အခန်း ၃၁၅
Vol. 32 Ch. 315
🫧 Chapter 315
ရုတ်တရက်ဆိုသလို လူ့လောက၏ အရှေ့၊ တောင်၊ မြောက် ဒေသ သုံးခုစလုံးတွင် သက်ကြီးရွယ်အိုများ အိမ်ပြောင်းရွှေ့သည့် ဒီရေလှိုင်းကြီး တစ်ခု ရိုက်ခတ်လာတော့သည်။
အိမ်ပြောင်းနေကြပြီ ဖြစ်စေ၊ အိမ်ပြောင်းမည့် လမ်းပေါ်တွင် ရောက်နေကြပြီ ဖြစ်စေ လာမည့် ရက်အနည်းငယ် အတွင်းတွင် အားလုံးပြောင်းရွှေ့သွားကြမည် ဖြစ်၏။
အနောက်ပိုင်း ဒေသတွင်မူ သက်ကြီးရွယ်အိုများနှင့် သက် ဆိုင်သော လုပ်ငန်းများ၊ ဥပမာ သက်ကြီးရွယ်အို အိမ်ရာများ၊ ဘိုးဘွားရိပ်သာများ၊ သက်ကြီးရွယ်အို အသုံးအဆောင် ပစ္စည်းများအစရှိသည့် လုပ်ငန်းများက အကြီးအကျယ် ခေတ်စားလာတော့သည်။
ထို့အပြင် သက်ဆိုင်ရာ ဌာနများ၏ မူဝါဒများကလည်း လူငယ်များ ဇာတိသို့ ပြန်လာပြီး စီးပွားရေး လုပ်ငန်းများ စတင်ရန် အပြည့်အဝ အားပေး ထောက်ပံ့နေကြ၏။
...
လူ့လောကရှိ ဤအပြောင်းအလဲများကို ကျန်းလင် လုံးဝမသိရှိဘဲ နေသည်တော့ မဟုတ်ပါချေ။
ဥပမာအားဖြင့် ဤတစ်ကြိမ် ကြော်ငြာမှု အကျိုးသက်ရောက်မှု အလွန် ကောင်းမွန်သောကြောင့် စနစ်က သူ့အားအပိုဆု ကြေးများ ထပ်တိုးပေးခဲ့လေသည်။
[ဒင်~ လက်အောက်ခံက နေ့စဉ် တာဝန်ဖြစ်တဲ့ ငရဲပြည် ယဉ်ကျေးမှု ဖြန့်ဝေခြင်း အနောက်ဘက်နန်းဆောင်၏ ပြန်လည်ဝင်စားခြင်း ကို အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်]
[ပြီးမြောက်မှု အခြေအနေ : အထူးကောင်းမွန်! ဆုကြေးငွေ နှစ်ဆ ရရှိပါမယ်! [အလှည့်အပြောင်း] ကံစမ်းမဲအိတ် + ၁၀]
[[အလှည့်အပြောင်း] ကံစမ်းမဲအိတ် (တစ်ခါသုံး) : အနောက်ဘက်နန်းဆောင်၏ 'အလှည့်အပြောင်း' စက်နှင့် လုပ်ဆောင် ချက် အတူတူပင်။ အသုံးပြုသူ၏လက်ရှိ ကိုယ်ရေးအချက် အလက်များကို ဒေတာအဖြစ် ပြောင်းလဲပေးနိုင်ပြီး နောက်တစ်ကြိမ်ဝင်စားမည့် အခြေအနေကို ပုံဖော်ပေးနိုင်ပါသည်]
...
