← Chapters

အခန်း ၂၁၄၂

Vol. 150 Ch. 2142

အခန်း ၂၁၄၂

Vol. 150 Ch. 2142

အပိုင်း ( 2142 ) ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေသို့ ပြန်ရောက်ပြီ။

သူတို့နှစ်ဦးစလုံးသည် ယွမ်တောင်သို့ ပြန်ရန် အလျင်မလိုကြပေ။ စိတ်အပန်းဖြေ လမ်းလျှောက်ရင်းမှာပင် ကျင့်ကြံမှု ပြုလုပ်ရင်း လှည့်လည်သွားလာနေခဲ့ကြပေသည်။

အီယွန်မြို့တော်၊ မုမျိုးနွယ်စု၏ ခန်းမဆောင်တစ်ခုအတွင်း၌...

လူတစ်စုက တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။

"ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေအရ လုမင်ဟာ ယွမ်တောင်ကို ပြန်မလာသေးဘူး။ ပြန်ရောက်လာတဲ့ တစ်ဦးတည်းသောလူက မိစ္ဆာအိုကြီး သန်းခုန်းပဲ"

မုမျိုးနွယ်စုမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက ပြောလိုက်သည်။

"ဒါပေမဲ့ ကျုပ်တို့လူတွေကို နေရာအနှံ့ လွှတ်ပြီး လုမင်ကို ရှာခိုင်းပေမဲ့ သူတို့ ရှာမတွေ့ကြဘူး။ အဲဒီကောင်လေးက လေထဲကိုပဲ အငွေ့ပျံပျောက်ကွယ်သွားသလိုပဲ'

နောက်ထပ်လူတစ်ဦးက ပြောလိုက်၏။

"ဒါက အရေးမကြီးပါဘူး။ ကျုပ်တို့ သူ့ကို စောင့်နေရုံပဲ။ လုမင်က အနှေးနဲ့အမြန် ယွမ်တောင်ကို ပြန်လာမှာပဲ။ ယွမ်တောင်ကို လူတွေလွှတ်ပြီး သူပြန်လာမှာကို စောင့်ခိုင်းလိုက်မယ်"

"မှန်တယ်၊ လုမင် သေကိုသေရမယ်။ ကျုပ်တို့ မုယန်အတွက် ကလဲ့စားချေရမယ်"

မုမျိုးနွယ်စု၏ အစွမ်းထက်ပုဂ္ဂိုလ်များက တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။

"ဒီတစ်ခါတော့ ကျုပ်ကိုယ်တိုင် အဲဒီကို တစ်ခေါက်သွားလိုက်မယ်"

နောက်ဆုံးတွင် ကျစ်မြီးမုတ်ဆိတ်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျှောက်ထွက်လာခဲ့သည်။

သူသည်လည်း မဟာဧကရာဇ်တစ်ဦး ဖြစ်၏။ ထိုစဉ်က ကံကြမ္မာတောင်တွင် သူသည် ပထမဆုံး ပြဿနာရှာပြီး လုမင်ကို သတ်ချင်ခဲ့သူဖြစ်သည်။

"ခင်ဗျားကိုယ်တိုင် သွားမယ်ဆိုရင် ကျုပ်တို့ စိတ်အေးရပါပြီ"

ကျန်တဲ့လူများက ခေါင်းငြိမ့်လိုက်ကြသည်။

ချက်ချင်းဆိုသလိုပင်၊ ကျစ်မြီးမုတ်ဆိတ်နှင့် မဟာဧကရာဇ်က မုမျိုးနွယ်စုမှ အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦးကို ဦးဆောင်ကာ အီယွန်မြို့တော်မှ ထွက်ခွာပြီး ယွမ်တောင်သို့ ဦးတည်ထွက်ခွာသွားတော့သည်။

တစ်ဖက်တွင်၊ လုမင်ကတော့ ဤအရာအားလုံးကို မသိရှာပေ။ သူတို့က လမ်းလျှောက်ရင်း ကျင့်စဉ်များကို ဆက်လက်ဆင်ခြင်နေဆဲ ဖြစ်ခဲ့သည်။

..........

