← Chapters

အခန်း ၂၁၄၈

Vol. 150 Ch. 2148

အခန်း ၂၁၄၈

Vol. 150 Ch. 2148

အပိုင်း ( 2148 ) မဟာဧကရာဇ်တစ်ပါးကို သတ်ခြင်း။

အင်အားစုကြီး ဆယ်ခုမှ ကျွမ်းကျင်သူများက သူတို့၏ အင်အားကို အပြည့်အဝ ထုတ်ဖော်ကာ ပြေးဝင်လာခဲ့ကြသည်။ တိုက်ကွက်မျိုးစုံတို့က ဖုန်းမျိုးနွယ်စု၏ ဝင်ပေါက်ထံသို့ မိုးသီးမိုးပေါက်ပမာ ရွာသွန်းကျလာခဲ့၏။ ဖုန်းမျိုးနွယ်၊ ဝမ်မိသားစုနှင့် ခရမ်းရောင်အစွန်းရောက်ဂိုဏ်းတို့မှ လူအများအပြား သတ်ဖြတ်ခြင်း ခံလိုက်ရတော့သည်။

"မင်းတို့အားလုံးကို ငါသတ်မယ်ကွ"

ဖုန်းမျိုးနွယ်စုခေါင်းဆောင်က ဖီးနစ်နန်းတော်ရှင်ကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။ သူ့မျက်ဝန်းများ နီမြန်းလာခဲ့၏။ သူ့ခန္ဓာကိုယ်က အဆုံးမဲ့ လေပြင်းမုန်တိုင်းများနှင့်အတူ ကောင်းကင်ယံသို့ ပျံတက်သွားပြီး တိုက်ခိုက်လိုက်တော့သည်။

ဖုန်းမျိုးနွယ်စုခေါင်းဆောင်က အထွတ်အထိပ် ကြယ်ခုနစ်ပွင့် အစစ်အမှန်ဧကရာဇ် တစ်ပါး ဖြစ်သည်။ သူက ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေတွင် ပြိုင်ဘက်ကင်းသော တည်ရှိမှုမျိုး ဖြစ်၏။

အခြားသော အင်အားစုခေါင်းဆောင်များတွင်မူ ထိုကဲ့သို့ ကျင့်ကြံမှုအဆင့်မျိုး မရှိကြချေ။

"အားလုံး အတူတူ တိုက်ခိုက်ကြစို့"

ဖီးနစ်နန်းတော်ရှင်က အော်ဟစ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ ဖီးနစ်ငှက် တွန်ကျူးသံတစ်ချက် ထွက်ပေါ်လာပြီး ကောင်းကင်အပြင်ဘက်အထိ ဟိန်းထွက်သွားခဲ့၏။ ဧရာမ ဖီးနစ်ငှက်ကြီးတစ်ကောင်က ဖုန်းမျိုးနွယ်စုခေါင်းဆောင်ထံသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။

"ဝူး..."

ထို့နောက် ဆင်တစ်ကောင်၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။ လုံချန်၏ဆရာက စတင်လှုပ်ရှားလိုက်ခြင်း ဖြစ်၏။

လုံချန်၏ ဆရာက နတ်ဆင်ဂိုဏ်း၏ အဆင့်မြင့်ဆုံး အကြီးအကဲတစ်ဦး ဖြစ်သည်။ သူက ကြယ်ခြောက်ပွင့် အစစ်အမှန်ဧကရာဇ်တစ်ပါးဖြစ်ကာ ဖီးနစ်နန်းတော်ရှင်နှင့် အဆင့်အတန်း တူညီသော ကျွမ်းကျင်သူတစ်ဦးပင်။

သူသည်လည်း လက်သီးတစ်ချက်ဖြင့် တိုက်ပွဲထဲသို့ ဝင်ရောက်လာခဲ့သည်။ ဧရာမ ဆင်ကြီးတစ်ကောင်က ကောင်းကင်ယံကို နင်းခြေလျက် ဖုန်းမျိုးနွယ်စုခေါင်းဆောင်ထံသို့ ပြေးဝင်သွား၏။

