိန်ကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း...

​"ထပ်လာခဲ့"

​သူက အေးစက်စက် အော်ဟစ်လိုက်ပြီး သွေးချီစွမ်းအားများကို တစ်ဖန်ပြန်လည် ပေါက်ကွဲစေလိုက်သည်။ ချပ်ဝတ်၏ အထောက်အပံ့ မရှိတော့သော်လည်း သူ၏ စွမ်းအားမှာ အံ့ဩစရာ ကောင်းနေဆဲဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံသွားပြီး ရင်ဘတ်ပေါ်ရှိ ဒဏ်ရာမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

​ဒုန်း

​သူ၏ ခြေထောက်နှစ်ဖက်ကို အနည်းငယ် ကွေးညွတ်လိုက်ပြီးနောက် အရှိန်ပြင်းစွာ ခုန်ပျံလိုက်ရာ မြေပြင်မှာပင် ကြေမွသွားသည်။ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ဘုံဆီသို့ တိုးဝင်တိုက်ခိုက်လိုက်သည်။ ငါးရောင်ခြယ်အလံ၏ နတ်အလင်းတန်းများမှာမူ ကြီးမားသည့် အိုးကြီးတစ်လုံးအဖြစ် ပြောင်းလဲကာ အပေါ်မှ အုပ်မိုးတိုက်ခိုက်လာသည်။ ထိုအိုးမှာ ဧကပေါင်းများစွာ အရွယ်အစားရှိပြီး တောင်ငယ်တစ်လုံးကဲ့သို့ပင် လေးလံလှသည်။

​လီယန်ချူသည်လည်း သူ၏ သွေးချီစွမ်းအားကို အစွမ်းကုန် ထုတ်လွှတ်လိုက်ရာ သူ၏ နောက်ကျောဘက်တွင် ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုရုပ်ပုံ၏ မျက်နှာမှာ အလွန်ပင် ခန့်ညားပြီး မျက်လုံးများမှာလည်း မီးတောက်များကဲ့သို့ ထက်မြက်လှသည်။ သူ ပုဆိန်ကို ဝှေ့ယမ်းလိုက်သည့်အခါ ထိုရုပ်ပုံကြီးကလည်း သူ့အတိုင်းပင် တူညီသော လှုပ်ရှားမှုကို ပြုလုပ်သည်။

​ငါးရောင်ခြယ်အလံမှာ လူ့လောကထက် သာလွန်သော စွမ်းအားရှိသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ လီယန်ချူ၏ ပုဆိန်ချက်အောက်တွင်မူ ထိုနတ်အလင်းတန်းဖြင့် ဖွဲ့စည်းထားသည့် အိုးကြီးမှာ နောက်သို့ ဆုတ်ခွာသွားရသည်။

​ဖုန်း

​အိုးကြီးမှာ ကွဲအက်သွားပြီး ငါးရောင်ခြယ်အလင်းတန်းများအဖြစ် ပြန်လည်ပြောင်းလဲသွားကာ သူ၏ ခေါင်းပေါ်သို့ ပြန်လည်အုပ်မိုးလာသည်။

​"ဒီကောင်ကို ချက်ချင်း အဆုံးသတ်လိုက် "

ကောင်းကင်လူသား ကူရှင်း၏ အသံမှာ မိုးကြိုးသံကဲ့သို့ ဟိန်းထွက်လာသည်။

​ငါးရောင်ခြယ်အလံမှာ နတ်ဘုရားဘုရင် ကိုယ်တိုင် အထူးတလည် တီထွင်ဖန်တီးထားသည့် နတ်လက်နက်ဖြစ်ပြီး အောက်လောကမှ ကျွမ်းကျင်သူများကို ချုပ်နှောင်ရန်အတွက်သာ ရည်ရွယ်သည်။ စည်းမျဉ်းများ၏ အပေါက်အလမ်းများကို အသုံးပြုထားသဖြင့် ပေါက်ကွဲထွက်လာသည့် စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။

​ဗုန်း ဗုန်း ဗုန်း

​ခဏတာအတွင်းမှာပင် လီယန်ချူနှင့် ငါးရောင်ခြယ်အလံတို့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်လိုက်ကြသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များရှိသည့် ပုဆိန်ကြီးမှာ ရိုက်ခတ်ခံလိုက်ရပြီး အလင်းရောင်များ မှေးမှိန်ကာ မြေပြင်ပေါ်သို့ စိုက်ဝင်သွားသည်။ လီယန်ချူမှာလည်း မိုရှဲ့ဓားကို ထုတ်ယူလိုက်သည်။ မိုရှဲ့ဓားမှာ ပြိုင်ဘက်ကင်းသော ထက်မြက်မှုရှိပြီး ဖြူရောင်အလင်းတန်း တစ်ချက်လက်လိုက်ရုံနှင့် အသက်ကို နှုတ်ယူနိုင်သည်။

​တောင် တောင် တောင်

​ဤနတ်ဓားကိုလည်း ရိုက်ချလိုက်သည့်နောက် လီယန်ချူ၏ လက်ဝါးမှာ ကွဲအက်သွားပြီး သွေးများ စီးကျလာသည်။ သို့သော် သူက ဂရုမစိုက်ဘဲ ရွှေရောင်တောက်နေသည့် ကွင်းတစ်ကွင်းကို ချက်ချင်း ထုတ်ယူလိုက်သည်။ ချန်ကွမ်ကွင်းမှာ အရွယ်အစားကို အလိုရှိသလို ပြောင်းလဲနိုင်ပြီး လူကို ရိုက်ချရန် အကောင်းဆုံး နတ်လက်နက်ဖြစ်သည်။ လီယန်ချူသည် စကြာဝဠာကွင်းကို ကိုင်ဆောင်ကာ အပေါ်သို့ ထပ်မံတိုက်ခိုက်လိုက်သည်။

