← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း (၄၅) - ရန်သူနှင့် ရင်ဆိုင်ခြင်း

"ခင်ဗျားက ဟွာထျယ်ကန်းလား..."

ရန်ရှင်းကျိုးသည် သူ့ရှေ့တွင် လှံကို ကိုင်ဆောင်ထားသော မုတ်ဆိတ်နက်နှင့် လူကြီးကို ကြည့်ကာ သွေးစများကို ထွေးထုတ်ရင်း ရယ်မောလိုက်သည်။

"ကျွန်တော့်ကို လူကြီးလူကောင်း မပီသဘူးလို့ ပြောတာလား။ ခုနက ခင်ဗျားပဲ ကျွန်တော့်ကို နောက်ကျောကနေ ချောင်းမြောင်း တိုက်ခိုက်ခဲ့တာ မဟုတ်လား။ အဲဒါကရော လူကြီးလူကောင်း လုပ်ရပ်လားဗျ..."

သို့သော် လျိုချန်ဖုန်းကို မသတ်မိခင်အချိန်တွင်မူ သူသည် အမှန်တကယ်ပင် သတ္တိဗျတ္တိနှင့် ပြည့်စုံသော သူရဲကောင်းတစ်ဦး ဖြစ်ပေသည်။ သို့မဟုတ်ပါက လူထျန်းရွှူး၊ ရွှေတိုက်တို့ကဲ့သို့သော လူများနှင့် သွေးသောက်ညီနောင် ဖွဲ့နိုင်မည် မဟုတ်ပေ။ ထို့အပြင် သူတို့လေးဦးထဲတွင် သူသည် အစွမ်းအထက်ဆုံးနှင့် အပြတ်သားဆုံးလည်း ဖြစ်သည်။

ရန်ရှင်းကျိုးသည် လှံချက်မိပြီးနောက် ဟွာထျယ်ကန်း၏ အမည်ကို သိရှိသွားသော်လည်း အချိန်ဆွဲရန်အတွက် သူ၏အမည်ကို ထပ်မံ မေးမြန်းနေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ဟွာထျယ်ကန်းက သူ၏လှံဖြင့် ထပ်မံ ထိုးနှက်ပါက အနက်ရောင် ပိုးချပ်ဝတ် ကို ဝတ်ဆင်ထားသော်လည်း သူ သေတွင်းမှ လွတ်မြောက်ရန် ခဲယဉ်းပေလိမ့်မည်။

ဟွာထျယ်ကန်းသည် လှံဖြင့် ထိုးလိုက်စဉ်က လှံဖျားမှာ ရန်ရှင်းကျိုး၏ ကိုယ်ကို ထိမှန်သွားသော်လည်း အလွန်မာကျောသော အရာတစ်ခုကို ထိမိသကဲ့သို့ ခံစားလိုက်ရသည်။ လှံဖျားမှာ အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် သူသည် လှံချက်၏ အရှိန်ကို ရိုက်ခတ်မှုအဖြစ် ချက်ချင်း ပြောင်းလဲလိုက်ရာ ပြင်းထန်သော အားလှိုင်းတစ်ခု လှံဖျားမှ ထွက်ပေါ်လာပြီး ရန်ရှင်းကျိုးကို လွင့်စဉ်သွားစေခဲ့ခြင်း ဖြစ်သည်။

သူသည် နာမည်ကျော် သိုင်းပညာရှင်တစ်ဦး ဖြစ်သော်လည်း အဆိပ်မိနေခြင်းနှင့် ထိတ်လန့်ဒေါသထွက်နေခြင်းတို့ကြောင့်သာ လှံကို ဆွဲထုတ်ကာ ချောင်းမြောင်း တိုက်ခိုက်မိခြင်း ဖြစ်သည်။ ယခုအခါ ရန်ရှင်းကျိုးကို ရိုက်ထုတ်လိုက်ပြီးနောက် သူသည်လည်း တိတ်တဆိတ် နောင်တရနေမိသည်။

[ငါ့ရဲ့ ချောင်းမြောင်း တိုက်ခိုက်မှုက သူရဲကောင်းတစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်ဘူး။ ငါသာ သူ့ကို သတ်မိသွားရင် ငါ့တစ်သက်လုံး လူရယ်စရာ ဖြစ်တော့မှာပဲ]

