← Chapters

အခန်း ၂၁၄၅

Vol. 150 Ch. 2145

အခန်း ၂၁၄၅

Vol. 150 Ch. 2145

အပိုင်း ( 2145 ) ရွှေကျီးကန်းမျိုးနွယ်စုကို ချေမှုန်းခြင်း။

ကျောက်ဓားကြီးက မိုင်ပေါင်းရာချီ ရှည်လျားပြီး ကောင်းကင်ယံမှ ခုတ်ပိုင်းချလိုက်ရာ မီးတောင်အစု တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ကျောက်ဓားကြီး ခုတ်ပိုင်းချလိုက်သည်နှင့် အမျှ မြေပြင်တစ်ခုလုံး အက်ကွဲသွားခဲ့ရ၏။ မီးတောင်များ ပေါက်ကွဲထွက်ကုန်ကြပြီး ချော်ရည်များ နေရာအနှံ့ ပေါက်ကွဲထွက်လာတော့သည်။

"အား..."

ရွှေကျီးကန်းများက ဓားစွမ်းအင်များ၏ အမှုန့်ကြိတ်ခြင်းကို ခံလိုက်ရပြီး ခန္ဓာကိုယ်များ ပေါက်ကွဲကုန်ကြသည်။ စူးစူးဝါးဝါး အော်ဟစ်သံများ ပျံ့နှံ့သွားခဲ့ပြီး သူတို့၏ ရွှေရောင်အမွှေးအတောင်များမှာလည်း လေထုထဲတွင် လွင့်ပျံနေတော့သည်။

"ဘယ်သူလဲ... ငါတို့မျိုးနွယ်စုကို ဘယ်သူက သတ်ချင်နေတာလဲ"

"အရင်ဆုံး ပြေးဟ"

ရွှေကျီးကန်းများက ဖရိုဖရဲ ဖြစ်ကုန်ကြသည်။ ခြေသုံးချောင်းရှိသော ရွှေကျီးကန်းများက လွတ်မြောက်ရန် ကြိုးပမ်းသည့်အနေဖြင့် ကောင်းကင်ယံသို့ ပျံတက်ခဲ့ကြ၏။

သို့သော်လည်း ကောင်းကင်ယံတွင်၊ လက်ထဲမှာ ကျောက်ဓားကို ဆုပ်ကိုင်ထားသော ပုံရိပ်တစ်ခု လျှောက်လှမ်းလာခဲ့သည်။ ထိုပုံရိပ်ထံမှ ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ရွှေကျီးကန်းများကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်လိုက်ရာ အောက်သို့ တစ်ဖန် ပြုတ်ကုန်ကြတော့သည်။

"လုမင်... မင်းပဲ"

ကျယ်လောင်သော ဟိန်းဟောက်သံကြီးက အရပ်မျက်နှာအနှံ့ ဟိန်းထွက်သွားခဲ့သည်။

"ဒါ လုမင်ပဲ... သူပဲ"

"လုမင်... မင်း ဘာဖြစ်လို့ ငါတို့မျိုးနွယ်စုကို သတ်ချင်နေရတာလဲ"

ရွှေကျီးကန်းအမြောက်အမြားမှာ ထိုသူက လုမင် ဖြစ်ကြောင်း ကြားလိုက်ရသဖြင့် အလန့်တကြား အော်ဟစ်လိုက်ကြသည်။

"ရွှေကျီးကန်းမျိုးနွယ်စုကို အမြစ်ပြတ် သုတ်သင်ရမယ်"

လုမင်က အေးစက်စွာ ပြောလိုက်သည်။ ကျောက်ဓားကြီးက ရပ်တန့်မသွားခဲ့ချေ။ ဓားတစ်ချက် ခုတ်လိုက်တိုင်း ရွှေကျီးကန်းတစ်ကောင် သေဆုံးသွားခဲ့ရသည်။

ထို့ပြင်၊ လုမင်က အစွမ်းထက်သော ရွှေကျီးကန်းများကို အဓိက ရည်ရွယ်ချက်ထားကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

အစစ်အမှန်ဧကရာဇ်များက လုမင်၏ ရှေ့မှောက်တွင် အစွမ်းမဲ့နေကြပြီး ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရ၏။

"ဝှစ်..."