​တောင် တောင် တောင်

​ထိုမျှ ပြင်းထန်သော စွမ်းအားမျိုးအောက်တွင် ကိုင်မင်နတ်သားရဲနှင့် ချင်းလွမ်းတို့မှာ မည်သို့မျှ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပေ။ သူတို့၏ ကျင့်ကြံမှုမှာ လူ့လောကတွင် အထွတ်အထိပ်ဟု ဆိုနိုင်သော်လည်း၊ နတ်ဘုရားဘုရင်များ တီထွင်ထားသည့် နတ်လက်နက်မျိုးကို ရင်ဆိုင်ရန်မှာမူ အလွန်ပင် ဝေးကွာနေသေးသည်။

​ကောင်းကင်လူသားငါးဦးမှာလည်း မျက်နှာတွင် အလေးနက်ဆုံး အရိပ်အယောင်များ ပေါ်လာသည်။ ယခင်က အောက်ရှူသည် တန်ရှီနှင့် နဂါးသွေးပါဝင်သူဖြစ်ပြီး ရှေးဟောင်းပညာရပ်များကို ပိုင်ဆိုင်ထားပါလျက်ပင် ငါးရောင်ခြယ်အလံအောက်တွင် ထွက်ပြေးခဲ့ရသည်။ ယခု လူငယ်တာအိုဆရာမှာမူ ဤမျှလောက် ရိုင်းစိုင်းပြင်းထန်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။

​ထိုအချိန်တွင် လီယန်ချူ၏ တာအိုဝတ်ရုံမှာ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။ သူ၏ ခန္ဓာကိုယ်မှာ ကြံ့ခိုင်သန်စွမ်းပြီး ကြွက်သားများမှာလည်း အင်အားအပြည့်ဖြင့် တောင့်တင်းနေသည်။ ချင်းလွမ်းသည် သူ၏ နောက်ကျောကို ကြည့်လိုက်ရာ တိုက်ပွဲဝင်နေစဉ် သူ၏ နောက်ကျောတွင် နဂါးကြီးတစ်ကောင် ရှိနေသကဲ့သို့ ထင်ရပြီး အလွန်အမင်း တုန်လှုပ်စရာ ကောင်းလှသည်။

​"သူကြည့်ရတာ ဒီလောက် ချောမောနေတာကို အဝတ်အစားတွေ ချွတ်လိုက်တော့ ရိုင်းစိုင်းပြီး အာဏာရှင်ဆန်နေလိမ့်မယ်လို့ မထင်ထားဘူး "

​ငါးရောင်ခြယ်အလံ၏ ချုပ်နှောင်မှုအောက်တွင် ချင်းလွမ်းနှင့် ကိုင်မင်တို့မှာ ဝင်ရောက်ရန် မဖြစ်နိုင်တော့ပေ။ ချင်းလွမ်းက ကိုင်မင်ကို ကြည့်ကာ မေးလိုက်သည်။

"ဘာလုပ်သင့်သလဲ"

​ကိုင်မင်က ခေါင်းခါလိုက်ပြီး

"ဒါက နတ်ဘုရားဘုရင် ဖန်တီးထားတဲ့ လက်နက်ပဲ။ ဒါက သူဖြစ်နေလို့သာ၊ ငါသာဆိုရင် တစ်ချက်တောင် ခံနိုင်မှာ မဟုတ်ဘူး၊ ဒုတိယချက်မှာတင် ဂိသွားမှာ"

​ချင်းလွမ်းက စိုးရိမ်တကြီးဖြင့်

"ဒါဆိုရင် အန္တရာယ်မများဘူးလား"

​ကိုင်မင်နတ်သားရဲမှာ တိတ်ဆိတ်သွားသည်။ ငါးရောင်ခြယ်အလံ၏ စွမ်းအားမှာ ခန့်မှန်းထားသည်ထက် ပိုမိုများပြားပြီး သူတို့၏ စွမ်းအင်အချို့ကို သုံးစွဲသွားသော်လည်း ကြောက်မက်ဖွယ် ကောင်းနေဆဲပင်။

​လီယန်ချူသည် တစ်ကြိမ်ပြီး တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်နေပြီး နတ်လက်နက်များအားလုံးမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ပြီ။ ယခုအခါ သူ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး မျက်လုံးများမှာ အေးစက်စက် လျှပ်စီးများကဲ့သို့ တောက်ပနေကာ လက်ထဲတွင် လှံကြီးကို တင်းကျပ်စွာ ကိုင်ဆောင်ထားသည်။

​ဗုန်း

​သူသည် ငါးရောင်ခြယ် နတ်အလင်းတန်းနှင့် ထပ်မံ ခွဲထွက်သွားသည်။ ယခုအခါ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးချင်းချင်းနီရဲနေပြီ ဖြစ်သော်လည်း ခန္ဓာကိုယ်မှာ အလွန်ကြံ့ခိုင်သဖြင့် မူလအခြေခံကိုမူ ထိခိုက်ခြင်း မရှိသေးပေ။ ကောင်းကင်လူသားငါးဦးမှာလည်း သူတို့၏ ငါးရောင်ခြယ်အလံကဲ့သို့သော ရတနာကို ကိုင်ဆောင်ထားလျက်နှင့် ဤလူငယ်တာအိုဆရာနှင့် ဤမျှလောက် ခါးသီးသော တိုက်ပွဲ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

​ယခုအခါ တောင်စောင်းများမှာ ကွဲအက်နေပြီး ထိုလူငယ်တာအိုမှာ ငါးရောင်ခြယ်နတ်အလင်းတန်းကြားတွင် လှံကြီးကို ကိုင်ဆောင်ကာ ဘုရင်တစ်ပါးကဲ့သို့ ခန့်ညားလျက် ရှိနေဆဲဖြစ်သည်။ ရုတ်တရက် ငါးရောင်ခြယ် နတ်အလင်းတန်းမှာ လီယန်ချူ၏ ရင်ဘတ်ကို တိုးဝင်သွားပြီး နှလုံးနေရာကိုပင် ဖောက်ထွက်သွားလုနီးပါး ဖြစ်သွားသည်။ ငါးရောင်ခြယ်ကျောက်တုံးတွင် ပြင်းထန်လှသော အသက်စွမ်းအားများ ရှိသော်လည်း နတ်အလင်းတန်း၏ ဒဏ်ရာကို ကုသရန်မှာမူ ထိန်းသိမ်းထားနိုင်ရုံသာ တတ်နိုင်ပြီး လုံးဝပျောက်ကင်းအောင် မလုပ်နိုင်ပေ။