ယွမ်လု၏ မြောက်ဘက်ပိုင်း၊ နတ်ဘုရားသားရဲနယ်မြေတွင်...

အလွန်တရာ ခြောက်သွေ့ပူပြင်းပြီး ကွယ်ဝှက်နေသော နေရာတစ်ခု ရှိသည်။ ဤနေရာ၌ ဟင်းလင်းပြင်က အလွန်မတည်မငြိမ်ဖြစ်ပြီး မူလစွမ်းအင်မှာလည်း ပါးလွှာလွန်း၏။ ၎င်းက နတ်ဘုရားသားရဲနယ်မြေတွင် နာမည်ကြီးသော သေမင်းတမန်နေရာတစ်ခု ဖြစ်သည်။

နတ်ဘုရားသားရဲနယ်မြေတွင် မရေမတွက်နိုင်သော နတ်ဘုရားသားရဲများ ရှိသော်လည်း မည်သည့်နတ်ဘုရားသားရဲမျှ ဤနေရာသို့ အနားမကပ်ဝံ့ကြချေ။

ယနေ့တွင်မူ အတုမရှိ အလှတရားနှင့် ကျော့ရှင်းမှုကို ပိုင်ဆိုင်ထားသော ဝတ်စုံနက်ဝတ် အမျိုးသမီးတစ်ဦးက အသက်သုံးနှစ်၊ လေးနှစ်အရွယ် ကောင်လေးတစ်ယောက်၏ လက်ကိုဆွဲလျက် ရောက်လာသည်။

ကလေးငယ်တွင် တောက်ပသောမျက်ဝန်းများနှင့် ဖြူစင်သောသွားများ ရှိပြီး ချစ်စရာကောင်းလေသည်။

"အမေ... ကျွန်တော်တို့ ဘယ်သွားမလို့လဲဟင်"

ကောင်လေးက မေးလိုက်သည်။

လှပသောအမျိုးသမီးက ကောင်လေးကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ နောက်ဆုံးတွင် သူက ညင်သာစွာ ပြောလိုက်သည်။

"အမေက သားကို ပိုကောင်းတဲ့နေရာတစ်ခုကို ခေါ်သွားပြီး ကျင့်ကြံခြင်းလမ်းစဉ်ကို သင်ပေးမလို့ပါ"

"ဟင်းဟင်းဟင်း... ညီမလေး၊ အစ်မ နင့်ကိုမတွေ့ရတာ နှစ်အတော်ကြာပြီ။ နင့်မှာ ကလေးတစ်ယောက် ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး"

သာယာနာပျော်ဖွယ် ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုက လေဟာနယ်ကို ဖြတ်ကျော်ကာ ရောက်ရှိလာသည်။

သူမသည်လည်း အတုမရှိ အလှတရားကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။ သူ၏ ရုပ်ရည်သွင်ပြင်က အရှေ့မှ ဝတ်စုံနက်ဝတ် အမျိုးသမီးနှင့် တစ်ပုံစံတည်း တူညီသည်။ သို့သော်၊ သူမ၏ ပင်ကိုယ်ဟန်ပန်မှာမူ အနည်းငယ် ကွဲပြားပေသည်။

သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ တစ်ကိုယ်လုံးမှာလည်း မြင့်မြတ်သော အလင်းရောင်များဖြင့် ဖုံးလွှမ်းနေကာ အလွန်ပင် စင်ကြယ်မြင့်မြတ်ပုံရ၏။

"ရှဲ့နျန်ကျွင်း"

ဝတ်စုံနက်ဝတ် အမျိုးသမီး၏ မျက်ဝန်းများ အေးစက်သွားသည်။

မှန်ပေသည်၊ ဝတ်စုံနက်ဝတ် အမျိုးသမီးက ရှဲ့နျန်ချင်း ဖြစ်ပြီး ဝတ်စုံဖြူဝတ် အမျိုးသမီးမှာ ရှဲ့နျန်ကျွင်း ဖြစ်သည်။