"တစ်ခါသုံး အလှည့်အပြောင်း ဟုတ်လား"
ရှင်းလင်းချက်ကို ဖတ်ပြီးနောက် ကျန်းလင် တိုးတိုးလေး ရေရွတ်လိုက်၏။
သူ ကိုယ်တိုင်ကတော့ အသုံးပြုစရာ မလိုပါချေ။
သူ့ အခြေအနေကို သိချင်ပါက ငရဲပြည်ရှိ သက်ဆိုင်ရာ ဝိညာဉ်တမန်တော်များထံ တိုက်ရိုက်သွားရောက် စုံစမ်းလို့ ရသည်လေ။
ထို့အပြင် နှစ်ပေါင်းများစွာ ဝိညာဉ်တမန်တော် တစ်ပါးအဖြစ် တာဝန်ထမ်းဆောင်လာခဲ့ရာ သူ၏ ငရဲပြည်အပေါ် အကျိုးပြုမှုများကလည်း မနည်းလှပေ။
ဝင်စားဖို့ ရွေးချယ်မည် ဆိုလျှင်တောင်မှ အခြေအနေက သိပ်ဆိုးရွားမည် မဟုတ်ပါချေ။
အရေးအကြီးဆုံးမှာ လက်ရှိအချိန်တွင် သူ့၌ အလုပ်ထွက်ရန် အစီအစဉ် မရှိသေးခြင်းပင်။
ကျန်းလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး လူ့လောကမှ ပရိသတ်များ အသုံးပြုရန်လိုအပ်မည်ဟု ခန့်မှန်းလိုက်၏။
သူတို့က ပါးစပ်မှသာ 'အေးအေးဆေးဆေးပဲ နေတော့မည်' ဟု ပြောနေကြသော်လည်း သိချင်စိတ်ကတော့ အလွန် ကြီးမားနေမည်မှာ သေချာပေသည်။
၎င်းတို့၏နောက်ဘဝ အခြေအနေကို ကြိုတင် ကြည့်ရှုနိုင်မည့် အခွင့်အရေးရှိမည်ဆိုပါက သူတို့ သေချာပေါက် ကြည့်ချင်ကြမည်သာ။
ဥပမာအားဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ မှတ်ချက်များထဲတွင် နေ့တိုင်း 'စွရမ်း လန်းတယ်' 'Streamer နဲ့ မထင်မှတ်ဘဲ ဆုံချင်လိုက်တာ' စသည်ဖြင့် အော်ဟစ်နေကြသော ပရိသတ်အချို့နှင့် တူပေသည်။
သို့သော် တကယ်တမ်း မျက်နှာချင်းဆိုင်ဆုံတွေ့ရချိန်တွင်တော့ မည်သူ့ထက်မဆိုပိုပြီး အကျယ်ကြီးအော်ငိုကြမည် ဖြစ်၏။
ထို့အပြင် သူတို့ ကိုယ်တိုင် အသုံးမပြုလျှင်တောင်မှ စိတ်ဝင်စားသော သူဌေးများကို ပြန်ရောင်းလိုက်လျှင် ၎င်းတို့၏ဘဝနေထိုင်မှု အဆင့်အတန်းကို တိုးတက်စေနိုင်မည် ဖြစ်ပေသည်။
ဤအချိန်အတောအတွင်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ အခြေအနေများအရ ကျန်းလင်က လူသား ပရိသတ်များအကြောင်း အနည်းနှင့်အများ ပိုမိုနားလည်လာခဲ့သည်ဟု ဝန်ခံရမည်ဖြစ်၏။
"အတော်ပဲ၊ ဟိုတစ်ခေါက်က တစ္ဆေနယ်မြေမှာ ကူညီပေးခဲ့တဲ့ လူတွေကို လုပ်အားခ မပေးရသေးဘူး"
'အဆင့်နိမ့် တစ္ဆေနယ်မြေ' တာဝန်ကို လုပ်ဆောင်စဉ်က လူ့လောကမှ ပညာရှင်အတော်များများကို အကူအညီ တောင်းခဲ့ရလေသည်။
ကျောင်းသား ခြောက်ယောက်နှင့် ဝိညာဉ်တမန်တော် လေးယောက်၊ စာမေးပွဲခန်း ဆယ်ခန်း ဆိုတော့ ဘာသာရပ် ဆရာ ဆယ်ဖွဲ့ ရှိခဲ့၏။
ထိုအထဲမှ ဆရာတစ်ဖွဲ့ ဆိုလျှင် ရက်အနည်းငယ်ကြာအောင် စာသင်ပေးခဲ့ရသေးသဖြင့် လုပ်အားခပိုပေးရမည်ဖြစ် သည်။
"အနောက်ဘက်နန်းဆောင်ရဲ့တစ္ဆေဈေးတန်းမှာ ပျော်စရာကောင်းတဲ့ ပစ္စည်းတွေ အများကြီးရှိလောက်တယ်၊ အဲဒီရောက်ရင် တစ်ချက်လောက် သွားကြည့်ရမယ်"
ယခင်က ပရိသတ်များအတွက် လက်ဆောင်ပေးရာတွင် တစ္ဆေဈေးတန်းမှ ပစ္စည်းလေးများကိုသာ အသုံးပြုခဲ့ရာ ဤတစ်ကြိမ်တွင် ပိုကောင်းသည့် အရာများပြောင်းလဲပေးသင့်မလား ဟု ကျန်းလင် စဉ်းစားနေသေး၏။
အတိအကျကိုတော့ တစ္ဆေဈေးတန်းသို့ ရောက်မှသာ ဆက်လက် စဉ်းစားရမည်ဖြစ်ပေသည်။
...