​ကောင်းကင်လူသား ကူရှင်းမှာ မျက်လုံးများ အရောင်လက်သွားပြီး

"ဒီတာအိုဆရာက သွေးဘယ်လောက်ထိ ထပ်ထွက်နိုင်မလဲ ကြည့်ရအောင် "

​ဒီနေ့မှာသာ ဤလူငယ်တာအိုဆရာကို မသတ်နိုင်ပါက သူသည်လည်း ကောင်းကင်ဘုံသို့ ပြန်ရန် မျက်နှာမရှိတော့ပေ။ ထို့အပြင် ဤလူငယ်တာအိုဆရာ၏ လက်ထဲတွင် နတ်လက်နက်များစွာ ရှိနေသဖြင့် သူတို့သာ သိမ်းပိုက်နိုင်ပါက ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လာမည်။

​ဗုန်း

​ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ဆက်တိုက် ပေါက်ကွဲထွက်သွားပြီး လီယန်ချူ လက်ထဲမှ လှံကြီးမှာလည်း လွင့်စင်သွားသည်။ သို့သော် တောင်ထိပ်မှ အမွှေးနံ့သာစွမ်းအားများမှာမူ မပြတ်မတန့်ပင် ထိုနေရာသို့ စုစည်းရောက်ရှိလာပြီး ကြေးနီမီးအိမ်ကို ကြားခံအဖြစ် အသုံးပြုကာ ငါးရောင်ခြယ်အလံ၏ နယ်မြေကို ဖောက်ထွက်ပြီး လီယန်ချူ၏ လက်ထဲသို့ ရောက်ရှိသွားသည်။

​ကိုင်မင်နတ်သားရဲ ပြောသကဲ့သို့ပင် ဤမီးအိမ်မှာ ကြားခံတစ်ခုသာ ဖြစ်သည်။ ဤနံ့သာပေါင်း စွမ်းအားများမှာ မီးအိမ်အတွက် လာခြင်းမဟုတ်ဘဲ လီယန်ချူအတွက် လာခြင်းဖြစ်ပြီး မီးအိမ်အတွင်းတွင် ခိုအောင်းနေခြင်းသာဖြစ်သည်။ ယခုအခါ ကျယ်ပြန့်လှသော အမွှေးနံ့သာစွမ်းအားများ စုစည်းရောက်ရှိလာရာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော ပမာဏတစ်ခု ဖြစ်နေပြီ။

​လီယန်ချူသည် ထိုကြေးနီမီးအိမ်ကို လက်ထဲတွင် ကိုင်ထားရုံနှင့်ပင် အလွန်လေးလံကြောင်း ခံစားလိုက်ရသည်။ သူသည် တောင်များကို လက်ဖြင့် ရွှေ့ပြောင်းနိုင်သည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါလျက်ပင် ဤမျှလေးလံနေခြင်းမှာ နတ်လမ်းစဉ်၏ လေးလံမှုမှာ မည်မျှရှိသည်ကို သိသာစေသည်။ သို့သော်လည်း ထိုမီးအိမ်ကို လက်ရှိတွင် အသုံးမပြုနိုင်သေးဘဲ လီယန်ချူ၏ လက်ထဲသို့ ရောက်လာသည်မှာလည်း သက်သောင့်သက်သာ မရှိပေ။

​လီယန်ချူသည် လက်နက်သစ်တစ်ခုကို လဲလှယ်ရန် ပြင်ဆင်နေစဉ် ငါးရောင်ခြယ် နတ်အလင်းတန်းမှာ ရုတ်ချည်းပင် ရွှေရောင်ဓားကြီးအဖြစ် ပြောင်းလဲကာ သူ၏ ခေါင်းထိပ်ကို စိုက်ချလိုက်သည်။ ခေါင်းထိပ်ရှိ အချက်အချာနေရာများကို တိုက်ခိုက်ခြင်းမှာ ခန္ဓာကိုယ် ကြံ့ခိုင်သော နတ်ဆိုးများ သို့မဟုတ် ကိုယ်ခန္ဓာကျင့်ကြံသူများကို သတ်ဖြတ်ရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။

​ဓားကြီးကျလာချိန်တွင် လီယန်ချူမှာ မီးအိမ်ကို ကိုင်ထားသဖြင့် လှုပ်ရှားရ ခက်ခဲနေပြီး လက်ဝါးတစ်ဖက်ဖြင့်သာ ချက်ချင်းပင် ရိုက်ချလိုက်သည်။ ရွှေရောင်ဓားမှာ သူ၏ လက်ဝါးကို ဖောက်ထွက်သွားပြီး အရှိန်မသတ်ဘဲ ဆက်လက်စိုက်ဆင်းလာသည်။

​ကောင်းကင်လူသားငါးဦးမှာ မျက်လုံးများ အရောင်လက်သွားပြီး ဝမ်းမြောက်သွားကြသည်။ သို့သော် ထိုအချိန်တွင်...

​လီယန်ချူ၏ လက်ထဲမှ မီးအိမ်မှာ ရုတ်ချည်းပင် ပေါက်ကွဲထွက်လာပြီး အားကောင်းလှသော အမွှေးနံ့သာစွမ်းအားများမှာ လီယန်ချူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ရွှေရောင်ဓားကြီးမှာ ထိုနေရာတွင်ပင် တန့်သွားပြီး ဆက်လက်စိုက်ဆင်းနိုင်ခြင်း မရှိတော့ပေ။ ကောင်းကင်လူသားငါးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

​ကူရှင်းမှာ မျက်မှောင်ကြုတ်သွားသည်။ သူသည် ယခင်က ကမ္ဘာတစ်ခုကို သိမ်းပိုက်ရန် ကြိုးစားခဲ့ဖူးပြီး ထိုနေရာရှိ လူတို့သည် ရှေးဟောင်းနတ်ဘုရားများကို ကိုးကွယ်ကြသဖြင့် အမွှေးနံ့သာစွမ်းအားများမှာ အလွန်ပင် ကြီးမားလှသည်။ ယခု လီယန်ချူ၏ ခန္ဓာကိုယ်တွင် ပတ်ရစ်နေသည့် မီးခိုးတိုင်စွမ်းအားမှာ ထိုရှေးဟောင်း နတ်ဘုရားများနှင့် ဆင်တူနေသည်။