ရန်ရှင်းကျိုး၏ မေးခွန်းကို ကြားသောအခါ ဟွာထျယ်ကန်းသည် အသက်ကို ခက်ခက်ခဲခဲ ရှူလိုက်ရပြီး မျက်နှာမှာ နီမြန်းကာ မည်သို့ ပြန်ပြောရမှန်း မသိ ဖြစ်နေတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် [ဒီကောင်လေးက ငါ့လှံချက်ကို မိထားတာတောင် သွေးပဲ အန်တယ်။ ရင်ဘတ်မှာ ဘာဒဏ်ရာမှ မရှိပါလား] ဟုလည်း အံ့သြနေမိသည်။

"တကယ်ပဲ မင်း ဝတ်ထားတာကိုး"

အနီးအနားတွင် အသက်ရှူနှုန်းကို ထိန်းညှိနေသော ဒင်ဒီယန်သည် ရန်ရှင်းကျိုးမှာ ဟွာထျယ်ကန်း၏ လှံချက်ကြောင့် လွင့်စဉ်သွားသော်လည်း ရင်ဘတ် သို့မဟုတ် ကျောပြင်တွင် ဒဏ်ရာ တစ်စုံတစ်ရာ မရသည်ကို မြင်လိုက်ရသည်။ သူသည် ခေတ္တမျှ အံ့သြသွားပြီးနောက် ချက်ချင်းပင် ရိပ်မိသွားတော့သည်။

"မင်း... ထျန်းရှန်းဂိုဏ်းရဲ့ အနက်ရောင် ပိုးချပ်ဝတ်ကို ခိုးထားတာလား"

ရန်ရှင်းကျိုးသည် သစ်ပင်ကို အမှီပြုကာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်ပြီးနောက် ဒင်ဒီယန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

"ခိုးတယ်လို့ ဘာလို့ ပြောရတာလဲ... ဒါကို ခေတ္တငှားတယ်လို့ ခေါ်တာဗျ။ ဟဲဖေးကိုလည်း ကျွန်တော် ပြောခဲ့ပြီးသားပါ။ သူ အသက်ပြန်ရှင်လာတဲ့အခါ ဒီအဖိုးတန်ဝတ်စုံကို သူ့ဆီ ပြန်ပေးပါ့မယ်လို့လေ..."

"ဖူး..."

အဆိပ်မိနေသည့်တိုင်အောင် ရွှေတိုက်မှာ မအောင့်နိုင်ဘဲ ရယ်မောမိသွားတော့သည်။

"ညီငယ်ရန်... မဟုတ်ကဟုတ်ကတွေ လျှောက်မပြောစမ်းပါနဲ့"

ရန်ရှင်းကျိုးနှင့် ဟွာထျယ်ကန်းတို့ တိုက်ခိုက်နေစဉ် ကျန်ရှိနေသူများမှာ သူတို့၏ အဆင့်အတန်းကို ငဲ့ကွက်၍ ဝင်ရောက် မစွက်ဖက်ဘဲ ကြည့်နေကြခြင်း ဖြစ်သည်။ ယခုအခါ ရန်ရှင်းကျိုး၏ အရှက်မရှိသော စကားကို ကြားသောအခါ အားလုံးမှာ ရယ်မောမိကြ၏။ ဒင်ဒီယန်ပင်လျှင်

"ဒီကောင်လေးကတော့ တကယ့်ကို အရှက်မရှိတဲ့ကောင်ပဲ"

ထိုစဉ် ဖုန်းယွင်ချွမ်းက ဓားကို ကိုင်ဆောင်ကာ ရှေ့သို့ တိုးလာသည်။ ဓားဖျားမှာ ရန်ရှင်းကျိုး၏ လက်မောင်းဆီသို့ ဦးတည်ထားပြီး...

"မင်းမှာ အရှက်ရော ရှိရဲ့လား"

ရန်ရှင်းကျိုးသည် သူ၏အိမ်ထဲသို့ ခိုးဝင်ကာ သူ့ကို အဆိပ်ခတ်ရန် ကြံစည်ခဲ့သည်ကို သူ သိလိုက်ရပြီ ဖြစ်သည်။ ကျန်းနန်၏ သူရဲကောင်းလေးဦးနှင့် ဒင်ဒီယန်တို့သာ ဤနေရာ၌ ရှိမနေပါက သူ၏ အခြေအနေမှာ တွေးဝံ့စရာပင် မရှိပေ။