အကယ်၍ ပရိသတ်များသာ ကျန်းလင်၏အတွေးကို သိရှိသွားပါက "Streamer ကြီး၊ ခင်ဗျား ကျွန်တော်တို့ကို သေချာ မသိသေးပါဘူး!" ဟု သေချာပေါက် ပြောကြမည် ဖြစ်၏။
'ငရဲပြည်က ပစ္စည်းဆိုရင် ဘာပဲဖြစ်ဖြစ် သူတို့ စိတ်ဝင်စားကြတယ်လေ'
'Streamer ရွေးပေးလိုက်တဲ့ အရာဆိုရင် တစ္ဆေလေး တစ်ကောင်ပဲဖြစ်ဖြစ် သူတို့ သေချာလေး မွေးထားပြီး သေချာလေး လေ့လာကြည့်ကြမှာပါ ဘယ်လိုပဲဖြစ်ဖြစ် Streamer ကြီးက သူတို့ကို ဒုက္ခပေးမှာ မဟုတ်သလို ပေးတဲ့ ပစ္စည်းတွေကလည်း လုံးဝဘေးကင်းလုံခြုံမှုရှိမှာ သေချာတယ်လေ'
သို့သော် Streamer က သူတို့ကို ပြီးစလွယ် သဘောမထားဘဲ ၎င်းတို့၏လုပ်အားခ ကိစ္စကို ဤမျှ လေးနက်စွာ စဉ်းစားပေးနေကြောင်းသာ တကယ် သိသွားကြမည် ဆိုပါက ပရိသတ် အတော်များများမှာ အမှန်တကယ်ပင် ဝမ်းသာလွန်း၍ မျက်ရည်ကျသွားကြမည် ဖြစ်ပေသည်။
……
စနစ်၏ အသိပေးချက်များအပြင် လူ့လောက၏ အပြောင်း အလဲများကို ကျန်းလင် သိရှိနိုင်သည့် အကြောင်းရင်းမှာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ မှတ်ချက်များကြောင့်လည်း ဖြစ်၏။
ကျန်းလင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မှတ်ချက်များ ဆက်တိုက် တက်လာကာ လူ့လောကမှ ကိစ္စများနှင့် သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို မျှဝေလာကြလေသည်။
[Streamer Streamer၊ အခု အနောက်ပိုင်း ဒေသက သင်္ချိုင်းမြေ ဈေးတွေတောင်တက်နေပြီ၊ ပြီးတော့ ပက်ကေ့ချ် (Package) တွေတောင် အများကြီး ထုတ်ရောင်းနေကြတယ်]
[Streamer ကြီး၊ ကျွန်တော်တို့ မနက်ဖြန် ပြောင်းလာတော့မယ် (Streamer ကြီးနဲ့ မထင်မှတ်ဘဲ ဆုံနိုင်မလား မသိဘူး)]
[အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဒီလောက် လွယ်ကူမှန်း ငါ ပထမဆုံး သိဖူးတော့တယ်၊ ဖုန်းတစ်ကောမှတောင် ဆက်စရာမလိုဘဲ စီးပွားရေးတွေက သူ့ဟာ သူ အလိုလို ရောက်လာတာ ဟီးဟီးဟီး]
[[ကျားဟယ်ယွီ မှ ဖန်းဟုန်ယင်း] က Streamer ကို ဗီလာ ၁ လုံး လက်ဆောင်ပေးလိုက်ပါတယ်၊ တွဲဖက် မက်ဆေ့ခ်ျ Streamer ကို ကျေးဇူးတင်ပါတယ် ဟီး (*^▽^*)]
လူ့လောက၏ အခြေအနေများကို ပြောဆိုနေကြသူများအပြင် အနောက်ဘက်နန်းဆောင်တွင် အခြား ပျော်စရာ ကောင်းသည့် အရာများ ရှိနေဦးမလား ဟု မျှော်လင့်နေကြသော ပရိသတ်များလည်း အများအပြား ရှိနေပေသည်။