ရှဲ့နျန်ကျွင်းက ရှဲ့နျန်ချင်း၏ဘေးမှ ကောင်လေးကို သေချာကြည့်ပြီး အံ့ဩသွားဟန်ဖြင့် ပြောလိုက်သည်။

"ဒီကလေးရဲ့ ရုပ်ရည် ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းလောက်အထိက လုမင်နဲ့ ဆင်တူနေတာပဲ။ သူက နင်နဲ့ လုမင်တို့ရဲ့ ကလေးများလား။ ဒါက တကယ်ကို ငါ့ရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်နေတာပဲ"

"ငါမြင်ရသလောက်တော့ နင့်ရဲ့ မှတ်ဉာဏ်တွေ နိုးထလာပြီးပြီပဲ၊ ဒါတောင် နင်က လုမင်နဲ့ ဒီလိုမျိုး ကိစ္စတွေကို လုပ်နေတုန်းပဲလား။ ဒါတင်မကသေးဘူး... နင်က လုမင်ကို အခုထိ မသတ်ရသေးဘူးလေ။ ဒါက ပိုလို့တောင် ဆန်းပြားနေရော"

ရှဲ့နျန်ကျွင်းက အလွန်ပင် သိချင်စိတ်ပြင်းပြနေသည်။

"ဒါက နင်နဲ့မဆိုင်ဘူး"

ရှဲ့နျန်ချင်းက အေးစက်စွာ ပြောလိုက်၏။

"မဟုတ်သေးပါဘူး၊ နင့်ရဲ့ အရင်ဘဝမှတ်ဉာဏ်တွေနဲ့ ဒီဘဝမှတ်ဉာဏ်တွေ ပေါင်းစပ်မသွားသေးတာကို ငါမြင်နိုင်တယ်။ ဆိုလိုတာက ဒီဘဝရဲ့ မှတ်ဉာဏ်တွေက နင့်ရဲ့ အရင်ဘဝမှတ်ဉာဏ်တွေနဲ့ မပေါင်းစပ်ချင်ဘူးပေါ့။ ဒါဆိုရင်တော့ မဆန်းတော့ပါဘူး...၊ ဒါပေမဲ့ နင် ဒီအတိုင်း ဆက်သွားနေရင်တော့ နင့်ရဲ့ ကျင့်ကြံမှုက အနှေးနဲ့အမြန် ငါ့ရဲ့ ကျော်လွန်ခြင်းကို ခံရမှာပဲ"

ရှဲ့နျန်ကျွင်းက တစ်ခုခုကို ထိုးထွင်းသိမြင်သွားသည့်အလား ရယ်မောလိုက်သည်။

ရှဲ့နျန်ချင်း၏ မျက်နှာတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ထင်ဟပ်သွား၏။

သူသည် အရင်ဘဝ၏ မှတ်ဉာဏ်များကို နိုးထစေခဲ့သော်လည်း၊ ဤဘဝ၏ မှတ်ဉာဏ်များက အတိတ် ဘဝမှတ်ဉာဏ်များနှင့် ပေါင်းစပ်ရန် ငြင်းဆန်နေသည်။ ထိုမှတ်ဉာဏ်နှစ်မျိုးက ဤခန္ဓာကိုယ်ကို ထိန်းချုပ်ရန်အတွက် တစ်လှည့်စီ ပေါ်လာတတ်ပေသည်။

"နင် ဘာဖြစ်လို့ ဒီလိုလုပ်နေရတာလဲ။ ငါတို့ရဲ့ အရင်ဘဝနဲ့ ဒီဘဝမှတ်ဉာဏ်တွေကို ပေါင်းစပ်နိုင်မှသာ ငါတို့ရဲ့ အရင်ဘဝကို ကျော်လွန်ပြီး အထွတ်အထိပ်လမ်းစဉ်ပေါ်ကို လျှောက်လှမ်းနိုင်မှာ။ နင် ဒီအတိုင်း ဆက်သွားနေရင် နင့်ရဲ့ ကြိုးစားမှုအားလုံးက နောက်ဆုံးမှာ အချည်းနှီး ဖြစ်သွားလိမ့်မယ်"