နောက်အခိုက်အတန့်တွင် လုမင်က ရွှေကျီးကန်းတစ်ကောင်ထံသို့ သူ့အကြည့်ကို ပို့လိုက်သည်။ ဤရွှေကျီးကန်းတွင် အလွန်တရာ အစွမ်းထက်သော အရှိန်အဝါ ရှိ၏။ ၎င်းက အဆင့်မြင့် အစစ်အမှန်ဧကရာဇ်တစ်ဦး ဖြစ်ပြီး ရွှေကျီးကန်းမျိုးနွယ်စု၏ အဆင့်မြင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နိုင်ချေများသည်။

"ပြေး... ပြေး... ပြေးကြ"

ရွှေကျီးကန်းမျိုးနွယ်စုခေါင်းဆောင်မှာ ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

လုမင်အနေဖြင့် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ပြီး ကောင်းကင်ဧကရာဇ်၏ ဓားကိုပါ ကိုင်စွဲနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ သူ့ကဲ့သို့ အစွမ်းထက်သောသူပင်လျှင် အစွမ်းမဲ့သလို ခံစားလိုက်ရသည်။

သူသည်လည်း ထွက်ပြေးရန်သာ တတ်နိုင်ပြီး ထျန်းလော့နှင့် မုမျိုးနွယ်စုမှ ကျွမ်းကျင်သူများ လုမင်ကို လာရောက်သတ်ဖြတ်ပေးမည့်အချိန်ကိုသာ စောင့်ဆိုင်းနိုင်တော့သည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင်မူ သူ မျှော်လင့်ချက်မဲ့သွားခဲ့ရသည်။ ဓားအလင်းတန်းတစ်ခု ဟင်းလင်းပြင် ဆုတ်ဖြဲကာ ခဏချင်းမှာပင် သူ့ထံသို့ ချဉ်းကပ်လာခဲ့ပြီ။

"မလုပ်နဲ့"

ရွှေကျီးကန်းမျိုးနွယ်စုခေါင်းဆောင်ကကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သူ့တစ်ကိုယ်လုံးကို ရွှေရောင်မီးလျှံများဖြင့် ဖုံးလွှမ်းလိုက်ရာ ဧရာမ နေမင်းကြီးတစ်စင်းအသွင်သို့ ပြောင်းလဲသွားသည့်အလား ဖြစ်သွားခဲ့၏။ သူက လုမင်၏ ဓားအလင်းတန်းကို တားဆီးရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ဓားအလင်းတန်း ဖြတ်သန်းသွားသောအခါ မီးလျှံများမှာ ငြိမ်းသတ်ခြင်း ခံလိုက်ရသည်။ ရွှေကျီးကန်းမျိုးနွယ်စုခေါင်းဆောင်၏ နဖူးတွင် ဓားရာတစ်ခု ပေါ်လာခဲ့၏။ သူ၏ ဝိညာဉ်မှာ ဖျက်ဆီးခြင်း ခံလိုက်ရပြီ။

ရွှေကျီးကန်းမျိုးနွယ်စု၏ ခေါင်းဆောင်တစ်ဦး ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤတစ်ကြိမ်တွင် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲ၌ သိုလှောင်ထားသော စွမ်းအင်မှာ သုံးဆယ့်ခြောက် ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။ လုမင်က ကောင်းကင်ဧကရာဇ်၏ ဓားတစ်စင်းတည်းကိုသာ ထိန်းချုပ်ထားသော်လည်း မဟာဧကရာဇ်အဆင့်အောက်ရှိ မည်သူမျှ သူ့ကို တားဆီးနိုင်ခြင်း မရှိချေ။

"မျိုးနွယ်စုခေါင်းဆောင် သေပြီဟေ့"

"ပြေးကြ"