မနေ့က အနောက်ဘက်နန်းဆောင်သို့ ရောက်ရောက်ချင်း ငွေရောင် သေနတ်များ၊ [အလှည့်အပြောင်း] စက်များ၊ နေရာရွှေ့ပြောင်းသည့် အစီအရင်များ စသည်တို့ကို မြင်တွေ့ခဲ့ရသည် မဟုတ်လော။
ထိုအရာများက သူတို့ကို ကျင့်ကြံရေး ဝတ္ထုများထဲရှိ စွမ်းအားမြင့် လက်နက် အမျိုးမျိုးကိုပင် ပြန်လည် မြင်ယောင်လာစေတော့သည်။
နတ်မင်းဓား၊ လျှို့ဝှက် နယ်မြေများ၊ ကာကွယ်ရေး ဝတ်စုံများ၊ မှော်ဘူးသီးများ လေ၊ မီး၊ မိုးကြိုး၊ လျှပ်စီး စသည့် တိုက်ခိုက်ရေး လက်နက်များလည်း ရှိနိုင်သေးသည်လေ။
တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
[Streamer Streamer၊ ဒီနေ့ ဘာလုပ်မှာလဲ။ လမ်းလျှောက် ထွက်မှာလား၊ ဒါမှမဟုတ် တာဝန် သွားလုပ်မှာလား]
[အနောက်ဘက်နန်းဆောင်ကို လေ့လာမှာလား၊ အနောက်ဘက်နန်းဆောင်ကို လေ့လာမှာလား]
[တကယ်တော့ အကြီးအကဲ အနေနဲ့ လူ့လောကကို လာလည်ပြီး ရာဇဝတ်ကောင်တွေရဲ့ အသိုက်တွေကို ရှင်းလင်းပေးလို့လည်း ရပါတယ်နော်]
……
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် တက်ကြွစွာ မှတ်ချက်ပေးနေကြသော ပရိသတ်များကိုကြည့်ရင်း ကျန်းလင် ခေါင်းခါလိုက်၏။
ထို့နောက် လက်ထဲရှိ ဝိညာဉ်လက်နက်ကိုမြှောက်ပြကာ "ဒီနေ့တော့ အစားအသောက် ပွဲတော် တစ်ခု သွားတက်ရမယ်" ဟု ပြောလိုက်သည်။
၎င်းမှာ ပန်းကန်လုံး အရွယ်အစားခန့် ရှိပြီး အတောင်ပံငယ် နှစ်ဖက် ပါရှိသော သံလုံးလေး တစ်လုံးဖြစ်ပေသည်။
တစ်ကိုယ်လုံးက အနက်ရောင်ဖြစ်ပြီး အစိတ်အပိုင်းအား လုံးက ချောမွတ် လုံးဝန်းနေကာ အတောင်ပံလေးများပင် ပြောင် လက်နေအောင် ပွတ်တိုက်ထားလေသည်။
ယနေ့ မနက် တံခါးဖွင့်လိုက်ချိန်တွင် ဤဝိညာဉ်လက်နက်က သူ့အိမ်တံခါးဝတွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရခြင်းပင်။
ကြည့်ရသည်မှာ ၎င်းက သူ့ကို သီးသန့် စောင့်ဆိုင်းနေသကဲ့ သို့ပင်။
"သင့်မှာ သတင်းစကား အသစ် တစ်ခုရောက်နေပါတယ်၊ ဖွင့်ကြည့်မလား"
ထို့နောက် သံလုံးလေးက အတောင်ပံများကို ခတ်ကာ စက်ရုပ်သံဖြင့် ပြောလိုက်၏။
ကျန်းလင် သံလုံးလေးကို အကဲခတ်ကြည့်လိုက်သည်။
'သတင်းစကား ဟုတ်လား'
'ဒါဆို ဤဝိညာဉ်လက်နက်၏ လုပ်ဆောင်ချက်က အရှေ့ဘက်နန်းဆောင်က တစ္ဆေအရုပ်လေးတွေနဲ့ ဆင်တူတာပေါ့'
'သတင်းစကားတွေ၊ ပါဆယ်တွေ ပို့ပေးတာလား'
"ဖွင့်ကြည့်မယ်"
ကျန်းလင် စကားဆုံးသည်နှင့် တစ်ပြိုင်နက် သံလုံးလေး၏ ခေါင်းပေါ်တွင် အပေါက်ငယ်လေး တစ်ခုပွင့်လာတော့ သည်။
