အခန်း ၂၁၄၃
Vol. 150 Ch. 2143
အပိုင်း ( 2143 ) ပူးပေါင်းကြံစည်ခြင်း။
"အမှန်ပဲ၊ သူက ဧကရာဇ်တစ်ပိုင်း အဆင့်ပဲ ရှိသေးတာ... ကျုပ်တို့ ရွှေကျီးကန်းမျိုးနွယ်စုအနေနဲ့ သူ့ကို နှိမ်နင်းဖို့အတွက် အဆင့်မြင့် ဗလာနယ်ဧကရာဇ်တစ်ယောက်ကို အလွယ်တကူ စေလွှတ်နိုင်တယ်"
ရွှေကျီးကန်းမျိုးနွယ်စုမှ ကျွမ်းကျင်သူတစ်ဦးကလည်း နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။
"သူ မကောင်းမှုတွေ အများကြီး လုပ်ခဲ့လို့ အခုလို ဝဋ်လည်တာပဲ ဖြစ်ရမယ်။ တကယ်ကို ကျေနပ်စရာကောင်းတဲ့ ဝဋ်လည်မှုပဲ"
ကောင်းကင်ဝံပုလွေမျှော်စင်မှ ဧရာမဝံပုလွေတစ်ကောင်ကလည်း ကျေနပ်စွာ ပြောလိုက်၏။
ကျန်လူများကတော့ သက်ပြင်းချလိုက်ကြသည်။ လုမင်အတွက် သိုင်းဧကရာဇ်တစ်ပါး ဖြစ်မလာနိုင်တော့ခြင်းမှာ နှမြောစရာကောင်းလှပေသည်။
မကြာမီ၊ လုမင် ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေသို့ ပြန်ရောက်လာသည့် သတင်းက ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
လုမင်ကတော့ ရပ်မနေခဲ့ပေ။ မကြာခင်မှာပင် သူနှင့် ချင်ယွဲ့တို့က တာ့ယန်ဆေးခန်းမသို့ ပြန်ရောက်လာခဲ့ကြသည်။
"ညီလေး"
"မောင်လေး"
ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့က တာ့ယန်ဆေးခန်းမ၌ ကျင့်ကြံနေခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ ကျင့်ကြံမှုအဆင့်များမှာ မြင့်မားခြင်းမရှိသေးဘဲ နတ်ကံကြမ္မာနယ်မြေသို့လည်း မသွားနိုင်ခဲ့ကြချေ။
လုမင် ပြန်လာသည်ကို မြင်သောအခါ သူတို့က ပြုံးပြလိုက်ကြသည်။
"ဂိုဏ်းတူမောင်လေး... အနာဂတ်မှာ နင်သိုင်းဧကရာဇ်တစ်ယောက် သေချာပေါက် ဖြစ်လာလိမ့်မယ်လို့ အစ်မ ယုံကြည်တယ်"
ရွယ်နင်ရှင်းက သူ့ကို နှစ်သိမ့်ရန် အနားသို့ လျှောက်လာခဲ့သည်။
"မှန်တယ်၊ မင်းက တောက်ပလွန်းတဲ့ အရှန်အဝါနဲ့ လူတိုင်းကို မျက်လုံးကန်းသွားအောင် လုပ်ပြနိုင်လိမ့်မယ်"
ထျန်းချွေးကလည်း အနားသို့ လာရောက်ကာ နှစ်သိမ့်ပေးလေသည်။
"ဒါပေါ့... ကျွန်တော် အံ့ဩစရာတစ်ခုကို သေချာပေါက် ဖန်တီးပြမှာပါ"