ရွှေကျီးကန်းများက တစ်ကောင်ပြီးတစ်ကောင် အော်ဟစ်ကုန်ကြသည်။ ဖရိုဖရဲ... လုံးဝ ဖရိုဖရဲ ဖြစ်သွားခဲ့ပြီ။

လုမင်က သတ်ဖြတ်ပွဲကြီးကို ဆက်လက်ဆင်နွှဲနေခဲ့ပြီး ဓားအလင်းတန်းများကို အဆက်မပြတ် ခုတ်ထုတ်နေခဲ့သည်။ သူက အစစ်အမှန်ဧကရာဇ်များနှင့် ဗလာနယ်ဧကရာဇ်များကို အဓိကထား တိုက်ခိုက်နေခြင်း ဖြစ်၏။

ဓားအလင်းတန်းက အလွန်တရာ မြန်ဆန်သည်။ ၎င်းက ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားခဲ့၏။ ရွှေကျီးကန်းတွင် အလွန်မြင့်မားသော အမြန်နှုန်းရှိနေသော်လည်း လွတ်မြောက်ရန် ခက်ခဲလှသည်။

ရွှေကျီးကန်းများက တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်သို့ ကျဆုံးကာ သေကုန်ကြတော့သည်။

အတန်ကြာပြီးနောက်တွင် လုမင်က နောက်ဆုံး၌ ရပ်တန့်လိုက်သည်။

ရွှေကျီးကန်းမျိုးနွယ်စု၏ သိုင်းဧကရာဇ်အားလုံးနီးပါးမှာ သတ်ဖြတ်ခြင်း ခံလိုက်ရပေသည်။ သိုင်းဧကရာဇ်နယ်ပယ်အောက်ရှိ အနည်းစုသာ လွတ်မြောက်သွားနိုင်ခဲ့ကြသည်။

ဤတိုက်ပွဲပြီးနောက်တွင် ရွှေကျီးကန်းမျိုးနွယ်စုက ပျက်သုဉ်းသွားခဲ့ပြီဟု မှတ်ယူနိုင်ပေသည်။

လုမင်၏ ပုံရိပ်မှာ လှုပ်ရှားသွားပြီး တိုက်ပွဲလက်ကျန် ပစ္စည်းများကို စတင်သိမ်းဆည်းလိုက်သည်။

သူသည် ရွှေကျီးကန်းများ၏ ရုပ်အလောင်းအားလုံးကို သိုလှောင်လက်စွပ်တစ်ခုထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်၏။

ထို့နောက်တွင် လုမင်က နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။

လုမင် ထွက်ခွာသွားသည်နှင့် တပြိုင်နက် ပုံရိပ်အမြောက်အမြား ရောက်ရှိလာကြသည်။

သူတို့က ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေ၏ အခြားသော အင်အားစုများမှ လူများ ဖြစ်ကြသည်။ ရွှေကျီးကန်းမျိုးနွယ်စုနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ ပြင်းထန်လွန်း၏။ ဓားချီများ ကောင်းကင်ယံတွင် ပြည့်နှက်နေခဲ့ပြီး ရွှေကျီးကန်းများ၏ အော်ဟစ်သံများမှာလည်း အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

ယင်းက လူတိုင်းကို ဆွဲဆောင်ခဲ့ပေသည်။

ဤလူများ ရောက်ရှိလာသောအခါ သူတို့ အလွန်တရာ တုန်လှုပ်ခြောက်ချားသွားခဲ့ကြရသည်။

မီးတောင်များ ပေါက်ကွဲနေပြီး မြေပြင်ပေါ်တွင် ချော်ရည်များ စီးဆင်းနေသည်။ မြေပြင်တစ်ခုလုံးမှာလည်း ရွှေကျီးကန်းများ၏ ရွှေရောင်အမွှေးအတောင်များဖြင့် ပြန့်ကျဲလျက်ရှိ၏။