ဖုန်းယွင်ချွမ်းသည် ရန်ရှင်းကျိုးကို ပို၍ပင် ကြောက်ရွံ့လာသလို ပို၍လည်း မုန်းတီးလာသည်။ ဟွာထျယ်ကန်း တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ဟွာထျယ်ကန်းမှာ သူ၏ ဂုဏ်သိက္ခာကြောင့် ဒဏ်ရာရနေသော လူငယ်တစ်ဦးကို ဆက်လက် မတိုက်ခိုက်လိုတော့မှန်း သူ သိလိုက်သည်။ ထို့ကြောင့် သူသည် သူ၏ ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ဘဲ ရန်ရှင်းကျိုးထံသို့ ပြေးဝင် တိုက်ခိုက်တော့သည်။ ရွှေတိုက်က

"ညီငယ်ဖုန်း... အညှာအတာ ထားပါဦး"

ဘုန်း...

ရန်ရှင်းကျိုးက သွေးရောင်ဓားကို ဝှေ့ယမ်းကာ ဖုန်းယွင်ချွမ်း၏ ဓားချက်ကို ကာကွယ်လိုက်ရင်း ရယ်မောလိုက်သည်။

"ဘာလဲ... လူကြီးဖြစ်ပြီး အားနည်းသူကို နှိပ်စက်ရတာက ရှက်စရာ မဟုတ်ဘူးလားဗျ"

ဓားချင်း ရိုက်ခတ်မိသည့်အခါ ဖုန်းယွင်ချွမ်း၏ လက်မောင်းမှာ တုန်ခါသွားပြီး လက်ထဲရှိ ဓားရှည်မှာ လွတ်ကျလုနီးပါး ဖြစ်သွားသည်။ သူသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး နောက်သို့ ဆုတ်ခွာကာ ဓားကို အရှေ့တွင် ကာလျက်...

"မင်းလို အောက်တန်းကျတဲ့ လူယုတ်မာမျိုးကို စကားပြောနေဖို့ မလိုဘူး”

ရန်ရှင်းကျိုးနှင့် အခြားသူများ တိုက်ခိုက်သည်ကို သူ စောင့်ကြည့်ခဲ့စဉ်က ရန်ရှင်းကျိုးကို ကောင်းစွာ ယှဉ်နိုင်သည်ကို တွေ့ခဲ့ရသည်။ အထူးသဖြင့် ဟွာထျယ်ကန်းက ရန်ရှင်းကျိုးကို တစ်ချက်တည်းနှင့်ပင် သေလုနီးပါး ဖြစ်အောင် လုပ်နိုင်ခဲ့သည်။ ထိုအခြေအနေကို မြင်သောအခါ ဖုန်းယွင်ချွမ်းက သူသည်လည်း ရန်ရှင်းကျိုးကို လွယ်ကူစွာ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ ရန်ရှင်းကျိုး ဒဏ်ရာရနေချိန်ကို အခွင့်ကောင်းယူ၍ သတ်ပစ်ရန် ကြံစည်ခဲ့သော်လည်း သူ၏ အဆိပ်မှာ ပြင်းထန်နေပြီး ရန်ရှင်းကျိုးမှာ ဒဏ်ရာရထားသည့်တိုင် ခွန်အားများ လျော့ကျမသွားသည်ကို သူ မမျှော်လင့်ထားခဲ့ပေ။ ထိုအမှားကြောင့် သူသည် ချက်ချင်း နောက်ဆုတ်ကာ ခုခံသည့် အနေအထားသို့ ပြောင်းလဲလိုက်ရသည်။ သူ၏ မျက်လုံးများတွင် အံ့သြမှုနှင့် သံသယများ ပြည့်နှက်နေသည်။

[ဒီကောင်လေးက ဟွာထျယ်ကန်းရဲ့ လှံချက်ကို မိထားတာတောင် ဒီလောက် ခွန်အား ရှိနေသေးတာလား]

ဖုန်းယွင်ချွမ်း၏ တိုက်စစ်နှင့် ဆုတ်စစ်တွင် သူသည် အနာတရ မဖြစ်ခဲ့သော်လည်း ဤနေရာ၌ ရှိနေသူများမှာ ထိပ်သီးပညာရှင်များ ဖြစ်ကြသဖြင့် အခြေအနေကို ကောင်းစွာ ရိပ်မိကြသည်။ သူတို့အားလုံးမှာ ရန်ရှင်းကျိုးကို တစ်ပြိုင်နက်တည်း အံ့သြစွာ ကြည့်လိုက်မိကြ၏။ ဟွာထျယ်ကန်း၏ လှံချက်ကို မိထားသည့်တိုင်အောင် ဤမျှ တိုက်ရည်ခိုင်ရည် ရှိနေခြင်းမှာ တကယ်ပင် မယုံနိုင်စရာ ဖြစ်သည်။