လုမင်က ပြုံးလိုက်သည်။ ဤအချိန်ကာလအတွင်း သူ၏စိတ်ခံစားချက်များကို ညှိယူပြီး ဖြစ်သောကြောင့် နောက်ပြောင်သည့်သဘောဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သူက ဧကရာဇ်ဖြစ်မြောက်ရာလမ်းကို လက်မလျှော့ခဲ့ပေ။ အနာဂတ်တွင် ထိုလမ်းစဉ်ကို သူ ဖြည်းဖြည်းချင်း ရှာဖွေသွားမည် ဖြစ်သည်
ထို့ပြင်၊ ယခုအဆင့်မှာလည်း သူက နိယာမအသစ်များကို ဆက်လက်ဆင်ခြင်နိုင်ပြီး သူ၏ အစွမ်းမှာလည်း ဆက်လက်တိုးတက်နေနိုင်သေးသည်။ သူက အလျင်မလိုပေ။
ထို့ပြင် သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာရန်အတွက် ကြိုတင်လိုအပ်ချက်တစ်ခု ရှိသည်ဟု သူ ကြားဖူးထားသည်။ ၎င်းမှာ နိယာမကိုးခုကို တတိယအဆင့် အပြီးသတ်အထိ ကျင့်ကြံရန် ဖြစ်သည်။
ထို့နောက်တွင် ထိုနိယာမကိုးမျိုးကို ပေါင်းစပ်ရမည်ဖြစ်ပြီး အရေအတွက်မှသည် မဟာလမ်းစဉ်၏ အရည်အသွေးအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ ထိုအခါမှသာ မဟာဧကရာဇ်တစ်ဦး ဖြစ်လာနိုင်မည် ဖြစ်သည်။
ထို့ကြောင့် သူသည် နိယာမများကို ပိုမိုဆင်ခြင်ခြင်းဖြင့် အချိန်ဖြုန်းနေမည် မဟုတ်ပေ။ အနာဂတ်တွင် အကယ်၍ သူသာ သိုင်းဧကရာဇ်နယ်ပယ်သို့ အမှန်တကယ် ဖောက်ထွက်နိုင်ခဲ့ပါက သူ၏ ကျင့်ကြံမှုည် အရှိန်အဟုန်ပြင်းစွာဖြင့် တိုးတက်လာလိမ့်မည် ဖြစ်သည်။
"လာ... သောက်ကြစို့"
ထျန်းချွေးက ရယ်မောရင်း အရက်အိုးများကို ထုတ်ယူလိုက်သည်။ အားလုံးက စတင်သောက်ကြတော့သည်။
ချင်ယွဲ့သည်လည်း လုမင်နှင့်အတူ လိုက်ပါကာ အရက်တစ်အိုး သောက်ခဲ့သည်။ သူမ၏ မျက်နှာလေးမှာ နီမြန်းလာပြီး အလွန်ပင် ဆွဲဆောင်မှုရှိခဲ့လေသည်။
သူတို့လူစုက သောက်စားကာ စကားစမြည်ပြောဆိုရင်း နောက်တစ်နေ့သို့ပင် ရောက်ရှိသွားခဲ့သည်။
ထိုအခါ လုမင်က ခဏမျှ အနားယူချင်ခဲ့လေသည်။ သို့သော်လည်း ဤအချိန်တွင် လုမင်ထံသို့ တစ်စုံတစ်ယောက် ရောက်ရှိလာကြောင်း သတင်းစကားတစ်ခု ရောက်လာခဲ့သည်။
"မိန်းကလေးမု၊ ညီနောင်ယဲ့"
လုမင်က တာ့ယန်ဆေးခန်းမ၏ အပြင်ဘက်သို့ ရောက်သောအခါ လူငယ်အချို့ကို တွေ့လိုက်ရသည်။
မုချင်ရွယ်နှင့် ယဲ့တုန်ဖန့်တို့လည်း ထိုအထဲတွင် ပါဝင်ပေသည်။
ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေတွင် ဟွမ်လင်နှင့် လုံချန်မှလွဲလျှင် လုမင်သည် မုချင်ရွယ်၊ ယဲ့တုန်ဖန့်တို့နှင့် အရင်းနှီးဆုံး ဖြစ်သည်။