ရံဖန်ရံခါ အားနည်းသော ရွှေကျီးကန်းအချို့၏ ရုပ်အလောင်းများကို မြင်တွေ့ရသည်။ လုမင်က ထိုရုပ်အလောင်းများကို မလိုချင်သဖြင့် ယူမသွားခဲ့ခြင်း ဖြစ်ပေသည်။

"အလိုလေး... ရွှေကျီးကန်းမျိုးနွယ်စု ပျက်စီးသွားပြီ"

တစ်စုံတစ်ယောက်က တုန်ယင်စွာ ပြောလိုက်သည်။

"ဒါ လုမင်ပဲ။ စောစောကပဲ တစ်စုံတစ်ယောက်က လုမင်ရဲ့ နာမည်ကို အော်ဟစ်သွားတယ်"

"လုမင်က ရွှေကျီးကန်းမျိုးနွယ်စုကို သတ်ဖြတ်ပြီး သူတို့ကို ဖျက်ဆီးပစ်လိုက်တာပဲ"

လူအမြောက်အမြားမှာ ဆွံ့အသွားခဲ့ကြရသည်။

အလွန်လျင်မြန်စွာပင် ဤသတင်းက ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေတစ်ခုလုံးသို့ တောမီးပမာ ပျံ့နှံ့သွားခဲ့တော့သည်။

ဒါက ပေါက်ကွဲအားပြင်းလှသော သတင်းကြီးတစ်ခု ဖြစ်သည်။ အဓိကအင်အားစုအားလုံး အပါအဝင် လူတိုင်း တုန်လှုပ်သွားခဲ့ကြရ၏။

လူအမြောက်အမြားမှာ သတင်းကို ကြားရသောအခါ ဆွံ့အကုန်ကြသည်။ သူတို့ မယုံကြည်နိုင်ကြဘဲ ဒါက မဟုတ်ကဟုတ်က ပြောဆိုသည်ဟု ခံစားခဲ့ကြရပေသည်။

ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေတွင် နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သော ရွှေကျီးကန်းမျိုးနွယ်စုက ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

၎င်းကို ဖျက်ဆီးပစ်ခဲ့သူမှာမူ လူငယ်လေးတစ်ဦး ဖြစ်သည့် လုမင် ဖြစ်၏။

တာ့ယန်ဆေးခန်းမ ပေါ်လာစဉ်တုန်းက ရွှေကျီးကန်းမျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် အခြားသောအင်အားစုများသည် လုမင်ကို နှိမ်နင်းရန် သိုင်းဧကရာဇ်များကို စေလွှတ်ခဲ့ကြသည်ကို လူအများက ပြန်လည်အမှတ်ရသွားကြသည်။ ထိုစဉ်က လုမင်သည် တစ်နေ့တွင် ရွှေကျီးကန်းမျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် အခြားသောအင်အားစုများကို ဖျက်ဆီးပစ်မည်ဟု ပြောခဲ့ဖူးသည်။ ယနေ့တွင်မူ ၎င်းက အမှန်တကယ် ဖြစ်လာခဲ့ချေပြီ။

ယနေ့တွင် ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူနှစ်ဦး ဖုန်းမျိုးနွယ်စုထံသို့ ရောက်ရှိလာခဲ့ကြသည်။

သူတို့မှာ မဟာဧကရာဇ် ထျန်းလော့နှင့် မုမျိုးနွယ်စုမှ ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်တို့ ဖြစ်ကြသည်။

ဤအခိုက်အတန့်တွင် သူတို့က ရွှေကျီးကန်းမျိုးနွယ်စု ပျက်စီးသွားခဲ့ပြီဟူသော သတင်းကို ရရှိခဲ့ကြပေသည်။

"ကောင်းတယ်... လုမင်။ မင်းက တကယ်ကို ပြတ်သားတာပဲ။ ဒီလိုဆိုမှတော့ ငါကိုယ်တိုင်ပဲ တိုက်ရိုက် လှုပ်ရှားရတော့မယ်"