နောက်ဆုံးတွင် ရှဲ့နျန်ကျင်းက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။ သူမ၏ စိတ်နေသဘောထားက ယခင်ကနှင့် တကယ်ကို ကွဲပြားခြားနားသွားခဲ့ပြီ။

အတိတ်တုန်းကဆိုလျှင်၊ သူသည် ရှဲ့နျန်ချင်းကို မြင်သောအခါ ဤကဲ့သို့သော သဘောထားမျိုးဖြင့် လုံးဝ စကားပြောမည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ရှဲ့နျန်ချင်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူမ၏ မျက်ဝန်းများနှင့် အမူအရာက ပြောင်းလဲသွားခဲ့၏။ သူမ၏ မျက်ဝန်းများနှင့် အမူအရာက ပုံမှန် ရှဲ့နျန်ချင်းနှင့် တစ်ထေရာတည်း တူညီသွားလေသည်။

သူမက ကလေးငယ်၏ ခေါင်းလေးကို ချစ်စနိုးဖြင့် ပွတ်သပ်ရင်း ပြောလိုက်သည်။

"ငါ ပေါင်းစပ်မှာ မဟုတ်ဘူး။ ဒီဘဝက ဒီဘဝ... အရင်ဘဝက အရင်ဘဝပဲ။ ငါ ဘာဖြစ်လို့ နိုးထရမှာလဲ။ ငါက ဘာဖြစ်လို့ ပေါင်းစပ်ရမှာလဲ"

"နင်က လုမင်ကို လက်မလွှတ်နိုင်သေးတာပဲ ဖြစ်ရမယ်"

ရှဲ့နျန်ကျွင်းက ပြောလိုက်၏။

ရှဲ့နျန်ချင်းက တိတ်ဆိတ်နေပြီး စကားတစ်ခွန်းမျှ မဆိုတော့ပေ။

"အမေ... သူက ဘယ်သူလဲဟင်။ သူက ဘာလို့ အမေနဲ့ တူနေတာလဲ"

ကလေးငယ်က မေးမြန်းရင်း ရှဲ့နျန်ကျွင်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

"ငါက မင်းရဲ့ ဒေါ်လေးပါ...၊ လာ... ဒေါ်လေးဆီလာခဲ့။ ဒေါ်လေးက မင်းကို ကောင်းကင်ဘုံကို ခေါ်သွားပြီး အထွတ်အထိပ် ကျင့်ကြံခြင်းပညာရပ်တွေကို သင်ပေးမယ်"

ရှဲ့နျန်ကျွင်းက ပြုံးလိုက်သည်။

"သူ့ကို ငါပဲ ခေါ်သွားမယ်။ နင် စိတ်ပူစရာမလိုဘူး"

ထိုသို့ပြောပြီးနောက် ရှဲ့နျန်ချင်းက ဘာမျှ ထပ်မပြောတော့ဘဲ ကောင်လေး၏ လက်ကို ဆွဲကာ ဟင်းလင်းပြင်မုန်တိုင်းများဆီသို့ လျှောက်လှမ်းသွား၏။

ရှဲ့နျန်ကျွင်းလည်း ပြုံးပြီး ထိုဟင်းလင်းပြင်မုန်တိုင်းများဆီသို့ လိုက်ပါလျှောက်လှမ်းသွားသည်။ နောက်ဆုံးတွင် သူတို့၏ ပုံရိပ်များက ပျောက်ကွယ်သွားတော့သည်။

အကယ်၍ အခြားသူများသာ သိရှိသွားပါက အလွန်တရာ အံ့ဩသွားကြမည် ဖြစ်သည်။ အကြောင်းမူ၊ ဤနေရာရှိ ဟင်းလင်းပြင်မုန်တိုင်းများက ကောင်းကင်ဘုံသို့ ဦးတည်နေသောကြောင့်ပင်။

............