သူတို့သည်လည်း လုမင် ပြန်ရောက်လာသည့် သတင်းကို ကြားသိခဲ့ကြကြောင်း ထင်ရှားလှပေသည်။
"လုမင်... ရှင်ပြန်ရောက်ပြီလို့ ကျွန်မတို့ အခုလေးတင် ကြားလိုက်ရတာ။ ကျွန်မတို့အားလုံး ရှင့်ကို ယုံကြည်တယ်။ တစ်နေ့ကျရင် ရှင်က သေချာပေါက် သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာမှာပါ"
မုချင်ရွယ်၊ ယဲ့တုန်ဖန့်နှင့် ကျန်လူများကလည်း သူ့ကို နှစ်သိမ့်လိုက်ကြသည်။
"ကျေးဇူးတင်ပါတယ်"
လုမင်က ပြုံးလျက် သူတို့ကို အထဲသို့ ဝင်ရောက်ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
"လုမင်... နယ်မြေဆယ်ခု တိုက်ပွဲမှာ မင်း ချန်ပီယံဖြစ်ခဲ့တာကို ဂုဏ်ပြုဖို့အတွက် ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေရဲ့ မျိုးဆက်သစ်လူငယ်တွေက သုံးရက်အတွင်း မင်းအတွက် ဂုဏ်ပြုစားပွဲတစ်ခု ကျင်းပပေးဖို့ ဖိတ်ခေါ်ထားတယ်"
နောက်ဆုံးတွင် ယဲ့တုန်ဖန့်က ပြောလိုက်သည်။
"ကောင်းပြီ... ကျုပ် ဆတ်ဆတ်လာခဲ့ပါ့မယ်"
လုမင် ခေါင်းငြိမ့်လိုက်၏။
ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် မုချင်ရွယ်၊ ယဲ့တုန်ဖန့်နှင့် ကျန်တဲ့လူများက နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။
လုမင်လည်း ခဏမျှ အနားယူပြီးနောက် ဆေးပညာနိယာမကို ဆက်လက်ဆင်ခြင်နေခဲ့လေသည်။
ဤအချိန်ကာလအတွင်း သူသည် ဆေးပညာနိယာမကို ခြောက်ဆယ် ရာခိုင်နှုန်းအထိ ကျင့်ကြံပြီး ဖြစ်သည်။ ၎င်းမှာ အလွန်ပင် မြန်ဆန်လှပေသည်။
............
ယနေ့တွင် ဖုန်းမျိုးနွယ်၊ ရွှေကျီးကန်းမျိုးနွယ်၊ ဝမ်မိသားစုနှင့် ခရမ်းရောင်အစွန်းရောက်ဂိုဏ်းတို့က ဖုန်းမျိုးနွယ်စုထံတွင် အစည်းအဝေးတစ်ခု ပြုလုပ်ရန် ဖိတ်ကြားချက်များကို အသီးသီး လက်ခံရရှိခဲ့ကြသည်။
သူတို့ ဖုန်းမျိုးနွယ်စု၏ အစည်းအဝေးခန်းမသို့ ရောက်သောအခါ အထက်တွင် ထိုင်နေသောသူများမှာ ဖုန်းမျိုးနွယ်စုခေါင်းဆောင် မဟုတ်ဘဲ သူစိမ်းနှစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ဖုန်းမျိုးနွယ်စုခေါင်းဆောင်နှင့် ဖုန်းမျိုးနွယ်စု အကြီးအကဲများက အောက်တွင်ထိုင်ကာ သူတို့ကို ဂရုတစိုက် ဧည့်ခံနေကြသည်။