တစ်ချိန်တည်းမှာပင်၊ ကောင်းကင်ကပ်ဘေး ကျရောက်လာသကဲ့သို့ မိုးကြိုးလျှပ်စီးများ လေထုထဲတွင် ပြည့်နှက်သွားခဲ့သည်။ မိုးကြိုးလျှပ်စီးများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု ပေါ်လာပြီး ဖုန်းမျိုးနွယ်စုခေါင်းဆောင်ကို တိုက်ခိုက်လိုက်၏။

ဒါက မိုးကြိုးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ပြီး ကြယ်ခြောက်ပွင့် အစစ်အမှန်ဧကရာဇ်တစ်ပါး ဖြစ်သည်။

ထို့ပြင်၊ အခြားသော အင်အားစုတစ်ခု၏ ခေါင်းဆောင်ကလည်း စတင်လှုပ်ရှားလာခဲ့ပြန်သည်။

အင်အားစုကြီးလေးခု၏ ခေါင်းဆောင်ကြီးလေးခုက လေးဦးတို့က ဖုန်းမျိုးနွယ်စုခေါင်းဆောင်ကို အတူတကွ ပူးပေါင်းတိုက်ခိုက်ကြတော့သည်။ နှစ်ဖက်စလုံးက ပြင်းထန်သော တိုက်ပွဲတွင် ဝင်ရောက်နေကြပြီး မည်သူက အနိုင်ရမည်ကို ဆုံးဖြတ်ရန် ခက်ခဲသည်။

အခြားသော နေရာများတွင်လည်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။

ဝမ်မိသားစုနှင့် ခရမ်းရောင်အစွန်းရောက်ဂိုဏ်းတို့၏ ခေါင်းဆောင်များသည်လည်း အခြားသူများနှင့် တိုက်ခိုက်နေကြရ၏။

ဖုန်းမျိုးနွယ်စုက စစ်မီးလျှံများအကြားတွင် ပိတ်မိနေခဲ့ပြီ။

ထို့အပြင် ဖုန်းမျိုးနွယ်၊ ဝမ်မိသားစုနှင့် ခရမ်းရောင်အစွန်းရောက်ဂိုဏ်းတို့သည်လည်း လုံးဝ အရေးနိမ့်နေခဲ့သည်။ လူများမှာ အဆက်မပြတ် သတ်ဖြတ်ခြင်း ခံနေရ၏။

ဖုန်းမျိုးနွယ်စုက သန်မာပြီး ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေတွင် အသန်မာဆုံး ဖြစ်ခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် အဓိက အင်အားစု ဆယ်ခု ပူးပေါင်းကာ သူတို့၏ ကျွမ်းကျင်သူအားလုံးကို စေလွှတ်ခဲ့ခြင်း ဖြစ်၏။ သူတို့က ဖုန်းမျိုးနွယ်စု၏ အင်အားကို လုံးဝ ကျော်လွန်သွားခဲ့ပြီ။

ဖုန်းမျိုးနွယ်၊ ဝမ်မိသားစုနှင့် ခရမ်းရောင်အစွန်းရောက်ဂိုဏ်းတို့မှ ကျွမ်းကျင်သူများက တစ်ဦးပြီးတစ်ဦး သေဆုံးနေကြရသည်။

ကောင်းကင်ယံမှာလည်း လုမင်နှင့် ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်တို့၏ တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီ။

လုမင်က သူ့အစွမ်းကုန် အသုံးပြုကာ အစွမ်းကုန် တိုက်ခိုက်နေသဖြင့် ကြယ်နှစ်ပွင့် မဟာဧကရာဇ် တစ်ပါး၏ စွမ်းအားကိုပင် ကျော်လွန်သွားခဲ့သည်။

ထို့ပြင် လုမင်က ခုခံရန်မလိုပါ။ သူက စိတ်နှစ်၍ တိုက်ခိုက်ရန်သာ လိုအပ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သံသယဖြစ်ဖွယ်မရှိဘဲ ပိုမိုသန်မာနေခဲ့ပေသည်။

ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်က သွေးအမြောက်အမြား အန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ် ထက်ဝက်ခန့်မှာ လုမင်၏ ဓားအလင်းကြောင့် ပေါက်ကွဲသွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွား၏။

သူ့ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးချင်းချင်းနီနေခဲ့သည်။ သူ၏ အရှိန်အဝါမှာ ပိုမို အားနည်းလာတော့သည်။

သူက တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်၊ လုမင်က သူ့ကို မည်ကဲ့သို့ အလွတ်ပေးမည်နည်း။

လုမင်က ခုခံရန် လျစ်လျူရှုကာ သူ့အစွမ်းကုန် တိုက်ခိုက်လိုက်သည်။ သူ၏ တိုက်ကွက်များက မိုးသီးကြွေသကဲ့သို့ ပိုမို ပြင်းထန်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ဓားချက်ပေါင်း ရာနှင့်ချီ ထုတ်ဖော်လိုက်ပြီး ပြိုင်ဘက်၏ ဆုတ်ခွာမည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်တော့သည်။

"အား..."

ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်မှာ နာကျည်းမှုများကြောင့် ရူးသွပ်လုနီး ဖြစ်‌နေသည်။ သူက ရူးသွပ်စွာ ဟိန်းဟောက်လိုက်၏။ ဤအခြေအနေကို လက်မခံနိုင်ပေ။

သူက ယနေ့ ဤနေရာတွင် သေဆုံးရတော့မည်လော။

သူ အရှုံးမပေးလိုပေ။ သူက လုမင်ကို သတ်ရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်ပြီး မိမိအသက်ကို စွန့်လွှတ်ရန် လာခဲ့ခြင်း မဟုတ်ပါ။

သူသည် မဟာဧကရာဇ်တစ်ပါး ဖြစ်သည်။ ကောင်းကင်ကပ်ဘေးများကို ကျော်ဖြတ်နိုင်သရွေ့ သူ၏ သက်တမ်းမှာ အဆုံးမဲ့ဖြစ်လိမ့်မည်။ သူက နယ်မြေတစ်ခုကို စိုးမိုးကာ လူပေါင်းမြောက်မြားစွာ၏ လေးစားကြည်ညိုမှုကို ရရှိရမည့်သူ ဖြစ်သည်။

သူ မသေချင်သေးပေ။

သူက အစွမ်းရှိသမျှဖြင့် ရုန်းကန်ခုခံခဲ့သည်။

သို့သော်လည်း ၎င်းက အချည်းနှီးသာ ဖြစ်ခဲ့ရပေသည်။

"ဝုန်း..."

သူ့လက်ထဲတွင် ရွှေရောင်ဓားတစ်လက် ရှိနေသေးသည်။ သို့သော်လည်း ဆက်တိုက် တိုက်ခိုက်ပြီးနောက်တွင် ၎င်းက အပိုင်းပိုင်း ကြိုးပဲ့သွားခဲ့ပြီး အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားခဲ့သည်။

လုမင်က အခွင့်ကောင်းကို အရယူကာ သူ့နောက်သို့ လိုက်လံတိုက်ခိုက်ခဲ့၏။ သူက ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်၏ အခြားလက်တစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်၏။

ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်က ဟိန်းဟောက်လိုက်ပြီး သူ၏ ဒဏ်ရာများကို ပြန်လည်ကုစားရန် ကြိုးစားလိုက်သည်။

မဟာဧကရာဇ်နယ်ပယ်တွင် လူတစ်ဦး၏ ဝိညာဉ် မပျက်စီးသရွေ့ သွေးတစ်စက် ရှိနေလျှင်ပင် ပြန်လည်ကုစားနိုင်ပြီး ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင်မူ သူက မလုပ်ဆောင်နိုင်ခဲ့ချေ။ သူ့ခန္ဓာကိုယ်မှာ ချက်ချင်း ပြန်လည် မကောင်းမွန်လာနိုင်တော့ပါ။