​လီယန်ချူ၏ စိတ်ဓာတ်မှာ ပြတ်သားလှပြီး သူ၏ မျက်ဝန်းများအတွင်းတွင် မီးတောက်နှစ်ခု လည်ပတ်နေသကဲ့သို့ ရှိသည်။ သူ၏ လက်ဝါးတစ်ဖက်မှာ ဖောက်ထွက်ခံထားရပြီး မန္တန်စွမ်းအားများ ကုန်ခန်းနေသော်လည်း ခန္ဓာကိုယ်မှာမူ ထိုအမွှေးနံ့သာစွမ်းအားများ၏ အထောက်အပံ့ကို ရရှိနေသည်။ သူသည် လက်ဝါးတစ်ဖက်ဖြင့် ထပ်မံ ရိုက်ထုတ်လိုက်ရာ အမွှေးနံ့သာစွမ်းအားကို ရရှိထားသောကြောင့် ရွှေရောင်ဓားကြီးကို နောက်သို့ လွင့်စင်သွားစေသည်။

​ထိုအချိန်တွင် သူ၏ လက်ထဲမှ မီးအိမ်မှာ အမွှေးနံ့သာစွမ်းအားများဖြင့် ပြည့်နှက်နေပြီး အလွန်ပင် တောက်ပနေသည်။ တစ်ခဏအတွင်းမှာပင် မီးအိမ်မှာ အရည်ပျော်ကျလာပြီး ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မခံနိုင်တော့ပေ။ ထိုနံ့သာစွမ်းအားမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း။ ထျန်းတန်း လျှို့ဝှက်နယ်မြေတွင် အမွှေးနံ့သာစွမ်းအားများ ပြည့်နှက်နေပြီး ခေါင်းမူးစရာ ကောင်းလှသည်။ သို့သော် ထိုအချိန်က ဤမီးအိမ်တစ်ခုတည်းဖြင့်ပင် အကုန်သိမ်းပိုက်နိုင်ခဲ့သည်။

​ယခုအခါ ခွန်လွန်တောင်၏ ယွီကျူးတောင်ထိပ်မှ အမွှေးနံ့သာများကိုပါ သိမ်းပိုက်လိုက်သဖြင့် လီယန်ချူ၏ စွမ်းအားမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ ကောင်းကင်လူသား ကူရှင်းမှာ စိတ်ထဲတွင် တုန်လှုပ်သွားသည်။

"မကောင်းတော့ဘူး"

​"သူ့ကို ဒီနံ့သာစွမ်းအားတွေကို သုံးခွင့်ပေးလို့ မရဘူး "

​သူ၏ အသံမှာ မိုးကြိုးသံကဲ့သို့ ဟိန်းထွက်လာပြီး ငါးရောင်ခြယ်အလံကို အစွမ်းကုန် ပေါက်ကွဲစေကာ ပြင်းထန်စွာ နှိပ်ကွပ်လိုက်သည်။ လွှမ်းခြုံထားသည့် နယ်မြေမှာ ကျဉ်းမြောင်းသွားပြီး လီယန်ချူ၏ ပတ်ပတ်လည် ဆယ်တောင်အကွာအဝေးသာ ကျန်ရှိတော့သည်။ နတ်ကျောင်းရှိ အမွှေးနံ့သာစွမ်းအားတစ်ခုတည်းပင် ကောင်းကင်လူသားတစ်ဦးကို သေစေနိုင်သည်မှာ ‌ကောင်းကင်လူသားအချို့ အစွမ်းကုန်ကြိုးစား၍ပင် မသိမ်းပိုက်နိုင်ခဲ့ပေ။ ယခုမူ တစ်တောင်လုံး၏ နံ့သာစွမ်းအား ဖြစ်နေပြီ။

​လီယန်ချူသည် ယခုအခါ အမွှေးနံ့သာစွမ်းအားများ အလယ်တွင် ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ နတ်ဘုရားတစ်ပါးကဲ့သို့ တောက်ပနေသည်။ ငါးရောင်ခြယ် နတ်အလင်းတန်းများဖြင့် နှိပ်ကွပ်သော်လည်း နံ့သာစွမ်းအားကို ဖောက်ထွက်နိုင်ခြင်း မရှိသေးပေ။ ထိုမီးအိမ်မှာ ဆက်တိုက် သန့်စင်နေပြီး ၎င်း၏ ပစ္စည်းမှာ နတ်လက်နက်အဆင့် မဟုတ်သည့်အတွက် ယခုအခါ ဆက်မခံနိုင်တော့ဘဲ ကွဲအက်ပျက်စီးသွားတော့သည်။ ၎င်းမှာ ကြားခံတစ်ခုသာ ဖြစ်ပြီး ယခုအခါ ပျက်စီးသွားသဖြင့် အမွှေးနံ့သာစွမ်းအားကို စုပ်ယူမည့် လုပ်ငန်းစဉ်မှာ ရပ်တန့်သွားလိမ့်မည်ဟု ထင်ရသည်။

​သို့သော် ကောင်းကင်လူသား ကူရှင်း၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော နံ့သာစွမ်းအားများမှာ မီးအိမ် ပျက်စီးသွားသော်လည်း အားလုံးမှာ လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်သို့ စုစည်းရောက်ရှိသွားသည်ကို သူ တွေ့လိုက်ရသည်။ မရပ်မနား စုစည်းလာသော ယွီကျူးတောင်ထိပ်၏ အမွှေးနံ့သာများမှာ ယခုအခါ လီယန်ချူ၏ ခန္ဓာကိုယ်ထံသို့ တိုက်ရိုက် စီးဝင်သွားသည်။

​ကိုင်မင်နှင့် ချင်းလွမ်းတို့မှာလည်း အသက်ကိုပင် အောင့်ထားပြီး ထိုမြင်ကွင်းကို ကြည့်နေကြသည်။ ယွီကျူးတောင်ထိပ်၏ နံ့သာပေါင်းများမှာ လီယန်ချူကို ပူဇော်နေကြပြီး ရှေးဟောင်း နတ်ဘုရားများ ထင်ရှားပေါ်ပေါက်လာသကဲ့သို့ပင်။