လုမင်နှင့် ချင်ယွဲ့တို့က ခရီးသွားလိုက် နားလိုက်နှင့် သွားလာခဲ့ကြသည်။ သူတို့က ပင်လယ်စက်ဝန်းသို့ ရောက်ရှိသောအခါ နယ်မြေဆယ်ခု တိုက်ပွဲ ပြီးဆုံးခဲ့သည်မှာ ခြောက်လခန့် ရှိပြီ။

ဤခြောက်လတာအတွင်း၌ နယ်မြေဆယ်ခု တိုက်ပွဲ၏ သတင်းက တစ်လောကလုံးသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

ရေတွက်၍မရသော လူအပေါင်းမှာ တုန်လှုပ်ချောက်ချားခဲ့ကြရသည်။ လူအမြောက်အမြားက လုမင်ဟူသော နာမည်ကို သိရှိသွားကြ၏။ တစ်ပြိုင်နက်တည်းမှာပင် စိတ်မကောင်းစွာဖြင့် သက်ပြင်းချမိသူများလည်း အမြောက်အမြား ရှိခဲ့သည်။

အတုမရှိ ပါရမီရှင်တစ်ဦးက သိိုင်းဧကရာဇ် မဖြစ်လာနိုင်တော့ပေ။ ၎င်းက လူတို့ကို သက်ပြင်းချမိစေသည်။

လုမင်နှင့် ချင်ယွဲ့တို့က ပင်လယ်မျက်ဝန်းသို့ ရောက်ရှိပြီးနောက်၊ ပင်လယ်ဖြတ်ကျော် စစ်သင်္ဘောကို စီးနင်းကာ ယွမ်တောင်သို့ ပြန်ခဲ့ကြပေသည်။

ယွမ်တောင်သို့ ပြန်ရောက်ပြီးနောက်၊ သူတို့က ရုပ်ဖျက်ခြင်းမပြုတော့ဘဲ မိမိတို့၏ မူလရုပ်သွင်အတိုင်း ပြန်လည်ပြသခဲ့ကြသည်။

လုမင်က ကောင်းကင်ဧကရာဇ်မြို့တော်သို့ မသွားခဲ့သလို၊ ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေသို့လည်း ချက်ချင်းမပြန်ခဲ့ပေ။ သူ ပထမဆုံး သွားချင်သည့်နေရာမှာ ရှေးဟောင်းရှန့်မျိုးနွယ်စု ဖြစ်သည်။

သူက ရှေးဟောင်းရှန့်မျိုးနွယ်စုသို့ သွားရောက်ကာ ရှဲ့နျန်ကျွင်းကို ရှာဖွေပြီး ရှဲ့နျန်ချင်း၏ အခြေအနေကို မေးမြန်းချင်လိုခြင်းပင်။

ရှဲ့နျန်ကျွင်းက ရှဲ့နျန်ချင်း၏ အခြေအနေကို သိရှိလိမ့်မည်ဟု သူ ခံစားနေရသည်။

ကံမကောင်းစွာဖြင့် သူ ရှေးဟောင်းရှန့်မျိုးနွယ်စုသို့ ရောက်ရှိသောအခါ၊ ရှဲ့နျန်ကျွင်းက လွန်ခဲ့သော လအနည်းငယ်ကတည်းက ရှေးဟောင်းရှန့်မျိုးနွယ်စုမှ ထွက်ခွာသွားခဲ့ပြီး သူမ ဘယ်ရောက်နေသည်ကို မည်သူမျှမသိကြောင်း အပြောခံခဲ့ရသည်။

လုမင်လည်း သက်ပြင်းချရုံမှတစ်ပါး အခြားမရှိတော့ပေ။ သူက ရှေးဟောင်းရှန့်မျိုးနွယ်စုမှ ထွက်ခွာခဲ့ပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ကို အသုံးပြုကာ ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေသို့ ပြန်ခဲ့သည်။