"ဖုန်းမျိုးနွယ်စုခေါင်းဆောင်... ကျုပ်တို့ကို ဒီကို ဘာကိစ္စရှိလို့ ခေါ်လိုက်တာလဲ"
ဝမ်မိသားစုခေါင်းဆောင်က ပထမဆုံး မေးလိုက်သည်။
"မလောပါနဲ့၊ ကျုပ်က အရင်ဆုံး မိတ်ဆက်ပေးပါရစေ။ ဒီနှစ်ယောက်က ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေရဲ့ တာ့လော့ကောင်းကင်ဂိုဏ်းကပါပဲ"
ဖုန်းမျိုးနွယ်စုခေါင်းဆောင်က ထိုနှစ်ဦးကို ညွှန်ပြရင်း ပြောလိုက်သည်။
ဝမ်မိသားစုခေါင်းဆောင်နှင့် ရွှေကျီးကန်းမျိုးနွယ်စုခေါင်းဆောင်တို့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။
တာ့လော့ကောင်းကင်ဂိုဏ်းတွင် မဟာဧကရာဇ်တစ်ဦးရှိပြီး ၎င်းက မဟာဧကရာဇ်အဆင့် အင်အားစုတစ်ခု ဖြစ်သည်။ ၎င်းတို့၏ အင်အားမှာ သူတို့ထက် များစွာ ကျော်လွန်ပေသည်။
သူတို့က တာ့လော့ကောင်းကင်ဂိုဏ်းမှ ထိုလူနှစ်ဦးကို ပျာပျာသလဲ နှုတ်ဆက်လိုက်ကြသည်။ တာ့လော့ကောင်းကင်ဂိုဏ်းမှ လူနှစ်ဦးကလည်း အနည်းငယ် ခေါင်းငြိမ့်ပြလိုက်ကြပေသည်။
"အားလုံးပဲ... ကျုပ် လိုရင်းကိုပဲပြောမယ်။ ဒီတစ်ခေါက် ကျုပ် ခင်ဗျားတို့ကို အတူတူလာဖို့ တောင်းဆိုရတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ ရှိတယ်၊ အဲဒါက လုမင်ကို သတ်ဖို့ပဲ"
တာ့လော့ကောင်းကင်ဂိုဏ်းမှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အေးစက်စွာ ပြောလိုက်သည်။
ခန်းမတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွား၏။
ခဏအကြာတွင် ဝမ်မိသားစုခေါင်းဆောင်က ပြောလိုက်သည်။
"အစ်ကိုလော့... အမှန်အတိုင်းပြောရရင် ကျုပ်တို့လည်း လုမင်ကို သတ်ချင်ပါတယ်၊ ဒါပေမဲ့ လုမင်က တာ့ယန်ဆေးခန်းမက အဘိုးကြီးရဲ့ ကာကွယ်မှုကို ခံထားရတယ်။ အဲဒီအဘိုးကြီးက မဟာဧကရာဇ်တစ်ယောက်ပဲ။ တကယ်လို့ ကျုပ်တို့က လုမင်ကို သတ်ရင် အဲဒီအဘိုးကြီးက ကျုပ်တို့ကို အရင်သတ်ပစ်လိုက်မှာကို ကြောက်ရတယ်"
"ဟုတ်တယ်၊ တာ့ယန်ဆေးခန်းမက အဘိုးကြီးသာ မရှိရင် လုမင်ကို ကျုပ်တို့ သတ်ပစ်ခဲ့တာ ကြာပါပေါ့"
ရွှေကျီးကန်းမျိုးနွယ်စုခေါင်းဆောင်ကလည်း ထောက်ခံပြောဆိုသည်။
"ဒါက ကိစ္စမရှိပါဘူး။ ဒီတစ်ခေါက် တာ့လော့ကောင်းကင်ဂိုဏ်းက မဟာဧကရာဇ် ထျန်းလော့ ကိုယ်တိုင် လှုပ်ရှားလိမ့်မယ်။ တာ့ယန်ဆေးခန်းမရဲ့ အဘိုးကြီးကို မဟာဧကရာဇ် ထျန်းလော့ကပဲ ကိုင်တွယ်ဖြေရှင်းလိမ့်မယ်"