ထို့နောက် လေးထောင့်ပုံ ပုံရိပ်ယောင်တစ်ခု လေထဲတွင် ထွက်ပေါ်လာ၏။
ထိုမြင်ကွင်းထဲတွင် ဆွဲဆောင်မှု ရှိလှသော မြေခွေးမလေး တစ်ဦးရှိနေပေသည်။
သူမ၏ မျက်လုံးထောင့်များက အပေါ်သို့ ကော့တက်နေပြီး နှုတ်ခမ်းထောင့်တွင်လည်း အပြုံးတစ်ခုရှိနေ၏။
ထို့ပြင် သူမသည် ရွှေရောင် ကြိုးများဖြင့် အလှဆင်ထားသော အပြာရောင် ဝတ်ရုံလှလှလေးကို ဝတ်ဆင်ထားပြီး လည်ဟိုက် အင်္ကျီက သူမ၏ဆွဲဆောင်မှုရှိသော ကိုယ်လုံး ကိုယ်ပေါက်ကို ပိုမိုပေါ်လွင်နေစေကာ အမူအရာတိုင်းက သက်ရှိအားလုံးကို ဆွဲဆောင် ညှို့ယူနိုင်စွမ်းရှိလေသည်။
သို့သော် သူမ၏ အနောက်ဘက်တွင်မူ တောက်လောင်နေသော မီးတောက်များနှင့်အတူ ကြောက်မက်ဖွယ်ကောင်း သော တစ္ဆေမျက်နှာများ ရှိနေသည်လေ။
ထို့ပြင် ၎င်းတို့မှာပုံရိပ်ယောင်ထဲမှ အချိန်မရွေးထွက်လာတော့မည့်အတိုင်းပင်ဖြစ်နေသည် မဟုတ်လော။
၎င်းက မြေခွေးမလေး၏ လှပ ဆွဲဆောင်မှု ရှိခြင်းနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေပြီး ကြီးမားသော အမြင်အာရုံတုန်လှုပ်မှုကိုဖြစ်ပေါ်စေ၏။
ပြီးလျှင် သူမက မြေခွေးအမြီး သုံးချောင်းကို ညင်သာစွာ ခါယမ်းနေပြီး လက်ထဲရှိ ဟင်းချက်ဓားကို တစ်ပတ် လှည့်လိုက်သည်ကို တွေ့ရသည်။
ထို့နောက် ကင်မရာကို ပြုံးရွှင်စွာကြည့်ရင်း နီရဲသော နှုတ်ခမ်းကို ဟကာ ပြောလိုက်၏။
"အနောက်ဘက်နန်းဆောင်က မိတ်ဆွေတို့၊ မင်္ဂလာပါ"
"ဒီနေ့မှာ အားလုံးအတွက် လွတ်လပ်စွာ ပါဝင်နိုင်မယ့် အစား အသောက် ပွဲတော်တစ်ခုကို ကျင်းပသွားမှာ ဖြစ်ပါတယ် ပွဲတော်မှာ အရသာရှိတဲ့ အစားအသောက် မျိုးစုံနဲ့အတူ ကြည့်လို့ မဝနိုင်လောက်အောင် ကောင်းမွန်တဲ့ ဖျော်ဖြေမှုတွေလည်း ပါဝင်မှာပါ"
"ပွဲတော် ကျင်းပမယ့် နေရာနဲ့ အသေးစိတ် အချက်အလက်တွေကို ဖိတ်စာထဲမှာ ရေးထားပါတယ် အားလုံးပဲ ဒီဖိတ်စာကိုပြပြီး ပွဲတော်ကို တက်ရောက်နိုင်ပါတယ်"
နောက်ဆုံးတွင် မြေခွေးမလေးက သူမ၏အညိုရောင် မျက် လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အသံကိုဆွဲငင်ကာ ပြောလိုက်၏။
"အားလုံးပဲ ပွဲတော်မှာ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေလို့ မျှော်လင့်ပါတယ်"
ပုံရိပ်ယောင် ပြီးဆုံးသွားပြီးနောက် သံလုံးလေး၏ အောက်ဘက်မှ အနီရောင် ဖိတ်စာ တစ်စောင်ထွက်ကျလာတော့ သည်။
"......."