​လီယန်ချူ၏ သွေးချီစွမ်းအားနှင့် မန္တန်စွမ်းအားများမှာ ကုန်ဆုံးနေသော်လည်း သူ၏ ခန္ဓာကိုယ်တွင်မူ အားကောင်းလှသော စွမ်းအားတစ်ခုမှာ လှိုင်းလုံးများကဲ့သို့ တိုးဝင်နေသည်။ အမွှေးနံ့သာစွမ်းအားများမှာ ဆက်လက် စုစည်းလာဆဲဖြစ်သည်။

​ဗုန်း

​သူ၏ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ကောင်းကင်မှ ကျလာသော နတ်အလင်းတန်းများမှာ ပျက်စီးသွားပြီး ငါးရောင်ခြယ်အလံဖြင့် ဖွဲ့စည်းထားသည့် တိုက်ပွဲနယ်မြေမှာလည်း အစအနမကျန် ပျက်စီးသွားသည်။ ကူရှင်း၏ စိတ်ထဲတွင် နစ်မြုပ်သွားသည်။

​ထိုလူငယ်တာအိုဆရာမှာ လက်ကို ဆန့်ထုတ်ကာ တစ်စုံတစ်ခုကို ဖမ်းဆုပ်လိုက်သည်။ ယခုအခါ ငါးရောင်ခြယ်အလံမှာ တစ်ခုတည်းသို့ ပေါင်းစပ်သွားပြီး အလံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အစွမ်းထက်မြက်ရမည့် လက်နက်မှာ လီယန်ချူ၏ လက်ထဲတွင် လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။ ကူရှင်းမှာ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ငါးရောင်ခြယ်အလံကို အသုံးပြုရန် ကြိုးစားသော်လည်း ငါးရောင်ခြယ်အလံနှင့် ဆက်သွယ်မှု ပြတ်တောက်သွားသည်ကို သိလိုက်ရသည်။

​ခန္ဓာကိုယ်ကြီးမားသော လူငယ်ကောင်းကင်လူသားတစ်ဦးသည် သူ၏ ချိတ်နှစ်ချောင်းကို လက်နက်အဖြစ် အသုံးပြုပြီး အလွန်ထက်မြက်သည်။ ငါးရောင်ခြယ်အလံနှင့် ဆက်သွယ်မှု ပြတ်တောက်သွားသည်ကို မြင်လိုက်ရသဖြင့် သူသည် ချိတ်နှစ်ချောင်းကို ချက်ချင်းပင် လွှဲယမ်းလိုက်သည်။

​ရှစ်

​သူ၏ လက်ထဲမှ ချိတ်နှစ်ချောင်းမှာ နတ်ဘုရားဘုရင်၏ လက်နက်မဟုတ်သော်လည်း ကောင်းကင်ကြယ်တံခွန်သံဖြင့် ပြုလုပ်ထားသဖြင့် အလွန်ပင် လေးလံလှသည်။ ယခုအခါ အရှိန်ပြင်းစွာ ခုတ်ပိုင်းလိုက်ရာ သတ်ဖြတ်လိုစိတ်များမှာ ပြင်းထန်လှသည်။ လီယန်ချူမှာ ခွန်လွန်တောင်၏ နံ့သာစွမ်းအားကို ခံစားနေရဆဲ ဖြစ်သဖြင့် ချိတ်နှစ်ချောင်း လာရောက်သည်ကို မြင်သော်လည်း မရှောင်တိမ်းဘဲ လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူသည် ခုန်ပျံကာ ထိုကောင်းကင်လူသား၏ ရှေ့သို့ ရောက်သွားပြီး ချိတ်နှစ်ချောင်းကို လွှဲယမ်းလိုက်သည်။

​ဖောက်

​တစ်ခဏအတွင်းမှာပင် ထိုကောင်းကင်လူသား၏ ခေါင်းမှာ ခန္ဓာကိုယ်နှင့် ပြတ်ထွက်သွားပြီး အော်ဟစ်လိုက်ကာ တိမ်တိုက်များအောက်သို့ ပြုတ်ကျသွားသည်။ ထို့နောက် သူသည် အခြားကောင်းကင်လူသား တစ်ဦးထံသို့ သတ်ဖြတ်ရန် သွားရောက်သည်။ ထိုသူ၏ လက်ထဲတွင် ရတနာအိုးတစ်လုံး ရှိပြီး ရွှေရောင်များနှင့် တောက်ပနေကာ နတ်ဘုရာူများ ပုံဖော်ထားသည်။ သူသည် ရတနာအိုးကို အသုံးပြုလိုက်ရာ လူ၏ စိတ်ကို ရှုပ်ထွေးစေမည့် အသံများ ထွက်ပေါ်လာရမည် ဖြစ်သော်လည်း လီယန်ချူကမူ ရတနာအိုးကို ဖမ်းဆုပ်ကာ အပေါ်သို့ မြှောက်လိုက်သည်။

​ဖုန်း ကြီးမားသော အသံတစ်ခု ထွက်ပေါ်လာသည်။

​ဤ အဆင့်ကိုး ကောင်းကင်လူသားမှာ ဦးခေါင်းကွဲထွက်သွားပြီး ထိုနေရာတွင်ပင် အသက်ပျောက်သွားသည်။ တစ်ခဏအတွင်းမှာပင် နှစ်ဦးကို သတ်ဖြတ်လိုက်ပြီး ထိုနည်းလမ်းဖြင့် တိုက်ခိုက်လိုက်သည်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။