အမှန်စင်စစ် ရန်ရှင်းကျိုးသည် ဟွာထျယ်ကန်း၏ လှံချက်ကြောင့် သွေးအန်ခဲ့ရသော်လည်း၊ ထိုသွေးများကို အန်ထုတ်လိုက်ပြီးနောက် သူ၏ အသက်ရှူနှုန်းမှာ ပြန်လည် ကောင်းမွန်သွားခဲ့သည်။ ရင်ဘတ်မှာ နာကျင်နေဆဲ ဖြစ်သော်လည်း ခွန်အားများမှာ လျော့ပါးမသွားဘဲ တိုက်ခိုက်လိုစိတ်များ ပြင်းပြနေဆဲဖြစ်သည်။ ရန်ရှင်းကျိုး ကိုယ်တိုင်ပင် သူ၏ အခြေအနေကို ဇဝေဇဝါ ဖြစ်နေမိသည်။

[ငါ ဒီလောက် ဒဏ်ရာရထားတာတောင် အထဲမှာ ဘာမှ မဖြစ်ပါလား]

[ဒါ... ငါ ကျင့်နေတဲ့ ရွှေပြားပေါ်က ကျင့်စဉ်ကြောင့်ပဲ ဖြစ်ရမယ်။ ဒီ စိတ်အေးချမ်းမှု ကျင့်စဉ်က တကယ်ကို ထူးခြားတာပဲ]

သွေးများကို အန်ထုတ်လိုက်ပြီးနောက် သူ၏ စွမ်းအင်များ ပြန်လည် ပြည့်ဝလာသည်။ ဖုန်းယွင်ချွမ်း နောက်သို့ ဆုတ်သွားသည်ကို မြင်သောအခါ သူသည် အေးစက်စွာ ရယ်မောလိုက်ပြီးနောက် ရုတ်တရက် ရှေ့သို့ တိုးဝင်ကာ သွေးရောင်ဓားဖြင့် ဖုန်းယွင်ချွမ်း၏ ရင်ဘတ်ကို ဝှေ့ယမ်း ခုတ်ချလိုက်သည်။

"ဒါကို ယူလိုက်စမ်း"

ဖုန်းယွင်ချွမ်းက ဓားဖြင့် ကာကွယ်ရင်း ခြေထောက်ကို မြှောက်ကာ ရှေ့သို့ ကန်လိုက်သည်။ ဤကန်ချက်မှာ အရိပ်မဲ့ကန်ချက် ဟု ကျော်ကြားပြီး အလွန်ပြင်းထန်လှသည်။ သာမန်အားဖြင့် ဤကန်ချက်ကို မိပါက ရန်သူမှာ သွေးအန်ကာ ရှုံးနိမ့်သွားရမည် ဖြစ်သော်လည်း၊ ယခုအခါ ဖုန်းယွင်ချွမ်းမှာ အဆိပ်မိနေသဖြင့် သူ၏ အရှိန်နှင့် ခွန်အားမှာ များစွာ လျော့နည်းနေသည်။ ရန်ရှင်းကျိုးက ခြေထောက်ကို မြှောက်ကာ ဖုန်းယွင်ချွမ်း၏ ခြေဖဝါးကို ပြန်ကန်လိုက်ပြီး၊ ထိုကန်ချက်၏ အရှိန်ကို အသုံးချကာ လေထဲသို့ ပျံတက်လိုက်သည်။ ထို့နောက် ဒင်ဒီယန်၏ ခေါင်းပေါ်သို့ ရောက်သွားပြီး သွေးရောင်ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။

ရန်ရှင်းကျိုးက ယခုလိုအချိန်တွင် ဒင်ဒီယန်ကို ပြန်လည် တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။ ဒင်ဒီယန် ထိတ်လန့်သွားပြီး အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။ ထိုအခိုက်တွင် ရန်ရှင်းကျိုးက လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင် မီးခိုးငွေ့များ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ထိုအရာသည် ထုံးမှုန့်များ ဖြစ်ပြီး ဒင်ဒီယန်မှာ ဒီတစ်ကြိမ်တွင် မရှောင်နိုင်တော့ဘဲ မျက်နှာတစ်ခုလုံး ဖြူဖွေးသွားတော့သည်။ သူ မျက်စိကို အမြန် ပိတ်လိုက်သော်လည်း စူးရှသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် ဒေါသတကြီးဖြင့် နောက်သို့ ဆုတ်လိုက်ရသည်။