ဝူရှန်းမဟာဧကရာဇ်သည်လည်း ထွက်ခွာသွားခဲ့ပြီ ဖြစ်ရာ လုမင်အနေဖြင့် ကောင်းကင်ဧကရာဇ်မြို့တော်သို့ သွားရန် မလိုတော့ပေ။

လုမင်က စန်းပြည်နယ်သို့ မပြန်မီ ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေသို့ အရင်ပြန်ရန် စီစဉ်ခဲ့သည်။

ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေရှိ ကိစ္စရပ်များကို ရှင်းလင်းရမည့်အချိန် ရောက်ပြီ။

သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့်ဆိုလျှင် သာမန် ဗလာနယ်ဧကရာဇ်တစ်ဦးကို လက်ဖျောက်တစ်ချက်တီးရုံဖြင့် သတ်ပစ်နိုင်သည်။

နောက်ဆုံး၊ စန်း‌ပြည်နယ်က ကိစ္စများကို ရှင်းလင်းပြီးလျှင်တော့ သူ ရှန်းဟွမ်တိုက်ကြီးသို့ ပြန်ရမည့်အချိန် ဖြစ်လိမ့်မည်။

ရေတွက်ကြည့်လျှင်၊ သူ ရှန်းဟွမ်တိုက်ကြီးမှ ထွက်ခွာလာခဲ့သည်မှာ ဆယ်နှစ်ကျော်ပင် ရှိခဲ့ပြီ ဖြစ်သည်။

ပြန်သွားပြီး တစ်ချက်ကြည့်ရမည့်အချိန် ရောက်ချေပြီ။

"ဒါ လုမင်ပဲ"

"လုမင် ပြန်လာပြီ"

လုမင်က ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေ၏ အပြင်ဘက်ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်မှ လျှောက်ထွက်လာသောအခါ၊ သူ့ကို အခြားသူများက ချက်ချင်း မှတ်မိသွားကြသည်။

ထိုနယ်မြေတစ်ခုလုံးက ဆူညံပွက်လောရိုက်သွားခဲ့၏။

လုမင်၏ နာမည်က တစ်လောကလုံးတွင် ကျော်ကြားလှသည်။

နယ်မြေဆယ်ခု တိုက်ပွဲတွင် သူက အခြားသော ပါရမီရှင်များကို နင်းခြေကျော်ဖြတ်ကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပေသည်။ သူ၏ အတုမရှိ ပါရမီကြောင့်လည်း ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေမှ လူများမှာ အလွန်ပင် ဂုဏ်ယူဝင့်ကြွားခဲ့ကြသည်။

"အားလုံးပဲ... လမ်းလေးနည်းနည်း ဖယ်ပေးကြပါဦး"

လမ်းပိတ်ဆို့သည်အထိ လူအမြောက်အမြားက ဝိုင်းအုံကြည့်ရှုနေကြသောကြောင့် လုမင်မှာ ဘာပြောရမှန်းမသိတော့ပေ။

လုမင်နှင့် ချင်ယွဲ့တို့လည်း လူအုပ်ထဲမှ တိုးဝှေ့ထွက်ကာ ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေဆီသို့ ပျံသန်းခဲ့ကြသည်။

"ဟမ့်... သူက လမ်းစဉ် ပြတ်တောက်သွားတဲ့လူတစ်ယောက်ပဲဥစ္စာ။ သိုင်းဧကရာဇ်တစ်ယောက် ဖြစ်မလာနိုင်ရင် ဒီအဆင့်မှာ တိုက်ခိုက်ရေးစွမ်းရည်တွေ ဘယ်လောက်ပဲ ကောင်းကောင်း ဘာအသုံးဝင်မှာလဲ"

လုမင် ထွက်ခွာသွားပြီးနောက် တစ်စုံတစ်ယောက်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်သရော်လိုက်သည်။

လူတိုင်းက ထိုသူမှာ ဝမ်မိသားစုဝင်ဖြစ်ကြောင်း သိလိုက်ကြပေသည်။

All Chapters