အကြောင်းမှာ၊ လုမင်၏ ဓားချက်မှ ကြောက်စရာကောင်းသော အဖျက်စွမ်းအားက သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် တိုက်စားနေသောကြောင့် ဖြစ်သည်။

ထပ်မံ ဒဏ်ရာရရှိသွားပြီး သူ၏ ဧကရာဇ်လက်နက် ပျက်စီးသွားပြီးနောက်တွင်၊ ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်၏ တိုက်ခိုက်ရေးစွမ်းအားမှာ ပိုမို အားနည်းသွားခဲ့သည်။

"သတ်"

လုမင်၏ တိုက်ကွက်များမှာမူ ပြင်းထန်နေဆဲပင်။ သူက ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်၏ ဦးခေါင်းပေါ်သို့ မိုး၍ ခုတ်ပိုင်းချလိုက်သည်။

နဖူးက လူတစ်ဦး၏ဝိညာဉ် ‌တည်ရှိရာနေရာ ဖြစ်သည်။ အကယ်၍၊ ၎င်းကို တိုက်ခိုက်ခံရပါက သေဆုံးရမည်မှာ အသေအချာပင်။

ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်က ရှောင်တိမ်းရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ နောက်ဆုံးတွင် သူသည် အလယ်တည့်တည့် ထိမှန်ခြင်းမှ ရှောင်ရှားနိုင်ခဲ့သော်လည်း အပြည့်အဝ မရှောင်နိုင်ခဲ့ချေ။ သူ့ခန္ဓာကိုယ်က လုမင်၏ ဓားချက်ကြောင့် နှစ်ပိုင်း ပြတ်သွားခဲ့ရသည်။

ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်လည်း သူ၏ ခန္ဓာကိုယ်တစ်ဝက်ကို ထိန်းချုပ်ကာ အသည်းအသန် ဆုတ်ခွာသွား၏။ သူ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။

"သေစမ်း"

လုမင်က ဆက်လက် တိုက်ခိုက်ခဲ့သည်။

"လုမင်... မင်း ငါ့ကို သတ်လို့မရဘူး။ ငါက မုမိသားစုရဲ့ မဟာဧကရာဇ်ပဲ။ တကယ်လို့ မင်း ငါ့ကို သတ်ရင် မုမိသားစုက မင်းကို လွှတ်ထားမှာ မဟုတ်ဘူး"

ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်က ဟိန်းဟောက်လိုက်သည်။

"မင်းက မဟာဧကရာဇ်တစ်ပါး ဖြစ်နေပြီးတော့ ဒီလိုအချိန်မျိုးမှာ မုမိသားစုကို သုံးပြီး ငါ့ကို ခြိမ်းခြောက်နေတယ်ပေါ့။ ရယ်စရာမကောင်းနေဘူးလား"

"မင်းကို လွှတ်ပေးလိုက်ရင်တောင် မုမိသားစုက ငါ့ကို လွှတ်ပေးမှာကျလို့။ သေလိုက်တော့"

လုမင်က နှာခေါင်းရှုံ့လိုက်သည်။ သူက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဆက်လက်တိုက်ခိုက်လိုက်၏။

"ဂျုန်း..."

ကျောက်သားဓားက အောက်သို့ ခုတ်ပိုင်းချလိုက်သည်။ ၎င်းက နှိုင်းယှဉ်၍မရအောင် ကြီးမား၏။ ၎င်းက တောင်တစ်လုံးကဲ့သို့ ကြီးမားပြီး ဟင်းလင်းပြင်ကိုပင် ချေမှုန်းလိုက်တော့သည်။

"မလုပ်နဲ့"

ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်က မရှောင်တိမ်းနိုင်တော့ချေ။ သူက သွေးပျက်စွာ အော်ဟစ်လိုက်သည်။

"ဝုန်း"