မြမျိုးနွယ်စုမှ မဟာဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။

"အစ်ကိုမု... လုမင်ရဲ့ လက်ထဲမှာ ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ် ရှိနေတယ်။ သူက မဟာဧကရာဇ်တစ်ယောက်ကို အနိုင်ယူနိုင်စွမ်းရှိလို့ ကျုပ်တို့ သတိထားရမယ်"

မဟာဧကရာဇ် ထျန်းလော့က သတိပေးလိုက်ပြီး လုမင်နှင့် ဟဲမျိုးနွယ်စုမှ မဟာဧကရာဇ်တို့အကြား တိုက်ပွဲကို အကျဉ်းချုပ် ရှင်းပြလိုက်ပေသည်။

"အဘိုးကြီးဟဲက ကြယ်တစ်ပွင့် မဟာဧကရာဇ်အဆင့်ပဲ ရှိသေးတာပါ။ ငါကတော့ ကြယ်နှစ်ပွင့်အဆင့် မဟာဧကရာဇ်ကွ။ ငါ လုမင်ကို နှိမ်နင်းပြီး သတ်ပစ်နိုင်တယ်"

ကျစ်မြီးမုတ်ဆိတ်နှင့် မဟာဧကရာဇ်က နှာခေါင်းရှုံ့ကာ ယုံကြည်ချက်အပြည့်ဖြင့် ဆိုလိုက်သည်။

မဟာဧကရာဇ် နယ်ပယ်တွင် အဆင့်တစ်ဆင့်ချင်းစီ၏ ကွာခြားချက်က အလွန်တရာ ကြီးမားသည်။ လုမင်က ဟဲမျိုးနွယ်စုမှ မဟာဧကရာဇ်ကိုပင် ကပ်သီလေး ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူကမူ ဟဲမျိုးနွယ်စုမှ မဟာဧကရာဇ်ကို တိုက်ရိုက်သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။

တစ်ပြိုင်နက်တည်းမှာပင်၊ သူ၏ မျက်ဝန်းများတွင် လောဘအရိပ်အယောင်များ တောက်ပလာခဲ့သည်။

ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်။

လုမင်၏ လက်ထဲတွင် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ် ရှိနေသည်။ အကယ်၍ လုမင်သည်ပု် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ကြယ်တစ်ပွင့် မဟာဧကရာဇ်တစ်ဦးကို နှိမ်နင်းနိုင်ခဲ့ပါက၊ ၎င်းသာ သူ့လက်ထဲသို့ ရောက်ရှိလာလျှင် မဟာဧကရာဇ်နယ်ပယ်တွင် ပြိုင်ဘက်ကင်းတော့မည် မဟုတ်ပါလော။

ကျစ်မြီးမုတ်ဆိတ်နှင့် မဟာဧကရာဇ်၏ ရင်ထဲတွင် လောဘမီးများ တောက်လောင်နေခဲ့သည်။

"ငါ့ကို ဒီမှာပဲ စောင့်နေပါ။ တကယ်လို့ တစ်ခုခု ထူးခြားတာရှိရင် ငါ့ဆီ ချက်ချင်း သတင်းပို့လိုက်"

ကျစ်မြီးမုတ်ဆိတ်နှင့် မဟာဧကရာဇ်က ပြောဆိုပြီး ရှေ့သို့ လှမ်းလျှောက်ကာ ရွှေကျီးကန်းမျိုးနွယ်စုရှိရာဘက်သို့ ဦးတည်သွားခဲ့သည်။ သူက ရွှေကျီးကန်းမျိုးနွယ်စုသို့ ရောက်သောအခါ လုမင် ထွက်ခွာသွားခဲ့သည်မှာ ကြာပြီ။

'ဒီကောင်လေး နောက်ထပ် ဘယ်သွားမလို့လဲ'

ကျစ်မြီးမုတ်ဆိတ်နှင့် မဟာဧကရာဇ်က တွေးလိုက်သည်။

မကြာမီမှာပင်၊ နောက်ထပ် ပေါက်ကွဲအားပြင်းလှသော သတင်းတစ်ခုက ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြန်သည်။