​သူသည် နောက်ထပ် ကောင်းကင်လူသားတစ်ဦးကို သတ်ဖြတ်ရန် သွားရောက်စဉ် ထိုသူမှာ လှည့်ထွက်ပြေးသွားသည်။ သို့သော် သူ၏ လက်အစွပ်အတွင်းမှ ဓားပျံများစွာ ထွက်ပေါ်လာသည်။ ဤဓားမှာ တစ်ခဏအတွင်း ထောင်ပေါင်းများစွာ ဖြစ်သွားပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ ခုတ်ပိုင်းနိုင်သည်။ သို့သော် လီယန်ချူမှာ ယခုအခါ နံ့သာစွမ်းအားများဖြင့် လွှမ်းခြုံထားသဖြင့် နတ်ဘုရားတစ်ပါးကဲ့သို့ ရှိနေပြီး လက်ကို ဆန့်ထုတ်ကာ စွမ်းအားကြီးမားသော လက်ဝါးကြီးဖြင့် ဖမ်းဆုပ်လိုက်ရာ ထိုဓားပျံများအားလုံး ပျက်စီးသွားပြီး သူ၏ လက်ထဲသို့ ရောက်ရှိသွားသည်။

​ထိုကောင်းကင်လူသားမှာ ထိတ်လန့်သွားပြီး အလင်းတန်းအဖြစ် ပြောင်းလဲကာ ထွက်ပြေးသွားသည်။ သို့သော် လီယန်ချူ၏ လက်သီးချက်မှာ သူ၏ နောက်ကျောကို ထိမှန်သွားသည်။

​ကရက် ကရက်

​သူ၏ အတွင်းအင်္ဂါများအားလုံး ပျက်စီးသွားပြီး ထိုကြောက်မက်ဖွယ် စွမ်းအားကို မခံနိုင်တော့ဘဲ သွေးစက်များအဖြစ် ပေါက်ကွဲထွက်သွားသည်။

​ဗုန်း

​ပေါက်ကွဲသွားတော့သည်။ ကောင်းကင်လူသားတို့၏ ခန္ဓာကိုယ်မှာ အလွန်ကြံ့ခိုင်ပြီး ရှေးဟောင်းသားရဲများနှင့် မခြားနားသော်လည်း ယခုအခါ လီယန်ချူ၏ လက်သီးချက်အောက်တွင် ပေါက်ကွဲသွားရသည်။ ကူရှင်းနှင့် အခြားကောင်းကင်လူသားမှာ ထိတ်လန့်သွားကြပြီး တစ်ဦးစီ အလင်းတန်းများအဖြစ် ပြောင်းလဲကာ ထွက်ပြေးသွားကြသည်။ လီယန်ချူသည် လက်ထဲမှ ငါးရောင်ခြယ်အလံကို ပစ်လိုက်ရာ အခြားကောင်းကင်လူသားတစ်ဦးကို တည့်တည့်ထိမှန်သွားပြီး ခန္ဓာကိုယ်မှာ အပေါက်ကြီးဖြစ်သွားသည်။ ငါးရောင်ခြယ် နတ်အလင်းတန်းများမှာ သူ၏ ခန္ဓာကိုယ်ကို ဖြတ်တောက်လိုက်သဖြင့် ဝိညာဉ်မှာလည်း ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။

​ကူရှင်းမှာ ကြောက်လန့်သွားပြီး အရှိန်အပြင်းဆုံး ထွက်ပြေးသည်။ လီယန်ချူ၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားပြီး ထပ်မံပေါ်လာချိန်တွင် ကူရှင်း၏ ရှေ့ကို ရောက်ရှိနေသည်။ လက်သီးနှစ်ဖက်ကို စည်တီးသကဲ့သို့ ပြင်းထန်စွာ ရိုက်ထုတ်လိုက်သည်။

​ဗုန်း

​ကူရှင်းမှာ သွေးအန်ကာ နောက်သို့ လွင့်စင်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် တစ်စုံတစ်ခု ကွဲအက်သွားသော်လည်း ယခင် အဆင့်ကိုး ကောင်းကင်လူသားကဲ့သို့မူ အပိုင်းပိုင်း ပျက်စီးသွားခြင်း မရှိပေ။ ကူရှင်း၏ အကြည့်မှာ လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးနံ့သာစွမ်းအားများဆီသို့ ရောက်သွားသည်။ ဤစွမ်းအားများကသာ သူ၏ ကျင့်ကြံမှုကို ဤမျှ မြင့်မားအောင် လုပ်ပေးထားခြင်း ဖြစ်သည်။

​"သေစမ်း၊ ခွန်လွန်အမွှေးနံ့သာ သာ မရှိရင် သူ့ကို ငါသတ်နိုင်မှာ အသေအချာပဲ "

​ကူရှင်းက စိတ်ထဲတွင် တွေးလိုက်သည်။ သူသည် နယ်မြေဖြတ်ကျော်သည့် အဆောင်တစ်ခုကို ချက်ချင်း ထုတ်ယူလိုက်သည်။ ဤအဆောင်မှာ နယ်မြေကို ပြောင်းရွှေ့နိုင်သည့် စွမ်းအားရှိသည်။ ယင်ကျိုးမှ နတ်ဘုရား ကုန်းတုဖန်း လက်ထဲတွင်လည်း တစ်ခုရှိပြီး အသက်ကယ်ရန်အတွက် အသုံးပြုနိုင်သည်။ ကူရှင်းမှာလည်း ကောင်းကင်ဘုံမှ အမိန့်ဖြင့် ဆင်းလာစဉ် ဤနယ်မြေဖြတ်ကျော်သည့် အဆောင်ကို ရရှိထားသည်။ သူသည် ချက်ချင်း ထွက်ခွာသွားပြီး ခွန်လွန်တောင်အတွင်းတွင် ပျောက်ကွယ်သွားသည်။

​ထိုမှသာ သူ အသက်ကို ရှူထုတ်နိုင်တော့သည်။ ဤလူငယ်တာအိုဆရာမှာ အလွန်ပင် ရက်စက်လွန်းသဖြင့် သူ့အား ကြောက်လန့်စေသည်။

​အခြားတစ်ဖက်တွင် လီယန်ချူမှာ ကြီးမားလှသော အမွှေးနံ့သာစွမ်းအားများကို ခံယူနေရသည်။ ကြေးနီမီးအိမ်ကဲ့သို့ နတ်လက်နက်မှာပင် အရည်ပျော်သွားသဖြင့် သူ၏ ခန္ဓာကိုယ်မှာလည်း အလွန်ပင် နာကျင်မှုကို ခံစားနေရသည်။ ယွီကျူးတောင်ထိပ်၏ နံ့သာစွမ်းအားများမှာ မရပ်မနား စုစည်းရောက်ရှိလာနေသည်။ ဤစွမ်းအားမှာ အလွန်ပင် ကြီးမားလွန်းသဖြင့် ထိန်းချုပ်ရန် ခက်ခဲပြီး တစ်ခဏချင်းမှာပင် ကောင်းကင်လူသား ငါးဦးကို အနိုင်ယူနိုင်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ် အခြေအနေမှာမူ အလွန်ပင် ဆိုးရွားနေသည်။