ဧရာမဓားကြီးက အောက်သို့ ခုတ်ချလိုက်၏။ သူ့ခန္ဓာကိုယ် တစ်ဝက်က တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။ သူ၏ ဝိညာဉ်က ဟိန်းဟောက်လျက် အပြင်သို့ ရုန်းထွက်ရန် ကြိုးစားခဲ့သော်လည်း ကျောက်သားဓားဖြင့် ရက်စက်စွာ ချေမှုန်းခြင်းကို ခံလိုက်ရပြီး ပေါက်ကွဲသွားတော့သည်။

သူ၏ ဝိညာဉ် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

မဟာဧကရာဇ်တစ်ပါး ကျဆုံးသွားခဲ့ပြီ။

ဤအခိုက်အတန့်တွင် တိုက်ခိုက်နေကြသော လူတိုင်းက သူတို့၏ နှလုံးသားများ ပြင်းထန်စွာ တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ ပြင်းထန်သော လှိုင်းလုံးကြီးများ ပေါ်ပေါက်လာခဲ့ပြီး သူတို့ စိတ်တည်ငြိမ်အောင် မထိန်းနိုင်ကြတော့ချေ။

မဟာဧကရာဇ်များက ယွမ်လု၏ အထွတ်အထိပ်ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့သည် အမြင့်ဆုံး ဖြစ်တည်မှုများ ဖြစ်ကြပြီး နယ်မြေတစ်ခုကို အုပ်ချုပ်ထားကြသူများ ဖြစ်၏။ သူတို့၏ ခြေတစ်ချက် နင်းလိုက်ရုံဖြင့် ယွမ်လုတစ်ခုလုံး တုန်ခါသွားနိုင်သည်။

ထိုကဲ့သို့သော ဖြစ်တည်မှုမျိုးမှာ ယခု သေဆုံးသွားခဲ့ပြီ။ သူက လုမင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

ထို့ပြင် သူက ကြယ်နှစ်ပွင့် မဟာဧကရာဇ်တစ်ပါး ဖြစ်၏။

"သတ်ကြ"

ဖီးနစ်နန်းတော် အပါအဝင် အဓိက အင်အားစု ဆယ်ခု၏ စိတ်ဓာတ်များမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။

ဖုန်းမျိုးနွယ်၊ ခရမ်းရောင် အစွန်းရောက်ဂိုဏ်းနှင့် ဝမ်မိသားစုတို့အတွက်မူ သူတို့၏ စိတ်ဓာတ်များမှာ‌ အောက်ဆုံးထိ ထိုးကျသွားတော့သည်။ ဤနည်းဖြင့် သူတို့က ပိုမို၍ ထိခိုက်လွယ်လာခဲ့ပြီး အဆက်မပြတ် သတ်ဖြတ်ခြင်း ခံလိုက်ကြရသည်။

မဟာဧကရာဇ် ထျန်းလော့သည်လည်း လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားခဲ့သည်။

သူသည် မူလကတည်းက ဦးလေးခုန်းကို မယှဉ်နိုင်ခဲ့ချေ။ ဤအခိုက်အတန့်တွင် သူ၏ စိတ်အာရုံများ ထွေပြားသွားခဲ့ရသည်။ ထိုအခါ ဦးလေးခုန်း၏ ဓားချက်ကို ခံစားလိုက်ရပြီး ချက်ချင်းပင် သွေးတစ်လုပ် အန်ထုတ်လိုက်ရတော့သည်။

"ပြေးမှ"

မဟာဧကရာဇ် ထျန်းလော့က တုံ့ဆိုင်းမနေတော့ပါ။ သူက သူ့အစွမ်းကုန်ကို ထုတ်ဖော်ကာ အသည်းအသန် ထိုးဖောက်လိုက်သည်။

သူက အောင်မြင်စွာ တိုးထွက်နိုင်ခဲ့၏။ ထို့နောက်မှာတော့ သက်တန့်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အသက်ဘေးမှ လွတ်မြောက်ရန် ထွက်ပြေးတော့သည်။

"ထွက်ပြေးချင်တာလား"

လုမင်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ပြည့်နှက်သွားသည်။ သူကညလက်ထံမှ ကောင်းကင်ဧကရာဇ်၏ဓားဖြင့် လှမ်း၍ ပစ်ပေါက်လိုက်၏။