' အစားအသောက် ပွဲတော်'
မြေခွေးမလေးက အလွန် ဆွဲဆောင်မှုရှိသော်လည်း ကျန်းလင်မှာမူ အလွန် တည်ငြိမ်နေပြီး အနည်းငယ်ပင် သံသယ ဖြစ်နေမိ၏။
သူ၏ လက်ရှိ စွမ်းအားအရ ဤကဲ့သို့သော အသေးအဖွဲ စွမ်းရည်များ၏ လွှမ်းမိုးမှုကို လုံးဝ ခံရမည် မဟုတ်ပါချေ။
မနေ့က ထိုက်ချင် လာရောက်ပြီး ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးစဉ်က ယနေ့ ပွဲတော် တစ်ခု ရှိမည်ဟု ပြောခဲ့ဖူးလေသည်။
သဘောတူညီချက်အရ ကျန်းလင်က ထိုပွဲသို့ သွားရောက်ရမည် ဖြစ်၏။
ထို့ပြင်လည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်ထားလျက် သွားရမည် ဖြစ်သည်။
တွက်ကြည့်မည် ဆိုလျှင် စနစ်၏ အနောက်ဘက်နန်းဆောင် ယဉ်ကျေးမှု ဖြန့်ဝေရေး တာဝန်၊ နေ့စဉ် တာဝန်၊ ထို့အပြင် အနောက်ဘက်နန်းဆောင်နှင့် ပူးပေါင်း ကြော်ငြာပေးမှု တာဝန် တစ်ခုတည်းဖြင့် သူက ဆုကြေး သုံးဆ ရရှိနိုင်မည် ဖြစ်ပေသည်။
ထို့ကြောင့် ပွဲတော်သို့ သွားရောက်ရမည့် ကိစ္စနှင့် ပတ်သက်၍ ကျန်းလင် အနေဖြင့် လုံးဝပြဿနာမရှိပါချေ။
သို့သော် သူ သံသယ ဖြစ်မိသည်မှာ ထိုမြေခွေးမလေးကြောင့်ပင်၊ ထိုမြေခွေးမလေး၏ ပုံစံကို လူ့လောကမှ ပရိသတ်များ အနေဖြင့် လက်ခံနိုင်ပါမည်လော။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှတစ်ဆင့် ကြည့်ရှုနေရသဖြင့် ဆွဲဆောင် ညှို့ယူမှု၊ သို့မဟုတ် ထင်ယောင်ထင်မှား ဖြစ်စေမှု စသည့် စွမ်းရည်များ၏လွှမ်းမိုးမှုကို ခံရမည် မဟုတ်သော် လည်း စောစောက ပုံရိပ်ယောင်အရ ကြည့်မည်ဆိုလျှင်မြေခွေးမလေးက ထိုစွမ်းရည်များကို အသုံးမပြုလျှင်တောင်မှ သူမ၏ ရုပ်ရည်နှင့် အသံသက်သက်ဖြင့် လူများကို ဆွဲဆောင် ညှို့ယူနိုင်စွမ်း ရှိနေပေသည်။
သို့သော််လည်း သူက အနီရောင် ဖိတ်စာကို ယူလိုက်ပြီး အပေါ်ရှိ အကြောင်းအရာများကို အလျင်အမြန် ဖတ်ရှုကာတွေးလိုက်သည်။
' ဒီလိုမျိုး ဆိုရင်တော့ ပြဿနာ မရှိနိုင်လောက်ဘူး ထင်တယ်'
...
ယခုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲ၌ ပရိသတ်များမှာ မည်သည့် ပွဲတော်မျိုး ဖြစ်မည်ကို သိချင်နေကြဆဲ ဖြစ်၏။
ထိုအခါ ကျန်းလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး သတိပေးစကား တစ်ခွန်းပြောလိုက်လေသည်။
"ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မယ့် အကြောင်းအရာက ထမင်း စားရင်းကြည့်ဖို့ မသင့်တော်ပါဘူး နှလုံးရောဂါ ရှိသူတွေ မကြည့်သင့်ပါဘူး"
"သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေ မကြည့်သင့်ပါဘူး လွယ်လွယ်ကူကူ ထိတ်လန့်လွယ်တဲ့ သူတွေလည်း မကြည့်သင့်ပါဘူး"