ကောင်းကင်ဝံပုလွေမျှော်စင် ပျက်စီးသွားခဲ့ပြီ။ ကောင်းကင်ဝံပုလွေမျှော်စင်ရှိ စွမ်းအားကြီးမားသော ကောင်းကင်ဝံပုလွေများက လုမင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ သွေးများက မြစ်တစ်စင်းပမာ စီးဆင်းနေခဲ့ကြ၏။

ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေက ထပ်မံ၍ တုန်လှုပ်သွားခဲ့ရပြန်တော့သည်။

တိုတောင်းသော အချိန်ကာလအတွင်း လုမင်သည် အစွမ်းထက် အင်အားစုနှစ်ခုကို ဖျက်ဆီးပစ်ခဲ့သည်။ ဒါက ကြောက်စရာကောင်းလွန်း၏။

ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေက ဆူညံပွက်လောရိုက်သွားခဲ့သည်။ လူတိုင်းက ဤကိစ္စကို ဆွေးနွေးနေကြ၏။ တစ်ချိန်တည်းမှာပင် သူတို့က တိုးတက်မှုများကို စောင့်ကြည့်ရန် လူများကို စေလွှတ်ခဲ့ကြပေသည်။

ကျစ်မြီးမုတ်ဆိတ်နှင့် မဟာဧကရာဇ်သည်လည်း ထိုအချိန်မှာပင် သတင်းရရှိခဲ့သည်။

သူသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ကောင်းကင်ဝံပုလွေမျှော်စင်ဆီသို့ အပြေးအလွှား သွားခဲ့၏။ သို့သော်လည်း လုမင်မှာ ထွက်ခွာသွားခဲ့ပြီ။

"ဒီကောင်လေး တော်တော်လေး မြန်မြန် ထွက်သွားတာပဲ။ သူ ကလဲ့စားချေဖို့ သွားနေတာပဲ ဖြစ်ရမယ်။ ဒီလိုဆိုမှတော့ ငါ သူ့ကို ဖုန်းမျိုးနွယ်စုဆီမှာပဲ စောင့်နေလိုက်တော့မယ်"

ကျစ်မြီးမုတ်ဆိတ်နှင့် မဟာဧကရာဇ်က နှာခေါင်းရှုံ့လိုက်သည်။

ရွှေကျီးကန်းမျိုးနွယ်စုနှင့် ကောင်းကင်ဝံပုလွေမျှော်စင် ပျက်စီးသွားခြင်းကိုမူ သူက လုံးဝ ဂရုမစိုက်ပေ။

သူ၏ ရည်ရွယ်ချက်မှာ လုမင်ကို သတ်ရန် ဖြစ်သည်။ ဤအင်အားစုများ ပျက်စီးခြင်းက သူနှင့် မည်သို့သက်ဆိုင်သနည်း။

သူက ဖုန်းမျိုးနွယ်စုသို့ ပြန်ရောက်လာပြီးနောက် မဟာဧကရာဇ် ထျန်းလော့၊ ဖုန်းမျိုးနွယ်စုခေါင်းဆောင်တို့နှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးခဲ့သည်။ မကြာမီမှာပင်၊ ဖုန်းမျိုးနွယ်စုခေါင်းဆောင်က ဝမ်မိသားစုနှင့် ခရမ်းရောင်အစွန်းရောက်ဂိုဏ်းတို့ကို ဖုန်းမျိုးနွယ်စုထံသို့ ဆုတ်ခွာလာရန် သတင်းစကား ပေးပို့လိုက်သည်။ သူတို့က လုမင်ကို ထိုနေရာ၌ပင် စောင့်ဆိုင်းကြပေတော့မည်။

လုမင်က ကောင်းကင်ဧကရာဇ်၏ခန္ဓာ အားကိုးဖြင့် အင်အားစုများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်ရန် ကြံရွယ်နေကြောင်း ထင်ရှားသည်။ သို့ဖြစ်‌လျှင်၊ သူတို့က အထိုင်မှသာ ထိုင်စောင့်နေတော့မည်။

All Chapters