​နန်းတွင်းသူ ဝတ်စုံဖြင့် ချင်းလွမ်းမှာ သူသည် ကောင်းကင်လူသားများကို သတ်ဖြတ်ပြီး ငါးရောင်ခြယ်အလံကို ဖျက်ဆီးသည်ကို မြင်လိုက်ရသဖြင့် ရှေ့သို့ တက်သွားရန် ပြင်ဆင်လိုက်သော်လည်း လီယန်ချူကမူ အသံတိုးတိုးဖြင့် "မလာနဲ့" ဟု အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများမှာ အလွန်ပင် ပြင်းထန်နေပြီး စကားတစ်ခွန်း ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်မှာပင် တုန်ခါသွားသည်။

​ချင်းလွမ်းက စိုးရိမ်တကြီးဖြင့်

"သူ ဘာဖြစ်သွားတာလဲ"

​ကိုင်မင်နတ်သားရဲ၏ ခေါင်းကိုးလုံးမှာလည်း မည်သို့မျှ မတွေးတတ်ပေ။ ထိုအချိန်တွင် ကျားခန္ဓာကိုယ်နှင့် အမြီးကိုးချောင်းရှိသော လုဝူဆိုသည့် နတ်သားရဲ တစ်ကောင် ပေါ်လာသည်။ လုဝူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

"သူက လူ့ခန္ဓာကိုယ်နဲ့ ဒီနေရာမှာရှိတဲ့ အမွှေးနံ့သာစွမ်းအားကို ခံယူနေတာ။ ပုံမှန်ဆိုရင် ပျက်စီးသွားသင့်တာ၊ ဒါပေမဲ့ သူ ဘယ်လိုကျင့်ကြံထားလည်း မသိဘူး၊ ခန္ဓာကိုယ်က အလွန်ကြံ့ခိုင်လွန်းတယ် အခုထိ မပျက်စီးသေးဘူး။"

​"သူ အန္တရာယ် နိုင်ရှိလား "

ချင်းလွမ်းက စိုးရိမ်စွာ မေးလိုက်သည်။

​"အကယ်၍သာ ဒီစွမ်းအားကို မထိန်းချုပ်နိုင်ရင် နောက်ဆုံးမှာတော့ အန္တရာယ်ဖြစ်မှာပဲ။ အတွင်းအင်္ဂါတွေ အကုန်လုံး ကြေမွသွားပြီး ခန္ဓာကိုယ် အခွံလောက်ပဲ ကျန်တော့မယ်၊ နောက်ဆုံးမှာတော့ ပျက်စီးသွားလိမ့်မယ်။"

လုဝူက ပြောလိုက်သည်။

​လီယန်ချူ၏ နှလုံးမှာ တစ်ဒုန်းဒုန်းနှင့် ခုန်နေသည်။ ဤစွမ်းအားမှာ အလွန်ပင် ပြင်းထန်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မည်ကဲ့သို့ ခံစားရသော်လည်း အမွှေးနံ့သာစွမ်းအားများမှာမူ မရပ်မနား စီးဝင်လာဆဲပင်။

​ထိုအချိန်တွင် အရိုးဖြူသားရဲကြီးတစ်ကောင်မှာ ပြင်းထန်သော စွမ်းအားဖြင့် တိုးဝင်လာသည်။ ၎င်းမှာ အမြင့်ပေ တစ်ရာရှိသည်။ အရိုးဖြူသားရဲကြီးမှာ ပြန်လည်နိုးထလာပြီး အလွန်အမင်း သန်မာသော စွမ်းအားဖြင့် လီယန်ချူကို ဟိန်းဟောက်ကာ တိုက်ခိုက်လိုက်သည်။

​ချင်းလွမ်းမှာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း လုဝူက တားမြစ်လိုက်သည်။

"ဒါက မကောင်းတဲ့အရာ မဟုတ်ဘူး၊ တိုက်ပွဲတစ်ခု ဖြစ်သွားရင် စွမ်းအားအချို့ကို ထုတ်လွှတ်လိုက်နိုင်လိမ့်မယ်။"

​လုဝူမှာ အလွန်ပင် တည်ငြိမ်ပြီး ကိုင်မင်နတ်သားရဲနှင့် လုံးဝ မတူညီပေ။

​ကိုင်မင်၏ စိတ်ထဲတွင် ထိတ်လန့်သွားသည်

"ဒီကောင်က သူ့ရဲ့ မှတ်ဉာဏ်အချို့ကို ပြန်ရလာပုံပဲ၊ ဦးနှောက်ကလည်း ပိုကြည်လင်လာတယ်။"

​"အရင်က သူ့ကို လှည့်စားပြီး ငါ့ရဲ့ လက်အောက်ငယ်သား လုပ်ခိုင်းဖို့ ကြိုးစားခဲ့တာ၊ အခုလိုဖြစ်နေတော့ အလွန်ခက်ခဲတော့မှာပဲ။"

​ကိုင်မင်၏ ဦးနှောက်ထဲတွင် ထူးဆန်းသော အကြံအစည်များ ပေါ်လာသည်။ နောက်တစ်ခဏမှာပင် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။

​ထိုလူငယ်တာအိုဆရာမှာ လေထဲသို့ ခုန်ပျံလိုက်သည်။

​ဗုန်း ဗုန်း ဗုန်း

​ကောင်းကင်တစ်ခုလုံး တုန်ခါသွားသည့် အသံများ ထွက်ပေါ်လာပြီး အရိုးဖြူသားရဲကြီးမှာ ခဏချင်းမှာပင် ခန္ဓာကိုယ် ကြေမွသွားသည်။ ၎င်းသည် မည်သည့် ပညာရပ်ကို အသုံးပြု၍ လီယန်ချူကို တိုက်ခိုက်စေကာမူ အလကားသာ ဖြစ်သည်။ ဤလူငယ်တာအိုဆရာမှာ လက်သီးနှစ်ဖက်ကို စည်တီးသကဲ့သို့ ရိုက်ထုတ်လိုက်ရာ ထိုသားရဲကြီး၏ ခန္ဓာကိုယ်ကို အမှုန့်ဖြစ်သွားစေသည်။