တာ့လော့ကောင်းကင်ဂိုဏ်းမှ သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်၏။
"မဟာဧကရာဇ် ထျန်းလော့ ကိုယ်တိုင် လှုပ်ရှားမှာလား"
ဝမ်မိသားစုခေါင်းဆောင်၊ ရွှေကျီးကန်းမျိုးနွယ်စုခေါင်းဆောင်နှင့် ကောင်းကင်ဝံပုလွေမျှော်စင်သခင်တို့ အားလုံး အလွန် ဝမ်းသာသွားကြသည်။
သို့သော်လည်း ထို့နောက်တွင် လုမင်ထံ၌ ကောင်းကင်ဧကရာဇ်၏ခန္ဓာ ရှိနေသေးသည်ကို တွေးမိကာ သူတို့ စိုးရိမ်လာကြပြန်သည်။
"ဒါပေမဲ့ လုမင်မှာ ကောင်းကင်ဧကရာဇ်ရဲ့ခန္ဓာ ရှိနေသေးတယ်။ နတ်ကံကြမ္မာနယ်မြေတုန်းက သေခြင်းနတ်ဘုရားတိုင်းပြည်ရဲ့ လုပ်ကြံမှုကို ခံခဲ့ရပေမဲ့ သူက ကောင်းကင်ဧကရာဇ်ရဲ့ခန္ဓာကို အသုံးမပြုခဲ့ဘူးလေ။ အချို့လူတွေက သူ ကောင်းကင်ဧကရာဇ်ရဲ့ခန္ဓာကို အသုံးပြုဖို့ ကန့်သတ်ချက်တွေ အများကြီးရှိနေတယ်လို့ ခန့်မှန်းကြတယ်။ ဒါပေမဲ့ ကျုပ်တို့ကတော့ သတိထားရဦးမယ်"
ဝမ်မိသားစုခေါင်းဆောင်က ပြောသည်။
ကျန်တဲ့လူများက ခေါင်းငြိမ့်ကြပေသည်။ ဤကိစ္စက သူတို့ အင်အားစုများ၏ ရှင်သန်ရပ်တည်ရေးနှင့် သက်ဆိုင်နေသောကြောင့် သဘာဝအတိုင်း သတိထားရမည် ဖြစ်သည်။
"ကျုပ်တို့ကလည်း ဒီအချက်ကို ထည့်သွင်းစဉ်းစားပြီးသားပါ။ ဒါကြောင့် ခင်ဗျားတို့ဘက်က လူတစ်ယောက်ကို လွှတ်ပြီး လုမင်ကို လုပ်ကြံစေချင်တယ်၊ သူက ကောင်းကင်ဧကရာဇ်ရဲ့ခန္ဓာကို ထိန်းချုပ်နိုင်၊ မနိုင် စမ်းသပ်ဖို့ လိုအပ်တယ်"
တာ့လော့ကောင်းကင်ဂိုဏ်းမှ လူတစ်ဦးက ပြောလိုက်သည်။
"ကျုပ်တို့က သူ့ကို စမ်းသပ်ရမှာလား"
ဝမ်မိသားစုခေါင်းဆောင်နှင့် ကျန်လူများ၏ အမူအရာများ ပြောင်းလဲသွားသည်။
သူတို့က လူလွှတ်ပြီး စမ်းသပ်ရမည်။ အကယ်၍ လုမင်က ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ထိန်းချုပ်နိုင်ပါက သူတို့လွှတ်လိုက်သောလူက သေရမည် ဖြစ်သည်။ ထို့ထက်၊ အကယ်၍ လုမင် ဒေါသထွက်လာပါက အင်အားစုအားလုံး အန္တရာယ်ရှိသွားနိုင်သည် မဟုတ်ပါလား။