ကောင်းကင်ဧကရာဇ်၏ဓားက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်း၏ အရှိန်မှာ အလွန်တရာ မြန်ဆန်ပြီး မဟာဧကရာဇ် ထျန်းလော့ထံသို့ ပျံသန်းသွားတော့သည်။

"တားဆီးစမ်း"

မဟာဧကရာဇ် ထျန်းလော့က ဟိန်းဟောက်လိုက်ပြီး ထိုတိုက်ခိုက်မှုကို တားဆီးရန် သူ့အစွမ်းကုန်ကို ထုတ်ဖော်လိုက်သည်။ သူက လုမင်၏ ဓားချက်ကို တားဆီးရန် ဧကရာဇ်လက်နက် အမြောက်အမြားကို ထုတ်ယူ၍ ပစ်ပေါက်လိုက်၏။ ၎င်းတို့ထဲမှ အများစုမှာ အစစ်အမှန်ဧကရာဇ် လက်နက်များ ဖြစ်ကြသည်။

သို့သော်လည်း ဓားအလင်း ဖြတ်သန်းသွားသည်နှင့်အမျှ ထိုဧကရာဇ်လက်နက်များမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားတော့သည်။

"ဝုန်း"

နောက်ဆုံးတွင် ဓားအလင်းက မဟာဧကရာဇ် ထျန်းလော့ကို ဖြတ်သန်းသွားခဲ့ပြီး သူ့ကို ထက်ပိုင်းပြတ်လုနီးပါး ဖြစ်သွားစေခဲ့သည်။ သို့သော်လည်း သူက နောက်ဆုံးတွင် ၎င်းကို ရှောင်တိမ်းနိုင်ခဲ့ပြီး အဝေးသို့ အသည်းအသန် ထွက်ပြေးလွတ်မြောက်သွားတော့သည်။

"ဝှစ်..."

ဦးလေးခုန်းက ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မဟာဧကရာဇ် ထျန်းလော့နောက်သို့ လိုက်လံဖမ်းဆီးခဲ့သည်။

လုမင်ကတော့ သူ့နောက်သို့ မလိုက်တော့ပေ။ ကျစ်မြီးမုတ်ဆိတ် မဟာဧကရာဇ်ကို သတ်ဖြတ်ရန်အတွက် စွမ်းအင်များကို အလွန်အမင်း သုံးစွဲခဲ့ရသည်။

ယခုအခါ ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်က တစ်ဆယ်ရာခိုင်နှုန်းအောက်သို့ ကျဆင်းလုနီး ဖြစ်ခဲ့ပြီ။ ထိုကဲ့သို့သော စွမ်းအင်မျိုးဖြင့် သူက မဟာဧကရာဇ် ထျန်းလော့နောက်သို့ လိုက်လံဖမ်းဆီးလျှင်ပင် သူ့ကို သတ်နိုင်လိမ့်မည် မဟုတ်ပါ။

လုမင်က သူ့လက်ကို ဝှေ့ယမ်းကာ ကျစ်မြီးမဟာဧကရာဇ်၏ သိုလှောင်မှုလက်စွပ်ကို သိမ်းဆည်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ကောင်းကင်ဧကရာဇ်၏ဓားကို ပြန်လည်ခေါ်ယူလိုက်ပြီး ဖုန်းမျိုးနွယ်စုခေါင်းဆောင်ထံသို့ လျှောက်လှမ်းသွား၏။

"လုမင်... ငါ အရှုံးပေးပါတယ်။ ဖုန်းမျိုးနွယ်စုက မင်းရဲ့ ရန်သူ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ငါ မင်းကို ရတနာအမြောက်အမြားနဲ့ လျော်ကြေးပေးဖို့လည်း အသင့်ပါပဲ"

ဖုန်းမျိုးနွယ်စု ခေါင်းဆောင်လည်း လုမင် ချဉ်းကပ်လာသည်ကို မြင်သောအခါ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်တော့သည်။

All Chapters