​ထိုသားရဲကြီးမှာ အစပိုင်းတွင် ပြသလိုက်သည့် စွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် လုဝူနှင့် ကိုင်မင်တို့ပင် တုန်လှုပ်သွားကြသည်။ သို့သော် အချိန်အနည်းငယ်အတွင်းမှာပင် ဤလူငယ်တာအိုဆရာ၏ လက်ဗလာဖြင့် ရိုက်ချမှုအောက်တွင် ပျက်စီးသွားသည်မှာ အံ့ဩစရာပင်။

​ထိုအချိန်တွင် လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအားများမှာ မရပ်မနား စီးဝင်လာဆဲပင်။

​"ဒီအတိုင်း ဆက်လုပ်လို့ မရတော့ဘူး "

​လီယန်ချူ၏ စိတ်ထဲတွင် နစ်မြုပ်သွားပြီး ဖန်ပုလင်းကို ထုတ်ယူကာ နံ့သာစွမ်းအားများကို ထိုပုလင်းအတွင်းသို့ ပြောင်းရွှေ့ရန် ကြိုးစားလိုက်သည်။ ဖန်ပုလင်းမှာ အရာဝတ္ထုများကို သိမ်းယူနိုင်သည့် စွမ်းအားရှိသည်။ သို့သော်လည်း တစ်တောင်လုံးမှ အမွှေးနံသာများမှာ အလွန်ပင် ကြီးမားလှသည်။

​အဖြူရောင် ပုလင်းကြီးမှာ ချက်ချင်းပင် ပြည့်သွားပြီး ပြင်းထန်စွာ တုန်ခါလာသည်။

​ကရက်

​ပုလင်းမှာ ကွဲအက်သွားသည်။ ကျားခန္ဓာကိုယ်နှင့် အမြီးကိုးချောင်းရှိသော လုဝူက အံ့ဩစွာ ပြောလိုက်သည်။

"နတ်လက်နက်တောင်မှ ခွန်လွန်တောင်ရဲ့ အမွှေးနံ့သာကို မခံနိုင်ဘူး၊ သူ့ရဲ့ ခန္ဓာကိုယ်က ဘာလို့ ဒီလောက်တောင် သန်မာရတာလဲ "

​သူ၏ စကားမှာ ချင်းလွမ်းနှင့် ကိုင်မင်တို့၏ အာရုံကို ဆွဲဆောင်သွားသည်။

​ဟုတ်ပါသည်၊ နတ်လက်နက်များပင် မခံနိုင်သော နံ့သာစွမ်းအားကို ဤလူငယ်တာအိုဆရာ၏ ခန္ဓာကိုယ်မှာမူ ခံနိုင်ရည် ရှိနေသည်။

​"သူ အရင်က ငါးရောင်ခြယ်အလံကို ဘာလို့ တိုက်ရိုက် ခုခံနိုင်ခဲ့သလဲဆိုတာ အခုတော့ နားလည်ပြီ "

ကိုင်မင်နတ်သားရဲက သက်ပြင်းချလိုက်သည်။

​လုဝူက ရုတ်တရက် ပြောလိုက်သည်

"သူသာ ခွန်လွန်တောင်က အမွှေးနံ့သာကို အောင်မြင်စွာ သိမ်းပိုက်နိုင်ရင် သူ့ရဲ့စွမ်းအားက အလွန်ထူးခြားလာမှာ အသေအချာပဲ "

​အမွှေးနံ့သာတစ်ခု၏ စွမ်းအားမှာပင် ကြောက်မက်ဖွယ် ကောင်းလှလျှင် ယွီကျူးတောင်ထိပ်တစ်ခုလုံး၏ စွမ်းအားကို ရရှိထားသော သူ၏ စွမ်းအားမှာ မည်မျှ ကြီးမားမည်ကို မတွေးဝံ့စရာပင်။ သို့သော်လည်း ခွန်လွန်တောင်ကို စောင့်ရှောက်သည့် နတ်သားရဲ လုဝူမှာမူ မည်သို့မျှ နားမလည်နိုင်ပေ။

​ဤချောမောသော တာအိုဆရာမှာ မည်သို့သော အကြောင်းရင်းကြောင့် ဤနံ့သာတို့၏ အသိအမှတ်ပြုခြင်းကို ခံယူရသနည်း။

​ကောင်းကျိုးနှင့် ဆိုးကျိုးမှာ ဒွန်တွဲနေမြဲဖြစ်သည်။ ဤမျှ လေးလံသော အမွှေးနံ့သာကို ခံယူနိုင်ခြင်းမှာ ကြီးမားသော ကံကြမ္မာတစ်ခု ရှိနေမှသာ ဖြစ်နိုင်သည်။

​အဖြူရောင် ပုလင်းကြီး ပျက်စီးသွားသည်ကို မြင်လိုက်ရသဖြင့် လီယန်ချူမှာ ရှူယီဘူးသီးကို ထပ်မံ ထုတ်ယူလိုက်သည်။ အကယ်၍ လုံးဝ မထိန်ချုပ်နိုင်ပါက အချို့သော အစိတ်အပိုင်းကို လွှဲပြောင်းပေးနိုင်လိမ့်မည်။

​ရှူယီဘူးသီးမှာ အလင်းတန်းများ လွှမ်းခြုံထားပြီး အမွှေးနံ့သာစွမ်းအားများကို လက်ခံလိုက်သည့်အခါ လွန်စွာ ခိုင်မာသည့် ခံစားချက်ကို ရရှိသည်။

​လီယန်ချူ၏ မျက်လုံးများမှာ အရောင်လက်သွားပြီး "ဖြစ်နိုင်တယ်" ဟု တွေးလိုက်မိသည်။

All Chapters