"မစိုးရိမ်ပါနဲ့။ ကျုပ်တို့က ကြိုတင်ကာကွယ်တဲ့အနေနဲ့ပဲ သူ့ကို စမ်းသပ်မှာပါ။ တကယ်လို့ လုမင်က ကောင်းကင်ဧကရာဇ်ရဲ့ခန္ဓာကို မထိန်းချုပ်နိုင်ရင် ကျုပ်တို့ သူ့ကို တိုက်ရိုက် သတ်ပစ်လို့ရတယ်။ တကယ်လို့ သူ ထိန်းချုပ်နိုင်တယ်ဆိုရင်လည်း ခင်ဗျားတို့ဘက်က ကျွမ်းကျင်သူ နည်းနည်းပဲ ဆုံးရှုံးရမှာပါ။ ကြီးမားတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့အခါ ဆုံးရှုံးမှု နည်းနည်းလောက်ကတော့ ရှိမှာပေါ့"
"ပြီးတော့ ကျုပ်က ခင်ဗျားတို့ကို ပြောပြရဦးမယ်၊ ဒီတစ်ခေါက် လုမင်ကို ကိုင်တွယ်ချင်တာ ကျုပ်တို့ချည်းပဲ မဟုတ်ဘူး။ နတ်ကံကြမ္မာနယ်မြေက မငမျိုးနွယ်စုကလည်း သူ့ကို ကိုင်တွယ်ဖို့ မဟာဧကရာဇ်တစ်ယောက်ကို စေလွှတ်ထားပြီးပြီ။ ဒါကြောင့် လုမင်က ကောင်းကင်ဧကရာဇ်ရဲ့ခန္ဓာကို ထိန်းချုပ်နိုင်ရင်တောင် သူ သေရမှာပဲ"
"ဒါပေမဲ့ ဒီကိစ္စသာ အပြင်ကို ပျံ့နှံ့သွားရင် မုမျိုးနွယ်စုနဲ့ တာ့လော့ကောင်းကင်ဂိုဏ်းတို့ သိက္ခာကျလိမ့်မယ်။ ဒါကြောင့် ခင်ဗျားတို့ဘက်က လူလွှတ်ပြီး သူ့ကို အရင်လုပ်ကြံခိုင်းဖို့ လိုအပ်တယ်"
တာ့လော့ကောင်းကင်ဂိုဏ်းမှ နောက်ထပ်လူတစ်ဦးက အပြည့်အဝ ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။
"နတ်ကံကြမ္မာနယ်မြေက မုမျိုးနွယ်စုကလည်း ကျွမ်းကျင်သူတစ်ယောက် လွှတ်ထားတာလား"
ဝမ်မိသားစုခေါင်းဆောင်နှင့် ကျန်လူများ၏ မျက်ဝန်းများ အရောင်တောက်သွားသည်။ နောက်ဆုံးတွင် သူတို့က ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြတော့သည်။
"ကောင်းပြီ... ကျုပ်တို့ လူလွှတ်ပြီး လုမင်ကို ခြုံခိုတိုက်ခိုက်ခိုင်းမယ်။ တကယ်လို့ သူ့ကို တိုက်ရိုက် သတ်ပစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့"
အင်အားစုခေါင်းဆောင်များက ဆုံးဖြတ်ချက် ချလိုက်ကြသည်။
လုမင်က သူတို့အတွက် ကြီးမားလွန်းသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ သူ့ကို ဖယ်ရှားပစ်ရမည်။
လုမင်က သိုင်းဧကရာဇ်တစ်ပါး ဖြစ်မလာနိုင်တော့လျှင်ပင် သူတို့အနေဖြင့် သူ့ကို အမြန်ဆုံး ဖယ်ရှားပစ်ရမည် ဖြစ်သည်။ ထိုအခါမှသာ သူတို့ စိတ်အေးလက်အေး ရှိနိုင်လိမ့်မည်။
ယခုတစ်ကြိမ်တွင် တာ့လော့ကောင်းကင်ဂိုဏ်းနှင့် မုမိသားစုမှ ကျွမ်းကျင်သူများ၏ အကူအညီကိုလည်း ရရှိနိုင်မည်ဖြစ်ရာ သူတို့က ထိုကဲ့သို့သော အခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။