ရန်ရှင်းကျိုးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ဓားကို အားပြုကာ အရှိန်ဖြင့် မြင့်မားသော တံတိုင်းကို ကျော်ဖြတ်၍ ထွက်ပြေးရန် ကြိုးပမ်းလိုက်တော့သည်။

ရုတ်တရက် သူ၏ရှေ့တွင် ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး မုတ်ဆိတ်ရှည်နှင့် တာအိုဆရာတစ်ဦး ပေါ်လာသည်။ သူ၏ ဓားရှည်မှာ စက်ဝိုင်းပုံစံ အကွက်များကို ဖော်ဆောင်ကာ ရန်ရှင်းကျိုးကို ဝိုင်းရံလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ညီငယ်ရန်... အားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြပြီးမှ သွားတာလည်း မနောက်ကျပါဘူး"

တာအိုဆရာ၏ ဓားရှည်မှာ စက်ဝိုင်းကြီး၊ စက်ဝိုင်းငယ်များစွာကို ဖော်ဆောင်နေပြီး ရန်ရှင်းကျိုး၏ တစ်ကိုယ်လုံးကို တုပ်နှောင်ထားသကဲ့သို့ ဖြစ်နေသည်။ ထိုစွမ်းအားမှာ အားပြင်းလွန်းခြင်း မရှိသော်လည်း နူးညံ့ပြီး အဆက်မပြတ် စီးဆင်းနေသည်။ ရန်ရှင်းကျိုးက တိုက်ခိုက်ရန် ကြိုးစားတိုင်း ထိုတာအိုဆရာက အားကို ဖြိုခွင်းလိုက်ပြီး ခုခံမှုမှတစ်ဆင့် တိုက်စစ်အဖြစ် ပြောင်းလဲကာ ရန်ရှင်းကျိုး၏ အချက်အချာများကို ပြန်လည် ခြိမ်းခြောက်နေသည်။ ထိုအရာသည် နူးညံ့မှုဖြင့် မာကျောမှုကို အနိုင်ယူခြင်း ဟူသော အထွတ်အထိပ် သိုင်းပညာပင် ဖြစ်သည်။

ရန်ရှင်းကျိုးမှာ ရင်ထဲတွင် ထိတ်လန့်သွားပြီး သူ့ရှေ့ရှိသူမှာ ထိုက်ကျိပညာရှင် တစ်ဦးဖြစ်ရမည်ဟု သိလိုက်သည်။ သို့မဟုတ်ပါက ဒီလို ထူးခြားသော ပညာမျိုး ရှိနိုင်မည် မဟုတ်ပေ။ သူသည် သွေးဓားကို ဘယ်ညာ ဝှေ့ယမ်းကာ ပြင်းထန်သော ဓားချက်များကို ဆက်တိုက် ထုတ်ဖော်လိုက်ရင်း အော်ဟစ်လိုက်သည်။

"ခင်ဗျားက လျိုချန်ဖုန်းလား”

တာအိုဆရာသည် သူ၏ ဓားကို ဝှေ့ယမ်းနေသော်လည်း တည်ငြိမ်နေဆဲပင်ဖြစ်သည်။ သူက ရန်ရှင်းကျိုး၏ တိုက်ကွက်များကို အေးဆေးစွာ ကာကွယ်ရင်း ပြောလိုက်သည်။

"ဟုတ်ပါတယ်... ငါက လျိုချန်ဖုန်းပါ။ ညီငယ်ရန်... ငါ့ရဲ့ စတုတ္ထမြောက် ညီငယ် က မင်းအတွက် ဖုန်းယွင်ချွမ်းနဲ့ ဒင်ဒီယန်တို့ကို အကြိမ်ကြိမ် တောင်းပန်ပေးခဲ့တာပါ။ မင်းရဲ့ ဒီနေ့ လုပ်ရပ်ကတော့ သူ့ကို အားနာစရာ ဖြစ်စေခဲ့ပြီ..."

***

ပြိုင်ဖက်ကင်းဓားသမား

All Chapters